အမုန်းတရား မျိုးစေ့
Vol. 64 Ch. 950
မီးလောင်မှုကြောင့် ဒဏ်ရာရသွားသော တိုက်ဂါးလျန့်သည် ဆေးရုံတွင် ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။
ဆယ်နှစ်အရွယ်ကလေးသည် လေးနှစ်အရွယ် ကလေး၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်မှာ အမှန်တကယ်ပင် ယုံရခက်သည်။
“ကျွန်တော့်ကို လုပ်တာက စူပါခွန်အားသိုင်းခန်းမက ချန်းချောင်ပဲ.. သူနဲ့ဟိုကလေးမ နှစ်ယောက်ပေါင်းပြီး ကျွန်တော့်ကိုအနိုင်ကျင့်ခဲ့ကြတယ်.. ဒါက တစ်ဦးချင်းတိုက်ပွဲလို့ ကျွန်တော် ပြောခဲ့ပေမဲ့ အဆုံးသတ်မှာတော့ ချန်းချောင်က စည်းမျဉ်းကို မလိုက်နာခဲ့ဘူး.. သူက ကျွန်တော့် အလစ်မှာ မီးဘောလုံးနဲ့တိုက်ခိုက်လိုက်တယ်.. ကျွန်တော့်စကားကိုယုံပါ.. ဒါ ကျွန်တော့်အပြစ်မဟုတ်ဘူး.. သူတို့ရဲ့ အပြစ်ပဲ”
သူ၏လက်ပါးစေအချို့ကလည်း ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်ကြသည်။
ဟုတ်တယ်.. အစ်ကိုတိုက်ဂါးလျန့် ပြောတာအမှန်ပဲ.. သူတို့တွေက ပူးပေါင်းပြီး အနိုင်ကျင့်ခဲ့ကြတယ်.. သူတို့တွေကအရမ်းကို အရှက်ကင်းမဲ့လွန်းတယ်”
ချန်းချောင်က သူ့အလွန်မဟုတ်ကြောင်း သက်သေပြရန် နည်းလမ်းမရှိခဲ့ပေ။
ပန်းခြံတစ်ဝိုက်ရှိ CCTV ကင်မရာများ ဖျက်ဆီးခံထားရ၍ သူပြောသမျှ အသုံးမဝင်မှန်း သူကောင်းစွာသိသည်။
တိုက်ဂါးလျန့်က လျှာရိုးမရှိတိုင်း လျှောက်ပြောပြီး အမှန်တရားကို လှည့်စားနေသည်။
ထို့အပြင် ဝမ်ရှောင်လင်းက စကားမပြောနိုင်သည့် ဆွံ့အသူဖြစ်သည်။
တိုက်ဂါးလျန့်က ချန်းချောင်ဘက်မှ အလွန်ဖြစ်အောင် ပြောလိုက်ပြီးနောက်တွင် သူမသည် ခေါင်းကို အဆက်မပြတ်ခါယမ်းလိုက်သော်လည်း ပါးစပ်ကမူ ဘာမှမပြောနိုင်ခဲ့ပေ။
ထိုမိန်းကလေး၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ဝမ်လင်းသည် သူမ၏ အကူအညီမဲ့မှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။
“မကြောက်ပါနဲ့”
ချန်းချောင်က ဝမ်ရှောင်လင်းကို သူစိမ်းတစ်ယောက်ထက် သူ၏ညီမငယ်လေး တစ်ယောက် ကဲ့သို့ သူ၏ ခန္ဓာကိုယ်နောက်ကျောဘက်တွင် ထား၍ အကာအကွယ်ပေးခဲ့သည်။
တိုက်ဂါးလျန့်၏ ဖခင်သည် သူ့သားလေး နာကျင်နေသည်ကိုမြင်လိုက်ရလျှင် မျက်နှာကတဖြည်းဖြည်း မည်းမှောင်လာပြီး ဒေါသတကြီး အော်ငေါက်လိုက်သည်။
“ပညာမဲ့တဲ့ခွေးကောင်.. မင်းအဖေက မင်းကို ဘာလောကဝတ်မှ သင်မထားပေးဘူး ဆိုတော့ ငါကသူ့ကိုယ်စား သင်ပေးရမှာပေါ့”
ထို့နောက်တွင် သူက ချန်းချောင်ကို လက်သီးဖြင့် ထိုးလိုက်သည်။
တိုက်ဂါးလျန့်၏ဖခင် ဖြစ်သည့် လျန့်ဟန်သည် အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။
သူ၏လက်သီးချက်က အလွန်ပင် မြန်ဆန်ပြီး ချန်းချောင်သည် လက်သီး၏အရိပ်ကိုသာ မြင်နိုင်ခဲ့သည်။
သို့ရာတွင် လျန့်ဟန်သည် ခန္ဓာကိုယ်နည်းစနစ်ကို အထူးပြုလေ့ကျင့်သူ မဟုတ်သောကြောင့် လက်သီးချက်ကအနည်းငယ် နှေးကွေးနေ၏။
ထိုလက်သီးချက်က သူ့အဖေထက် နှေးသည်ဟု ချန်းချောင်ခံစားခဲ့ရသည်။
သူအဖေသာဆိုလျှင် ထိုလက်သီးချက် ကျရောက်မည့်နေရာကို ခန့်မှန်းနိုင်ပြီး လုံးလုံးလျားလျား ရှောင်တိမ်းနိုင်မည်ဟု သူကောင်းစွာသိသည်။
ထိုခဏတွင်ချန်းချောင်သည် အံကြိတ်လိုက်ပြီး မျက်နှာပေါ်တွင် ပြတ်သားသော အမူအယာများ ဖြစ်ပေါ်လာသည်။
သူ၏ အသွင်အပြင်က လျန့်ဟန်၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။
ခန္ဓာကိုယ်နည်းစနစ်ကို တစ်နှစ်ကြာသာ ကျင့်ကြံရသေးသူ ကလေးတစ်ယောက်၏ မျက်နှာပေါ်တွင် ယောက်ျားပီသသည့်အမူအရာများ ရှိနေသည်။
ပွင့်လင်းစွာပြောရလျှင် လျန့်ဟန်သည်အနည်းငယ် မနာလိုဖြစ်မိသည်။
သူ၏အတွေ့အကြုံအရ သူ့သားတိုက်ဂါးလျန့်သည် ချန်းချောင်နှင့် မယှဉ်နိုင်မှန်း သူကောင်းစွာသိသည်။
ထိုအချိန်တွင် လျန့်ဟန်သည် ချန်းချောင်၏ ပြတ်သားသောအကြည့်နှင့် ရင်ဆိုင်လိုက်ရသောကြောင့် သူဘာမှမလုပ်နိုင်တော့ကြောင်း သဘောပေါက်လိုက်သည်။
ဤသို့်ဖြင့်ပင် သူ၏လက်သီးချက်က ချန်းချောင်၏ နံဘေးရှိ ဝမ်ရှောင်လင်းဘက်သို့ ရောက်သွားခဲ့သည်။
သူက ချန်းချောင်ကို သွားထိလျှင် ချန်းချောင်၏အဖေနှင့် ပြဿနာတက်မည်ကို စိုးရိမ်မိသည်။
သို့သော် ဤမိန်းကလေးကတော့ မတူပေ။
သူမ၏ အမေက အမှိုက်ကောက်သမား ဖြစ်ပြီး သူမ ကိုယ်တိုင်က ဆွံ့အနေသူ ဖြစ်သည်။
သူ၏အနိုင်ကျင့်ခြင်းကို ခံရလျှင်ပင် သူမ ဘာလုပ်နိုင်ပါမည်နည်း။
လျန့်ဟန်က ပစ်မှတ်ပြောင်းလဲလိုက်သည်ကို မြင်လျှင် ချန်းချောင်က ဝမ်ရှောင်လင်းအတွက် စိုးရိမ်သွားခဲ့သည်။
“မင်း..”
ချန်းချောင်က ထိုလက်သီးချက်ကို ပိတ်ဆို့ချင်သော်လည်း အလွန်ပင် နောက်ကျသွားပြီ ဖြစ်၏။
ထိုခဏမှာပင် ထိုလက်သီးချက်သည် ဝမ်ရှောင်လင်းကို မထိဘဲ ရုတ်တရက် လျင်မြန်စွာ ပေါ်ပေါက်လာသူ တစ်ဦးနှင့် ရင်ဆိုင်လိုက်ရသည်။
ထိုလူက ခန္ဓာကိုယ်တောင့်တင်းပြီး ခံ့ညားသော လူတစ်ဦး ဖြစ်၏။
“အဖေ”
ချန်းချောင်၏မျက်လုံးက နာကျည်းမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး ငိုလုနီးပါး ဖြစ်နေခဲ့သည်။
“သားလေး.. မင်းရဲ့ခန္ဓာကိုယ်ကို မတ်မတ်ထားစမ်း.. ဘာမှမကြောက်နဲ့ ငါဒီမှာရောက်နေပြီ”
ချန်းချောင် “……….”
ဝမ်လင်း “……….”
ဖေဖေချန်းက လျန့်ဟန်၏ လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။
“လျန့်ဟန်.. မင်းကလေးမလေးကို မရိုက်သင့်ဘူး.. သူကငယ်ငယ်လေးပဲ ရှိသေးတာ မင်းမမြင်ဘူးလား”
ထိုစကားကိုကြားလျှင် လျန့်ဟန်က ပုခုံးတွန့်ပြလိုက်သည်။
“ကလေးဖြစ်တော့ရော.. ဘာဖြစ်လဲ.. မင်းတို့ဘက်ကလည်း ငါ့သားကို အနိုင်ကျင့်ခဲ့တာပဲ မဟုတ်လား”
“ဒီကိစ္စရဲ့အမှန်တရားကို မင်းသိမယ်လို့ ငါထင်တယ်.. ကလေးအရွယ်မှာတော့ ဒီလိုမျိုး ငြင်းခုန်မှုတွေက ရှိနေမှာပဲ.. မင်းရဲ့ကလေးကို အလိုလိုက်နေမယ်ဆိုရင် တစ်နေ့ မင်းကိုဒုက္ခပေးလိမ့်မယ်.. လျန့်ဟန်.. မင်းသားရဲ့ဆေးဖိုးဝါးခကို ငါပေးမယ်.. မင်းရဲ့အပြုအမူကို ထိန်းသိမ်းမယ်လို့ ငါမျှော်လင့်တယ်.. မင်းနဲ့ ငါက ဆရာတစ်ယောက်တည်းရဲ့ လက်အောက်မှာ အတူသင်ကြားခဲ့ဖူးတဲ့ အတွက်ကြောင့် ငါ့သားနဲ့ ဒီဆင်းရဲတဲ့ မိန်းကလေးကို ဒုက္ခမပေးနဲ့လို့ ငါတောင်းဆိုချင်တယ်”
ထို့နောက်တွင် ဖေဖေချန်းသည် စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
ကလေးနှစ်ဦး၏ တိုက်ပွဲသည် သူတို့၏သိုင်းခန်းမနှင့် လျန့်မိသားစု၏ မှော်ခန်းမတို့ ကြားတွင် အဆုံးအဖြတ်တစ်ခုဖြစ်လာနိုင်မှန်း သူသိသည်။
လျန့်ဟန်သည် ကော်လိပ်ကတည်းကပင် သူနှင့်အနည်းငယ်ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။
ယခုအခါတွင်မူ ၎င်း၏ ဆယ်နှစ်အရွယ်သားလေးသည် လေးနှစ်အရွယ်သာ ရှိသေးသည့် ချန်းချောင်ကြောင့် ဒဏ်ရာရရှိခဲ့သည်။
ဆိုရလျှင် လျန့်ဟန်၏သားလေးဖြစ်သည့် တိုက်ဂါးလျန့်သည် မှော်ခန်းမ၏ ဂုဏ်သတင်းနှင့် ထပ်တူပင်ဖြစ်သည်။
“သားလေး သွားကြရအောင်”
ချန်းချောင်နှင့် ဝမ်ရှောင်လင်းတို့ကို လက်တစ်ဖက်ဆီတွင် ဆွဲရင်း ဖေဖေချန်းက ထွက်သွားရန် ပြင်လိုက်သည်။
ထိုခဏတွင် ဆေးရုံကုတင်ပေါ်ရှိ တိုက်ဂါးလျန့်က ရုတ်တရက် အော်ဟစ်လိုက်သည်။
“အဖေ သူတို့ကို သွားခွင့်မပြုသင့်ဘူး”
“ပါးစပ်ပိတ်ထားစမ်း”
လျန့်ဟန်က တိုက်ဂါးလျန့်ကို စိုက်ကြည့်၍ အော်ငေါက်လိုက်ရာ တိုက်ဂါးလျန့်က ချက်ချင်းပင် ထိတ်လန့်သွားပြီး ပါးစပ်ပိတ်သွားခဲ့သည်။
“အဖေ သူတို့က သားကို နှစ်ယောက်တစ်ယောက် ရန်ဖြစ်ခဲ့တာနော်”
“မင်းပါးစပ်ပိတ်ထားစမ်း”
လျန့်ဟန်က ဒေါသအိုးပေါက်ကွဲသွားသည်။
“ဘာကို နှစ်ယောက်တစ်ယောက်လဲ.. လေးနှစ်အရွယ် ကလေးတစ်ယောက်ကို မင်းလို ဆယ်နှစ်သားလေးက မကိုင်တွယ်နိုင်ဘူးလား.. အဲဒါက ဘယ်လောက်တောင် ရှက်ဖို့ကောင်းလဲ မင်းအခုထိ မသိသေးဘူးလား”
လျန့်ဟန်၏ အော်ငေါက်မှုကို ပတ်ဝန်းကျင်ရှိ လူများက မြင်တွေ့ခဲ့ရသည်။
ဆိုရလျှင် တိုက်ဂါးလျန့်၏ လုပ်ရပ်သည် လျန့်ဟန်၏မျက်နှာကို အိုမဲသုပ်သည်နှင့် အတူတူပင်ဖြစ်သည်။
သို့သော် တိုက်ဂါးလျန့်သည် ဤအရာများနှင့် ပတ်သက်၍ မသိခဲ့ပေ။
သူက အလိုလိုက်ခံရသော သားတစ်ယောက်မဖြစ် ကြီးပြင်းခဲ့ရသောကြောင့် ဤကဲ့သို့ ဖြစ်ရပ်မျိုးကို တစ်ခါမှမကြုံဖူးပေ။
“ဒါက ဟိုဆင်းရဲတဲ့ ကောင်မလေးကြောင့်ပဲ.. ငါမင်းတို့ကို သေချာမှတ်ထားမယ်.. မင်းတို့စောင့်နေကြ”
တိုက်ဂါးလျန့်က ချန်းချောင်တို့သားအဖ နှစ်ယောက်အပြင် ဝမ်ရှောင်လင်း ကြားအောင်ပါ အော်ဟစ်လိုက်သည်။
ထိုခဏတွင် ဖေဖေချန်းသည် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး တိုက်ဂါးလျန့်ကို စေ့စေ့ကြည့်လိုက်သည်။
“ဘာလို့လှည့်ကြည့်တာလဲ”
တိုက်ဂါးလျန့်က ကြက်သီးတဖြန်းဖြန်း ထလာသည်။
ဖေဖေချန်းက ရယ်မော၍ ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး.. မင်းအပေါ်မှာ ဂရုစိုက်မှုကို ပြသသင့်တယ်လို့ ရုတ်တရက်တွေးမိလို့ လှည့်ကြည့်လိုက်တာပါ”
တိုက်ဂါးလျန့် “ဂရုစိုက်မလို့လား.. အဲဒါဆိုရင်ချန်းချောင်ကိုကျွန်တော့်ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ခိုင်းလိုက်လေ.. သူကငယ်သေးတယ် ဆိုတော့ ဒူးထောက်ပြီး တောင်းပန်မယ်ဆိုရင် ခွင့်လွှတ်ပေးလိုက်မယ်”
“တူလေး မင်းနားလည်မှုလွဲနေတာလား”
ဖေဖေချန်းက ခေါင်းခါယမ်း၍ ပြောလိုက်သည်။
“ငါကမင်းကို ဆောင်းရာသီအားလပ်ရက်မှာ ပေးထားတဲ့ အိမ်စာတွေ ပြီးပြီလားလို့ မေးချင်တာပါ”
တိုက်ဂါးလျန့် “……….”
ဖေဖေချန်း “နောက်ဆုံးစာမေးပွဲမှာ မင်းရမှတ်ဘယ်လောက်ရခဲ့လဲ”
တိုက်ဂါးလျန့် “……….”
ဖေဖေချန်း “အတန်းထဲမှာ မင်းရဲ့ရမှတ်က ဘယ်လောက်လဲ.. တစ်နှစ်ပတ်လုံးမှာ မင်းရဲ့ ကောင်းကောင်းကန်းကန်းစာလုပ်တဲ့ရက်က ဘယ်နှရက်လဲ.. စွန်းဝူခုံးမှာမွန်းစတားချစ်သူ ဘယ်နှယောက်ရှိလဲလို့ မင်းဦးလေးတွေမေးဖူးလား”
တိုက်ဂါးလျန့် “……….”
ဖေဖေချန်း “မင်းက နောက်၂နှစ်နေရင် ဝင်ခွင့်စာမေးပွဲကို ဖြေရတော့မယ်.. ကျင့်ကြံခြင်းမှာ မင်းဘယ်လောက်ထိ တိုးတက်ခဲ့လဲ.. မင်းရဲ့ လက်ရှိရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ခြင်းအဆင့်က အခြေအနေ ဘယ်လိုလဲ.. မင်းအနေနဲ့ အဲဒီအချိန်ကျရင် ချီသိပ်သည်းခြင်းအဆင့်ကိုတောင် ရောက်နိုင်ပါ့မလား”
တိုက်ဂါးလျန့် “……….”
ဖေဖေချန်း၏မေးခွန်းများက ရိုးရှင်းပုံပေါက်သော်လည်း နှလုံးသွေးများပင် အန်ထွက်သွားစေမည် ဖြစ်သည်။
ဆေးရုံကုတင်ပေါ်မှ တိုက်ဂါးလျန့်သည် အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။
တိုက်ဂါးလျန့်က အံကြိတ်၍သာ နေနိုင်ခဲ့သည်။
“ကဲ.. ငါတို့တွေ အိမ်ပြန်ကြရအောင်”
ထို့နောက်တွင်ဖေဖေချန်းသည် ချန်းချောင်နှင့်ဝမ်ရှောင်လင်းတို့ကိုခေါ်ကာ ထိုနေရာမှထွက်လာခဲ့သည်။
လေးနှစ်သားကလေး နှစ်ယောက်သည် ဖေဖေချန်း၏ပါးစပ်အမြှောက်ကို လုံးဝ အံ့အားသင့်သွားခဲ့ကြသည်။
ထိုနှစ်တွင် အသက်လေးနှစ်အရွယ် ချန်းချောင်သည် အမှန်တရားတစ်ခုကို သင်ယူနိုင်ခဲ့သည်။
ဒဏ်ရာနက်နဲနေသည့် လူတစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းရန် လက်သီးကို အသုံးပြုရန် မလိုအပ်ကြောင်း သင်ခန်းစာရခဲ့သည်။
ထိုအချိန်သည် ငယ်ရွယ်သောချန်းချောင်၏ နှလုံးသားထဲတွင် ပါးစပ်အမြှောက်၏ မျိုးစိတ်များ ပေါက်ထွက်စ ပြုလာသောအချိန်ဖြစ်သည်။
အပိုင်း(၉၅၀) ပြီး၏