← Chapters

ရုပ်သေးရုပ်များ

Vol. 113 Ch. 1693

ရုပ်သေးရုပ်များ

Vol. 113 Ch. 1693

လျှို့ဝှက်ဧကရာဇ်က ပေါ်ထွက်လာသည့် ခဏမှာပင် ထိုသူက သေကြေပျက်သုဉ်းရတော့မည် ဖြစ်ကြောင်း သီယွီက နားလည်သဘောပေါက်လိုက်၏။

လျှို့ဝှက်ဧကရာဇ်၏ နည်းလမ်းများက သူ၏ လျှပ်တပြက် တိုက်ခိုက်နိုင်စွမ်းအပေါ် မှီခိုလေသည်။

သူ၏ အန္တိမ နတ်ဘုရားစွမ်းအားနှစ်ခုကို ပေါင်းစည်းလိုက်သောအခါ သူသည် လောကကို လှည့်ဖြားပြီး တစ်ဖက်လူကို ခြေရာလက်ရာမကျန် သတ်ဖြတ်နိုင်လေသည်။

သို့သော်လည်း လျှို့ဝှက်ဧကရာဇ် ပေါ်ထွက်လာသည့်နှင့် သူသည် အထီးကျန်သိုင်းသခင်၏ စွမ်းအားကို လုံးဝ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

လျှို့ဝှက်ဧကရာဇ်ကို မပြောနှင့်… အန္တိမ နတ်ဘုရားစွမ်းအားသုံးခုကို နားလည်ဆင်ခြင်ထားသော သီယွီပင်လျှင် လက်ရှိ အထီးကျန်သိုင်းသခင်ကို ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မရှိပေ။

အဆင့်ရှစ် အထွတ်အထိပ် ဖန်တီးခြင်းကြာပဒုမ္မာသည် ကမ္ဘာဦးမျိုးနွယ်များထက်ပင် ပို၍ ကြောက်စရာကောင်းလာခဲ့၏။

သီယွီသည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ လျှို့ဝှက်ဧကရာဇ်ကို စွန့်ပယ်ထားခဲ့ပြီး လှည့်ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်လေသည်။

ဆူဇီမိုက လျှို့ဝှက်ဧကရာဇ်ကို သတ်ဖြတ်ပြီးသည့် အချိန်မှာ သီယွီက တောအုပ်ထဲကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့လေပြီ။

ဆူဇီမိုက လှောင်ရယ်၍ သူ၏ ကြီးမားသော စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်လိုက်၏။ သိပ်မကြာခင် သူသည် သီယွီ၏ တည်နေရာကို ထောက်လှမ်းမိသွားပြီး ထိုသူနောက်သို့ ပြေးလိုက်သွားလေသည်။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ဧကရာဇ်တစ်ပါး၏ စိတ်ဝိညာဉ်အသိစိတ်သည် ကီလိုမီတာ သိန်းချီအကွာအဝေးထိ ဖြန့်ကြက်နိုင်သည်။

သို့သော်လည်း ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်က ကီလိုမီတာ တစ်သန်း အကွာအဝေးထိ ဖြန့်ကြက်နိုင်သည်။

သူ့ စိတ်ဝိညာဉ်အသိစိတ်၏ အတွေးတစ်ချက်နှင့်အတူ သူသည် ရှေးဟောင်းတိုက်ပွဲမြေ၏ ထက်ဝက်နီးပါးမှာ ရှိသည့် ပြုမူလှုပ်ရှားမှုများကို အာရုံခံနိုင်လေသည်။

ဧကရာဇ်များသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ အထွတ်အထိပ် တည်ရှိမှုများ ဖြစ်ကြသည်။

သူ့ကျင့်ကြံမှု၏ ဤအဆင့်၌ ဆူဇီမိုသည် သက်ရှိများ အားလုံးကို အထင်သေးနိုင်သည့်အလား.. ကောင်းကင်နှင့်မြေကြီးကို ထိန်းချုပ်ရန် စွမ်းအားကို အမှန်တကယ်ပင် ခံစားမိလာ၏။

ဆူဇီမိုသည် သီယွီနောက်သို့ ပြေးလိုက်သွားလေသည်။

သီယွီက ရုတ်တရက် ရပ်တန့်သွားသည်ကို သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အာရုံခံမိလိုက်၏။

သိပ်မကြာခင် ဆူဇီမိုက သူ့ကို လိုက်မီလာခဲ့၏။

သီယွီ၏ ရှေ့မှာ တစ်စုံတစ်ယောက်က မတ်တတ်ရပ်၍ သူ၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးထားလေသည်။

သို့သော်လည်း စောစောက ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ထောက်လှမ်းခဲ့စဉ်က ထိုလူ၏ တည်ရှိမှုကို လုံးဝ သတိမထားမိခဲ့ပေ။

ကိုယ်တော်တာမင်း..

ကြည့်ရသည်မှာ သီယွီသည် ယခုတင် ကိုယ်တော်တာမင်းနှင့် တိုက်ခိုက်ခဲ့ပြီး ကြီးကြီးမားမား ထိခိုက်ခံစားခဲ့ရသည့်ပုံပင်။ သူ၏ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်နေပြီး သူ၏ ထွက်သက်မှာ သွေးရနံ့ပင် ပါရှိနေ၏။

“မင်း ဘယ်သူလဲ ပြောစမ်းကွာ”

သီယွီသည် မလှမ်းမကမ်းတွင် ရှိသော ကိုယ်တော်တာမင်းကို စိုက်ကြည့်ပြီး မုန်းတီးစွာဖြင့် ပြောလိုက်၏။

“မင်း ဘာလို့ အထီးကျန်သိုင်းသခင်ကို ကူညီပြီး ငါ့လမ်းမှာ ပိတ်ရပ်နေရတာလဲ”

“ငါက သူ့ကို ကူညီပေးနေတာ မဟုတ်ဘူး.. ငါကလည်း မင်းကို သတ်ချင်နေတာ”

ကိုယ်တော်တာမင်းက မှင်သေသေဖြင့် ပြန်ပြောလိုက်၏။

“ငါ မင်းကို မသိဘူး.. ငါတို့ကြားမှာ ဘာရန်ငြိုးရန်စမှလည်း မရှိဘူး”

သီယွီက အံကို တင်းတင်းကြိတ်လိုက်၏။

ကိုယ်တော်တာမင်းသည် ပြုံးစစဖြင့် သီယွီကို ကြည့်ပြီး ရုတ်တရက် မေးလိုက်၏။

“ဘာလို့လဲ ဟုတ်လား.. မင်းက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို တိတ်တဆိတ် လှည့်ပတ်နေတာမလား”

“ဟမ်”

သီယွီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။

သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို စတင်လှည့်ပတ်လိုက်သည့် ခဏမှာပင် တစ်ဖက်လူက အဲဒါကို ဘယ်လို အာရုံခံမိသွားသလဲ သူနားမလည်နိုင်ပေ။

ထိုအခိုက်အတန့်မှာ သူသည် စဉ်းစားတွေးတောနေဖို့ အချိန်မရှိဘဲ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။

“သွေးယဇ်ပူဇော်ခြင်း”

သီယွီက ဟိန်းဟောက်လိုက်ပြီး အလွန်တရာ ဆိုးယုတ်၍ ထူးဆန်းသော စွမ်းအားတစ်ခုက ကိုယ်တော်တာမင်းနှင့် ဆူဇီမိုအပေါ်သို့ ဆင်းသက်လာခဲ့၏။

ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။

သူ၏ မျိုးဆက်သွေးက အမှန်တကယ်ပင် ဂနာမငြိမ်ဖြစ်လာပြီး ထူးဆန်းသော ထိုစွမ်းအားဖြင့် ဘာမှမကျန်အောင် အငွေ့ပျံတော့မည့်အလား ထင်လာရ၏။

သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်မှာ ဤလျှို့ဝှက်အတတ်ကို အရင်က တွေ့မြင်ဖူးလေသည်။ ၎င်းကို ထုတ်ဖော်သည့်အခါ သွေးယဇ်ပူဇော်ခြင်း လျှို့ဝှက်အတတ်သည် အခြားသော သက်ရှိများ၏ မျိုးဆက်သွေးများကို သန့်စင်ပြီး သူ့ကိုယ်ပိုင် အမြုတေစွမ်းအင်အဖြစ် ပြောင်းလဲပေးမည် ဖြစ်လေသည်။ အဲဒါက အလွန်တရာ စီးပိုးပြီး ကြောက်စရာကောင်းလေသည်။

ထူးဆန်း​သော အရာမှာ ဆူဇီမိုသည် အဲဒါကို တကူးတက မထိန်းချုပ်လိုက်သော်လည်း သူ၏ မျိုးဆက်သွေးက ပြန်လည်တည်ငြိမ်လာခဲ့ပြီဖြစ်၏။

တစ်ဖက်မှာ ကိုယ်တော်တာမင်းသည် တည်ငြိမ်သော အမူအရာဖြင့်ပင် မတ်တတ်ရပ်နေ၏။

သီယွီ၏ သွေးယဇ်ပူဇော်ခြင်းသည် သူတို့နှစ်ယောက်အပေါ် လုံးဝ သက်ရောက်မှု မရှိပေ။

“အဲဒါ ဘယ်လိုဖြစ်ရတာလဲ”

သီယွီက တုန်လှုပ်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်က မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွား၏။

ဆူဇီမိုနှင့် ကိုယ်တော်တာမင်းက သူ၏ သွေးယဇ်ပူဇော်ခြင်းကို ခုခံဖို့အတွက် နတ်ဘုရားစွမ်းအားတစ်ခုခု သို့မဟုတ် လျှို့ဝှက်အတတ်တစ်ခုခုကို ထုတ်ဖော်ထားမည်ဆိုလျှင် သူက နားလည်ပေးနိုင်လေသည်။

သို့သော်လည်း ထိုသို့သော ဖြစ်ရပ်မျိုး လုံးဝ မရှိပေ။

သူ၏ သွေးယဇ်ပူဇော်ခြင်းသည် ဆူဇီမိုနှင့် ကိုယ်တော်တာမင်း၏ မျိုးဆက်သွေးနှင့် ဆန့်ကျင်ရာမှာ လုံးဝ သုံးစားမရဖြစ်နေ၏။

“သွေးယဇ်ပူဇော်ခြင်း”

ထိုစဉ်မှာပင် ကိုယ်တော်တာမင်းက ရုတ်တရက် သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး ​မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကိုပင် လှည့်ပတ်ကာ လေဟာနယ်ကနေတဆင့် သီယွီကို ညင်သာစွာ ဖမ်းဆွဲလိုက်၏။

ဖောက်…

သီယွီ၏ ခန္ဓာကိုယ်ထဲကနေ သွေးမြူတစ်ခုက ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာ၏။

အမြုတေသွေးက ပေါက်ကွဲသွားပြီး သွေးအလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ ကိုယ်တော်တာမင်းဆီသို့ ပျံသန်းသွားလေသည်။

ကိုယ်တော်တာမင်းသည် သူ၏ ပါးစပ်ကို ဖွင့်ဟပြီး ထိုသွေးအလင်းရောင်ကို ဝါးမျိုလိုက်၏။

ထိုအခိုက်အတန့်မှာ သီယွီသည် သိသိသာသာ အိုစာသွားသည်ဟု ထင်ရလေသည်။

ကိုယ်တော်တာမင်းသည် တူညီသော လျှို့ဝှက်အတတ်ကို ထုတ်ဖော်၍ သီယွီ၏ အမြုတေသွေးကို လုံးဝနီးပါး သန့်စင်လိုက်၏။

“လက်စသတ်တော့ အဲဒါ မင်းပဲ”

သီယွီက ကိုယ်တော်တာမင်းကို ကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်၏။

“လွန်ခဲ့တဲ့ ရာစုနှစ်တွေက အထီးကျန်သိုင်းသခင်ကို ငါလိုက်ဖမ်းနေတာကို တားဆီးခဲ့တဲ့သူက မင်းပဲ”

ကိုယ်တော်တာမင်းက ဝန်ခံလိုက်သည့်အနေဖြင့် အသံတိတ်နေ၏။

“ဟီးဟီးဟီးဟီး”

သီယွီက ချေက်ချားဖွယ်ရာ ရယ်မောလိုက်လေသည်။

“မင်းက ငါ့ကို သတ်နိုင်မယ်ဆိုတော့ရော ဘာဖြစ်လဲ… မင်းကလည်း ကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ်တစ်ရုပ်ပဲ… မင်းရဲ့ ကံကြမ္မာကလည်း တခြားသူရဲ့ လက်ထဲမှာပဲ”

“မထင်ရဘူးကွာ.. တကယ့်ကို မထင်ရဘူး.. အရမ်းကို မိုက်တာပဲ”

သီယွီသည် ဆူဇီမိုကို လှည့်ကြည့်လိုက်၏။

“အစကတော့ မင်းက ဘယ်လိုလုပ်ပြီး အရမ်းကို အစွမ်းထက်နေသလဲ ငါသိချင်နေတာ.. လက်စသတ်တော့ အဲဒါပဲ.. မင်းကလည်း ရုပ်သေးရုပ်တစ်ရုပ်ပဲ.. ဟားဟားဟားဟား”

“ဒီလောကတစ်ခုလုံးက သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ”

ဖျတ်ခနဲဆို ဆူဇီမိုသည် သီယွီ၏ ဘေးသို့ ရောက်ရှိလာပြီး သူ၏ လက်ဝါးကို ဆန့်ထုတ်ကာ ထိုသူ၏ အမြုတေစိတ်ဝိညာဉ်ကို ဆွဲထုတ်ဖို့အတွက် ထိုသူ၏ ဦးခေါင်းအပေါ် သူ၏ လက်ဝါးကို တင်လိုက်လေသည်။

“ဝိညာဉ်ရှာဖွေခြင်းအတတ်”

ဆူဇီမို၏ မျက်လုံးက ထူးဆန်းသော အနက်ရောင်အလင်းဖြင့် ဝင်းလက်သွား၏။

အလင်းလုံးတစ်လုံးက သူ၏ လက်ဖဝါးထဲမှာ ပေါ်ထွက်လာပြီး နက်မှောင်နေသော ချိန်းကြိုးများက ၎င်းပေါ်တွင် ပေါ်ထွက်လာကာ သီယွီ၏ အမြုတေစိတ်ဝိညာဉ်ကို ထိုးဖောက်လိုက်လေသည်။

သီယွီ၏ မှတ်ဉာဏ်များက ဆူဇီမို၏ စိတ်အာရုံထဲမှာ တစ်ခုပြီးတစ်ခု တဖျပ်ဖျပ် ပေါ်ထွက်လာ၏။

သီယွီသည် စတင်ကျင့်ကြံခဲ့ကတည်းက သူ၏ ချီစုဖွဲ့၊ အခြေတည်နှင့် ပေါင်းစည်းခန္ဓာအဆင့်မှာပင်လျှင် အရေးကြီးသော မည်သည့် သတင်းအချက်အလက်မှ မရှိပေ။ အရာရာတိုင်းက ပုံမှန်သာ ဖြစ်လေသည်။

သို့သော်လည်း သီယွီ၏ ကျင့်ကြံမှုသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်သို့ ရောက်ရှိလာပြီးနောက် ရှေ့ဆက် မတက်နိုင်တော့ပေ။

နောက်ပိုင်းမှာ သူ၏ ဘဝသက်တမ်းက လျော့ကျလာပြီး သူသည် သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်ကာ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး မရှိတော့သလောက်နီးပါးပင်။

တစ်နေ့မှာ သီယွီက တစ်စုံတစ်ယောက်နှင့် တွေ့ဆုံခဲ့၏။

ဆူဇီမိုသည် ထိုပုဂ္ဂိုလ်၏ ရုပ်ရည်သွင်ပြင်ကို ပုံမဖော်နိုင်ပေ။

သူက သူ၏ စိတ်အာရုံကို စူးစိုက်ပြီး ထိုသူ၏ ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ဖို့ ကြိုးစားလိုက်သောအခါ ထိုသူက ရုတ်တရက် သူ့ကို လှည့်ကြည့်လာခဲ့၏။ အဲဒါက ထူးဆန်းသော သွေးရောင်မျက်နှာတစ်ခုဖြစ်ပြီး သူ့ကို မကောင်းဆိုးဝါးဆန်ဆန် ပြုံးပြနေ၏။

ဝုန်း...

ဆူဇီမိုသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ဆတ်ခနဲ တုန်ယင်သွားပြီး ဝိညာဉ်ရှာဖွေခြင်း အတတ်ကနေ နိုးထလာခဲ့၏။

သူက ငုံ့ကြည့်လိုက်၏။

သီယွီ၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးသွားခဲ့လေပြီ။

သူသည် တစ်ဖက်လူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။

မသိလိုက် မသိဘာသာနှင့်ပင်.. ဆူဇီမိုက ချွေးစေးများ ထွက်လာခဲ့လေသည်။

သီယွီ၏ နောက်ဆုံးစကားက ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ နောက်ဆုံးစကားနှင့် အတော်လေး ဆင်တူလေသည်။

အဲဒါက ၎င်း၏ နောက်ကွယ်ရှိ လျှို့ဝှက်ချက်များကို ဆူဇီမိုကို ပို၍ သိချင်စိတ် ပြင်းပြလာစေ၏။

ကံဆိုးစွာနှင့်ပင်.. သူက မအောင်မြင်ခဲ့ပေ။

“မင်း ကျရှုံးသွားတယ်.. ဟုတ်တယ်မလား”

ကိုယ်တော်တာမင်းက မလှမ်းမကမ်းမှာ ရှိနေပြီး ရလဒ်ကို အံ့အားသင့်သွားခြင်း မရှိသည့်အလား ဆူဇီမိုကို ညင်သာစွာ မေးလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“အကုန်လုံးက မကြာခင် အဆုံးသတ်တော့မှာပါ”

ကိုယ်တော်တာမင်းသည် အဝေးတစ်နေရာသို့ ငေးမျှော်ကြည့်ရှုပြီး တွေဝေရှုပ်ထွေးသော အမူအရာနှင့်အတူ တီးတိုးရေရွတ်လိုက်၏။ သူ၏ အမူအရာက စိတ်ပျက်သွားလိုက်.. စိတ်သက်သာရာ ရလာလိုက်.. မျှော်လင့်စောင့်စားလာလိုက်နှင့် မလုံမလဲ ဖြစ်သွားလိုက်.. တစ်လှည့်စီ ပြောင်းလဲနေ၏။

ဆူဇီမိုက မေးမြန်းတော့မည့်ဆဲဆဲမှာပင် ကိုယ်တော်တာမင်းက ရုတ်တရက် ပြောလိုက်၏။

“ဒါနဲ့ ငါ မင်းကို သတိပေးစရာ တခြားတစ်ခု ရှိတယ်”

“ဘာလဲ”

ဆူဇီမိုက မေးလိုက်၏။

ကိုယ်တော်တာမင်းက ပြောလိုက်လေသည်။

“ထျန်ဟွမ်ကုန်းမြေတိုက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ နောက်ခံနဲ့ သူ့ရဲ့ ဇစ်မြစ်ကို မသိရတဲ့ ပြန်ဝင်စား မွန်းစတားတစ်ယောက် ရှိတယ်.. ဒါပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက အရမ်းကို ကြောက်ဖို့ကောင်းတယ်.. တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အဆင့်မှာတုန်းက ငါတောင် သူ့ကို မယှဉ်နိုင်ခဲ့ဘူး”

“အို.. ဟုတ်လား”

ဆူဇီမိုက အံ့အားသင့်သယောင် ဟန်ဆောင်လိုက်၏။

တကယ်တော့ ကိုယ်တော်တာမင်းသည် သိုင်းတာအိုပင်မခန္ဓာကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်ကြောင်း သူသိလေသည်။

ကိုယ်တော်တာမင်းက ဆူဇီမိုကို မော့ကြည့်ပြီးနောက်.. မသိမသာ ခေါင်းညိတ်ပြလိုက်၏။ သိပ်မကြာခင် သူက လှည့်ထွက်သွားလေသည်။

ဆူဇီမိုက တိတ်တဆိတ်ဖြင့် မတ်တတ်ရပ်နေ၏။

လက်ရှိ ထျန်ဟွမ်ကုန်းမြေတိုက်သည် မျိုးနွယ်စုတစ်သောင်း အတူယှဉ်တွဲနေထိုင်ခြင်းနှင့်အတူ အတော်အတန် တည်ငြိမ်အေးချမ်းနေသော်လည်း သီယွီ၏ ယနေ့ သေဆုံးမှုသည် ဆူဇီမိုကို နောက်ထပ် ဖိအားတစ်ရပ် ပေးလာခဲ့၏။

မုန်တိုင်းတစ်ခုက စတင်လာနေလေပြီ။

ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဆူဇီမိုကလည်း လှည့်ထွက်သွားလေသည်။ သူသည် နောက်ထပ် အန္တိမ နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ဖို့အတွက် နောက်တစ်ဖန် သီးခြားအထိုင်ကျ ကျင့်ကြံရန် ပြင်ဆင်လိုက်လေသည်။

All Chapters