← Chapters

အင်မော်တယ်သတ်ဖြတ်ရေး ကန်းချီ။

Vol. 49 Ch. 690

အင်မော်တယ်သတ်ဖြတ်ရေး ကန်းချီ။

Vol. 49 Ch. 690

ဘာသာပြန် - The Fate

"ဘုန်း!"

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ဖိုရှုနှင့် ကျန်းဇီရာတို့သည် မျက်နှာချင်းဆိုင်၌ မတ်တပ်ရပ်နေခဲ့သည်။ သူတို့နှစ်ဦးစလုံးဟာ မောပန်းနွမ်းနွယ်လျက် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြသည်။

"မင်းက နက္ခတ်ဧကရာဇ်အထွတ်အထိပ်ပဲ ရှိသေးတယ်။ ဒီလောက်ကြောက်စရာကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားတာလား?"

ဖိုရှု၏မယုံကြည်နိုင်သော ရေရွတ်ပြောဆိုသံသည် လောကအတွင်း ပျံ့လွင့်သွားခဲ့သည်။ သူ၏ အစောပိုင်း တိုက်ကွက်ကို ခုခံနိုင်ခြင်းဟာ ကျန်းဇီရာ၏အကန့်အသတ်ကို ရောက်ရှိနေပြီဟု သူထင်ခဲ့သည်။ သို့သော်လည်း ကျန်းဇီရာ၏ခွန်အားက သူ့ထက်အားနည်းခြင်း မရှိကြောင်းကိုတော့ သူထင်မထားခဲ့ပါ။

လောင်ထျန်းဧကရာဇ်စွမ်းအားရှင်ဖြစ်သော သူ့ကိုတောင် ရင်ဆိုင်နိုင်သည့်စွမ်းအားမှာ အဘယ်သို့သောစွမ်းအားဖြစ်ပါသနည်း။

ပျက်သုဉ်းခြင်းဧကရာဇ်ဘုံလောကကြီးအတွင်း၌ အင်မတန်သန်စွမ်းသော ပါရမီရှင်များစွာရှိနေသော်လည်း ထိုသူများက ဤသို့မပြုနိုင်ကြပါ။

သို့သော်လည်း ကျန်းဇီရာကတော့ မကောင်းဆိုးဝါးများကဲ့သို့ ကြောက်လန့်စရာကောင်းသော ခွန်အားကို ဖော်ထုတ်ခဲ့သည်။

"ရေတွင်းအောက်က ဖားလေး။ အခုတော့ ကမ္ဘာကြီးဘယ်လောက်ကြီးသလဲဆိုတာ နားလည်ပြီလားကွ!?"

ဖိုရှု၏ရေရွတ်သံကိုကြားတော့ ကျန်းဇီရာကလှောင်ပြောင်လျက် ပြောဆိုခဲ့သည်။

"ဘုန်း!"

ရုတ်ချည်းဆိုသလို ကျန်းဇီရာက ထပ်မံတိုက်ခိုက်လိုက်သည်။ သူဟာ ဧကရာဇ်ရှန်းဝေနှင့် ဧကရာဇ်ရှန်းယုတည်းဟူသော သိုင်းကွက်နှစ်ကွက်ကို တစ်ပြိုင်နက်တည်း အသုံးပြုခဲ့သည်။ ထိတ်လန့်စရာကောင်းသော တိုက်ခိုက်ရေးနှင့် ခုခံရေးစွမ်းအားများသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့ကာ ကျန်းဇီရာကို ပို၍ ခြောက်ခြားဖွယ် ကောင်းစေခဲ့သည်။

"နတ်ဘုရား စီရင်ချက်!"

ကျန်းဇီရာ၏နှုတ်ဖျားမှ ရေရွတ်သံထွက်ပေါ်လာသည်နှင့်အတူ နတ်ဘုရားတစ်ပါး၏အရှိန်အဝါသည် ထွက်ပေါ်လာလျက် ဖုန်ရှုကို ဖိနှိပ်ခဲ့သည်။ ယင်းနောက် ကျန်းဇီရာသည် သူ့လက်ထဲရှိ ကြာပွတ်ရှည်ကို လွှဲယမ်းလိုက်ပြီး ဖိုရှုအား တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်း၌ သူဟာ မှော်စွမ်းအားသုံးခုကို ဖော်ထုတ်နေခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် သူ၏ခွန်အားက လုံးဝမြောက်တက်သွားခဲ့ကာ ပတ်ဝန်းကျင်ကတောင် သူ့လှုပ်ရှားမှုကြောင့် ပြိုဆင်းသွားခဲ့သည်။

"နတ်ဆိုးဗုဒ္ဓထွက်ပေါ်လာခြင်း!!"

ကျန်းဇီရာ၏ ပြင်းထန်သော တိုက်ကွက်နှင့်ရင်ဆိုင်ရသည့်အခါ ဖိုရှုသည် အမျက်ဒေါသထွက်လာပြီး ကောင်းကင်ကို မော့ကြည့်လျက် အော်ဟစ်ပြောဆိုခဲ့သည်။ သူဟာ လောင်ထျန်းဧကရာဇ် အထွတ်အထိပ်စွမ်းအားရှင်ဖြစ်ပါ၏။ ထိုသို့သော သူဟာ နက္ခတ်ဧကရာဇ်အထွတ်အထိပ်တောင် မရောက်သေးသော စွမ်းအားရှင်တစ်ယောက်၏ အာခံတိုက်ခိုက်ခြင်းကို ခံနေရသည်။ ဤသတင်းသာ ပျံ့နှံ့သွားပါက သူ၏ဂုဏ်သတင်းလည်း ရေစုန်မျောလိမ့်မည်!

မူလက ဖိုရှုသည် သခင်ငယ်လေး၏ သေဆုံးမှုအတွက် လက်တုံ့ပြန်ရန် တိုက်ခိုက်နေခြင်းဖြစ်သည်။ လက်ရှိမှာတော့ သူဟာ သူ၏ဂုဏ်သိက္ခာအတွက် တိုက်ခိုက်လာသည်။

ဖိုရှု၏ရေရွတ်သံနှင့်အတူ နီးကပ်လာသော ဗုဒ္ဓအလင်းတန်းသည် သူ့ဆီမှဖြာဆင်းလာခဲ့ကာ မျက်တောင်တစ်ခတ်အတွင်း၌ သူ၏နောက်ကျောဘက်တွင် မြင့်မားသော ရုပ်ထုကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ ဗုဒ္ဓရုပ်ထုကြီးသည် အရမ်းကို ထူးခြားဆန်းကြယ်သည်။ ၎င်းဟာ မြင့်မားရုံသာမက များပြားသော ဦးခေါင်းများနှင့် လက်များကိုလည်း ပိုင်ဆိုင်ထားသည်။

ဗုဒ္ဓရုပ်ထုကြီးထွက်ပေါ်လာသောအခါ သန်မာသော တန်ခိုးရှင်တစ်ပါး လောကအတွင်းမွေးဖွားလာသည်သို့ ပတ်ဝန်းကျင်တစ်ခုလုံး စဉ်ဆက်မပြတ်ခါယမ်းနေခဲ့သည်။

"ဘုန်း!"

ဖိုရှု၏ထိန်းချုပ်မှုအောက်တွင် ဗုဒ္ဓရုပ်ထုကြီးသည် လက်တစ်ဖက်ကို ဆန့်တန်းလျက် ကျန်းဇီရာကို ဖိချေရန် ပြင်ဆင်လိုက်သည်။ ကောင်းကင်နှင့်နေမင်းကို ဖုန်းကွယ်နိုင်သော ဧရာမလက်ဖဝါးကြီးက ထိတ်လန့်ဖွယ်ကောင်းနေခဲ့သည်။

အဝေးမှကြည့်ရပါလျှင် ဧရာမကျောက်ရုပ်ထုကြီးက ပုရွက်ဆိတ်တစ်ကောင်ကို သတ်ဖြတ်နေခြင်းနှင့်တောင် ဆင်တူသည်။

"ဖိုရှုက အရမ်းသန်မာတဲ့တိုက်ကွက်ကို ဖော်ထုတ်ခဲ့တာပဲ။ အဲ့ဒီလူ သေဆုံးသွားရင်တောင် ဂုဏ်ယူသင့်နေပြီ.."

ယင်ထျန်းဖုန်း၏မျက်လုံးများသည် မှေးကျဉ်းသွားခဲ့ပြီး တိုက်ပွဲကို စူးစမ်းလျက် တိုးညှင်းစွာ ရေရွတ်ခဲ့သည်။ သူ၏နောက်တွင်ရှိနေသော ဟုန်ယန်ဘုရားကျောင်း၏ ပါရမီရှင်များကလည်း တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ ထိုသူကား လောင်ထျန်းဧကရာဇ်အထွတ်အထိပ်စွမ်းအားကိုတောင် ရင်ဆိုင်နိုင်ခဲ့ပါသည်။ ကျန်းဇီရာ သေဆုံးသွားရင်တောင် ပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကကြီးတစ်ခုလုံးကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေရန် လုံလောက်သည်။

"ဘုန်း!"

လူအများ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ကျန်းဇီရာနှင့် ဧရာမလက်ဖဝါးကြီးသည် ပွတ်တိုက်မိခဲ့သည်။ ပေါက်ကွဲသံကြီး ထွက်ပေါ်လာချေသည်။

ကျန်းဇီရာဟာ ကြာပွတ်ရှည်ကို သယ်ဆောင်လျက် ဧရာမလက်ဖဝါးကြီးကို ခုခံတိုက်ခိုက်နေခဲ့သည်။ သူဟာ တစ်ခါတစ်ရံ၌ နောက်ဆုတ်၍ တစ်ခါတစ်ရံ၌ ရှေ့တိုးကာ ဖမ်းရခက်နေခဲ့သည်။

သို့သော်လည်း ဤအတိုင်းဆက်သွားနေပါက အဆုံးသတ်တွင် ရှုံးနိမ့်မည်ဖြစ်ကြောင်းကို ကျန်းဇီရာသိသည်။ သူသည် အမှန်တကယ် စွမ်းအားကြီးပါသည်။ သူဟာ လောင်ထျန်းဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်ကိုတောင်ရင်ဆိုင်နိုင်သည်။ သို့သော်လည်း သူက တစ်ပြိုင်နက်တည်း ကြီးမြတ်သော မှော်စွမ်းအားသုံးခုစလုံးကို ထုတ်ဖော်အသုံးပြုနေရခြင်းဖြစ်သည်။

လောင်ထျန်းဧကရာဇ်အထွတ်အထိပ် စွမ်းအားရှင်ကို တိုက်ခိုက်ဖို့ အဘယ်မှာလွယ်ကူပါအံ့နည်း။

ကျန်းဇီရာ၏မျက်ဝန်းများအတွင်း၌ ပြတ်သားသော အကြည့်များ ဖြစ်ပေါ်လာခဲ့သည်။ သူဟာ အံကိုတင်းတင်းကြိတ်လျက် ကြောက်လန့်မှုကို သိမ်းဆည်းလိုက်ကာ လှုပ်ရှားမှုနည်းစနစ်တစ်ခုဖြင့် ထိတ်လန့်စရာလက်ဖဝါးကြီးကို ရှောင်ရှားလိုက်သည်။

သို့သော်လည်း လက်ဖဝါးကြီးသည် စိတ်ဝိဉာဉ်ရှိနေသလိုမျိုး ကျန်းဇီရာပြေးသည့်နေရာသို့ လိုက်လံတိုက်ခိုက်နေခဲ့သည်။

ဤမြင်ကွင်းကြောင့် ကောင်းကင်ဘုံတွင်ရှိနေသော ဖိုရှုသည် သက်ပြင်းပုန်းချလိုက်မိသည်။ သူ၏တိုက်ကွက်ကို ကျန်းဇီရာက ရပ်တန့်နိုင်သေးပါလျှင် သူတကယ့်ကို ကူကယ်ရာမဲ့ရလိမ့်မည်။

ဤသည်မှာ သူ၏အသန်မာ‌ဆုံး တိုက်ကွက်ဖြစ်၏။ သို့သော်လည်း ကျန်းဇီရာက ဧရာမလက်ဖဝါးကြီး၏တိုက်ကွက်ကို ရှောင်ရှားရင်းဖြင့် သူ့ထံသို့ မသိမသာချဉ်းကပ်လာကြောင်းကိုတော့ ဖိုရှုတစ်ယောက် သတိမထားမိခဲ့ပါ။

"အင်မော်တယ်ကျန်းချိ သတ်ဖြတ်ခြင်းတိုက်ကွက်!"

‌ဗုဒ္ဓကျောက်ရုပ်ကြီးနှင့် ဆယ်မီတာခန့် ကွာဝေးသည့်အခါ ကျန်းဇီရာက ရုတ်တရက်အော်ဟစ်ပြောဆိုခဲ့သည်။ ကျန်းဇီရာသည် လက်တစ်ဖက်ကို ဆန့်တန်း၍ လေထုအတွင်းဖမ်းဆုပ်လိုက်သည့်အခါ လေထုအတွင်း ဓားတစ်စင်းသည် သူ၏လက်ဖဝါးအတွင်း ထွက်ပေါ်လာခဲ့သည်။

အင်မတန်သန့်စင်သော စွမ်းအားများသည် ဓားပျံထက်မှ ထွက်ပေါ်လျက် ယင်းကို တသိမ့်သိမ့်တုန်နေစေခဲ့သည်။ ၎င်းဓား၏ ထက်မြသော အရှိန်အဝါသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြတ်ပိုင်းခဲ့သည်။

ဧရာမလက်ဖဝါးကြီးက ကျန်းဇီရာကို ရိုက်ခတ်မိတော့မည့်အချိန်တွင် ကျန်းဇီရာ၏ မျက်ဝန်းများအတွင်း ခက်ထန်ကြမ်းတမ်းသော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူဟာ ဓားပျံကို ရုတ်တရက် ပစ်လွှတ်လိုက်သည်။

"ဘုန်း!"

တစ်ချိန်တည်းမှာပဲ သူ၏ခန္ဓာကိုယ်ဟာ ဧရာမလက်ဖဝါးကြီး၏ ရိုက်ခတ်မှုကို ခံခဲ့ရပြီး မြေပြင်ပေါ်ပြိုကျသွားခဲ့သည်။ သူသည် မြေပြင်၌ ပြားပြားဝပ်နေခဲ့သည်။

အင်မော်တယ်သတ်ဖြတ်ရေးဓားသည် အဆုံးအဆမဲ့ ချီများကိုသယ်ဆောင်လျက် မြန်ဆန်သောအားဖြင့် ဖုန်ရှုထံ ပြေးကပ်သွားခဲ့သည်။ ၎င်းဓား ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် မြူခိုးထုကြီးတစ်ခုကို ချန်ရစ်ခဲ့သည်။

အဝေးတစ်နေရာမှတောင် ဝမ်ဖုန်းတို့အုပ်စုသည် ဓားပျံထံမှ သန်မာသောခွန်အားကိုခံစားနေရသည်။ ၎င်းမှာ ကျန်းဇီရာ၏အသန်မာဆုံး ဧကရာဇ်သိုင်းပညာဖြစ်သည်။မှော်ရတနာ တဖြစ်လဲ အင်မော်တယ်သတ်ဖြတ်ရေး ဓားပျံနှင့် ပေါင်းစပ်လိုက်သည့်အခါ တိုက်ကွက်၏ ခွန်အားသည် ပို၍တောင် ထိတ်လန့်ဖို့ကောင်းလာခဲ့သည်။

ဓားပျံ ဖြတ်သန်းသွားခြင်းနှင့်အတူ ဓားအစွန်းဟာ ထက်မြလျက်ရှိသည်။ ရှောင်ရှားပုန်းအောင်းရန် နေရာကား မကြွင်းကျန်ရစ်ပါချေ။

ဓားပျံနှင့် ရင်ဆိုင်လိုက်ရသည့်အခါ ဖိုရှု၏ မျက်ဝန်းများသည် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။ သူဟာ ၎င်းဓားပျံကို ခုခံရန် ကိုယ်တွင်းရှိ စွမ်းအင်များကို နိုးဆွခဲ့သည်။ သို့သော်လည်း သူသည် စောနလေးတွင်မှ ပြင်းထန်သော တိုက်ကွက်ကို ဖော်ထုတ်ခဲ့ခြင်းဖြစ်၏။ ထို့အတွက်ကြောင့် ကိုယ်တွင်းရှိစွမ်းအားသည် နှိုးဆွရန် အချိန်ကြာနေခဲ့သည်။ သူဟာ ခွန်အားများကို အလျင်အမြန်လှည့်ပတ်၍ ခုခံခဲ့သော်လည်း ဓားပျံကိုတော့ မတားဆီးနိုင်တော့.....

All Chapters