← Chapters

ဧကရာဇ်များကို သတ်ဖြတ်ခြင်း

Vol. 113 Ch. 1685

ဧကရာဇ်များကို သတ်ဖြတ်ခြင်း

Vol. 113 Ch. 1685

ဆူဇီမိုသည် လေထဲတွင် တိုက်ပွဲဖြစ်ပွားလာသောအခါ ဝင်ရောက်တိုက်ခိုက်ခြင်း မရှိပေ။

သူ့မှာ သူနားလည်ဆင်ခြင်ထားသည့် အဆင့်မြင့်နတ်ဘုရားစွမ်းအားက ဆယ်ခုပင်မပြည့်ပေ။ သူတိုက်ခိုက်မည်ဆိုလျှင်တောင် အခြေအနေတစ်ရပ်လုံးအပေါ့် သက်ရောက်စေနိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် သူ၏ ဝတ်ရုံစကြားကနေ တစ်စုံတစ်ရာကိုသာ ထုတ်ယူလိုက်၏။

အဲ့ဒါသည် ၎င်းပေါ်မှာ စာလုံးများရေးထိုးထားသည့် ရှည်လျားသော စာလိပ်တစ်လိပ်ဖြစ်လေသည်။

“ဒါက...”

လင်းရွှမ်ကျီသည် ထိုသည်ကိုတွေ့မြင်သောအခါ သူ၏ အကြည့်က အေးခဲတောင့်တင်းသွားပြီး တီးတိုးရေရွတ်လိုက်၏။

“လူသားဧကရာဇ်ရဲ့ ဓမ္မအမိန့်ပြန်တမ်းလား”

ဆူဇီမိုသည် လက်နှစ်ဖက်ဖြင့် ရှည်လျားသောစာလိပ်ကို ဆုပ်ကိုင်ပြီး သူ၏ ဦးခေါင်းထက်မှာ ဖြည်းဖြည်းချင်း ဖြန့်ထုတ်လိုက်လေသည်။

နှင်းဖြူရောင်စာလိပ်ပေါ်တွင် သွေးနီရောင်စကားလုံးများကို ရေးထိုးထားလေသည်။ အရာရာတိုင်းကို သွေးဖြင့်ရေးထိုးထားခြင်းဖြစ်၏။

“လူသားမျိုးနွယ်က အားနည်းလာပြီ... ဧကရာဇ်တွေက သုံးစားမရဘူး... ထျန်ဟွမ်ကုန်းမြေတိုက်မှာ အထီးကျန်သိုင်းသခင်ပေါ်ထွ​က်လာပြီး သက်ရှိအားလုံးအတွက် ကောင်းချီးမင်္ဂလာဆောင်ကြဉ်းပေးဖို့ သိုင်းတာအိုကို တည်ထောင်ခဲ့တယ်လို့ ငါကြားရတယ်... ငါ လူသားဧကရာဇ်က ငါ့ရဲ့ဘွဲ့ကို အထီးကျန်သိုင်းသခင်ဆီ လက်လွှဲပေးဖို့ ဆုံးဖြတ်လိုက်တယ်... သူက ဧကရာဇ်ဘွဲ့ကိုခံယူနိုင်တာနဲ့ သူက လူသားဧကရာဇ်ဘွဲ့ကိုပါ ခံယူပြီး လောကကို အုပ်စိုးလိမ့်မယ်”

ယခု... ထိုသွေးနီရောင်စကားလုံးများ ပေါ်ထွက်လာပြီး လေဟာယန်ထဲမှာ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ထာဝရလူသားဧကရာဇ်၏ အသံက ထွက်ပေါ်လာသည်ဟု ထင်ရလေသည်။

အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုက စာလိပ်ထဲကနေ ထွက်ပေါ်လာပြီး သီယွီနှင့် အခြားသူများကို တုန်လှုပ်ချောက်ချားသွားစေ၏။

“လူသားဧကရာဇ်ရဲ့ ဓမ္မအမိန့်ပြန်တမ်း”

မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သည် စာလိပ်ရှည်၏ ဇာစ်မြစ်ကို မှတ်မိသွားပြီး အံအားတသင့်ရေရွတ်လိုက်၏။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာသည် စာလိပ်နှင့် ၎င်းပေါ်ရှိ စကားလုံးများကို ငေးကြည့်လာကြ၏။

အဲ့ဒီမှာ တူညီသောပုံစံနှင့် သွေးနီရောင်စာလုံးများစွာရှိလေသည်။

“သတ်...”

“အား...”

ရုတ်တရက် လေထဲကနေ စူးစူးဝါးဝါး အော်သံတစ်သံ ထွက်ပေါ်လာ၏။

ကောင်းကင်စင်ရော်ဂိုဏ်း၏ မြောက်အရပ်မိုးကောင်းကင်ဧကရာဇ်သည် တဆတ်ဆတ် အကြောဆွဲသွားပြီး ရုတ်တရက် အပိုင်းပိုင်းလှီးဖြတ်ခံရကာ သွေးခဲတုံးများအဖြစ် ပြောင်းလဲသွားလေသည်။

သူ၏ အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးလွတ်မြောက်လာခါစမှာပင် အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုဖြင့် ပိုင်းဖြတ်ခံလိုက်ရပြီး နေရာမှာပင် သေဆုံးသွားလေသည်။

လူတိုင်း၏ ရှေ့မှောက်မှာ မြောက်အရပ်မိုးကောင်းကင်ဧကရာဇ်က သေဆုံးသွားလေသည်။

“ဟာ..”

မျိုးနွယ်စုခေါင်းဆောင်များစွာက ပင့်သက်ကိုရှိုက်ပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။

ထိုအခါမှသာ လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းမှ ပစ်လွင့်ထွက်ပေါ်လာသည့် 'သတ်' ဆို​သောစကားလုံးသည် သူတို့၏ စိတ်ကူးစိတ်သန်းမဟုတ်ကြောင်း နားလည်သဘောပေါက်သွားကြလေသည်။

အဲ့ဒါက အမှန်တကယ် ဖြစ်ပျက်လာနေခြင်းပင်။

လူသားဧကရာဇ်၏ အန္တိမနတ်ဘုရားစွမ်းအား သတ်ဖြတ်ခြင်းစကားလုံးပညာရပ်ကို လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းထဲမှာ သိုဝှက်ထားလေသည်။

ထိုအခိုက်အတန့်မှသာလျှင် အထီးကျန်သိုင်းသခင်က ဘာ့ကြောင့်ထွက်မပြေးခဲ့သည်ကို မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာက နားလည်သဘောပေါက်လာကြ၏။

လက်စသတ်တော့... လူသားဧကရာဇ်သည် သူ၏ ဓမ္မအမိန့်ပြန်တမ်းနှင့်အတူ ဆူဇီမိုအတွက် ဤကဲ့သို့ စွမ်းအားကြီးမားသော ဝှက်ဖဲတစ်ခုကို ချန်ထားပေးခဲ့လေသည်။

သွေးသံရဲရဲ 'သတ်'ဆိုသော စကားလုံးများက လေထဲမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။

သူတို့က သိပ်သည်းစုဖွဲ့၍ ပျက်ပြယ်သွားခြင်းမရှိဘဲ အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုဖြင့် ထုံမွမ်းနေ၏။

ကောင်းကင်နှင့်မြေကြီးက တုန်ခါလာခဲ့လေသည်။

လေဟာနယ်က 'သတ်'ဆိုသောစကားလုံးဖြင့် အပိုင်းပိုင်းလှီးဖြတ်ခံလိုက်ရ၏။

ပြိုကွဲပင်လယ်ဧကရာဇ်၏ အားနည်းသောရေသည် သတ်ဖြတ်​ခြင်းစကားလုံးပညာရပ်ဖြင့် အပိုင်းပိုင်း လှီးဖြတ်ခံလိုက်ရလေသည်။ သူ၏ နတ်ဘုရားစွမ်းအားက ပျက်ပြယ်သွားပြီး ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက သူ့အပေါ်သို့ ချက်ချင်းပင် ဆင်းသက်လာခဲ့၏။

သူ၏ ပုံရိပ်က ယိမ်းထိုးသွားပြီး သူ၏ မျက်လုံးက ချက်ချင်းပင်မှေးမှိန်ကာ လေထဲကနေပြုတ်ကျလာ၏။

သူ၏ အမြုတေစိတ်ဝိညာဥ်က သူ၏ အသိစိတ်ထဲမှာ လုံးဝဖျက်ဆီးခံလိုက်ရပြီဖြစ်၏။

သူသည် သတ်ဖြတ်ခြင်းစကားလုံးပညာရပ်ထံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုဖြင့် သတ်ဖြတ်ခံလိုက်ရလေပြီ။

ဆိုးယုတ်ဧကရာဇ်၏ အဝါ်ရောင်စိမ့်စမ်းရေက မနှိုင််းယှဥ်သာအောင် ညစ်ညမ်းသော်လည်း ၎င်းသည် သတ်ဖြတ်ခြင်းစကားလုံးပညာရပ်ဖြင့် ဘာမှမကျန်အောင် လှီးဖြတ်ခံလိုက်ရ၏။

သီယွီ၏ ကစဉ့်ကလျားအမြုတေကောင်းကင်လိုဏ်ဂူက သွေးသံရဲရဲ သတ်ဖြတ်ခြင်းစကားလုံးဖြင့် အပိုင်းပိုင်းလှီးဖြတ်ခံလိုက်ရပြီး နေရာကနေ ပျောက်ကွယ်သွားလေသည်။

စစ်တုရင်ဧကရာဇ်က ထိုအခွင့်အလမ်းကိုချိန်ဆပြီး လွတ်မြောက်လာခဲ့လေသည်။

အားနည်းသောရေ ၊ အဝါရောင်စိမ့်စမ်းနှင့် ကစဉ့်ကလျားအမြုတေကောင်းကင်လိုဏ်ဂူ.. ၎င်းတို့အားလုံးသည် လူသားဧကရာဇ်၏ သတ်ဖြတ်ခြင်းစကားလုံးပညာရပ်ဖြင့် ဖျက်ဆီးခြင်းခံလိုက်ရ၏။

အရင်တုန်းက လွှမ်းမိုးခြယ်လှယ်၍ ပြိုင်ဘက်ကင်းကာ သူ့ကိုယ်သူ ထာဝရလူသားဧကရာဇ်နှင့်ပင် ယှဥ်နိုင်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ပင်လျှင် သတ်ဖြတ်ခြင်းစကားလုံးပညာရပ်ဖြင့် နေရာမှာပင် သတ်ဖြတ်ခြင်းခံခဲ့ရ၏။

ယခု... သူတို့ရှေ့မှ ဧကရာဇ်များက သူ့ထက် ပို၍ပင် အားနည်းလေသည်။

သတ်ဖြတ်ခြင်းစကားလုံးပညာရပ်၏ ဤအန္တိမနတ်ဘုရားစွမ်းအားကို ထာဝရလူသားဧကရာဇ်ကိုယ်တိုင် ထုတ်ဖော်လိုက်ခြင်းမဟုတ်ပေ။ သို့သော်လည်း လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းပေါ်ရှိ စကားလုံးတိုင်းကို ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်နှင့် အခြားသူများ၏သွေးကိုသုံး၍ ရေးထိုးထားပြီး ၎င်းက သိပ်သည်းပြင်းထန်သော စွမ်းပကားကို ပိုင်ဆိုင်ထားလေသည်။

လူသားဧကရာဇ်သည် ဆူဇီမိုထံ လူသားဧကရာဇ်ချိပ်စည်းကို လက်လွှဲပေးခဲ့သည်မှာ ထိုသူကို လေ့ကျင့်ပေးချင်သောကြောင့်ဖြစ်၏။

သို့သော်လည်း ထာဝရလူသားဧကရာဇ်သည် ဆူဇီမိုကို အခြားသူများအနိုင်ကျင့်မည်ကို သေချာပေါက် ခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။

အခြားသူများကတော့ အဲ့ဒါသည် သာမန်ဓမ္မအမိန့်ပြန်တမ်းတစ်ခုဟုသာ တွေးထင်ခဲ့ကြပေလိမ့်မည်။

သို့သော်လည်း အဲ့ဒါသည် လူသားဧကရာဇ် သူ့ကိုပေးခဲ့သည့် နောက်ဆုံးဝှက်ဖဲဖြစ်သည်ဆိုတာကို ဆူဇီမိုသာလျှင် သိရှိထားခဲ့လေသည်။

တကယ်တော့... ဆူဇီမိုသည် လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းပေါ်ရှိ သတ်ဖြတ်ခြင်းစကားလုံးကို အသက်မသွင်းနိုင်ပေ။

သတ်ဖြတ်ခြင်းစကားလုံးပညာရပ်သည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြင့် နှိုးဆွခြင်းခံရပြီးမှ ပေါ်ထွက်လာခြင်းဖြစ်လေသည်။

အရင်တုန်းက သီယွီသည် လွန်ခဲ့သည့်နှစ်သုံးရာကျော်က ဆူဇီမိုနောက်သို့ အမဲလိုက်ခဲ့စဥ် သူသည် လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းကို ထုတ်ဖော်အသုံးပြုချင်ခဲ့လေသည်။

သို့သော်လည်း ဤဝှက်ဖဲက ပေါက်ကြားသွားသည်နှင့် အပြင်လူများသည် ကြိုတင်ပြင်ဆင်ထားကြမည်ဖြစ်ပြီး ၎င်း၏ ခြိမ်းခြောက်နိုင်စွမ်းက ကြီးမားစွာ လျော့ကျသွားပေလိမ့်မည်။

ယခုအချိန်မှာ သီယွီနှင့် အခြားသူများသည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို အသုံးချကာ အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ချင်လေသည်။

ဆူဇီမိုအတွက်လည်း ထို့အတူပင်။

သူသည် ဒီနေ့ဒီလိုအခြေအနေကိုရရှိဖို့အတွက် လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းထဲမှာ အချိန်ကြာမြင့်စွာ ပုန်းကွယ်နေခဲ့ရ၏။

လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းက လုံးလုံးလျားလျား ပေါ်ထွက်လာပြီး တစ်ခဏချင်းမှာပင် ဧကရာဇ်နှစ်ပါးဖြစ်သော မြောက်အရပ်မိုးကောင်းကင်ဧကရာဇ်နှင့် ပြိုကွဲပင်လယ်ဧကရာဇ်တို့က သေဆုံးသွားကြပြီး ဆိုးယုတ်ဧကရာဇ်နှင့် သီယွီတို့သာလျှင် ကျန်ရစ်ခဲ့လေသည်။

သို့သော်လည်း လူသားဧကရာဇ်၏ အမိန့်ပြန်တမ်းပေါ်ရှိ သတ်ဖြတ်ခြင်းစကားလုံးက ယခုအချိန်ထိ ပျက်ပြယ်မသွားသေးဘဲ သူတို့နှစ်ယောက်ထံသို့ ဝင်ရောက်လာခဲ့လေပြီ။

ဆိုးယုတ်ဧကရာဇ်က သူ၏ အရိုးလှံကို အလောတကြီး ရုပ်သိမ်းပြီး သူ့ရှေ့ရှိ သတ်ဖြတ်ခြင်းစကားလုံးထံသို့ ပစ်ထိုးချလိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူက သူ၏ သိုလှောင်အိတ်ထဲက​နေ ဧရာမခေါင်းလောင်းတစ်ခုကို ဆင့်ခေါ်ထုတ်ပြီး သူ၏ ဦးခေါင်းထက်ကို မြှောက်တင်လိုက်၏။

ဖျောက်...

အရိုးလှံသည် သတ်ဖြတ်ခြင်းစကားလုံးပညာရပ်နှင့် ထိတွေ့ရိုက်ခတ်သောအခါ ကျိုးပဲ့သွားသောအသံကို ကြားလိုက်ရ၏။ ချက်ချင်းပင် အရိုးလှံက နေရာမှာပင်ကြေမွသွားပြီး လေထဲကနေ ပြုတ်ကျလာခဲ့၏။

သို့သော်လည်း သတ်ဖြတ်ခြင်းစကားလုံးပညာရပ်က ရပ်တန့်သွားခြင်းမရှိဘဲ ဧရာမခေါင်းလောင်းကို ပစ်ရိုက်ချလိုက်၏။

ချွမ်း...

အဲ့ဒီမှာ ကျယ်လောင်သောမြည်သံတစ်သံ ထွက်ပေါ်လာ၏။

ခေါင်းလောင်းသံထွက်ပေါ်လာပြီးနောက် ၎င်းက နေရာမှာပင် ကြေမွသွားလေသည်။

ဓမ္မရတနာနှစ်ခုကို ဆက်တိုက်ဖျက်​ဆီးပြီးနောက် သတ်ဖြတ်ခြင်းစကားလုံးပညာရပ်ကလည်း ပျက်ပြယ်သွားခဲ့ပြီဖြစ်၏။

ဆိုးယုတ်ဧကရာဇ်သည် ပါးစပ်အပြည့် သွေးတစ်လုတ်ကို ထွေးထုတ်ပြီး သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်ကာ အဝေးသို့ ပြေးထွက်လိုက်လေသည်။

သူသည် ဓမ္မရတနာနှစ်ခုကို ဆုံးရှုံးလိုက်ရပြီး သူတို့ထဲမှ တစ်ခုသည် သူ၏ မူပိုင်ဓမ္မရတနာပင်ဖြစ်သော်လည်း သူက သေကွင်းသေကွက် တိုက်ခိုက်မှုကိုခုခံကာ လွတ်မြောက်လာနိုင်ခဲ့လေသည်။

ထိုစဥ်မှာပင် ဆူဇီမိုက လှောင်ရယ်လိုက်၏။

ရုတ်တရက်သူက သူ့လက်ထဲရှိ လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းကို လေထဲသို့ပစ်ထုတ်လိုက်လေသည်။

လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းက ဆိုးယုတ်ဧကရာဇ်၏ ဦးခေါင်းထက်သို့ ဆင်းသက်လာခဲ့၏။

ဆိုးယုတ်ဧကရာဇ်က ထွက်ပြေးလွတ်မြောက်လာသည့် ခဏမှာပင် သူ၏ အမြင်အာရုံက မှောင်မည်းသွားပြီး သူက အသက်ပင်မရှုနိုင်တော့ပေ။

သွေးရောင်စကားလုံးများဖြင့် ပြည့်နှက်နေသည့် ရှည်လျားသော စာလိပ်တစ်ခုက သူ့ပေါ်သို့ အုပ်မိုးလာခဲ့၏။

လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းသည် ကမ္ဘာဦးမျိုးနွယ်မှ ထိပ်သီးဧကရာဇ်များ၏ သွေးဖြင့် ပြည့်လျှမ်းနေပြီး အရာရာတိုင်းကို ဆုတ်ဖြဲပစ်နိုင်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ထုံမွမ်းနေလေသည်။

ဆိုးယုတ်ဧကရာဇ်သည် လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းဖြင့် အုပ်မိုးခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိခင်မှာပင် သွေးမြူတစ်ခုအဖြစ် နုပ်နုပ်စဉ်းခံလိုက်ရ၏။ သူ၏ အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွားပြီး သူက နေရာမှာပင် သေဆုံးသွားလေသည်။

သူမသေဆုံးခင် ဆိုးယုတ်ဧကရာဇ်၏ နောက်ဆုံးအတွေးမှာ နောင်တရခြင်း ဖြစ်လေသည်။

သူသည် ဤနေရာသို့ ရောက်လာခြင်းအတွက် နောင်တရခြင်းထက် အဖြူရောင်ဝတ်လူကို အမဲလိုက်ဖို့အတွက် ခရမ်းရောင်မိုးကြိုးဧကရာဇ်နှင့် အခြားသူများနှင့်အတူ လိုက်ပါမသွားမိခဲ့ခြင်းအတွက် နောင်တရခြင်းဖြစ်လေသည်။

တစ်ခဏချင်းမှာပင် ဧကရာဇ်လေးပါးထဲမှာ သီယွီတစ်ယောက်သာလျှင် ကျန်ရစ်တော့လေသည်။

သီယွီ၏ ကစဉ့်ကလျားအမြုတေကောင်းကင်လိုဏ်ဂူက သတ်ဖြတ်ခြင်းစကားလုံးပညာရပ်ဖြင့် ကြေမွှသွားသောအခါ အခြေအနေမကောင်းတော့ဘူးဆိုတာ သူနားလည်လိုက်ပြီး ချက်ချင်းပင် လှည့်ထွက်ပြေးလိုက်လေသည်။

“ထွက်ပြေးချင်သေးတယ်ပေါ့”

ဆူဇီမိုက သီယွီ၏ နောက်ကျောကို စိုက်ကြည့်ပြီး လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းကို နောက်တစ်ဖန် ထိန်းချုပ်ကာ သူ့ပေါ်သို့ ပစ်ထုတ်လိုက်လေသည်။

ဝှစ်...

လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းက လေထုကိုဆုတ်ဖြဲ၍ သီယွီ၏ ဦးခေါင်းပေါ်သို့ ချက်ချင်းပင် ဆင်းသက်လာ၏။ မရေမတွက်နိုင်သော သွေးနီရောင်စကားလုံးများက ဓမ္မအမိန့်ပြန်တမ်းထဲကနေ ခုန်ထွက်လာသည်ဟုထင်ရပြီး ၎င်းက သီယွီကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေ၏။

သီယွီ၏ အမူအရာက သုန်မှုန်လာခဲ့လေသည်။

ဆိုးယုတ်ဧကရာဇ်သည် လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းဖြင့် ထိခတ်ခြင်းခံရပြီးနောက် အလောင်းပင်မကျန်ဘဲ သေဆုံးသွားသည်ကို သူမျက်မြင်ကိုယ်တွေ့ထားလေသည်။

သူသည် ၎င်းနှင့်ထိခတ်ခြင်းခံရလျှင် သေချာပေါက် ဤနေရာမှာသေဆုံးရမည်ဖြစ်ကြောင်း ကောင်းကောင်းသိလိုက်လေသည်။

ရုတ်တရက်ဆိုသလို...

သီယွီ၏ မျက်လုံးထဲမှာ ထူးဆန်းသောသွေးရောင်အလင်းက ဖျတ်ခနဲလက်သွား၏။

“ဓမ္မသွေးစတေးထွက်ပြေးခြင်း”

သီယွီသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်မှ သွေးစတေးထွက်ပြေးခြင်းကို ထုတ်ဖော်လိုက်ပြီး သူ၏ မျိုးဆက်သွေးထက်ဝက်နီးပါးကို လောင်ကျွမ်းစေလိုက်၏။ သူ၏ အလျင်အဟုန်က ဆပွားများစွာတိုးလာပြီး သွေးရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်း၏ လွှမ်းခြုံမှုအောက်ကနေ ထွက်ပြေးလွတ်မြောက်သွားလေသည်။

All Chapters