← Chapters

ထိုက်ကုန်းလောကအတွင်းဆင်းသက်လာသည်။

Vol. 49 Ch. 688

ထိုက်ကုန်းလောကအတွင်းဆင်းသက်လာသည်။

Vol. 49 Ch. 688

ဘာသာပြန်- The Fate

သခင်ငယ်လေး သတ်ဖြတ်ခံခဲ့ရတာကြောင့် နတ်ဆိုးဗုဒ္ဓကျောင်းတော် တခုလုံးသည် အမျက်ဒေါသ ပြင်းထန်စွာထွက်ခဲ့သည်။

နန်းတော်သခင်လျို၏ အမိန့်အောက်တွင် နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီး တစ်ခုလုံးသည် ဒါဇင်ကျော်သော စွမ်းအားရှင်များကိုစေလွှတ်၍ သခင်ငယ်လေး၏ သေဆုံးမှုအကြောင်းကို စုံစမ်းစေခဲ့သည်။

အဆိုပါ လှုပ်လှုပ်ရှားရှားဖြစ်မှုက ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီး တစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့သည်။

နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ သခင်ငယ်လေး သေဆုံးသွားကြောင်းကို သိလိုက်ရသည့်အခါ များစွာသောပါရမီရှင်တို့နှင့် ထိပ်တန်းအင်အားစုကြီးများသည် ထိတ်လန့်ကြကုန်သည်။ အချို့သော အစွမ်းထက်သည့် လူများဟာ ဘာတွေဖြစ်နေသလဲဆိုတာ သိရှိရအောင် ထာဝရညည့်ဦးယံမြို့သို့ အပြေးအလွှား ရောက်လာခဲ့သည်။ ဘယ်သူကများ နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့ သခင်လေးကို သတ်ဖြတ်ရဲရတာလဲ!?

မူလကတည်းက ထာဝရညည့်ဦးယံမြို့သည် မြို့အရှင်တိုက်ပွဲကြောင့် အာရုံစိုက်မှုကို ရရှိခဲ့ပြီးဖြစ်သည်။ ပြဿနာ ကြီးကြီးမားမား ထပ်မံဖြစ်ပွားလာခဲ့သည်ဖြစ်ရာ ပျက်သုန်းခြင်းဧကရာဇ်ဘုံလောက တစ်ခုလုံးရှိ လူပုဂ္ဂိုလ်များသည် ဤနေရာသို့ အထူးအာရုံစိုက်ခဲ့ကြသည်။

ဖိုရှု၏ အော်ဟစ်ကြိမ်းမောင်းသံကြီးသည် လူအများ၏စိတ်အာရုံကို အမှန်တကယ်ဆွဲဆောင်ခဲ့သည်။

ဝမ်ဖုန်းတို့အုပ်စုရှိနေသောနေရာနှင့် မနီးမဝေးရှိ တောင်ထိပ်ပေါ်တွင် အင်မတန်လှပသော အမျိုးသမီးငယ်လေးတစ်ယောက်သည် မတ်တတ်ရပ်နေခဲ့သည်။ သူမ၏ဘေးပတ်လည်တွင် တိမ်စိုင်တိမ်လိပ်များ ကွန့်မြူးနေသည်ဖြစ်ရာ သူမကို သက်ရှိထင်ရှားနတ်သမီးလေးတစ်ပါးအလား ထင်မှတ်ရစေခဲ့သည်!

အနှီမိန်းမပျိုသည် ယွင်ဝူကောင်းကင်နန်းတော်၏ပါရမီရှင် ယွင့်ယုရွှယ်ဖြစ်၏။

ဖိုရှု၏ ဟိန်းဟောက်သံကို ကြားခဲ့ရသည့်အခါ ယွင့်ယုရွှယ်၏ လှပ၍သန့်စင်သော မျက်ဝန်းကလေးများသည် တစ်နေရာသို့စူးစိုက်ကြည့်မိခဲ့သည်။ ဖိုရှုကို ဒေါသထွက်စေခဲ့သူက ခပ်ချောချောလူငယ်လေးတစ်ယောက်ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည့်အခါ သူမဟာ အံဩသွားခဲ့သည်။

သူမသည် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ သခင်လေးကို မုန်းတီးသော်လည်း ထိုသူ၏ ခွန်အားကိုတော့ အထင်သေး၍ မရနိုင်ပါ။ ထိုဘုန်းကြီးသည် သူမထက်တစ်ဆင့်နိမ့်ကျသော်လည်း သူ၏တိုက်ပွဲဝင်ခွန်အားက သာမန်မဟုတ် ထူးကဲလှသည်။ သူမကတောင် ထိုသခင်ငယ်လေးကို သတ်ဖြတ်နိုင်လိမ့်မည်ဟု အာမ မခံရဲ။

ယွင်ယုရွှယ်ရှိနေသော တောင်ထိပ်နှင့်ခပ်လှမ်းလှမ်းတွင်လည်း လူငယ်လေးတစ်စုသည် မတ်တတ်ရပ်လျက်ရှိနေခဲ့ကြရာ အခင်းဖြစ်ပွားရာနေရာကို စိတ်ဝင်တစားစောင့်ကြည့်နေခဲ့သည်။

အဆိုပါ လူငယ်လေးများအားလုံးသည် ဆွေးဆွေးနီသော ဝတ်ရုံကိုဝတ်ဆင်လျက် သန်မာသောအရှိန်အဝါကိုဖော်ထုတ်နေခဲ့သည်။ သူတို့ဟာ ဟုန်ယန်ဘုရားကျောင်း၏ ထိပ်တန်းပါရမီရှင်များဖြစ်ကြသည်။

"စီနီယာအစ်ကိုကြီး အဲ့ဒီလူကတကယ်ပဲ သခင်ငယ်လေးကိုသတ်ဖြတ်ခဲ့တယ်လို့ ထင်လား?"

ဟုန်ယန်ဘုရားကျောင်း၏ ပါရမီရှင်တစ်ယောက်က ဦးဆောင်လာသူ အမျိုးသားကို မေးမြန်းခဲ့သည်။

လူငယ်အုပ်စုကို ဦးဆောင်လာသူမှာ ဟုန်ယန်ဘုရားကျောင်း၏ သခင်ငယ်လေး ယန်ထျန်းဖုန်းဖြစ်၏။

"ဟုတ်တယ်နော် သူ့ကြည့်ရတာ သခင်ငယ်လေးကို သတ်ဖြတ်ဖို့ လုံလောက်အောင် မသန်မာတဲ့ပုံပါပဲ။ ဒါကမှားယွင်းစွပ်စွဲမိတာရော မဖြစ်နိုင်ဘူးလား"

ဟုန်ယန်ဘုရားကျောင်း၏ နောက်ထပ်ပါရမီရှင်တယောက်ကလည်း ဝင်ရောက်ပြောဆိုခဲ့သည်။

"ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူ ဒီနေ့အသက်ရှင်နိုင်တော့မှာမဟုတ်ဘူး သူဘာများလုပ်မလဲ စောင့်ကြည့်ရသေးတာပေါ့လေ"

ယန်ထျန်းဖုန်းက လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တတ်ရပ်နေခဲ့ကာ ထူးမခြားနားစွာပြောဆိုခဲ့သည်။

"နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို အာခံရဲတယ်ဆိုတော့ ကျုပ်တို့ဟုန်ယန်ဘုရားကျောင်းလို အမြင့်မြတ်ဆုံးအင်အားစု၁၈စုက မဟုတ်ရင် သူတို့ကိုဘယ်သူကမှ ကာကွယ်ပေးနိုင်တော့မှာမဟုတ်ဘူး"

ယန်ထျန်းဖုန်း၏ စကားကိုကြားတော့ ဟုန်ယန်ဘုရားကျောင်း၏ ပါရမီရှင်များက ဝင်ရောက်ဆွေးနွေးပြောဆိုခဲ့ကြပြန်သည်။ သူတို့၏ မျက်ဝန်းများအတွင်း၌ စိတ်ဝင်စားသောအကြည့်များရှိနေခဲ့သည်။ သူတို့ဟာ ဝမ်ဖုန်းသည် အခက်အခဲကို ကျော်လွှားနိုင်လိမ့်မည်ဟု ထင်မထားကြပါ။ နတ်ဆိုးဗုဒ္ဓကျောင်းတော်သည် အင်အားတောင့်တင်းသည်ဖြစ်ရာ ဝမ်ဖုန်းလို သာမညလူသားက အဘယ်မှာအံတုနိုင်ပါ့မည်နည်း။

ဤတစ်ကြိမ်နတ်ဆိုးဗုဒ္ဓကျောင်းတော်က စေလွှတ်ခဲ့သောခွန်အားသည် သာမန်မဟုတ်ပါချေ။

လောင်ထျန်းဧကရာဇ် ၁၀ယောက်၊ ဒါဇင်ကျော်သော ပြောင်းလဲခြင်းဧကရာဇ်အဆင့် စွမ်းအားရှင်များ၊ ဤစွမ်းအားသည် ပြိုင်ဘက်ကင်းမဟုတ်သော်လည်း သာမန်အင်အားစု ၉၉ရာခိုင်နှုန်းခန့်ကို သုတ်သင်ပစ်နိုင်သည်!

"မင်းက ငါတို့နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့သခင်လေးကို သတ်ဖြတ်ရဲတယ်ဆိုတော့ တကယ်ကို သေချင်နေတာပဲ!"

တောင်တန်းတောအုပ်အတွင်း၌ ဖိုရှုသည် ကောင်းကင်ယံ၌ မတ်တတ်ရပ်လျက် ကြုံးဝါးပြောဆိုခဲ့သည်။ ၎င်း၏အသံသည် ကမ္ဘာလောကအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

တန်ထောင်ချီလေးလံသော တောင်တန်းကြီးကဲ့သို့ သန်မာသောစွမ်းအင်ဖိအားသည် ဝမ်ဖုန်းတို့ခန္ဓာကိုယ်အပေါ် ရုတ်တရက်ဖိနှိပ်ချခဲ့သည်။

လူအုပ်စုအတွင်း၌ ရှီကန်းတန်နှင့် လီပိုင်တို့ကသာ အဆိုပါ ဖိအားကိုရင်ဆိုင်နိုင်ခဲ့ကြသည်။

ဝမ်ဖုန်းသည်တော့ စွမ်းအင်ဖိအား၏ ဗဟိုချက်၌ ရှိနေသူဖြစ်သည်။ သူ့တွင် နဂါးအရိုးကဲ့သို့ သန်မာသော ပစ္စည်းများ ပိုင်ဆိုင်ထားသော်လည်း နဖူးပြင်ထက်၌တော့ ချွေးများစုပြုံနေခဲ့သည်။ သူဟာ တိုက်ခိုက်ရာ၌ အမှန်တကယ် သန်မာသော်လည်း ရန်သူနှင့် သူ့အကြားရှိ ကွာခြားမှုမှာ အရမ်းကိုကြီးမားနေခဲ့သည်။

အစစ်အမှန်ဧကရာဇ်နယ်ပယ်သည် ကမ္ဘာလောကအတွင်းရှိ နိယာမစည်းမျည်းများကို စစ်မှန်စွာနားလည်ခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးများ၌ အဆုံးအစမဲ့ ခွန်အားများပိုင်ဆိုင်ထားပြီး ကောင်းကင်နဲ့ကမ္ဘာမြေပြင်ကို ဖျက်စီးနိုင်စွမ်းရှိကြသည်။

"သေလိုက်တော့!"

ဖိုရှုက ချက်ချင်းလှုပ်ရှားခဲ့သည်။

ပင်လယ်ပြင်တမျှ နက်ရှိုင်းသန်စွမ်းသော စွမ်းအားများသည် သူ၏လက်ဖဝါးထက်၌ စုပြုံလာခဲ့ကာ မိုးကောင်းကင်ပေါ်တွင် တလက်လက်တောက်ပနေသော ဗုဒ္ဓလက်ဖဝါးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းလက်ဖဝါးသည် ဗုဒ္ဓ၏အဆုံးအဖြတ်ကဲ့သို့ ဂုဏ်ရှိန်ဝင့်ကြွားစွာတည်ရှိလျက် ဝမ်ဖုန်းတို့အပေါ် ကြီးမားစွာဖိအားသက်ရောက်ခဲ့သည်။

တောင်တန်းများနှင့် တောအုပ်များသည် အဆိုပါ စွမ်းအင်ဖိအား၏အောက်တွင် အစိတ်စိတ်အမွာမွှာ ပြတ်တောက်သွားခဲ့ရသည်။

ရှီကန်းတန်သည် မျက်ဝန်းများကို မှေးကျဉ်းခဲ့သည်။ သူဟာကိုယ်တွင်းမှ စွမ်းအင်များကို ထုတ်လွှတ်လျက် ဝမ်ဖုန်းတို့ကို ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။

ဖိုရှု၏စွမ်းအားသည် သန်မာသည်မှာမှန်ကန်သော်လည်း ရှီကန်းတန်ဟာ ၎င်းစွမ်းအားကို ကာကွယ်တားဆီးပေးနိုင်ခဲ့သည်။

"ကျဇီရာကို ဆင့်ခေါ်လိုက်ပါ"

ဝမ်ဖုန်း၏မျက်ဝန်းမှာ မှေးကျဉ်းသွားခဲ့ပြီး လျှို့ဝှက်စွာ ပြောဆိုခဲ့သည်။

လက်ရှိ ရှန်ရှန့်ကျုံတစ်ဂိုဏ်းလုံး၌ ကျန်းဇီရာသည် ဆင့်ခေါ်ခံများအကြား၌ အသန်မာဆုံးဖြစ်ပါသည်။ ကျန်းဇီရာသည် ပုံမှန်မဟုတ်သော တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်သည်ဖြစ်ရာ လောင်ထျန်းဧကရာဇ် အထွတ်အထိပ်၌ရှိနေသော ဘုန်းတော်ကြီးကို ရင်ဆိုင်နိုင်ကောင်းသည်။

ဝမ်ဖုန်းက ကျန်းဇီရာကို ဆင့်ခေါ်လိုက်သည့်အချိန်၌ ဖိုရှု၏ မျက်ဝန်းများအတွင်းရှိ သတ်ဖြတ်လိုစိတ်မှာ ပို၍ပြင်းထန်လာခဲ့သည်။ သူဟာ လက်ဖဝါးကိုဖိနှိပ်ချခဲ့သည်။

ထိတ်လန့်စရာ စွမ်းအားကြီးသည် ဝမ်ဖုန်းတို့ဦးခေါင်းအထက်ရှိ လေဟာပြင်ကို တစ်စစီအက်ကွဲစေလျက် ဗလာနတ္ထိအက်ကွဲကြောင်းများအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

"ဝုန်း!"

ဤအချိန်တွင် ဝမ်းဖုန်းတို့အရှေ့ရှိ လေဟာပြင်ဟာ ရုတ်တရက် ခါရမ်းသွားခဲ့ပြီး ရှည်သွယ်မြင့်မားသော လူပုဂ္ဂိုလ်တစ်ယောက်သည် ထွက်ပေါ်လာခဲ့ချေသည်။

၎င်းပုဂ္ဂိုလ် ထွက်ပေါ်လာသည့်အခါ ဖိုရှု့ထံမှ ပျံ့လွင့်နေသော ထိတ်လန့်စရာအရှိန်အဝါများသည် ချက်ချင်းကိုပယ်ဖျက်ခံခဲ့ရသည်။

ထိုသူသည် ပါးရည်နားရည်များတွန့်နေသော ကြင်နာသနားတတ်ဟန်ရှိသည့် လူအိုကြီးတစ်ယောက်ဖြစ်သည်။ သူဟာ ရွှေရောင်တဖိတ်ဖိတ်တောက်ပနေသော ဝတ်ရုံကို ဆင်မြန်းထားခဲ့သည်။ သူ့ကိုကြည့်ရှုရသည်မှာ ဒဏ္ဍာရီများအကြားမှ နတ်ဘုရားအိုကြီး တစ်ပါးအလား ထင်မှတ်ရ၏။

ထိုက်ကုန်း ရောက်ရှိသည်ဖြစ်ရာ နတ်ဘုရားများရှောင်ဖယ်ကြကုန်သည်!

ဤသည်မှာ တတိယအစောင့်အရှောက် ကျန်းဇီရာကို ဝမ်ဖုန်းက ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။

"ဂိုဏ်းချုပ်ကို တိုက်ခိုက်ရဲတယ်လား!?"

ကျန်းဇီရာသည် ကောင်းကင်ယံအထက်၌ ရှိနေသော ဧရာမလက်ဖဝါးကြီးကို စူးစိုက်ကြည့်လျက် တိုးညင်းစွာပြောဆိုခဲ့သည်။ သူ၏စကားလုံးများက ပေါ့ပါးညင်သာသော်လည်း အရိုးထိအောင် အေးစိမ့်နေသည့် အရှိန်အဝါကို သယ်ဆောင်ထားခဲ့သည်။

ယင်းသို့ပြောဆိုလိုက်ပြီးနောက် သူသည် အဆုံးအစမဲ့ ခွန်အားများ ပါဝင်သော သူ၏လက်ဖဝါးကို အသာအယာဆန့်တန်းခဲ့သည်။ ထို့နောက် တဖိတ်ဖိတ်တောက်ပနေသော လက်ဖဝါးတစ်ချက်ကို ရိုက်ထုတ်ခဲ့လေသည်။

All Chapters