← Chapters

အာရုဏ်ဦးနှင့် အမှောင်ည(က)

Vol. 89 Ch. 1371

အာရုဏ်ဦးနှင့် အမှောင်ည(က)

Vol. 89 Ch. 1371

ယခုအချိန်သည် အာရုဏ်တတ်ချိန်ဖြစ်သည်။ ရှေးဘုရင်ဂြိုလ်၏ ဘေးပတ်ပတ်လည်တွင် အရွယ်အစား ကြီးမားသော ဝဲကတော့ငါးခုက ကျယ်လောင်စွာ ထစ်ချုန်းနေပြီး လှည့်ပတ်နေကြသည်။

အတိတ်တုန်းက လူသားဧကရာဇ်များ၏ အလောင်းများသည် ထိတ်လန့်ဖွယ်ကောင်းသော အင်ပါယာအရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ သူတို့က သေဆုံးသွားကြပြီဖြစ်သော်လည်း ထိုအရှိန်အဝါက ဝဲကတော့၏ ပံ့ပိုးမှုအောက်မှာ အလွန်ကြောက်စရာကောင်းနေဆဲပင်။

သူတို့က ကောင်းကင်ပေါ်သို့ ပျံတတ်သွားမည့် ဧရာမရောင်ခြည်တန်းငါးခုကို ထုတ်လွှတ်လိုက်ကြသည်။

သူတို့က ရှေးဘုရင်ဂြိုလ်ကို ဗဟိုပြု၍ ပဉ္စဂံအစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ အဝေးမှကြည့်လျှင် ရှေးဘုရင်ဂြိုလ်နှင့် ဝဲကတော့များက အရွယ်အစား ကြီးမားသော ပဉ္စဂံယဇ်ပလ္လင်တစ်ခုကို ဖွဲ့စည်းနေဟန် ရသည်။

ယင်းက အစောနက ရွှီချင်းဖျက်ဆီးလိုက်သော ယဇ်ပလ္လင်နှင့် အနည်းငယ် ဆင်တူသော်လည်း အရွယ်အစားနှင့် ခမ်းနားထည်ဝါမှုချင်း နှိုင်းယှဉ်မည်ဆိုလျှင် ယင်းတို့က ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားပေသည်။

ဤသည်မှာ ဧကရီ၏ အစစ်အမှန် နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ဖြစ်သည်။

ထို့ပြင် အစောနက ရိုးရာဓလေ့နှင့် နှိုင်းယှဉ်လျှင် ယခု ရိုးရာဓလေ့သည် ဖော်မပြနိုင်အောင် အသက်ဝင်သည်။ ဤသည်မှာ ရိုးရာဓလေ့ကိုယ်၌က ဘဝတစ်ခုကို ပိုင်ဆိုင်ထားသည့်အလားပင်။

ရွှီချင်းသည် ထိုသို့ရိုးရာဓလေ့ကို ယခင်က တစ်ခါမှ မမြင်ဖူးချေ။

အတိုင်းအတာတစ်ခုထိဆိုရလျှင် ယခင်က သူမြင်တွေ့ခဲ့သော နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့များသည် ရိုးရာဓလေ့သက်သက်သာ ဖြစ်ကြသည်။ ယင်းတို့ထဲမှာ စိတ်ဝိညာဉ်မရှိပေ။

သို့ဖြစ်၍ ဤရိုးရာဓလေ့က သူ့အား တမူထူးခြားသည်ဟု ခံစားမိစေသည်။

‘ သူ့ကိုယ်သူ နတ်ဘုရားတစ်ပါးဖြစ်လာစေမယ့်အပြင် အရင်လူသားဧကရာဇ်တွေကိုလည်း အလောင်းကောင်နတ်ဘုရားတွေ ဖြစ်လာစေချင်တယ်… ဘယ်လောက် ရဲတင်းလိုက်လဲ ’

ရွှီချင်းသည် မချီးကျူးဘဲ မနေနိုင်ပေ။

ရည်မှန်းချက်ကြီးမားပြီး လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော ပုဂ္ဂိုလ်အများအပြားဖြင့် သူတွေ့ဆုံဖူးသည်။ သို့သော်လည်း သူတို့အများစုသည် ယောင်္ကျားများ ဖြစ်ကြသည်။

မရေမတွက်နိုင်သော ယောင်္ကျားသားများထက် ပိုပြီးအမြော်အမြင်ကြီးသော ဧကရီကဲ့သို့ အမျိုးသမီးသည်တော့ အလွန်အမင်း ရှားပါးသည်။

အထူးသဖြင့် သူတော်စင်ကုန်းမြေနှင့် အဆက်အသွယ်ဖြတ်တောက်လိုက်သော သူ၏ နည်းလမ်း ဖြစ်သည်။

အာရုဏ်ဦးနေမင်း(၄၉)ခု၏ ထွက်ပေါ်လာမှုက ရွှီချင်း၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေပြီး လူသားအားလုံး၏ မျှော်လင့်ထားမှုထက်လည်း ကျော်လွန်နေသည်။

ထိုသို့ရဲတင်းမှုနှင့် ဂုဏ်အရှိန်အဝါသည်သာ ဧကရာဇ်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ပေသည်။

ဤရိုးရာဓလေ့၏ အဓိကသော့ချက်အနေဖြင့် ကြိုတင်ပြင်ဆင်ထားသော အရာများအပြင် နတ်ဘုရားမီးတောက်ကို ထွန်းညှိရန် ကြားခံနယ်အဖြစ် ဆောင်ရွက်ပေးမည့် နောက်ထပ်ပစ္စည်းတစ်မျိုးကို လိုအပ်သေးပုံပေါ်သည်။

‘ သူတော်စင်ကုန်းမြေရဲ့ အပိုင်းပိုင်းအစစ အက်ကွဲသွားတဲ့ ငွေရောင်အလင်းတန်းလမ်းကြောင်းရဲ့ အလင်းရောင်ပဲ ’

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းကို ကြည့်လိုက်သည်။ အက်ကွဲကြောင်းသည် ယခု ပြန်ပိတ်နေပြီ ဖြစ်သည်။

ဤနေရာသို့ ကျဆင်းလာခဲ့သော အပိုင်းအစများသည် နန်းမြို့တော်၏ ကောင်းကင်ပေါ်မှာ အလင်းရောင်အဖြစ် ပြန့်ကျဲသွားကြသည်။ ထို့နောက် ဧကရီသည် ထိုအလင်းရောင်ကို ဆင့်ခေါ်လိုက်ပြီး နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ထဲသို့ ပေါင်းစပ်လိုက်သည်။

ထိုသို့ဖြင့် ရိုးရာဓလေ့သည် အသက်ဝင်လာသည်။

ရှင်းလင်းစွာပင် ထိုအလင်းသည် ကောင်းကင်အလွန်မှ အလင်းဖြစ်သည်။ အတိအကျဆိုရလျှင် ယင်းက သူတော်စင်ကုန်းမြေမှ အလင်းဖြစ်သည်။ ထိုအလင်းရောင်သည် ဧကရီ၏ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့အတွက် သော့ချက်တစ်ခု ဖြစ်သည်။

ယင်းတို့က ဤနေရာမှာရှိနေကြသော လူသားအားလုံး၏ အသိစိတ်ကို ပရမ်းပတာ လှိုင်းထသွားစေသည်။

ယနေ့ ဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးသည် အံ့ဩထိတ်လန့်ဖွယ်ရာချည်းပင်။

ဧကရီ၏ စကားလုံးတိုင်းသည် ကောင်းကင်ဘုံမိုးခြိမ်းသံအလား မီးတောင်ပေါက်ကွဲသံအလား ထိတ်လန့်ဖွယ်ကောင်းသည်။ သူ၏ စကားများက သမိုင်းကို ပြောင်းပြန်လှန်ပစ်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

ဒီတော့ ဒီဟာက လူသားဧကရာဇ်ဒုန်းရှန့်ရဲ့ ပုံပြင်ပါလား…

ဒီတော့ ဒီဟာက လူသားဧကရာဇ်ကျင့်ယွင်ရဲ့ ဝမ်းနည်းဖွယ်ဇာတ်လမ်းပါလား…

လက်စသတ်တော့ လူသားဧကရာဇ်ရှန့်ထျန်းရဲ့ ခါးသီးမှုက ဒီလောက်ကြီးမားခဲ့တာကို…

လက်စသတ်တော့ လူသားဧကရာဇ်တာအိုရှီကျဲရဲ့ သေဆုံးမှုက ဒီလောက်နက်နဲတာပဲ…

ဤအခိုက်အတန့်မှာ သက်ရှိအားလုံးက နှုတ်ဆိတ်သွားကြသည်။

ဧကရီတစ်ယောက်တည်းသာ ရောင်ခြည်တန်းငါးခုကြားတွင် မတ်တတ်ရပ်နေပြီး ကောင်းကင်ကို ကြည့်နေသည်။

သူ၏ ခြေဖဝါးအောက်မှ ရှေးဘုရင်ဂြိုလ်ပေါ်တွင် မီးတောက်များက တဟုန်းဟုန်း တောက်လောင်နေသည်။ မီးတောက်သည် အစက ရွှေရောင်ဖျော့ဖျော့သာဖြစ်သော်လည်း ယခု ပိုပြီးမြန်ဆန်စွာ သိပ်သည်းလာသည်။

မီးတောက်အားလုံးက ရွှေရောင်အဖြစ်သို့ လုံးဝပြောင်းလဲသွားသည့်အခိုက် ရိုးရာဓလေ့က အောင်မြင်စွာ ပြီးဆုံးသွားလိမ့်မည်။ ထိုအခါကျလျှင် လူသားဧကရာဇ်ငါးပါးက အလောင်းကောင်နတ်ဘုရားများဖြစ်လာကြပြီး သူက နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မည်။ ထိုမှစ၍ သူက ဒဏ္ဍာရီလာ နတ်ဘုရားလမ်းစဉ်ပေါ်သို့ ခြေချသွားလိမ့်မည်။

ထိုသို့တွေးမိသောအခါ ဧကရီ၏ မျက်လုံးထဲတွင် စူးရှတောက်ပသော အလင်းရောင် ထွက်ပေါ်လာသည်။

ထိုအလင်းရောင်က ကောင်းကင်ကို ချိုးဖြတ်ပစ်နိုင်ပြီး မြေပြင်ကို တုန်လှုပ်စေနိုင်ဟန် ရ၏။

လောကကြီးက အရောင်ပြောင်းလဲသွားသည်နှင့်ချက်ချင်း ကျယ်လောင်သော မိုးထစ်ချုန်းသံက ကောင်းကင်ပေါ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအသံသည် ကောင်းကင်ပေါ်မှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ယင်းအစား ကောင်းကင်အပြင်ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

၎င်းက ဝမ်ကူးကုန်းမြေဆီသို့ အသံပို့လွှတ်ပြီးနောက် ကျယ်ပြောသော စိတ်ဆန္ဒအဖြစ် ပြောင်းလဲသွားကာ နန်းမြို့တော်တစ်ခုလုံးတွင် အမိန့်တော်တစ်ခုအဖြစ် ပဲ့တင်ထပ်သွားသည်။

“ ရှေးဘုရင်ရဲ့ အမိန့်တော်အရ… ဒီအတုအယောင်ဧကရာဇ်ဟာ ရှေးဘုရင်ရဲ့ မျိုးဆက်မဟုတ်သလို သူတော်ကောင်းအကျင့်နဲ့ မင်းကျင့်တရားလည်း မရှိဘူး… အဆိပ်ပြင်းတဲ့ နှလုံးသားနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်သဘောထားကို ပိုင်ဆိုင်ထားပြီး တစ်ချိန်တုန်းက ရွှမ်ကျန်းရဲ့ ကိုယ်လုပ်တော်ဖြစ်ခဲ့ဖူးတယ်… သူဟာ သေမျိုးခန္ဓာကိုယ်သာရှိပေမဲ့ အဆက်အသွယ်တွေကို အသုံးချပြီး ဧကရာဇ်ရဲ့ နှစ်သက်မှုကို ရယူကာ မိဖုရားတစ်ပါး ဖြစ်လာခဲ့တယ် ”

“ မြွေဟောက်လို နှလုံးသားနဲ့ မြေခွေးလို အကျင့်စရိုက်ရှိတဲ့ ဒီမိန်းမက အကျင့်စာရိတ္တပျက်ပြားတယ်… ဒါ့အပြင် သစ္စာတရားနဲ့ တည်ကြည်ဖြောင့်မတ်မှုကို အလိမ်အညာတွေနဲ့ အယုံသွင်းတယ် ”

“ သူ့ရဲ့ လုပ်ရပ်က လူသားတွေနဲ့ တစ္ဆေတွေကို စက်ဆုပ်ရွံရှာစေတယ်… ကောင်းကင်နဲ့မြေပြင်ကို ဒေါသထွက်စေတယ် ”

“ သူ့မှာ မကောင်းတဲ့ အကြံအစည်တွေရှိပြီး မျိုးနွယ်ရဲ့ အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားချင်နေတယ်… ဒီဒေသကြီးရဲ့ ကောင်းကင်ဘုံက ဘယ်သူ့အပိုင်လဲ ”

“ ဝမ်ကူးကုန်းမြေက လူသားတွေ… စကားလုံးတွေက ငါတို့နားထဲကို ပဲ့တင်ထပ်နေတုန်းပဲ… သစ္စာတရားက ငါတို့ရဲ့ နှလုံးသားထဲမှာ တည်မြဲနေတုန်းပဲ… ဝမ်ကူးကုန်းမြေက ကောင်းကင်ဘုံရဲ့ အာဏာစက်နဲ့အတူ အမိန့်တော်ထုတ်ပြန်လိုက်တယ်… လူသားတွေ ရက်စက်ကြမ်းကြုတ်တဲ့ ဒီမိန်းမကို နေရာကနေ ဖယ်ရှားစေ ”

“ အမိန့်တော်အတိုင်း ဆောင်ရွက်တဲ့လူတွေက ဘွဲ့ဂုဏ်ပုဒ်တွေနဲ့ ဆုလာဘ်တွေ ချီးမြှင့်ခံရမယ် ”

“ တကယ်လို့ မင်းက အလိမ်အညာတွေကို ဆက်ယုံစားပြီး လမ်းမှားနေဦးမယ်ဆိုရင်တော့ အနာဂတ်မှာ ကြီးလေးတဲ့ အပြစ်ဒဏ်တွေကို သေချာပေါက် ခံစားရလိမ့်မယ် ”

“ အားလုံးပဲ ဘိုးဘေးရဲ့ အမိန့်တော်ကို နာခံကြပါ ”

ထိုစကားများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း လူသားမျိုးနွယ်ထဲမှ ကောင်းကင်နှင့်မြေပြင်သည် တုန်လှုပ်သွားသည်။ မရေမတွက်နိုင်သော လူသားကျင့်ကြံသူများသည် သူတို့၏ နှလုံးသားထဲမှာ မုန်တိုင်းတစ်ခု အစပျိုးလာနေကြောင်း ခံစားမိသွားကြသည်။

ထိုမုန်တိုင်းသည် လေထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းက သူတို့၏ သွေးမျိုးဆက်ထဲမှာ ပုန်းကွယ်နေပြီး သူတို့၏ စိတ်ထဲမှာ ပေါက်ကွဲသွားသည်။

ဘေးပတ်ဝန်းကျင်မှာ စုဝေးနေသော လူသားမျိုးနွယ်၏ ကမ္မစွမ်းအားသည် ရုတ်တရက် ပရမ်းပတာ လှုပ်ခတ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားကာ ဧကရီကို ငြင်းဆန်လိုက်သည်။

တစ်ချိန်တည်းမှာ ဧကရီ၏ ဧကရာဇ်ဝတ်စုံသည် အပိုင်းပိုင်း ဆုတ်ပြဲသွားပြီး သူ၏ ဦးခေါင်းထက်မှ ဧကရာဇ်သရဖူသည် ချက်ချင်း ပြိုကွဲသွားသည်။

အဘယ့်ကြောင့်ဆိုသော် ယင်းက ကောင်းကင်အလွန်မှ ဆင်းသက်လာသော အထွတ်အမြတ်အမိန့်တော်ဖြစ်သည်။

ယင်းက ရှေးဘုရင်၏ အမိန့်တော်ဖြစ်သည်။

ယင်းက မျိုးနွယ်စုအားလုံးကို အမိန့်ပေးနိုင်ပြီး စကားတစ်ခွန်းဖြင့် သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်သည်။ လူသားမျိုးနွယ်၏ ကမ္မသည်ပင် ယင်းကို အညံ့ခံရလိမ့်မည်။

ထို့ကြောင့် လူတိုင်းသည် နှလုံးတုန်သွားကြသည်။ လူသားမျိုးနွယ်၏ ကမ္မမှ ဖြစ်ပေါ်လာသော နဂါးသည် ဧကရီကို ဟိန်းဟောက်လိုက်သည်။ မရေမတွက်နိုင်သော လူသားဘိုးဘေးများ၏ ပုံရိပ်များက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြပြီး ဧကရီကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။

တစ်ချိန်တည်းမှာ တစ်ဟုန်ထိုး မြှောက်တတ်နေသော ကမ္မသည် နှစ်ပေါင်းမြောက်များစွာအတွင်း နတ်ဘုရားများကို ဆန့်ကျင်တိုက်ခိုက်၍ သေဆုံးသွားခဲ့ကြသော လူသားများ၏ ဝိညာဉ်များကို ပြန်လည်ဆင့်ခေါ်လိုက်သည်။ ၎င်းတို့၏ အရေအတွက်သည် အလွန်များပြားသည်။ ဝိညာဉ်များသည် ကောင်းကင်ကို အပြည့်ဖုံးလွှမ်းသွားပြီး လွှမ်းမိုးဖိနှိပ်သော စွမ်းအားကို ဖွဲ့စည်းလိုက်သည်။

၎င်းတို့က ဝမ်းနည်းကြေကွဲသော အမူအရာဖြင့် ဧကရီကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ကြသည်။

၎င်းတို့က ပလ္လင်ကို ဖျက်ဆီးချင်ပြီး ဧကရီ၏ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ကို တားဆီးချင်ကြသည်။

ဤသည်မှာ သူတော်စင်ကုန်းမြေ၏ တန်ပြန်တိုက်ခိုက်မှု ဖြစ်သည်။

သို့သော်လည်း ဧကရီ၏ အကြည့်က စူးရှတောက်ပနေဆဲပင်။ သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော သူရဲကောင်းဝိညာဉ်များပေါ်သို့ ကျရောက်သွားသည်။ သူက တည်ငြိမ်စွာ ပြောသည်။

“ ဒုန်းရှန့်ရဲ့ အမှားကို မင်းတို့အားလုံး မျက်မြင်တွေ့ခဲ့ကြတယ် ”

“ ကျင့်ယွင်ရဲ့ ဝမ်းနည်းမှုကို မင်းတို့အားလုံး မြင်တွေ့ခဲ့ကြတယ် ”

“ ရှန့်ထျန်းရဲ့ ခါးသီးမှုကို မင်းတို့အားလုံး သိကြတယ် ”

“ တာအိုရှီကျဲရဲ့ ကျရှုံးမှုကို မင်းတို့အားလုံး တွေ့ကြုံခဲ့ကြတယ် ”

“ မင်းတို့က လူသားမျိုးနွယ်ရဲ့ ဘိုးဘေးတွေဖြစ်ပြီး တကယ့်သူရဲကောင်းတွေ ဖြစ်ကြတယ်… မင်းတို့က လူသားမျိုးနွယ်မှာ မွေးဖွားလာပြီး လူသားမျိုးနွယ်အတွက် သေဆုံးခဲ့ကြတယ်… ဒါကြောင့် မင်းတို့ကို ငါရိုသေလေးစားတယ်… ဒါပေမဲ့ ငါ့ကိုယ်ငါ မျက်ကန်းဖြစ်အောင် မလုပ်နိုင်ဘူး… အမှန်တရားကို မမြင်ချင်ယောင် ငါမဆောင်နိုင်ဘူး… ငါ့ကိုယ်ငါ မလှည့်စားနိုင်ဘူး ”

“ ပြင်ပအမိန့်တော်တစ်ခုက ငါ့ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်မှုတွေကို ကန့်သတ်တာကို ငါခွင့်မပြုနိုင်ဘူး ”

All Chapters