← Chapters

ဆုံးဖြတ်ချက်

Vol. 89 Ch. 1357

ဆုံးဖြတ်ချက်

Vol. 89 Ch. 1357

ထိုစကားများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ယင်းက ကောင်းကင်ဘုံမှ မိုးကြိုးပစ်ချလိုက်သည့်အလား ရှေးဘုရင်ဂြိုလ်၏ အတွင်းဘက်နှင့် အပြင်ဘက်ရှိ ဝန်ကြီးများကို နှလုံးတုန်သွားစေသည်။

ယင်းက ကျယ်လောင်သော မြည်သံကို ထွက်ပေါ်လာစေသည်။ သို့သော်လည်း ယင်းက နောက်ထပ်မုန်တိုင်းများ မဖြစ်ပေါ်စေပေ။

အဘယ့်ကြောင့်ဆိုသော် ယနေ့အဖြစ်အပျက်တွင် လူတိုင်းသည် အစကတည်းက အံ့ဩထိတ်လန့်ခဲ့သောကြောင့် ဖြစ်သည်။

ပထမဆုံး နင်ယန်၏ ရုတ်တရက် ပုန်ကန်မှုဖြစ်သည်။ ထို့နောက် သူက တစ်ခုထက်တစ်ခု ပိုပြီးအံ့ဖွယ်ကောင်းသော ပစ္စည်းသုံးခုကို ထုတ်ခဲ့သည်။ သူက လူသားမျိုးနွယ်၏ ကမ္မကို အသုံးပြု၍ ကောင်းကင်ဘုံအပြစ်ဒဏ်ကိုပင် ဆင့်ခေါ်ခဲ့ပြီး လူသားဧကရာဇ်ကို သံကြိုးများဖြင့် ချုပ်နှောင်ခဲ့သည်။

လူသားမျိုးနွယ်၏ ကမ္မက ထိုသို့အပြစ်ဒဏ်ပေးလာခြင်းမှာ နင်ယန်၏ စကားများက အမှန်ဖြစ်ကြောင်း သက်သေပြုပေးနေသည်။

သို့သော်လည်း ထိုအချက်များနှင့် နှိုင်းယှဉ်လျှင် ဘုရင်ကျန်းယန်၏ ဆေဘာဓားချက်က မယုံကြည်နိုင်စရာအကောင်းဆုံးနှင့် ထိတ်လန့်စရာအကောင်းဆုံး ကိစ္စဖြစ်သည်။

လူသားမျိုးနွယ်အပေါ် အမြဲတမ်း ကာကွယ်ပေးခဲ့သော ဘုရင်ကျန်းယန်က သူတို့ကို သစ္စာဖောက်လိမ့်မည်ဟု မည်သူမှ မတွေးထားကြချေ။

ထိုသို့ကိစ္စသည် လုံးဝယုတ္တိမရှိပေ။

ဘုရင်ကျန်းယန်က မည်သို့ကြောင့် လူသားဧကရာဇ်ကို ဆန့်ကျင်တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြောင်း သူတို့မစဉ်းစားနိုင်ကြပေ။

မည်သို့ဖြစ်ပါစေ ဘုရင်ကျန်းယန်၏ သရုပ်အဆင့်အတန်းနှင့် ကျင့်ကြံခြင်းစွမ်းအားအရ ဤလောကထဲတွင် သူ့ကို ဘက်ပြောင်းသွားအောင် ဆွဲဆောင်နိုင်သည့် အရာများသည် အလွန်နည်းပါးသည်။ ထို့ပြင် သူက နှစ်ပေါင်းများစွာကြာအောင် လူသားမျိုးနွယ်အတွက် အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်ခဲ့သူ ဖြစ်သည်။

သူက သေလုနီးပါးအဖြစ်အပျက်များကို အကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ရပြီး ဆိုးဝါးသော ဒဏ်ရာများကို ရရှိခဲ့သည်။ သူက မရေမတွက်နိုင်သော မျိုးနွယ်ခြားများကို သုတ်သင်ရှင်းလင်းခဲ့သည်။ သူ၏ စွမ်းဆောင်မှုများသည် အတုအယောင်မဟုတ်ပေ။

လူသားမျိုးနွယ်အပေါ် ထိုသို့သစ္စာရှိပြီး ဂုဏ်သိက္ခာကြီးမားသော ကောင်းကင်ဘုရင်က လူသားဧကရာဇ်ထံသို့ ဆေဘာဓားဖြင့် အမှန်တကယ် ခုတ်ပိုင်းခဲ့သည်။

ယင်းတို့အားလုံးက ကြီးမားသော မုန်တိုင်းများ ဖြစ်ကြသည်။

သို့ဖြစ်၍ နင်ယန်၏ အစစ်အမှန်သရုပ်က အရေးမကြီးတော့ပေ။

အမှန်မှာ သက်တမ်းရင့်သော မင်းမှုထမ်းတချို့သည် အကြည့်တစ်ချက်ဖြင့် အခြေအနေကို သုံးသပ်နိုင်ကြသည်။

လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက နင်ယန်ပါဝင်ပတ်သက်ခဲ့သော ကိစ္စကြီးက လူတိုင်း၏ စိတ်ထဲမှာ ရှင်းလင်းစွာ ပြန်ပေါ်လာသည်။

သို့သော်လည်း နင်ယန်၏ အကိုဖြစ်သော မင်းသားဆယ့်တစ်၏ ကိစ္စသည် လူသားဧကရာဇ်၏ အင်ပါယာအမိန့်တော်အောက်မှာ တားမြစ်ချက်တစ်ခု ဖြစ်လာသည်။ သို့ဖြစ်၍ မည်သူမှ ထိုကိစ္စကို မထိဝံ့ကြချေ။

လူသားဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်မှ သံကြိုးများက တစ်ချောင်းပြီးတစ်ချောင်း ပြိုကွဲသွားနေစဉ် သူ၏ တည်ငြိမ်သော အမူအရာနှင့် တည်ငြိမ်သော အသံက ရှေးဘုရင်ဂြိုလ်ပေါ်မှာ ပျံ့လွင့်သွားသည်။

“ မင်းထွက်ပေါ်လာတာကို ငါမအံ့ဩဘူး… ဒါပေမဲ့ ဘုရင်ကျန်းယန်ရဲ့ ကြားဝင်နှောင့်ယှက်မှုက ဒီနေ့ ငါ့ကို ပထမဆုံးအကြိမ် အံ့ဩစေခဲ့တယ် ”

“ ဘုရင်ကျန်းယန်… မင်းဘာလို့ ဒီလိုလုပ်တာလဲ ငါ့ကို ပြောပြနိုင်မလား ”

လူသားဧကရာဇ်သည် မိန်းမစိုးအဖိုးအိုနှင့် တိုက်ခိုက်နေသော ဘုရင်ကျန်းယန်ကို ကြည့်လိုက်သည်။

ဘုရင်ကျန်းယန်သည် မည်သည့်စကားမှ မပြောဘဲ အစွမ်းကုန်သုံး၍ ဆက်ပြီး တိုက်ခိုက်နေသည်။ ဆေဘာဓားအလင်းက လောကတစ်ခွင် ပျံ့လွင့်သွားသည့်အခါ ကျယ်လောင်သော ပေါက်ကွဲသံများက ဆက်တိုက် ပဲ့တင်ထပ်လာသည်။

လူသားဧကရာဇ်၏ မေးခွန်းကို ပြန်ဖြေလိုက်သူသည် နင်ယန်၏ အကို မင်းသားဆယ့်တစ်ဖြစ်သည်။

“ ဘုရင်ကျန်းယန်က မင်းကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာ လူသားမျိုးနွယ်ရဲ့ ကောင်းကျိုးနဲ့ တည်ကြည်ဖြောင့်မတ်မှုကြောင့်ပဲ… ခမည်းတော် မင်းက လူသားမျိုးနွယ်အတွက် အန္တရာယ်ကပ်ဘေးပဲ… မင်းက ဧကရာဇ်ဖြစ်ဖို့ မထိုက်တန်ဘူး ”

“ သားတော်ဆယ့်တစ်ဆိုတဲ့ အခေါ်ကို ခမည်းတော်ဆီကနေ မကြားရတာ နှစ်တွေအတော်ကြာသွားခဲ့ပြီ… ”

“ အတိတ်မှာတုန်းကတော့ အဲ့ဒီအခေါ်က ငါ့ကို နွေးထွေးစေခဲ့တယ်… ဒါပေမဲ့ အခု မင်းရဲ့ ပါးစပ်ကနေ ထွက်ပေါ်လာတဲ့ အဲ့ဒီစကားက အရမ်းပဲ စက်ဆုပ်ရွံရှာဖို့ကောင်းတယ် ”

မင်းသားဆယ့်တစ်၏ အမူအရာသည် ဝမ်းနည်းကြေကွဲမှုဖြင့် ပြည့်နှက်နေသည်။ သူ၏ မျက်လုံးက သွေးရောင်လွှမ်းနေလေရာ လူသားဧကရာဇ်အပေါ် သူ၏ အမုန်းတရားက မည်မျှနက်ရှိုင်းကြောင်း ထင်ရှားပေသည်။ လူသားဧကရာဇ်က သူ၏ သရုပ်အား သိနေခြင်းကို သူမအံ့ဩပေ။

သူက သရုပ်ကို လုံးဝဂရုမစိုက်ပေ။ ယနေ့ သူဂရုစိုက်သည့် တစ်ခုတည်းသော အရာမှာ လူသားဧကရာဇ်ကို သတ်ဖြတ်ရန် ဖြစ်သည်။

ထိုအတွက် သူက နှစ်ပေါင်းများစွာကြာအောင် သည်းခံခဲ့ပြီး ပြင်ဆင်မှုများစွာကို ပြုလုပ်ခဲ့သည်။

လူသားဧကရာဇ်သည် အမူအရာကင်းမဲ့စွာ ဆက်ရှိနေဆဲပင်။ သူက ဘုရင်ကျန်းယန်ထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး မင်းသားဆယ့်တစ်ကို ကြည့်လိုက်သည်။ သူက တစ်ဖက်လူ၏ သရော်လှောင်ပြောင်မှုကို လျစ်လျူရှုထားပြီး တည်ငြိမ်စွာ ပြောသည်။

“ မင်း နင်ယန်ကို ဘယ်အချိန်ကတည်းက ပူးကပ်ထားတာလဲ ”

ယင်းကို မင်းသားဆယ့်တစ်ကြားသောအခါ သူက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူ၏ အမူအရာသည်လည်း ပိုပြီးရက်စက်ကြမ်းကြုတ်လာသည်။

ပုံမှန်အားဖြင့် သူ၏ အမူအရာက မည်းမှောင်နေပြီး သူ့မှာ ထိုသို့စိတ်ခံစားချက်များ မရှိပေ။ သို့သော်လည်း ယနေ့သည် ကွဲပြားခြားနားသည်။ သူက ဤအတွက် အချိန်အကြာကြီး သည်းခံခဲ့ရပြီး ပြင်ဆင်ခဲ့ရသည်။ နောက်ဆုံးမှာတော့ ယနေ့ သူက လက်စားပြန်ချေရန် အခွင့်အရေးရလာသည်။

ထို့ကြောင့် သူ၏ စိတ်ခံစားချက်များက ပြင်းထန်နေရခြင်း ဖြစ်သည်။

“ ဟုတ်တယ်… ငါ့ရဲ့ ငတုံးညီလေးကို တော်ဝင်အကျဉ်းထောင်ထဲမှာ မင်းဖမ်းချုပ်ခဲ့တဲ့ အချိန်ပဲ… မင်း အဲ့လိုလုပ်ဖို့အတွက် ငါ့ကိုယ်ငါ တမင်လူလုံးထုတ်ပြခဲ့တာ ”

“ အဲ့ဒါမှပဲ သက်သေတွေက နင်ယန်ကို ညွှန်ပြနေလိမ့်မယ်… နင်ယန်က သူ့မှာ အပြစ်မရှိကြောင်း သက်သေပြဖို့အတွက် အင်မော်တယ်အမှန်တရားခေါင်းလောင်းကို တီးလိမ့်မယ်လို့ ငါခန့်မှန်းခဲ့တယ်… ဒါအပြင် အမြဲတမ်း ကိုယ့်ကိစ္စနဲ့ကိုယ် အလုပ်ရှုပ်နေတဲ့ မင်းက ဒီကိစ္စကို အရေးတကြီး အာရုံစိုက်နိုင်မှာ မဟုတ်ဘူး ”

“ ဒါကြောင့် နင်ယန်ကို ဖမ်းချုပ်ထားတာက အကောင်းဆုံး ရွေးချယ်မှုပဲ ”

“ ဒီနည်းနဲ့ တော်ဝင်အကျဉ်းထောင်ထဲမှာ နင်ယန်ရဲ့ ခန္ဓာကိုယ်ကို ငါ့ရဲ့ နတ်ဘုရားစိတ်အာရုံနဲ့ အလွယ်လေး သိမ်းပိုက်နိုင်ခဲ့တယ် ”

မင်းသားဆယ့်တစ်၏ အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။

‘ အတိတ်တုန်းက နေအိမ်ထဲမှာ ငါတွေ့ခဲ့တဲ့ ဝတ်စုံနက်နဲ့လူက… တကယ်ပဲ မင်းသားဆယ့်တစ်ပဲ ’

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ အတိတ်တွင် မူကွဲအင်မော်တယ်ကျောင်းတော်ကို စွဲချက်တင်ထားခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး သူက ဝိညာဉ်ရှာဖွေမှုကို ပြုလုပ်ခဲ့သည်။ နောက်ဆုံးတွင် သူက နေအိမ်တစ်လုံးကို ရှာတွေ့ခဲ့သည်။

နေအိမ်ထဲမှာ ဝတ်စုံနက်နှင့်အမျိုးသားကို ပထမဆုံးအကြိမ် သူတွေ့ဆုံခဲ့သည်။

ရွှီချင်းက တွေးတောနေစဉ် တော်ဝင်အကျဉ်းထောင်၏ အနက်ပိုင်းထဲမှ ရင်းနှီးကျွမ်းဝင်သော အားလှိုင်းအတတ်အကျကို သူအာရုံခံမိသည်ဟု နင်ယန်ပြောခဲ့ဖူးကြောင်းကိုလည်း ပြန်မှတ်မိသွားသည်။

တစ်ဖက်လူက နင်ယန်ကို သိမ်းပိုက်ရသည့် ရည်ရွယ်ချက်သည်တော့ ရှင်းလင်းသည်။ မင်းသားဆယ့်တစ်၏ သရုပ်သည် အမှောင်ထဲမှာသာ ရှိသည်။ သို့ဖြစ်၍ သူက လူသားဧကရာဇ်နှင့် နီးကပ်နိုင်မည့် အခွင့်အရေးအတွက် နင်ယန်ကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အကယ်၍ သူက နန်းမြို့တော်ထဲမှာ ဧကရာဇ်ကို လုပ်ကြံမည်ဆိုလျှင် အတားအဆီးများစွာဖြင့် ရင်ဆိုင်ရလိမ့်မည်။

ထို့ကြောင့် သူ၏ ရည်မှန်းချက်ကို အောင်မြင်ချင်သည်ဆိုလျှင် အပြင်လူများ ဝင်ရောက်စွက်ဖက်ခြင်းကို သေချာပေါက် တားဆီးရလိမ့်မည်။

သို့ဖြစ်၍ ဘိုးဘေးကန်တော့ပွဲကျင်းပမည့် ရှေးဘုရင်ဂြိုလ်သည် အပြင်လောကနှင့် သီးခြားခွဲထွက်နေလေရာ သူ့အတွက်တော့ အကောင်းဆုံး စစ်မြေပြင်ဖြစ်သည်။

အပြင်လူများက အထဲသို့ ဝင်ရောက်ချင်လျှင် အရည်အချင်းပြည့်မီရမည်။

အရည်အချင်းပြည့်မီရန်အတွက်တော့ လူသားဧကရာဇ်က သူတို့ကို ကမ္မဖြင့် ထောက်ခံပေးနိုင်သည်။

သို့သော်လည်း ယခု ကမ္မက သံကြိုးများအဖြစ် အသွင်ပြောင်းလဲသွားပြီး လူသားဧကရာဇ်ကို ချုပ်နှောင်ထားသည်။ လူသားဧကရာဇ်က အချုပ်အနှောင်မှ မလွတ်မြောက်နိုင်ခင် ကမ္မ၏ အကူအညီကို ရရှိနိုင်လိမ့်မည် မဟုတ်ချေ။

မင်းသားဆယ့်တစ်က ဤခရီးစဉ်အတွက် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ကြောင်း ထင်ရှားပေသည်။

သူက ဘိုးဘေးကန်တော့ပွဲအတွက် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သူက ဘိုးဘေးကန်တော့ပွဲအတွင်း ရှေးဘုရင်ဂြိုလ်ထဲသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီရမည်။ ထို့ကြောင့် ဖြစ်နိုင်သည်မှာ နင်ယန်ပြန်မရောက်လာလျှင် သူ့မှာ တခြားအစီအစဉ်များ ရှိကောင်းရှိနိုင်ပေသည်။

သို့သော်လည်း နန်းမြို့တော်သို့ နင်ယန်ပြန်လာပြီး‌နောက် နင်ယန်ကို သိမ်းပိုက်ခြင်းက မင်းသားဆယ့်တစ်အတွက် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်လာသည်။

ပိုပြီးအတိအကျပြောရလျှင် နင်ယန်ကို သိမ်းပိုက်ခြင်းသည် အရံအစီအစဉ်တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ရွှီချင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှာ ကြီးမားသော အောင်မြင်မှုများကို ရရှိခဲ့သောကြောင့် နင်ယန်က သူ၏ ဦးစားပေးရွေးချယ်မှု ဖြစ်လာသည်။

အဘယ့်ကြောင့်ဆိုသော် ရွှီချင်း၏ ထောက်ခံပေးမှုကြောင့် နင်ယန်သည် ရှေးဘုရင်ဂြိုလ်ပေါ်သို့ ဝင်ရောက်နိုင်ပြီး လူသားဧကရာဇ်၏ အနောက်မှာ ရပ်နိုင်လိမ့်မည်။

သို့သော်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး ရွှီချင်း၏ စိတ်ထဲမှာ မေးခွန်းနှစ်ခု ထွက်ပေါ်လာသည်။

‘ နင်ယန်က ဒီကိစ္စကို လုံးဝမသိတာလား… ဒါမှမဟုတ် သူက စိတ်ပါလက်ပါ ခွင့်ပြုပေးခဲ့တာလား ’

‘ လူသားမျိုးနွယ်ရဲ့ အမြင့်ဆုံး အချုပ်အချာအာဏာကို ပိုင်ဆိုင်ထားတဲ့ ဧကရာဇ်က ဒီကိစ္စကို တကယ်ပဲ မသိတာလား… ဒါမှမဟုတ် သူက တမင်ခွင့်ပြုပေးခဲ့တာလား ’

ရွှီချင်းသည် ဆက်ပြီး နှုတ်ဆိတ်နေသည်။ ကိစ္စများစွာကို တွေ့ကြုံပြီးသည့်နောက် လူသားမျိုးနွယ်၏ သဘာဝမှာ ကောင်းခြင်းဆိုးခြင်းဟူ၍ မရှိကြောင်း သူနားလည်ခဲ့သည်။ လူသားနှလုံးသားသည် ထိုထက် ပိုပြီးဆိုးဝါးသည်။ ယင်းက အလွန်ရှုပ်ထွေးပြီး မတူညီသော အချိန်အခါနှင့် မတူညီသော ရပ်တည်ချက်ပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။

ထို့ပြင် လူသားဧကရာဇ်၏ တုံ့ပြန်မှုသည် ထူးဆန်းသည်။ အဓိပ္ပာယ်ရှိသော အပြုံးက လူသားဧကရာဇ်၏ တည်ငြိမ်သော မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ကြည့်ရတာ မင်းရဲ့ ညီလေးအပေါ် မင်းရဲ့ ခံစားချက်တွေက အရမ်းနက်ရှိုင်းတဲ့ပုံပဲ… ဒီအခြေအနေမှာတောင် မင်းရဲ့ စကားတွေက သူ့ကို မင်းနဲ့ ခပ်ဝေးဝေးမှာ ရှိနေစေချင်တယ်… ဒီနေ့ မင်းရဲ့ အစီအစဉ်က ကျရှုံးသွားရင် မင်းရဲ့ ညီလေးပါ ပါဝင်ပတ်သက်ခံရမှာကို စိုးရိမ်နေတာမလား ”

“ နင်ယန်ကို အခက်တွေ့အောင် ငါမလုပ်ပါဘူး… ဒါကြောင့် အဲ့ဒီကိစ္စကို မင်းစိတ်ပူစရာ မလိုပါဘူး… မင်းက စကားအများကြီး ပြောနေမှတော့ အချိန်ဆွဲနေတယ်ဆိုတာ ရှင်းလင်းပါတယ် ”

“ မင်းက ဘယ်သူ့ကို စောင့်နေတာလဲ ငါမသိဘူး… ဒါပေမဲ့ မင်းက စကားပြောလို့ မဆုံးသေးဘူးဆိုမှတော့ မင်းကို စကားပြောဖို့ ဆယ့်ငါးမိနစ် ငါအချိန်ပေးမယ် ”

“ ဘာပဲဖြစ်ဖြစ် ခမည်းတော်ကို လုပ်ကြံပြီး ထီးနန်းကို သိမ်းပိုက်ဖို့အတွက် သင့်တော်တဲ့ အကြောင်းပြချက်တစ်ခုတော့ ရှိသင့်တယ်မလား… အဲ့ဒီအကြောင်းပြချက်ကို လောကကြီးသိအောင် ပြောပြစမ်းပါ ”

အစမှအဆုံးအထိ လူသားဧကရာဇ်အသံသည် တည်ငြိမ်သည်။

ထိုမြင်ကွင်းက မင်းသားဆယ့်တစ်၏ အမူအရာကို အနည်းငယ် အရုပ်ဆိုးသွားစေသည်။ သို့သော်လည်း သူက သူ၏ ပြင်ဆင်မှုများအပေါ် အလွန်ယုံကြည်မှုရှိသည်။

ထို့ကြောင့် သူ၏ အမူအရာက ပုံမှန်ပြန်ဖြစ်သွားသည်။ သူက လူသားဧကရာဇ်ကို စိုက်ကြည့်လိုက်ပြီး ပြောသည်။

“ အကြောင်းပြချက်ဟုတ်လား… ငါဘာလို့ ဒီလိုလုပ်တာလဲ မင်းမသိဘူးလား ”

“ ငါ့မယ်တော်ကို သတ်ပစ်ဖို့ မင်းအမိန့်ပေးလိုက်ကတည်းက… ငါ့မျက်စိနဲ့ မယ်တော်သေဆုံးသွားတာကို မြင်လိုက်ရကတည်းက ငါ့ရဲ့ အသိစိတ်ထဲမှာ မင်းကို သတ်ဖို့ကလွဲပြီး ဘာမှမရှိတော့ဘူး ”

“ မင်းအပေါ်ထားတဲ့ ငါ့ရဲ့ အမုန်းတရားတွေက တစ်နေ့တစ်ခြား ပိုပိုပြီး တိုးပွားလာတယ်… ငါမသေသေးဘူးဆိုတာ မင်းသိတာကိုလည်း ငါသိတယ်… မင်းဘာကြောင့် ငါ့ကို အသက်ရှင်ခွင့်ပေးထားတာလဲ ငါသိတယ် ”

“ မင်းက ငါ့ကို အရေးကြီးအချိန်မှာ ငါးစာအဖြစ် အသုံးချချင်လို့ အသက်ရှင်ခွင့်ပေးထားတာပဲ ”

“ ငါမင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး… ဘာလို့လဲဆိုတော့ မင်းကို မသတ်ရရင် ငါစိတ်အေးမှာမဟုတ်ဘူး… မင်းကို မသတ်ရင် ငါက သားတစ်ယောက်အဖြစ် တာဝန်မကျေတော့ဘူး… မင်းကို မသတ်ရင် ငါက ဒီလောကထဲမှာ အသက်ဆက်ရှင်နေဖို့ မထိုက်တန်တော့ဘူး ”

မင်းသားဆယ့်တစ်၏ နှလုံးကွဲကြေသော အသံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

ဧကရာဇ်၏ မျက်လုံးထဲမှာ အတိတ်ကို လွမ်းဆွေးသော အရိပ်အယောင်က ထွက်ပေါ်လာသည်။ နင်ယန်၏ စကားက ထိုမတော်တဆမှုပြီးနောက် သူ၏ နန်းဆောင်ထဲမှာ အမြဲချိတ်ဆွဲထားခဲ့သော ပန်းချီကားကို ပြန်အမှတ်ရစေသည်။ ပန်းချီကားထဲတွင် ချောမောလှပသော အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ရှိသည်။

နောက်ဆုံးမှာတော့ သူက နူးညံ့စွာ သက်ပြင်းချလိုက်သည်။

ထိုသက်ပြင်းချသံထဲမှာ အတိတ်တွင် သူခံစားခဲ့ရသော စိတ်ခံစားချက်များ ပါဝင်သည်။ သူက နူးညံ့စွာ အသက်ရှူထုတ်လိုက်ပြီးနောက် သူ၏ နှလုံးသားက ပြန်လည်တည်ငြိမ်သွားသည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောသည်။

“ ဒါဆို မင်းမှာ ဝှက်ဖဲကတ်တွေ ထပ်ရှိသေးလား… ရှိသေးရင် အဲ့ဒါတွေကို အသုံးပြုနိုင်တယ် ”

“ ကောင်းပြီ… မင်းရဲ့ သဘောဆန္ဒအတိုင်းပဲ ”

မင်းသားဆယ့်တစ်သည် ခေါင်းငုံ့လိုက်ပြီး ရှေးဘုရင်ဂြိုလ်၏ အနက်ပိုင်းထဲသို့ ကြည့်လိုက်သည်။ ထို့နောက် သူက အေးစက်စွာ စကားပြောလိုက်လေရာ အနက်ရောင်အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း ခပ်အုပ်အုပ် ပေါက်ကွဲသံသည် ရှေးဘုရင်ဂြိုလ်၏ အနက်ပိုင်းထဲမှ ထွက်ပေါ်လာသည်။

ဤသည်မှာ ကြီးမားသော အပြောင်းအလဲက ရှေးဘုရင်ဂြိုလ်ပေါ်မှာ ထွက်ပေါ်လာသည့်အလားပင်။ ယင်းက မင်းသားဆယ့်တစ် အချိန်ဆွဲနေခဲ့သည့် ရလဒ်ဖြစ်သည်။

နောက်အခိုက်အတန့်မှာ ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်မှ လူတိုင်း၏ နှလုံးသားကို မုန်တိုင်းဝင်သွားစေမည့် မြင်ကွင်းတစ်ခုက သူတို၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံမိုးခြိမ်းသံများနှင့် ဆင်တူသော ဝုန်းခနဲ မြည်သံများက ရှေးဘုရင်ဂြိုလ်ပေါ်မှာ တရစပ် ပဲ့တင်ထပ်လာသည်။ ကမ္ဘာတုန်ဟီးသွားစေမည့် အားလှိုင်းအတတ်အကျသည် ရှေးဘုရင်ဂြိုလ်၏ အနက်ပိုင်းထဲမှ ပေါ်လျှိုးထွက်လာသည်။

ရှေးဘုရင်ဂြိုလ်၏ အနက်ပိုင်းကို အဆုံးမဲ့သော မြူခိုးထုဖြင့် ဖုံးလွှမ်းထားသည်။ ယခု မြူခိုးက ပေါက်ကွဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ရူးသွပ်စွာ ပျံ့နှံ့သွားသည်။ ထို့နောက် ကြောက်စရာကောင်းသော အဖျက်အဆီးအရှိန်အဝါနှင့်အတူ ပဉ္စဂံယဇ်ပလ္လင်တစ်ခုက ထွက်ပေါ်လာသည်။ ဤသည်မှာ ပဉ္စဂံယဇ်ပလ္လင်က ထူးဆန်းသော အင်အားတစ်ခုကြောင့် ရှေးဘုရင်ဂြိုလ်၏ အနက်ပိုင်းထဲမှ အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရသည့်အလားပင်။

လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်မှာ ထိုယဇ်ပလ္လင်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ပဉ္စဂံယဇ်ပလ္လင်ပေါ်တွင် ရွှေရောင်ခေါင်းတလားငါးခု ရှိနေသောကြောင့် ဖြစ်သည်။

ခေါင်းတလားတစ်ခုစီသည် ယဇ်ပလ္လင်၏ ထောင့်တစ်ခုစီမှာ တည်ရှိကြသည်။ ထို့ပြင် ယင်းတို့က အလွန်ထိတ်လန့်ဖွယ်ကောင်းသော အင်ပါယာချီကို ထုတ်လွှတ်နေကြသည်။

ထို့ပြင် ခေါင်းတလားတစ်ခုစီ၏ အပေါ်တွင် နတ်နန်းတစ်ခုစီ ရှိကြသည်။

နတ်နန်းထဲတွင် မည်သည့်ရုပ်တုမှ မရှိပေ။ ဝိညာဉ်ကမ္ပည်းများသာ ရှိသည်။

ဝီညာဉ်ကမ္ပည်းများ၏ အပေါ်တွင် ဒုန်းရှန့်၊ ရှန့်ထျန်း၊ ကျင့်ယွင်၊ တာအိုရှီကျဲဟု ရေးသားထားသည်။

နောက်ဆုံးဝိညာဉ်ကမ္ပည်းပေါ်တွင် ရွှမ်ကျန်းဟု ရေးသားထားသည်။

ထိုမြင်ကွင်းသည် ကမ္ဘာတုန်လှုပ်သွားစေနိုင်သော ရိုးရာဓလေ့တစ်ခု ဖြစ်သည်။

ထို့ပြင် ခေါင်းတလားငါးခု၏ အလယ်မှာ မီးအိမ်တစ်ခုရှိသည်။

ထိုမီးအိမ်ကို ခရမ်းရောင်ကျောက်တုံးဖြင့် ပြုလုပ်ထားပြီး ၎င်းက ပန်းပွင့်သဖွယ် ဖူးပွင့်နေသည်။ သို့မဟုတ် ၎င်းက အနားယူနေသော ခရမ်းရောင်ဖီးနစ်တစ်ကောင်နှင့် ဆင်တူသည်။ ၎င်းက အမှန်တကယ် အသက်ရှိနေသည့်အလား အတောင်ပံများကို ဖြန့်ကားထားသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ မီးအိမ်သည် အက်ကွဲရာများဖြင့် ပြည့်နှက်နေပြီး အနီရောင်မီးတောက်များက မီးအိမ်ထဲမှ ပေါ်ထွက်နေသည်။ အနီရောင်မီးတောက်များသည် ခေါင်းတလားငါးခုကို လွှမ်းခြုံသွားပြီးနောက် အမည်မသိအပြောင်းအလဲတစ်ခုကို ဖြစ်ပေါ်လာစေသည်။ ယင်းတို့က အင်ပါယာချီနှင့် အတူတကွ ပေါင်းစပ်သွားပြီး မီးတောက်၏ အပြင်ဘက်အလွှာကို ရွှေရောင်အဖြစ် ပြောင်းလဲသွားစေသည်။

မီးတောက်သည် အကြမ်းပတမ်း တောက်လောင်နေသည်။

နတ်ဘုရားအရှိန်အဝါသည် ရွှေရောင်မီးတောက်များကြားထဲမှ ပေါ်လျှိုးထွက်နေသည်။

ယင်းက နတ်ဘုရားမီးတောက်ဖြစ်သည်။

အတိအကျဆိုရလျှင် ယင်းက အောင်မြင်ခါနီးနေသော နတ်ဘုရားမီးတောက်ဖြစ်သည်။

“ ခမည်းတော်… မင်းရဲ့ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ကို လူတွေအားလုံးရှေ့မှာ ငါထုတ်ဖော်လိုက်ပြီ… ဒီဟာက မင်းကို သတ်ဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက်လို့ မင်းမထင်ဘူးလား ”

မင်းသားဆယ့်တစ်က နှာခေါင်းရှုံ့လိုက်သည်။

All Chapters