← Chapters

ကျေးဇူးပြုပြီး ဝမ်းမြောက်ဝမ်းသာ လက်ခံပေးပါ(က)

Vol. 89 Ch. 1368

ကျေးဇူးပြုပြီး ဝမ်းမြောက်ဝမ်းသာ လက်ခံပေးပါ(က)

Vol. 89 Ch. 1368

ရှေးခေတ်ကာလကတည်းက လူသားမျိုးနွယ်၏ ယဇ်ပူဇော်ခြင်း ပွဲအခမ်းအနားကို အပိုင်းနှစ်ပိုင်း ခွဲခြားထားသည်။

ပထမတစ်ပိုင်းတွင် ဘိုးဘေးများကို ယဇ်ပူဇော်ရပြီး ဒုတိယတစ်ပိုင်းတွင် ကောင်းကင်ဘုံကို ယဇ်ပူဇော်ရသည်။

ဘိုးဘေးကန်တော့သည့်အပိုင်းတွင် ဘိုးဘေးဟူသော နာမည်သည် ရှေးဘုရင်ရွှမ်ယုံကို ရည်ညွှန်းသည်။

လူသားဧကရာဇ်က ရှေးဘုရင်ရွှမ်ယုံကို မကန်တော့ဘဲ ရှေးခေတ်လူသားဘိုးဘေးများကို ကန်တော့ခဲ့သော်လည်း ယင်းက လက်ခံပေးနိုင်သောအရာ ဖြစ်သည်။ ယင်းက လူတိုင်းကို အံ့ဩသွားစေခဲ့သော်လည်း ကြီးကြီးမားမားကိစ္စတော့ မဟုတ်ချေ။

မည်သို့ဖြစ်ပါစေ ဘိုးဘေးများကို ယဇ်ပူဇော်သည့် ကျင့်ဝတ်ထုံးတမ်းသည် လူသားဧကရာဇ်၏ ထိန်းချုပ်မှုအတွင်းမှာသာ ရှိသည်။

သို့သော်လည်း ကောင်းကင်ဘုံကို ယဇ်ပူဇော်သည့်အပိုင်းမှ ကောင်းကင်ဘုံကိုတော့ လူသားဧကရာဇ်က မပြောင်းလဲနိုင်ပေ။

ရှေးဘုရင်ရွှမ်ယုံထွက်မသွားခင်မှာ ထိုကောင်းကင်ဘုံသည် ဝမ်ကူးကုန်းမြေထဲမှ ရှေးဟောင်းကောင်းကင်ဘုံတာအိုအားလုံးကို ရည်ညွှန်းသည်။

ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီးနောက် အာဏာစက်သည် ဝမ်ကူးကုန်းမြေ၏ ကောင်းကင်အလွန်ထံမှ ဆင်းသက်လာသည်။ ထို့နောက် ကောင်းကင်ဘုံသည် သူတော်စင်ကုန်းမြေများ ဖြစ်လာကြသည်။

လူသားမျိုးနွယ်တစ်ခုတည်း မဟုတ်ပေ။ ဝမ်ကူးကုန်းမြေထဲရှိ နတ်ဘုရားလက်အောက်ခံမဟုတ်ကြသော မျိုးနွယ်စုအားလုံးသည် ကောင်းကင်အလွန်မှ အာဏာစက်အောက်မှာ တည်ရှိကြသည်။

သူတို့၏ ကောင်းကင်ဘုံယဇ်ပူဇော်ခြင်းသည် သွေးမျိုးဆက်တူညီသော သူတော်စင်ကုန်းမြေအပေါ် အရိုအသေပေးခြင်းသာ ဖြစ်သည်။

အကယ်၍ သူတို့က အရိုအသေမပေးလျှင် ပုန်ကန်သည်ဟု သတ်မှတ်ခံရလိမ့်မည်။ ထိုသို့မျိုးနွယ်စုများသည် အနာဂတ်မှာ အကြောင်းအမျိုးမျိုးကြောင့် အမြစ်ဖြတ်သုတ်သင်ခံရလေ့ ရှိသည်။

သူတော်စင်ကုန်းမြေများသည် ဝမ်ကူးကုန်းမြေထဲမှာ ထွက်ပေါ်လာခဲပြီး ကောင်းကင်အလွန်မှာသာ တည်ရှိကြသော်လည်း အစွမ်းကြီးမားပြီး အဆင့်အတန်းမြင့်မားကြသည်။ ၎င်းတို့သည် ဝမ်ကူးကုန်းမြေထဲမှ မျိုးနွယ်စုများ၏ နှလုံးသားကို အထူးနည်းလမ်းတချို့ဖြင့် လှုပ်ခါပစ်နိုင်ကြသည်။

ထို့ကြောင့် အတိတ်တုန်းက လူသားဧကရာဇ်များ ကျင်းပခဲ့သော ကောင်းကင်ဘုံယဇ်ပူဇော်ခြင်းသည် သူတော်စင်ကုန်းမြေများကို ရည်ညွှန်းပေသည်။

ဧကရီသည်ပင် ချွင်းချက်မဟုတ်ရန် ရသည်။

သူက ကောင်းကင်ဘုံယဇ်ပလ္လင်ပေါ်မှာ တောင်ကြီးတစ်တောင်နှယ် ရှည်လျားဖြောင့်မတ်စွာ မတ်တတ်ရပ်နေသည်။ ဤသည်မှာ သူက သက်ရှိအားလုံးအတွက် လောကအစောင့်အရှောက်တစ်ပါး ဖြစ်သည့်အလားပင်။

ကမ္မက သူ့အား ဝန်းရံထားသည်။ သူက ဧကရာဇ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် ကမ္မစွမ်းအားမှ ဖြစ်ပေါ်လာသော ဧကရာဇ်သရဖူကို ဆောင်းထားသည်။

သူက အေးဆေးတည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ရှိပုံပေါ်သည်။ သူ၏ အကြည့်က အလွန်စူးရှလေရာ ကောင်းကင်ကို ဖောက်ထွင်းသွားပြီး ကောင်းကင်အလွန်မှ သူတော်စင်ကုန်းမြေများပေါ်သို့ ကျရောက်သွားဟန် ရ၏။

သူ၏ ကျက်သရေရှိသော မျက်နှာပေါ်မှာ ဖော်မပြနိုင်သော စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။

ယင်းကို မြင်သွားသောအခါ ဝန်ကြီးများသည် စိတ်မအေးနိုင်ကြတော့ချေ။ သူတို့အတွက်တော့ ယနေ့အဖြစ်အပျက်များသည် သူတို့ဘဝ၏ သက်တမ်းတစ်ဝက်ကို တွေ့ကြုံခဲ့ရခြင်းနှင့် ညီမျှသည်။

ယနေ့ဖြစ်ပျက်ခဲ့သော ကိစ္စများသည် သူတို့အတွက် အချိန်တိုအတွင်း လက်ခံနိုင်ရန် အလွန်ခက်ခဲသည်။

ထို့ပြင် ဘိုးဘေးကန်တော့ပွဲက အစသာရှိသေးကြောင်း သူတို့အားလုံး ရေးတေးတေး ခံစားမိကြသည်။

သို့ဖြစ်၍ နောက်လာမည့် အဖြစ်အပျက်က ပိုပြီးကြီးမားသော မုန်တိုင်းကို ဖြစ်ပေါ်စေရန် သေချာသလောက် ရှိသည်။

သို့သော်လည်း မည်သည့်မုန်တိုင်းဖြစ်မည်ကိုတော့ သူတို့မခန့်မှန်းနိုင်ကြချေ။ အဘယ့်ကြောင့်ဆိုသော် ဤနှစ်များတွင် ဧကရီ၏ အတွေးများကို မည်သူမှ မခန့်မှန်းနိုင်သောကြောင့် ဖြစ်သည်။

သူနှင့် ရွှမ်ကျန်းက တစ်ဦးပေါ်တစ်ဦး မည်မျှမေတ္တာရှိပြီး မည်မျှမုန်းတီးကြောင်းကို ဧကရီသာလျှင် သိလိမ့်မည်။ သူက ထီးနန်းကို မည်သို့ဆက်ခံခဲ့ကြောင်း၊ ဤအတောအတွင်း သူက မည်မျှခက်ခဲကြမ်းတမ်းသော အတားအဆီးများကို ကြံ့ကြံ့ခံခဲ့ကြောင်း ဧကရီသာလျှင် သူ့ကိုယ်သူ အသိဆုံးဖြစ်လိမ့်မည်။

သို့သော်လည်း လူတိုင်းမြင်နေရသည်မှာ ဧကရီသည် လောကဓံဖြင့် ရင်ဆိုင်ရာတွင် မည်သည့်အခါမှ ခေါင်းမငုံ့သွားခဲ့ပေ။

သူက အသိဉာဏ်နှင့် ရဲစွမ်းသတ္တိကို အသုံးပြု၍ လူသားမျိုးနွယ်အတွင်းမှာ သူ့ကိုယ်ပိုင် ဒဏ္ဍာရီတစ်ပုဒ်ကို ရေးသားခဲ့သည်။

သူက အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့မှာ တော်ဝင်မိသားစု၏ သွေးမျိုးဆက်မရှိသော်လည်း ရှေးဘုရင်ဂြိုလ်၏ အတွင်းနှင့်အပြင်မှ ဝန်ကြီးများနှင့် အရာရှိအားလုံးသည် ဧကရီကို သူတို့၏ နှလုံးသားထဲမှ ရိုသေလေးစားကြသည်။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ ရှေးဘုရင်ဂြိုလ်၏ အပြင်လောကတွင် လူတိုင်းက နှုတ်ဆိတ်သွားကြသည်။

ရွှီချင်း၏ စိတ်ထဲမှာလည်း အတွေးများစွာ ရှိသည်။ သူက အရာအားလုံးကို အစမှ ပြန်စဉ်းစားလိုက်သည်။ သူ၏ လုပ်ဆောင်မှုများက ဧကရီ၏ အသိအမြင်အတွင်းမှာသာ ရှိနေကြောင်း ထင်ရှားပေသည်။

‘ နန်းမြို့တော်ကို ငါစရောက်လာတဲ့‌ နေ့ကတည်းက ငါ့ရည်ရွယ်ချက်ကို သူသိထားပြီးတာ ဖြစ်လောက်မယ် ’

ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ လျှပ်တစ်ပြက်အတွင်း (၄၉)ကြိမ်မြောက် အသက်ရှူချိန်သို့ ရောက်ရှိသွားသည်။ ထိုအခါ လူသားဧကရာဇ်၏ ဘေးမှ မိန်းမစိုးအဖိုးအိုသည် ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်က စူးရှတောက်ပလာပြီး သူ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။

“ ကောင်းကင်ဘုံကို ယဇ်ပူဇော်ခြင်းဟာ လူသားမျိုးနွယ်ရဲ့ အကျိုးစီးပွားဖြစ်တယ် ”

“ ပထမယဇ်ပူဇော်မှု… လူသားမျိုးနွယ်ရဲ့ တိုက်ပွဲအလံတိုင် ”

သူက ထိုသို့ပြောလိုက်သည်နှင့်ချက်ချင်း လောကကြီးက တုန်ယင်သွားသည်။ ကောင်းကင်ပေါ်တွင် ကမ္မစွမ်းအားသည် မြူခိုးသဖွယ် ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာဆီသို့ တလိပ်လိပ် ပျံ့ပွားသွားသည်။ တစ်ချိန်တည်းမှာ သွေးနီရောင်အလင်းတန်းများသည် ရှေးဘုရင်ဂြိုလ်၏ အတွင်းပိုင်းထဲမှ ပေါ်ထွက်လာကြပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။

အလင်းတန်းများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။

အလင်းတန်း(၄၉)ခုသည် ကောင်းကင်ပေါ်မှ အမှတ်တစ်ခုမှာ စုဝေးသွားကြသည်။ ထိုနေရာတွင် လောကကြီးက ထက်ခြမ်းကွဲသွားသည့်အလား ဟင်းလင်းပြင်နှင့် ကံကြမ္မာသည် ဆုတ်ဖြဲခံလိုက်ရသည်။ ထို့နောက် အချိန်ကာလတစ်ခုကြာအောင် အားဖြည့်ပေးခြင်းခံထားရသော ဧရာမအလံတိုင်တစ်ခုက ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာသည်။

အလံတိုင်သည် ထွက်ပေါ်လာပြီးနောက် ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး အစားထိုးသွားသည်။ ယင်းက ရေလှိုင်းလုံးများသဖွယ် တအိအိလှုပ်ခတ်နေပြီး ပြိုင်ဘက်ကင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထို့ကြောင့် မြေပြင်သည် မည်းမှောင်သွားသည်။ သို့သော်လည်း သက်စောင့်မီးအိမ်များသည် ရှေးဘုရင်ဂြိုလ်နှင့် နန်းမြို့တော်အတွင်းမှာ ဖွဲ့စည်းသွားကြသည်။

ယင်းတို့က လူသားအားလုံးထံမှ ထွက်ပေါ်လာကြသည်။

အဘယ့်ကြောင့်ဆိုသော် ထိုအလံတိုင်သည် လူသားမျိုးနွယ်၏ တိုက်ပွဲအလံတိုင်ဖြစ်သည်။

ယင်းက လူသားမျိုးနွယ်၏ စိတ်ဆန္ဒ၊ မျိုးနွယ်၏ တိုက်ပွဲစိတ်ဆန္ဒနှင့် လူသားအားလုံး၏ ဂုဏ်ကျက်သရေကို ကိုယ်စားပြုသည်။

ဤအလံတိုင်က သက်တမ်းအကြာဆုံး အလံတိုင်မဟုတ်သော်လည်း ယင်း၏ အဓိပ္ပာယ်က ဖော်မပြနိုင်အောင် အလွန်လေးနက်နေဆဲပင်။

လူသားမျိုးနွယ်၏ သက်တမ်းအကြာဆုံး တိုက်ပွဲအလံတိုင်ကိုတော့ ရှေးဘုရင်ရွှမ်ယုံက သန့်စင်ခဲ့သည်။ ထိုအလံတိုင်ထဲမှာ အဓိကအလံတိုင်တစ်ခုနှင့် အရံအလံတိုင်(၃၆၀)ခု ပါဝင်ကြသည်။ ဝမ်ကူးကုန်းမြေကို စည်းလုံးညီညွတ်အောင် တိုက်ပွဲဆင်နွှဲခဲ့ရာတွင် ယင်းက ရှေးဘုရင်ရွှမ်ယုံကို အဖော်ပြုပေးခဲ့သည်။

ဝမ်ကူးကုန်းမြေမှ ရှေးဘုရင်ရွှမ်ယုံထွက်ခွာသွားသည့်အချိန်မှာ သူက တိုက်ပွဲအလံတိုင်ကိုလည်း သူနှင့်အတူ ယူဆောင်သွားခဲ့သည်။

သို့ဖြစ်၍ ထိုအချိန်တုန်းက လူသားမျိုးနွယ်သည် မရေမတွက်နိုင်သော ကောင်းကင်ဘုံရတနာများကို အသုံးပြု၍ လူသားမျိုးနွယ်၏ တိုက်ပွဲအလံတိုင်အသစ်ကို ဖန်တီးခဲ့ကြသည်။

ဤတိုက်ပွဲအလံတိုင်သည် ရှေးဘုရင်ရွှမ်ယုံခေတ်ပြီးနောက်ပိုင်း လူသားဧကရာဇ်ဒုန်းရှန့်နှင့်အတူ စစ်မြေပြင်ဆီသို့ လိုက်ပါခဲ့ပြီး မရေမတွက်နိုင်သော မျိုးနွယ်ခြားများ၏ သွေးကို စုပ်ယူခဲ့သည်။

လူသားဧကရာဇ်ဒုန်းရှန့်က စစ်ရှုံးသွားစဉ် အဓိကအလံတိုင်က မပြိုလဲသွားသော်လည်း အရံအလံတိုင်အများအပြားက ပြိုကွဲသွားကြပြီး ဝမ်ကူးကုန်းမြေ၏ နေရာအနှံ့ဆီသို့ ပြန်ကျဲသွားကြသည်။

တိုက်ပွဲအလံတိုင်က မပြည့်စုံသော်လည်း ယင်းက အံ့မခန်းစွမ်းအားကို ပိုင်ဆိုင်ထားဆဲပင်။

ပြန့်ကျဲသွားသော အလံတိုင်များထဲတွင် တချို့ကို မျိုးနွယ်စုတချို့က သိမ်းဆည်းခဲ့ကြသည်။ တချို့ကိုတော့ လူသားကျင့်ကြံသူများက ပြန်လည်ရယူခဲ့ကြသည်။ သို့သော်လည်း အလံတိုင်အားလုံးကို ပြန်လည်စုစည်းရန် အလွန်ခက်ခဲသည်။

လူသားမျိုးနွယ်အတွက်တော့ အလံတိုင်များကို ပြန်လည်စုစည်းမည့်အစား ယင်းတို့ကို ပြန်လည်ဖန်တီးခြင်းက ပိုပြီးလွယ်ကူလိမ့်မည်။

သို့ဖြစ်၍ အလံတိုင်များကို ပြန်လည်စုစည်းရန် ကျရှုံးသွားပြီးနောက် လူသားမျိုးနွယ်က ယင်းကို လက်လျော့လိုက်သည်။

ထို့နောက် သူတို့က အသစ်ပြန်လည်ဖန်တီးခဲ့ကြသည်။ နောက်ပိုင်းမှာ တိုက်ပွဲအလံတိုင်က တခြားလူသားဧကရာဇ်များ၏ လက်ထဲသို့ ကျရောက်သွားပြီး အဓိကစစ်ပွဲတိုင်းမှာ ပါဝင်ခဲ့သည်။

နှစ်ပေါင်းမြောက်များစွာကြာပြီးနောက် ဤတိုက်ပွဲအလံတိုင်သည် လူသားမျိုးနွယ်၏ အမှတ်လက္ခဏာတစ်ခု ဖြစ်လာသည်။

ထိုအလံတိုင်ထဲမှာ မျိုးနွယ်ခြားများ၏ သွေးဖြင့် ပြည့်နှက်နေသည်။ အလံတိုင်ထွက်ပေါ်လာသည့်အခိုက် သွေးချီသည် ဤလောကထဲမှာ မြှောက်တတ်လာသည်။ တစ်ချိန်တည်းမှာ လူသားမျိုးနွယ်၏ တိုက်ပွဲစိတ်ဆန္ဒက ချက်ချင်း ပေါ်လျှိုးလာသည်။

All Chapters