မိဘ(က)
Vol. 89 Ch. 1362
မင်းသားဆယ့်တစ်က အာရုဏ်ဦးနေမင်းကို ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ရွှီချင်းက အမြန်အနောက်ဆုတ်သွားသည်။ သူက အင်ပါယာအလောင်းကိုပင် ထုတ်ယူလိုက်သည်။
အားညိုက ဤနေရာမှာမရှိဘဲ အင်ပါယာအလောင်းကို ထိန်းချုပ်ရန် သူတို့နှစ်ယောက်စလုံးကို လိုအပ်သော်လည်း ရွှီချင်းသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အင်ပါယာအလောင်းဖြင့် ပေါင်းစပ်နိုင်သေးသည်။
ရွှီချင်းသည် အားညိုကို ဤကိစ္စအကြောင်း မပြောပြခဲ့ပေ။
ဤကိစ္စက လူသားဧကရာဇ်၊ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားနှင့် ဆက်စပ်နေကြောင်း ရှင်းလင်းစွာ သူနားလည်သည်။ ယင်းက အလွန်နက်နဲသည်။
သူ၏ အကျင့်စရိုက်အရ သူတစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရမည့် ကိစ္စတချို့ ရှိသည်။
ရွှီချင်းသည် အာရုဏ်ဦးနေမင်း၏ ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိသည်။
သို့ဖြစ်၍ ခြားနားမှုတချို့ကို သူသတိထားမိသည်။
ဤအာရုဏ်ဦးနေမင်းက သူ၏ ရှေးဟောင်းနေလုံးနှင့် သဘောတရားချင်း ဆင်တူသော်လည်း အသေးစိတ်အချက်အလက်များသည်တော့ ကွဲပြားခြားနားသည်။
အတိအကျဆိုရလျှင် အတိတ်မှာ သူအသုံးပြုခဲ့သော အာရုဏ်ဦးနေမင်းသည် နီလာနတ်သမီး၏ အသွေးအသားနှင့် ရှေးဟောင်းနေလုံး၏ ပေါင်းစပ်မှုဖြစ်သည်။ ယင်းထဲမှာ ကမ္ဘာဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ်အဖျက်စွမ်းအား ပါရှိသည်။
လူသားမျိုးနွယ်၏ အာရုဏ်ဦးနေမင်းသည်တော့ ကွဲပြားခြားနားသည်။
ယင်းက တည်ငြိမ်သော စွမ်းအင်ဖြစ်သည်။ ယင်းကို အရေအတွက်အများအပြား မထုတ်လုပ်နိုင်သော်လည်း လူသားမျိုးနွယ်၏ ဖန်တီးပြုလုပ်မှုအောက်မှာ အာရုဏ်ဦးနေမင်းများက အစီအစဉ်တကျ ဖြစ်ပေါ်လာနေဆဲပင်။
သို့မှသာ ယင်းကို မျိုးနွယ်စု၏ ဒေသစစ်လက်နက်တစ်ခုအဖြစ် သတ်မှတ်နိုင်လိမ့်မည်။
မှန်ပေသည်။ ထိုသို့လုပ်ဆောင်ရန် အရင်းအမြစ်အလုံအလောက်ရှိရမည်။
ထို့ကြောင့် အာရုဏ်ဦးနေမင်း၏ ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော အလင်းရောင်သည် အကြောက်တရားကို မပေးချေ။ ယင်းအစား အာရုဏ်တတ်ချိန်တွင် နေထွက်လာသည်ဟူသော ခံစားမှုကို ပေးသည်။
နေထွက်လာပြီး ညကို ဖြိုခွဲလိုက်သည့်အလား ဤလောက၏ အမှောင်ထုက လောင်ကျွမ်းသွားပြီး လေထဲသို့ မြှောက်တတ်သွားသည်။
ယင်းက အမှောင်ထုအားလုံးကို ဖိနှိပ်ပစ်ရန် အလင်းရောင်ကို ဆောင်ကြဉ်းပေးလိမ့်မည်။
သို့သော်လည်း အာရုဏ်ဦးနေမင်းက မင်းသားဆယ့်တစ်၏ လက်ထဲမှာရှိနေစဉ် ယင်းက လူသားမျိုးနွယ်၏ အမှောင်ဘက်ခြမ်းနှင့် ရှေးဘုရင်ဂြိုလ်ကို ရည်ရွယ်ပေသည်။
သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ အဆုံးမဲ့သော အလင်းရောင်နှင့် အပူဓာတ်က အရပ်မျက်နှာအဘက်ဘက်ဆီသို့ မုန်တိုင်းသဖွယ် ပျံ့ပွားသွားသည်။ ရှေးဘုရင်ဂြိုလ်တစ်ခုလုံး အပြင်းအထန် တုန်ယင်လာသည်။
ဤသည်မှာ အစစ်အမှန်နေတစ်စင်းက ရှေးဘုရင်ဂြိုလ်ပေါ်မှာ မြင့်တတ်လာနေသည့်အလားပင်။
ယင်းက ရှေးဘုရင်ဂြိုလ်တစ်ခုလုံးကို အစားထိုးသွားပြီး ဝမ်ကူးကုန်းမြေ၏ အစစ်အမှန်နေတစ်စင်း ဖြစ်လာတော့မည်ဟူသော ခံစားမှုကို ပေးသည်။ ထိုသို့စွမ်းအင်အောက်မှာ အနီးနားတွင် ရှိနေသော ရှေးဘုရင်ဂြိုလ်မှ နတ်ဘုရားမီးတောက်သည် အပြင်းအထန် လှုပ်ခတ်သွားသည်။
ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်နှင့် အဖျက်အဆီးအရှိန်အဝါက ကပ်ဘေးကို ခေါ်ဆောင်လာသည်။
ရှေးဘုရင်ဂြိုလ်ပေါ်တွင် လူသားကျင့်ကြံသူအားလုံး၏ အမူအရာသည် ပြောင်းလဲသွားသည်။ သေခြင်းရှင်ခြင်းကပ်ဘေးက သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ကြီးမားသော အကြောက်တရားက သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဝါးမျိုသွားသည်။
လူသားမျိုးနွယ်၏ ကောင်းကင်ဘုရင်များနှင့် တိုက်ခိုက်နေသော ကောင်းကင်ဝါးမျိုမျိုးနွယ်စု၏ ကောင်းကင်ဘုရင်လေးပါးသည်သာ အမူအရာမပြောင်းလဲသွားပေ။ ၎င်းတို့က သွေးနီရောင်ဝဲကတော့ထဲသို့ ခြေချလိုက်ပြီး လူသားမျိုးနွယ်၏ ပိုင်နက်ထဲသို့ ဆင်းသက်လာသည့်အချိန်မှစ၍ ၎င်းတို့၏ တာဝန်ကို သိရှိထားကြပြီးပြီ ဖြစ်သည်။
ကောင်းကင်ဝါးမျိုမျိုးနွယ်စု၏ အနာဂတ်နှင့် ထိုကတိအတွက် ၎င်းတို့သည် လူသားမျိုးနွယ်ကို ထိုးဖောက်မည့် ဓားတစ်လက်ဖြစ်ကြောင်း သိထားကြသည်။
ဓား၏ တာဝန်သည်တော့ သတ်ဖြတ်ခြင်းအပြင် ကိုယ့်ကိုယ့်ကိုယ် ဖောက်ခွဲပစ်ရန်လည်း ပါဝင်သည်။
ထို့ကြောင့် ၎င်းတို့သည် မျိုးနွယ်စုထဲမှာ စီစဉ်စရာရှိသည်များကို စီစဉ်ခဲ့ပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံကို ဖောက်ခွဲပစ်ရန် စိတ်ဆုံးဖြတ်ထားကြသည်။
ဤအခိုက်အတန့်မှာ အာရုဏ်ဦးနေမင်း၏ ပေါက်ကွဲမှုသည် ၎င်းတို့အတွက် အချက်ပြမှုတစ်ခု ဖြစ်သည်။
သို့ဖြစ်၍ ကောင်းကင်ဝါးမျိုမျိုးနွယ်စု၏ ကောင်းကင်ဘုရင်လေးပါးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ စိတ်ဓာတ်ပြတ်သားမှုက ၎င်းတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် ၎င်းတို့က တုံ့ဆိုင်းမနေတော့ဘဲ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်ကြသည်။
အာရုဏ်ဦးနေမင်းနှင့် ကောင်းကင်ဘုရင်လေးပါး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုသည် အစစ်အမှန်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
ဤအခိုက်အတန့်မှာ ရှေးဘုရင်ဂြိုလ်တစ်ခုလုံးသည် ဖော်မပြနိုင်သော ကပ်ဘေးဖြင့် တွေ့ကြုံနေရသည်။
သေခြင်းရှင်ခြင်းသည် လျှပ်တစ်ပြက်အတွင်း အဆုံးအဖြတ်ပေးခြင်းခံရလိမ့်မည်။
ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်မှ နန်းမြို့တော်ထဲတွင် လူတိုင်းသည် ထိတ်လန့်ချောက်ချားသွားကြသည်။
လူသားမျိုးနွယ်၏ စည်းချအစီအရင်သည် အပြင်းအထန် လင်းလက်တောက်ပလာပြီး ပေါက်ကွဲမှုစွမ်းအားကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ယင်းက အချည်းနှီးသာ ဖြစ်သည်။
အာရုဏ်ဦးနေမင်းကို လျစ်လျူရှုနိုင်သော ပိုပြီးအစွမ်းထက်သည့် အင်အားတစ်ခု မထွက်ပေါ်လာသရွေ့ ဘိုးဘေးကန်တော့ပွဲက ဤနေရာမှာ အဆုံးသတ်သွားလိမ့်မည်။
ထိုသို့ရလဒ်သည် လူသားမျိုးနွယ်အတွက် မဟာကပ်ဘေးဖြစ်သည်။
ထို့ကြောင့် တစ်စုံတစ်ယောက်သည် မဟာဧကရာဇ်၏ ရုပ်တုဆီသို့ လှမ်းကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ ဓားကိုင်ဧကရာဇ်၏ နောက်ဆုံးဓားချက်သည်သာ အရာအားလုံးကို ဖြေရှင်းပေးနိုင်မည့်ဟန် ရ၏။
သို့သော်လည်း မဟာဧကရာဇ်က နှုတ်ဆိတ်နေသည်။
ရွှီချင်းသည် စိတ်ထဲမှာ နူးညံ့စွာ သက်ပြင်းချလိုက်သည်။ သို့သော်လည်း ယခုအချိန်မှာပင် ပြပွဲက မပြီးဆုံးသေးကြောင်း သူခံစားမိနေဆဲပင်။
အဘယ့်ကြောင့်ဆိုသော် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက ယခုထိ ထွက်ပေါ်မလာသေးပေ။
ထို့ပြင် လူသားဧကရာဇ်က တစ်ချိန်လုံး အေးဆေးတည်ငြိမ်နေသည်။
ရှေးဘုရင်ဂြိုလ်က ပျက်စီးတော့မည့်အချိန် အဖျက်အဆီးစွမ်းအားက ကောင်းကင်ဘုံထိ ပျံတတ်သွားတော့မည့်အချိန်…
ထိုအခိုက်အတန့်မှာ လူသားဧကရာဇ်က တည်ငြိမ်စွာ လက်မြှောက်လိုက်သည်။
သူက လက်မြှောက်လိုက်သည်နှင့်ချက်ချင်း သူ၏ ခန္ဓာကိုယ်ပေါ်မှ ကမ္မသံကြိုးအများအပြားက ပြိုကွဲသွားကြသည်။ တစ်ဆက်တည်းမှာ သူက ညာလက်ကို မြှောက်လိုက်ပြီး အောက်သို့ ညင်သာစွာ ဖိချလိုက်သည်။
ဧရာမလက်ဝါးပုံရိပ်တစ်ခုသည် ရှေးဘုရင်ဂြိုလ်၏ ကောင်းကင်ကို အစားထိုးသွားပြီး မြေပြင်ကို လွှမ်းခြုံသွားသည်။
အလွန်ကျယ်ပြောသော စွမ်းအားက ဆင်းသက်လာသည်နှင့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး လောက၏ အရောင်အသွေးက ပျောက်ဆုံးသွားသည်။
ဧရာမလက်ဝါးက ကောင်းကင်ကို ဖုံးအုပ်သွားနေစဉ် ဝိညာဉ်စုစည်းခြင်းအဆင့်ထက် သာလွန်သော အံ့မခန်းစွမ်းအားက ထွက်ပေါ်လာသည်။
ထို့နောက် ဧရာမလက်ဝါးက ညင်သာစွာ ဖိချလိုက်သည်။
ဟင်းလင်းပြင်သည် အက်ကွဲသွားပြီး လောကသည် တုန်လှုပ်သွားသည်။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်သော ကောင်းကင်ဝါးမျိုမျိုးနွယ်စုမှ ကောင်းကင်ဘုရင်လေးပါး၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကျုံ့သွားသည်။ အလွန်ကျယ်ပြောသော စွမ်းအားအောက်မှာ ၎င်းတို့က အပြင်းအထန် တုန်ယင်သွားကြသည်။ တစ်ချိန်တည်းမှာ ဖော်မပြနိုင်သော ဖိအားတစ်ခုက ဖြစ်ပေါ်လာပြီး ၎င်းတို့လေးယောက်ကို လွှမ်းခြုံသွားသည်။
အော်ဟစ်ညည်းညူသံများကြား၌ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်သော စိတ်ဆန္ဒသည် အတင်းအကျပ် ဖိနှိပ်ခံလိုက်ရပြီး ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားသည်။
ကြီးမားသော စွမ်းအားအောက်မှာ ကောင်းကင်ဘုရင်လေးပါးသည် သွေးအန်လိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
၎င်းတို့၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်မှာ ဖိနှိပ်ခံလိုက်ရပြီး ၎င်းတို့သည် မရုန်းကန်နိုင်ကြတော့ပေ။
၎င်းတို့၏ မဟာလောကများသည်လည်း ထို့အတူပင်။
အကြွင်းမဲ့စွမ်းအားအောက်မှာ ခုခံမှုအားလုံးသည် အဓိပ္ပာယ်မရှိချေ။
၎င်းတို့ချည်းသာ မဟုတ်ပေ။ နောက်အခိုက်အတန့်မှာ ပေါက်ကွဲသွားသည့် အာရုဏ်ဦးနေမင်းသည်လည်း တုန်ယင်သွားသည်။ အဆုံးမဲ့သော အလင်းရောင်နှင့် အပူဓာတ်သည် တိုက်ရိုက် အနောက်ပြန်ဆုတ်သွားသည်။