← Chapters

မိဘ(ဂ)

Vol. 89 Ch. 1364

မိဘ(ဂ)

Vol. 89 Ch. 1364

“ ဒါပေမဲ့ ဒီနတ်ဘုရားကျိန်စာအောက်မှာ မင်းနဲ့အဆင့်တူတဲ့ ကောင်းကင်ဝါးမျိုဧကရာဇ်ကို ရင်ဆိုင်တိုက်ခိုက်ရမယ်ဆိုရင်… ခမည်းတော်… မင်းမှာ အသက်ရှင်ဖို့အတွက် ရာခိုင်နှုန်းသိပ်မရှိဘူး ”

မင်းသားဆယ့်တစ်သည် စကားဆုံးသည်နှင့် ညာလက်ကို ညင်သာစွာ မြှောက်လိုက်သည်။ သူက ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး အနက်ရောင်သွေးစက်ထံသို့ လက်ညှိုးညွှန်လိုက်သည်။

အနက်ရောင်သွေးစက်သည် လောင်ကျွမ်းလာသည်။

သွေးစက်ထဲမှ လူသားဧကရာဇ်၏ ပုံရိပ်သည် ဖရိုဖရဲဖြစ်သွားသည်။ နှလုံးကွဲကြေသော အော်ညည်းသံသည် သွေးစက်ထဲမှ ပဲ့တင်ထပ်လာသည်။

နောက်ဆုံးမှာတော့ သွေးစက်သည် ကမ္မချည်မျှင်တစ်မျှင်အဖြစ် ပြောင်းလဲသွားပြီး သံကြိုးများဖြင့် ချည်နှောင်ခံထားရသော လူသားဧကရာဇ်ဆီသို့ ပျံသန်းသွားသည်။

ကမ္မချည်မျှင်က သူ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ကမ္မချည်မျှင်သည် လူသားဧကရာဇ်၏ နဖူးထဲမှ ပြန်လည်ထွက်ပေါ်လာသည်။

ဤသည်မှာ ၎င်းက ပစ်မှတ်ကို ရှာမတွေ့သည့်အလားပင်။

ထို့နောက် ကမ္မချည်မျှင်သည် လေထဲသို့ မြှောက်တတ်သွားပြီး ရှေးဘုရင်ဂြိုလ်၏ အနက်ပိုင်းထဲသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ကျိန်စာ… အောင်မြင်တယ်…

သို့သော်လည်း ထိုမြင်ကွင်းကို မြင်သွားသော ကျင့်ကြံသူအားလုံးသည် အပြင်းအထန် နှလုံးတုန်သွားကြသည်။ ဤသည်မှာ မုန်တိုင်းတစ်ခုက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည့်အလားပင်။

ရွှီချင်းသည်လည်း ဆွံ့အသွားပြီး သူ၏ အသိစိတ်က ဝုန်းခနဲ လှုပ်ခတ်သွားသည်။

အဘယ့်ကြောင့်ဆိုသော် ယင်းက လုံးဝမယုံကြည်နိုင်စရာကောင်းပြီး သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။

မင်းသားဆယ့်တစ်၏ အမူအရာသည် သိသာစွာ ပျက်ယွင်းသွားသည်။ အစောနက သူ၏ အမူအရာများက တမင်ထုတ်ဖော်ပြခဲ့ခြင်းဖြစ်သော်လည်း ဤတစ်ကြိမ် သူ၏ မျက်နှာပေါ်မှ ထိတ်လန့်မှုက အစစ်အမှန် ဖြစ်သည်။

ဤသည်မှာ သူ၏ အသိစိတ်ကို ကောင်းကင်ဘုံက မိုးကြိုးပစ်ချလိုက်သည့်အလားပင်။ သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားပြီး သူက ခြေလှမ်းအနည်းငယ် အနောက်ဆုတ်သွားရသည်။ သူ၏ မျက်လုံးထဲမှာ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွားသည်။ သူ၏ နှလုံးသားထဲမှာ မုန်တိုင်းတစ်ခုက ပေါ်လျှိုးလာသည့်အခါ သူက အလန့်တကြား အော်ပြောလိုက်သည်။

“ မင်း… မင်း… မင်း ဘာလို့ အဲ့ဒီမှာ ရပ်နေနိုင်တာလဲ… ”

“ ငါ့ရဲ့ ကျိန်စာက တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကို ပစ်မှတ်ထားတာလေ… ဘာလို့ ကျိန်စာက တခြားဦးတည်ရာဆီ သွားတာလဲ… ”

“ မင်းဆီမှာ ကမ္မချည်မျှင်ကို လမ်းကြောင်းပြောင်းနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတာလား… ”

“ ဒါမှမဟုတ် မင်းက… ”

“ မဖြစ်နိုင်တာ ”

ရုတ်တရက် ထွက်ပေါ်လာသော ထိုခံစားချက်ကို သူက မယုံကြည်နိုင်သေးပေ။

အစမှအဆုံးထိ လူသားဧကရာဇ်သည် မင်းသားဆယ့်တစ်ကို မကြည့်ပေ။ ထိုအခိုက်အတန့်မှာ သူက မျက်နှာတည်ကြည်နေသော ကောင်းကင်ဝါးမျိုဧကရာဇ်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ဒီကလေးရဲ့ အကျင့်က နည်းနည်းဆိုးတယ်… မင်းရဲ့ အရှေ့မှာ ငါ့ကိုယ်ငါ ရယ်စရာဖြစ်စေမိပြီ ”

“ ဒါပေမဲ့ ဒီနေ့ဟာသက အမှန်တကယ် အဆုံးသတ်သင့်ပြီ ”

“ သူတို့က ငါ့ရဲ့ အစစ်အမှန် တိုက်ပွဲစွမ်းအားကို မင်းနဲ့ စမ်းသပ်ချင်မှတော့… ကောင်းပြီ… မင်းနဲ့ သူတို့မြင်အောင် ငါပြမယ် ”

လူသားဧကရာဇ်၏ အသံသည် နိမ့်တစ်လှည့် မြင့်တစ်လှည့် ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ သံကြိုးများက တစ်ချောင်းပြီးတစ်ချောင်း ပြိုကွဲသွားကြသည်။

သံကြိုးတစ်ချောင်းပြိုကွဲသွားသည့်အခါတိုင်း သူ၏ အရှိန်အဝါက အနည်းငယ် မြင့်တတ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ လောကက တုန်ဟီးသွားပြီး လေကြမ်းများ တိုက်ခတ်လာသည်။ ဖော်မပြနိုင်အောင် အလွန်ကျယ်ပြောသော ဖိအားက လူသားဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုး ပေါ်လျှိုးထွက်လာသည်။

“ တာအိုကို နားလည်ပြီးကတည်းက လောကကြီးရဲ့ အရှေ့မှာ တစ်ခါမှ ငါမတိုက်ခိုက်ခဲ့ဘူး… ဒီနေ့မှာတော့… တာအိုရောင်းရင်းကောင်းကင်ဝါးမျို သေချာကြည့်ထားပါ… တစ်ကြိမ်ပဲ ငါတိုက်ခိုက်မယ် ”

စကားဆုံးသည်နှင့် လူသားဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်မှ နောက်ဆုံးသံကြိုးက ပြိုကွဲသွားသည်။

ယခင်ထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းသော အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး ကောင်းကင်ပေါ်ထိ ပျံတတ်သွားသည်။

ဤအခိုက်အတန့်မှာ ရှေးဘုရင်ဂြိုလ်သည် ပရမ်းပတာ တုန်လှုပ်သွားသည်။ နန်းမြို့တော်သာမက မဟာနန်းမြို့တော်ဒေသကြီးသည်လည်း တုန်လှုပ်သွားသည်။

လူသားဧကရာဇ်သည် သူ၏ ညာလက်ကို မြှောက်တင်လိုက်သည်။ သူက စောစောတုန်းက အာရုဏ်ဦးနေမင်းကို ဖိနှိပ်ခဲ့စဉ်ကအတိုင်း လက်ကို အောက်သို့ ဖိချလိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် လက်ဝါးပုံရိပ်သည် ရှေးဘုရင်ဂြိုလ်၏ ကောင်းကင်ပေါ်မှာ မထွက်ပေါ်လာချေ။

ယင်းအစား ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်မှာ ဖြစ်သည်။

နန်းမြို့တော်၏ အပေါ်မှ ကောင်းကင်သည် အနက်ရောင်သို့ ချက်ချင်း ပြောင်းလဲသွားသည်။

အဆုံးမရှိသည့်အလား ကြီးမားကျယ်ပြောသော လက်ဝါးပုံရိပ်သည် ဖော်မပြနိုင်သော အရှိန်အဝါနှင့်အတူ ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းသွားသည်။

ဟင်းလင်းပြင်သည် ပြိုကွဲသွားပြီး ကောင်းကင်သည် အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။ နေရာအများစုတွင် မြေကြီးသည် အက်ကွဲသွားပြီး တောင်တန်းများသည် ပြိုကျပျက်စီးသွားကြသည်။

ဤသည်မှာ မိုးကောင်းကင်ကို လက်တစ်ဖက်တည်းဖြင့် ဖုံးအုပ်လိုက်ခြင်း ဖြစ်သည်။

ထိုလက်ဝါးအောက်မှာ နတ်ဘုရားများသည်ပင် ချွင်းချက်မရှိ ဖိနှိပ်ခံရလိမ့်မည်။

ဧရာမလက်ဝါးသည် ရှေးဘုရင်ဂြိုလ်ပေါ်သို့ မယုံကြည်နိုင်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ကျဆင်းလာသည်။

လက်ဝါးသည် ရှေးဘုရင်ဂြိုလ်ကို တကယ်ကြီး ဖမ်းဆုပ်လိုက်သည်။

ထို့နောက် လက်ဝါးက ဖျစ်ညှစ်လိုက်သည့်အခါ ရှေးဘုရင်ဂြိုလ်တစ်ခုလုံး ဝုန်းခနဲ တုန်လှုပ်သွားသည်။ ရှေးဘုရင်ဂြိုလ်ပေါ်မှ လူတိုင်းသည် ကမ္ဘာပျက်စီးတော့မည့်အလား ခံစားမိသွားကြသည်။ ကောင်းကင်ဝါးမျိုဧကရာဇ်သည် ပိုပြီးထိတ်လန့်သွားသည်။

၎င်း၏ အသက်ရှူသံက မြန်ဆန်လာပြီး ၎င်း၏ မျက်နှာက ဖြူဖျော့သွားသည်။ ၎င်းက မယုံကြည်နိုင်သော အကြည့်နှင့်အတူ ချက်ချင်း အနောက်ဆုတ်သွားသည်။ ဝေဝါးသော အရိပ်တစ်ခုက ၎င်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာလေရာ ၎င်းက ဤခန္ဓာကိုယ်ထဲမှ ထွက်ခွာချင်နေပုံပေါ်သည်။

တည်နေရာပြောင်းရွှေ့ခြင်းစိတ်ဆန္ဒသည်လည်း ထွက်ပေါ်လာသည်။

၎င်းက ထွက်ပြေးရန် ချက်ချင်း ကြိုးစားလိုက်သည်။

သို့သော်လည်း အလွန်နောက်ကျသွားချေ၏။

ရှေးဘုရင်ဂြိုလ်ကို ဆုပ်ကိုင်ထားသော ဧရာမလက်သည် ဂြိုလ်ကို ဖောက်ထွင်းသွားသည်။ ယင်းက မည်သူ့ကိုမှ အန္တရာယ်မပေးဘဲ ကောင်းကင်ဝါးမျိုဧကရာဇ်ဆီသို့သာ ရိုက်ခတ်သွားသည်။

“ ငါလိုက်ပို့ပေးပါရစေ ”

ဗုန်း…

ဝေဝါးသော ပုံရိပ်သည် မင်းသားတစ်ဆယ်၏ ခန္ဓာကိုယ်ထဲမှ လွင့်စင်သွားပြီး ကောင်းကင်ဝါးမျိုဧကရာဇ်၏ အသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားသည်။ ၎င်းက အနောက်ဆုတ်သွားနေစဉ် ပြိုကွဲပျက်စီးသွားပြီး နောက်တစ်ကြိမ် ပြန်ဖွဲ့စည်းသွားသည်။

ထိုသံသရာသည် ကောင်းကင်ဝါးမျိုဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်က လုံးဝမဖျက်ဆီးခံရခင်အထိ အကြိမ်ပေါင်းတစ်ထောင် ဆက်လက် ဖြစ်ပွားခဲ့သည်။

“ ဒီနေ့ မင်းရဲ့ ဝိညာဉ်အကြွင်းအကျန်ကိုပဲ ငါဖျက်ဆီးလိုက်တယ်… တကယ်လို့ လဝက်အတွင်းမှာ မင်းတို့မျိုးနွယ်စုရဲ့ ဒေသစစ်လက်နက်ကို လူသားမျိုးနွယ်ဆီ လာမလွှဲပြောင်းပေးဘူးဆိုရင် ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီးတော့ မင်းတို့မျိုးနွယ်ဆီ ငါကိုယ်တိုင် ဆင်းသက်လာမယ် ”

လူသားဧကရာဇ်က တည်ငြိမ်စွာ ပြောသည်။

ဤအခိုက်အတန့်မှာ သူ၏ လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါက ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည်။

လူသားမျိုးနွယ်သည် လုံးဝတိတ်ဆိတ်ငြိမ်သက်သွားသည်။ ဤအခိုက်အတန့်မှာ လူတိုင်း၏ အသိစိတ်က ဟာလာဟင်းလင်းဖြစ်သွားကြသည်။

လူသားဧကရာဇ်က အလွန်အစွမ်းထက်ကြောင်း သူတို့သိထားကြသည်။ သို့သော်လည်း သူက တခြားအုပ်ချုပ်သူတစ်ပါးကို အလွယ်လေး အနိုင်ယူနိုင်သည်အထိ သန်မာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။

ထို့ပြင် ဤတိုက်ပွဲသည် တစ်ဖက်သတ်ဆန်လွန်းသည်။

ရွှီချင်းသည် နှလုံးတုန်သွားသည်။ သူက တခြားအုပ်ချုပ်သူတစ်ပါးကို မြင်ဖူးသည်။

လီဇီဟွားသည် အုပ်ချုပ်သူတစ်ပါးဖြစ်သည်။

အုပ်ချုပ်သူအဆင့်တွင်လည်း အဆင့်ငယ်များ ထပ်မံခွဲခြားထားသေးသည်။

အုပ်ချုပ်သူကို အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့်၊ နှောင်းပိုင်းအဆင့်နှင့် အထွတ်အထိပ်အဆင့်ဟူ၍ ခွဲခြားထားသည်။ အဆင့်ငယ်တစ်ခုနှင့်တစ်ခုကြားမှ ကွာခြားမှုသည် ကောင်းကင်နှင့် မြေကြီးပမာ အလွန်ကြီးမားသည်။

‘ အဲ့ဒီလက်ဝါးရဲ့ အရှိန်အဝါက အတိတ်တုန်းက လီဇီဟွားနဲ့ တူညီလုနီးပါးပဲ… ’

‘ ဆိုလိုတာက… လူသားဧကရာဇ်က အထွတ်အထိပ် အုပ်ချုပ်သူအဆင့်မှာလား ’

ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ စိတ်မသက်မသာဖြစ်သော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ပိုပြီးအားကောင်းလာသည်။

သူ၏ နားလည်ထားမှုအရ လက်ရှိဝမ်ကူးကုန်းမြေတွင် တစ်စုံတစ်ယောက်က အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းချင်သည်ဆိုလျှင် သွေးမျိုးဆက်နှင့် ကံကြမ္မာကောင်းကို လိုအပ်လိမ့်မည်။

သို့သော်လည်း ယင်းက အစောပိုင်း အုပ်ချုပ်သူအဆင့်မျှသာ ဖြစ်သည်။

အထွတ်အထိပ် အုပ်ချုပ်သူအဆင့်သည်တော့ ဝမ်ကူးကုန်းမြေထဲမှ အစွမ်းထက်မျိုးနွယ်စုကြီးများ၏ အာရုံစိုက်မှုအောက်မှာ လုံးဝမရှိလုနီးပါး ရှားပါးသည်။

ထို့ကြောင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၌ နတ်ဘုရားသုံးပါး၏ အဆင့်တတ်မှုအတွင်းမှာ အထွတ်အထိပ်အဆင့် အုပ်ချုပ်သူတစ်ပါး ထွက်ပေါ်လာခြင်းသည် ဝမ်ကူးကုန်းမြေမှ မျိုးနွယ်စုများကြားမှာ ကြီးမားသော လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့သည်။

နောက်ဆက်တွဲ စုံစမ်းမှုများကိုတော့ ယခုထိ ပြုလုပ်နေဆဲပင်။ အစွမ်းထက်မျိုးနွယ်စုကြီးများဖြစ်စေ နတ်ဘုရားများဖြစ်စေ ၎င်းတို့က အနန္တအသိဉာဏ်အားလုံးကို တားဆီးနိုင်ခဲ့သော ထိုအထွတ်အထိပ်အဆင့် အုပ်ချုပ်သူက မည်သူဖြစ်ကြောင်း သိချင်နေကြသည်။

အဘယ့်ကြောင့်ဆိုသော် ကျင့်ကြံခြင်းလမ်းစဉ်အရ ယခု ဝမ်ကူးကုန်းမြေထဲမှာ အုပ်ချုပ်သူများသည် အလွန်အမင်း နည်းပါးကြသည်။ နတ်ဘုရားများသည် အကြောင်းအမျိုးမျိုးကြောင့် အထွတ်အထိပ်အဆင့် အုပ်ချုပ်သူများကို ဝမ်ကူးကုန်းမြေထဲမှာ တည်ရှိခွင့်မပြုကြချေ။

‘ သူက… ’

ရွှီချင်းသည် လူသားဧကရာဇ်ကို ရုတ်တရက် ကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ လူသားဧကရာဇ်က လေထဲမှာ မတ်တတ်ရပ်နေပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ ကောင်းကင်ဘုံယဇ်ပလ္လင်ပေါ်မှာ ပြန်ပေါ်လာသည်။

ယင်းက ဘိုးဘေးကန်တော့ပွဲ၏ တည်နေရာလည်း ဖြစ်၏။

ထိုနေရာတွင် သူက မင်းသားဆယ့်တစ်ဆီသို့ လှည့်ကြည့်လိုက်ပြီး ယခင်အတိုင်း တည်ငြိမ်စွာ ပြောသည်။

“ သားတော်ဆယ့်တစ်… နောက်ထပ်ရှိသေးလား ”

All Chapters