← Chapters

အရှေ့ဘက်စီရင်စု စုဝေးပွဲသို့ ဆင့်ခေါ်ခြင်း

Vol. 6 Ch. 71

အရှေ့ဘက်စီရင်စု စုဝေးပွဲသို့ ဆင့်ခေါ်ခြင်း

Vol. 6 Ch. 71

ဖုန့်ချန်းတစ်ယောက် ဖုန့်အိမ်တော်သို့ပြန်ရောက်ရှိသည်မှာ ရက်အတော်ပင်ကြာခဲ့လေပြီ။

ဖုန့်မိသားစုတွင် ကြီးကြီးမားမားအပြောင်းအလဲဟူ၍မရှိဘဲ သူတို့၏သြဇာအာဏာကို ဖြည်းဖြည်းမှန်မှန် တိုးချဲ့နေလျက်သာပင်။

တစ်ခုရှိတာကတော့ ဖုန့်ချန်းမှာ အကြီးအကဲဝေ့အား အစီအရင်ဆရာများကိုလေ့ကျင့်သင်ကြားဖို့ နေရာသစ်တစ်ခုဆောက်လုပ်ခိုင်းလိုက်ပြီး အဆင့်၁အစီအရင်စာအုပ်များပေးအပ်ဝေငှလိုက်ပြီဖြစ်သည်။

ထိုသို့စီစဥ်နေရာချပြီးနောက်တွင် ဖုန့်ချန်းသည် ကိုယ်ပိုင်အခန်းတွင်းတွင် ရက်သတ္တပတ်တော်တော်ကြာအောင်းလျက် အပြင်သို့ခြေတစ်လှမ်းမှမချဘဲ တစ်ကိုယ်တည်းသီးသန့်ကျင့်ကြံနေခဲ့လိုက်၏။

ထိုရက်သတ္တပတ်များအတွင်း ဖုန့်ချန်းသည် မိမိ၏ကျင့်ကြံဆင့်ကိုပြန်လည်စုစည်းတည်ထောင်၍ ကျင့်ကြံဆင့်ချိုးဖျက်ရန် ပြင်ဆင်ရာ၌ အာရုံစိုက်ထားခဲ့လိုက်သည်။

ကျင့်ကြံဆင့်ပြောင်းလဲသွားခြင်းမဟုတ်ဘဲ အဆင့်ငယ်လေးတစ်ခုကိုသာ ချိုးဖျက်ခြင်းဖြစ်တာကြောင့် ထူးထူးခြားခြားအခက်အခဲတော့မရှိလှပါ။

ထို့အပြင် သူ၏ကျင့်ကြံဆင့်တိုးတက်မှုကို အနည်းဆုံး ၅၀ရာခိုင်နှုန်းလောက်မြန်ဆန်အောင် အကူအညီပေးနေသည့် ကောင်းကင်ကန့်လန့်ကာအစီအရင်ကိုလည်း သူရရှိထားပါသေးသည်။

ထို့ကြောင့် ကျင့်ကြံဆင့်ချိုးဖျက်ခြင်းကျရှုံးနိုင်ချေမှာ မရှိသလောက်နည်းပါးပြီး ဖုန့်ချန်းဘက်ကလည်း အောင်မြင်မည်ဟုအပြည့်အဝယုံကြည်သည်။

ရက်တွေကြာ‌ညောင်းလာသည်နှင့်အမျှ ဖုန့်ချန်းမှာ တရားထိုင်ကျင့်ကြံခြင်းအပေါ် ပို၍နက်ရှိုင်းစွဲမြဲစွာအာရုံစိုက်နိုင်လာပြီး ခန္ဓာကိုယ်တွင်းလှည့်လည်နေသောချီစွမ်းအင်များကိုလည်း သိသာရှင်းလင်းစွာ ခံစားမိနေ၏။

သူ့ခန္ဓာကိုယ်တွင်းလှည့်လည်နေသော ထိုစွမ်းအင်သည် ကောင်းကင်ကန့်လန့်ကာအစီအရင်ဖြင့် အချိုးကျစွာခုန်ပေါက်ဝေ့ဝဲလို့နေပြီး တစ်ချက်ဝေ့ဝဲလိုက်တိုင်း သူချိုးဖျက်ဖွင့်ဟဖို့ကြိုးစားနေသော ကျင့်ကြံခြင်းတံခါးချပ်ဆီ ပို၍နီးကပ်လာကြောင်း ခံစားလို့ရနိုင်သည်။

"အချိန်ကျပြီ"

ကျင့်ကြံဆင့်မှာ ချိုးဖျက်ဖို့အသင့်တော်ဆုံးအချိန်သို့ရောက်ရှိနေပြီဖြစ်ကြောင်း ဖုန့်ချန်းအာရုံခံလိုက်မိပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။

ချီစွမ်းအင်ဝဲဂယက်တစ်ခုသည် သူ့ကိုယ်တွင်းတွင် အသက်ဝင်လှည့်လည်လာပြီး ပတ်ဝန်းကျင်ရှိလေထုအား ဆွဲယူစုပ်မြိုလိုက်ရာ ခန္ဓာကိုယ်တွင်းရှိ မာရီဒျာန်များကို လွင့်မျောသွားစေပြီး ဒန်ထျန်များဆီသို့ ဖြန့်ကျက်ရောက်ရှိသွားစေ၏။

ထိုစွမ်းအင်ဝဲဂယက်ကို အထွဋ်အထိပ်ရောက်အောင် မပြတ်လှည့်လည်ရင်း သူ့အသက်ရှူသံများမှာ လေးလံနှေးကွေးလို့လာသည်။ ထို့နောက် နောက်ဆုံးသောအသက်ရှူသံတစ်ချက်ကို သေချာထိန်းချုပ်ရှူထုတ်လိုက်ပြီး ဝဲဂယက်ကို သူတွန်းထုတ်လိုက်တော့၏။

-အုန်း

နီးကပ်နေပါလျက် ရက်သတ္တပတ်ပေါင်းများစွာတားဆီးထားနိုင်သော ထိုအရံအတားကို နောက်ဆုံးတော့ချိုးဖျက်နိုင်လိုက်ပြီး ခန္ဓာကိုယ်တွင်း၌ ပေါက်ကွဲသံတစ်ခုထွက်ပေါ်မြည်ဟီးသွားတော့သည်။

ဖုန့်ချန်း၏အရှိန်အဝါများ အပြင်သို့ဖြာကန်ထွက်လာပြီး အခန်းကိုပင်တုန်ခါသွားစေလျက် အခန်းတွင်းရှိလေထုကိုလည်း စွမ်းအားများဖြင့်လွှမ်းခြုံပြည့်နှက်သွားစေ၏။ တိုးမြင့်လာသောအင်အားများနှင့်အတူ ဖြန့်ကျက်နေသောအရှိန်အဝါများက သူ့ကို အာခံတွန်းလှန်လို့မရနိုင်သည့် တည်ရှိမှုတစ်ခုအဖြစ် ဖန်တီးပေးနေသည်။

ပေါက်ကွဲထွက်လာသောချီစွမ်းအင်များကို ကောင်းကင်ကန့်လန့်ကာအစီအရင်က ဖုံးဖိပေးထားနိုင်၍သာတော်ရော့သည်။ ဤမျှပြင်းထန်မှုမျိုးကို ဒီတိုင်းလွှတ်ထားလိုက်ပါက စွမ်းအားကြီးပုဂ္ဂိုလ်များအား သွားရောက်တပ်လှန့်လိုက်သည်နှင့်မခြားပေ။

မြူခိုးချိုင့်ဝှမ်းမြို့တော်တွင်းရှိ ရန်သူများကို သူဖယ်ထုတ်နိုင်ခဲ့ပြီးဖြစ်သော်လည်း ရန်သူသစ်များအား ထပ်မံလက်ယပ်ခေါ်လိုက်မိသည်လေ။

ထိုရန်သူသစ်များမှ သူ့နောက်ကိုလူလွှတ်ပြီး စုံစမ်းတွက်ချက်နေနိုင်သည်။ ဆန်းကြယ်မီးတောက်ဂိုဏ်း၊ မုန်တိုင်းဝိဉာဥ်နန်းတော်နှင့် တတိယမင်းသားတို့သာ သူ့ကျင့်ကြံဆင့်အစစ်အမှန်ကို အချိန်မတိုင်သေးခင်သိသွားကြပါက ခေါင်းကိုက်စရာတွေဖြစ်လာတော့မည်မလွဲပေ။ တတိယမင်းသားဘက်ကို သူမသေချာပေမဲ့ ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်တို့ကတော့ ဖုန့်ချန်း၏ခြိမ်းခြောက်နိုင်စွမ်းကို စောစီးစွာသိမြင်သွားလျှင် သေချာပေါက် လူလွှတ်ပြီးရှင်းထုတ်ခိုင်းပေလိမ့်မည်။

လောလောဆယ်တွင်တော့ သူ့ကိုအားနည်းသည့်ရေဘဲလေးတစ်ကောင်ပမာယူဆထားကြပြီး သတ်လိုကအချိန်မရွေးသတ်နိုင်သည့်အထာ ဖမ်းနေကြတုန်းပင်။ သူတို့အကြီးအကဲများကိုသတ်သွားသည့်တိုင် ယခုချိန်ထိလွှတ်ထားပေးနေသည်မှာ ထိုအကြောင်းရင်းကြောင့်ပင်ဖြစ်၏။

နောက်အကြောင်းရင်းတစ်ခုကတော့ ဖုန့်ချန်း၏လုပ်ရပ်မှာ ပြန်လည်ခုခံခြင်းမည်သဖြင့် တရားမျှတပြီး သူတို့ဘက်မှလွန်လွန်ကဲကဲလက်တုံ့ပြန်လိုက်ပါက ဂုဏ်သတင်းပိုမိုထိခိုက်သွားရုံသာရှိပေမည်။ အခန့်မသင့်လျှင် တော်ဝင်မိသားစုနှင့်လည်း ပြဿနာတက်နိုင်သေးသည်။

သို့သော် ဖုန့်ချန်း၏တည်ရှိမှုက ဒီတိုင်းလွှတ်ထားရန်မဖြစ်တော့သည့်အနေအထားရောက်နေကြောင်း သိသွားမည်ဆိုပါက ဘာကအကျိုးဆက်လာလာ ရအောင်တောင့်ခံဖို့ပြင်ဆင်ပြီး သူ့ကိုသေချာပေါက်ရှင်းထုတ်ကြပေလိမ့်မည်။

ဖုန့်မိသားစု အလုံအလောက်အင်အားမကြီးသေးသရွေ့ သူ့အင်အားအစစ်အမှန်ကိုထုတ်ပြဖို့ ဖုန့်ချန်းမစဥ်းစားသေးပါ။

ကောင်းကင်ကန့်လန်ကာအစီအရင်၏အကူအညီကြောင့် လတ်တ‌လောတော့ သူသက်သာနေသေးသည်။

ဖုန့်ချန်းမျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်သော် အသစ်ရရှိလာသောစွမ်းအားကြောင့် တလက်လက်တောက်ပစူးရဲလို့နေ၏။ ကျင့်ကြံဆင့်ချိုးဖျက်ခြင်းကား ပြီးစီးအောင်မြင်သွားလေပြီ။

ဓာတ်ကြီးသုံးပါးကျင့်ကြံဆင့်မှာ ဝိဉာသန္ဓေကျင့်ကြံဆင့်သို့ ချိုးဖျက်ပြောင်းလဲခြင်းတုန်းကလောက် ကွာခြားမှုသိသိသာသာမခံစားရပေသည့် အင်အားများတိုးမြင့်လာသည်မှာတော့ အမှန်အကန်ပင်။

"စနစ်ရေ ငါ့ရဲ့လက်ရှိအနေအထားကို တင်ပြစမ်း"

[ပိုင်ရှင်၏ လက်ရှိအချက်အလက်များ]

ပိုင်ရှင် - ဖုန့်ချန်း

အသက် - ၃၀နှစ်

ကျင့်ကြံဆင့် - ဝိဉာဥ်သန္ဓေဆင့် (အစောပိုင်းအဆင့်)

ဓားသိုင်းပညာ - ကောင်းကင်အင်ပါယာဓားသိုင်း (အဆင့်မြင့် ကောင်းကင်အဆင့်)၊ ကောင်းကင်အဆင့်ကာကွယ်ရေးကျင့်စဥ် အလယ်အလတ်အဆင့် - ဆန်းကြယ်ကောင်းကင်သံမဏိတံတိုင်း၊ ကောင်းကင်အဆင့်လှုပ်ရှားမှုကျင့်စဥ် အလယ်အလတ်အဆင့် - တစ္ဆေအရိပ်လှည့်စားမှု၊ မြေကမ္ဘာပြိုကွဲလက်ဝါးသိုင်း (မြေကမ္ဘာအလယ်အလတ်အဆင့်)၊ သူတော်စင်အလယ်အဆင့် ခန္ဓာသန့်စင်ကျမ်း - သူတော်စင်မိုးကြိုးခန္ဓာ၊ သံမဏိလက်သီးကျင့်စဥ်၊ (သေမျိုးအလယ်အလတ်အဆင့်)၊ -

စနစ်ရမှတ်များ - ၅၀,၀၀၀

*********

ဖုန့်ချန်းသည် သူ၏လက်ရှိအချက်အလက်များကိုစစ်ကြည့်လိုက်ရင်း စနစ်ရမှတ်ပမာဏမှာ သူ့ကိုသွေးပွက်ပွက်အံစေသည်အထိ ထိုးနှက်သွားတော့၏။

"ဒီလောက်ဆို အရှေ့ဘက်ခြမ်းစုဝေးမှုကို ပူစရာမလိုတော့ဘူးဟုတ်?"

ဖုန့်ချန်းသည် ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။ သူ့လက်ရှိကျင့်ကြံဆင့်နှင့် ကောင်းကင်အဆင့်ကျင့်စဥ်များကိုပါထပ်ပေါင်းထည့်လျှင် အရှေ့ဘက်စီရင်စု စုဝေးမှုကဲ့သို့ ပွဲသေးသေးလေးတစ်ခုလောက်ကို တွေးပူနေစရာမလိုတော့ပါ။

ထိုစုဝေးပွဲတွင် တက်ရောက်လာသမျှပြိုင်ဘက်အားလုံးကို သူ့လက်ရှိအင်အား၏၅၀ရာခိုင်နှုန်းကိုသာအသုံးပြုမည်ဆိုလျှင်ပင် လက်တစ်ဖက်တည်းနှင့်ကိုင်ပေါက်လိုက်လို့ရပေသည်ဟု ယုံကြည်ထားသည်။

ထို့အပြင်....

"နတ်ဘုရားမျက်လုံးကို အသက်သွင်းစမ်း"

အရှေ့ဘက်စီရင်စု စုဝေးပွဲအတွက် ‌ရွေးချယ်ဖိတ်ကြားခံရသူအပေါင်းကို ဖုန့်ချန်းက နတ်ဘုရားမျက်လုံးဖြင့် စစ်ဆေးအကဲဖြတ်ဦးမည်ဖြစ်၏။

*******

အမည် - ဖုန့်ရှောင်ယု

ကျင့်ကြံဆင့် - အမြုတေဖွဲ့စည်းခြင်း စဦးအဆင့်

ပါရမီ - သာမန်ထက်ထူးကဲသော

ခန္ဓာရပ် - မရှိ

**************

**************

အမည် - ဖုန့်လျန်း

ကျင့်ကြံဆင့် - အမြုတေဖွဲ့စည်းခြင်း စဦးအဆင့်

ပါရမီ - သာမန်ထက်ထူးကဲသော

ခန္ဓာရပ် - မရှိ

************

************

အမည် - ဖုန့်ကျန်းဟောင်

ကျင့်ကြံဆင့် - အမြုတေဖွဲ့စည်းခြင်းစဦးအဆင့်

ပါရမီ - သာမန်အဆင့်

ခန္ဓာရပ် - မရှိ

***********

***********

အမည် - ဖုန့်မေ

ကျင့်ကြံဆင့် - အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်

ပါရမီ - သာလွန်ထူးကဲသော

ခန္ဓာရပ် - ကျောက်စိမ်းဖီးနစ်ခန္ဓာ (မနိုးထသေး)

******************

အ‌ရှေ့ဘက်စီရင်စု စုဝေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ကြမည့်ပြိုင်ပွဲဝင်များကား ပါရမီရှင်ယှဥ်ပြိုင်ပွဲတွင် ပါဝင်ခဲ့သူများပင်ဖြစ်သည်။

အခြားမိသားစုဝင်များလည်း ရွေးချယ်ခံရဖို့အရေး ကြိုးစားအားထုတ်ခဲ့ကြသည်ဆိုသော်လည်း သူတို့လေးယောက်မှာ လိုက်မီဖို့ခက်ခဲသည်အထိ ရေကုန်ရေခမ်းကြိုးစားခဲ့သူများဖြစ်ကြသည်။

ထိုသို့ရွေးချယ်ရလောက်အောင် သူများထက်ချွန်ထွက်နေကြသည့် အကြောင်းရင်းနောက်တစ်ချက်မှာလည်း အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်နိုင်ခဲ့ကြသောကြောင့်ဖြစ်၏။

အသက်နှစ်ဆယ်မတိုင်မီအရွယ်တွင် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်တက်လှမ်းနိုင်ခြင်းသည် ထိပ်သီးဂိုဏ်းများတွင် ပါရမီရှင်ဟု သတ်မှတ်နေရာပေးခံရမည့် အနေအထားပင်ဖြစ်ပါသည်။

အသက်၁၇နှစ်တွင် ချီအရည်ဖွဲ့ခြင်းကျင့်ကြံဆင့်အထိ တက်လှမ်းထားနိုင်သော လင်းမေယုကိုတော့ သူတို့အမီမလိုက်နိုင်သေးပေမယ့်လို့ပေါ့။

သို့သော် ထိပ်သီးဂိုဏ်းများ၏ ပါရမီရှင်မျိုးဆက်သစ်များနှင့်ယှဥ်ကြည့်ပါက သူတို့လည်း သာလွန်ထူးကဲသောပါရမီရှင်များပင်။ ထို့အပြင် အသုံးပြုရန် အရင်းအမြစ်များပေါကြွယ်ဝလာသည်မှာလည်း လများစွာမကြာသေးပေ။

ကလေးဘဝတည်းကသာ ဤမျှပေါကြွယ်ဝသောအရင်းအမြစ်များဖြင့် ပျိုးထောင်ခံခဲ့ရပါက သူတို့လည်းယခုအရွယ်တွင် ချီအရည်ဖွဲ့ခြင်းအဆင့်ထက်နိမ့်ကျနေမှာမဟုတ်ပေ။

လင်းမေယုလို့ ၁၇နှစ်မှာချီအရည်ဖွဲ့ခြင်းအဆင့်မရောက်နိုင်ဘူးဆိုရင်တောင် အသက်၂၀မပြည့်မီအတွင်း သေချာပေါက်ချိုးဖျက်နိုင်ပေလိမ့်မည်။

ထို့အပြင် အာကာသလေ့ကျင့်ရေးခန်းမ၏အကူအညီကြောင့် သူတို့၏တိုက်ရည်ခိုက်ရည်မှာ ပြိုင်ဘက်များထက်တစ်ပန်းသာနေကြမည် မလွဲပေ။

(နောက်ဆုံးကျန်တဲ့ တစ်ယောက်ကတော့)

***********

အမည် - ဖုန့်ယွင်

ကျင့်ကြံဆင့် - အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်

ပါရမီ - ကောင်းကင်ဘုံ၏ ဂုဏ်သိက္ခာ

ခန္ဓာရပ် - စစ်မှန်သော နဂါးခန္ဓာ (မနိုးထသေး)

***************

ဖုန့်ယွင်ကသာ ဤကမ္ဘာ၏ အဓိကဇာတ်ဆောင်ဖြစ်ကြောင်း မည်သူမဆိုပြောနိုင်ပေလိမ့်မည်။

ကျောက်စိမ်းဖီးနစ်ခန္ဓာရပ်နှင့် ညီမျှသော သို့မဟုတ် ပို၍ပင်သာလွန်နိုင်သော သူ့ခန္ဓာရပ်သည် နိုးထချိန်မတိုင်သေးသော်ငြား လိုက်မီရန်မစွမ်းသာသော ကျင့်ကြံဆင့်နှင့်ပေါင်းစပ်လိုက်လျှင် သူများနှင့်မတူ တမူကွဲထွက်နေသောပါရမီရှင် အစစ်အမှန်ပင်။

ဖုန့်မေထက်ထူးကဲသာလွန်သော ပါရမီအမျိုးအစားပိုင်ဆိုင်ထားသော်ငြား ဖုန့်မေနှင့် ကျင့်ကြံဆင့်မတိမ်းမယိမ်းဖြစ်နေရခြင်းမှာ သူ့သိုလှောင်လက်စွပ်တွင်းရှိနေသော ထိုဝိဉာဥ်ကြောင့်ဟု ဖုန့်ချန်းခန့်မှန်းမိသည်။ ထိုဝိဉာဥ်မှာ ဆက်လက်ရှင်သန်နေထိုင်ဖို့ ဖုန့်ယွင်၏ချီစွမ်းကို စုပ်ယူမှီခိုနေရသည်ဖြစ်သဖြင့် ဖုန့်မေနှင့် ကျင့်ကြံဆင့်အတူတူဖြစ်နေသေးတာဖြစ်၏။

ဖုန့်ချန်းဘက်မှ ခန့်မှန်းချက်သာမဟုတ်ဘဲ သေချာပေါက်မှန်ကန်သည့်အချက်ဖြစ်မည်မှန်း သိနေသည်။

သို့သော် အင်အားကြီးဝိဉာဥ်တစ်ခု၏ ထောက်ပံ့အားပေးမှုကိုရရှိနေသောကြောင့် ဖုန့်ယွင်တစ်ခုခုချွတ်ချော်သွားမည်ကို သူမစိုးရိမ်ပါ။

ထိုဝိဉာဥ်၏အကူအညီမပါလျှင် လအနည်းငယ်အတွင်း အဆင့်၂ဆေးဆရာအဖြစ် တက်လှမ်းသွားနိုင်မည်မဟုတ်ကြောင်း ဖုန့်ချန်းသိပါ၏။

လူတစ်ယောက်က မည်မျှပင်ပါရမီပါစေဦး အဆင့်မြင့်ဆေးဆရာတစ်ဦး၏လမ်းညွှန်ပြသမှုမပါဘဲ ဆေးဆရာနယ်ပယ်သို့ခြေချနိုင်ရန် လမ်းမမြင်ပေ။

ဒုတိယတစ်ချက်မှာ အဆင့်၂ဆေးဆရာဖြစ်မလာလျှင် အဆင့်၂ဆေးလုံးများကိုလည်း ဖန်တီးနိုင်စရာအကြောင်းမရှိတော့။

ထို့အပြင် ဖုန့်ယွင်၏ဆေးလုံးဖော်စပ်နည်းများမှာ ဖုန့်မိသားစု၏နည်းလမ်းများနှင့် မတူကွဲထွက်နေသဖြင့် ထိုဝိဉာဥ်မှသင်ကြားပြသပေးထားခြင်းဖြစ်မည်ဟု ဖုန့်ချန်းတွက်ဆမိသည်။

ထိုဝိဉာဥ်မှာ ဖုန့်ယွင်အသက်ဘေးကြုံရသည့်အခြေအနေမျိုးတွင် သေချာပေါက်ကူညီကယ်ဆယ်ပေးလိမ့်မည်။ ညီဖြစ်သူ၏အသက်ဘေးနှင့်ယှဥ်လိုက်ပါက ကျင့်ကြံဆင့်နှောင့်နှေးရသည်မှာ ထိုက်တန်သောအလဲအလှယ်တစ်ခုပါပင်။ ဖုန့်ယွင်၏ပါရမီနှင့် ဓားသိုင်းကျင့်စဥ်များအား နားလည်တတ်ကျွမ်းမှုအရ အခြားသူများနှင့်ကျင့်ကြံဆင့်အတူတူဖြစ်နေစေဦး သေချာပေါက်တစ်ပန်းပိုသာလိမ့်မည်ဟု ဖုန့်ချန်းယုံကြည်သည်။

မည်သို့ပင်ဖြစ်စေ ထိုအရှေ့ဘက်ခြမ်းစီရင်စု စုဝေးပွဲသည်ကား သူတို့မိသားစု၏အင်အားကိုထုတ်ဖော်ခင်းကျင်းဖို့ အခွင့်ကောင်းတစ်ရပ်ပင်။

All Chapters