ဖေဖေဝမ်၏ စိတ်ဖြေလျော့နည်း
Vol. 64 Ch. 955
တစ်ချိန်က ဖေဖေချန်းသည် ဘာသာစကားပြောဆိုမှု အတတ်ကို လေ့လာလိုက်စားမည့် ချန်းချောင်၏ စိတ်ကူးကို ဟန့်တားရန် ကြိုးစားခဲ့သည်။
သို့ရာတွင် အသုံးမဝင်ခဲ့ပေ။
ချန်းချောင်သည် အသက်လေးနှစ် အရွယ်မှာပင် စကားပြောဆိုမှုအတတ်တွင် ကျွမ်းကျင်နေခဲ့သည်။
အထူးသဖြင့် ကလေးအရွယ်များသည် သူတို့ အထူးစိတ်ဝင်စားသည့် အရာများနှင့် ပတ်သက်လျှင် အလွန်လျင်မြန်စွာပင် သင်ယူတတ်မြောက်ကြလေ့ ရှိသည်။
တကယ်တမ်းတွင် ဖေဖေချန်းသည် ယမန်နေ့ညက အပြင်လူနှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သေချာ ရှင်းမပြမိလိုက်ပေ။
ထို့ကြောင့် ဖေဖေချန်းက အမှားလုပ်မိသလို ခံစားလိုက်ရသည်။
သိုင်းခန်းမ၏ တပည့်များသည် ချန်းချောင်နှင့် အလွန်ရင်းနှီးကြသည်။
ထို့ကြောင့် ချန်းချောင်က ၎င်းတို့ကို အပြင်လူများအဖြစ် မဆက်ဆံခဲ့ပေ။
ယခုအခါတွင်မူ ချန်းချောင်၏ နှုတ်ဖွာမှုကြောင့် ရှောင်လင်းက ပါရမီရှင်တစ်ဦး ဖြစ်သည်ဟူသော လျှို့ဝှက်ချက်ကို သိုင်းခန်းမတွင် မဖုံးကွယ်နိုင်တော့ပေ။
ဖေဖေချန်းက သူ့နဖူးကို သူ့လက်ဝါးဖြင့် ရိုက်ရုံသာ တတ်နိုင်တော့သည်။
ထို့ကြောင့် မနက်ပိုင်း သင်ခန်းစာ ပြီးဆုံးချိန်တွင် ဖေဖေချန်းသည် ထိုအကြောင်းကို သိရှိထားသော တပည့်များအား လျှို့ဝှက်ထားပေးရန် အလေးအနက် တောင်းဆိုခဲ့သည်။
သို့သော် အမှန်တကယ် လျှို့ဝှက်ထားနိုင်မလား ဆိုသည်ကို သူမသိပေ။
ဤတပည့်များက သိုင်းခန်းမ၏ ဖောက်သည်ဟောင်းများ ဖြစ်သော်လည်း မျှခြေမှော်ခန်းမတွင်လည်း အတန်းတက်နေကြသည်။
ထို့ကြောင့် ဤတပည့်များက နှုတ်လုံလိမ့်မည်ဟု ဖေဖေချန်းတပ်အပ် မပြောနိုင်ခြင်း ဖြစ်၏။
၎င်းတို့က တစ်နေ့နေ့တွင် နှုတ်ကနေ ထုတ်ဖော်ပြောဆိုလိမ့်မည်ကို မည်သူသိနိုင်ပါမည်နည်း။
လျန့်ဟန်သာ ဤကိစ္စကို သိသွားလျှင် ပြဿနာ ကြီးကြီးမားမား ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ဖေဖေချန်းက အတန်းများကို သင်ကြားရင်း ထိုအကြောင်းကိုတွေးမိသောအခါ အနည်းငယ် စိတ်ပျက်နေခဲ့သည်။
အကြောင်းအရင်းကို သေချာမသိသော တပည့်အချို့မှာ ဖေဖေချန်း ဖတ်လေ့ရှိသော ဝတ္တုကြောင့်ဟု ထင်နေမိသည်။
“ငါတို့ဆရာရဲ့ အမူအရာကို ကြည့်ရတာ သူဖတ်လေ့ရှိတဲ့ နို့ထိန်းမိခင်ဆီသွားကြစို့ ဆိုတဲ့ စာရေးဆရာက အက်ပ်ဒိတ်ပေးတာကို ရပ်လိုက်လို့ထင်တယ်.. စာရေးဆရာကိုလည်း အပြစ်တင်လို့ မရဘူးလေ.. သူ့ရဲ့အတွေးတွေက ခမ်းခြောက်နေလို့ဖြစ်မှာပေါ့”
ဖေဖေချန်းက ဝမ်ရှောင်လင်းနှင့် ပတ်သက်၍ ရင်ထဲတွင် တင်းကျပ်သလို ခံစားလိုက်ရသည်။
ဤအခြေအနေတွင် လူတိုင်း ကြားဖူးနားဝရှိသည့် စကားတစ်ခုကို အမှတ်ရမိသည်။
ထိုစကားမှာ 'မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ် မင်းဘယ်သူ့ကိုမှ ပြန်မပြောရဘူး' ဟူသော စကားဖြစ်သည်။
လူသားများ၏ စိတ်ကိုက မလုပ်ပါနဲ့ဆိုလျှင် ပိုမို၍ လုပ်ဆောင်တတ်သည်။
ထိုအတွက်ကြောင့် ဝမ်ရှောင်လင်း၏ လျှို့ဝှက်ချက်က သိပ်မကြာခင် ပေါက်ကြားသွားတော့မည်ဟု သူခံစားမိသည်။
ဝမ်လင်းက ဝမ်ရှောင်လင်း၏ ခန္ဓာကိုယ်အတွင်း ရှိနေသော်လည်း သူ၏ဘုရင်မျက်လုံးမှ တဆင့် ရှုထောင့်အားလုံးကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ခဲ့သည်။
ထိုညတွင် စိတ်ဓာတ်ကျနေသော ဖေဖေချန်းသည် စိတ်ပြေပျောက်ရန်အတွက် ဝတ္တုတစ်ပုဒ်ကို သွားဖတ်ခဲ့သည်။
လူတစ်ဦးချင်းစီတွင် ဖိအားများနှင့် ရင်ဆိုင်ရသည့်အခါ၌ စိတ်ဖြေသိမ့်ရန် နည်းလမ်းများ ရှိကြသည်။
ဖေဖေချန်း၏ နည်းလမ်းကမူ အလွန်ရိုးရှင်းပြီး ဝတ္တုတစ်ပုဒ်ကို စိတ်ဝင်တစား ဖတ်ရှုရန် ဖြစ်သည်။
ဤသို့ဖြင့် ဝမ်လင်းက ဖေဖေချန်း၏ လျှို့ဝှက်ချက်တစ်ခုကို သိရှိသွားခဲ့သည်။
ဆိုရလျှင် ဖေဖေချန်းသည် ဖေဖေဝမ်၏ အမာခံပရိသတ်တစ်ဦး ဖြစ်သည်။
ထိုညနေတွင် ဖေဖေချန်း ဖတ်နေသည့်စာအုပ်မှာ လွန်ခဲ့သည့် ၁၂နှစ်လောက်က ဖေဖေဝမ် ရေးသားခဲ့သည့် နို့ထိန်းမိခင်ဆီသွားကြစို့ ဟူသောဝတ္တု ဖြစ်သည်။
သို့သော် ထိုအချိန်က ဖေဖေဝမ်၏ ဝတ္တုသည် နာမည်ကြီးဝတ္တုတစ်ပုဒ် မဟုတ်သေးပေ။
ပရိသတ် အရေအတွက်ကလည်း အနာဂတ် ၁၂ နှစ်တွင် ရှိသည့် အရေအတွက်နှင့် လုံးဝနှိုင်းယှဉ်၍ မရပေ။
ဤဝတ္တုသည် နောက်ထပ် ၁၂နှစ် အကြာတွင် သူ၏ အဆင့်အတန်းကို ဂုရုအဆင့်အတန်း အဖြစ် မြှင့်တင်ပေးခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်ပင် သူ၏ အမာခံပရိသတ် ဖြစ်လာလိမ့်မည်ဟု မည်သူမှ စိတ်ကူးပင် ယဉ်မိမည် မဟုတ်ပေ။
ဝမ်လင်းက ဖခင်နှစ်ဦး၏ အခြေအနေက တူညီနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဖေဖေချန်းက ဝမ်ရှောင်လင်း၏ လျှို့ဝှက်ချက် ပေါက်ကြားမည်ကို စိုးရိမ်နေသောကြောင့် စိတ်ဖြေသည့်အနေဖြင့် ဝတ္တုစာအုပ်ကို ဖတ်နေခြင်း ဖြစ်သည်။
ထို့အတူပင် ဖေဖေဝမ် ဝတ္တုရေးနေရသည့် အကြောင်းအရင်းမှာ တကယ်တမ်း၌ ဝမ်လင်းကို စိုးရိမ်ခြင်းကြောင့် ဖြစ်၏။
ဝမ်လင်း သုံးနှစ်သားအရွယ်မှာပင် မေမေဝမ်သည် စာရေးသားခြင်းကို တရားဝင် ရပ်ဆိုင်းခဲ့သည်။
သူ၏ကိုယ်ပိုင်အစွမ်းသတ္တိကို ဝမ်မင်က တာအိုစည်းတံဆိပ်ဖြင့် မထိန်းချုပ်သေးခင် ဝမ်လင်းသည် မိသားစုပိုင် ပရိဘောဂများကို မကြာခဏ ချိုးဖျက်မိခဲ့သည်။
ထို့ကြောင့် မေမေဝမ်၏ စာရေးဆရာဝင်ငွေနှင့် ဖေဖေဝမ်၏ အလုပ်ဝင်ငွေသည် မိသားစုကို ထောက်ပံ့ရန် လုံးဝမလုံလောက်တော့ပေ။
ထို့ကြောင့် ဖေဖေဝမ်သည် မိသားစုဝင်ငွေကို ပို၍ရှာရန်အတွက် ဝတ္တုရေးရန် စိတ်ကူးများ တိတ်တဆိတ် ပေါ်ပေါက်လာခဲ့သည်။
သူ၏ပွဲဦးထွက်ဝတ္တုဖြစ်သည့် နို့ထိန်းမိခင်ဆီသွားကြစို့ ဝတ္တုသည် အရောင်းရဆုံး ထိပ်တန်းစာရင်းဝင် ဖြစ်လာလိမ့်မည်ဟု မည်သူက သိနိုင်မည်နည်း။
ထို့နောက်တွင် ဖေဖေဝမ်က သူဝတ္တုရေးသားနေကြောင်း မေမေဝမ်ကို အမှန်အတိုင်း ပြောပြပြီး မိသားစုကို ထောက်ပံ့ရန်အတွက် အချိန်ပြည့်ဝတ္တု ရေးရန် အလုပ်မှ ထွက်လိုက်တော့သည်။
မေမေဝမ်ကလည်း သိပ်မကြာခင်မှာပင် စာရေးသားခြင်းကို ရပ်တန့်လိုက်ပြီး ဝမ်လင်းကို ပြုစုစောင့်ရှောက်ရန်နှင့် လမ်းပြရန်အတွက်သာ ဦးတည် ကြိုးပမ်းခဲ့သည်။
ဆိုရလျှင် သူတို့ ဇနီးမောင်နှံသည် ဝမ်လင်းနှင့် ပတ်သက်၍ ကြီးမားသော ဝေဒနာကို ခံစားခဲ့ရသည်။
ထိုနေ့ ညနေခင်းတွင် ဝမ်ရှောင်လင်းသည် ဂိမ်းကစားနေသည့် ချန်းချောင်၏ ဘေးတွင် ရှိနေခဲ့သည်။
ဂိမ်းဆော့ရင်း တစ်ဝက်တစ်ပျက် အချိန်တွင် ချန်းချောင်၏ လက်ပတ်နာရီကနေ အချက်ပေးသံ တစ်ခု ရုတ်တရက် မြည်လာခဲ့သည်။
ထိုအသံကို ကြားသည်နှင့် ချန်းချောင်က ဂိမ်းမဆော့တော့ဘဲ အံဆွဲထဲမှ (Ebook reader)တစ်ခုကို ထုတ်လိုက်သည်။
[Ebook reader= အီလက်ထရွန်းနစ် စာအုပ်ဖတ်စက်]
ထိုမြင်ကွင်းကိုမြင်လျှင် ဝမ်ရှောင်လင်းက အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။
ချန်းချောင်က ဝမ်ရှောင်လင်းကို ပြုံးပြလိုက်သည်။
“ဘာသာစကားအတတ်ကို လေ့လာဖို့ အချိန်ရောက်ပြီလေ”
ထိုစကားကိုကြားလျှင် ဝမ်ရှောင်လင်း၏ ကိုယ်ထဲတွင်ရှိသည့် ဝမ်လင်းက အံ့အားသင့်သွားခဲ့သည်။
ချန်းချောင်က စကားပြောဆိုမှုအတတ်ကို ဝတ္တုများကနေ အမှန်တကယ် သင်ယူနေခဲ့ခြင်း ဖြစ်သည်။
ထိုခဏတွင် ချန်းချောင်ဖွင့်ထားသည့် Ebook စာမျက်နှာမှ ဝတ္တုကို ဝမ်လင်းက တွေ့လိုက်ရသည်။
ထိုဝတ္တုမှာ ဖေဖေဝမ် ရေးသားထားသည့် နို့ထိန်းမိခင်ဆီသွားကြစို့ ဟူသောဝတ္တု ဖြစ်သည်။
တကယ်တမ်းတွင် ချန်းချောင်သည် မည်သည့်စာအုပ် ဖတ်ရမည်မသိ၍ ဖေဖေချန်း၏ စာအုပ်အားလုံးကို (Ebook reader) ထဲ ထည့်ထားခြင်း ဖြစ်သည်။
လက်ရှိတွင် ချန်းချောင်သည် နွေရာသီအားလပ်ရက် အတွင်း စာအုပ် ဆယ်အုပ်ကျော်ကို ဖတ်ရှုရန် တွေးတောထားသည်။
ထိုစာအုပ်များအနက် သူပထမဆုံးဖတ်ရှုမည့် စာအုပ်မှာ နို့ထိန်းမိခင်ဆီသွားကြစို့ ဟူသောဝတ္တု ဖြစ်သည်။
သူ့အဖေ ဖတ်လေ့ရှိသည့် စာအုပ်များကို ဖတ်ပြီးနောက်တွင် ဘာသာစကားအတတ်ကို အကြမ်းဖြင်း နားလည်သွားရန် လုံလောက်ပြီဟု သူတွေးထင်နေခဲ့သည်။
သူက လေးနှစ်သာရှိသေး၍ သူ မသိသေးသော စကားလုံးများစွာ ရှိသော်လည်း (EBook reader)တွင် အသံဖြင့် ဖတ်ပြသော လုပ်ဆောင်ချက် ပါရှိသည်။
ထို့ကြောင့် ဖေဖေဝမ်၏ဝတ္တုကို အီလက်ထရောနစ် အသံက ချန်းချောင်အား ဖတ်ပြသွားခဲ့သည်။
အဆုံးသတ်တွင် ဤသည်မှာ အွန်လိုင်းဝတ္တု တစ်ပုဒ်သာဖြစ်သည်။
တစ်ခါတစ်ရံတွင် လမ်းဘေးဆန်သည့် အသုံးအနှုန်းများလည်း ပါရှိ၏။
ဝတ္တုကို သင့်အနေဖြင့် တိတ်တဆိတ်ဖတ်လျှင် ဇာတ်ကောင်၏ ဆိုလိုချင်သည့်မြင်ကွင်းကို အတွေးထဲတွင် ပုံဖော်နိုင်မည် ဖြစ်သည်။
သို့ရာတွင် အီလက်ထရွန်းနစ်အသံမှ နားထောင်သည်ကလည်း တစ်မျိုးလေး စိတ်လှုပ်ရှားစရာ ကောင်းနေသည်။
ထို့နောက် အခန်းတစ်ဝက်လောက်တွင် အီလက်ထရွန်းနစ်အသံသည် ရုတ်တရက် ထစ်သွားခဲ့သည်။
ချန်းချောင်က သူ၏ အက်ပ်တွင် တစ်ခုခု မှားယွင်းနေသည်ဟု ထင်ခဲ့သည်။
သို့သော် စာမျက်နှာ၏ ထိပ်တွင် အလံစတေကာကို သူတွေ့လိုက်ရသည်။
“ဝိုး.. ပိုက်ဆံတွေအများကြီးပဲ.. ဒီပမာဏဆို သူဌေးဖြစ်လောက်ပြီ”
လေးနှစ်အရွယ် ချန်းချောင်လေးက အော်ဟစ်လိုက်သည်။
သူက ကလေးအရွယ်သာ ရှိသေးသော်လည်း အလံစတေကာက ဘာအဓိပ္ပါယ်လဲ ဆိုသည်ကို ကောင်းစွာသိသည်။
သို့သော် ဤငွေကြေးက ဖေဖေဝမ်အတွက် မဟုတ်ကြောင်း ချန်းချောင်က မကြာမီမှာပင် သဘောပေါက်သွားခဲ့သည်။
လွန်ခဲ့သော ၁၂နှစ်တွင် ဖေဖေဝမ်သည် လူသစ်တစ်ဦးသာဖြစ်သည်။
သို့သော်လည်း ပွဲဦးထွက်မှာပင် သူ၏ ရောင်းအားများသည် တစ်ခဲနက် ထိုးတက်လာခဲ့ပြီး လစဉ်မဲများတွင်လည်း မြင့်တက်လာခဲ့သည်။
ထို့နောက်တွင် သူသည် တစ်နှစ်တာရောင်းအား အကောင်းဆုံး စာရေးဆရာကြီး တစ်ဦး၏ ပြိုင်ဘက် ဖြစ်လာခဲ့သည်။
အလံစတေကာသည် ယွမ်တစ်သောင်းကျော် ကုန်ကျပြီး စာအုပ်သုံးခွင့်အရ ဆိုလျှင် တစ်သန်းနှင့်ညီမျှသည်။
ထိုကဲ့သို့ တန်ဖိုးကြီးသော လက်ဆောင်များကို အက်ပ်၏ ထိပ်ပိုင်းတွင် တိုက်ရိုက်ပြသထားလေ့ရှိသည်။
ထို့ကြောင့် ထိုစာအုပ်သုံးငွေ တစ်သန်းသည် အခြားသောဆရာတစ်ဦးအား လက်ဆောင်ပေးခြင်း ဖြစ်သည်။
ဤသည်မှာ အကောင်းဆုံးစာရေးဆရာ ခေါင်းစဉ်အတွက် ဖေဖေဝမ်၏ ပြိုင်ဘက်ကနေ ဖေဖေဝမ်ကို ခွန်းအားပြသသည့် ကြော်ညာတစ်ခု ဆိုလည်း မမှားပေ။
အပိုင်း(၉၅၅) ပြီး၏