← Chapters

ဧကရာဇ် အထီးကျန်သိုင်းသခင်

Vol. 113 Ch. 1687

ဧကရာဇ် အထီးကျန်သိုင်းသခင်

Vol. 113 Ch. 1687

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ အောက်ဘက်တွင် ဆူဇီမိုသည် စစ်တုရင်ဧကရာဇ်ကို အနည်းငယ်ဦးညွှတ်ပြီး လင်းရွှမ်ကျီ ၊ နတ်ဆိုးမကျိနှင့် အခြားသူများကို နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။

မျိုးနွယ်စုခေါင်းဆောင်များစွာသည် ဆူဇီမို၏ နောက်ကျောကို စိတ်ခံစားချက်များစွာဖြင့် ကြည့်ရှုနေကြ၏။

အထီးကျန်သိုင်းသခင် ပြန်လည်ပေါ်ထွက်လာသည်နှင့် သူက ဧကရာဇ်တစ်ပါး သေချာပေါက် ဖြစ်လာတော့မည်ကို လူတိုင်းက သိရှိထားကြလေသည်။

ထိုအချိန်ကျလျှင် ရှေးဟောင်းတိုက်ပွဲမြေမှာ မည်သူကမှ သူ့ကိုခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ အထီးကျန်သိုင်းသခင်၏ ခေတ်က ရောက်ရှိလာပေတော့မည်။

ဆူဇီမိုက ထွက်ခွာသွားသော်လည်း မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာသည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်အောက်မှာ စုဝေးနေကြဆဲ ဖြစ်ပြီး နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ တိုက်ပွဲများက ယခုအချိန်ထိ မပြီးဆုံးသေးပေ။

အဆင့်တစ် နေရာအပြင် အခြားနေရာများအတွက်လည်း အကြိတ်အနယ်ရှိသော တိုက်ပွဲများ ကျန်ရှိနေသေးလေသည်။

သို့သော်လည်း ယခင်တိုက်ပွဲများနှင့်စာလျှင် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ အခြားသောနေရာများအတွက် တိုက်ခိုက်မှုများက အနည်းငယ် ပျင်းရိစရာကောင်းနေ၏။

ရှေးဟောင်းတိုက်ပွဲမြေမှာ တည်ငြိမ်အေးချမ်းမှုက ပြန်လည်ရရှိလာခဲ့၏။

ဆူဇီမိုသည် လုံခြုံစိတ်ချသော နေရာတစ်ခုကို ရှာဖွေပြီး အစီအရင်ဝင်္ကပါများစွာကိုခင်းကျင်းကာ နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ဖို့ပြင်ဆင်လိုက်၏။

ယခုအချိန်တွင် သူက နောက်ပိုင်းမဟာယာနအဆင့်မှာသာ ရှိနေ၏။

လူသားဧကရာဇ်၏ အမွေအနှစ်နှင့်ဆိုလျှင်တောင် သူ့အနေဖြင့် အန္တိမနတ်ဘုရားစွမ်းအားများကို တိုက်ရိုက်နားလည်ဆင်ခြင်ဖို့က မဖြစ်နိုင်ပေ။

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ အဆင့်တစ်နေရာကိုရရှိခြင်းဖြင့် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို အမွေဆက်ခံရရှိခြင်းအပြင် သူသည် အဆင့်မြင့်နတ်ဘုရားစွမ်းအား ၃၆ခုကိုပါ အမွေဆက်ခံရရှိခဲ့၏။

ဆူဇီမိုသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားများအားလုံးကို နားလည်ဆင်ခြင်ပြီး ပကတိမဟာယာနအဆင့်ကို အရင်ဆုံးတက်လှမ်းဖို့ပြင်ဆင်ထားလေသည်။

နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ခြင်းဖြစ်စဥ်ကို တစ်ဆင့်ခြင်းသာ ပြုလုပ်ရပြီး နေ့ချင်းညချင်း ပြုလုပ်၍မရနိုင်ပေ။

ဥပမာအားဖြင့်... လူတစ်ယောက်သည် အန္တိမနတ်ဘုရားစွမ်းအား ထာဝရအသက်ဓာတ်ကို နားလည်ဆင်ခြင်ချင်သည်ဆိုလျှင် သူတို့သည် အရင်ဆုံး အဆင့်မြင့်နတ်ဘုရားစွမ်းအား မဟာကုသခြင်းကို အရင်ဆုံး နားလည်ဆင်ခြင်ထားရပေမည်။

လူတစ်ယောက်သည် မဟာကုသခြင်းနည်းစနစ်ကို ၎င်း၏ အကန့်အသတ်ထိ နားလည်ဆင်ခြင်ပြီးသည့်အခါမှသာ ထာဝရအသက်ဓာတ်ကို နားလည်ဆင်ခြင်နိုင်မည်ဖြစ်၏။

အန္တိမနတ်ဘုရားစွမ်းအားများစွာကို သာမာန်နှင့်အဆင့်မြင့်နတ်ဘုရားစွမ်းအားများစွာကနေ စုဖွဲ့ထားခြင်းဖြစ်လေသည်။

လူတစ်ယောက်သည် ထိုသာမန်နှင့် အဆင့်မြင့်နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ထားခြင်းမရှိသရွေ့ သူတို့အနေဖြင့် အန္တိမနတ်ဘုရားစွမ်းအားများကို တိုက်ရိုက်နားလည်ဆင်ခြင်ဖို့က မဖြစ်နိုင်ပေ။

အချိန်က တဖြည်းဖြည်းကုန်ဆုံးသွား၏။

တစ်ခဏချင်းမှာပင် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲပြီးဆုံးခဲ့သည်မှာ နှစ်တစ်ထောင်နီးပါး ရှိသွားခဲ့လေပြီ။

ပြီးခဲ့သည့်နှစ်တစ်ထောင်အတွင်း ထျန်ဟွမ်ကုန်းမြေတိုက်ရှိ မျိုးနွယ်စုတစ်သောင်းက အတူယှဥ်တွဲနေထိုင်ခဲ့ကြ၏။

လူသားမျိုးနွယ်၏ ပိုင်နက်နယ်မြေများက သိသိသာသာကျုံ့သွားခဲ့သော်လည်း အထီးကျန်သိုင်းသခင်၏ အမွေအနှစ်ကြောင့် လူသားကျင့်ကြံသူအရေအတွက်က တိုးလာနေဆဲ ဖြစ်ပြီး ဂိုဏ်းများနှင့် အဖွဲ့အစည်းများစွာကလည်း မြင့်မားပေါ်ထွက်လာကြ၏။

လောကရှိ သက်ရှိများအားလုံးက ကျင့်ကြံနိုင်ကြလေပြီ။

ယန်တိုင်းပြည်၏ အပျက်အစီးနယ်မြေမှာ သူ၏ အစ်ကို ဆူဟုန်ရှေ့တွင် ဆူဇီမို ​ပြုလုပ်ခဲ့သော အဓိဠာန်ကို သူက ကျေပွန်အောင်လုပ်ဆောင်လာနိုင်ခဲ့လေပြီ။

ဤတိုင်းသာဆက်သွားလျှင် လူသားမျိုးနွယ်သည် နှစ်တစ်သောင်းမကြာခင်မှာပင် မနှိုင်းယှဥ်သာအောင် ဂုဏ်ကျက်သရေ ထွန်းပေါက်သည့် ကျင့်ကြံရေးခေတ်တစ်ခုကို ရောက်လာပေတော့မည်။

လူသားမျိုးနွယ်၏ ကံကြမ္မာကစတင်၍ အပြောင်းအလဲဖြစ်လာခဲ့လေပြီ။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ မျိုးနွယ်စုတစ်သောင်းအကြား တိုက်ခိုက်မှုများ ရံဖန်ရံခါ ဖြစ်ပွားတတ်သော်လည်း ကြီးကြီးမားမားဖြစ်ရပ်များ ဖြစ်မလာခဲ့ဘဲ အားလုံးက ထိန်ချုပ်မှုအောက်မှာရှိနေခဲ့၏။

ရှေးဟောင်းတိုက်ပွဲမြေရှိ တ်ိတ်ဆိတ်ငြိမ်သက်သော လျှို့ဝှက်ခန်းတစ်ခုထဲမှာ အလင်းရောင်ခပ်မှိန်မှိန်သာလျှင်ရှိနေ၏။

ရုတ်တရက်ဆိုသလို...

ကျိန်းစပ်နေသော နတ်ဘုရားဆန်ဆန် အလင်းတစ်ခုက လျှို့ဝှက်ခန်းထဲမှာ တောက်ပလာခဲ့၏။

အဲ့ဒါက လူတစ်ယောက်၏ မျက်လုံးတစ်စုံဖြစ်လေသည်။

ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားစွမ်းအားများက တလိပ်လိပ်ထိုးတက်ကာ အထွတ်အထိပ်အမှတ်တစ်ခုသို့ ရောက်ရှိလာခဲ့၏။

ပြီးခဲ့သည့်ရာစုနှစ်တချို့အတွင်း သူသည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ အဆင့်မြင့်နတ်ဘုရားစွမ်းအား ၃၆ ခုစလုံးကို နားလည်ဆင်ခြင်ခဲ့ပြီးလေပြီ။

ထိုမျှသာမက သူသည် ဆိုးယုတ်ဧကရာဇ် ၊ မြောက်အရပ်မိုးကောင်းကင်ဧကရာဇ်နှင့် အခြားသူများ၏ သိုလှောင်အိတ်များထဲမှာ နတ်ဘုရားစွမ်းအားနှင့်သက်ဆိုင်သော ကျင့်ကြံရေးနည်းစနစ်အချို့ကိုလည်း ရရှိထားခဲ့လေသည်။

ယခုအချိန်တွင် သူသည် အဆင့်မြင့်နတ်ဘုရားစွမ်းအား ၅၀ ကျော်ကို နားလည်ဆင်ခြင်ပြီးခဲ့ပြီးလေပြီ။ သူသည် လွန်ခဲ့သည့်နှစ်သုံးရာကတည်းက ပကတိမဟာယာနအဆင့်သို့ ချိုးဖျက်တက်လှမ်းနိုင်ခဲ့၏။

အဲ့ဒီနောက် သူသည် အန္တိမနတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ဖို့ အလောတကြီးရှိမနေခဲ့ပေ။ ထိုအစားသူသည် ကောင်းမွန်သော အခြေခံအုတ်မြစ်တစ်ခုကို ဆက်လက်တည်ဆောက်ပြီး အဆင့်မြင့်နတ်ဘုရားစွမ်းအားများကို တတ်နိုင်သမျှ နားလည်ဆင်ခြင်နေခဲ့၏။

ယနေ့မှသာလျှင် ဆူဇီမိုက အခွင့်အလမ်းတစ်ခုကို အာရုံခံမိလာခြင်းဖြစ်၏။

သူသည် အန္တိမနတ်ဘုရားစွမ်းအားများ၏ အမွေအနှစ်များစွာကိုရရှိထားလေသည်။ သို့သော်လည်း ပါရမီတံတားဖြစ်စေ၊ သတ်ဖြတ်ခြင်းစကားလုံးပညာရပ်ဖြစ်စေ သူတို့သည် ပြင်ပအရင်းအမြစ်ကနေ လာခြင်းဖြစ်လေသည်။

အဲ့ဒီမှာ ဖန်တီးခြင်းကြာပဒုမ္မာကနေ ပြုစုပျိုးထောင်ပေးထားသော အန္တိမနတ်ဘုရားစွမ်းအားတစ်ခုသာရှိလေသည်။

ထာဝရအသက်ဓာတ်...

အတိအကျဆိုရလျှင် ဆူဇီမိုသည် ထိုအန္တိမနတ်ဘုရားစွမ်းအားကို တကူးတကနားလည်ဆင်ခြင်နေခဲ့ခြင်း မရှိပေ။ သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ကြီးထွားလာသည်နှင့်အမျှ ထိုအန္တိမနတ်ဘုရားစွမ်းအားအပေါ် အလိုအလျောက် နားလည်ဆင်ခြင်လာနိုင်မည်ဖြစ်၏။

အ​ကြောင်းမှာသူသည် ဖန်တီးခြင်းကြာပဒုမ္မာနှင့် တစ်သားတည်းကျနေပြီဖြစ်သောကြောင့်ပင်။

ယနေ့မှာ ဆူဇီမိုသည် ဧကရာဇ်တစ်ပါးအဖြစ် တက်လှမ်းဖို့ပြင်ဆင်လိုက်၏။

ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကို နောက်တစ်ဖန်မှိတ်ပြီး ထာဝရအသက်ဓာတ်အပေါ် အမျိုးမျိုးသော နားလည်ဆင်ခြင်မှုများက သူ၏ စိတ်ထဲမှာ လှည့်ပတ်စီးဆင်းလာလေသည်။

သူ၏ ဘေးမှာ အခြားသူများရှိမည်ဆိုလျှင် ဆူဇီမိုက ပျောက်ကွယ်သွားပြီးဖြစ်ပြီး သူ၏ နေရာမှာ အစိမ်းရောင်ကြာပန်းတစ်ခု ဝင်ရောက်လာသည်ကို တုန်လှုပ်ဖွယ်ရာ တွေ့ရှိရပေလိမ့်မည်။

ကြာရိုးက ဖြောင့်မတ်နေပြီး ကြာရွက်များက ကြီးမား၍ ကြည်လင်တောက်ပနေ၏။ သူတို့ပေါ်ရှိ အကြောအမျှင်များက သွေးကြောများကဲ့သို့ ကြည်လင်နေလေသည်။ ကြာရိုးပေါ်မှာ ပန်းရောင်ကြာဖူးတစ်ဖူးရှိလေသည်။

အစိမ်းရောင်ကြာပင်က ညင်သာစွာယိမ်းနွဲ့သွားပြီး အစိမ်းရောင်အလင်းတစ်ခုကို ထုတ်ဖော်ကာ လျှို့ဝှက်အခန်းတစ်ခုလုံးကို နေ့ဘက်ကဲ့သို့ လင်းထိန်သွားစေ၏။

​လေဟာနယ်တစ်ခုလုံးက ဝဲဂယက်များထနေသည့် ရေအိုင်တစ်ခုကဲ့သို့ဖြစ်နေ၏။

မသိလိုက်မသိဘာသာ အချိန်တစ်ခုက ကုန်ဆုံးသွားခဲ့လေသည်။

ရုတ်တရက်ဆိုသလို အစိမ်းရောင်ကြာပန်းက ညင်သာစွာတုန်ခါသွားပြီး ၎င်းက သိသာထင်ရှားမှုမရှိသော်လည်း ​ကြာပင်သည် အစိမ်းရောင်အလင်းတစ်ခုဖြင့် တောက်ပလာကာ မနှိုင်းယှဥ်သာအောင် ကျယ်ပြောသောစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်လေသည်။

ကြာရိုးပေါ်ရှိ ပန်းရောင်ကြာဖူးက ပွင့်ဟလာခဲ့၏။

ကြာပွင့်ချပ်များက တစ်ခုပြီးတစ်ခု ပြန့်ကားသွားပြီး ဖြစ်စဥ်တစ်ခုလုံးက မနှိုင်းယှဥ်သာအောင် ရင်သက်ရှုမောဖွယ်ကောင်းနေ၏။

အဲ့ဒီမှာ အလွှာ ၈ လွှာနှင့် ပွင့်ချပ် ၇၂ ခုရှိလေသည်။

ကြာပန်းဖူးပွင့်လာသည့်ခဏမှာပင် သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားတစ်ခုက အဘက်ဘက်သို့ ဖြန့်ကြက်သွားလေသည်။ ကြာပန်း၏ အလယ်မှာ တာအိုသက်ရှိတစ်ပါးက ထိုင်နေ၏။

သူက နူးညံ့သိမ်မွေ့သော ရုပ်ရည်သွင်ပြင်ရှိပြီး အနက်ရောင်ဆံပင်များကို သူ၏ ပခုံးပေါ်မှာ ဖြန့်ချထားလေသည်။ သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေပြီး သူ၏ အရေပြားက မွေးကင်းစကလေးငယ်တစ်ယောက်ကဲ့သို့ နူးညံ့ကြည်လင်နေ၏။

တကယ်ဆို... ထိုလူ့ထံမှာ ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်ခုကပင် ဖြာထွက်နေ၏။

မွှေးရနံ့က အရမ်းကို သဘာဝဆန်ပြီး စိတ်ကိုပေါ့ပါးစေလေသည်။

ဘုန်း... ဘုန်း...

ဆူဇီမို၏ ဦးခေါင်းထဲသို့ အကန့်အသတ်မဲ့သော စွမ်းအားများက တလိပ်လိပ်တိုးဝင်လာပြီး သူ၏ ခန္ဓာကိုယ်၊ မျိုးဆက်သွေးနှင့် အနက်ရောင်ဆံပင် အ​မြုတေစိတ်ဝိညာဥ်ကိုပါ ဆေးကြောသန့်စင်ပေးလာ၏။

ဆူဇီမို၏ အော်ရာက အလျင်အမြန်မြင့်တက်လာနေ၏။

အန္တိမနတ်ဘုရားစွမ်းအားတစ်ခု၏ စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူသည် ပကတိအသွင်ပြောင်းလဲခြင်းတစ်ရပ်ကို ခံယူနေ၏။

တစ်ချိန်တည်းမှာပင် မျိုးနွယ်စုခေါင်းဆောင်များစွာနှင့် ဧကရာဇ်များစွာသည် ရှေးဟောင်းတိုက်ပွဲမြေမှာ တံခါးပိတ်ကျင့်ကြံရာနေ နိုးထလာပြီး လှမ်းမျှော်ကြည့်ရှုလိုက်ကြ၏။

“ဒီအော်ရာက...”

“တစ်ယောက်ယောက်ကတော့ ဧကရာဇ်အဖြစ်တက်လှမ်းနေပြီ”

မျိုးနွယ်စုခေါင်းဆောင်များးည် အိုးတိုးအမ်းတမ်းအမူအရာများနှင့်အတူ စုဝေးလာကြ၏။

“ကြည့်စမ်း... ဟိုမှာ...”

တစ်စုံတစ်ယောက်က အရပ်တစ်ဘက်သို့ လက်ညိုးထိုးပြလိုက်၏။

အစကတော့... အဲ့ဒီနေရာမှာ တိတ်ဆိတ်​ခြောက်ကပ်နေသော ကျတ်တီးမြေတစ်ခုသာလျှင် ရှိလေသည်။ သို့သော်လည်း ထိုစဉ်မှာပင် မရေမတွက်နိုင်သော သဘာဝပေါက်ပင်များက ထိုကျတ်တီးမြေမှာ ရူးသွပ်စွာ ကြီးထွားပေါက်ဖွားလာကြ၏။

တစ်ခဏချင်းမှာပင် ​ကျတ်တီးမြေက စိမ်းလန်းစိုပြည်သော နေရာတစ်ခုအဖြစ်ပြောင်းလဲသွားလေသည်။

“ထာဝရအသက်ဓာတ်”

မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က တည်တံ့စွာပြောလိုက်၏။

“အန္တိမနတ်ဘုရားစွမ်းအား ထာဝရအသက်ဓာတ်ကပဲ... ဒီလောက်ထိ သိပ်သည်းအားကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်လိမ့်မယ်”

အဲ့ဒါက ထိုနေရာတစ်ခုသာလျှင် မဟုတ်ပေ။ ရှေးဟောင်းတိုက်ပွဲမြေ၏ နေရာတိုင်းမှာပင် ဤကဲ့သို့တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုက ​ဖြစ်ပေါ်လာနေ၏။

အဆုံးမဲ့သော တောအုပ်ထဲမှာ မရေမတွက်နိုင်သော ရှေးဟောင်းသစ်ပင်များ၏ အကိုင်းအခတ်များက ဆန့်ကားထွက်လာပြီး သေတော့မည့်ဆဲဆဲ သစ်ပင်အချို့ကပင်လျှင် ပြန်လည်ရှင်သန်လာ၏။

နတ်ဆိုးမကျိ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူမ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်လေသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က သူမသည် လျှို့ဝှက်မရဏဂိုဏ်းမှ ဧကရာဇ်တစ်ပါး၏ လုပ်ကြံတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့လေသည်။ သူမသည် လှပသိမ်မွေ့ခြေလှမ်းများကိုသုံးပြီး မသေရုံတမယ် အနိုင်နိုင်ထွက်ပြေးလာခဲ့ရ၏။

ထိုအခိုက်အတန့်မှာ သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားတစ်ခုက သူမ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့လေသည်။ သူမ၏ ဒဏ်ရာများက မြင်နိုင်သောနှုန်းထားဖြင့် သက်သာပျောက်ကင်းလာ၏။

သူမ၏ အမြုတေစိတ်ဝိညာဥ်ဒဏ်ရာများပင်လျှင် အစိမ်းရောင်အော်ရာတစ်ခုဖြင့် အားဖြည့်ခြင်းခံလာရပြီး ၎င်းပြန်လည်သက်သာလာဖို့က အချိန်တစ်ခုသာလျှင် လိုတော့လေသည်။

နတ်ဆိုးမကျိက ရယ်မော၍ တီးတိုးရေရွတ်လိုက်၏။

“ဇီမို... အဲ့ဒါနင်မလား... နင်သတိထားရမယ် ဒီနှစ်တွေထဲမှာ သီယွီက နောက်ထပ်အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်သွားပြီ”

“သူက အခု... အန္တိမနတ်ဘုရားစွမ်းအားသုံးခုကို နားလည်ဆင်ခြင်ထားပြီး ဂမ္ဘီရဧကရာဇ်နဲ့ ယှဥ်နိုင်နေပြီ.... အခုဆို သူက နင့်ကိုအသည်းအသန်လိုက်ရှာနေတယ်... အဲ့ဒါက သူတစ်ယောက်တည်း မဟုတ်ဘူး... သူက လျှို့ဝှက်မရဏဂိုဏ်းက ဧကရာဇ်တစ်ပါးကိုပါ ဖိတ်ခေါ်ထားတယ်လို့ ငါကြားထားတယ်”

All Chapters