← Chapters

ပညာသင်ဆုရကျောင်းသားအရက်မူးသောလ

Vol. 64 Ch. 947

ပညာသင်ဆုရကျောင်းသားအရက်မူးသောလ

Vol. 64 Ch. 947

ဘုရင်ခံဟု အမည်ပေးထားသော ယန္တရားရေဘဝဲ၏ ရုတ်တရက် သေဆုံးမှုသည် ဦးနှောက်ဘုရင်၏ အာရုံကို သဘာဝအတိုင်း ဖမ်းစားနိုင်ခဲ့သည်။

ယင်းက သူတို့ မသိသေးသည့် လျှို့ဝှက်ဆန်းကြယ်သော အနန္တတန်ခိုးရှင် ကျင့်ကြံသူ လက်ချက် ဖြစ်နိုင်ပါသလော။

ဤအတွေးကြောင့် ဦးနှောက်ဘုရင်က ကူကယ်ရာမဲ့စွာတုန်လှုပ်သွားခဲ့သည်။

ဤသည်က သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့သည့် အခြေအနေတစ်ခုလည်း ဖြစ်သည်။

သူက ကမ္ဘာမြေနှင့် ပတ်သက်သော အရာအားလုံးကို သိသည်ဟု သူ့ကိုယ်သူ ထင်ခဲ့သည်။

တကယ်တမ်းတွင် သူမသိသေးသည့်အရာ အများအပြား ရှိနေပုံရသည်။

ဦးနှောက်ဘုရင်မျိုးနွယ်က အမည်မဲ့စွမ်းအားရှင် မွန်းစတား တစ်ကောင်ကို လှုံ့ဆော်မိလိုက်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့ပေ။

“ဒါကငါ့ရဲ့အမှားပဲ”

ယန္တရားရေဘဝဲ သေဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဦးနှောက်ဘုရင်၏ ဦးနှောက်လှိုင်းများသည် ယန္တရားရေဘဝဲ သေဆုံးသွားသည့် အချက်ပြမှုကို ချက်ချင်းပင် လက်ခံရရှိခဲ့သည်။

သူက သက်ပြင်းတစ်ချက် ချခဲ့သည်။

ဦးနှောက်ဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းသတ္တုများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

သူ၏ မျက်လုံးများသည်ပင် စက်ကိရိယာများ ဖြစ်၏။

ယန္တရားရေဘဝဲ သေဆုံးမှုသတင်းကို ရရှိခဲ့ပြီးနောက်တွင် သူ၏ စက်ကိရိယာ မျက်လုံးများသည် နီရဲလာခဲ့သည်။

ကမ္ဘာဂြိုဟ်က မည်မျှထူးဆန်းသည်ကို သူစောစောစီးစီး သတိထားမိသင့်၏။

ရက်စက်ကြမ်းကြုတ်သော နတ်နဂါးမျိုးနွယ်စုသည် စကြာဝဠာတစ်ခုလုံးကို အစောပိုင်းတွင် နယ်ချဲ့ခဲ့သည်။

၎င်းတို့သည် မရေမတွက်နိုင်သောလူများကို ကျွန်အဖြစ်ခိုင်းစေကြပြီး ထိုလူများ၏ မွေးရပ်မြေ ဂြိုဟ်များကိုပါ ဝါးမျိုခဲ့ကြသည်။

နတ်နဂါးများသည် ကမ္ဘာမြေကို ဝါးမျိုရန် အတွက်လည်း အချိန်အတော်ကြာ အစီအစဉ်များ ပြုလုပ်ခဲ့သည်။

သို့သော် အဆုံးသတ်တွင် ကမ္ဘာမြေအပေါ် ထားရှိသည့် နတ်နဂါးမျိုးနွယ်စု၏ သဘောထားသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။

၎င်းတို့က ကျွန်ခံနေရသည့် ဂြိုဟ်သားများကို လွှတ်ပေးခဲ့ရသည့်အပြင် ၎င်းတို့၏ ဇာတိဂြိုဟ်များကိုပင် ပြန်ပို့ပေးခဲ့သည်။

ထို့အပြင် ထိုဂြိုဟ်သားများ၏ အိမ်များကို ပြန်လည်တည်ဆောက်ပေးပြီး ကမ္ဘာဂြိုဟ်နှင့် သံတမန်ဆက်ဆံရေးကိုပင် တည်ထောင်ခဲ့ကြသည်။

ယင်းက စီချွမ်အော်ပရာစတိုင် မျက်နှာဖုံးကို လျှပ်တပြက် ပြောင်းလဲသည့် ထိတ်လန့်စရာ ပြကွက်တစ်ခုနှင့် ဆင်တူသည်။

စကြာဝဠာ၏ အသိဉာဏ်အရှိဆုံးသောသက်ရှိအနေဖြင့် ဦးနှောက်ဘုရင်သည် ထိုအချက်ကို သတိပြုမိသည်မှာ နောက်ကျနေပြီဟု ခံစားမိသည်။

သူက သရေ ဇိမ်ကုလားထိုင်တွင် ထိုင်ရင်း ခေါင်းကိုက်လာသလို ခံစားလိုက်ရ၍ နဖူးကို နှိပ်နယ်လိုက်သည်။

“အဆင်ပြေရဲ့လား အရှင်ဦးနှောက်ဘုရင်”

သူ၏ အနီးတွင်ရှိနေသည့် ဦးနှောက်ဘုရင်မျိုးနွယ်စု၏ လျှို့ဝှက်သံတမန်က မေးမြန်းလိုက်သည်။

ဦးနှောက်ဘုရင်က ခေါင်းခါယမ်း၍ ပြောလိုက်သည်။

“သွား.. အခုချက်ချင်း ကမ္ဘာဦးအနက်ရောင် သလင်းကျောက် ခေါင်းခွံကိုယူခဲ့.. အရည်အသွေးကောင်းတာကိုပဲ ယူခဲ့နော်.. ငါအရမ်း ခေါင်းကိုက်နေပြီ”

“ကောင်းပါပြီ ဦးနှောက်ဘုရင်”

လျှို့ဝှက်သံတမန်က ခေါင်းညိမ့်လိုက်သည်။

ဦးနှောက်ဘုရင်က ကြောက်မက်ဖွယ်ကောင်းသော အနန္တ တန်ခိုးရှင်တစ်ဦးကို စိန်ခေါ်မိနေပြီ ဖြစ်ကြောင်း ကောင်းစွာသိလိုက်သည်။

ထိုလူက နတ်နဂါးမျိုးနွယ်စုပင် နှောင့်ယှက်ဝံ့သောသူ မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ဦးနှောက်ဘုရင်သည် သူ၏ အကြံအစည်ကို မရပ်တန့်နိုင်ခဲ့ပေ။

ယင်းက ဦးနှောက်ဘုရင် မျိုးနွယ်စုတစ်ခုလုံး၏ ကံကြမ္မာနှင့်လည်း သက်ဆိုင်နေသည်။

ဦးနှောက်ဘုရင်ဂြိုဟ်၏ ဂြိုဟ်အူတိုင်သည် ဦးနှောက်ဘုရင်ထုတ်လွှတ်သော ဦးနှောက်လှိုင်းများကို စုပ်ယူခြင်းဖြင့် အလုပ်လုပ်သည်။

ဦးနှောက်ဘုရင်ဂြိုဟ်၏ အကြီးအကဲများ အလွန်တရာစိုးရိမ်နေရသည့် အကြောင်းအရင်းတစ်ခု ဖြစ်သည်။

ယင်းမှာ ဂြိုဟ်၏သက်တမ်းက ကုန်ဆုံးရန် နီးကပ်လာသောကြောင့်ပင်။

၎င်းတို့ သေဆုံးပြီးနောက်တွင် ဦးနှောက်လှိုင်းများသည် ဂြိုဟ်၏ လည်ပတ်မှုကို မထောက်ပံ့ပေးနိုင်ခဲ့ပေ။

ထို့ကြောင့် ဦးနှောက်ဘုရင်သည် တစ်စုံတစ်ရာ စွန့်စားခဲ့ရသည်။

သူ့အတွက် ဂြိုဟ်သားဦးနှောက်ကို ဝါးမျိုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

သူက လွန်ခဲ့သောနှစ်အနည်းငယ်တွင် ကမ္ဘာမြေမှလာသည့် အားကောင်းသော ဦးနှောက်လှိုင်းများကို တွေ့ရှိခဲ့သည်။

ထို့ကြောင့် ကမ္ဘာဂြိုဟ်ပေါ်တွင် ဦးနှောက်ဘုရင် မျိုးနွယ်စုထက် သာလွန်သော ဉာဏ်ရည်ရှိသည့် ပညာရှိတစ်ဦးပေါ်ပေါက်နေသည်ကို သူကောင်းစွာသိခဲ့သည်။

သူက ဦးနှောက်ဘုရင်ဂြိုဟ်တွင် မှီတင်းနေထိုင်သူများကို ကယ်တင်ရန်အတွက် ဤပညာရှိကြီးကို ရှာဖွေရမည်ဖြစ်သည်။

သူ၏လှုပ်ရှားမှုက မုန်တိုင်းဗဟိုချက်ထဲ ရောက်ရှိသွားသလို အလွန်အန္တရာယ်များသည်ဟု ယူဆနိုင်ကြောင်း သူကောင်းစွာသိသည်။

သို့သော် သူ့တွင် ရွေးချယ်စရာမရှိခဲ့ပေ။

ထိုအကြောင်းကို စဉ်းစားရင်း ဦးနှောက်ဘုရင်က လေထဲကိုတစ်ချက်မော့ကြည့်လိုက်သည်။

“တောင်းပန်ပါတယ် ကမ္ဘာမြေရဲ့ပညာရှိကြီး.. ငါတို့လူမျိုးကိုကယ်တင်ဖို့အတွက် မင်းရဲ့အသက်ကို စတေးဖို့လိုအပ်တယ်.. ဘာပဲလုပ်ရလုပ်ရ ဒီဘုရင်က မင်းကို မတွေ့တွေ့အောင် ရှာဖွေရလိမ့်မယ်”

“အရှင်ဦးနှောက်ဘုရင်.. ဦးခေါင်းခွံအသစ် ရောက်လာပါပြီ”

ထိုအချိန်တွင် လျှို့ဝှက်သံတမန်က ပြန်ရောက်လာသည်။

“ကောင်းပြီ”

ဦးနှောက်ဘုရင်က မတ်တပ်ထရပ်လိုက်သည်။

“ငါကမ္ဘာမြေကိုသွားမယ်.. ရေဘဝဲက သေသွားခဲ့ပြီ.. ငါ့မှာအချိန် သိပ်မကျန်တော့ဘူး.. ငါကိုယ်တိုင် ဆောင်ရွက်မှရမယ်”

ဤအတောအတွင်း ယန္တရားရေဘဝဲက ရုတ်တရက် သေဆုံးသွားသဖြင့် ထောင်ထဲမှ မာကျောက်တပ်ဖွဲ့၏ မစ်ရှင်သည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

ကျွန်းသည် မူလက ဦးနှောက်ဘုရင်မျိုးနွယ်စု၏ ဒေတာကိုအသုံးပြု၍ ဖန်တီးထားသော သီးခြား နေရာလွတ်ကမ္ဘာ တစ်ခု ဖြစ်သည်။

ထိုနေရာကို ပုံမှန်နည်းလမ်းဖြင့် ချိုးဖျက်၍ မရသော်လည်း ကွန်ရက်ကို ဖြတ်တောက်လိုက်ပြီးနောက်တွင် အားနည်းချက်များသည် ချက်ချင်း ပေါ်ထွက်လာခဲ့သည်။

မိစ္ဆာဓားနတ်ဘုရားက သူ၏ဓားချက်ဖြင့် ကျွန်းပေါ်တွင်အပေါက်ကြီး သုံးပေါက်ကို ဖန်တီးခဲ့သည်။

ဤသို့ဖြင့် အကျဉ်းချခံထားရသော အဖွဲ့ခေါင်းဆောင်အားလုံးသည် နောက်ဆုံးတွင် လွတ်မြောက်လာခဲ့သည်။

ဤသမိုင်းဝင်ဇာတ်ကွက်က( Fast shut-Ins Unchained)ဟုခေါ်သော ရုပ်ရှင်အတွက် လုံးဝကွက်တိ ဖြစ်နိုင်သည်ဟု မိစ္ဆာဓားနတ်ဘုရား ခံစားမိသည်။

လွတ်လပ်ခြင်း၏ရနံ့က မည်မျှပင် အံ့ဩဖွယ်ကောင်းလိုက်သနည်း။

အကျဉ်းချခံခဲ့ရသောအ ဖွဲ့ခေါင်းဆောင်များသည် လွတ်မြောက်လာချိန်တွင် များပြားလှသော စိတ်ခံစားမှုများနှင့် လေးနက်သော နားလည်မှုများ လွှမ်းခြုံသွားခဲ့သည်။

သူတို့က ကျွန်းတွင် ကျန်းမာရေးနှင့်မညီညွတ်သော အစားအစာများကိုစားသုံးခဲ့ရသည်။

ထိုကဲ့သို့ အမှိုက်သရိုက်ဆန်သော အစားအစာများကိုပင် ဂိမ်းဆော့မှသာ စားရသည်ဟု ခံစားလာရသည်အထိ ထက်ထက်သန်သန် ဂိမ်းများကို ဆော့ခဲ့ကြသည်။

တစ်ချိန်က အဆုံးမဲ့ပျော်ရွှင်မှု၏ အရင်းအမြစ် ဖြစ်ခဲ့သည့်အရာသည် ဘေးထွက်ဆိုးကျိုး အဖြစ် ယခုအခါတွင် ၎င်းတို့အား စိတ်ဒဏ်ရာများဖြင့် ထားရစ်ခဲ့သည်။

သို့သော်လည်း ၎င်းတို့ နောက်ထပ် ရင်ဆိုင်ရမည့်အရာမှာ အပြစ်ဒဏ်ကို ရင်ဆိုင်ရန် ဖြစ်သည်။

ထောင်အုပ်လျန့်က စုန့်ဟိုင်ထောင်ကနေ ကျီးကန်းစီရင်စုသို့ ထောင်ကား ဒါဇင်ပေါင်းများစွာကို ပို့ဆောင်ပေးခဲ့သည်။

ယခုအခါတွင် ကျီးကန်းစီရင်စု၏ အင်တာနက်ကဖေးသည် ကျွန်း၏ ထွက်ပေါက်တစ်ခု ဖြစ်လာခဲ့သည်။

ထောင်စောင့်များက အဖွဲ့ခေါင်းဆောင်များကို လက်ထိပ်ခတ်ကာ အကျဉ်းကားဆီ ပို့ဆောင်ပေးခဲ့ကြသည်။

၎င်းတို့ထဲမှ တော်တော်များများသည် စိတ်ရှုပ်ထွေးသည့် အမူအရာများ ဖြစ်နေကြသည်။

အချို့ကမူ ပြုံးပင် ပြုံးနေကြသေးသည်။

ဤသည်ကိုကြည့်၍ ၎င်းတို့က ရူးသွပ်သောသူများ မဟုတ်သည်မှာ သေချာသည်။

သူတို့ရောက်လာပြီးနောက်တွင် အားလုံးသည် စိတ်သက်သာရာ ရခဲ့ကြသည်။

“ဟေ့.. ပို့ဆောင်ရေး ကောင်လေး.. သူတို့က နှစ်ဘယ်လောက်ကြာအောင် ထိန်းသိမ်းခံရမှာလဲ”

ကွာဖီက ထောင်စောင့်လူငယ်တစ်ဦးကို မေးလိုက်သည်။

ထောင်စောင့်လူငယ်လေးက ပြုံးရွှင်စွာ ပြန်ဖြေလိုက်သည်။

“သူတို့တွေက အင်တာနက်ပေါ်မှာ မမှန်မကန် ရေးသားပြောဆိုမှုတွေကြောင့် ထောင်ဒဏ် တစ်လကနေ ၁၂လအထိ ချမှတ်ခံရမှာဖြစ်တယ်.. ဆိုက်ဘာ လိမ်လည်မှု ကျူးလွန်သူတွေကတော့ ငွေကြေးပါဝင်တဲ့ အတွက် ပြစ်ဒဏ်ပိုကြီးတယ်.. အမှုကြီးလေးသလို ၁၀နှစ်ကနေ အနှစ်၂၀ ထိကျနိုင်တယ်.. ဒါပေမဲ့သေဒဏ်ထိတော့ အပြစ်ပေးခံရမှာမဟုတ်ဘူး”

ထိုလူငယ်လေးက အထူး အပြစ်ပေးအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် စစ်ပြန်တစ်ဦးဟု ယူဆနိုင်သည်။

သူက ကွာဖီ နှင့် အခြားသူများကို အစားအသောက်များ မကြာခဏ ပို့ဆောင်ပေးလေ့ရှိသောကြောင့် ကွာဖီတို့ သုံးယောက်နှင့် အတော်လေး ရင်းနှီးနေပြီ ဖြစ်သည်။

“အဲဒီလိုကိုး”

ကွာဖီတို့ သုံးယောက်က ခေါင်းညိမ့်လိုက်သည်။

“ဒါနဲ့ဆရာကြီးတို့ ကျွန်တော့်ကို ပို့ဆောင်ရေးကောင်လေးလို့ မခေါ်လို့မရဘူးလား.. ကျွန်တော့်မှာ နာမည်ရှိပါတယ်.. ကျွန်တော့်နာမည် ကော်ကျိုးရမ်ပါ”

ထောင်စောင့်လူငယ်လေးက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

ကော်ကျိုးရမ်…

တကယ်တမ်းတွင် ကွာဖီသည် ညီငယ်လေး၏ သူ့ကိုယ်သူ မိတ်ဆက်ပေးသည်ကို ကြားပြီးနောက်တွင် အကြောင်းတစ်စုံတစ်ရာကြောင့် ထိုနာမည်ကို အနည်းငယ်ရင်းနှီးနေသလို ခံစားလိုက်ရသည်။

ထောင်စောင့် လူငယ်လေး၏ အသွင်အပြင်ကြောင့် ယခင်ကတွေ့ဖူးသောလူနှင့် ဆွေမျိုးတစ်ဦး ဖြစ်နိုင်သည်ဟု ကွာဖီ ခံစားခဲ့ရသည်။

သို့သော် ထိုလူက မည်သူဖြစ်မှန်း ကွာဖီ မမှတ်မိတော့ပေ။

“မင်းတို့တွေ ဒီအမှုကို ကူညီပေးတဲ့ အတွက် ထောင်အုပ်လျန့်က အရမ်းပျော်နေတယ်.. ဒါကြောင့် မင်းတို့တွေ ဒီည အစားအစာတွေ အပြင် အပိုဆုကိုပါ ထပ်ရလိမ့်မယ်.. မင်းတို့လိုချင်တာရှိရင် ငါ့ကိုမှာလို့ရတယ်”

ကော်ကျိုးရမ်က ပြောလိုက်သည်။

“ငါတို့အရက်မှာလို့ရမလား”

ကွာဖီတို့သုံးယောက်က အကြည့်ချင်းဖလှယ်လိုက်သည်။

ထို့နောက်တွင် သူတို့အားလုံး၏ ဆန္ဒက အတူတူပင်ဖြစ်သောကြောင့် ကွာဖီက၎င်းတို့ကိုယ်စား မေးလိုက်သည်။

“ဘာအမှတ်တံဆိပ်အရက်လဲ”

ကော်ကျိုးရမ်က ပြန်မေးလိုက်သည်။

“ဘာအရက်မဆို အဆင်ပြေတယ်မဟုတ်လား”

“ပြေတယ်.. ဒီညအတွက်ကတော့ အဆင်ပြေတယ်”

“ဒါဆို ပညာသင်ဆုရကျောင်းသား အရက်မူးသောလ တစ်ပုလင်း”

း

“ဘာအရက်မူးသောလလဲ”

“ပညာသင်ဆုရ အရက်မူးသောလ”

“အိုး.. ကျွန်တော်နားလည်ပြီ”

ကော်ကျိုးရမ်က ခေါင်းငြိမ့်လိုက်သည်။

“ဒီလောက်ကတော့ ပြဿနာမရှိပါဘူး”

ပညာသင်ဆုရကျောင်းသား အရက်မူးသောလ အရက်သည် အင်မော်တယ်အရက် ဖြစ်ပြီး ရှေးကျသော အမှတ်တံဆိပ် တစ်ခု ဖြစ်သည်။

ထိုအရက်ကအလွန်ကျော်ကြားခဲ့၍ ထုံးစံအတိုင်းပင် အတိုက်အခိုက်များကို ခံခဲ့ရသည်။

ယခုအခါတွင် ပညာသင်ဆုရကျောင်းသားအရက်ဟူသောဘရန်းနှင့် ဆင်တူရိုးမှားနာမည်များဖြစ်သည့် အများဆုံးလ တရားလွန်အရက်မိုး အမှုအခင်းလ စသည့်အမည်များသည် ဈေးကွက်ထဲတွင် အများအပြားရှိနေပြီဖြစ်သည်။

ထို့ကြောင့် နာမည်ကို ရှင်းရှင်းလင်းလင်းသိရန်မှာ အလွန်အရေးကြီးသည်။

အပိုင်း(၉၄၇) ပြီး၏

All Chapters