အလောင်းဧကရာဇ်ကို ဆေးကြောသန့်စင်ပေးခြင်း
Vol. 113 Ch. 1691
သီယွီသည် အန္တိမနတ်ဘုရားစွမ်းအားသုံးခုကို နားလည်ဆင်ခြင်ထားသည်ဆိုလျှင်တောင် သူသည် အဆင့်၈ အထွတ်အထိပ် ဖန်တီးခြင်းကြာပဒုမ္မာကို ဖိနှိမ်နိုင်လိမ့်မည် မဟုတ်ပေ။
ကစဉ့်ကလျားအမြုတေ ကောင်းကင်လိုဏ်ဂူသည် ကြေမွသွားပြီး သီယွီက ဆတ်ခနဲတုန်ယင်သွားလေသည်။
ပျက်ယွင်းသွားသော အမူအရာနှင့်အတူ သူက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လှည့်ထွက်ပြေးလိုက်လေသည်။
ဆူဇီမိုက လူသားဧကရာဇ်ချိပ်စည်းကို သိမ်းဆည်းပြီး ကောင်းကင်ဘုံခြေလှမ်းကို လှည့်ပတ်ကာ ကန့်သတ်မဲ့ရွှေအလင်း ၊ ဆန်းကြယ်တောင်ပံ ၊ မိုးကြိုးလေပြေထွက်ပြေးခြင်းနှင့် အခြားသောထွက်ပြေးခြင်းနည်းစနစ်များကို ထုတ်ဖော်လိုက်လေသည်။ သူ၏ အလျင်အဟုန်က ဆပွားတိုးလာခဲ့ပြီး သီယွီနောက်သို့ ပြေးလိုက်သွားလေသည်။
ယက္ခတိုက်ပွဲဝင်အလောင်းသည် လူသားဧကရာဇ်ချိပ်စည်းကြောင့် အဘက်ဘက်သို့ ထွက်ပြေးနေရ၏။ ယခု ၎င်းသည် ထိုခြိမ်းခြောက်မှုကနေ နောက်ဆုံးမှာ လွတ်မြောက်လာပြီး နေရာမှာပင် မတ်တတ်ရပ်ကာ ဆူဇီမိုနောက်သို့ ပြေးလိုက်သွားခြင်း မရှိပေ။
အလောင်းဧကရာဇ်က ခဏမျှတွေဝေတုံ့ဆိုင်းနေပြီး လက်လျှော့ဖို့ ရွေးချယ်လိုက်၏။
“အထီးကျန်သိုင်းသခင်က အရွယ်ရောက်လာပြီ... အခုချိန်မှာ သူ့ကို ဘယ်သူမှ သတ်နိုင်မှာ မဟုတ်တော့ဘူး”
အလောင်းဧကရာဇ်က ညင်သာစွာတီးတိုးရေရွတ်ပြိး သူ၏ ဦးတည်ဘက်ကို ပြောင်းလဲလိုက်လေသည်။ သူသည် ဤနေရာကထွက်ခွာပြီး အထီးကျန်သိုင်းသခင် သူ့ကိုရှာမတွေ့စေရန် သီးခြားအထိုင်ချ ကျင့်ကြံဖို့ ပြင်ဆင်လိုက်လေသည်။
သူလှည့်ထွက်လိုက်သည့်ခဏမှာပင် သူက တစ်စုံတစ်ယောက်ကို တွေ့မြင်မိသွား၏။
ထိုသူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ရှည်များကို ဖြန့်ချကာ သူ၏ မျက်နှာနေရာအများစုကို ဖုံးအုပ်ထားလေသည်။ သူ၏ မျက်လုံးများက အဆုံးမဲ့ဉာဏ်ပညာကို ပိုင်ဆိုင်ထားသည့်အလား ကြည်လင်နက်ရှိုင်းနေ၏။
အဲ့ဒါက ဧကရာဇ်တစ်ပါးဖြစ်လေသည်။
သူသည် ရှေးဟောင်းတိုက်ပွဲမြေရှိ ဧကရာဇ်များအားလုံးနီးပါးကို တွေ့မြင်ဖူးသော်လည်း သူသည် ဤလူကို အရင်က တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။
“မင်းဘယ်သူလဲ”
အလောင်းဧကရာဇ်က သူ၏ မျက်လုံးကို မှေးကျဥ်းပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“မင်းကိုသတ်မဲ့သူပဲ”
အဖြူရောင်ဝတ်လူက မှင်သေသေဖြင့် ပြောလိုက်၏။
အလောင်းဧကရာဇ်က ရင်တစ်ချက်ထိတ်သွားလေသည်။
ရှေးဟောင်းတိုက်ပွဲမြေမှာ လူမသိသူမသိ တစ်သီးတစ်ခြားနေတတ်သော ထ်ိပ်သီးဧကရာဇ်များရှိတတ်လေသည်။
“ကြည့်စမ်း.. အဲ့ဒါက မျိုးနွယ်စုခေါင်းဆောင် သူရိယစန္ဒာပဲ...”
“သူက မျိုးနွယ်စုခေါင်းဆောင်မဟုတ်တော့ဘူး... သူက ဧကရာဇ်တစ်ပါးဖြစ်လာပြီ “
ဤအချိန်အတောအတွင်း မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာသည် ဤနေရာသို့ ရောက်ရှိလာကြပြီဖြစ်ပြီး ဆွေးနွေးပြောဆိုလာကြ၏။
အဖြူရောင်ဝတ်လူက ကိုယ်တော်တာမင်းဖြစ်လေသည်။
“ဧကရာဇ်တစ်ပါး ဖြစ်လာခါစလူလား”
အလောင်းဧကရာဇ်က စိတ်သက်သာရာရသွားပြီး လှောင်ရယ်လိုက်လေသည်။
“လက်စသတ်တော့... မင်းက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကိုပဲ... နားလည်ဆင်ခြင်ရသေးတာမလား... အထီးကျန်သိုင်းသခင်တောင်မှ ငါ့ကိုဘာမှမလုပ်နိုင်ဘူး... မင်းကိုယ်မင်း ဘယ်သူထင်နေလို့လဲ”
ကိုယ်တော်တာမင်းက ငြင်းဆန်ခြင်းမရှိဘဲ အလောင်းဧကရာဇ်ထံသို့ လျှောက်လှမ်းလာလေသည်။
“ယက္ခ... သူကိုသတ်လိုက်”
အလောင်းဧကရာဇ်က အေးစက်စွာပြောလိုက်၏။
စောစောက လူသားဧကရာဇ်ချိပ်စည်း၏ ဖိနှိမ်မှုကြောင့် မကျေမချမ်းဖြစ်နေသော ယက္ခတိုက်ပွဲဝင်အလောင်းသည် မာန်ဖီဟိန်းဟောက်၍ ကိုယ်တော်တာမင်းထံသို့ ခုန်ဝင်သွားလေသည်။
ကိုယ်တော်တာမင်းသည် သူ၏ သိုလှောင်အိတ်ကိုထိလိုက်ပြီး သူ၏ လက်ဖဝါးထဲမှာ သေးငယ်သော ဘုရားကျောင်းတစ်ခုပေါ်ထွက်လာ၏။ ၎င်းကို ရှေ့သို့မြှောက်တင်လိုက်သောအခါ ဘုရားကျောင်းသည် လျင်မြန်စွာ ပြန့်ကားလာခဲ့ပြီး ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်လာခဲ့၏။
မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်း...။
ရှေးဟောင်းဘုရားကျောင်းက ပေါ်ထွက်လာပြီး ပြေးဝင်လာသော ယက္ခတိုက်ပွဲဝင်အလောင်းကို ပိတ်ဆို့တားဆီးလိုက်လေသည်။ အဲ့ဒီနောက် ကိုယ်တော်တာမင်းသည် လှည့်ပင်မကြည့်ဘဲ မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းကို ပြန်လည်သိမ်းဆည်းလိုက်၏။
“ဟားဟားဟား... မင်းက တကယ့်ကို မိုက်မဲတာပဲ... မင်းရဲ့ ယိုယွင်းပျက်စီးနေတဲ့ ဘုရားကျောင်းက ဘယ်လိုလုပ်ပြီး...”
ရုတ်တရက် အလောင်းဧကရာဇ်က ဆက်လက်၍ မပြောဆိုနိုင်တော့ပေ။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် သူ၏ တိုက်ပွဲဝင်အလောင်း၏ စွမ်းအားသည် ဓမ္မရတနာအများစုကို ခြေမွှဖျက်ဆီးပစ်ဖို့ လုံလောက်ပြီး ဤတိုက်ပွဲဝင်အလောင်းကို ထည့်သိမ်းနိုင်သည့် မည်သည့်နေရာလွတ်ဓမ္မရတနာမှ မရှိပေ။
တိုက်ပွဲဝင်အလောင်း၏ သွေးထဲရှိ မိစ္ဆာစွမ်းအားကပင်လျှင် ဓမ္မရတနာများစွာကို ချို့ယွင်းပျက်စီးသွားစေဖို့ လုံလောက်လေသည်။
သို့သော်လည်း သူနှင့် ယက္ခတိုက်ပွဲဝင်အလောင်းကောင်အကြား ချိတ်ဆက်မှုက ပြတ်တောက်သွားပြီဖြစ်ကြောင်း အလောင်းဧကရာဇ်က နားလည်သဘောပေါက်လိုက်လေသည်။
မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲမှာ...။
ယက္ခတိုက်ပွဲဝင်အလောင်းသည် သူ၏ ခေါင်းကို မော့၍ မာန်ဖီဟိန်းဟောက်လိုက်လေသည်။ အလွန်တရာ ဆိုးယုတ်သော အော်ရာတစ်ခုက သူ၏ ခန္ဓာကိုယ်ကနေ ပေါ်ထွက်လာပြီး ရှေးဟောင်းဘုရားကျောင်း၏ နံရံများကို အဆက်မပြတ်ပစ်ဆောင့်ကာ နေရာတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါလာစေ၏။
ရုတ်တရက်ဆိုသလို...
ရှေးဟောင်းဘုရားကျောင်း၏ နံရံများက လင်းလက်လာပြီး နတ်ဘုရားဆန်ဆန် ဗုဒ္ဓအလင်းရောင်တစ်ခုက ဖြာထွက်လာ၏။
နံရံပေါ်မှာ မြင့်မားသော ပုံရိပ်ယောင်လေးခုက ပေါ်ထွက်လာပြီး မတူညီသောလက်နက်များကို ကိုင်ဆောင်ထားကြလေသည်။ သူတို့က ယက္ခတိုက်ပွဲဝင်အလောင်းကို အထက်စီးဆန်သော အမူအရာများနှင့်အတူ စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်ကြ၏။
ဗုဒ္ဓကျောင်းတော်များ၏ ဗြဟ္မာလေးဦး...။
သူတို့သည် အသက်ရှိနေသည့်အလား ဗြဟ္မာလေးဦးက နံရံပေါ်မှာပေါ်ထွက်လာပြီး သူတို့၏ လက်နက်များကို ဆွဲထုတ်ကာ ယက္ခတိုက်ပွဲဝင်အလောင်းကို ဖိနှိမ်ဖို့ကြိုးစားလိုက်လေသည်။
ယက္ခတိုက်ပွဲဝင်အလောင်းတွင် မည်သည့်စိတ်ဝိညာဥ်အသိစိတ်မှ မရှိသော်လည်း သူတို့က ဘယ်လောက်တောင် စွမ်းအားကြီးမားသည်ကို ၎င်းက သိရှိသွားပြီး သူ၏ တောင်ပံများကို ခတ်ကာ ဗြဟ္မာလေးဦး၏ ဝန်းရံပိတ်ဆို့မှုကနေ ဖောက်ထွက်ချင်လေသည်။
သို့သော်လည်း ဗြဟ္မာတစ်ဦး၏ လက်ထဲရှိ ထီးတစ်လက်က လည်ပတ်သွားပြီး ကောင်းကင်တစ်ခွင်အုပ်မိုးကာ လျှို့ဝှက်ဆန်းကြယ်သော ရောင်လျှံစက်ဝန်းတစ်ခုကို ထုတ်ဖော်၍ ချိန်းကြိုးများကဲ့သို့ ယက္ခတိုက်ပွဲဝင်အလောင်းပေါ်သို့ ဆင်းသက်သွားစေလေသည်။
ယက္ခတိုက်ပွဲဝင်အလောင်းက လုံးဝရုန်းမထွက်နိုင်တော့ဘဲ နေရာမှာပင် ကန့်သတ်ချုပ်နှောင်ခံလိုက်ရ၏။
နောက်ထပ် ဗြဟ္မာတစ်ဦး၏ လက်ထဲရှိ နတ်နဂါးက ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ပြေးဝင်ကာ ယက္ခတိုက်ပွဲဝင်အလောင်းကို ပစ်ဆောင့်ချလိုက်လေသည်။ ၎င်း၏ အရိုးများအားလုံးက ကြေမွပျက်စီးသွား၏။
ယက္ခမျိုးနွယ်၏ အသန်မာဆုံးအရာမှာ သူတို့၏ အလျင်အဟုန်ဖြစ်လေသည်။ သူတို့၏ မျိုးဆက်သွေးက နဂါးမျိုးနွယ်ကို မယှဥ်နိုင်ပေ။
တတိယမြောက် ဗြဟ္မာသည် သူ့လက်ထဲရှိဓားကို ဝေ့ယမ်းပြီး ရှေ့သို့ခုတ်ပိုင်းချလိုက်၏။
ယက္ခတိုက်ပွဲဝင်အလောင်းသည် ထိုဓားဖြင့် အပိုင်းပိုင်းလှီးဖြတ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ အပုံလိုက်ပစ်ကျသွားလေသည်။
နောက်ဆုံးဗြဟ္မာသည် သူ၏ ဗျပ်စောင်းကို ဝေ့ယမ်းပြီး သတ္တုချင်းထိခတ်သံမျိုးကိုထွက်ပေါ်လာစေ၏။ ကြီးမားသော စစ်တပ်တစ်တပ်က ပေါ်ထွက်လာပြီး ကြောက်စရာကောင်းသော စိတ်ဆန္ဒတစ်ခုနှင့်အတူ ယက္ခတိုက်ပွဲဝင်အလောင်းဆီသို့ ချီတက်သွားသည့်အလားပင်။
ကြီးမားသော စစ်တပ်သည် ဒုန်းစိုင်းပြေးဝင်လာပြီး ယက္ခတိုက်ပွဲဝင်အလောင်းကို စိစိညက်ညက်ကြေမှုန့်သည်အထိ နင်းခြေပစ်လိုက်လေသည်။
ယက္ခတိုက်ပွဲဝင်အလောင်းက ဆုတ်ဖြဲခံရမည်ဆိုလျှင်တောင် အလောင်းဧကရာဇ်သည် လျှို့ဝှက်အတတ်တစ်ခုကိုသုံးပြီး သူတို့ကိုပြန်လည်ချိတ်ဆက်နိုင်လေသည်။
သို့သော်လည်း ဖုန်မှုန့်အဖြစ် ခြေမွှဖျက်ဆီးခံရပြီးနောက် သူက ဘယ်လိုမှပြန်ကောင်းလာနိုင်တော့မည် မဟုတ်ပေ။
တိုက်ပွဲဝင်အလောင်းက လုံးဝပျောက်ကွယ်သွားခဲ့လေပြီ။
ရှေးဟောင်းတိုက်ပွဲမြေ၏ အပြင်ဘက်တွင်...
ကိုယ်တော်တာမင်းက တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်လေသည်။
“မင်းက မင်းရဲ့တိုက်ပွဲဝင်အလောင်းကို ပြန်ပြီးချိတ်ဆက်ဖို့ ကြိုးစားနေစရာ မလိုတော့ဘူး... အဲ့ဒီတိုက်ပွဲဝင်အလောင်းက ဖျက်ဆီးခံလိုက်ရပြီ”
“မဖြစ်နိုင်တာ”
အလောင်းဧကရာဇ်က မယုံ့ကြည်နိုင်စွာ ပြောလိုက်၏။
ကိုယ်တော်တာမင်းက ထပ်ပြီးရှင်းပြမနေတော့ဘဲ ရှေ့သို့လျှောက်လှမ်းလာခဲ့၏။ သူ၏ သွေးချီက ပေါက်ကွဲထွက်ပေါ်လာပြီး သူသည် ဆူနာမီသွေးကို ချက်ချင်းပင်လှည့်ပတ်ကာ လက်ဝါးရိုက်ချက်တစ်ခုနှင့်အတူ အလောင်းဧကရာဇ်ကို ဖိနှိမ်ဖို့ကြိုးစားလိုက်လေသည်။
အလောင်းဧကရာဇ်က ကြောက်စရာကောင်းသော အမူအရာတစ်ခုကို ထုတ်ဖော်ပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
“အထီးကျန်သိုင်းသခင်က ဖန်တီးခြင်းကြာပဒုမ္မာမို့လို့... ငါက သူ့ကို ထိခိုက်အောင်မလုပ်နိုင်ဘူး... ဒါပေမဲ့... မင်းကိုတော့ လုပ်နိုင်တယ်”
သူသည် သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး သူ၏ အစိမ်းရောင်လက်သည်းချွန်များကို ထွက်ပေါ်လာစေကာ ကိုယ်တော်တာမင်း၏ လက်ကို ဖမ်းဆွဲလိုက်လေသည်။
ကိုယ်တော်တာမင်းက ရှောင်တိမ်းခြင်းမရှိဘဲ သူ၏ လက်ဖဝါးကို ဆက်လက်ဖိချလိုက်၏။
အလောင်းဧကရာဇ်၏ လက်သည်းချွန်များက ကိုယ်တော်တာမင်း၏ လက်နှင့် အရင်ဆုံးထိတွေ့သွားလေသည်။
သူက သူ၏ လက်သည်းများဖြင့် ထိုးစိုက်တော့မည့်ဆဲဆဲမှာပင် ကိုယ်တော်တာမင်း၏ လက်ပေါ်ရှိ ကြွက်သားများက တုန်ခါသွားပြီး အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်ဖော်လာလေသည်။
ဖြောင်း... ဖြောင်း.... ဖြောင်း...
အလောင်းဧကရာဇ်၏ လက်ဆယ်ချောင်းပေါ်ရှိ လက်သည်းချွန်များက ကျိုးပဲ့သွားလေသည်။
တစ်ချိန်တည်းမှာပင် ကိုယ်တော်တာမင်းသည် အလောင်းဧကရာဇ်၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။
ဖျောက်...
အလောင်းဧကရာဇ်၏ ဦးခေါင်းက ကြေမွသွားပြီး စေးကပ်နေသောသွေးများက စီးကျလာ၏။
အလောင်းဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က ကြိုတင်ထွက်ပြေးသွားပြီး ကိုယ်တော်တာမင်းထံမှ လက်ဝါးရိုက်ချက်ဖြင့် သတ်ဖြတ်ခြင်းမခံခဲ့ရပေ။
“ပါ...”
ရုတ်တရက် ကိုယ်တော်တာမင်းသည် သူ၏ ပါးစပ်ကိုဖွင့်ဟပြီး မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။
လေဟာနယ်တစ်ခုလုံးက ခဏမျှတုန်ခါသွားလေသည်။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ထိုမန္တန်အသံသည် ဧကရာဇ်များကို ပျက်စီးထိခိုက်မှုဖြစ်စေဖို့ ခက်ခဲလေသည်။
သို့သော်လည်း ဗုဒ္ဓကျောင်းတော်များ၏ လျှို့ဝှက်အတတ်များသည် ဤကဲ့သို့ မကောင်းဆိုးဝါးဆန်၍ ညစ်ညမ်းသော အရာများကို ဖိနှိမ်ရာမှာ အကျိုးသက်ရောက်မှုအရှိဆုံးဖြစ်လေသည်။
ဒါ့အပြင် အလောင်းဧကရာဇ်၏ ခန္ဓာကိုယ်က ယခုအချိန်ထိ စုဖွဲ့မလာနိုင်သေးဘဲ သူ၏ အမြုတေစိတ်ဝိညာဥ်က ဂါထာမန္တန်နှင့် တိုက်ရိုက်ထိတွေ့သွားလေသည်။ ၎င်းသည် ထိုမန္တန်အသံကြောင့် ပျက်ပြယ်လုနီးပါးဖြစ်သွားလေသည်။ ကိုယ်တော်တာမင်းက အလောင်းဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်နောက်သို့ ပြေးလိုက်သွားခြင်းမရှိပေ။ ထိုအစားသူက တင်ပျဥ်ခွေထိုင်လိုက်ပြီး ပြန်လည်ဝင်စားခြင်းမန္တန်တစ်ခုကို အဆက်မပြတ်ရွတ်ဆိုလိုက်၏။
အလောင်းဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်ပေါ်ရှိ အလင်းရောင်က တဖြည်းဖြည်း မှိန်ဖျော့သွားလေသည်။
ပြန်လည်ဝင်စားခြင်းမန္တန်အဆုံးသတ်သွားသောအခါ အလောင်းဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်ကလည်း ပျက်စီးသွားခဲ့လေပြီ။
ပြန်လည်ဝင်စားခြင်းမန္တန်သည် အလောင်းဧကရာဇ်ကို ဆေးကြောသန့်စင်ပေးလိုက်ခြင်းဖြစ်လေသည်။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာသည် စိုးရိမ်ထိတ်လန့်စွာဖြင့် အဝေးကနေ စောင့်ကြည့်နေကြ၏။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ အဆင့်တစ်နှစ်ယောက်သည် ယခုအခါ ဧကရာဇ်များ ဖြစ်လာခဲ့လေပြီ။
သူတို့ထဲမှတစ်ယောက်သည် ပေါ်ထွက်လာလာခြင်းမှာပင် ဧကရာဇ်တစ်ပါးကို သတ်ဖြတ်လိုက်လေသည်။
“သိုင်းဧကရာဇ်က ယွီဧကရာဇ်နောက်ကို ပြေးလိုက်သွားတယ်လို့ ငါကြားတယ်... အဲ့ဒီတိုက်ပွဲက ဘယ်လိုအဆုံးသတ်မလဲ ငါသိချင်မိတယ်”
“သိုင်းဧကရာဇ်က ဘယ်သူလဲ”
“သိုင်းဧကရာဇ်က အထီးကျန်သိုင်းသခင်ပေါ့... အထီးကျန်သိုင်းသခင်က တာအိုတစ်ခုကို တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာသင်ကြားပေးခဲ့တယ်... ဒီလောကမှာ အထီးကျန်သိုင်းသခင်ကလွဲရင် တခြားဘယ်သူကများ သိုင်းဧကရာဇ်ဘွဲ့ကို ခံယူဖို့ ထိုက်တန်မှာလဲ”