← Chapters

ခြောက်ခြားဖွယ်ရာ စွမ်းပကား။

Vol. 49 Ch. 689

ခြောက်ခြားဖွယ်ရာ စွမ်းပကား။

Vol. 49 Ch. 689

ဘာသာပြန်- The Fate

"ဘုန်း"!

စောင့်ကြည့်နေသောမျက်ဝန်းများအောက်တွင် ကျန်းဇီရာ၏လက်ဖဝါးသည် ဖိုရှု၏လက်ဖဝါးကြီးနှင့် ပွတ်တိုက်သွားခဲ့သည်။ ယင်းနောက် ကမ္ဘာမြေပြင်ပြိုကွဲလုမတက် ပေါက်ကွဲသံကြီးထွက်ပေါ်လာခဲ့ကာ လက်ဖဝါးပြင်နှစ်ခုကို ဗဟိုပြုလျက် စွမ်းအင်မုန်တိုင်းတစ်ခုကိုဖြစ်ထွန်းစေခဲ့သည်။

၎င်းမုန်တိုင်းသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်တိုက်ခိုက်လျက် ရှိရှိသမျှအရာအားလုံးကိုဖျက်ဆီးခဲ့သည်။ ထူထပ်သိပ်သည်းသော တောအုပ်ကြီးသည် ရုတ်တရက် ပြောင်းသလင်းခါသွားခဲ့သည်။

ကျန်းဇီရာက ဖိုရှု၏လက်ဖဝါးကို ပိတ်ပင်တားဆီးခဲ့သည်။ ၎င်းမှာ ရယ်စရာအခြေအနေသာ ဖြစ်ပါသည်။ သို့သော်လည်း ဤခဏတွင် ရှိနေကြသော သူများအားလုံး ထိတ်လန့်သွားခဲ့သည်။

အဝေးတစ်နေရာရှိ ဟုန်ယန်ဘုရားကျောင်း၏ ပါရမီရှင်များအပါအဝင် ယွင်ယုရွှယ်၏ မျက်ဝန်းသူငယ်အိမ်များကလည်းလှုပ်ခါသွားခဲ့သည်။ မယုံကြည်နိုင်သော အမူအရာတစ်ခုသည် ၎င်းတို့၏ မျက်နှာထက်တွင် ဖြစ်ထွန်းလျက်ရှိသည်။ သူတို့၏မျက်ဝန်းများက ကောင်းကင်ပေါ်၌ ရှိနေသော ကျန်းဇီရာကို စူးစိုက်ကြည့်နေခဲ့သည်။

လောင်ထျန်းဧကရာဇ် အထွတ်အထိပ်ကို ရောက်ရှိနေသော ဘုန်းတော်ကြီးဖိုရှုသည် ကျန်းဇီရာကို မယုံကြည်စွာ စိုက်ကြည့်နေခဲ့သည်။ သူ၏နှုတ်ဖျားမှ အံ့အားသင့်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? “

ကျန်းဇီရာ၏ကျင့်ကြံမှုမှာ အစစ်အမှန်ဧကရာဇ်နယ်ပယ်၌မရှိကြောင်း ဖိုရှုရှင်းရှင်းလင်းလင်းသိသည်။ ဒါပေမဲ့ သူ့လိုလောင်ထျန်းဧကရာဇ်တစ်ပါးရဲ့တိုက်ကွက်ကို ခုခံနိုင်ခဲ့တာလား?

ဒါကဘယ်လိုတိုက်ပွဲဝင်စွမ်းအားလဲ။

သူဟာလောင်ထျန်းဧကရာဇ် အထွတ်အထိပ်စွမ်းအားရှင်ဖြစ်သည်။ သူ့ထံကသာမန်တိုက်ကွက်ကတောင် ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အဆင့် စွမ်းအားရှင်များကိုသတ်ဖြတ်ပစ်နိုင်သည်၊ သို့သော်လည်း ကျန်းဇီရာ ၏ရှေ့မှောက်တွင် သူ၏တိုက်ကွက်က သက်ရောက်မှုမရှိဖြစ်ခဲ့ရသည်။

သခင်လေးသေဆုံးသွားတာ အံ့ဩစရာမရှိတော့ပါဘူး။ ဒီလိုလူတစ်ယောက်ကပါဝင်နေမှတော့ သခင်လေးလည်းဘယ်လိုလုပ်အနိုင်တိုက်နိုင်ပါ့တော့မလဲ ..

“ငါတို့ နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့သခင်လေးကို သတ်ဖြတ်ခဲ့တယ်ဆိုတော့ မင်းကဘယ်လောက်ပဲ တော်ပါစေ။ ကျိန်းသေပေါက်သေဆုံးရမယ်”..

ထိတ်လန့်သွားပြီးနောက် ဖိုရှုသည် ခက်ထန်ကြမ်းတမ်းသောအပြုံးဖြင့်ဟိန်းဟောက်ပြောဆိုခဲ့သည်။

သူ့၏တိုက်ကွက်ကို ကျန်းဇီရာက အလွယ်တကူချေပခဲ့သော်လည်း ဖိုရှုဟာယုံကြည်မှုကြီးကြီးမားမား ရှိနေဆဲပင်။ ဘာပဲဖြစ်ဖြစ် သူဟာလောင်ထျန်းဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်တစ်ယောက်ဖြစ်သည်!!

သူ့၏ဟိန်းဟောက်သံ သက်ဆင်းသွားသည့်အခါ ထိတ်လန့်စရာစွမ်းအင်ကြီးသည် သူ့၏ခန္ဓာကိုယ်မှ တဆက်တည်းဆိုသလို ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာအစစ်အမှန် ဗုဒ္ဓတပါးက ကမ္ဘာမြေပြင်သို့သက်ဆင်းလာခဲ့သည့်အလား ဖြစ်နေခဲ့သည်။

ဘုန်းတော်ကြီး၏ခန္ဓာကိုယ်ပေါ်တွင်တလက်လက်တောက်ပနေသော ဗုဒ္ဓအလင်းတန်းဖြာဆင်းနေခဲ့သည်။ ၎င်းဟာနေမင်း၏ အလင်းရောင်ကဲ့သို့ ကျိန်းစက်လောက်ဖွယ်ကောင်း၏။

“ဘုန်း!!"

များမကြာမီတွင် ဖိုရှုဟာ သူ့၏လက်များကိုဝှေ့ယမ်းခဲ့သည်။ သူ့ထံမှခြောက်ခြားဖွယ်ရာ ခမ်းနားသောအရှိန်အဝါကြီးထွက်ပေါ်လာခဲ့သည်။ သူ၏လက်များလှုပ်ရှားမှုသည် သင်္ကေတပုံစံတစ်ခုကို ဖော်ဆောင်နေခဲ့သည်။

တစ်ချိန်တည်းမှာပဲ ဘုန်းတော်ကြီးဖိုရှုထံမှ ဗုဒ္ဓသင်္ကေတများထွက်ပေါ်လာခဲ့သည်။ အဆိုပါသင်္ကေတများသည် လျှို့ဝှက်ဆန်းပြားပုံပေါ်ပြီး ဗုဒ္ဓအလင်းတန်းများကိုထုတ်လွှတ်နေကာ လေထုအတွင်းဝဲပျံနေခဲ့သည်။

“ဘုန်း!!"

ဖိုရှုသည်လက်နှစ်ဖက်ကို ခပ်တင်းတင်းလက်သီးဆုပ်ခဲ့သည်။ ပတ်ဝန်းကျင်ရှိစွမ်းအားများနှင့် ဗုဒ္ဓသင်္ကေတများသည် ဖိုရှု၏ လက်ခုပ်နှစ်ခုအတွင်းသို့ ရုတ်တရက်ပြေးဝင်သွားခဲ့သည်။

ထိတ်လန့်စရာကောင်းသော လက်သီးလုံးများသည် နဂါးနှစ်ကောင်ပင်လယ်ပြင်မှ ကူးခတ်တက်လာသကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ရွှေအိုရောင်လက်သီးကြီးများသည် ကျန်းဇီရာထံသို့ မြန်ဆန်သောနှုန်းထားဖြင့် ပြေးဝင်သွားခဲ့သည်။

“ဝုန်း!!"

ပြင်းထန်သောတိုက်စစ်နှင့် ရင်ဆိုင်လိုက်ရသော်လည်း ကျန်းဇီရာ၏မျက်နှာက အေးစက်ခက်ထန်နေဆဲသာ။ သူ့၏ခန္ဓာကိုယ်သည် တသိမ့်သိမ့်တုန်ယင်သွားခြင်းနှင့်အတူ သမုဒ္ဒရာကဲ့သို့နက်ရှိုင်းသော စွမ်းအားများထွက်ပေါ်လျက် လောကတစ်ခုလုံးကိုခါရမ်းစေခဲ့သည်။

“ဒြပ်စင်(၅)ပါး မွေးဖွားခြင်း!!"

ကျန်းဇီရာ၏နှုတ်ဖျားမှ မိုးချိန်းသံကဲ့သို့ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခြင်းနှင့်အတူ ကျန်းဇီရာ၏ခန္ဓာကိုယ်မှ အရောင်အသွေးစုံလင်သော အရှိန်အဝါတို့ကိုဖော်ထုတ်ခဲ့သည်။

မကောင်းဆိုးဝါးဆန်သောစွမ်းအားများသည် သူ၏လက်ဖဝါးပြင်‌ပေါ်၌ အရောင်မတူသောသင်္ကေတများအဖြစ်ပြောင်းလဲသွားခဲ့သည်။ အဆိုပါသင်္ကေတများသည် သူ၏လက်မောင်းမှစ၍ လက်ဖဝါးပြင်အထိအောင် စုံချည်ဆန်ချည်ရှိနေခဲ့သည်။

ဤအချိန်တွင် ကျန်းဇီရာဖော်ထုတ်ခဲ့သောစွမ်းအားသည် ရှိရှိသမျှလူတိုင်းကိုထိတ်လန့်စေခဲ့၏!

“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“အဲ့ဒီလူက နတ်က္ခဧကရာဇ်အထွတ်အထိပ်တောင်မရှိသေးဘူးလေ။ သူ့ရဲ့တိုက်ခိုက်စွမ်းအားက လောင်ထျန်းဧကရာဇ်တစ်ပါးကို ယှဉ်နိုင်နေပြီတဲ့လား။ဒါသဘာဝမကျဘူး။”

တောင်ထိပ်ပေါ်တွင် ယန်ထျန်းဖုန်းသည် ကျန်းဇီရာကိုစူးစိုက်ကြည့်လျက် တုန်ယင်နေသောအသံဖြင့်ရေရွတ်ပြောဆိုခဲ့သည်။ တစ်ဖက်တွင်ရှိနေသော ယွင်ယုရွှယ်၏ လှပသော မျက်ဝန်းများကလည်း တောက်ပလျက် ရေရွတ်ခဲ့ပြန်သည်။

“ဒီလူကဘယ်သူလဲ?”

သူမ၏မျက်ဝန်းများဟာ အမှန်တကယ်၌ ဝမ်ဖုန်းပေါ် ကျရောက်နေခြင်းဖြစ်သည်။

ထိတ်လန့်စရာ ခွန်အားကို ဖော်ထုတ်နေသော ကျန်းဇီရာပင်ဖြစ်စေ၊ အခြားသူများပင်ဖြစ်စေ၊ ထိုသူများအားလုံးကိုဝမ်ဖုန်းက စေစားထားခြင်းဖြစ်သည်။ ဒါ့အပြင် ယွင်ယုရွှယ်ဟာ ဝမ်ဖုန်း၏ကျင့်ကြံမှုကို လုံးဝထွင်းဖောက်မမြင်နိုင်ပါ။!!

“နောက်ထပ်ပုန်းကွယ်နေတဲ့ထိပ်တန်းပါရမီရှင်တစ်ယောက် မွေးဖွားလာတာများလား”

သံသယဖြစ်နေသောရေရွတ်သံသည် ယွင်ယုရွှင်ထံမှ ပျံ့လွင့်လာခဲ့သည်။

“ဘုန်း!!"

အဝေးတစ်နေရာတွင် ကျန်းဇီရာသည် ကောင်းကင်ကို မျက်နှာချင်းဆိုင်၍ လက်နှစ်ဖက်ကို ခါယမ်းခဲ့သည်။ အရောင်အသွေးစုံလင်သော လက်ဖဝါးအရာကြီးများသည် ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ လက်သီးလုံးနှစ်လုံးနှင့်ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။!!

ဤအချိန်တွင်ရှိနေသောသူများသည် အသက်ရှူအောင့်ထားလိုက်ကြပြီး ထိတွေ့တော့မည့် တိုက်ကွက်နှစ်ခုကို စိုက်ကြည့်နေခဲ့သည်။

“ဘုန်း!!!!"

လူအများ၏မျက်ဝန်းများအောက်တွင် ထိတ်လန့်စရာတိုက်ကွက်ကြီးနှစ်ခုသည် ကြယ်ဥက္ကာပျံနှစ်ခု ပွတ်တိုက်သကဲ့သို့ ထိတွေ့မိခဲ့ကာ ပြင်းထန်သောပေါက်ကွဲအားကို ဖော်ထုတ်ခဲ့သည်။ ကမ္ဘာမြေပြင်သည် ပေါက်ကွဲအားအဟုန်ကြောင့် ပြိုကွဲလုမတတတ် ဖြစ်နေခဲ့သည်။

ဤစွမ်းအင်မုန်တိုင်းကြောင့် ကမ္ဘာမြေထုကြီးသည် စိတ်စိတ်မွှာမွှာဖြစ်သွားခဲ့ကာ မြေပြင်၌ ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများပေါ်ထွန်းလာခဲ့သည်။ သန်မာသောဖိအားဟာ ဝမ်ဖုန်းတို့အုပ်စုကို လွှင့်စင်ထွက်သွားစေခဲ့သည်။

ကံကောင်းစွာဖြင့် ဝမ်ဖုန်းတို့သည်အင်အားစုပေါင်း၍ အကာအရံအလွှာတစ်ခုကိုတည်ဆောက်ထားခဲ့မိသည်။ ဒါ့အပြင် စနစ်ကလည်းဝမ်ဖုန်းကို ကာကွယ်ပေးနေခဲ့သည်။ ဒီလိုမှမဟုတ်ပါက အပြင်းအထန်ဒဏ်ရာရသွားနိုင်၏။

“ဧကရာဇ်ရှန်းဝေ !!" (သိုင်းကွက်နာမည်ပါ)

ကျန်းဇီရာသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ကြာပွတ်ကိုထုတ်‌ယူ၍ မြင့်မြတ်သော ဧကရာဇ်စွမ်းအားကိုထုတ်ဖော်ပြသခဲ့သည်။ ဧကရာဇ်သိုင်းပညာသည် ဘုန်းတော်ကြီးထံပြေးဝင်သွားခဲ့သည်။

ကျန်းဇီရာ၏ ခန္ဓာကိုယ်တစ်ခုလုံးကိုပြင်းထန်သော စွမ်းအင်များက ဖုံးလွှမ်းထားခဲ့သည်။ ရိုးရှင်း၍ လျှို့ဝှက်ဆန်းကြယ်သော ကြာပွတ်ကလေးသည် ခက်ထန်သော စွမ်းအားများ၏ ကောင်းချီးအောက်တွင် တဆတ်ဆတ်ခါယမ်းနေခဲ့သည်။

“ဟမ့်!!"

ကျန်းဇီရာ၏တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့်အခါ ဖိုရှုသည် အေးစက်စွာနှာမှုတ်လျက် ကျန်းဇီရာထံပြေးဝင်သွားခဲ့သည်၊၊

လောင်ထျန်းဧကရာဇ်တစ်ပါး၏ စွမ်းအင်နိယာမများသည် သူ၏ပတ်လည်၌ ရစ်သိုင်းနေခဲ့ကာ သူ၏ခန္ဓာကိုယ်ကို ရှေးဟောင်းဗုဒ္ဓတပါးကဲ့သို့ ရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားစေခဲ့သည်။

ဝမ်ဖုန်းတို့အုပ်စု၏ စောင့်ကြည့်နေသောမျက်ဝန်းများအောက်တွင် ကျန်းဇီရာနှင့်ဖိုရှုတို့သည် ပြင်းထန်စွာတိုက်ခိုက်လိုက်ကြသည်။ ပေါက်ကွဲသံ တရစပ်သည် လောကအတွင်း မြည်ဟီးသွားခဲ့သည်။ သူတို့တစ်ကြိမ် ထိတွေ့မိလိုက်တိုင်းတွင် ပြင်းထန်သော ခွန်အားလှိုင်းဟာလည်း အရပ်လေးမျက်နှာသို့ တစ်ကြိမ်ပျံ့လွင့်သွားခဲ့သည်။

ပတ်ပတ်လည်မိုင်တသောင်းဝန်းကျင်သည် အပျက်အစီးလွင်ပြင်အတိ ပြောင်းလဲသွားခဲ့ကာ မြေပြင်ဟာလည်းအက်ကွဲလျက်ရှိသည်။

ဧရာမရှေးဟောင်းသားရဲကြီးနှစ်ကောင်ကဲ့သို့ သူတို့ဟာပြင်းစွာသောအဟုန်ကို ဖော်ထုတ်လျက် အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။

ဤအချိန်တွင် ဝမ်ဖုန်းတို့ အုပ်စုပင်ဖြစ်စေ၊ မနီးမဝေးတွင်စောင့်ကြည့်နေသောလူများတွင်ဖြစ်စေ သူတို့အားလုံးဟာ တိုက်ပွဲမြေပြင်၏ဆွဲဆောင်ခြင်းကိုခံခဲ့ရသည်။

ဟုန်ယန်ဘုရားကျောင်း၏ ပါရမီရှင်များအပါအဝင် ယွင်ယုရွှယ်သည် ကျန်းဇီရာ၏စွမ်းအားကြောင့်ထိတ်လန့်နေသည်။ ထိုနေရာတွင်သူတို့သာဆိုပါက လောင်ထျန်းဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်ကိုမပြောပါနှင့်၊ ထိုသူ၏ အရှိန်အဝါသက်သက်ကတောင် သူတို့ကိုသေလုမြောပါး ရိုက်နှက်နိုင်သည်!!

All Chapters