ငါ့ပန်းက ပွင့်လန်းလာတဲ့အခါ တခြားပန်းတွေက ညှိုးခြောက်ပြီး ကြွေလွင့်သွားလိမ့်မယ်(ခ)
Vol. 89 Ch. 1366
“ လူသားမျိုးနွယ်ရဲ့ ကာကွယ်ရေးစည်းချအစီအရင်ကို ပြုပြင်ပေးပြီး အထွတ်အထိပ်ထိရောက်အောင် အစွမ်းမြှင့်တင်ပေးခဲ့တဲ့လူက ငါ့မယ်တော်ပဲ ”
“ ဒါပေမဲ့… နောက်ဆုံးကျတော့ သူ့ရဲ့ အဆုံးသတ်က ဘာလဲ ”
“ သူက လူသားဧကရာဇ်အတွက် အစေတေးခံဖြစ်လာတယ် ”
“ တာအိုကို လူသားဧကရာဇ်ရရှိဖို့အတွက် ငါ့မယ်တော်က အာဟာရဓာတ်ဖြစ်လာတယ် ”
“ ရွှမ်ကျန်း… မင်းရဲ့ ပါရမီက သာမန်ပဲ… မင်းက အုပ်ချုပ်သူအဆင့်ကို အတင်းအဓမ္မ ချိုးဖြတ်ဖို့ တခြားဒေသကြီးကို ယဇ်ပူဇော်ခဲ့တယ်… တန်ကြေးအနေနဲ့ မင်းက ရူးသွပ်သွားတယ်… မင်းက ငါ့မယ်တော်ရဲ့ ပါရမီကို မျက်စိကျလာတယ်… တာအိုလက်တွဲဖော်ဆိုတဲ့ ဆက်ဆံရေးကိုတောင် မင်းက လျစ်လျူရှုခဲ့ပြီး သူ့ကို ဝါးမျိုခဲ့တယ် ”
“ မင်းဟာ လူသားဧကရာဇ်မဖြစ်ထိုက်ဘူး… မင်းဟာ ခင်ပွန်းကောင်းတစ်ယောက် မဖြစ်ထိုက်ဘူး… မင်းဟာ ဖခင်ကောင်းတစ်ယောက် မဖြစ်ထိုက်ဘူး ”
မင်းသားဆယ့်တစ်သည် အသည်းနာကျင်စွာ ရယ်မောလိုက်သည်။ သူ၏ အသံက အရပ်ရှစ်မျက်နှာဆီသို့ ပျံ့နှံ့သွားသည့်အခါ ဝန်ကြီးများက နှုတ်ဆိတ်သွားကြသည်။
လူသားဧကရာဇ်က မျက်လုံးမှိတ်လိုက်သည်။
ရွှီချင်းသည် နင်ယန်၏ မယ်တော်ကို တစ်ခါမှမမြင်ဖူးသော်လည်း မဟာနန်းမြို့တော်ဒေသကြီးဆီသို့ ရောက်လာပြီးနောက် သူ့အကြောင်းကို နင်ယန်ထံမှ ကြားသိခဲ့ရသည်။
နင်ယန်က အများကြီး မပြောပြခဲ့သော်လည်း ထိုစကားလုံးအနည်းငယ်မှတဆင့် နင်ယန်၏ မယ်တော်က ပြိုင်ဘက်ကင်းပါရမီကို ပိုင်ဆိုင်ထားကြောင်း သူပြောနိုင်သည်။
သို့သော်လည်း သူသေဆုံးသွားပြီးနောက် သူ့နာမည်နှင့် လူသားဧကရာဇ်ကြားမှ ဆက်ဆံရေးသည် တားမြစ်ချက်တစ်ခုဖြစ်လာသည်။ နန်းမြို့တော်ထဲမှ မည်သူမှ ထိုအကြောင်းကို မပြောဝံ့ကြချေ။
အတိတ်မှာ ဖြစ်ပျက်ခဲ့သော ကိစ္စသည် လျှို့ဝှက်ချက်တစ်ခုဖြစ်လာသည်။
ဝန်ကြီးများက နှုတ်ဆိတ်နေစဉ် မင်းသားဆယ့်တစ်သည် ပန်းချီကားရှေ့မှာ ရုတ်တရက် ဒူးထောက်လိုက်ပြီး ဦးချလိုက်သည်။ မျက်ရည်သည် သူ၏ မျက်လုံးထဲမှ အထိန်းအကွပ်မဲ့စွာ စီးကျလာသည်။
ဤသည်မှာ သူက ကောင်းမွန်စွာ နှုတ်ဆက်နေသည့်အလားပင်။
ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး လက်ချောင်းထိပ်ကို ဖြတ်လိုက်သည်။ သွေးတစ်စက်သည် သူ၏ လက်ချောင်းထိပ်မှ ပျံသန်းထွက်လာပြီး ပန်းချီကားဆီသို့ ဦးတည်သွားသည်။
လူသားဧကရာဇ်သည် သူ့ကို မတားဆီးပေ။
သွေးစက်သည် ပန်းချီကားဖြင့် ပေါင်းစပ်သွားသည်။ နောက်အခိုက်အတန့်မှာ ပန်းချီကားထဲမှ အမျိုးသမီး၏ မျက်လုံးသည် စိတ်ဝိညာဉ်တစ်စွန်းတစ်စ ရှိလာဟန် ရ၏။ ယင်းက တလက်လက် လင်းလက်လာသည်။
အလင်းရောင်သည် ပန်းချီကားထဲမှ ပျံသန်းထွက်လာပြီး မင်းသားဆယ့်တစ်၏ အရှေ့မှာ စုဝေးသွားသည်။ နောက်ဆုံးမှာတော့ ယင်းက အလင်းပန်းပွင့်တစ်ပွင့်အဖြစ် ဖွဲ့စည်းသွားသည်။
သို့သော်လည်း ထိုပန်းပွင့်က ခြောက်သွေ့နေဟန် ရ၏။
ထိုပန်းပွင့်ကို ကြည့်နေရင်း ခါးသီးမှုက မင်းသားဆယ့်တစ်၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ နာကျင်မှုနှင့် အထီးကျန်မှုက သူ၏ နှလုံးသားထဲမှာ ပြည့်နှက်နေသည်။
မယ်တော်၏ စကားသံကို သူ၏ စိတ်ထဲမှာ ပြန်လည်ကြားယောင်လာသည်။
“ ဒါက မယ်တော်ရဲ့ သက်စောင့်ပန်းပွင့်ပဲ ”
“ ငါ့မယ်တော်က သေမျိုးဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မကျင့်ကြံနိုင်ဘူးဆိုပေမဲ့ ပါရမီအရဆိုရင် သူက လူသားမျိုးနွယ်ထဲမှာ နံပါတ်တစ်လို့ ခေါ်ထိုက်တယ် ”
“ အတိတ်မှာ မယ်တော်က အာရုဏ်ဦးနေမင်းကို လေ့လာနေရင်း ဉာဏ်အလင်းတချို့ကို ရရှိခဲ့တယ်… သူက အထူးနည်းလမ်းတစ်ခုကို အသုံးပြုပြီး ဘာကျင့်ကြံခြင်းမှ မရှိတာတောင် သက်စောင့်ပန်းပွင့်တစ်ပွင့်ကို ဖန်တီးနိုင်ခဲ့တယ် ”
“ မယ်တော်က သူ့ရဲ့ သွေးမျိုးဆက်ကနေ ဖြစ်ပေါ်လာတဲ့ ဒီသက်စောင့်ပန်းပွင့်ကို နင်ယန်နဲ့ ငါ့ကို ပေးအပ်ခဲ့တယ် ”
“ အဲ့ဒီအချိန်တုန်းက ငါနားမလည်ခဲ့ဘူး… ဒါပေမဲ့ မယ်တော်က သူ့ရဲ့ အဆုံးသတ်ကို ကြိုမြင်ခဲ့ပုံရတယ်… ဒါကြောင့် သူက ငါတို့ညီအကိုနှစ်ယောက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် ဒီပန်းပွင့်ကို ပေးအပ်ခဲ့တာပဲ ”
“ အတိအကျပြောရရင် ဒီပန်းပွင့်က အာရုဏ်ဦးနေမင်းရဲ့ ရှေးဦးအသွင်ပုံစံပဲ… ဒါကို အာရုဏ်ဦးနေမင်းတွေရဲ့ မူလဇစ်မြစ်လို့လည်း ဆိုနိုင်တယ် ”
“ အာရုဏ်ဦးနေမင်းရဲ့ အလင်းရောင်နဲ့ ထိတွေ့သွားတဲ့ အရာအားလုံးရဲ့ ကံကြမ္မာကို ဒီပန်းပွင့်က ထိန်းချုပ်နိုင်တယ်… ဒါကြောင့် ပန်းပွင့်က ညှိုးခြောက်နေမယ်ဆိုရင် အရာအားလုံးက အာဟာရဖြည့်ပေးခံရမယ်… တကယ်လို့ ပန်းပွင့်က ပွင့်လန်းနေမယ်ဆိုရင် အရာအားလုံးက ညှိုးခြောက်သွားရလိမ့်မယ် ”
“ ရွှမ်ကျန်း… ဒီအကြောင်းအရင်းကြောင့် အာရုဏ်ဦးနေမင်းကို ငါခိုးယူခဲ့တာပဲ ”
“ မင်းက အာရုဏ်ဦးနေမင်းရဲ့ ပေါက်ကွဲမှုကို တားဆီးခဲ့တယ်ဆိုပေမဲ့ အာရုဏ်ဦးနေမင်းရဲ့ အလင်းရောင်က မင်းအပေါ်ကို ကျရောက်သွားခဲ့တယ် ”
“ ကြည့်ရအောင်… မင်းအတွက် ငါအထူးပြင်ဆင်ထားတဲ့ ဒီလူသတ်ကွက်ကိုရော မင်းဖြေရှင်းနိုင်ဦးမလား ”
မင်းသားဆယ့်တစ်၏ အက်ရှရှအသံက ထွက်ပေါ်လာသည်။ ထိုအသံက ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း သူ၏ အရှေ့မှာ ခြောက်သွေ့နေသော ပန်းပွင့်က ရုတ်တရက် လှုပ်ယမ်းသွားသည်။ ဤအခိုက်အတန့်မှာ ပွင့်ချပ်များက ဖြန့်ကားသွားပြီး ဝတ်ဆံဖိုများက ပျံ့နှံ့သွားသည်။
ခြောက်သွေ့နေသော ပန်းပွင့်က ဤလောကထဲမှာ ပွင့်လန်းလာသည်။
ဤသည်မှာ ဘဝတစ်ခု မွေးဖွားလာသည့်အလားပင်။
ချက်ချင်းဆိုသလို အလင်းရောင်က လေထဲမှာ ပျံ့နှံ့ထွက်လာသည်။ ပြင်းထန်သော အပူချိန်က ဤလောကထဲမှာ မြှောက်တတ်လာပြီး ဟင်းလင်းပြင်ကို လောင်ကျွမ်းပစ်လိုက်သည်။ ယင်းက လောက၏ အရောင်ကို ပြောင်းလဲသွားစေပြီး လေနှင့် တိမ်တိုက်များကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။
နန်းမြို့တော်ထဲမှာသော်လည်းကောင်း၊ သက်တံ့တံတားပေါ်တွင်သော်လည်းကောင်း၊ ရှေးဘုရင်ဂြိုလ်ပေါ်တွင်သော်လည်းကောင်း ဤအခိုက်အတန့်မှာ အလင်းစက်များက လူတိုင်း၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။
ထိုအလင်းစက်များသည် ကံကြမ္မာဖြစ်သည်။ ယင်းတို့က အာရုဏ်ဦးနေမင်း၏ အလင်းရောင်ဖြင့် သက်ရောက်ခံခဲ့ရပြီး သူတို့၏ သွေးမျိုးစက်ထဲမှာ ကိန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ အလင်းစက်များသည် လေထဲသို့ တစ်ပြိုင်နက် မြှောက်တတ်သွားကြပြီး လူတိုင်း၏ ထိတ်လန့်တုန်လှုပ်သော အကြည့်အောက်မှာ ဖူးပွင့်နေသော ပန်းပွင့်တစ်ပွင့်သို့ ဖွဲ့စည်းသွားသည်။
ပန်းပွင့်သည် ဤလောကကို အလှဆင်ပေးလိုက်ပြီး လူတိုင်း၏ နှလုံးသားကို မုန်တိုင်းထန်သွားစေသည်။
ပန်းပွင့်၏ အလင်းရောင်သည် ကြယ်အလင်းရောင်သဖွယ် လူသားလောကဆီသို့ ကျဆင်းလာသည်။ ယင်းက လူတိုင်း၏ နှလုံးသားထဲမှ ဘဝနှင့် စွမ်းအားကို ဖော်ပြနေသည်။
ထိုအလင်းရောင်သည် ဖော်မပြနိုင်အောင် အလွန်ကျယ်ပြောသည်။
ယင်းက နာမည်ကျော်ကဗျာတစ်ပုဒ်ကို ပြန်အောက်မေ့သတိရစေသည်။
‘ ဆောင်းရာသီကို စောင့်ပါ… ကိုးလပိုင်း ဆယ့်ရှစ်ရက်နေ့ကျရင် ငါ့ပန်းက ပွင့်လန်းလာတဲ့အခါ တခြားပန်းတွေက ညှိုးခြောက်ပြီး ကြွေလွင့်သွားလိမ့်မယ် ’
ချက်ချင်းဆိုသလို ညှိုးခြောက်သော စိတ်ဆန္ဒသည် ကောင်းကင်ပေါ်မှ၊ မြေကြီးထဲမှ၊ သက်ရှိအားလုံးထံမှ၊ အရာအားလုံးထံမှ ထွက်ပေါ်လာသည်။
နောက်ဆုံးမှာတော့ ယင်းတို့အားလုံးက လူသားဧကရာဇ်ပေါ်မှာ စုဝေးသွားသည်။
ထိုအခိုက်အတန့်မှာ လူသားဧကရာဇ်က မျက်လုံးပြန်ဖွင့်လိုက်သည်။
သူ၏ မျက်လုံးထဲမှာ အတိတ်ကို လွမ်းဆွေးသတိရခြင်းနှင့် စိတ်ရှုပ်ထွေးသော အရိပ်အယောင် ရှိသည်။ နောက်ဆုံးမှာတော့ သူက နှစ်ပေါင်းများစွာကြာပြီးနောက် ပထမဆုံးအကြိမ် သက်ပြင်းချလိုက်သည်။
သက်ပြင်းချပြီးသည်နှင့် သူက လက်မြှောက်လိုက်သည်။
သူက ကောင်းကင်ပေါ်မှာ ပွင့်လန်းနေသော ပန်းပွင့်ကို ဆင့်ခေါ်လိုက်သည်။
ထိုဆင့်ခေါ်မှုက လူတိုင်းကို မယုံကြည်နိုင်ဖြစ်သွားစေပြီး မျက်လုံးပြူးကျယ်သွားစေသည်။ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုက လူတိုင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ပွင့်လန်းနေသော ပန်းပွင့်သည် လူသားဧကရာဇ်ဆီသို့ အမှန်တကယ် ပျံသန်းသွားပြီး သူ၏ လက်ဖဝါးပေါ်သို့ ဆင်းသက်သွားသည်။ ထို့နောက် ပန်းပွင့်က သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။
ထိုလုပ်ငန်းစဉ်အတွင်း ပန်းပွင့်က ရပ်တန့်သွားခြင်း မပြုသလို ငြင်းဆန်ခြင်းလည်း မပြုချေ။ ဤသည်မှာ ပန်းပွင့်က မူလပိုင်ရှင်ဆီသို့ ပြန်ရောက်သွားသည့်အလားပင်။
ဤသည်မှာ ပန်းပွင့်က လူသားဧကရာဇ်နှင့် အစကတည်းက တစ်သားတည်း ဖြစ်နေသည့်အလားပင်။
ထိုအခိုက်အတန့်မှာ တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
မရေမတွက်နိုင်သော အကြည့်များက လူသားဧကရာဇ်ပေါ်မှာ စုဝေးနေစဉ် မရေမတွက်နိုင်သော ခန့်မှန်းမှုများက လူတိုင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
ထိုအကြည့်များထဲမှာ ပြင်းထန်သော လှိုင်းအတတ်အကျ ပါရှိသည်။ အကယ်၍ ယင်းတို့သာ အပြင်လောကမှာ ဒြပ်ထည်ဖြစ်ပေါ်လာမည်ဆိုလျှင် မဟာနန်းမြို့တော်ဒေသကြီးတစ်ခုလုံး တုန်လှုပ်သွားရန် လုံလောက်ပေသည်။
သူတို့ထဲမှာ အထိတ်လန့်ဆုံးလူသည် မင်းသားဆယ့်တစ်မှလွဲ၍ တခြားမဟုတ်ပေ။
သူ၏ တစ်ကိုယ်လုံးက တုန်ယင်သွားလေရာ မိုးကြိုးသန်းပေါင်းများစွာက သူ့အပေါ်သို့ ကျဆင်းလာသည့်အလားပင်။ သူ၏ အသက်ရှူသံသည် ထိန်းချုပ်မရအောင် မြန်ဆန်လာပြီး သူ၏ မျက်နှာသည် သွေးမရှိတော့သည့်အလား ဖြူဖျော့သွားသည်။
“ မဖြစ်နိုင်တာ… ဒါ… ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
“ အဲ့ဒါက ငါ့မယ်တော်ရဲ့ သက်စောင့်ပန်းပွင့်… အဲ့ဒါက တခြားလူတွေရဲ့ ခန္ဓာကိုယ်နဲ့ မပေါင်းစပ်နိုင်ဘူး… မင်း… မင်း… ”
ထိုအခိုက်အတန့်မှာ ရွှီချင်းသည်လည်း အပြင်းအထန် နှလုံးတုန်သွားသည်။ အစောနက လုံးဝ သူမစဉ်းစားခဲ့မိသော ခန့်မှန်းမှုတစ်ခုက ယခု သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
လူတိုင်းက အသက်ရှူမြန်လာစဉ် တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ရှေးဘုရင်ဂြိုလ်က နတ်ဘုရားမီးတောက်ဖြင့် တဟုန်းဟုန်း တောက်လောင်နေစဉ် ဖိနှိပ်သော ခံစားမှုက ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။
လူသားဧကရာဇ်သည် လက်ဖဝါးထံမှ သူ၏ အကြည့်ကို ပြန်ရုပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်က မင်းသားဆယ့်တစ်ထံသို့ ကျရောက်သွားသည်။
ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ နဖူးပေါ်သို့ ညင်သာစွာ ဖိချလိုက်သည်။
နောက်အခိုက်အတန့်မှာ သူ၏ မျက်နှာက ဝေဝါးသွားပြီး အလွှာတစ်လွှာက ကွာကျသွားကာ အစစ်အမှန်မျက်နှာက ထွက်ပေါ်လာသည်။
ယင်းက အမျိုးသမီးတစ်ယောက်၏ မျက်နှာဖြစ်သည်။
သူက ချောမောလှပပြီး ဂုဏ်သိက္ခာကြီးမြတ်ပုံပေါ်သည်။ သူ၏ အမူအကျင့်က ကြော့ရှင်းတင့်တယ်ပြီး မွန်မြတ်သန့်စင်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ မျက်လုံးက ကြယ်ကလေးများသဖွယ် လင်းလက်တောက်ပနေလေရာ သူက ဉာဏ်ပညာကြီးမားပြီး ဆုံးဖြတ်ချက်ပြတ်သားသူဖြစ်ကြောင်း ဖော်ပြနေသည်။ ဤသည်မှာ သူ၏ မျက်လုံးက လူတိုင်း၏ နှလုံးသားနှင့် လောကကြီး၏ လျှို့ဝှက်ချက်များကို ထွင်းဖောက်မြင်နိုင်သည့်အလားပင်။
သူ၏ မျက်ခုံးများက ဓားသွားအလား ဖြောင့်တန်းပြီး ရဲရင့်ပြတ်သားသည်ဟူသော ခံစားမှုကို ပေးသည်။
သူက အရပ်ရှည်ပြီး ဖြောင့်မတ်လေရာ မိုးထဲလေထဲတွင် မယိမ်းယိုင်ဘဲ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသည့် ထင်းရှူးပင်သဖွယ် အောက်မေ့ရသည်။ မည်သည့်ခက်ခဲကြမ်းတမ်းမှုကမှ သူ၏ ဂုဏ်သိက္ခာကို မလှုပ်ခါစေနိုင်ဟန် ရ၏။
သူ၏ အပြုအမူသည် ကြော့ရှင်းတင့်တယ်ပြီး အေးဆေးတည်ငြိမ်သည်။ ဤသည်မှာ သူ၏ လှုပ်ရှားမှုတိုင်းက သူ့အတွက် ဒဏ္ဍာရီတစ်ပုဒ်ကို ကိုယ်တိုင်ရေးသားနေသည့်အလားပင်။
သူ၏ အသွင်သဏ္ဍာန်သည် အစောနကတုန်းက ပန်းချီကားထဲမှ အမျိုးသမီးနှင့် တစ်ပုံစံတည်း တူညီသည်။ သို့သော်လည်း ဤအမျိုးသမီးက အနည်းငယ် ပိုပြီးရင့်ကျက်ပြီး ဂုဏ်သိက္ခာကြီးမြတ်သည်။
ဤအခိုက်အတန့်မှာ လောကကြီးတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
မင်းသားဆယ့်တစ်၏ အသိစိတ်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး ဟာလာဟင်းလင်း ဖြစ်သွားသည်။
“ မယ်တော်…”