← Chapters

ပါရမီရှင်ကလေးရဲ့ တောက်ပမှုကို ပိတ်ထားပါ

Vol. 64 Ch. 954

ပါရမီရှင်ကလေးရဲ့ တောက်ပမှုကို ပိတ်ထားပါ

Vol. 64 Ch. 954

ဝမ်ရှောင်လင်းက ဖေဖေချန်း၏ ရှေ့တွင် စိတ်လှုပ်ရှားစွာ ရပ်နေခဲ့သည်။

ဤအရာက သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။

ဖေဖေချန်းက ချန်းချောင်၏ဓားကိုပင် လွင့်ထွက်သွားအောင် အသာအယာ လုပ်ဆောင်နိုင်သည်။

စင်စစ် သူမက သာမန်မိန်းကလေး တစ်ဦးသာ ဖြစ်၏။

သူမတွင် မည်သို့သော ခွန်အား ရှိနိုင်ပါအံ့နည်း။

ဖေဖေချန်းက သစ်သားဓားကို အလျားလိုက် ကိုင်ထားလိုက်သည်။

အဆုံးသတ်တွင် သူသည် အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ဝမ်ရှောင်လင်းက အရိုးအဆစ် ကောင်းသော်လည်း ကျင့်ကြံရန် အခွင့်အရေး မရရှိခဲ့သူ ဖြစ်သည်။

လက်ရှိတွင် သူမသည် ခန္ဓာကိုယ်သိပ်သည်းခြင်း အဆင့်တွင်ပင် မရှိပေ။

သူ၏ အော်ရာတစ်ခုတည်းကပင် ရှောင်လင်းအပေါ် ထိခိုက်နိုင်သောကြောင့် ဖေဖေချန်းက သတိမပြတ် ထားနေခဲ့သည်။

“စတော့ ရှောင်လင်း”

ဖေဖေချန်းက ရှောင်လင်းကို ပြောလိုက်သည်။

ရှောင်လင်းက ချန်းချောင်၏ ဟန်ပန်ကို အတုခိုးလိုက်ပြီး ဓားကို ခပ်မြင့်မြင့်မြှောက်ကာ ဖေဖေချန်း၏ သစ်သားဓားကို ခုတ်ချလိုက်သည်။

ထို့နောက်တွင်…

ဖေဖေချန်း၏ လက်ထဲ၌ ဓားမရှိတော့ပေ။

ဖေဖေချန်းနှင့် ချန်းချောင်တို့၏ အံ့ဩနေသောအကြည့်အောက်မှာပင် လေ့ကျင့်ရေးဓားနှင့် သစ်သားဓားတို့သည် ထိပ်တိုက် ဆုံတွေ့မိသွားပြီး ပေါက်ကွဲသံတစ်ခု ထွက်လာခဲ့သည်။

ဆိုရလျှင် ဝမ်ရှောင်လင်း၏ ခုတ်ချက်ကြောင့် ဖေဖေချန်း၏ သစ်သားဓားသည် နှစ်ခြမ်းကွဲသွားခဲ့ခြင်းပင်။

“.........”

ဖေဖေချန်းက လက်ထဲမှ ဓားကျိုးကို ငေးစိုက်ကြည့်ရင်း အေးစက်သောလေထုကို ရှူရှိုက်လိုက်ရသည်။

ချန်းချောင် “အဖေ ဒါက..”

ချန်းချောင်တို့ သားအဖက ဤမမျှော်လင့်ထားသော အခြေအနေကြောင့် အသက်ရှူကျပ်သွားသလို ခံစားခဲ့ရသည်။

ဝမ်ရှောင်လင်း၏ ခန္ဓာကိုယ်ထဲမှ ဝမ်လင်းကလည်း အတွေးထဲတွင် နစ်မျောနေခဲ့သည်။

ဖြစ်နိုင်ချေတစ်ခုကို သူတွေးမိခဲ့သည်။

လက်ရှိတွင် သူက ဝမ်ရှောင်လင်း၏ ခန္ဓာကိုယ်ကို စိုးမိုးထားသည်။

ထို့ကြောင့် ဝမ်ရှောင်လင်းက ကျင့်ကြံသူ မဟုတ်သေးလျှင်ပင် ဝမ်လင်း၏ အော်ရာနှင့် ခွန်အားများက ခန္ဓာကိုယ်ထဲကို စိမ့်ဝင်နေမည် ဖြစ်သည်။

ယင်းက အနည်းငယ်မျှသာ ဖြစ်သော်လည်း ချန်းချောင်၏ အဖေလို အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ခံနိုင်ရည်ရှိသော ခွန်အားမျိုး မဟုတ်ပေ။

ဝမ်ရှောင်လင်းတွင် ကျင့်ကြံခြင်းအဆင့် မရှိသော်လည်း တကယ်တမ်းတွင် ဤဓားခုတ်ချက်၌ ဝမ်လင်း၏ အော်ရာများ ရောထွေးသွားခဲ့သည်။

ထိုအချိန်တွင် ဖေဖေချန်းသည် ဝမ်ရှောင်လင်း၏ အဆစ်အမြစ်ကို အလွန်ပင် ကောင်းမွန်သည်ဟု တဖွဖွ ချီးမွမ်းနေခဲ့သည်။

ဤသည်က ဝမ်လင်းကို ပဟေဠိဖြစ်ကာ အံ့ဩသွားစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဝမ်ရှောင်လင်းသည် သာမန်မိန်းကလေးမျှသာ ဖြစ်ပြီး အရိုးအဆစ်အမြစ် သာမန်သာ ဖြစ်သောကြောင့်ပင်။

သို့သော် ထိုအခိုက်အတန့်တွင် ဝမ်လင်းသည် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။

ဖေဖေချန်းက ဝမ်ရှောင်လင်းတွင် လွှမ်းမိုးနေသည့် ဝမ်လင်း၏ အော်ရာကို လွဲမှားစွာ အဓိပ္ပါယ်ကောက်မိခြင်း ဖြစ်၏။

ထို့ကြောင့် ဝမ်ရှောင်လင်းကို အလွန်ထူးချွန်သော မိန်းကလေးတစ်ဦးဟု လွဲမှားစွာ ထင်နေခဲ့သည်။

ထို့ကြောင့် ဖေဖေချန်းသည် ဝမ်ရှောင်လင်းကို ချန်းမိသားစုထဲသို့ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

ဤသည်က ချန်းချောင်၏ အနာဂတ်ကို မည်သို့ သက်ရောက်စေနိုင်မှန်း ဝမ်လင်းမသိပေ။

ဝမ်လင်းက စိတ်ထဲကနေ တွေးပူမိသွားသည်။

သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့ပေ။

ယခုအချိန်တွင် ချန်းချောင်၏ မှတ်ဉာဏ်များအား ဆက်လက်ကြည့်ရှုရုံသာ ရှိတော့သည်။

အကယ်၍ ဆိုးဆိုးရွားရွား ဖြစ်ခဲ့လျှင် အချိန်ကောင်းကင်တာအိုကို ခေါက်ဆွဲခြောက်ကြော်ထုပ် နှင့် ဂျင်းထည့်ပြီး ယမန်နေ့က အိမ်စာလုပ်ခါနီး အချိန်ဆီ ပြန်သွားလိုက်ရုံသာ ဖြစ်သည်။

သို့သော် ထိုသို့လုပ်ဆောင်ခြင်းသည် သူ့အတွက် ပျင်းစရာကောင်းသည့် နွေရာသီအားလပ်ရက်ကို နောက်ထပ် တစ်ရက် ထပ်တိုးစေလိမ့်မည် မဟုတ်ပါလား။

လူဆိုသည်မှာ လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါတစ်မျိုးဖြစ်သည်။

မူလက ကျောင်းပိတ်ရက်များကို တောင့်တခဲ့သော်လည်း ကျောင်းတကယ် ပိတ်လိုက်သောအခါ အားလပ်ရက်တွင် ပျင်းရိလာပြီး ကျောင်းဘယ်တော့ပြန်ဖွင့်မလဲကိုသာ တွေးတောနေတတ်သည်။

“..........”

ဆက်လက် စောင့်ကြည့်သည့်က ပိုကောင်းသည်ဟု ဝမ်လင်းတွေးမိခဲ့သည်။

ဤသို့ဖြင့်ပင် ချန်းချောင်နှင့် ဝမ်ရှောင်လင်းတို့၏ ဓားလေ့ကျင့်မှု ပထမဆုံးနေ့သည် မတော်တဆမှုလေး တစ်ခုကြောင့် စီစဉ်ထားသည့်အတိုင်း ဖြစ်မလာဘဲ ပြီးဆုံးသွားခဲ့သည်။

အကြောင်းအရင်းမှာ သစ်သားဓားက နှစ်ခြမ်းကွဲသွားသောကြောင့် ဖြစ်၏။

ဝမ်လင်းက အခြားသူတစ်ဦး၏ ခန္ဓာကိုယ်ကို စိုးမိုးရန် ပြောင်းရွှေ့သင့်မသင့် အမှန်တကယ် စဉ်းစားခဲ့သေးသော်လည်း သူ၏ အော်ရာစိမ့်ဝင်မှုသည် ရှောင်လွှဲ၍မရသော အချက်တစ်ခု ဖြစ်နေသည်။

သူက အခြားသူ၏ ခန္ဓာကိုယ်ကို စိုးမိုးထားလျှင်လည်း ၎င်းတို့သည်‌ ရှောင်လင်းကဲ့သို့ အော်ရာစိမ့်ဝင်မှုကို ခံစားရမည်ဖြစ်သည်။

ယခုဆိုလျှင် ဝမ်ရှောင်လင်း၏ ခန္ဓာကိုယ်ထဲ၌ ဝမ်လင်း ရှိနေခဲ့ခြင်းကြောင့် ချန်းချောင်၏ မှတ်ဉာဏ်တွင် အပြောင်းအလဲများ ရှိနေပြီ ဖြစ်၏။

ဤကဲ့သို့အချိန်တွင် အခြားသူကို ထပ်ပြောင်းလိုက်လျှင် အခြေအနေက ပိုမို ဆိုးရွားသွားနိုင်ပေသည်။

တစ်နေကုန် ပင်ပန်းနေသဖြင့် ရှောင်လင်းသည် ထိုညတွင်အိပ်ပျော်သွားခဲ့သည်။

ရှောင်လင်း၏ ခန္ဓာကိုယ်အတွင်းမှ ဝမ်လင်းသည် သူ၏ဝိညာဉ်ရေးအာရုံများဖြင့် ချန်းချောင်၏ မှတ်ဉာဏ်ကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။

သူက အနည်းငယ် စိတ်မရှည်တော့၍ ဇာတ်ကြောင်းကို အရှိန်နှစ်ဆတင်၍ တိုက်ရိုက် ကြည့်လိုက်သည်။

သိုင်းခန်းမ၏ ပင်မခန်းမဆောင်က မီးများဖြင့် ထိန်ထိန်လင်းနေခဲ့သည်။

ဖေဖေချန်းက ချန်းချောင်နှင့်‌ ရှောင်လင်းတို့ အတွက် လေ့ကျင့်ရေးအစီအစဉ်များကို အလေးအနက်ထား၍ ညွှန်ပြနေခဲ့သည်။

ရှောင်လင်းက အရိုးအဆစ် အလွန်ကောင်းသည်ဟု ဖေဖေချန်း ယခင်က တွေးခဲ့ဖူးသည်။

ပရော်ဖက်ရှင်နယ် သိုင်းဆရာတစ်ယောက် အနေဖြင့် သူ၏ အရေးကြီးဆုံးတာဝန်မှာ ချန်းချောင်နှင့် ရှောင်လင်းတို့ကို မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် ခြေချနိုင်ရန် အစွမ်းကုန် ညွှန်ကြားပေးခြင်း ဖြစ်သည်။

ဖေဖေချန်းက ရှောင်လင်းကို လမ်းပြရန် သူတတ်နိုင်သမျှ လုပ်ဆောင်ခဲ့သည်။

ဖေဖေချန်း “ချန်းချောင်.. မင်းရဲ့ လေ့ကျင့်ရေး လက်ပတ်ကွင်းတွေကို ချွတ်ပြီး မနက်ဖြန်ကျရင် ရှောင်လင်းကို ဝတ်ခိုင်းလိုက်”

ထိုစကားကြောင့် ချန်းချောင် အံ့ဩသွားခဲ့သည်။

“..........”

“မလေ့ကျင့်ခင်တုန်းကဆိုရင် ရှောင်လင်းက မင်းရဲ့လေ့ကျင့်ဖော်အဖြစ်ကို အဆင့်မမှီလောက်ဘူးလို့ ငါတွေးမိသေးတယ်.. ဒါပေမဲ့ ဒီနေ့ကြည့်လိုက်တော့ မင်းနဲ့ ရှောင်လင်းက အရမ်းကိုကွာဟနေတယ်.. ဒါပေမဲ့ ဘာမှ စိတ်ဓာတ်မကျရဘူး.. နားလည်လား.. မင်း ဒီထက်ပိုပြီးတော့ ကြိုးစားရမယ် ငါ့သား”

ဖေဖေချန်းက ချန်းချောင်၏ပုခုံးကို ပုတ်၍ လေးနက်စွာ ပြောလိုက်သည်။

“နားလည်ပါတယ်အဖေ”

ချန်းချောင်က လေးလေးနက်နက် ပြန်ဖြေလိုက်သည်။

ရှောင်လင်းအကြောင်းကို တွေးရင်း သူ မရယ်ဘဲ မနေနိုင်တော့ပေ။

ရှောင်လင်းက ဤမျှလောက်အထိ ထူးချွန်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။

“ရှောင်လင်းက ချို့တဲ့မိသားစုက လာတာကြောင့် အနည်းငယ်သိမ်ငယ်နေတတ်တယ်.. သူက တိုက်ဂါးလျန့်ရဲ့ အနိုင်ကျင့်တာကို ခံရတဲ့အခါတိုင်းမှာ ပြန်လည် တိုက်ခိုက်ဝံ့တာမျိုး မရှိခဲ့ဘူး”

ချန်းချောင်က ပြောလိုက်သည်။

“အကယ်၍ ရှောင်လင်းသာ ပြန်လည် ခုခံလိုက်မယ်ဆိုရင် တိုက်ဂါးလျန့်က ဆေးရုံကနေတောင် ဆင်းရမှာမဟုတ်ဘူး”

ဖေဖေချန်းက ချန်းချောင်ကို လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ဟုတ်ပါသည်၊ ရှောင်လင်းသာ သူမ၏ ခွန်အားဖြင့် တိုက်ဂါးလျန့်ကို လက်တုံ့ပြန်ခဲ့လျှင် ထိုကောင်လေး၏ အုတ်ဂူပေါ်မှ မြက်ပင်သည် ယခုအခါတွင် မီတာဆယ်ဂဏန်း အထိ ရှည်လျားနေလောက်ပြီ ဖြစ်သည်။

ယခင်က ဖေဖေချန်းသည် ချန်းချောင်နှင့် ရှောင်လင်းတို့ကို အခြားတပည့်များနှင့်အတူ လေ့ကျင့်ပေးရန် စီစဉ်ခဲ့သော်လည်း ယခုအခါတွင် အခြေအနေအရ အန္တရာယ်ရှိသည်ဟု ထင်မြင်လာခဲ့သည်။

ယခုအချိန်မှစ၍ သူသည် ချန်းချောင်နှင့် ရှောင်လင်းတို့၏ လေ့ကျင့်မှုကို လျှို့ဝှက်စွာ လုပ်ဆောင်ပေးရတော့မည် ဖြစ်သည်။

အကယ်၍ အခြားသူများသာ ရှောင်လင်း၏ ပါရမီကို သိသွားလျှင် အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်သွားပေလိမ့်မည်။

ဤအချက်ကို ဖေဖေချန်းက ကောင်းစွာနားလည်သည်။

သိုသိုသိပ်သိပ် နေထိုင်ခြင်းသည် ယခုအချိန်တွင် ရှောင်လင်းအတွက် အကောင်းဆုံး အကာအကွယ် ဖြစ်သည် မဟုတ်ပါလော။

“ချန်းချောင်”

ဖေဖေချန်းက ချန်းချောင်ကို ရုတ်တရက်ကြည့်လိုက်ပြီး နာမည် အော်ခေါ်လိုက်သည်။

သူ့အဖေက နာမည်အပြည့်အစုံကို ခေါ်လိုက်သည့်အတွက် ပြောလာမည့်စကားက အလွန် လေးနက်မည်ကို ချန်းချောင်ကောင်းစွာ သိလိုက်သည်။

“ရှောင်လင်းရဲ့ ကိစ္စကို မင်းလျှို့ဝှက်ထားရမယ်.. မင်းတို့နှစ်ယောက်ရဲ့ လေ့ကျင့်မှုကို အပြင်ကို လုံးဝပေးသိလို့ မဖြစ်ဘူး.. ငါပြောတာ နားလည်တယ် မဟုတ်လား”

ဖေဖေချန်းက ချန်းချောင်ကို လေးလေးနက်နက် ညွှန်ကြားလိုက်ရာ ချန်းချောင်က ခေါင်းကိုအကြိမ်ကြိမ် ညိမ့်လိုက်သည်။

နောက်တစ်နေ့ မနက်စောစောတွင် သိုင်းခန်းမ၌ အသံဗလံများ ဆူညံနေသည်။

ဖေဖေချန်းသည် အဝေးကနေ အသံများကို ကြားနေရသည်။

ချန်းချောင်က သိုင်းခန်းမရှိ တပည့်အချို့နှင့် စကားပြောနေခြင်းဖြစ်၏။

ဤလူအားလုံးက ချန်းချောင်နှင့် နီးစပ်ပြီး သိုင်းခန်းမ၏ ဖောက်သည်ဟောင်းများ အဖြစ် သတ်မှတ်နိုင်သည်။

ဆယ်နှစ်အထက် ကလေးများသည် ချန်းချောင်အား ပေးရန်အတွက် သရေစာများနှင့် အရုပ်များကို ယူဆောင်လာလေ့ ရှိသည်။

အခြေခံအားဖြင့် ၎င်းတို့သည် ချန်းချောင်၏ သူငယ်ချင်းကောင်းများ ဖြစ်သည်။

ချန်းချောင်က ရှောင်လင်းနှင့် ပတ်သက်၍ အလွန်ချဲ့ကားစွာ ပြောဆိုနေသည်ကို ကြားလိုက်ရလျှင် ဖေဖေချန်းသည် တုန်လှုပ်သွားခဲ့သည်။

ချန်းချောင် “ဝမ်ရှောင်လင်း ဘယ်လောက်စွမ်းအားကြီးလဲ မင်းတို့သိလား.. သူမက ရွှေရောင်ခေါင်းဆောင်းနဲ့ အနီရောင်ပိုးထည်ကို ဝတ်ဆင်ထားတယ်.. သူမက အာဇာနည်မြင်း တစ်ကောင်ပေါ်မှာ ထိုင်နေပြီး စွမ်းအားကြီးတဲ့ ဓားတစ်လက်ကို ကိုင်ဆောင်ထားတယ်.. အဲဒီနောက်မှာ ဝမ်ရှောင်လင်းက သူမရဲ့ လက်နှစ်ဖက်နဲ့ ဓားကိုမြှောက်လိုက်ပြီး ခွန်အားအပြည့်နဲ့ အဖေရဲ့ သစ်သားဓားကို ခုတ်ချလိုက်တယ်”

ဖေဖေချန်း “..........”

အပိုင်း(၉၅၄) ပြီး၏

All Chapters