← Chapters

ချင်းယွင်မြို့

Vol. 6 Ch. 72

ချင်းယွင်မြို့

Vol. 6 Ch. 72

ချင်းယွင်မြို့...

ချင်းယွင်မြို့၏ စည်ကားသိုက်မြိုက်မှုက ရွာများအထိကိုပါ ရိုက်ခတ်နေသည်။ ကျယ်ပြန့်သော လမ်းမကြီးများသည် ဆယ်ပေခန့်ကျယ်၏။ လမ်းမကျယ်ကြီးတွင် လူများစွာ သွားလာနေသည့်အပြင် မြင်းလှည်းများ၊ နွားလှည်းများက အရပ်မျက်နှာပေါင်းစုံမှ ပြည့်ကျပ်အောင် ခရီးနှင်နေကြသည်။

လမ်းဘေးတစ်ဖက်တစ်ချက်တွင်လည်း လူစုလူဝေးများစွာက ရှိ၏။ သူတို့၏ မျက်လုံးများက စိတ်ဝင်စားမှုများ၊ မျှော်လင့်မှုများနှင့် ပြည့်နှက်နေသည်။

ယခုအကြိမ်တွင် အရှေ့ပိုင်းစီရင်စုစုဝေးပွဲကြီးသည် ထျန်းလုံစံအိမ်၌ စုစည်းကျင်းပမည်ဖြစ်သည်။ ချင်းယွင်မြို့၏ အရှေ့ပိုင်းမိသားစုကြီးများတွင် အာဏာအရှိဆုံးမိသားစုကြီးများမှ တစ်စုဖြစ်သော မိသားစုကြီးက ကြီးမှူးခြင်းပင် ဖြစ်ပါသည်။

ချင်းယွင်မြို့သည် များပြားလှသော သဘာဝတွင်းထွက်ရတနာများနှင့် ပြည့်နှက်နေသည့် မြို့ကြီးတစ်မြို့ဖြစ်ပါသည်။ မြူခိုးချိုင့်ဝှမ်းမြို့တော်နှင့် မတူသည်က ချင်းယွင်မြို့က ဧရိယာကျယ်ပြန့်လှသည့်အပြင် လူဦးရေလည်း များသည်။ ထို့အပြင် ငွေကြေးအင်အားလည်း တောင့်တင်းကြပါသည်။ ယင်းမှာ တခြားသော မြို့ရွာများနှင့် မတူညီသည့် အချက်ပင် ဖြစ်ပါသည်။

သဘာဝတွင်းထွက်များ၊ စိတ်ဝိဉာဉ်သွေးကြောများ၊ စိတ်ဝိဉာဉ်ကျောက်တုံးများ၊ တန်ဖိုးရှိလှသော သတ္ထုတွင်းထွက်များအားလုံးက ထိုမြို့တည်ရှိရာ မြေအောက်၌ ရှိပါ၏။ ထိုကဲ့သို့ တည်ရှိမှုများကြောင့် ချင်းယွင်မြို့သည် ကျင့်ကြံသူအပေါင်း နားခိုရာနေရာ ဖြစ်နေပြီး ကုန်သည်များက အဓိက ကုန်ကူးသန်းရာ၊ ပစ္စည်းဝယ်ယူရာအတွက် နေရာဖြစ်နေပြီး လက်နက်များ၊ ချပ်ဝတ်တန်ဆာများ၊ ဆေးပစ္စည်းများ အစုံအလင်ရရှိသည့် အထင်ကရနေရာကြီးတစ်ခု ဖြစ်နေခဲ့ပါသည်။

မြို့၏ ပတ်ပတ်လည်တွင် ရှိသော တောင်တန်းများတွင် မိုင်းတွင်းများစွာရှိသည်။ မိုင်းတွင်းတိုင်းလိုလိုကနေ တန်ဖိုးကြီးမားသော သတ္တုတွင်းထွက်အရင်းအမြစ်များကို တူးဖော်ရရှိနိုင်သောကြောင့် ဂိုဏ်းကြီးများ၊ မိသားစုကြီးများတို့သည် အရှေ့ပိုင်းစီရင်စုဒေသရှိ ဤနေရာသို့ မျက်စိကျကာ ဤနေရာတွင် အခြေစိုက်ရာအဖြစ် နေထိုင်ကြပါသည်။

ထို့အပြင် ချင်းယွင်မြို့၏ ကောင်းမွန်သော‌ မြေရာက ကျယ်ပြန့်လှသော လယ်ကွင်းများဆီသို့အထိပါ ရောက်ရှိပါသည်။

ထို့အပြင် မြို့နှင့် မနီးမဝေးတွင် မြို့၏ အသက်သွေးကြောဟု ပြော၍ရသော မြစ်ကြီးတစ်စင်းလည်း ရှိ၏။ ထိုမြစ်မှာလည်း သာမန်မြစ်မဟုတ်ဘဲ စိတ်ဝိဉာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေပါသည်။ ထို့ကြောင့် ထိုမြစ်ရေနှင့် ကောင်းမွန်သော ‌မြေရာများမှ ထွက်ရှိသော စိုက်ပျိုးသီးနှံများက သာမန်စိုက်ပျိုးသီးနှံများမဟုတ်ဘဲ ရှားပါးလှသည့် ဆေးဖက်ဝင်သစ်ဥသစ်ဖုများ၊ သစ်ပင်ပန်းမန်များ ထွက်ရှိပါသည်။ ထိုအရာများသည် အရည်အသွေးကောင်းမွန်သော ဆေးလုံးများ၏ အဓိက ပါဝင်ပစ္စည်းများ ဖြစ်နေပြန်ပါသေးသည်။

ချင်းယွင်မြို့၌ ရှားပါးသော ဆေးဖက်ဝင်ပစ္စည်းများသည် ခြုံတောများ၌ ပေါက်ရောက်နေသည်မှာ မထူးဆန်းလှပေ။ ထို့ကြောင့် ဟိုးရှေးယခင်ကတည်းကိုက ဤနေရာရှိ နယ်မြေများကို မိသားစုများ၊ စွမ်းအားမြင့်ဂိုဏ်းများက ကြိုတင်ခြေကုတ်ကာ နေရာယူထားသည်မှာလည်း မထူးဆန်းပါ။

ထိုကဲ့သို့ သတ္ထုတွင်းထွက်များ၊ ဆေးဖက်ဝင်အပင်များပေါကြွယ်ဝသည့် ချင်းယွင်မြို့တွင် ဤမျှပင် မကသေးပါ။ ကုန်သည်များ၏ အဓိက ကုန်ကူးသန်းရောင်းဝယ်ရေးနေရာဖြစ်နေပြီး စီးပွားရေးမြို့တော်တစ်ခုဟု ပြောရမည်ဆိုလျှင်လည်း မမှားပါချေ။

ဤနေရာသည် အဓိကကျသော နယ်မြေများ၏ အလယ်တွင် တည်ရှိသောကြောင့် ကုန်သည်များအဖို့ တစ်နေရာနှင့် တစ်နေရာသို့ ကူးသန်းသွားလာရာတွင် ဤမြို့သို့ မဖြစ်မနေဝင်ရမည့် နေရာမျိုး ဖြစ်နေပါသည်။ တော်ဝင်နေပြည်တော်မှ တခြားနေရာသို့ သွားမည်ဆိုလျှင်လည်း အလည်တွင် ဤမြို့တည်ရှိသောကြောင့် ဤမြို့၏ အရေးပါအရာရောက်ပုံက ထင်ရှားလှပါပေသည်။

ဤနေရာသည် အလယ်နေရာမျိုးဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်သို့ သွားရမည့် လမ်းကြောများအားလုံး၏ ပေါင်းစုံရာနေရာလည်း ဖြစ်နေ၏။ ထို့ကြောင့် ဤနေရာသည် တိုင်းပြည်တစ်ခုလုံးတွင် ရှိသော ဒေသထွက်ပစ္စည်းများ စုစည်းရာ နေရာနှင့် အရင်းအမြစ်များအားလုံး ပေါင်းဆုံရာ နေရာ၊ ထို့အပြင် သတင်းအချက်အလက်များအားလုံး စုံလင်စွာရရှိသော နေရာဟုလည်း ပြောနိုင်ပါသည်။

ချင်းယွင်မြို့တွင် ကုန်သည်ပေါင်းများစွာကို တွေ့ရှိရမည်ဖြစ်ပြီး သူတို့အတွက် ဤမြို့က ဆေးဖက်ဝင်ပစ္စည်းများ၊ တွင်းထွက်ပစ္စည်းများ၊ မှော်ရတနာလက်နက်များနှင့် စားသောက်ကုန်ပစ္စည်းများအားလုံးကို လဲလှယ်ဝယ်ယူရရှိနိုင်မည့် နေရာဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။

ဤမြို့သည် တော်ဝင်နေပြည်တော်နှင့် မဝေးကွာသော နေရာတွင် တည်ရှိလှသည်ဖြစ်သောကြောင့် စွမ်းအားကြီးမားသော ဂိုဏ်းများ၊ အရေးကြီးပုဂ္ဂိုလ်များက မကြာခဏ ဤနေရာသို့ ရောက်ရှိလေ့ရှိသည်။ ထို့ကြောင့် တော်တော်များများသည် ဤနေရာတွင် အဆက်အသွယ်များ၊ မဟာမိတ်များ ထူထောင်ရန်အတွက် လာရောက်ကြမည်ဖြစ်သောကြောင့် အရေးပါအရာရောက်သော စီးပွားရေးမြို့တော်အဖြစ်သို့ လျင်မြန်စွာပြောင်းလဲရခြင်းမှာ မဆန်းလှပါချေ။

ထိုကဲ့သို့ စီးပွားရေးပေါကြွယ်ဝမှုက ဤမြို့‌သို့ ကျင့်ကြံသူများကို ဆွဲဆောင်ရုံသာမကဘဲ မြို့ခံလူများအား များပြားလှသော ကျင့်ကြံခြင်းနည်းလမ်းများ၊ သိုင်းပညာများနှင့် ဆေးလုံးများစွာတို့ကို အလွယ်တကူ ဝယ်ယူရရှိနိုင်သောကြောင့် ကျင့်ကြံခြင်းအမှုကို ပြုလုပ်ရာတွင် ဤမြို့ခံလူထုများက အေးအေးဆေးဆေးလွယ်ကူစွာ ကျင့်ကြံနိုင်ကြပါသည်။

မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် အဆင့်နှစ်အဆင့်ရှိသော ဆေးလုံးများက ရှားပါးရတနာဖြစ်သော်လည်း ချင်းယွင်မြို့တွင်တော့ ထိုကဲ့သို့သော ဆေးလုံးများက ဆိုင်တိုင်းတွင် ရှိပါသည်။ မိမိတွင် ငွေကြေးနှင့် လွှမ်းမိုးနိုင်စွမ်း လုံလုံလောက်လောက်ရှိပါက ထို့ထက် ပိုမိုမြင့်မားသော အဆင့်ဆေးလုံးများကို ရရှိရန်မှာ မခက်ခဲပါ။

အဆင့်သုံးဆေးလုံးများကတော့ ရရှိရန် ခက်ခဲပေမဲ့ ချင်းယွင်မြို့က ဆေးဆရာများသည် အဆင့်သုံးဆေးလုံးများကို မကြာခဏဆိုသလို ဖော်စပ်နိုင်စွမ်းရှိပါသည်။ ထို့ကြောင့် ချင်းယွင်မြို့သည် မြူခိုးချိုင့်ဝှမ်းမြို့ကဲ့သို့ မြို့ငယ်လေးများမှ အဆင့်သုံးဆေးလုံးနှင့်အထက် ဆေးလုံးများကို ဝယ်ယူလိုပါက ပထမဦးဆုံးလာရောက်ရမည့် မြို့တော်ကြီးတစ်ခုလည်း ဖြစ်ပါသည်။

ယနေ့သည် အရှေ့ပိုင်းစီရင်စုစုဝေးပွဲရှိသော နေ့ဖြစ်သောကြောင့် ချင်းယွင်မြို့ကြီးတစ်ခုလုံးက စိတ်လှုပ်ရှားမှုများနှင့် စောင့်စားမျှော်လင့်မှုများ ပြည့်နှက်နေခဲ့ပါတော့သည်။ အရှေ့ပိုင်းစီရင်စုစုဝေးပွဲသည် လေလံအိမ်တော်များအတွက် အခွင့်အရေးပင် မဟုတ်၊ တခြားသော စီးပွားရေးလုပ်ငန်းများအတွက် ပိုက်ဆံရှာရန်အတွက် အခွင့်အရေးပင် ဖြစ်သည်။ ထို့အပြင် သာမန်လူများအဖို့ စွမ်းအားကြီးမိသားစုများနှင့် ဂိုဏ်းများကို မြင်တွေ့ရမည့် အခွင့်အရေးတစ်ခုပင် ဖြစ်ပါသည်။

ထိုကဲ့သို့ စောင့်ဆိုင်းနေကြသော လူများက ဖုန့်အိမ်တော်၊ ဖုန့်မိသားစု၊ ဖုန့်ချန်းကိုလည်း စောင့်မျှော်နေကြသည်။ ဖုန့်ချန်း၏ ဂုဏ်သတင်းသည် နိုင်ငံတစ်နိုင်ငံလုံးကို ပြန့်နှံ့နေပါ၏။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အောင်မြင်မှုများ၊ လုပ်ဆောင်ချက်များက သာမန်လူထုကို ဤငယ်ရွယ်သော ဖုန့်မိသားစုခေါင်းဆောင်ငယ်လေးက မိသားစုကြီးတစ်ခုလုံးကို ဘယ်လိုမျိုး ထိန်းချုပ်ထားနိုင်လဲဆိုတာကို အလွန်အမင်းစိတ်ဝင်စားကာ သိချင်နေကြပါတော့သည်။

“ ဖုန့်မိသားစုခေါင်းဆောင် ဖုန့်ချန်းက မြူခိုးချိုင့်ဝှမ်းမြို့တော်ကို ကိုယ်စားပြုပြီး ပါဝင်မယ်လို့ ပြောတယ်ဟေ့။ “

“ ဒါပဲပေါ့ သူပဲ ဖြစ်ရမှာလေ၊ မြို့တော်မှာရှိသမျှ မိသားစုကြီးတွေ အကုန်လုံး သူ သတ်ပစ်လိုက်ပြီလေ။ “

“ ဟေ့ဟေ့ဟေ့ သူ့ကို မင်း လူဆိုးဇာတ်မသွင်းပါနဲ့ကွ၊ ကျန်တဲ့ မိသားစုကြီးတွေက အရှက်မရှိပေါင်းပြီးတော့ ဖုန့်အိမ်တော်ကို အမြစ်ပြတ်သုတ်သင်ဖို့ ကြိုးစားပြီး ကျရှုံးသွားကြတာလေ။ အဲ့ဒါအပြင်ကိုမှ သူတို့က မြို့တော်အတွင်းမှာ ရှိတဲ့ မိသားစုချင်းတက်တဲ့ ပြဿနာကို အပြင်လူတွေနဲ့ ပေါင်းကြံတာ၊ ဖုန့်ချန်းသတ်လိုက်တာ နည်းတောင်နည်းသေးတယ်။ “

“ ဟုတ်တယ်ဟုတ်တယ် ကျိုးမိသားစုက အမှိုက်အကြီးအကဲတွေက ငြိမ်ငြိမ်စိမ်စိမ်မနေချင်ဘဲ ကိုယ့်သေတွင်းကိုယ်တူးပြီး ခေါင်းပြတ်ချင်ကြတာကိုး၊ ကိုယ့်ဘာသာကိုယ် ကိုယ့်ဂိုဏ်းမှာ ကိုယ်မနေဘဲ တခြားမြို့ကို သွားပြီးတော့ သွားသေကြတာလေ။ ကျွတ်ကျွတ်ကျွတ် ရှက်ဖို့တောင် ကောင်းတယ်၊ သူတို့အနေနဲ့ ဒီလိုသေဖို့ ထိုက်တန်လွန်းတယ်။ “

“ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဖုန့်ချန်းဆိုတဲ့ ကောင်လေးက ငါတို့ရဲ့ ထျန်းလုံခေါင်းဆောင်ထက် ဘယ်သူပိုပြီး စွမ်းအားကြီးလဲဆိုတာကိုပဲ ငါကတော့ စိတ်ဝင်စားတယ်။ “

“ ဟာ အသိသာကြီးလေကွာ ထျန်းလုံခေါင်းဆောင်က ပိုပြီးတော့ စွမ်းအားကြီးတာပေါ့ကွ။ “

ဖုန့်ချန်းတစ်ယောက် သိပ်မကြာခင်က နာမည်ကြီးလာသည်ဟု ဆိုသော်လည်း တခြားသော နာမည်ကြီးမိသားစုခေါင်းဆောင်များနှင့် နှိုင်းယှဥ်လျှင်မူ အနည်းငယ်လိုအပ်နေပါသေးသည်။

တခြားသော မိသားစုခေါင်းဆောင်များက နှစ်ပေါင်းများစွာကြာမြင့်အောင် မိမိတို့၏ ဂုဏ်သတင်းကို အုတ်မြစ်ချပြီး တည်ဆောက်လာခဲ့ကြသည်မဟုတ်ပါလား။ ထိုမိသားစုခေါင်းဆောင်များကဲ့သို့ မဟုတ်ဘဲ ဖုန့်ချန်းကတော့ လတ်တလော ကောက်ရိုးမီးလိုမျိုး ဟုန်းခနဲတောက်ကာ နာမည်ကြီးလာရခြင်းပင် ဖြစ်သည်။

လူများစိတ်ဝင်စားနေကြသည်မှာ မိသားစုခေါင်းဆောင်ကဲ့သို့သော အသက်ကြီးပိုင်းများတင် မဟုတ်ပါ။ ဖုန့်အိမ်တော်မှ စတင်၍ နာမည်ကျော်ကြားလာသည့် မျိုးဆက်သစ်လူငယ်များကိုလည်း စိတ်ဝင်စားနေကြပါသေးသည်။ ဖုန့်ယွင်ကလည်း လူအချို့၏ အာရုံကို ဆွဲဆောင်နိုင်စွမ်းရှိခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် သူက နာမည်ကျော်ကြား လူကြိုက်များလှသည့် လင်းမေယု၏ စေ့စပ်ပွဲဖျက်ခံထားရသော သတို့သားလောင်းကြီး ဖြစ်နေခဲ့သောကြောင့် ဖြစ်ပါသည်။

All Chapters