ကောင်းကင်လိုဏ်ဂူကို ချိုးဖျက်ခြင်း
Vol. 113 Ch. 1690
ဆူဇီမိုသည် ခဏမျှ မှင်တက်သွား၏။
အလောင်းဧကရာဇ်သည် ယက္ခတစ်ယောက်ကို တိုက်ပွဲဝင်အလောင်းကောင်အဖြစ် သန့်စင်ထားလိမ့်မည်ဟု သူပင်လျှင် ထင်မှတ်မထားပေ။
“ဟီးဟီး”
အလောင်ဧကရာဇ်က ခြောက်ကပ်စွာ ရယ်မောလိုက်၏။
“အထီးကျန်သိုင်းသခင်... ငါက ဒီတိုက်ပွဲဝင်အလောင်းကို ရှေးဟောင်းတိုက်ပွဲမြေရဲ့ အပျက်အစီးနယ်မြေတစ်ခုကနေ ရှာတွေ့ထားတာ... ဒီယက္ခက မသေခင်တုန်းက သူက ဧကရာဇ်တစ်ပါးဖြစ်ခဲ့တာပဲ”
“ငါက သမိုင်းတစ်လျှောက်မှာ ကမ္ဘာဦးမျိုးနွယ်က ဧကရာဇ်တစ်ပါးကို တိုက်ပွဲဝင်အလောင်းတစ်လောင်းအဖြစ် သန့်စင်နိုင်တဲ့ ပထမဆုံးသူပဲ ဖြစ်လိမ့်မယ်”
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
ယက္ခမျိုးနွယ်မှ ဧကရာဇ်တစ်ပါး၏ တိုက်ပွဲဝင်အလောင်းသည် တကယ်ပင် ကိုင်တွယ်ရခက်ခဲပေလိမ့်မည်။
အလောင်းဧကရာဇ်သည် ပို၍ပင် အူမြူးအားရလာပြီး ဟားတိုက်ရယ်မောလိုက်၏။
“အထီးကျန်သိုင်းသခင်... မင်းမှာ အရမ်းကို ထူးခြားတဲ့နည်းလမ်းတွေကရှိနေမယ်ဆိုရင်တောင်က မင်းက ငါ့ရဲ့ တိုက်ပွဲဝင်အလောင်းကောင်ကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး... မင်းရဲ့ ထာဝရအသက်ဓာတ်နဲ့ဆိုရင်တောင်မှ မင်းက ငါ့ရဲ့တိုက်ပွဲဝင်အလောင်းရဲ့ ခံနိုင်ရည်စွမ်းကို လိုက်မီမှာ မဟုတ်ဘူး”
တိုက်ပွဲဝင်အလောင်းများသည် အလွန်တရာသန်မာပြီး လက်နက်၊ ရေနှင့် မီးတို့ကို မမှုပေ။
ဒါ့အပြင် တိုက်ပွဲဝင်အလောင်းများသည် နာကျင်မှုကို လုံးဝမခံစားရပေ။ သူတို့က ဒဏ်ရာရရှိသွားမည်ဆိုရင်တောင် အဲ့ဒါက သူတို့အပေါ် လုံးဝသက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ ယက္ခမျိုးနွယ်မှ ဧကရာဇ်တစ်ပါးသည် အန္တိမနတ်ဘုရားစွမ်းအား သုံးခုကို နားလည်ဆင်ခြင်ထားသော လူသားမျိုးနွယ်မှ ဧကရာဇ်တစ်ပါးနှင့် တူညီလေသည်။ သူ၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးသည် လူသားမျိုးနွယ်မှ ဧကရာဇ်များထက်ပင် ပို၍သန်မာလေသည်။
ဆူဇီမိုအနေဖြင့် တိုက်ပွဲဝင်အလောင်းနှင့်တိုက်ခိုက်ရင်း အချိန်ဖြုန်းနေရမည်ဆိုပါက သူသည် အနိုင်ရလဒ်ကိုဖော်ဆောင်ဖို့ တကယ်ပင် ခက်ခဲလာပေတော့မည်။
သို့သော်လည်း သူ့မှာ နည်းလမ်းများနှင့် ဝှက်ဖဲပေါင်းများစွာရှိလေသည်။
၎င်းသည် ယက္ခမျိုးနွယ်မှ ဧကရာဇ်တစ်ပါး၏ တိုက်ပွဲဝင်အလောင်းဆိုလျှင်တောင် သူက ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။
“သေချာပြောလို့ မရသေးပါဘူး”
ဆူဇီမိုက အလောင်းဧကရာဇ်၏ အူမြူးအားရနေသော အမူအရာကိုကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“ဘယ်ဟာက ပိုသန်မာလဲ... မင်းရဲ့ တိုက်ပွဲဝင်အလောင်းလား... ငါ့ရဲ့ လူသားဧကရာဇ်ချိပ်စည်းလားဆိုတာ ကြည့်ရသေးတာပေါ့”
သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ထဲကနေ လူသားဧကရာဇ်ချိပ်စည်းကို ထုတ်ယူပြီး ၎င်းကို ဝင်ရောက်လာသော တိုက်ပွဲဝင်အလောင်းထံသို့ ပစ်ပေါက်ချလိုက်၏။
လူသားဧကရာဇ်ချိပ်စည်းသည် အရာရာတိုင်းကို ဖိနှိမ်ခဲ့သော လူသားဧကရာဇ်၏ မဟာလက်နက်တစ်ခုဖြစ်လေသည်။
“ဂါး...”
တိုက်ပွဲဝင်အလောင်း၏ မျက်လုံးက ပြူးကျယ်သွားသော်လည်း ၎င်းက အကြောက်တရားကို မသိပေ။ ၎င်းသည် ၎င်း၏ နောက်ကျောကနေ ဆေဘာနှစ်လက်ကို ဆွဲထုတ်ပြီး လူသားဧကရာဇ်ချိပ်စည်းကို ခုတ်ပိုင်းချလိုက်၏။
ချွမ်း...
ဆေဘာနှစ်လက်က လူသားဧကရာဇ်ချိပ်စည်းနှင့် ထိတွေ့ရိုက်ခတ်ပြီး စူးစူးရှရှ အသံတစ်သံထွက်ပေါ်လာ၏။
နောက်ခဏ၌ လူသားဧကရာဇ်ချိပ်စည်းကြောင့် ဆေဘာနှစ်လက်က ကြေမွသွားပြီး နောက်ပြန်လွင့်စင်သွားသော အပိုင်းအစများအဖြစ်ပြောင်းလဲကာ ယက္ခတိုက်ပွဲဝင်အလောင်းထံသို့ ဝင်ရောက်သွားလေသည်။
ဖောက်... ဖောက်.... ဖောက်...
ယက္ခတိုက်ပွဲဝင်အလောင်းသည် ဆေဘာကျိုးအပိုင်းအစများဖြင့် စကာပေါက် ဖြစ်လုနီးပါး ဆုတ်ဖြဲခံလိုက်ရ၏။
သို့သော်လည်း တိုက်ပွဲဝင်အလောင်း၏ ဒဏ်ရာများကနေ မည်သည့်သွေးမှ စီးကျမလာပေ။ အဲ့ဒီမှာ စေးကပ်နေသော သွေးပြည်တချို့ကသာ စီးကျလာပြီး တိုက်ပွဲဝင်အလောင်းပေါ် မည်သည့်သက်ရောက်မှုမှ မရှိဘဲ သူ၏ ဒဏ်ရာများက အလျင်အမြန်ပျောက်ကင်းလာ၏။
“ရှောင်မယ်...”
အလောင်းဧကရာဇ်က အလောတကြီးအော်ပြောလိုက်၏။
“အဲ့ဒီအနက်ရောင်ချိပ်စည်းကို ထိပ်တိုက်ရင်မဆိုင်နဲ့”
အလောင်းဧကရာဇ်၏ သတိပေးသံကိုကြားရပြီးနောက် ယက္ခတိုက်ပွဲဝင်အလောင်းက မကျေမနပ်ဖြစ်သွားပုံရပြီး လူသားဧကရာဇ်ချိပ်စည်းထံသို့ ဆက်လက်ပြေးဝင်ကာ သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်၏။
၎င်း၏ လက်ချောင်းထိပ်ကနေ ဆေဘာကဲ့သို့ ထက်ရှသော လက်သည်းချွန်များက ပြူထွက်လာပြီး အေးစက်စက်အလင်းတစ်ခုဖြင့် တောက်ပနေ၏။ ၎င်းသည် လူသားဧကရာဇ်ချိပ်စည်းကို ကုတ်ဆွဲချင်လေသည်။
“ဟမ့်...”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
နတ်ဘုရားမျိုးနွယ်နှင့် လူရိုင်းမျိုးနွယ်မှ ဧကရာဇ်များပင်လျှင် လူသားဧကရာဇ်ချိပ်စည်းကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိပေ။
ဘန်း...
ယက္ခတိုက်ပွဲဝင်အလောင်း၏ လက်ဖဝါးက လူသားဧကရာဇ်ချိပ်စည်းနှင့် ထိတွေ့ရိုက်ခတ်မိသည့် ခဏမှာပင် ပေါက်ကွဲထွက်သွားပြီး ၎င်း၏ လက်တစ်ဖက်လုံးက သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ယက္ခတိုက်ပွဲဝင်အလောင်းသည် မည်သည့်နာကျင်မှုကိုမှမခံစားရသော်လည်း ၎င်းသည် လူသားဧကရာဇ်ချိပ်စည်း ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ သိရှိနားလည်သွားလေသည်။ ၎င်း၏ နောက်ဘက်ရှိ အသားပြားတောင်ပံများကို တဖျပ်ဖျပ်ခတ်ရင်း ၎င်းသည် အနက်ရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ အဝေးသို့ ပြေးထွက်သွားလေသည်။
ယက္ခဧကရာဇ်သည် တိုက်ပွဲဝင်အလောင်းတစ်လောင်းအဖြစ် သန့်စင်ခံထားရသော်လည်း ၎င်း၏ လှုပ်ရှားမှုနည်းစနစ်သည် ယက္ခမျိုးနွယ်၏ သွင်ပြင်လက္ခဏာကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပြီး ပေါ့ပါးဖျတ်လတ်နေ၏။
ဆူဇီမိုသည် လူသားဧကရာဇ်ချိပ်စည်းကို ထိန်းချုပ်ပြီး ယက္ခတိုက်ပွဲဝင်အလောင်းနောက်သို့ ပြေးလိုက်သွားစေ၏။
တစ်ချိန်တည်းမှာပင် သူ၏ ပုံရိပ်က ဖျတ်ခနဲလှုပ်ရှားသွားပြီး ကောင်းကင်ဘုံခြေလှမ်းနှင့် အခြားသောနတ်ဘုရားစွမ်းအားများစွာကို အသုံးပြုကာ အလောင်းဧကရာဇ်၏ ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ သူက အေးစက်စွာပြောလိုက်၏။
“ငါက မင်းရဲ့တိုက်ပွဲဝင်အလောင်းကို မသတ်နိုင်ဘူးဆိုရင်တောင်.. မင်းကိုအရင်ဆုံးသတ်ပစ်မယ်”
ဝှစ်...
ဆူဇီမိုသည် သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး သူ၏ လက်ချောင်းများကို ဖြန့်ကာ အလောင်းဧကရာဇ်၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်လေသည်။
အလောင်းဧကရာဇ်၏ မျက်လုံးက ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် တောက်ပလာပြီး သူက အကြောက်အလန့်မရှိဘဲ ဆူဇီမို၏ လက်ဖဝါးကို ပြန်လည်ထိုးနှက်လိုက်၏။
လက်သီးနှင့်လက်ဝါးက ထိတွေ့ရိုက်ခတ်သွား၏။
အလောင်းဧကရာဇ်သည် လုံးဝနောက်ဆုတ်ခြင်းမရှိဘဲ ဆူဇီမို၏ လက်ဖဝါးရိုက်ချက်ကို ခုခံလိုက်လေသည်။
“ဆူဇီမိုသည် ထိုလက်ဝါးရိုက်ချက်မှာ သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်မထားသော်လည်း လူတိုင်းက အဲ့ဒါကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
အနည်းဆုံးတော့ သီယွီက အဲ့ဒါကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
အလောင်းဧကရာဇ်၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးသည် ဤမျှအထိ သန်မာနေသည်ဆိုတော့....။
ဆူဇီမို၏ အကြည့်က အလောင်းဧကရာဇ်၏ လက်ကောက်ဝတ်ပေါ်သို့ ဆင်းသက်သွားလေသည်။
၎င်းပေါ်တွင် လူသေကောင်၏ အရေပြားကဲ့သို့ အကွက်တစ်ကွက် ပေါ်ထွက်လာ၏။
“ဟမ့်...”
ဆူဇီမို၏ အကြည့်က အေးခဲသွားလေသည်။
“ဟီးဟီး...”
အလောင်းဧကရာဇ်က မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်၏။
“မင်း... နောက်ဆုံးတော့ နားလည်သွားပြီမလား... ငါကလည်း တိုက်ပွဲဝင်အလောင်းတစ်လောင်းပဲ... အဲ့ဒါကြောင့် ငါက မင်းနဲ့အနီးကပ်တိုက်ခိုက်ဖို့ကို ကြောက်နေမှာမဟုတ်ဘူး”
ရုတ်တရက်... အလောင်းဧကရာဇ်က သူ၏ နည်းဗျူဟာကို ပြောင်းလဲပြီး သူ၏ လက်သီးကို လက်ဝါးတစ်ခုအဖြစ် ပြောင်းလဲလိုက်လေသည်။
သူ၏ လက်ချောင်းထိပ်များကနေ ထက်ရှသောလက်သည်းချွန်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး စိမ်းဖန့်ဖန့်အရောင်ဖြင့် တလက်လက်တောက်ပကာ ဆူဇီမို၏ လက်ကောက်ဝတ်ကို ထိုးစိုက်ဖို့ ကြိုးစားလိုက်လေသည်။ အလောင်းဧကရာဇ်သည် ဆူဇီမို၏ အရေပြားကို ထိုးဖောက်ပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးကို အဆိပ်ဓာတ်ဖြင့် စွန်းထင်းစေချင်လေသည်။
သို့သော်လည်း သူသည် အဆင့်၈ ဖန်တီးခြင်းကြာပဒုမ္မာ၏ စွမ်းအားကို အမှန်တကယ်ပင် အထင်သေးမိလိုက်ခြင်းဖြစ်လေသည်။
သူက တိုက်ပွဲဝင်အလောင်းတစ်လောင်းဖြစ်လျှင်တောင် သူ၏ လက်သည်းချွန်များက ဆူဇီမို၏ အသားနှင့်အရေပြားကို မထိုးဖောက်နိုင်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဆူဇီမိုသည် သူ၏ သွေးချီကို လှည့်ပတ်ပြီး ဆူနာမီအသံကို ထုတ်ဖော်၍ အလောင်းဧကရာဇ်၏ လက်ဖဝါးကို တွန်းဖယ်ထုတ်ကာ ရုန်းထွက်လိုက်လေသည်။
စောစောက သူသည် အလောင်းဧကရာဇ်ရှေ့သို့ ရောက်ရှိလာသောအခါ ပုပ်သိုးနေသော အလောင်းကောင်များ၏ အော်ဂလီဆန်ချင်စရာအနံ့ကိုရရှိခဲ့လေသည်။
ဆူဇီမိုသည် အဲ့ဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောခဲ့ခြင်းမရှိပေ။ အလောင်းဧကရာဇ်သည် အလောင်းကောင်များနှင့် အမြဲတမ်းတွဲဖက်နေ၍ ဤကဲ့သို့သော အော်ရာတစ်ခုရှိနေသည်ဟု သူကတွေးထင်ခဲ့၏။
ယခု... အလောင်းဧကရာဇ်ကိုယ်တိုင်က တိုက်ပွဲဝင်အလောင်းတစ်လောင်းဖြစ်နေသည်ကို သူက နောက်ဆုံးမှာ နားလည်သဘောပေါက်သွားလေပြီ။
အစကတော့ အလောင်းဧကရာဇ်သည် အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် သန့်စင်ထားသော အလောင်းတစ်လောင်းဖြစ်ခဲ့လေသည်။ သို့သော်လည်း သူက အသိစိတ်ရရှိလာခဲ့၏။ သို့သော်လည်း အလောင်းဧကရာဇ်သည် လိမ္မာပါးနပ်ပြီး တစ်ချိန်လုံးမှာ မည်သည့်ဟာကွက်ကိုမှ ထုတ်ဖော်ပြသခဲ့ခြင်းမရှိပေ။
နောက်ဆုံးမှာတော့ သူသည် သေကွင်းသေကွက် တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်ပြီး အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်ကို သတ်ဖြတ်ကာ သူ၏ လွတ်လပ်မှုကို ရရှိလာခဲ့၏။
ထိုသို့ဆိုလျှင်တောင် သူသည် အလောင်းတစ်လောင်းသာဖြစ်ပြီး သူ့ကို သက်ရှိလူသားတစ်ယောက်အဖြစ်သတ်မှတ်နိုင်လိမ့်မည် မဟုတ်ပေ။
“မင်းက... ဟိုးအရင်ကတည်းက သေနေခဲ့သင့်တာ”
ဆူဇီမို၏ အမူအရာက အေးစက်လာ၏။
“ဒီနေ့ ငါမင်းကို ငရဲဆီပို့ပေးမယ်”
“ကစဉ့်ကလျားအမြုတေကောင်းကင်လိုဏ်ဂူ”
ထိုစဥ်မှာပင် သီယွီ၏ အသံက ထွက်ပေါ်လာပြီး ကြီးမား၍နက်မှောင်နေသော တွင်းပေါက်တစ်ခုက ဆူဇီမို၏ ဘေးမှာပေါ်ထွက်လာကာ အလွန်တရာစွမ်းအားကြီးသော စုပ်ယူအားနှင့်အတူ သူ့ကို စုပ်ယူသွင်းလိုက်လေသည်။
အန္တိမနတ်ဘုရားစွမ်းအားသုံးခုကို နားလည်ဆင်ခြင်ပြီးနောက် သီယွီ၏ ဤနတ်ဘုရားစွမ်းအားက လွန်ခဲ့သည့် ရာစုနှစ်များစွာကထက် ပိုမိုသန်မာလာခဲ့၏။
သို့သော်လည်း ဆူဇီမို၏ အမူအရာက ကစဉ့်ကလျားအမြုတေကောင်းကင်လိုဏ်ဂူထဲမှာ ပြောင်းလဲသွားခြင်း မရှိပေ။ သူသည် တင်ပျဥ်ခွေထိုင်ပြီး သူ၏ သွေးချီကို လှည့်ပတ်ကာ သူ၏ ပုံရိပ်က လုံးဝပျောက်ကွယ်သွားသည်ဟု ထင်ရလေသည်။ သူ၏ နေရာတွင် အစိမ်းရောင်ကြာပန်းတစ်ပွင့် ရောက်ရှိလာခဲ့၏။
“ပြိုကွဲစမ်း”
ဆူဇီမိုက ညင်သာစွာ အော်ငေါက်လိုက်၏။
ဖန်တီးခြင်းကြာပဒုမ္မာက ယိမ်းနွဲ့သွားပြီး အစိမ်းရောင် ရောင်ခြည်စက်ဝန်းများကို ထုတ်ဖော်ကာ သူတို့ကို ကစဉ့်ကလျားအမြုတေကောင်းကင်လိုဏ်ဂူ၏ အဟန့်အတားရှိရာသို့ အဆက်မပြတ်တိုးဝင်သွားစေလေသည်။
သီယွီသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို ရူးသွပ်စွာလှည့်ပတ်ပြီး ကစဉ့်ကလျားအမြုတေကောင်းကင်လိုဏ်ဂူကို တည်ငြိမ်စေဖို့ ကြိုးစားနေ၏။
ဆူဇီမို၏ ဖန်တီးခြင်းကြာပဒုမ္မာကနေ ထုတ်ဖော်လိုက်သည့် အစိမ်းရောင်အလင်းများက အတောမသတ် တစ်ခုပြီးတစ််ခုထွက်ပေါ်လာပြီး ကျိန်းစပ်နေသော အရောင်အဝါတစ်ခုဖြင့် ပြည့်လျှမ်းလာခဲ့၏။
နှစ်ဘက်စလုံးက လွန်ဆွဲတိုက်ခိုက်နေကြ၏။
ဤကဲ့သို့သောအခြေအနေအောက်မှာ အလောင်းဧကရာဇ်က ဝင်ရောက်နှောက်ယှက်နိုင်ခြင်း မရှိပေ။
ထိုမျှသာမက ယက္ခတိုက်ပွဲဝင်အလောင်းသည် လူသားဧကရာဇ်ချိပ်စည်း၏ လိုက်လံတိုက်ခိုက်ခြင်းကိုခံရကာ ဘေးပတ်လည်မှာ ပြေးလွှားနေရဆဲ ဖြစ်၏။
ကစဉ့်ကလျားအမြုတေကောင်းကင်လိုဏ်ဂူထဲမှာပင် ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဥ်နှင့်အတူ လူသားဧကရာဇ်ချိပ်စည်းကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်၏။
ထိုအန္တိမနတ်ဘုရားစွမ်းအားက သူ့ကိုလုံးဝချုပ်နှောင်ထားနိုင်ခြင်း မရှိပေ။
ဤမျှခြေက နှစ်ဘက်စလုံးကို စွမ်းအင်အမြောက်အမြားကုန်ဆုံးစေလေသည်။
သီယွီကတော့ သူသည် ဤအန္တိမနတ်ဘုရားစွမ်းအားကို အဆက်မပြတ်အားဖြည့်ပေးနေရ၏။
နာရီဝက်ကြာပြီးနောက် သီယွီက နောက်ဆုံးမှာ အဲ့ဒါကို ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
ကစဉ့်ကလျားအမြုတေကောင်းကင်လိုဏ်ဂူထဲမှာ ဖန်တီးခြင်းကြာပဒုမ္မာ၏ စွမ်းအားက ခန်းခြောက်လုဆဲဆဲ ဖြစ်လာစဥ်မှာပင် ထာဝရအသက်ဓာတ်စီးကြောင်းတစ်ခုက တလိပ်လိပ်တိုးဝင်လာပြီး သူ့ကိုပြန်လည်အားဖြည့်ပေးလိုက်လေသည်။
ဤတိုင်းသာ ဆက်သွားနေလျှင် သီယွီက ခြေကုန်လက်ပန်းကျကာ သေဆုံးသွားရပေလိမ့်မည်။
ဘုန်း...
ဖန်တီးခြင်းကြာပဒုမ္မာက နောက်ဆုံးမှာ ကောင်းကင်လိုဏ်ဂူထဲကနေ ရုန်းထွက်လာပြီး တောင်တန်းများနှင့်မြစ်များကို လင်းထိန်သွားစေလေသည်။