← Chapters

ဗုဒ္ဓနဂါးဆင်

Vol. 113 Ch. 1688

ဗုဒ္ဓနဂါးဆင်

Vol. 113 Ch. 1688

ရှေးဟောင်းတိုက်ပွဲမြေမှာ ထာဝရ အသက်ဓာတ် အန္တိမ နတ်ဘုရားစွမ်းအားက ဆင်းသက်လာပြီး အပင်များ အားလုံးက ကြီးထွားလာကြ၏။

“အဲဒီ ရုတ်ရုတ်သဲသဲ အခြေအနေက အရမ်းကို လွန်လွန်းမနေဘူးလား”

မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က တိတ်တဆိတ် ပြောစရာစကားမဲ့သွား၏။

“ထာဝရ အသက်ဓာတ်ကို နားလည်ဆင်ခြင်ပြီး ဧကရာဇ်ဖြစ်လာတဲ့ လူတွေကို ငါကြားဖူးပါတယ်.. ဒါပေမဲ့ အဲဒီမှာ အဲ့လောက်ထိ ကြီးမားတဲ့ သက်ရောက်မှုကတော့ ရှိမှာမဟုတ်ဘူး”

နောက်ထပ် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်က ဘာပဲပြောပြော ဖန်တီးခြင်း ကြာပဒုမ္မာပဲ.. ဖန်တီးခြင်း ကြာပဒုမ္မာက အပင်မျိုးနွယ်တွေရဲ့ နတ်ဘုရားတစ်ပါးပဲ… သူက ဒီလိုမျိုး ဖြစ်စဉ်တစ်ခုကို နှိုးဆွနိုင်ခဲ့တာ ယုတ္တိတန်ပါတယ်”

“ဟေး”

ထိုစဉ်မှာပင် ဘေးကနေ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ပြုံးလိုက်လေသည်။

“အထီးကျန်သိုင်းသခင်က ထာဝရ အသက်ဓာတ်ကို နားလည်ဆင်ခြင်ပြီး အခု ဧကရာဇ်တစ်ပါး ဖြစ်လာပြီဆိုပေမဲ့ သူက သိပ်ပြီး စွမ်းအားကြီးဦးမှာ မဟုတ်ဘူး.. ထာဝရ အသက်ဓာတ်က နောက်ဆုံးမှာတော့ ကုသခြင်း အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုပဲ”

“မင်း ဘာသိလို့လဲ”

ဘေးမှာရှိသော နောက်ထပ် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က လှောင်ရယ်လိုက်၏။

“ထာဝရ အသက်ဓာတ်က ကုသခြင်း နတ်ဘုရားစွမ်းအားတစ်ခု ဆိုပေမဲ့ အဲဒီ အန္တိမ နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားတာက မသေနိုင်တဲ့ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားတာနဲ့ တူညီသလောက်နီးပါးပဲ”

“ထာဝရ အသက်ဓာတ်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက ဒဏ်ရာတွေကို ကုသပေးနိုင်ရုံတင်မကဘူး.. အဲဒါကို လှည့်ပတ်လိုက်တာနဲ့ အဲဒီ နတ်ဘုရားစွမ်းအားက ကုန်ခမ်းသွားတဲ့ သွေးချီတွေနဲ့ အမြုတေစိတ်ဝိညာဉ်ကိုပါ အချိန်တိုအတွင်း ပြန်ပြီးကုသပေးနိုင်တယ်”

“အား..”

ဘေးကနေ မျိုးနွယ်စုခေါင်းဆောင်များက တုန်လှုပ်သွားကြ၏။

အလွန့်အလွန် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကသာလျှင် အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်နိုင်တော့မည်ဟု ဆိုလိုလေသည်။

မဟုတ်ပါက.. ထာဝရ အသက်ဓာတ်နှင့်အတူ အထီးကျန်သိုင်းသခင်ကို သေအောင် သတ်နိုင်ဖို့က အင်မတန် ခဲယဉ်းသွားပေလိမ့်မည်။

ဘုန်း.. ဘုန်း..

ထိုစဉ်မှာပင်.. နောက်ထပ် တုန်ခါမှုတစ်ခုက မြောက်အရပ်၏ ထောင့်တစ်နေရာကနေ ထွက်ပေါ်လာ၏။

ပို၍ပင် စီးပိုးခြယ်လှယ်နိုင်စွမ်းရှိသော စွမ်းအားတစ်ခုက မြောက်ဘက်အရပ်ကနေ ပေါက်ကွဲထွက်ပေါ်လာပြီး ကြီးမားသော ရှေးဟောင်းတိုက်ပွဲမြေတစ်ခုလုံးကို ဖြန့်ကြက်ကာ ပညာရှင်များစွာ၏ အကြည့်များကို ဆွဲဆောင်မိသွား၏။

“ဂါး..”

မြောက်အရပ် ကောင်းကင်ထက်မှာ နတ်နဂါးများက တစ်ကောင်ပြီးတစ်ကောင် ကခုန်နေကြ၏။ သူတို့သည် သူတို့၏ ဦးခေါင်းများကို မော့ပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်ကာ လောကကို လှုပ်ခါစေပြီး နဂါးဟိန်းသံများကို ဆက်တိုက်ထုတ်ဖော်နေကြ၏။

“ဘာတွေဖြစ်နေတာလဲ”

“ရှေးဟောင်းတိုက်ပွဲမြေမှာ ဘာလို့ နဂါးတစ်ကောင် ပေါ်ထွက်လာတာလဲ”

“အဲဒါက အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကနေ ဆင့်ခေါ်ထားတဲ့ နတ်နဂါးတွေ ဖြစ်ရမယ်.. နောက်ထပ်တစ်ယောက်က ဧကရာဇ်တစ်ပါး ဖြစ်လာပြန်ပြီလား”

“ဝူး…”

ထိုစဉ်မှာပင်.. နဂါးဟိန်းသံအောက်မှာ နောက်ထပ် နက်ရှိုင်း၍ စွမ်းအားကြီးမားသော ဟိန်းဟောက်သံတစ်သံ ပေါက်ကွဲထွက်ပေါ်လာ​ပြီး အဲဒါက နဂါးဟိန်းသံထက် ပို၍ အားမနည်းပေ။

မျိုးနွယ်စုခေါင်းဆောင်များစွာ၏ အကြည့်အောက်မှာ မြောက်အရပ် မိုးကောင်းကင်ထက်၌ နတ်ဆင်များစွာက ပေါ်ထွက်လာလေသည်။ သူတို့သည် သူတို့၏ ကြီးမားသော ခန္ဓာကိုယ်များကို​ ယိမ်းထိုးပြီး လေထဲမှာ ​လျှောက်လှမ်းကာ သူတို့၏ နှာမောင်းများကို လွှဲ၍ ကောင်းကင်ထက်သို့ အော်မြည်ဟစ်ကြွေးနေကြ၏။

နတ်နဂါးများနှင့် နတ်ဆင်များက ပေါ်ထွက်လာခဲ့လေသည်။

မြောက်အရပ် မိုးကောင်းကင်သည် နဂါးများနှင့် ဆင်များ၏ စွမ်းပကားကြောင့် အနည်းငယ် တုန်ခါသွားလေသည်။

“ဒီလောက် စွမ်းအားကြီးမားတဲ့ သက်ရှိတွေကို ဆင့်ခေါ်နိုင်တာ ဘယ်လို အန္တိမ နတ်ဘုရားစွမ်းအားပါလိမ့်”

မျိုးနွယ်စုခေါင်းဆောင်များစွာက လှုပ်လှုပ်ရှားရှား ဖြစ်လာကြ၏။

ရုတ်တရက်ဆိုသလို…

“ဥုံ.. မာ.. ဏီ.. ပါ.. မီ.. ဟုန်”

မြောက်ဘက်အရပ်ကနေ နဂါးများနှင့် ဆင်များ၏ ဟိန်းဟောက်သံအောက်တွင် နောက်ထပ် မြင့်မြတ်ထည်ဝါသော ဂါထာမန္တန် အသံတစ်ခုကလည်း အဆက်မပြတ် ထွက်ပေါ်လာ၏။

အဲဒါသည် ကီလိုမီတာထောင်ချီ ဝေးကွာသော်လည်း မျိုးနွယ်စုခေါင်းဆောင်များစွာက အဲဒါကို ရှင်းလင်းစွာ ကြားလိုက်ကြရ၏။

ဂါထာမန္တန် အသံက လူတိုင်း၏ နားထဲမှာ ပေါ်ထွက်လာသည့်အလားပင်။

မျိုးနွယ်စုခေါင်းဆောင်များစွာသည် ထိုမန္တန်အသံကို ကြားရသောအခါ တဖြည်းဖြည်း တည်ငြိမ်လာကြ၏။

သို့သော်လည်း သူတို့၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြည့်နှက်လာခဲ့၏။

ဤကဲ့သို့သော အကွာအဝေးတစ်ခုမှာပင်လျှင် ထိုအန္တိမ နတ်ဘုရားစွမ်းအားက သူတို့အပေါ် သက်ရောက်စေနိုင်လေသည်။

ထို့နောက် ချက်ချင်းပင်.. မျိုးနွယ်စုခေါင်းဆောင်များစွာသည် မနှိုင်းယှဉ်သာအောင် တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ကြရ၏။

အနောက်အရပ် မိုးကောင်းကင်ထက်မှာ မြင့်မားသော ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာပြီး နတ်ဆင်များနှင့် နဂါးများက သူတို့ကို ဝန်းရံလိုက်ကြလေသည်။

သူတို့သည် လွင့်မျောနေသော ကြာခုံများပေါ်မှာ ထိုင်ရင်း ဘုန်း​ကြီးသင်္ကန်းများကို ဝတ်ဆင်ကာ သူတို့၏ ဦးခေါင်းများထက်မှာ လျှို့ဝှက်ဆန်းကြယ်သော ရောင်ခြည်စက်ဝန်းများက ဖြာထွက်နေကြ၏။

ဗုဒ္ဓများက ဆင်းသက်လာခဲ့လေသည်။

ထိုဂါထာမန္တန်အသံကို ရှေးဟောင်းဗုဒ္ဓများက ရွတ်ဆိုလိုက်ခြင်း ဖြစ်၏။

ရှေးဟောင်းတိုက်ပွဲမြေရှိ ဧကရာဇ်များပင်လျှင် တုန်လှုပ်သွားရလေသည်။

“အဲဒါက ဘာအန္တိမ နတ်ဘုရားစွမ်းအားလဲ… ငါ့ရဲ့ ကျင့်ကြံမှု ဒီအဆင့်ထိ အဲဒါကို ငါတစ်ခါမှ မတွေ့မြင်ဖူးဘူး”

“အဲဒါက အရင်တုန်းက ရှေးဟောင်းတိုက်ပွဲမြေမှာ ပေါ်ထွက်လာခဲ့ဖူးမယ်လို့ ငါတော့မထင်ဘူး”

“ဗုဒ္ဓကျောင်းတော်တွေထဲက ဘယ်မျိုးနွယ်စုခေါင်းဆောင်ကများ ဧကရာဇ်တစ်ပါး ဖြစ်လာတာလဲ.. ဒီဘက်မျိုးဆက်ရဲ့ ဗုဒ္ဓကျောင်းတော်တွေထဲမှာ ဒီလို အရည်အချင်းမျိုးနဲ့ မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်ယောက် မရှိဘူး ထင်တယ်နော်”

ရှေးဟောင်းတိုက်ပွဲမြေ၏ နောက်ထပ် ထောင့်တစ်နေရာမှာ စစ်တုရင်ဧကရာဇ်နှင့် လင်းရွှမ်ကျီက မျက်နှာချင်းဆိုင်နေကြပြီး မြောက်ဘက်အရပ်သို့ လှည့်ကြည့်လိုက်ကြ၏။

ဤနှစ်များအတွင်း စစ်တုရင်ဧကရာဇ်သည် လင်းရွှမ်ကျီကို အမြဲတမ်း ဖမ်းဆီးပြီး သူနှင့် အတင်းအကျပ် စစ်တုရင် ကစားစေခဲ့လေသည်။

လင်းရွှမ်ကျီက ကျေနပ်မှု မရှိသော်လည်း သူတတ်နိုင်တာ ဘာမှ မရှိပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူတို့နှစ်ယောက်စလုံးကို ထိုမြင်ကွင်းက ဆွဲဆောင်သွားလေသည်။

“စီနီယာ စစ်တုရင်ဧကရာဇ်.. အဲ့လို နတ်ဘုရားစွမ်းအား မြင်ကွင်းမျိုးကို ခင်ဗျားတွေ့ဖူးလား”

လင်းရွှမ်ကျီက မေးလိုက်လေသည်။

“လုံးဝပဲ”

စစ်တုရင်ဧကရာဇ်က ခေါင်းခါပြလိုက်၏။

“ဗုဒ္ဓဝါဒအပေါ် အဲဒီလူရဲ့ အောင်မြင်ထွန်းပေါက်မှုက အထွတ်အထိပ်ကို ရောက်နေပြီပဲ”

လင်းရွှမ်ကျီက ခဏမျှ စဉ်းစားတွေးတောပြီးနောက်.. ရင်တစ်ချက်ထိတ်သွားလေသည်။

“ကျုပ်တို့ ဂိုဏ်းက ရှေးဟောင်း ဗုဒ္ဓဧကရာဇ်ရဲ့ မှတ်တမ်းတွေထဲမှာ ဆိုရိုးစကားတစ်ခုကို ကျုပ်ဖတ်ဖူးတယ်”

“အဲဒီမှာ ဗုဒ္ဓဝါဒရဲ့ လေးနက်သိမ်မွေ့မှုတွေကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်လာတဲ့အခါ အောင်မြင်ရရှိလာနိုင်တဲ့ အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု ရှိတယ်လို့ ဗုဒ္ဓဧကရာဇ်က ဆိုထားတယ်.. အဲဒါက ဗုဒ္ဓကျောင်းတော်တွေရဲ့ အသန်မာဆုံး နတ်ဘုရားစွမ်းအား ဖြစ်ပြီးတော့ အဲဒါကို ဗုဒ္ဓနဂါးဆင်လို့ ခေါ်တယ်”

“ဗုဒ္ဓနဂါးဆင်တဲ့လား”

စစ်တုရင်ဧကရာဇ်က ခေါင်းညိတ်လိုက်၏။

“အဲဒါဆိုရင်တော့ မှားစရာ မရှိတော့ဘူး.. အဲဒါက အဲဒီ နတ်ဘုရားစွမ်းအားပဲ ဖြစ်ရမယ်”

“တစ်ယောက်ယောက်က ဒီဘက်မျိုးဆက်မှာ ဗုဒ္ဓနဂါးဆင်ကိုတောင် ကျင့်ကြံလာနိုင်ပြီဆိုတော့..”

စစ်တုရင်ဧကရာဇ်က တစ်ဖန်ညည်းတွားရေရွတ်လိုက်၏။

“ရှေးဟောင်း ဗုဒ္ဓဧကရာဇ်ရဲ့ ဗုဒ္ဓဝါဒအပေါ် အောင်မြင်ထွန်းပေါက်မှုနဲ့တောင်မှ သူက အဲဒီ အန္တိမ နတ်ဘုရားစွမ်းအားကို မကျင့်ကြံနိုင်ခဲ့ဘူး”

“ထာဝရအသက်ဓာတ်ကို နားလည်ဆင်ခြင်ထားတဲ့ ဧကရာဇ်က အထီးကျန်သိုင်းသခင် ဖြစ်မယ်ဆိုရင် အဲဒီလူက ဘယ်သူဖြစ်မလဲ”

စစ်တုရင်ဧကရာဇ်က ထပ်မေးလိုက်၏။

“အဲဒါ သူပဲ”

ရုတ်တရက်.. လင်းရွှမ်ကျီ၏ စိတ်ထဲသို့ ပုံရိပ်တစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာပြီး သူက လွှတ်ခနဲ ပြောဆိုလိုက်၏။

စစ်တုရင်ဧကရာဇ်ကလည်း နားလည်သဘောပေါက်သွားပုံရပြီး ပြောလိုက်လေသည်။

“မင်းက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က အဆင့်တစ်.. အဖြူရောင်ဝတ် အမျိုးသား သူရိယစန္ဒာကို ပြောချင်တာလား”

“အဲဒါ သူပဲဖြစ်ရမယ်”

လင်းရွှမ်ကျီက ပြောလိုက်၏။

“ဒီလောက် အချိန်တိုအတွင်းမှာ ဧကရာဇ်တစ်ပါး ဖြစ်လာပြီး ညီအစ်ကိုဆူနဲ့ ယှဉ်နိုင်တာက အဲဒီလူက လွဲရင် တခြား ဘယ်သူမှ မရှိနိုင်ဘူး”

“ဒါပေမဲ့ သူက ဘုန်းကြီးတစ်ပါးမှ မဟုတ်တာ”

စစ်တုရင်ဧကရာဇ်က ခေါင်းခါပြလိုက်၏။

“သူက အရင်တုန်းက ဘုန်းကြီးတစ်ပါး ဖြစ်ခဲ့ရင်လည်း ဖြစ်ခဲ့မှာပေါ့”

လင်းရွှမ်ကျီကလည်း တွေဝေတုံ့ဆိုင်းသွား၏။

ဘာပဲပြောပြော.. စောစောက သူ၏ ခန့်မှန်းချက်သည် မည်သည့် အချက်အလက်မှ မပါရှိဘဲ သူ၏ ဝမ်တွင်းအသိစိတ်တစ်ခုမျှသာ ဖြစ်လေသည်။

“ဒါပေမဲ့.. ဒီဘက်မျိုးဆက်မှာ ဗုဒ္ဓကျောင်းတော်တွေက ပြိုင်စံရှားတွေ အားလုံးကို ငါတွေ့ဖူးတယ်… သူတို့မှာ အဲ့လိုလူမျိုး မရှိဘူး”

စစ်တုရင်ဧကရာဇ်က ပြောလိုက်လေသည်။

“ငါတို့က အတိတ်ကာလကို ပြန်သွားကြည့်မယ်ဆိုရင်တောင် ပြီးခဲ့တဲ့ နှစ်တစ်သိန်းအတွင်း အဲ့လိုမျိုး အောင်မြင်ထွန်းပေါက်မှုကို ရရှိထားတဲ့ ဗုဒ္ဓတပည့်ဂိုဏ်းသား တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး”

လင်းရွှမ်ကျီက ခေါင်းညိတ်၍ သာမန်ကာလျှံကာ ပုံစံဖြင့် ပြောလိုက်လေသည်။

“အမှန်ပဲ.. လွန်ခဲ့တဲ့ နှစ်လေးသောင်းက အဲဒီကိုယ်တော်က မသေခဲ့ဘူးဆိုရင်တော့ သူက အဲဒါကို အောင်မြင်ရရှိကောင်း ရရှိနိုင်လာလိမ့်မယ်”

ထိုသို့ပြောပြီးနောက်.. လင်းရွှမ်ကျီက ရုတ်တရက် ငေးမောမှင်တက်သွားလေသည်။

“သူရိယစန္ဒာ.. မင်း.. တာမင်း..”

လင်းရွှမ်ကျီ၏ စိတ်ထဲသို့ ရူးသွပ်သော အတွေးတစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာ၏။

“အဲဒါ သူများ ဖြစ်နေမလား”

လင်းရွှမ်ကျီသည် စစ်တုရင်ဧကရာဇ်ကို ကြည့်ပြီး တည်တံ့စွာဖြင့် ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်လေးသောင်းက ကိုယ်တော်တာမင်း”

“မဖြစ်နိုင်တာ”

စစ်တုရင်ဧကရာဇ်က ခေါင်းခါပြလိုက်၏။

“အဲဒီလူက လွန်ခဲ့တဲ့ နှစ်လေးသောင်းကတည်းက သေသွားခဲ့ပြီပဲ”

“တစ်ခုခုတော့ လွဲနေတယ်”

လင်းရွှမ်ကျီက ပြောလိုက်၏။

“ကိုယ်တော်တာမင်းက တာအိုအရှင် သွေးမိစ္ဆာနဲ့ တိုက်ခိုက်ပြီး နှစ်ယောက်စလုံးက ပျောက်ဆုံးသွားကြတယ်.. အဲဒါကြောင့်ပဲ သူသေပြီလို့ လူတိုင်းက တွေးခဲ့ကြတာ… တကယ်တော့ သူ မသေသေးတာလည်း ဖြစ်နိုင်တာပဲ”

“သူ မသေခဲ့ဘူးဆိုရင် ပြီးခဲ့တဲ့ နှစ်လေးသောင်းလုံးလုံး သူက ဘယ်ကို ရောက်နေတာလဲ”

စစ်တုရင်ဧကရာဇ်က ထပ်မေးလိုက်၏။

“သူက နှစ်လေးသောင်းကြာအောင် ငြိမ်သက်နေပြီး ပေါ်ထွက်မလာခဲ့ဘူးဆိုတာကလဲ အဓိပ္ပာယ် သိပ်မရှိဘူး”

စစ်တုရင်ဧကရာဇ်က အဲဒါကို လက်မခံနိုင်သေးပေ။

“​တကယ်ပဲ အဲဒါကို ရှင်းပြဖို့က မဖြစ်နိုင်ဘူး”

လင်းရွှမ်ကျီက ပြောလိုက်၏။

“ဒါပေမဲ့.. အဲဒီ အဖြူရောင်ဝတ်လူက ကိုယ်တော်တာမင်း ဖြစ်မယ်လို့ ကျုပ် သံသယဝင်နေပြီ”

“မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာတုန်းက တစ်စုံတစ်ယောက်က လူသားမျိုးနွယ်ကို ကူညီဖို့အတွက် လူသားဧကရာဇ် ကြေးမုံကို ထိန်းချုပ်ပြီး လူသားဧကရာဇ်ရဲ့ ပုံရိပ်ယောင်ကို​ ဆင့်ခေါ်ခဲ့တယ်.. အရင်တုန်းက လူသားဧကရာဇ် ကြေးမုံကို အမွေဆက်ခံရရှိခဲ့တဲ့သူက ကိုယ်တော်တာမင်းပဲ”

စစ်တုရင်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်၏။

“ဒါပေမဲ့.. သူက ကိုယ်တော်တာမင်းဆိုရင် သူက သူ့ရဲ့ သရုပ်သကန်ကို ဘာလို့ ဖုံးကွယ်ပြီး သူ့ရဲ့ မျက်နှာကို သူ့ရဲ့ ဆံပင်ရှည်တွေနဲ့ ဖုံးအုပ်ထားရတာလဲ”

“အဲဒါတော့ ကျုပ်လည်း မပြောတတ်ဘူး”

လင်းရွှမ်ကျီက ခေါင်းခါပြလိုက်၏။

“ဒါပေမဲ့ အဲဒီ လျှို့ဝှက်ဆန်းကြယ်မှုက မကြာခင် ပေါ်ထွက်လာတော့မယ်လို့တော့ ကျုပ်ယုံတယ်”

All Chapters