← Chapters

ကမ္ဘာမြေရွှန်းရွှန်းဝေရွှေကြာပန်း

Vol. 113 Ch. 1681

ကမ္ဘာမြေရွှန်းရွှန်းဝေရွှေကြာပန်း

Vol. 113 Ch. 1681

ရုတ်တရက် အလွန်တရာအေးစက်နေသော အော်ရာတစ်ခုသည် ကိုယ်တော်တာမင်းထံမှ ဖြာထွက်လာပြီး လောကရှိအပူချိန်က ထိုးဆင်းသွားသည့်အလား မြူခိုးများက တထောင်းထောင်းထလာ၏။

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ ရွှေရောင််နယ်မြေကို နှင်းခဲတစ်လွှာက ဖုံးအုပ်သွားလေသည်။

“ကန့်သတ်မဲ့ ဆီးနှင်းချိပ်စည်း”

ကိုယ်တော်တာမင်းသည် သူ၏ လက်နှစ်ဖက်ကို ပင့်မြှောက်ပြီး သူ၏ လက်ဖဝါးနှစ်ဖက်ကနေ အေးစက်နေသော စိတ်ဆန္ဒတစ်ခုကို ပေါက်ကွဲထွက်ပေါ်လာစေ၏။ တဖျောက်ဖျောက်မြည်သံနှင့်အတူ လေဟာနယ်က အေးခဲသွားလေသည်။

ကျဆင်းနေသော ကြာပန်းများက အေးခဲနေသော ရေကန်ထဲ ရောက်ရှိသွားသည့်အလား ကြည်လင်လာခဲ့၏။

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ ကန့်သတ်ချုပ်နှောင်မှုနှင့်အတူ နတ်ဘုရားစွမ်းအားများ၏ သက်ရောက်အတိုင်းအတာသည် ကီလိုမီတာ ၅၀၀၀ထက် ပိုမရောက်နိုင်ပေ။ သို့သော်လည်း ရွှေရောင်အလင်းနယ်မြေတစ်ခုလုံးက ရေခဲများဖြင့် ဖုံးအုပ်ခံလိုက်ရ၏။

ကောင်းကင်ထက်ကနေ ကျဆင်းနေသော ကြာပန်းများကိုမပြောနှင့် ဆူဇီမိုကိုပင်လျှင် ရေခဲတစ်လွှာက အလျင်အမြန်ဖုံးအုပ်သွားလေသည်။

သူ့နောက်ဘက်ရှိ မလှုပ်ရှားနိုင်သော မင်ဘုရင်၏ ပုံရိပ်ယောင်ကလည်း တဖြည်းဖြည်း ပြိုကျသွားလေသည်။

ရွှေရောင်အလင်းနယ်မြေက ယခုအခါ အလွန်တရာအေးစက်နေသော ဆီးနှင်းနယ်မြေတစ်ခု ဖြစ်သွားခဲ့လေပြီ။

မည်သည့် ဓမ္မပညာရပ် ၊ နတ်ဘုရားစွမ်းအား ၊ လျှိုဝှက်အတတ် သို့မဟုတ် ဓမ္မရတနာများမဆို အေးခဲသွားရပေလိမ့်မည်။

“ကန့်သတ်မဲ့ဆီးနှင်းချိပ်စည်းလား”

စစ်တုရင်ဧကရာဇ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

“ပုံမှန်ဆိုရင်... နှင်းပုံတောင်ကြားက မျိုးနွယ်စုခေါင်းဆောင်တွေပဲ အဲ့ဒီ အဆင့်မြင့်နတ်ဘုရားစွမ်းအားကို ကျင့်ကြံနိုင်ကြတာ... သူက နှင်းပုံတောင်ကြားက အရိုက်အရာဆက်ခံသူတစ်ယောက်များဖြစ်နေမလား”

“အဲ့ဒါပြောဖို့ခက်တယ်”

ဘေးကနေ လင်းရွှမ်ကျီက သူ၏ ခေါင်းကို ခါပြလိုက်၏။

“ကျုပ်တို့က သေသေချာချာထပ်ပြီးကြည့်ရလိမ့်မယ်... ဒီလူ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကျင့်ကြံရေးနည်းစနစ်တွေနဲ့ အမွေအနှစ်တွေက အရမ်းကိုရောထွေးနေတယ်... ကောက်ချတ်ချဖို့ဆိုတာ မလွယ်ဘူး”

“အဲ့ဒီအဆင့်မြင့်နတ်ဘုရားစွမ်းအားက အရမ်းကိုသန်မာတယ်... အထီးကျန်သိုင်းသခင်က အဲ့ဒါကို ကိုင်တွယ်ဖို့ လုံးဝလွယ်ကူမှာ မဟုတ်ဘူး”

စစ်တုရင်ဧကရာဇ်က တီးတိုးရေရွတ်လိုက်၏။

တိုက်ပွဲနယ်မြေတွင်....

ကန့်သတ်မဲ့ဆီးနှင်းချိပ်စည်းဆင်းသက်လာသောအခါ ဆူဇီမို၏ မျိုးဆက်သွေးထဲမှာ အေးစက်နေသော ရေခဲသလင်းလေးများပေါ်ထွက်လာပြီး သူ၏ အသိစိတ်က အအေးဓာတ်ဖြင့် ပြည့်နှက်လာခဲ့၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးက အေးခဲတော့မည့်ဆဲဆဲဖြစ်လာလေသည်။

သူ၏ အသိစိတ်ထဲမှာ ဖန်တီးခြင်းကြာခုံက ဖြည်းဖြည်းချင်းလည်ပတ်ပြီး အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်သည် သူ၏ စွမ်းအားကြီးမားသော စိတ်ဝိညာဥ်အသိစိတ်ကနေ နောက်ထပ် ရုန်းကန်ပေါက်ကွဲအားတစ်ခုကို ထုတ်ဖော်ကာ ဒုတိယမြောက် အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို ဖြစ်ပေါ်လာစေ၏။

ဘန်း...

ရုတ်တရက်ဆိုသလို...

မြေပြင်ပေါ်ရှိ ရေခဲအလွှာက အက်ကွဲသွားပြီး အက်ကွဲကြောင်းထဲကနေ ကျိန်းစပ်နေသော ရွှေရောင်အလင်းများက တောက်ပလာကာ နေရာတစ်ခုလုံးကို လင်းထိန်သွားစေ၏။

နောက်ခဏ၌ ရွှေကြာပန်းတစ်ပွင့်သည် ရေခဲလွှာကို ဖြတ်ကျော်ကာ မြေကြီးထဲကနေ တိုးထွက်လာခဲ့၏။

ဘန်း... ဘန်း... ဘန်း...

ထို့နောက်ချက်ချင်းပင် ရေခဲများအက်ကွဲသံကို တိုက်ပွဲနယ်မြေကနေ ကြားလိုက်ရလေသည်။

ရွှေကြာပန်းများသည် ​မြေကြီးထဲကနေ တိုးထွက်လာပြီး ကျိန်းစပ်နေသော ရွှေရောင်အလင်းနှင့်အတူ ပေါ်ထွက်လာ၏။ တိုက်ပွဲနယ်မြေရှိ ဆီးနှင်းများသည် အလျှံညီးညီး နေတစ်စင်းနှင့် တွေ့ကြုံလိုက်ရသည့်အလား တစ်ခုပြီးတစ်ခု အရည်ပျော်ကျလာခဲ့၏။

အဲ့ဒါသည် ဖန်တီးခြင်းကြာပဒုမ္မာကနေ ပြုစုပျိုးထောင်ထားသော နောက်ထပ် အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခု... ကမ္ဘာမြေရွှန်းရွှန်းဝေ ရွှေကြာပန်းဖြစ်လေသည်။ ဆူဇီမိုသည် ရွှေအမြုတေအဆင့်မှာရှိခဲ့စဥ်က သူသည် အမြုတေနယ်မြေသုံးခုကို ပေါင်းစည်းပြီး လိပ်နှင့်မြွေတို့၏ အထက်မှာ ရွှေကြာပန်းတစ်ပွင့်ကို ဖန်တီးခဲ့လေသည်။

သူသည် ရွှေကြာပန်းအတွင်းရှိ တာအိုနည်းစနစ်များနှင့် ထိတွေ့နားလည်ဆင်ခြင်နိုင်ခဲ့သည်မှာ ကြာခဲ့လေပြီ။

ဒါ့အပြင်... သူကလည်းပဲ ဖန်တီးခြင်းကြာပဒုမ္မာဖြစ်ပြီး ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ရာမှာ မည်သည့်အဟန့်အတားမှ မရှိသလောက်နီးပါးပင်။

ရွှေအမြုတေအဆင့်မှာတုန်းက ထိုရွှေကြာပန်းသည် စိတ်ဝိညာဥ်စွမ်းအင်ကနေ စုဖွဲ့ထားခြင်းသာဖြစ်ပြီး တစ်ခုတည်းသာလျှင်ဖြစ်လေသည်။ သို့သော် ယခု... သန်းနှင့်ချီသော ရွှေကြာပန်းများက ဆူဇီမို၏ ခြေဖဝါးအောက်ကနေ ရေခဲပြင်ကိုဖြတ်ကာ တိုးထွက်လာခဲ့​လေသည်။

ဘုန်း...

ဆူဇီမို၏ သွေးချီက တလိပ်လိပ်တက်လာပြီး သူသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ နှင်းခဲအလွှာကနေ ချက်ချင်းပင် ရုန်းထွက်လာခဲ့၏။ ရေခဲများကို ချိုးဖျက်၍ သူ၏ အကြည့်က တောက်လောင်ပြင်းပြလာကာ သူ၏ အော်ရာက ထိုးတက်လာသည်။ ကိုယ်တော်တာမင်း၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူ၏ လက်နှစ်ဖက်နှင့်အတူ လက်ဟန်ချိပ်စည်းများကို လှုပ်ရှားကာ နောက်ထပ်အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို အလောတကြီး ထုတ်ဖော်လိုက်၏။

“ဆည်းဆာမီးကျည်”

ညင်သာစွာအော်ဟစ်သံနှင့်အတူ အလျှံညီးညီး နေတစ်စင်းက မိုးကောင်းကင်ထက်မှာ ပေါ်ထွက်လာပြီး ဧရာမမီးလုံးတစ်လုံးကဲ့သို့ ဆင်းသက်လာခဲ့၏။

ဧရာမမီးလုံးသည် မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး ရွှေရောင်အလင်းနယ်မြေတစ်ခုလုံးကို မီးတောက်ပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားစေကာ များစွာသော ရွှေကြာပန်းများကိုလည်း ဖုံးအုပ်သွားလေသည်။

“ခင်ဗျားအတွက် မှားသွားပြီ”

ထိုသည်ကိုတွေ့မြင်သောအခါ ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်း၍ ပြုံးပြလိုက်၏။

“ဟမ်...”

ကိုယ်တော်တာမင်း၏ အမူအရာကလည်း ပြောင်းလဲသွားလေသည်။

သူ၏ အဆင့်မြင့်နတ်ဘုရားစွမ်းအားသည် မြေပြင်ပေါ်ရှိ ရွှေကြာပန်းများကို မသန့်စင်နိုင်ပေ။ ထိုအစား... ၎င်းသည် ရွှေကြာပန်းများ၏ အော်ရာကို ပိုမိုသိပ်သည်းကျစ်လျစ်လာစေပြီး သူတို့၏ ကြီးထွားနှုန်းက ဆပွားများစွာတိုးလာခဲ့၏။

သူသည် ထိုမီးနတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်သည်မှာ သူက ဒြပ်စင်ငါးမျိုး၏ သဘာဝကို အသုံးချကာ ဆူဇီမို၏ နတ်ဘုရားစွမ်းအား ရွှေကြာပန်းများကို သန့်စင်ချင်သောကြောင့် ဖြစ်လေသည်။

ဒြပ်စင်ငါးမျိုးကြားမှာ မီးကသတ္တုကိုနိုင်လေသည်။

ဒါ့အပြင် ကြာပန်းများမှာ သစ်သားဓာတ်ရှိပြီး မီးကိုကြောက်ရွံ့ရလေသည်။

ပုံမှန်အခြေအနေမှာဆိုလျှင် ဆည်းဆာမီးကျည်သည် ကမ္ဘာမြေရွှန်းရွှန်းဝေ ရွှေကြာပန်းကို နှိမ်နှင်းဖို့အတွက် အသင့်လျော်ဆုံးဖြစ်သင့်လေသည်။

သို့သော်လည်း ရွှေကြာပန်း၏ မွေးဖွားပေါ်ထွက်လာမှုသည် ဒြပ်စင်ငါးမျိုးနှင့် သာမန်အသိပညာကို ကျော်လွန်သွားခဲ့ပြီဖြစ်၏။

၎င်းသည် လိပ်နှင့်မြွေ ၊ နေနှင့်လ ၊ အလင်းနှင့်အ​မှောင် ၊ ယင်နှင့်ယန်တို့ ယှက်ဖြာခြင်းကနေ ဖြစ်ပေါ်လာခြင်းဖြစ်လေသည်။

ရွှေကြာပန်း မွေးဖွားပေါ်ထွက်မလာခင်က ၎င်းသည် အစိမ်းရောင်ကြာပန်းတစ်ပွင့်သာ ဖြစ်လေသည်။

၎င်း၏ အစိမ်းရောင်အရိပ်သည် လိပ်မြွေ၏ ချစ်ချစ်တောက် ပူလောင်သော မီးတောက်များဖြင့် လောင်ကျွမ်းခံခဲ့ရပြီး ၎င်းက ကျိန်းစပ်နေသော ရွှေရောင်အလင်းကို ထုတ်ဖော်လာနိုင်ခဲ့ခြင်းဖြစ်လေသည်။

ရွှေကြာပန်းသည် အစကတည်းက မီးတောက်များကနေ မွေးဖွားပေါ်ထွက်လာခဲ့ခြင်းဖြစ်လေသည်။

ကိုယ်တော်တာမင်း၏ ဆည်းဆာမီးကျည်သည် မြေကြီးထဲကနေ တိုးထွက်လာသည့် ရွှေကြာပန်းများကို မသန့်စင်နိုင်ရုံသာမက အဲ့ဒါသည် ရွှေကြာပန်း၏ အော်ရာကို ပို၍ပင်သန်မာလာစေ၏။

သတ္တုက ဖျက်ဆီး၍ မရနိုင်ဘဲ ထာဝရတည်လေသည်။

၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ တည်မြဲမှုကို မျှဝေပြီး နေနှင့်လတို့နှင့်အတူ လောကကို လင်းထိန်စေလေသည်။

မီးတောက်များက ဒေါသတကြီး လောင်ကျွမ်းနေပြီး မြေကြီးထဲကနေ တိုးထွက်လာသော ရွှေကြာပန်းများက ပို၍သန်မာလာကာ ကိုယ်တော်တာမင်းဆီသို့ လွင့်မျောသွားလေသည်။

ဘန်း...

ရွှေ​ကြာပန်းများက အရမ်းကိုများပြားလွန်းပြီး ကိုယ်တော်တာမင်းက အချိန်မီမရှောင်တိမ်းနိုင်တော့ပေ။ သူသည် ရွှေကြာပန်းတစ်ပွင့်ဖြင့် ထိခတ်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က ဆတ်ခနဲတုန်ယင်ကာ သူ၏ မျက်နှာပေါ်တွင် သွေးရောင်ဒဏ်ချက်များ ပေါ်ထွက်လာ၏။

“တကယ့်ကို အံ့ဩစရာပဲ”

ကိုယ်တော်တာမင်းက သွေးတစ်လုတ်ကို ထွေးထုတ်ပြီး ချီးကျူးလိုက်၏။

သူ၏ ခန္ဓာကိုယ်က သန်မာပြီး ဓမ္မရတနာများနှင့်ပင် ထိပ်တိုက်ရင်ဆိုင်နိုင်လေသည်။

သို့သော်လည်း ၎င်းသည် ရွှေကြာပန်းနှင့် ထိခတ်သောအခါ ကြေမွလုနီးပါး ဖြစ်သွားရ၏။

ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲသိသာလေသည်။

တကယ်တော့... ကိုယ်တော်တာမင်း၏ သွေးချီအရ သူက ရွှေကြာပန်းကြောင့် အပိုင်းပိုင်းကြေမွသွားမည်ဆိုလျှင်တောင် သူက ဒဏ်ရာအပြင်းအထန် ရရှိသွားမည်မဟုတ်ဘဲ တစ်ခဏချင်းမှာပင် ပြန်ကောင်းလာနိုင်လေသည်။

သို့သော်လည်း ဤတိုက်ခိုက်ဖလှယ်မှုသည် တိုက်ပွဲအခြေအနေကို တဖြည်းဖြည်းပြောင်းလဲသွားစေ၏။

ရွှေကြာပန်းများက အတောမသတ်နိုင်ဘဲ သိပ်သည်းများပြားလာခဲ့၏။

ရွှေရောင်အလင်းနယ်မြေသည် ကျယ်ပြောသော်လည်း အဲ့ဒီမှာ ကိုယ်တော်တာမင်းရှောင်တိမ်းဖို့အတွက် နေရာလွတ်များစွာ မကျန်ရှိတော့ပေ။

သူသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်ထားခါစဖြစ်ပြီး နောက်ထပ်မထုတ်ဖော်ခင် သူ၏ အမြုတေစိတ်ဝိညာဥ်ကို အနည်းငယ် အနားပေးရမည်ဖြစ်၏။

သို့သော်လည်းအောက်ဘက်ရှိ ရွှေကြာပန်းများက ရပ်တန့်မည့်လက္ခဏာမရှိဘဲ အဆက်မပြတ် တိုးဝင်လာနေ၏။

ရွှစ်...

ကိုယ်တော်တာမင်းသည် ရုတ်တရက် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်၏။

ထိုခြေလှမ်းသည် သာမန်ဟုသာ ထင်ရသော်လည်း ၎င်းက လျှို့ဝှက်ဆန်းကြယ်၍ ကြော့ရှင်းနေ၏။

ထိုခြေလှမ်းက ရွှေကြာပန်းများကြားရှိ အကြားအလပ်တစ်ခုထဲသို့ တည့်တည့်ကျဆင်းသွားလေသည်။

“လှပသိမ်မွေ့ခြေလှမ်းပဲ”

လေထဲတွင်... စစ်တုရင်ဧကရာဇ်နှင့် လင်းရွှမ်ကျီက တစ်ချိန်တည်းမှာ အံအားတသင့်ရေရွတ်လိုက်၏။

“အဲ့ဒီလူက ဘယ်သူလဲကွ”

လင်းရွှမ်ကျီက မျက်မှောင်ကြုတ်လိုက်၏။

ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းကို ဤလူက ခိုးယူသွားခဲ့သည်မှာ လျှို့ဝှက်ချက် မဟုတ်တော့ပေ။ သို့သော်လည်း ဤလူသည် ဤမျှအချိန်တိုအတွင်းမှာ ဘိုးဘေးလင်းလုံ၏ လျှို့ဝှက်အတတ်ကို နားလည်ဆင်ခြင်နိုင်ခဲ့သည့်အချက်က အရမ်းကိုကြောက်စရာကောင်းလေသည်။

ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းသည် ရှည်လျားသော သမိုင်းကြောင်းတစ်ခုရှိလေသည်။ သမိုင်းတစ်လျှောက်တွင် ပဟေဠိနန်းတော်မှာ ပြိုင်စံရှားများစွာ ပေါ်ထွက်ခဲ့သော်လည်း သူတို့ထဲမှ တချို့တလေကသာ လှပသိမ်မွေ့ခြေလှမ်းများကို နားလည်ဆင်ခြင်နိုင်ခဲ့၏။

သူတို့ထဲမှာ အများစုသည် ဂမ္ဘီရမိုးကောင်းကင်ခြေလှမ်းကိုသာ နားလည်ဆင်ခြင်နိုင်ကြလေသည်။

တကယ်ဆို... ဘိုးဘေးလင်းလုံသည် ပဟေဠိနန်းတော်မှာ လှပသိမ်မွေ့ခြေလှမ်းများ၏ ပြီးပြည့်စုံသော အမွေအနှစ်ကို ချန်ထားရစ်ခဲ့ခြင်းမရှိဟုပင် ပဟေဠိနန်းတော်မှ ကျင့်ကြံသူများက ခံစားရလေသည်။

ဒီဘ​က်မျိုးဆက်မှာ လူသားဧကရာဇ်နန်းတော်ထဲသို့ ဝင်ရောက်ခဲ့သော နတ်ဆိုးမကျိကသာ ဘိုးဘေးလင်းလုံ၏ အစစ်အမှန်အမွေအနှစ်ကိုရရှိခဲ့ပြီး လှပသိမ်မွေ့ခြေလှမ်းများကို နားလည်ဆင်ခြင်နိုင်ခဲ့၏။

သို့သော်လည်း သူတို့ရှေ့ရှိမြင်ကွင်းက သူတို့နှစ်ယောက်ကို တုန်လှုပ်သွားစေ၏။

ဆိုလိုသည်မှာ ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းထဲမှ လှပသိမ်မွေ့ခြေလှမ်းများအတွက် ကျင့်ကြံရေးနည်းစနစ်တစ်ခု အမှန်တကယ်ပင် ရှိလေသည်။ သို့သော်လည်း သူတို့သည် ထိုအထဲမှာရှိသည့် လျှို့ဝှက်ချက်ကို မရှာဖွေနိုင်ခဲ့ကြပေ။

သို့သော် ယခုအခါ လှပသိမ်မွေ့ခြေလှမ်းများကို လျှို့ဝှက်ဆန်းကြယ်သောနောက်ခံနှင့် အပြင်လူတစ်ယောက်က ကျင့်ကြံထားလေသည်။

နတ်ဆိုးမကျိသည် သူမ၏ လှပသိမ်မွေ့ခြေလှမ်းများကို ထုတ်ဖော်သောအခါ သူမ၏ ပုံရိပ်က နဂါးတစ်ကောင်ကဲ့သို့ ကြော့ရှင်းနေ၏။

ကိုယ်တော်တာမင်းကတော့... သူသည် တိမ်စိုင်များကြားလွင့်မျောနေသော အင်မော်တယ်တစ်ပါးဖြစ်သည့်အလား ဖော်မပြတတ်သော ကျက်သရေနှင့် သက်တောင့်သက်သာ ရှိမှုနှင့်အတူ လှပသိမ်မွေ့ခြေလှမ်းများကိုထုတ်ဖော်ပြီး ရွှေကြာပန်းများကြားမှာ အေးအေးလူလူလျှောက်လှမ်းနေ၏။

All Chapters