← Chapters

ပဟေဠိဆန်သောလေဒီ၁၃

Vol. 64 Ch. 959

ပဟေဠိဆန်သောလေဒီ၁၃

Vol. 64 Ch. 959

အမှော်ဘုရင်ခံလေဒီ၁၃ ပေါ်ထွက်လာခြင်းသည် ဝက်ဘ်ဆိုက်အဖွဲ့ဝင်များ၏ အာရုံစူးစိုက်မှုကို ဖမ်းစားနိုင်ခဲ့သည်။

ကျူးကဲ၏ “အရှက်မရှိ”နှင့် ဖေဖေဝမ်၏ “နို့ထိန်းမိခင်ဆီသွားကြစို့” ဝတ္တုသည် တစ်ချိန်တည်းနီးပါးတွင် ဖြန့်ချီခဲ့သည်။

နှစ်ဦးစလုံး၏ ရောင်းအားသည် ထိပ်ဆုံးအဆင့်နေရာတွင် ရှိနေပြီး ဖေဖေဝမ်၏ဝတ္တုသည် အရောင်းရဆုံးအဖြစ် ရပ်တည်ခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ အမှော်ဘုရင်ခံ လေဒီ၁၃သည် ထိုအချိန်က ထိုဝတ္တုနှစ်ပုဒ်ကို မှတ်ချက်ပေးခြင်း သို့မဟုတ် လက်ဆောင်ပေးခြင်းမျိုး မရှိခဲ့ဖူးပေ။

ထို့ကြောင့် လူအများက လေဒီ၁၃တစ်ယောက် ကြီးမားသောကိစ္စတစ်ခုခုကို လုပ်ဆောင်ရန် ပြင်ဆင်နေသည်ဟု ထင်မြင်ခဲ့ကြပြီး တစ်လလုံး စောင့်ဆိုင်းနေခဲ့ကြသည်။

နောက်ဆုံးနေ့တွင် လေဒီ၁၃သည် ကိုယ်တိုင် လှုပ်ရှားလာပြီး ကျူးကဲ၏ ဘက်တွင် ရပ်တည်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

သူမ၏ ကြီးကျယ်ခမ်းနားသော လက်ဆောင်တစ်ခုသည် ဖေဖေဝမ်နှင့်ဖေဖေချန်းတို့ လုံ့လဝီရိယ စိုက်ထုတ်၍ စုဆောင်းထားခဲ့သော စာဖတ်သူများကို ချက်ချင်းပင် နုတ်ထွက်သွားစေခဲ့သည်။

“ကျူးကဲက ယုတ်မာတဲ့မြေခွေးပဲ.. ဒီလုပ်ရပ်က တော်တော်ကောက်ကျစ်လွန်းတယ်”

တစ်ဖက်လူက လေဒီ၁၃ကို ထုတ်သုံးလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

အခြားတစ်ဖက်တွင်လည်း မျှခြေမှော်ခန်းမ၏ တံခါးတွင် “ပိတ်သည်”ဟူသော ဆိုင်းဘုတ်ကို ထင်ရှားစွာ ချိတ်ဆွဲထားသည်။

မျှခြေမှော်ခန်းမသည် ယနေ့တစ်ရက်ကို ပိတ်ထားခဲ့ပြီး ခန်းမထဲတွင် စားသောက်စရာများကို စားပွဲရှည်ကြီး တစ်ခုဖြင့် တည်ခင်းထားသည်။

ထိုစားပွဲရှည်ကြီး၏ တစ်ဖက်တစ်ချက်တွင် လျန့်ဟန်နှင့် ဆယ်ကျော်သက် အချို့က နေရာယူထားကြသည်။

၎င်းတို့တစ်ဦးစီသည် ကျူးကဲ၏ ပရိသတ်အဖွဲ့ ကိုယ်စားလှယ်များ ဖြစ်ကြသည်။

လျန့်ဟန်သည် ကျူးကဲ၏ ပရိသတ် ဖြစ်သည်။

သို့သော် အမှန်တရားမှာ လျန့်ဟန်သည် အွန်လိုင်းဝတ္တုများကို ဖေဖေချန်းကဲ့သို့ မဖတ်ဖူးခဲ့ပေ။

ဖေဖေချန်းက ဝမ်စစ်ထူ၏ဝတ္တုကို အမြဲလိုလို မဲပေးခဲ့ကြောင်း တွေ့ခဲ့ရပြီးနောက်တွင် ဝမ်စစ်ထူနှင့် ကျူးကဲတို့၏ အပြိုင်အဆိုင် ဆက်ဆံရေးကြောင့် လျန့်ဟန်သည် ကျူးကဲဘက်မှ ရပ်တည်ကာ ဖေဖေချန်းနှင့် ယှဉ်ပြိုင်ခဲ့သည်။

ချန်ယွီနှင့် ရန်သူဖြစ်ပြီးကတည်းက လျန့်ဟန်သည် ကောလိပ်ဆရာမ အပါအဝင် သူလိုချင်တာမှန်သမျှ ဘယ်သောအခါမှ အရှုံးမပေးခဲ့ပေ။

အဆုံးသတ်တွင် လျန့်ဟန်သည် ကောလိပ်ဆရာမနှင့် အကြောင်းပါခဲ့ပြီး တိုက်ဂါးလျန့်ကို ရရှိခဲ့သည်။

လေဒီ၁၃ထံမှ ကြီးကျယ်ခမ်းနားသော လက်ဆောင်တစ်ခု ပေးပို့ပြီးနောက်တွင် ကျူးကဲ၏ မဲများသည် ကွာဟချက်များစွာဖြင့် ထိပ်ဆုံးကနေ ဦးဆောင်နေခဲ့သည်။

“ဟားဟား.. ဒီနှုန်းနဲ့သာဆိုရင် ဝမ်စစ်ထူက ဘယ်လောက်ပဲ ကြိုးစားကြိုးစား အမှီလိုက်နိုင်မှာ မဟုတ်တော့ဘူး.. ပြောရရင် ငါတို့ကျူးကဲက ဝါရင့်စာရေးဆရာကြီး တစ်ယောက်ပဲလေ.. ဝမ်စစ်ထူလို ပရိသတ် နည်းနည်းလေးပဲရှိတဲ့ မျက်နှာသစ် စာရေးဆရာက ငါတို့ကျူးကဲကို ဘယ်လိုလုပ်ယှဉ်ပြိုင်နိုင်မှာတဲ့လဲ.. ဒီနှစ်ရဲ့ အကောင်းဆုံးစာရေးဆရာက ငါတို့ကျူးကဲပဲ ဖြစ်ရမယ်”

ပရိသတ်အဖွဲ့ခေါင်းဆောင်များက မျှခြေမှော်ခန်းမတွင် အောင်ပွဲပါတီကို ကြိုတင် ဆင်နွှဲနေခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် အမှောင်ဘုရင်ခံ လေဒီ၁၃ကို ကိုယ်တိုင် မမြင်တွေ့ရသေးသည့် အတွက် အနည်းငယ် စိတ်ပျက်နေခဲ့သည်။

လျန့်ဟန်က သူမကို ဖိတ်ခေါ်ခဲ့ပြီး ဤစားပွဲရှည်ကြီး၏ ထိပ်ဆုံးနေရာတွင် သူမ အတွက် အထူးတလည် ပြင်ဆင်ထားခဲ့သည်။

သို့ရာတွင် နှစ်သစ်ကူး ညစာစားပွဲရှိ၍ ရောက်မလာနိုင်ဟု သူမက အကြောင်းပြန်ခဲ့သည်။

လျန့်ဟန်က ကျူးကဲ၏”အရှက်မရှိ” ဝတ္တုကို မဖတ်ဖူးသော်လည်း ဝက်ဘ်ဆိုက်တွင် သုံးစွဲသူပမာဏမှာ ဖေဖေချန်းထက် မလျော့နည်းပေ။

သူပေးခဲ့သော လက်ဆောင်စုစုပေါင်းမှာ ယွမ်တစ်သိန်းကျော်ရှိနေပြီ ဖြစ်၏။

ယင်းမှာ ဤနှစ်များ တစ်လျောက်လုံး သူစုဆောင်းထားသည့် လျှို့ဝှက်ငွေများ ဖြစ်သည်။

ဖေဖေချန်းက ဘယ်လောက်ပေးခဲ့သည်ဖြစ်စေ လျန့်ဟန်သည် ထိုပမာဏ၏ နှစ်ဆကို ပေးပစ်ခဲ့သည်။

တက္ကသိုလ်ကျောင်းသားဟောင်းများ တွေ့ဆုံပွဲတွင် ဖေဖေချန်းသည် စာအုပ်တစ်အုပ် ဖတ်နေသည်ကို လျန့်ဟန်က မြင်ခဲ့ရပြီး ဖေဖေချန်း၏ စာဖတ်သူအိုင်ဒီကို လျှို့ဝှက်စွာ မှတ်သားထားခဲ့သည်။

ထိုအချိန်ကတည်းကပင် သူသည် ပြီးပြည့်စုံသော အစီအစဉ်တစ်ခုကို စတင်ချမှတ်ခဲ့သည်။

“လေဒီ၁၃က ပိုက်ဆံရှိ မိန်းမတစ်ယောက်ပဲလေ.. သူမက ငါတို့ကို ငြင်းပယ်ခဲ့လည်း မထူးဆန်းပါဘူး.. သူတို့လို အဆင့်အတန်းက လွယ်လွယ်နဲ့ ဖိတ်ခေါ်လို့ မရဘူးဆိုတာ မင်းတို့ ငါတို့ သိနေတာပဲ မဟုတ်လား”

လျန့်ဟန်က ပြုံး၍ ပြောလိုက်သည်။

“ဒါ့အပြင် လေဒီ၁၃ကို ဘယ်သူမှမမြင်ဖူးဘူး.. ဒါကအမျိုးသမီးတွေရဲ့ အလေ့အထနဲ့ သက်ဆိုင်နေတယ်.. အမျိုးသမီးတွေက သူတို့နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်ကို ထိန်းသိမ်းထားတတ်တယ်လေ”

“ခေါင်းဆောင်လျန့်က လေဒီ၁၃နဲ့ စကားပြောဖူးတယ်လို့ အရင်က ငါကြားဖူးတယ်”

အဖွဲ့ခေါင်းဆောင် တစ်ယောက်က မေးလိုက်သည်။

“ဟုတ်တယ်.. ဂုရုကျူးကဲကို အကောင်းဆုံး စာရေးဆရာဆုအတွက် ကူညီပေးဖို့ လေဒီ၁၃နဲ့ ငါစကားပြောခဲ့ဖူးတယ်.. သူက ချစ်စရာကောင်းတဲ့အသံလေးကို ပိုင်ဆိုင်ထားတဲ ညီမငယ်လေး တစ်ယောက်ပဲ”

“ခေါင်းဆောင်လျန့်က ထင်ထားတဲ့အတိုင်းပဲ.. မိန်းမတွေအကြောင်းကို အများကြီးသိနေပါလား.. ခေါင်းဆောင်လျန့်က စာဖတ်သူ အားလုံးထဲမှာ လေဒီ၁၃နဲ့ စကားပြောခွင့်ရတဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်နိုင်တယ်”

“ဟားဟား.. မင်းက ငါ့ကို မြှောက်ပင့်နေတာပဲ.. ဒါပေမဲ့ ဒီကိစ္စကိုတော့ ကျေးဇူးပြုပြီး ငါ့မိန်းမကို သွားမပြောရဘူးနော်”

လျန့်ဟန်က ပြုံး၍ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ.. ကျွန်တော်တို့နားလည်ပါတယ်.. စိတ်မပူပါနဲ့ ခေါင်းဆောင်လျန့်”

တစ်ဖက်တွင်လည်း ဖေဖေချန်းတို့ လူစုသည် လေဒီ၁၃က ကျူးကဲ၏ ဘက်တွင် ရပ်တည်လိုက်သဖြင့် ခေါင်းခဲနေခဲ့သည်။

“ငါတို့တွေ ဘာဆက်လုပ်သင့်လဲ.. အစ်ကိုချန်း.. တခြားနည်းလမ်း မရှိတော့ဘူးလား”

လင်းကန်က မေးလိုက်သည်။

“ဖိုရမ်တွေမှာ တင်ထားတဲ့ ငါတို့ရဲ့ ပို့စ်တော်တော်များများကလည်း ပိတ်ပင်ခံလိုက်ရပြီ.. ကျူးကဲက ဖိုရမ်အက်မင်တွေနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ အတွက် ငါတို့ ဝမ်စစ်ထူ ပရိသတ်တွေ အနေနဲ့ အဲဒီဖိုရမ်တွေမှာ ပရိုမိုးရှင်းဆင်းဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး”

ဖေဖေချန်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“တခြားဖိုရမ်တွေမှာ ပရိုမိုးရှင်းဆင်းရင်ရော ဘယ်လိုလဲ”

“တခြားဖိုရမ်မှာ အသုံးပြုသူတွေက စာဖတ်သူတွေ မဟုတ်ဘူး.. အဲဒီက ပရိသတ်တွေကို မဆွဲဆောင်နိုင်မှာ ငါစိုးရိမ်မိတယ်”

ဖေဖေချန်းက စိတ်ပျက်သောလေသံဖြင့် ရေရွတ်လိုက်သည်။

ထိုအချိန်မှာပင် ချန်းချောင်က ရုတ်တရက် ပြောလိုက်၏။

“ဒါပေမဲ့ ကျွန်တော်တို့ ဂိုဏ်းခေါင်းဆောင်အချို့ရဲ့ အာရုံကိုဖမ်းစားလိုက်နိုင်မယ်ဆိုရင်ရော…”

ထိုစကားကိုကြားလျှင် အားလုံးက ချန်းချောင်လေးကို လှည့်ကြည့်လိုက်ကြသည်။

“ဂိုဏ်းခေါင်းဆောင်တွေကို စည်းရုံးရမှာလား”

ဤခေတ်တွင် ဝတ္တုဖတ်သည့် ဂိုဏ်းခေါင်းဆောင်များရှိမရှိ သူတို့မသိပေ။

ထို့ပြင် လိုက်ရှာရန်လည်း မကြိုးစားခဲ့ဖူးပေ။

ထိုအချိန်မှာပင် ဂိုဏ်းခေါင်းဆောင်များစွာ တစ်စုတစ်ဝေးတည်းရှိသည့် ဖိုရမ်တစ်ခုကို ဖေဖေချန်းတို့ အဖွဲ့က ချက်ချင်းပင် တွေးမိလိုက်ကြသည်။

ကျင့်ကြံခြင်းဖိုရမ်…

ထိုဖိုရမ်၏ ခေါင်းဆောင်သည် အလွန်ကျော်ကြားသော ဒဏ္ဍာရီလာ မဟာသေမင်းတမန်စီနီယာ (ဝါ) ဗုံးပစ်စီနီယာအင်မော်တယ်ဖြစ်သည်။

အပိုင်း(၉၅၉) ပြီး၏။

All Chapters