← Chapters

ကြီးမားသောတိုက်ပွဲ

Vol. 113 Ch. 1689

ကြီးမားသောတိုက်ပွဲ

Vol. 113 Ch. 1689

ဤနှစ်များမှာ သီယွီသည် အလျှော့မပေးဘဲ ဆူဇီမိုကို သဲကြီးမဲကြီးရှာဖွေနေခဲ့၏။ သူသည် ထွက်ပြေးလွတ်မြောက်လာပြီးနောက် သူ၏ စိတ်က တည်ငြိမ်လာသောအခါ လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းပေါ်ရှိ သတ်ဖြတ်ခြင်းစကားလုံးများက သေချာပေါက်ပျက်ပြယ်သွားမည်ဖြစ်ပြီး သူ့အပေါ် ခြိမ်းခြောက်နိုင်စွမ်းမရှိတော့မည်ကို သူက နားလည်သဘောပေါက်သွားဖို့ သိပ်မကြာလိုက်ပေ။

သီယွီက ရူးသွပ်နေခြင်း မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် အဲ့ဒါသည် သူ၏ တစ်ခုတည်းသော အခွင့်အရေးဆိုတာကို သီယွီက သူ၏ ရင်ထဲမှာ သိထားလေသည်။ သူသည် အထီးကျန်သိုင်းသခင် ဧကရာဇ်တစ်ပါးဖြစ်မလာခင် မသတ်ဖြတ်နိုင်ဘူးဆိုပါက အထီးကျန်သိုင်းသခင် ဧကရာဇ်တစ်ပါးအဖြစ် ပြန်လည်ပေါ်ထွက်လာမည့်နေ့က သူသေရမည့်နေ့ ဖြစ်နေပေလိမ့်မည်။

အထီးကျန်သိုင်းသခင်က သူ့ကို သေချာပေါက်လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ သူသိထားလေသည်။ အထီးကျန်သိုင်းသခင်ကို ရှာဖွေဖို့အတွက် သူသည် လျှို့ဝှက်ဧကရာဇ်ကိုပင် ဖိတ်ခေါ်ထားခဲ့လေသည်။

အိုအေစစ်တစ်ခု၏ အထက်မှာ သီယွီသည် လေထဲမှာ မတ်တတ်ရပ်နေပြီး သုန်မှုန်သော အမူအရာတစ်ခုနှင့်အတူ ဆူဇီမိုရှိရာဘက်သို့ ကြည့်နေ၏။

“အထီးကျန်သိုင်းသခင်က ဧကရာဇ်တစ်ပါးဖြစ်လာပြီ... ငါတို့အတွက်အခွင့်အရေးမရှိတော့ဘူး.. သီယွီ မင်းလက်လျှော့လိုက်တော့”

ထိုစဥ်မှာပင် သူ့ဘေးရှိလေဟာနယ်ထဲမှ အသံတစ်ခုက ထွက်ပေါ်လာသော်လည်း ပုံရိပ်ကိုတော့ မတွေ့မြင်ရပေ။

အိုအေစစ်၏ အထက်မှာ လူတစ်ယောက်တည်းမဟုတ်ဘဲ နှစ်ယောက်ဖြစ်လေသည်။

သို့သော်လည်း အခြားတစ်ယောက်၏ လမ်းကြောင်းသည် မည်သည့်ချို့ယွင်းချက်မှ မရှိဘဲ လောကနှင့် လုံးဝပေါင်းစည်းနေ၏။

လျှို့ဝှက်မရဏဂိုဏ်း.... လျှို့ဝှက်ဧကရာဇ်...။

သီယွီက ခေါင်းခါပြလိုက်၏။

“မဟုတ်သေးဘူး... အဲ့ဒီမှာ အခွင့်အရေးတစ်ခုရှိသေးတယ်... အထီးကျန်သိုင်းသခင်က ကုသခြင်းနတ်ဘုရားစွမ်းအားတစ်ခုကိုပဲ နားလည်ဆင်ခြင်ထားတာ... သူက ငါတို့အပေါ်ကို မခြိမ်းခြောက်နိုင်ဘူး ငါတို့က ပူးပေါင်းလိုက်တာနဲ့ အထီးကျန်သိုင်းသခင်ကို သေချာပေါက်သတ်ဖြတ်နိုင်လိမ့်မယ်”

လျှို့ဝှက်ဧကရာဇ်က သူ၏ ခေါင်းကိုညင်သာစွာ ခါယမ်းလိုက်၏။

“ငါက ငါ့ဘဝရဲ့ နှောင်းပိုင်းအရွယ်ကို ရောက်နေပြီ... ဒီလိုမျိုးအန္တရာယ်ကို ငါထပ်ပြီး မစွန့်စားချင်တော့ဘူး”

“လျှို့ဝှက်ဧကရာဇ်... ဘာမှမပူနဲ့”

သီယွီကပြောလိုက်၏။

“ငါတို့အပြင် အလောင်းဧကရာဇ်ကလည်း တိုက်ခိုက်လာလိမ့်မယ်... ငါတို့က ထောင်ချောက်တစ်ခုကို သေသေချာချာပြင်ဆင်ပြီး ခင်းကျင်းနိုင်တာနဲ့ အထီးကျန်သိုင်းသခင်က သေချာပေါက်သေရလိမ့်မယ်”

“နောက်ပြီး... မင်းက မအောင်မြင်ဘူးဆိုရင်တောင်မှ အဲ့ဒါက မင်းအပေါ် လုံးဝသက်ရောက်မှာ မဟုတ်ဘူး... မင်းရဲ့အစွမ်းအစနဲ့ဆို မင်းသာတမင်ပုန်းကွယ်နေရင် ဒီလောကမှာ ဘယ်သူကများ မင်းကိုရှာဖွေနိုင်မှာလဲ”

“အထီးကျန်သိုင်းသခင်က ကြီးမားတဲ့ရတနာသိုက်တစ်ခုပဲ... ငါတို့က အနိုင်ရတာနဲ့ သူပိုင်ဆိုင်ထားသမျှ ရတနာတွေကို ခွဲဝေယူကြမယ်...ဖန်တီးခြင်းကြာပဒုမ္မာက ကောင်းကင်နဲ့မြေကြီးရဲ့ ဖန်တီးခြင်းကိုခိုးယူထားတာပဲ... မင်းက အဲ့ဒီကြာစေ့တွေကိုစားနိုင်မယ်ဆိုရင် မင်းရဲ့ဘဝသက်တမ်းကလည်း တိုးလာရင်တိုးလာလိမ့်မယ်”

ခဏကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် လေထဲကနေ အသံတစ်သံထွက်ပေါ်လာ၏။

“ဟုတ်ပြီလေ”

. . . .

အစိမ်းရောင်ကြာခုံပေါ်တွင် ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။

သူသည်လည်းပဲ... အနောက်အရပ်မှလာသော စွမ်းအားကြီးမားသည့်အော်ရာကို ခံစားမိလေသည်။

စစ်ဆေးကြည့်စရာမလိုအောင်ပင် အဲ့ဒါက ကိုယ်တော်တာမင်းဆိုတာကို သူသိလိုက်လေသည်။

သူသည် ဧကရာဇ်တစ်ပါးဖြစ်လာပြီးနောက် ကိုယ်တော်တာမင်းကလည်း ထပ်ကြပ်မကွာလိုက်ပါလာခဲ့၏။

အဲ့ဒါသည် သူဧကရာဇ်အဖြစ်တက်လှမ်းလာခြင်းအပေါ် ကိုယ်တော်တာမင်း၏ တုံ့ပြန်မှုဖြစ်သည်ဆိုတာကို သိလိုက်လေသည်။

ကိုယ်တော်တာမင်း၏ မာန်မာနအရ သူက အခြားသူများကို ဘယ်လိုလုပ်အလျှော့ပေးနိုင်ပါ့မလဲ။

ဆူဇီမိုသည် ဖြည်းဖြည်းချင်းထရပ်ပြီး ဖန်တီးခြင်းကြာခုံက အလင်းရောင်ခြည်များအဖြစ်ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားလေသည်။

မနှိုင်းယှဥ်သာအောင် စွမ်းအားကြီးမားသော အင်အားတစ်ခုက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွင်းမှာ ဂယက်ထလာပြီး အပြင်ဘက်သို့ လျှံတက်လာလေသည်။ ဆူဇီမိုသည် ကောင်းကင်ထက်သို့မော့ကာ မာန်ဖီဟိန်းဟောက်လိုက်လေသည်။

အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ပြီးနောက် အန္တိမနတ်ဘုရားစွမ်းအားတစ်ခု၏ စွမ်းအားသည် သူ၏ ခန္ဓာကိုယ် ၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဥ်တို့ကိုပင် သိသိသာသာပြောင်းလဲသွားစေလေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စွမ်းအားက အနည်းဆုံး နှစ်ဆဖြစ်လာခဲ့၏။

သာမန် ၊ အဆင့်မြင့်နှင့် အန္တိမနတ်ဘုရားစွမ်းအားများ၏ ဆေးကြောသန့်စင်မှုအောက်မှာ ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့် ၈ ၏ အထွတ်အထိပ်သို့ အမှန်တကယ်ပင် တက်လှမ်းလာခဲ့၏။

ကံဆိုးစွာနှင့်ပင် ဖန်တီးခြင်းကြာပဒုမ္မာက အဆင့် ၉ သို့ ချိုးဖျက်တက်လှမ်းနိုင်ခြင်း မရှိသေးပေ။

ထိုသို့ဆိုလျှင်တောင် အဆင့် ၈ အထွတ်အထိပ် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဧကရာဇ်လက်နက်များကို ထိပ်တိုက်ရင်ဆိုင်ဖို့ လုံလောက်လေသည်။

ဆူဇီမို၏ ဟိန်းဟောက်သံသည် သူ၏ အမျက်ဒေါသကို ဖွင့်ထုတ်ဖို့သာမကဘဲ စစ်ကြေညာလိုက်ခြင်းလည်း ဖြစ်လေသည်။

နတ်ဆိုးမကျိ၏ ဒဏ်ရာများကနေ လျှို့ဝှက်မရဂိုဏ်း၏ နတ်ဘုရားစွမ်းအားများနှင့် ဓမ္မပညာရပ်များ၏ အကြွင်းအကျန်အော်ရာကို သူက ခံစားမိနိုင်၏။

သူသည် သီယွီ ၊ လျှို့ဝှက်ဧကရာဇ်နှင့် သူ့ကို သတ်ချင်နေသည့် အခြားသူတိုင်းကို စစ်ကြေညာလိုက်ခြင်းဖြစ်လေသည်။

ယခု ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ခွာလာသောအခါ သီယွီက သူ့ကို အရင်စ၍ တကူးတကလာမရှာလျှင်တောင် သူက သီယွီကို ရှာဖွေပြီး သူ၏ အငြိုအတေးအားလုံးကို ဖြေရှင်းပေလိမ့်မည်။

ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ခွာလာပြီး သူ၏ အော်ရာကို လုံးဝဖုံးကွယ်ခြင်းမရှိဘဲ ခြေလှမ်းကျဲများနှင့်အတူ အနောက်ဘက်အရပ်သို့ ဦးတည်သွားလေသည်။

“အထီးကျန်သိုင်းသခင်က အခု ဧကရာဇ်တစ်ပါးဖြစ်လာပြီဆိုတော့... သူ့ရဲ့ဩဇာအာဏာကို တည်ဆောက်တော့မယ်”

“သူ့နောက်ကိုမြန်မြန်လိုက်ကြ... အဲ့ဒီမှာ ကြီးမားတဲ့ တိုက်ပွဲတစ်ခုဖြစ်လာလိမ့်မယ်”

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာသည် ဆူဇီမိုနောက်သို့ ထပ်ကြပ်မကွာလိုက်ပါလာကြ၏။

သူတို့၏ လှုပ်ရှားမှုနည်းစနစ်များက ဆူဇီမိုကို မယှဥ်နိုင်သော်လည်း ထိုသူ၏ အော်ရာက ပစ်လွင့်ထွက်ပေါ်လာနေပြီး အစိမ်းရောင်အလင်းရောင်ခြည်များက သူ၏ ဦးခေါင်းထက်ကနေ လျှံတက်နေ၏။

မျိုးနွယ်စုခေါင်းဆောင်များသည် ထိုအစိမ်းရောင်အလင်းနောက်သို့ ပြေးလိုက်ခြင်းဖြင့် လမ်းမှားစရာ မရှိတော့ပေ။

လေးနာရီကြာပြီးနောက်...

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။

မိုးကုပ်စက်ဝိုင်းတစ်နေရာကနေ အလွန်တရာဆိုးယုတ်သော သွေးအလင်းတန်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ထိုးတက်ကာ သူ၏ အစိမ်းရောင်အလင်းရောင်ခြည်ဖြင့် ထိခတ်သွားလေသည်။

သီယွီက ဤနေရာမှာ ရှိနေလေသည်။

ဒုန်း...

ထိုစဥ်မှာပင် နောက်ထပ်အရပ်တစ်ဘက်ကနေ တစ်စုံတစ်ယောက်သည် ကောင်းကင်ဘုံစည်တစ်ခုကို တီးခတ်လိုက်သည့်အလား ကျယ်လောင်သောမြည်သံတစ်ခု ပေါ်ထွက်လာပြီး မြေပြင်က တုန်ခါသွားလေသည်။

ဆူဇီမိုက ဘေးတိုက်တစ်ချက်လှည့်ကြည့်လိုက်၏။

ရုတ်တရက်... အရပ်အမောင်းမြင့်မား၍ တောင့်တင်းခိုင်မာသော ပုံရိပ်တစ်ခုသည် မိုးကုပ်စက်ဝိုင်းတစ်နေရာကနေ ခုန်တက်လာခဲ့၏။

ထိုပုံရိပ်သည် သူ၏ ပခုံးပေါ်မှာ ဧရာမ ကြေးခေါင်းတလားတစ်ခုကို ထမ်းထားပြီး ဆူဇီမိုရှိရာသို့ ပြေးဝင်လာနေလေသည်။

ထိုပုံရိပ်သည် လမ်းလျှောက်လာခြင်းနှင့် မတူပေ။ ထိုအစား သူက ခုန်ပေါက်၍ လာနေခြင်းဖြစ်၏။

တစ်ချက်ခုန်လိုက်တိုင်း ၎င်းသည် ပေပေါင်းများစွာ ဖြတ်ကျော်လာနေပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းပြီးနောက် နောက်တစ်ဖန် ခုန်တက်လိုက်၏။

စောစောက ထွက်ပေါ်လာသောအသံသည် ထိုလူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သောအသံဖြစ်လေသည်။

ထိုလူ ရောက်မလာခင်မှာပင် ဆူဇီမိုသည် ပုပ်သိုးနေသော အလောင်းကောင်များ၏ အော်ဂလီဆန်ချင်စရာအနံ့ကို ရရှိနေလေပြီ။

“အလောင်းဧကရာဇ်လား”

ဆူဇီမိုက အမူအရာကင်းမဲ့နေ၏။

ယနေ့... သီယွီနှင့် အလောင်းဧကရာဇ်ကို မပြောနှင့် ဧကရာဇ်ဆယ်ပါး ရောက်ရှိလာမည်ဆိုလျှင်တောင် သူက ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။

“မင်းက အထီးကျန်သိုင်းသခင်လား... အသားအရေက နုနုနယ်နယ်နဲ့ ဘာမှလဲ ဟုတ်တဲ့ပုံ မပေါ်ပါဘူး... ဟီးဟီး”

သူ၏ ခေါင်းတလားကို သယ်ဆောင်ထားရင်း အလောင်းဧကရာဇ်သည် မလှမ်းမကမ်းကနေ ရောက်ရှိလာ၏။

သူသည် ဆူဇီမိုကို စိုကိကြည့်ပြီး သူ၏ ထက်ရှသော ဝါကျင့်ကျင့်သွားများ အတန်းလိုက်ပေါ်ထွက်လာသည်အထိ ပြုံးပြလိုက်၏။

သီယွီကလည်း ရောက်ရှိလာခဲ့လေပြီ။

သူ၏ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကျင့်ကြံခြင်းသည် ပေါက်ကြားသွားခဲ့ပြီးပြီဖြစ်ပြီး သူက အဲ့ဒါကို ဆက်လက်၍ ဖုံးကွယ်မထားတော့ပေ။

“မင်းတို့နှစ်ယောက်ပဲလား”

အထီးကျန်သိုင်းသခင်သည် မှင်သေသေအမူအရာနှင့်အတူ သူတို့နှစ်ယောက်ကိုကြည့်ပြီး မေးလိုက်လေသည်။

“ငါတို့နှစ်ယောက်က မင်းကိုသတ်ဖို့ လုံလောက်တယ်”

သီယွီက ဖြည်းဖြည်းချင်းပြောလိုက်၏။

“အထီးကျန်သိုင်းသခင်... မင်းက ထာဝရအသက်ဓာတ်ကို ကျင့်ကြံနိုင်တာနဲ့ပဲ... အဆင့်တူခြင်းမှာ ပြိုင်ဘက်ကင်းနေပြီလို့ မင်းကိုယ်မင်းထင်နေတာလား... ငါမင်းကိုပြောလိုက်မယ်... မင်းကအဲ့ဒီအဆင့်ကို ရောက်ဖို့အဝေးကြီးလိုသေးတယ်”

“သတ်”

သီယွီက အော်ငေါက်လိုက်လေသည်။

သူသည် သူ၏ သိုလှောင်အိတ်ထဲကနေ မြင်းမြီးကျာပွတ်ကို ဆွဲထုတ်ပြီး ဆူဇီမိုရှိရာသို့ လေဟာနယ်ကနေတစ်ဆင့် လွှဲရိုက်ချလိုက်လေသည်။

ငွေရောင်ချည်မျှင်သုံးထောင်က ထက်ရှသော ဓားသွားများအသွင်ပြောင်းလဲသွားသည်ဟုထင်ရပြီး ဆူဇီမိုကိုဆုတ်ဖြဲပစ်ချင်နေ၏။

“ဟီးဟီး..”

မှင်သေသေအမူအရာနှင့်ပင် ဆူဇီမိုက သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး ဓားကွက်တစ်ခုကို ဆင့်ခေါ်ကာ သီယွီရှိရာသို့ ခုတ်ပိုင်းချလိုက်၏။

ဇီ... ဇီ... ဇီ...

ချက်ချင်းပင် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ သုံးထောင်က သူ၏ ဓားလက်ညိုးကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ငွေရောင်ချည်မျှင်သုံးထောင်နှင့် ထိတွေ့ရိုက်ခတ်သွားလေသည်။ သူတို့ထိတွေ့ရိုက်ခတ်သည့်ခဏမှာပင် ငွေရောင်ချည်မျှင်သုံးထောင်က ကောင်းကင်သတ်ဖြတ်ခြင်းဓားချီဖြင့် ဖြတ်တောက်ခြင်းခံလိုက်ရလေသည်။

ကောင်းကင်သတ်ဖြတ်ခြင်းဓားချီသုံးထောင်က အလျင်အဟုန်ကိုဆန်တက်ပြီး သီယွီရှိရာသို့ ပစ်ဝင်လာခဲ့လေသည်။

ရွှစ်...

နက်မှောင်နေသောအရိပ်တစ်ခုက ဘေးကနေ ပစ်လွင့်လာပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားချီသုံးထောင်ကို ပိတ်ဆို့တားဆီးလိုက်လေသည်။

ချွင်... ချွင်...

ဓားချီသုံးထောင်က အနက်ရောင်အရိပ်နှင့် ထိတွေ့ရိုက်ခတ်ပြီး မီးပွားများနှင့်အတူ သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာ၏။

ဘေးဘက်မှာရှိသော အလောင်းဧကရာဇ်က သူ့လက်ထဲရှိ ဧရာမခေါင်းတလားကို ပစ်ထုတ်ကာ ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီသုံးထောင်ကို ပိတ်ဆို့တားဆီးပေးလိုက်ခြင်းဖြစ်လေသည်။

“ဂါး...”

ဓားချီသုံးထောင်က ရှေးဟောင်းခေါင်းတလားနှင့် ထိတွေ့သောအခါ အထဲကနေ ဒေါသတကြီးဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာပြီး အလွန်တရာ ကြမ်းကြုတ်ခက်ထန်သော တည်ရှိမှုတစ်ခုက နိုးထလာသည့်အလားပင်။

ဘုန်း... ဘုန်း...

သိပ်သည်းပြင်းထန်သော အားတစ်ခုက ခေါင်းတလားကိုရိုက်ခတ်ပြီးခေါင်းတလားအဖုံးကို လွင့်စင်ထွက်သွားစေလေသည်။

အသားပြားတောင်ပံများပါရှိသည့် တိုက်ပွဲဝင် အလောင်းတစ်လောင်းက ခေါင်းတလားထဲကနေ ခုန်ထွက်လာ၏။ ၎င်းက အရပ်အမောင်းမြင့်မားပြီး အစိမ်းရောင်မျက်နှာနှင့် ပြူထွက်နေသော သွားစွယ်များရှိလေသည်။ ၎င်း၏ အစိမ်းရောင်လျှာက အလွန်တရာရှည်လျားပြီး ၎င်း၏ ပါးစပ်ထဲကနေ ချွဲကျိကျိသွားရည်များက တမျှားမျှားကျနေ၏။

အဲ့ဒါသည် ယက္ခမျိုးနွယ်ဝင်အလောင်းတစ်လောင်းဖြစ်လေသည်။

All Chapters