← Chapters

ဝမ်မင်၏ ဦးနှောက်တွက်ဆခြင်းနည်းစနစ်

Vol. 64 Ch. 946

ဝမ်မင်၏ ဦးနှောက်တွက်ဆခြင်းနည်းစနစ်

Vol. 64 Ch. 946

“ရုံကျိုက်ရိုက်ချက် ၆ ချက်ဆိုတဲ့ စာအုပ်တစ်အုပ်ရှိတယ်.. ယန္တရားရေဘဝဲ မသေဆုံးမီ ပေးပို့လိုက်တဲ့ အချက်ပြမှုက ဝှက်စာ တစ်ခုခုမှန်း သိသာနေတယ်”

ကျိုးရီက ဝမ်လင်း၏ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။

ဝမ်မင်သည် ထိုမက်ဆေ့ကို တစ်မိနစ်မပြည့်မီမှာပင် ဖော်ထုတ်နိုင်ခဲ့သည်။

“ဒါက တီးဝိုင်းဂိမ်းဖြစ်တဲ့(The Invisible Guardian)ရဲ့ ကုတ်စကားစုတစ်ခုပဲ.. လျှို့ဝှက်ကုတ်ရဲ့အဖြေမှန်က ရုံကျိုက်ရိုက်ချက် ၆ချက်မှာ ၅ ချက်ပဲရှိတယ်”

“အဲဒီလိုလား.. ဆရာဝမ်မင်က မျှော်လင့်ထားတဲ့အတိုင်းပဲ”

ကျိုးရီက ခေါင်းညိမ့်လိုက်သည်။

“မင်းအခု ဘာဆက်လုပ်မှာလဲ”

ကျိုးရီက ဤစစ်ဆင်ရေး၏ ခေါင်းဆောင်ဖြစ်ကြောင်း ဝမ်မင် ကောင်းစွာသိသည်။

လက်ရှိအချိန်တွင် သူတို့ရင်ဆိုင်နေရသည့် ရန်သူမှာ ဦးနှောက်ဘုရင်ဂြိုဟ်ရှိ ဦးနှောက်ဘုရင် မျိုးနွယ်စုမှ ဂြိုဟ်သားများ ဖြစ်၏။

ဝမ်မင်က ယန္တရားရေဘဝဲ၏ မူလဇစ်မြစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ကမ္ဘာမြေနှင့် မဟာမိတ်ပြုထားသည့် နတ်တာအိုကြယ်၏ မျှဝေထားသော အာကာသဆိုင်ရာ ဒေတာဘေ့စ်အရ ဦးနှောက်ဘုရင်ဂြိုဟ်၏ သိပ္ပံနှင့်နည်းပညာ အဆင့်သည် အတော်လေး အဆင့်မြင့်မားနေပြီဟု သူတို့ သိခဲ့ရသည်။

ဦးနှောက်ဘုရင်ဂြိုဟ်သည် စက်ယန္တရား အလိုအလျောက်စနစ်ခေတ်သို့ပင် ရောက်ရှိရန် နီးစပ်နေပြီ ဖြစ်သည်။

ဦးနှောက်ဘုရင်ဂြိုဟ်တွင် မွေးဖွားလာသော ကလေးငယ်များသည် ၎င်းတို့၏ ဦးနှောက်များကို စက်ယန္တရား ခန္ဓာကိုယ်တွင် ထည့်သွင်းထားကြသည်။

ယင်းက သူတို့၏သက်တမ်းကို အလွန်ပင် တိုးစေသည်။

ဆိုရလျှင် ဦးနှောက်ဘုရင်မျိုးနွယ်စုသည် ရောဂါဘယ ဖြစ်မည်ကို လုံးဝ စိုးရိမ်စရာမလိုတော့ပေ။

၎င်းတို့၏ စက်ယန္တရား အဆစ်အမြစ်များ ယိုယွင်းသွားလျှင်ပင် မည်သည့်အစိတ်အပိုင်းမဆို ချက်ချင်း အစားထိုးနိုင်ပေသည်။

ဦးနှောက်ဘုရင်ဂြိုဟ်မှ သေခါနီးလူများသည် သူတို့၏ ဦးနှောက်များကို ဦးနှောက်ဘုရင်ထံ လှူဒါန်းပြီး စုပ်ယူခွင့်ပြုကြသည်။

ထိုလုပ်ငန်းစဉ်ကို ၎င်းတို့က နာကျင်မှုနည်းသည့် လုပ်ငန်းစဉ်ဟု သတ်မှတ်ထားကြ၏။

တကယ်တမ်း နာကျင်မှုရှိမရှိကိုမူ ဦးနှောက်ဘုရင်မျိုးနွယ်စုကသာ သိမည်ဖြစ်သည်။

ယင်းမှာ နတ်တာအိုကြယ်မှ မျှဝေထားသော ဦးနှောက်ဘုရင်ဂြိုဟ်၏ ဗဟုသုတမျှသာ ဖြစ်ပြီး အများစုမှာ အခြားသောဂြိုဟ်အသီးသီးမှ ဒေသခံ နေထိုင်သူများ၏ ပါးစပ်ရာဇဝင်များ ဖြစ်သည်။

အချက်အလက်များ ရောထွေးနေသဖြင့် မည်သည့်အရာကအစစ် မည်သည့်အရာက အတုလဲ ဆိုသည်ကို ကိုယ့်ဘာသာကိုယ် ဆန်းစစ်ရပေမည်။

“ဆရာဝမ်မင်.. ဦးနှောက်ဘုရင် မျိုးနွယ်စုရဲ့ ကမ္ဘာမြေကို လာတဲ့ရည်ရွယ်ချက်က ဘာလို့ထင်လဲ”

“သူတို့က တစ်စုံတစ်ယောက်ကို ရှာနေပုံရတယ်”

ကျိုးရီက အနည်းငယ် စိုးရိမ်သွားခဲ့သည်။

“ဦးနှောက်ဘုရင်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဦးနှောက်ဘုရင်က ဦးနှောက်တွေကို စုပ်ယူနိုင်တယ်.. အဲဒါက သူ့ကိုအသက်ရှည်စေပြီး ဉာဏ်ရည်ကိုလည်း တိုးမြင့်လာစေတယ်.. ဒီတစ်ကြိမ် ကမ္ဘာမြေကို ဓာတ်ကျနေတာက ဉာဏ်ရည်မြင့်မားတဲ့လူတွေကို ရှာဖွေဖို့အတွက်လို့ ငါစိုးရိမ်မိတယ်”

“ဉာဏ်ရည်မြင့်မားတဲ့လူတွေကိုလား”

“ဒါဆို သုတေသနဌာနလို နေရာတွေက ပစ်မှတ်ထားခံရဖို့များတာပေါ့”

“ဒါဆိုဆရာဝမ်မင်က အန္တရာယ်ရှိနေတာ မဟုတ်ဘူးလား”

“အင်း”

ဝမ်မင်က ခေါင်းညိမ့်လိုက်သည်။

သူက အဖြစ်အပျက်များစွာကို စဉ်းစားပြီးနောက်တွင် တွက်ချက်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်နိုင်ချေအရှိဆုံး အဖြေကို ထုတ်နိုင်ခဲ့သည်။

“သူတို့က ကမ္ဘာမြေပေါ်မှာ အင်တာနက် ဘလိမ်မာ တပ်ဖွဲ့တစ်ခုကိုတောင် ထူထောင်ခဲ့တယ်.. ဒီတပ်ဖွဲ့ရဲ့ ကွန်ရက်ကနေ တဆင့် သူတို့က ငွေရှာရုံတင်မကဘဲ ဦးနှောက်ဘုရင် အတွက် ဉာဏ်ရည်မြင့်မားတဲ့ လူတွေကို ရှာဖွေနေပုံရတယ်.. ကျွန်းကို ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက်က အဖွဲ့ခေါင်းဆောင်တွေကြားထဲက အထူးချွန်ဆုံး လူတွေကို ရှာဖွေလိုတာကြောင့် ဖြစ်နိုင်တယ်.. ဒီဦးနှောက်ဘုရင် ဂြိုဟ်သားတွေက သူ့ကိုယ်သူ ချင်အင်ပါယာလို့ ကြီးကြီးကျယ်ကျယ် ပြောနေတဲ့လူတွေကို တကယ့် အင်ပါယာလို့ တွေးထင်နေပုံရတယ်”

“……….”

ကျိုးရီက လုံးဝကို အံ့ဩသွားခဲ့သည်။

“ဒါနဲ့ဆရာဝမ်မင်.. အရင်က ခုံးရူယဲ့လို့ ခေါ်တဲ့သူခိုးတစ်ယောက် ကျွန်တော့်အိမ်ကို လာဖောက်ဖူးတယ်.. သူက အမှောင်နက်ဝေါ့မှာ လူသိများတဲ့ ရာဇဝတ်ကောင် တစ်ယောက်ပဲ”

“အင်း.. ငါအဲဒီသတင်းကို ကြားမိတယ်.. မင်းဘာရှာတွေ့ခဲ့လဲ”

“လက်ရှိ စုံစမ်းစစ်ဆေးမှုတွေအရတော့ ဒီခုံးရူယဲ့ကို ဘုရင်ခံက ခိုင်းတာလို့ သိရတယ်.. အဲဒီအချိန်တုန်းက ငါ့ရဲ့ဆံပင်ကိုပဲ သူ လိုချင်နေခဲ့တယ်.. ငါ့ရဲ့DNAကို စမ်းသပ်ဖို့ သူတို့ အလိုရှိပေမဲ့လည်း ကံမကောင်းစွာနဲ့ မအောင်မြင်ခဲ့ဘူး”

ဝမ်မင်က ကျိုးရီ၏စကားကြောင့် အတွေးလွန်သွားခဲ့သည်။

“ခဏစောင့်ဦး”

ဝမ်မင်က ပြောလိုက်သည်။

ထို့နောက်တွင် သူက ထိုင်ချလိုက်ပြီး ဦးနှောက်တွက်ဆခြင်းနည်းစနစ်ကို အသုံးပြုလိုက်သည်။

မရေမတွက်နိုင်သော ဖြစ်နိုင်ချေရှိသည့် အဖြစ်အပျက်များသည် သူ၏စိတ်ထဲတွင် စီးဆင်းသွားခဲ့သည်။

ဝမ်မင်က ဖြစ်နိုင်ချေ အမျိုးမျိုးကို တွက်ချက်နေချိန်တွင် အချိန်အတော်ကြာနေသလို ခံစားခဲ့ရသည်။

အချိန်က တစ်ရက် သို့မဟုတ် နှစ်ရက်ခန့် ကုန်ဆုံးသွားသလို ခံစားလိုက်ရသော်လည်း တကယ်တမ်းတွင် သုံးမိနစ်မျှသာ ဖြစ်သည်။

ဝမ်မင်က သုံးမိနစ်အတွင်း ဖြစ်နိုင်ချေရှိသော ရလဒ် ထောင်ပေါင်းများစွာထဲမှ ဖြစ်နိုင်ချေအရှိဆုံး ရလဒ်များကို ကြီးစဉ်ငယ်လိုက် အဆင့်သတ်မှတ်ခဲ့သည်။

တွက်ချက်ပြီးနောက်တွင် သူ၏ခေါင်း၌ ချွေးများစိုစွတ်နေခဲ့သည်။

သူက သူ့ကိုယ်သူ လွန်လွန်ကဲကဲ ဖိအားပေး လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

သူက ကမ္ဘာမြေသို့ရောက်လာသည့် ဦးနှောက်ဘုရင်မျိုးနွယ်စု၏ ရည်ရွယ်ချက်ကို ခန့်မှန်းရန်အတွက် အစောပိုင်းတွင် ဦးနှောက်တွက်ဆခြင်း နည်းလမ်းကို အသုံးပြုခဲ့သည်။

ယခုဒုတိယအကြိမ် အသုံးပြုပြီးနောက်တွင် သူ၏ ဦးနှောက်သည် အောက်ဆီဂျင် လုံလောက်စွာ မရတော့သကဲ့သို့ မူးဝေသလိုခံစားခဲ့ရသည်။

“ဆရာဝမ်မင်.. ဆရာဝမ်မင် အဆင်ပြေရဲ့လား”

ဖုန်းတစ်ဖက်မှ ဝမ်မင်၏အသံကို အချိန်အတော်ကြာ မကြားရသဖြင့် ကျိုးရီက အနည်းငယ်စိုးရိမ်ကာ မေးလိုက်သည်။

“သူအဆင်ပြေပါတယ်.. သကြားဓာတ် အနည်းငယ်လျော့ကျသွားလို့ပါ.. နောက်မှပဲ ဖုန်းပြန်ခေါ်လိုက်မယ်”

ကျိုက်ယန်က ဝမ်မင်၏ကိုယ်စား ဖြေပေးလိုက်ပြီး ဖုန်းချလိုက်သည်။

“ရှင်ဘယ်လိုနေလဲ”

သူမက ဝမ်မင်နှင့် အလွန်နီးကပ်စွာ ရှိနေသောကြောင့် ဝမ်မင်က သူမ၏ ကိုယ်သင်းနံ့ကိုပင် ရရှိနေခဲ့သည်။

ကျိုက်ယန်က ဝမ်မင်ကို ကြိုတင်ပြင်ဆင်ထားသည့် သကြားလုံးတစ်လုံး ပေးလိုက်ပြီး ဝမ်မင် အနားယူရန်အတွက် အိပ်ခန်းအတွင်း လှဲအိပ်နိုင်အောင် ကူညီပေးခဲ့သည်။

ယခုနောက်ပိုင်းတွင် ဝမ်မင်သည် ဦးနှောက်တွက်ဆခြင်း နည်းစနစ်ကို အသုံးပြုပြီးနောက်၌ သကြားလုံး တစ်လုံးကို လိုအပ်လာခဲ့သည်။

ဤနည်းစနစ်က သူ၏ သကြားဓာတ်ကို များစွာ စုပ်ယူသွားပြီး ဦးနှောက်ကို အန္တရာယ်ဖြစ်စေခြင်းပင်။

သကြားလုံးသည် သူ၏ အာဟာရဓာတ်များကို လျင်မြန်စွာဖြည့်ဆည်းပေးနိုင်ပြီး ပျက်စီးမှုများကို လျှော့ချပေးနိုင်၏။

ရွှေကုံးဂိုဏ်းနှင့် အဖြစ်အပျက်အပြီးတွင် ဝမ်မင်သည်ကျောင်းသားများကို ကာကွယ်ရန် ဤနည်းစနစ်ကို အသုံးပြု၍ လုပ်ကြံသတ်ဖြတ်သူ အများအပြားကို ကိုင်တွယ် ဖြေရှင်းခဲ့သည်။

ထိုအခါမှလည်း သူသည် ထိုနည်းစနစ်ကို လွန်လွန်ကဲလဲလုပ်ဆောင်ခဲ့သည်။

ထိုအဖြစ်အပျက်များ ပြီးနောက်တွင် ဝမ်မင်သည် ဦးနှောက်တွက်ဆခြင်းနည်းစနစ်ကို အသုံးပြုခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများအား အမှန်တကယ် ဂရုစိုက်လာခဲ့သည်။

သို့သော် သကြားလုံးများသည် ယာယီအာဟာရ အစားထိုးခြင်းတစ်ခုသာ ဖြစ်သည်။

ယင်းက ရှည်ကြာသော အားစိုက်ထုတ်မှုကို ခံနိုင်ရည်မရှိပေ။

ဦးနှောက်တွက်ဆခြင်း နည်းလမ်းကို အသုံးပြုပြီးနောက်တွင် တစ်ကြိမ်ထက် တစ်ကြိမ် သကြားဓာတ်က ပိုမို လိုအပ်လာခဲ့သည်။

သူ၏သကြားလုံးသည် အာဟာရဖြည့် ပါဝင်ပစ္စည်းများစွာဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ထိုသကြားလုံးက သူ့ကို ယာယီအာဟာရ ဖြည့်ပေးနိုင်သော်လည်း ရေရှည်သောက်သုံးလျှင်မူ ခန္ဓာကိုယ်သည် သကြားဓာတ် ဆန့်ကျင်သော ဂုဏ်သတ္တိများ ရှိလာနိုင်ပေသည်။

ထို့ကြောင့် သူက ပို၍ ပြီးပြည့်စုံသောအဖြေကို ရှာဖွေရမည်ဖြစ်၏။

“ရှင့်ရဲ့အစွမ်းအဆတွေကို ပေါ့ပေါ့ဆဆ အသုံးမပြုနဲ့.. ရှင် ဒီလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် ဥက္ကဌချီက စိတ်ဆိုးလိမ့်မယ်”

ကျိုက်ယန်က စိုးရိမ်သောလေသံဖြင့် ပြောလိုက်သည်။

“ငါနားလည်ပါတယ်”

ဝမ်မင်က သက်ပြင်းချ၍ ပြန်ဖြေလိုက်သည်။

သူဘာလုပ်နေသည်ကို သူအတိအကျ သိသည်။

သူက အစောပိုင်းတွင် ဦးနှောက်တွက်ဆခြင်းနည်းစနစ်၏ နောက်ဆက်တွဲပြဿနာကို ဂရုမစိုက်ဘဲ အသုံးပြုခဲ့သည်။

ယခုအခါတွင် ကမ္ဘာမြေသည် ဂြိုဟ်သားများနှင့် သံတမန်ဆက်ဆံရေး ထူထောင်နေချိန် ဖြစ်သည်။

ဤသို့ အရေးကြီးသော အခိုက်အတန့်တွင် သူ့အနေဖြင့်ဦးနှောက်ဘုရင်မျိုးနွယ်စု၏ ကျူးကျော်မှုကို ကောင်းစွာ ကိုင်တွယ်နိုင်ရန် လိုအပ်၏။

ထို့ကြောင့် ဤတစ်ကြိမ်တွင် ဦးနှောက်တွက်ဆခြင်းနည်းစနစ်ကို အသုံးပြုရန် သူက အမှန်တကယ် လိုအပ်နေခဲ့သည်။

တစ်ဖက်တွင်လည်း ဦးနှောက်တွက်ဆခြင်းနည်းစနစ်၏ နောက်ဆက်တွဲ အကျိုးဆက်များက အလွန်ပင် စိုးရိမ်စရာ ကောင်းနေသည်။

သို့သော်လည်း အကျိုးအမြတ်တစ်စုံတစ်ရာ မရှိသည်တော့ မဟုတ်ပေ။

ထိုနည်းစနစ်ကို အသုံးပြုတိုင်းတွင် ရလဒ်များက ပိုမိုထွက်လာတတ်သည်။

ထိုနည်းစနစ်သည် ဝမ်လင်း၏ ကမ္ဘာဦးချီကို လေ့လာရာတွင် အရေးပါသည်။

သူက ဝမ်လင်း ငယ်စဉ် ကလေးဘဝကတည်းကပင် အဆောင်လက်ဖွဲ့ စည်းတံဆိပ်ကို ရေးဆွဲကာ ကူညီပေးခဲ့သည်။

နောက်ပိုင်းတွင် ဝမ်မင်သည် ထိုအဆောင်လက်ဖွဲ့ကို အကြိမ်ကြိမ် အဆင့်မြှင့်တင်ပေးခဲ့သည်။

ယခုအခါတွင် နောက်ထပ်ဗားရှင်းအဖြစ် အဆင့်မြှင့်တင်ရန်အတွက် သူ မဖြေရှင်းရသေးသည့် ပြဿနာနှစ်ခု ရှိနေသည်။

အကယ်၍ ဦးနှောက်တွက်ဆခြင်း နည်းစနစ်ဖြင့် သူ၏ စကေးလ်ကို တိုးမြှင့်နိုင်လျှင် ရလဒ်များသည် ပိုမိုစိတ်ချယုံကြည်ရမည် ဖြစ်ပြီး ဤပြဿနာနှစ်ခုကို ဖြေရှင်းနိုင်မည် ဖြစ်သည်။

အဆောင်လက်ဖွဲ့စည်းတံဆိပ် ဗားရှင်း3.0..

သူက ဝမ်လင်း အထက်တန်းကျောင်း မပြီးမီ အဆင့်မြှင့်တင်ရန်အတွက် အရှိန်မြှင့်တင်ရန် လိုအပ်နေ၏။

အပိုင်း(၉၄၆) ပြီး၏

All Chapters