← Chapters

လျှို့ဝှက်ဧကရာဇ်ကို သတ်ဖြတ်ခြင်း

Vol. 113 Ch. 1692

လျှို့ဝှက်ဧကရာဇ်ကို သတ်ဖြတ်ခြင်း

Vol. 113 Ch. 1692

ဆူဇီမိုသည် သီယွီကို စိုက်ကြည့်ပြီး တစ်လမ်းလုံး ပြေးလွှားနေ၏။

သီယွီ၏ အလျင်အဟုန်က အလွန်ဆုံး ဆူဇီမိုနှင့် တူညီသလောက် ရှိသော်လည်း သူသည် အချိန်ဖြုန်းဖို့ မတတ်နိုင်ပေ။

အတိအကျဆိုရလျှင်.. ထာဝရ​ အသက်ဓာတ်ကို ပိုင်ဆိုင်ထားသည့် ဧကရာဇ်တစ်ပါးသည် အဆုံးမဲ့လုနီးပါး သက်လုံအားကို ပိုင်ဆိုင်ထားလေသည်။

သူသည် ဆူဇီမိုကို ပကတိခွန်အားဖြင့် ဒဏ်ရာအပြင်းအထန် ရရှိအောင် မလုပ်နိုင်သရွေ့ ဤမျှခြေအတိုင်း ဆက်သွားနေလျှင် သူက သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။

ယခုအချိန်မှာ သီယွီ မပြောနှင့်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာပင်လျှင် လက်ရှိ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ သက်လုံအားကို မီနိုင်တော့မည် မဟုတ်ပေ။

သူတို့နှစ်ယောက်သည် တစ်ယောက်ပြီးတစ်ယောက် ပြေးလွှားနေပြီး ရှေးဟောင်းတိုက်ပွဲမြေ၏ ထက်ဝက်နီးပါးကို ဖြတ်ကျော်လာခဲ့၏။ သူတို့သည် လမ်းတစ်လျှောက်မှာ မဟာယာန မျိုးနွယ်စုခေါင်းဆောင်များစွာနှင့် တွေ့ကြုံခဲ့ရလေသည်။

ထိုသည်ကို တွေ့မြင်သောအခါ.. မဟာယာန မျိုးနွယ်စုခေါင်းဆောင်များစွာက ညည်းတွားရေရွတ်လိုက်ကြ၏။

“လွန်ခဲ့တဲ့ ရာစုနှစ်တချို့က အထီးကျန်သိုင်းသခင်က သီယွီရဲ့ အမဲလိုက်ခြင်းကို ခံခဲ့ရတယ်.. အခု အထီးကျန်သိုင်းသခင်က ဧကရာဇ်တစ်ပါး ဖြစ်လာပြီးတဲ့နောက် အခြေအနေက ချက်ချင်းကို ပြောင်းလဲသွားတာပဲ”

“သိုင်းဧကရာဇ်က အရမ်းကို မြန်မြန်ဆန်ဆန် မြင့်မားတိုးတက်လာပြီ.. နောက်ဆိုရင် ထာဝရ လူသားဧကရာဇ်တောင် သူ့ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်တော့မယ်”

“အစက သိုင်းဧကရာဇ်က ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ မော်တယ်လောကတစ်ခုက သာမန်လူတစ်ယောက်ဖြစ်ပြီး သူ့မှာ စိတ်ဝိညာဉ်ရင်းမြစ်​တောင် မရှိဘူးလို့ ငါကြားဖူးတယ်.. သူက ဒီနေ့ ဒီနေရာအထိ တက်လှမ်းလာနိုင်ခဲ့တာ သူ့ရဲ့ ကံကြမ္မာကို လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်တစ်ဦးက ပြောင်းလဲပေးခဲ့လို့တဲ့”

“ဘယ်လို လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်ကများ အဲ့လို နည်းလမ်းမျိုးကို ပိုင်ဆိုင်ရတာလဲ”

“ငါလည်း မသိဘူး”

မျိုးနွယ်စုခေါင်းဆောင်များစွာသည် ဆူဇီမို နောက်သို့ ပြေးလိုက်ရင်း ဆွေးနွေးပြောဆိုလာကြ၏။

သီယွီ၏ အလျင်အဟုန်က လျော့ကျလာခဲ့၏။

နတ်ဘုရားစွမ်းအားများနှင့်အတူ အချိန်ကြာမြင့်စွာ ပြေးလွှားရခြင်းက သူ၏ သွေးချီနှင့် အမြုတေစိတ်ဝိညာဉ်အပေါ် ကြီးမားစွာ အားအင်ကုန်ခမ်းမှုကို ဖြစ်စေလေသည်။

သို့သော်လည်း ဆူဇီမို၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်၏။

သူ့ အမြုတေစိတ်ဝိညာဉ်၏ သွေးချီက ကုန်ခမ်းလာပြီးနောက်.. သူသည် ထာဝရ အသက်ဓာတ်ကို ထုတ်ဖော်လိုက်လေသည်။

ထိုအန္တိမ နတ်ဘုရားစွမ်းအား ထွက်ပေါ်လာသောအခါ ဆူဇီမိုသည် လောကရှိ အသက်ဓာတ်အားကို အဆက်မပြတ် စုပ်ယူပြီး သူ၏ သွေးချီနှင့် အမြုတေစိတ်ဝိညာဉ်တို့က အသက်ရှူချိန် အနည်းငယ်အတွင်းမှာ ပြန်လည်အားအင်ပြည့်ဝလာ၏။

သူတို့နှစ်ယောက်ကြား အကွာအဝေးက ပို၍ နီးကပ်လာခဲ့လေသည်။

ရှေ့မလှမ်းမကမ်းမှာ တောအုပ်တစ်ခု ရှိလေသည်။

သီယွီက တောအုပ်ထဲသို့ ဝင်ရောက်သွား၏။

ဆူဇီမို၏ မျက်လုံးက တဖျပ်ဖျပ် ဖြစ်သွားလေသည်။

သူက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါကာ တောအုပ်ထဲသို့ ဝင်ရောက်သွားလေသည်။

သီယွီ၏ နောက်ကျောကို ကြည့်ရင်း ဆူဇီမိုသည် သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ကာ ကောင်းကင်သတ်ဖြတ်ခြင်း ဓားကွက်ကို ထုတ်ဖော်ပြီး ရှေ့သို့ ခုတ်ပိုင်းချလိုက်၏။

ဇီ.. ဇီး.. ဇီး..

ရုတ်တရက် ဓားချီ တစ်သိန်းရှစ်ထောင်က သူ၏ လက်ချောင်းထိပ်များကနေ ပစ်လွင့်ထွက်ပေါ်လာ​ပြီး နေရာတစ်ခွင် အုပ်မိုးသွားလေသည်။

အဲဒီမှာ ဓားချီများက အရမ်းကို များပြားသော်လည်း သူတို့အားလုံးသည် ချက်ချင်းပင် စုဆုံသွားပြီး ကျိန်းစပ်နေသော အလင်းရောင်တစ်ခုဖြင့် တောက်ပနေသည့် ဓားတစ်လက်အဖြစ် စုဖွဲ့သွားလေသည်။

ကြောက်စရာကောင်းသော နတ်ဘုရားစွမ်းအားတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။

ဓားများ အားလုံးက တစ်ခုတည်း ဖြစ်လာခဲ့၏။

အဲဒါသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်ကနေ ဆူဇီမို နားလည်ဆင်ခြင်ထားသော အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လေသည်။

ဓားချီ တစ်သိန်းရှစ်ထောင်၏ စွမ်းအားက နှစ်ဆကျော် တိုးလာခဲ့၏။

ဇီး…

ဓားသွားက တုန်ခါသွားလေသည်။

အေးစက်နေသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုနှင့်အတူ ဓားသည် အဖြူရောင် အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး သီယွီ၏​ နောက်ကျောသို့ ချက်ချင်းပင် ထိုးစိုက်လာ၏။

ထိုဓားကနေ ထုတ်ဖော်လိုက်သော စွမ်းအားမှာ သီယွီသည်ပင် ရင်တလှပ်လှပ် ခံစားလာရ၏။

“ငရဲသွေး ဒိုင်းကာ”

ရုတ်တရက်.. သီယွီသည် သူ၏ ခန္ဓာကိုယ်ကို လှည့်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို စေညွှန်လိုက်၏။ သူ့ခန္ဓာကိုယ်က သွေးချီဖြင့် ပြည့်လျှမ်းလာပြီး နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက တလိပ်လိပ် ထိုးတက်ကာ သူ့ရှေ့တွင် သွေးနီရောင် ဧရာမ ဒိုင်းကာတစ်လက်ကို စုဖွဲ့လာစေ၏။ သီယွီသည် ထိုဓားနှင့် ရင်ဆိုင်ရချိန်မှာ မဆင်မခြင် ပြုမူရဲခြင်း မရှိဘဲ ခုခံဖို့အတွက် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

အဲဒါသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံပြီးနောက်.. သူ နားလည်ဆင်ခြင်ထားသော အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လေသည်။

ချွမ်း..

အေးစက်နေသော ဓားက ငရဲသွေး ဒိုင်းကာနှင့် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်သွားလေသည်။

ဒိုင်းကာပေါ်မှာ ဝဲဂယက်များ ပေါ်ထွက်လာပြီး ၎င်းက ဓား၏ ထိုးဖောက်ခြင်းကို ခံရလုနီးပါးပင်။

ဆူဇီမို တိုက်ခိုက်လိုက်သည့် ခဏမှာပင် သူ၏ ဘေးဘက်ရှိ ကျောက်တုံးတစ်တုံးက ရုတ်တရက် ရွေ့လျားလာခဲ့၏။

တစ်စုံတစ်ယောက်က ကျောက်တုံးထဲကနေ ခုန်ထွက်လာခဲ့လေသည်။

အတိအကျဆိုရင်လျှင် ဤလူသည် ကျောက်တုံးထဲကနေ ခုန်ထွက်လာခြင်း မဟုတ်ဘဲ ကျောက်တုံးကနေ အသွင်ပြောင်းလဲသွားခြင်း ဖြစ်၏။

ဤလူသည် သာမန်ပုံပန်းသဏ္ဌာန်နှင့် ရုပ်ရည်သွင်ပြင်သာ ရှိလေသည်။ သူ၏ မျက်လုံးများက အားအင်ချိနဲ့နေပြီး နက်မှောင်နေသော ဓားတစ်လက်ကို ကိုင်ဆွဲကာ ဆူဇီမို၏ ဦးခေါင်းနောက်ဆီသို့ ပစ်ထိုးလိုက်၏။

ဖြစ်စဉ်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေ၏။

ထိုလူ တိုက်ခိုက်လာစဉ်မှာတောင် မည်သည့်အသံမှ ထွက်ပေါ်မလာခဲ့ပေ။

သူ၏ ဓားက နက်မှောင်၍ မည်သည့် အလင်းကိုမှ ရောင်ပြန်မဟပ်စေပေ။ သူ၏ ခန္ဓာကိုယ်နှင့် ဓားသည် သူ၏ ဘေးပတ်ဝန်းကျင်နှင့် တစ်သားတည်းကျ ပေါင်းစည်းနေသည်ဟု ထင်ရ၏။

လျှို့ဝှက်ဧကရာဇ်က တိုက်ခိုက်လာခဲ့လေပြီ။

ထိုအခိုက်အတန့်မှာ တစ်စုံတစ်ယောက်သည် သူတို့၏ မျက်လုံးများကို ဖွင့်ထားပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ကို အသုံးပြုနေမည်ဆိုလျှင်တောင် သူတို့သည် မည်သည့်အရာကိုမှ တွေ့မြင်ရလိမ့်မည် မဟုတ်ပေ။

လျှို့ဝှက်ဧကရာဇ်သည် ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲဖို့ အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု - အသင်္ချေ အသွင်ပြောင်းလဲခြင်းကို အသုံးပြုထားလေသည်။

တစ်ချိန်တည်းမှာပင် သူသည် သူ့ကိုယ်သူ ဖုံးကွယ်ဖို့အတွက် နောက်ထပ် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု - လောကကိုလှည့်ဖြားခြင်းကို အသုံးပြုခဲ့လေသည်။

ထိုအန္တိမ နတ်ဘုရားစွမ်းအားနှစ်ခု၏ ပြီးပြည့်စုံစွာ ပေါင်းစည်းခြင်းကနေ ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာ၏။

လျှို့ဝှက်ဧကရာဇ်နှင့် မျက်နှာချင်းဆိုင်ရပ်နေသော သီယွီပင်လျှင် ထိုသူ တိုက်ခိုက်လာသည်ကို မတွေ့မြင်ရပေ။

နက်မှောင်နေသော ဓားက ရှေ့သို့ ပစ်ဝင်လာပြီး ဆူဇီမို၏ ဦးခေါင်းနောက်ကို ထိုးဖောက်တော့မည့်ဆဲဆဲ ဖြစ်လေသည်။

သူ၏ ဓားက အထီးကျန်သိုင်းသခင်၏ ဦးခေါင်းကို မထိုးဖောက်နိုင်ဘူး ဆိုလျှင်တောင် ဓားမှာ ပါဝင်သော စွမ်းအားသည် အထီးကျန်သိုင်းသခင်၏ အသိစိတ်ကို ထိုးဖောက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို နေရာမှာတင် သတ်ဖြတ်ပစ်ဖို့ လုံလောက်လေသည်။

အထီးကျန်သိုင်းသခင်သည် သူ၏ ဓားအောက်မှာ သေရတော့မည့်ဆဲဆဲ အချိန်မှာတောင် လျှို့ဝှက်ဧကရာဇ်၏ မျက်လုံးများက မည်သည့် စိတ်ခံစားချက်မှ မရှိဘဲ ရေသေတစ်ခုကဲ့သို့ တည်ငြိမ်နေဆဲဖြစ်၏။

မည်သည့် လှုပ်ခတ်မှုတစ်ခုမဆို တစ်ဖက်လူကို သတိဝင်သွားစေနိုင်ကြောင်း သူက ကောင်းကောင်းသိလေသည်။

ဤကဲ့သို့သော နည်းလမ်းများ မရှိဘဲ လျှို့ဝှက်ဧကရာဇ်သည် ဤအဆင့်ထိ ကျင့်ကြံလာနိုင်လိမ့်မည် မဟုတ်ပေ။

အနက်ရောင်ဓားက ဆူဇီမို၏ ဦးခေါင်းနောက်ကို ထိတွေ့လာသည့် ခဏမှာပင်.. သူ၏ ဓားအောက်မှာ အစိမ်းရောင်ကြာခုံတစ်ခုက ရုတ်တရက် ပေါ်ထွက်လာ၏။

ဖန်တီးခြင်း ကြာပဒုမ္မာ..

ချွမ်း..

ဓားသည် ဖန်တီးခြင်း ကြာခုံနှင့် ထိတွေ့သောအခါ ကြွပ်ဆတ်ဆတ် အသံတစ်သံ ထွက်ပေါ်လာပြီး မီးပွားများက လွင့်စင်ထွက်သွား၏။

လျှို့ဝှက်ဧကရာဇ်က ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ လက်ဖဝါးက ထုံကျင်သွားလေသည်။

တကယ်တော့ သူ့ခန္ဓာကိုယ်ပေါ်ရှိ တုန်လှုပ်မှုသည် သူ့ရင်ထဲရှိ တုန်လှုပ်မှုထက် အဆများစွာ လျော့ကျလေသည်။

အထီးကျန်သိုင်းသခင်က တကယ်ပင် ကြိုတင်ပြင်ဆင်ထားခဲ့လေသည်။

အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။

သူသည် ထိုအန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို လှည့်ပတ်လိုက်သည်နှင့် လောကတစ်ခုလုံးကို လှည့်ဖြားနိုင်လေသည်။

အရင်တုန်းက သူသည် ဤနည်းလမ်းကို သုံးပြီး အန္တိမ နတ်ဘုရားစွမ်းအား သုံးခုကို နားလည်ဆင်ခြင်ထားသည့် ဧကရာဇ်တစ်ပါးကိုပင် သတ်ဖြတ်နိုင်ခဲ့လေသည်။

ယခု ထိုအန္တိမ နတ်ဘုရားစွမ်းအား တစ်ခုကိုသာ နားလည်ဆင်ခြင်ထားသည့် ဧကရာဇ်တစ်ပါးကို သူက ဘာကြောင့် မသတ်ဖြတ်နိုင်ရတာလဲ။

ဆူဇီမိုက လျှို့ဝှက်ဧကရာဇ်ကို နောက်ကျောပေးထားပြီး သူ၏ မျက်လုံးထဲမှာ လှောင်ပြောင်သရော်လိုက်သော အကြည့်တစ်ခုက ပေါ်ထွက်လာ၏။

သူက လှည့်ကြည့်မလာခဲ့ပေ။

သူက ယခုအချိန်မှာ လှည့်ကြည့်မည်ဆိုလျှင်တောင် လျှို့ဝှက်ဧကရာဇ်၏ ပုံရိပ်နှင့် လမ်းကြောင်းကို တွေ့မြင်ရလိမ့်မည် မဟုတ်ကြောင်း သူသိလေသည်။

လျှို့ဝှက်ဧကရာဇ်၏ နည်းလမ်းများအရ.. ထိုသူသည် လောကကို လှည့်ဖြားပြီး သူ၏ အာရုံခံအသိစိတ်များကို တွေဝေရှုပ်ထွေးသွားစေဖို့ လုံလောက်လေသည်။

သို့သော်လည်း လျှို့ဝှက်ဧကရာဇ် မသိသည့်အရာမှာ ဆူဇီမိုသည် အန္တိမနတ်ဆိုးကျင့်စဉ်တစ်ခုကို ကျင့်ကြံထားပြီး အံ့မခန်း အာရုံခံ သတိစိတ်တစ်ခုကို ပိုင်ဆိုင်ထားလေသည်။

လျှို့ဝှက်ဧကရာဇ်က တိုက်ခိုက်မလာခဲ့ဘူးဆိုလျှင် အဆင်ပြေလေသည်။

သူ တိုက်ခိုက်လိုက်သည်နှင့် ဆူဇီမိုက သူ၏ သတ်ဖြတ်လိုစိတ်ကို ချက်ချင်းပင် အာရုံခံမိပေလိမ့်မည်။

သူ၏ တိုက်ခိုက်မှု လွဲချော်သွားပြီးနောက်.. လျှို့ဝှက်ဧကရာဇ်က သူ့ကိုယ်သူ ဖုံးကွယ်ပြီး သူ့ဘေးတွင် ရှိသော ရှေးဟောင်းသစ်ပင်ပေါ်မှာ အစိမ်းရောင် သစ်ရွက်တစ်ရွက်အဖြစ် အသွင်ပြောင်းလဲလိုက်၏။

အသင်္ချေအသွင်ပြောင်းလဲခြင်း..

လျှို့ဝှက်ဧကရာဇ်ထံမှ အတွေးတစ်ချက်နှင့်အတူ သူသည် လောကရှိ မည်သည့်အရာအဖြစ်မဆို အသွင်ပြောင်းလဲနိုင်လေသည်။

“မင်း နောက်ဆုံးတော့ ပေါ်ထွက်လာပြီပဲ”

ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်၏။

“မင်း တိုက်ခိုက်မလာဘူးဆိုရင် ငါက မင်းကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး.. ဒါပေမဲ့ မင်းက ပေါ်ထွက်လာပြီဆိုမှတော့ ထွက်ခွာသွားဖို့ကို မစဉ်းစားနဲ့တော့”

သူသည် သူ၏ လက်ချောင်းကို ဆန့်ထုတ်ပြီး သူ၏ နှာရောင်ကို ညင်သာစွာ ထိတွေ့လိုက်၏။ သူသည် မိုးကြိုးလျှပ်စီးများဖြင့် တောက်ပနေသည့် ကျာပွတ်တစ်ခုကို ဆွဲထုတ်ပြီး ဘေးတွင် ရှိသော သစ်ရွက်တစ်ရွက်ကို ပစ်ရိုက်လိုက်လေသည်။

“မင်း..”

လျှို့ဝှက်ဧကရာဇ်က မတတ်သာတော့ဘဲ တိုက်ခိုက်လိုက်ရ၏။

သူသည် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ကျင့်ကြံထားသော်လည်း သူသည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များနှင့် ရင်ဆိုင်ရချိန်မှာ ကူကယ်ရာမဲ့နေပြီး တိုက်ခိုက်ဖို့အတွက် သူ၏ အမြုတေစိတ်ဝိညာဉ်ကိုသာ လှည့်ပတ်ရလေသည်။

ဘန်း..

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှစ်ခုက ထိတွေ့ရိုက်ခတ်ပြီး လျှို့ဝှက်ဧကရာဇ်က ဆတ်ခနဲ တုန်ယင်သွား၏။ သူသည် အသင်္ချေ အသွင်ပြောင်းလဲခြင်းနှင့် လှည့်ဖြားခြင်း လောကကို ဆက်လက်၍ မထိန်းချုပ်နိုင်တော့ဘဲ သူ၏ ရုပ်လုံးက ပေါ်ထွက်လာခဲ့လေသည်။

စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်က ပျက်ပြယ်သွားသော်လည်း ဆူဇီမို၏ သတ်ဖြတ်ကွက်က အဆုံးသတ်မသွားသေးပေ။

ရွှစ်.. ရွှစ်.. ရွှစ်..

အစိမ်းရောင်ကြာခုံထဲကနေ အစိမ်းရောင် အလင်းတောက်တောက်တစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

ကြာစေ့ ၇၂ စေ့သည် လျင်မြန်စွာ စုစည်းသွားပြီး အစိမ်းရောင် ဓားတစ်လက်အသွင်ပြောင်းလဲကာ လျှို့ဝှက်ဧကရာဇ်ဆီသို့ ခုတ်ပိုင်းကျဆင်းလာ၏။

လျှို့ဝှက်ဧကရာဇ်သည် သူ၏ ဒုတိယမြောက် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို လှည့်ပတ်ပြီး အစိမ်းရောင် ကြာပန်းဓားကို ခုခံလိုက်ရ၏။

သို့သော်လည်း ၎င်းသည် ထိတွေ့ရိုက်ခတ်မိသည့် ခဏမှာပင် အစိမ်းရောင် ကြာပန်းဓားဖြင့် ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။

ဓားအလင်းတန်းတစ်ခုက လျှို့ဝှက်ဧကရာဇ်၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားလေသည်။

လျှို့ဝှက်ဧကရာဇ်၏ ပုံရိပ်က ယိမ်းထိုးသွားပြီး သူ၏ မျက်လုံးက မှေးမှိန်သွား၏။ သူ၏ အသက်ဓာတ်က လျော့ကျသွားပြီး သူက ပျော့ခွေစွာဖြင့် လဲကျသွားလေသည်။

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှစ်ခုကို ဆက်တိုက် ထုတ်ဖော်ပြီးနောက် လျှို့ဝှက်ဧကရာဇ်က သေဆုံးသွားခဲ့လေပြီ။

All Chapters