← Chapters

ကျင့်ကြံခြင်းဖိုရမ်မှအကူအညီ

Vol. 64 Ch. 960

ကျင့်ကြံခြင်းဖိုရမ်မှအကူအညီ

Vol. 64 Ch. 960

ဝမ်လင်းသည် ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ပထမဆုံးတွေ့ဆုံစဉ်က အလွန်ငယ်ရွယ်သေးသည်။

သို့သော်လည်း အံ့အားသင့်စရာမှာ လေးနှစ်သား အရွယ်ကပင် သူတို့သည် ဆက်ဆံရေးမျိုးစေ့များကို စိုက်ပျိုးထားပြီးပြီဖြစ်၏။

ကျင့်ကြံခြင်းဖိုရမ်..

ဤနေရာသည် ကျင့်ကြံခြင်းအသိုင်းအဝိုင်း အတွင်းရှိ အတင်းအဖျင်း သတင်းများ စုဝေးရာ ဖြစ်သည်။

ဤဖိုရမ်၏ မန်ဘာထဲတွင် ဂိုဏ်းခေါင်းဆောင်များနှင့် ကျင့်ကြံသူ အများအပြား ရှိနေကြသည်။

သို့သော် ဤလူစုက ဝတ္တုများကို အမှန်တကယ် စိတ်ဝင်စားပါမည်လော။

သို့မဟုတ် ဝိုင်းဝန်း ကန့်ကွက်ကြမည်လော။

လူတိုင်းက အနည်းငယ်သံသယ ဖြစ်ခဲ့ကြသည်။

ထို့ပြင် ကျင့်ကြံခြင်းဖိုရမ်၌ အကောင့်တစ်ခု စာရင်းသွင်းရန်သည် အလွန်ပင်ခက်ခဲသည်။

ထိုအတွက် တာအိုနှင့်ပတ်သက်သည့် မေးခွန်းများစွာကို ဖြေဆိုရမည်ဖြစ်ပြီး မေးခွန်းတစ်ခုစီ အတွက်လည်း အချိန် ကန့်သတ်ချက်ရှိသည်။

အချိန်စေ့သွားလျှင် အဖြေမှားသည်ဟု မှတ်ယူမည်ဖြစ်သည်။

စုစုပေါင်းမေးခွန်း ၁၀၀ရှိပြီး မေးခွန်း ၈၀ သို့မဟုတ် ထိုထက်ပို၍ မှန်ကန်စွာ မဖြေဆိုနိုင်လျှင် စာရင်းသွင်းရန် ဖိတ်ကြားချက်ကုဒ်ကို သင့်အနေဖြင့် ရရှိနိုင်မည်မဟုတ်ပေ။

ယင်းက သာမန်လူတစ်ယောက် အတွက် ခက်ခဲပုံရသော်လည်း စီနီယာကျင့်ကြံသူ တစ်ယောက်အနေဖြင့် မျက်စိမှိတ်၍ပင် ဖြေဆိုနိုင်မည် ဖြစ်သည်။

ဖေဖေချန်းသည် သူ့မိသားစု၏ စုဆောင်းထားသမျှအရာအားလုံးကို အသုံးမပြုလျှင် ကျင့်ကြံခြင်းစာဖတ်သူ ဝက်ဘ်ဆိုက်၌ လေဒီ၁၃နှင့် ယှဉ်ပြိုင်ရန် ဘယ်လိုမှမဖြစ်နိုင်ပေ။

သို့သော် ထိုပိုက်ဆံကို သူထုတ်လိုက်လျှင် သူ့အမျိုးသမီးက သူ့လက်ကို ခုတ်ဖြတ်လိုက်ပြီး အဝတ်လျှော်တုတ်ပေါ်တွင် ဒူးထောက်ခိုင်းမည်မှာ သေချာသည်။

ဤအချိန်က မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ရမည့် အချိန် မဟုတ်သေးကြောင်း ဖေဖေချန်း ခံစားလိုက်ရသည်။

“ကောင်းပြီလေ.. ငါတို့အကောင့်တစ်ခု အရင်ဆုံး စာရင်းသွင်းကြည့်လိုက်ရအောင်.. မေးခွန်းတွေကို ငါဖြေကြည့်မယ်.. ငါမဖြေနိုင်တဲ့ မေးခွန်းတွေကို မင်းတို့တွေက အွန်လိုင်းကနေ ရှာဖွေဖို့ အသင့်ပြင်ထားကြ”

ဖေဖေချန်းက သူ့အဖွဲ့ခေါင်းဆောင်များ၏ ကျွမ်းကျင်မှုကို အလွန်ယုံကြည်သည်။

အဆုံးသတ်တွင် သူတို့အားလုံးသည် နှစ်ပေါင်းများစွာ တစ်စိတ်တစ်ဝမ်းတည်း ရှိခဲ့ကြသည်။

ကွန်ပြူတာကို အသုံးပြုသည့် သူတို့၏ လက်အမြန်နှုန်းသည် ဟန်ပြသက်သက် မဟုတ်ပေ။

အမျိုးသား ကျင့်ကြံခြင်းခေတ်တွင် ကျင့်ကြံသူများ၏ သက်တမ်း တိုးမြင့်လာသည်နှင့်အမျှ လူသားများသည် တသီးတသန့် နေထိုင်ခဲ့ကြသည်။

ထို့ကြောင့် ဖေဖေချန်း၏ ရှေ့မှောက်တွင် ရှိနေသည့် အဖွဲ့ခေါင်းဆောင်အားလုံးသည် သက်တမ်းတစ်ရာ နီးပါးရှိသော လူပျိုကြီးများ ဖြစ်ကြသည်။

“ဒါက အခုအချိန်မှာ ငါတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာပဲ.. နောက်ဆုံးအနေနဲ့ စမ်းသပ်ကြည့်လိုက်ရအောင်”

ဖေဖေချန်းက စိတ်အားတက်အောင် ပြောလိုက်သည်။

ထို့နောက်တွင် ဖေဖေချန်းသည် စာရင်းသွင်းရန်အတွက် စာမျက်နှာကို ဖွင့်လိုက်ရာ မေးခွန်းပေါင်းတစ်ရာ ချက်ချင်းပေါ်လာခဲ့သည်။

မေးခွန်းတစ်ရာတွင် အဖြေမှန်ရွေးရမည့်မေးခွန်းမှာ ၅၀ ရှိပြီး မှားမှန်ရွေးရမည့်မေးခွန်းက ၅၀ ပါရှိသည်။

မေးခွန်းများသည် တစ်ဆင့်ပြီးတစ်ဆင့် ပို၍ခက်ခဲသွားမည်ဖြစ်သည်။

မေးခွန်း ၁ (အဖြေမှန်ရွေးပါ)

ကျင့်ကြံခြင်းဖိုရမ်မှ ဝန်ထမ်းတစ်ဦးသည် သင့်ဆီသို့ လာရောက်လည်ပတ်သည့် အခါတွင် ၎င်းတို့၏ အထောက်အထားကို သင်မည်သို့ အတည်ပြုမည်နည်း။

A {အိမ်ရှင်တို့.. တံခါးပိတ်ထားတယ်}

B {မင်းရဲ့အဲကွန်းကိုပြင်ဖို့ ငါရောက်နေပြီ}

C {မင်္ဂလာပါ.. ငါကကျင့်ကြံခြင်းဖိုရမ်မှဖြစ်ပါတယ်.. ကျွန်တော့ရဲ့ အလုပ်အိုင်ဒီက xxx ဖြစ်ပါတယ်}

D {ငါလုပန်းဝေက တကယ်မလိမ်ပါဘူး}

ဖေဖေချန်းက တမင်တကာ ပြန်မဖြေသေးဘဲ သူ၏နာရီကို ကြည့်လိုက်သည်။

မေးခွန်းတစ်ခုအတွက် နှစ်မိနစ်စာ အချိန်ကန့်သတ်ချက်သည် စတင်ရေတွက်နေပြီ ဖြစ်သည်။

“မေးခွန်းက ဘယ်လိုလဲ.. ခက်လား”

လင်းကန်က မေးလိုက်သည်။

“နောက်ပိုင်းတော့ တဖြည်းဖြည်း ပိုခက်လာမယ်ထင်တယ်.. ဒီပထမမေးခွန်းက လုံခြုံရေးဆိုင်ရာ အထွေထွေဗဟုသုတဖြစ်တဲ့အတွက် တော်တော်လေး လွယ်ကူပါသေးတယ်”

ဖေဖေချန်းက ပြန်လည်ဖြေကြားလိုက်သည်။

ပထမမေးခွန်းက အလွန်ရိုးရှင်းသည်။

ဖေဖေချန်းက Cကိုရွေးလိုက်ရာ စာမျက်နှာသည် နောက်ထပ်မေးခွန်းတစ်ခု ဆီသို့ ချက်ချင်း ရောက်သွားသည်။

မေးခွန်း ၂ (အဖြေမှန်ရွေးပါ)

ဝမ်ရှောင်မင်သည် အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။

သူက လေ့ကျင့်နေရင်း ငရဲချောက်ကမ်းပါးကနေ မတော်တဆပြုတ်ကျခဲ့သည်။

ဝမ်ရှောင်မင်သည် အလေးချိန် 90 ဂရမ်ရှိပြီး ချောက်ကမ်းပါးသည် မီတာတစ်သောင်း မြင့်သည်။

တစ်စက္ကန့်ကို နှစ်ဆယ်မီတာနှုန်းဖြင့် ပြုတ်ကျလာရာ အရှိန်မသတ်ခင် ချောက်ကမ်းပါးကနေ ပေါက်နေသည့် သစ်ပင်နှစ်ပင်နှင့် ထိခိုက်မိသွားသည်။

ဝမ်ရှောင်မင်သည် ချောက်ကမ်းပါးမှ ပြုတ်ကျလာစဉ် ချောက်ကမ်းပါးမှ ထိုးထွက်နေသော ကျောက်တုံးများကို ဖမ်းဆုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဝမ်ရှောင်မင် နောက်ဆုံးသေဆုံးရသည့် အကြောင်းအရင်းမှာ အဘယ်ကြောင့်နည်း။

A အကြောက်လွန်ပြီးသေသည်။

B အရှိန်ဖြင့်ပြုတ်ကျ၍ သေသည်။

C သစ်ပင်နှင့်တိုက်မိ၍ သေဆုံးသည်။

D အဆိပ်ဖြင့်သေသည်။

ဖေဖေချန်း “..........”

ဝမ်လင်း “..........”

ချန်းချောင် “..........”

“လခွမ်း.. ဒီမေးခွန်းက လူသားတစ်ဦးဖြေနိုင်တဲ့ မေးခွန်းရောဟုတ်ရဲ့လား.. အခက်အခဲက နည်းနည်းစီ တိုးလာတာလည်း မဟုတ်ဘူးဟ”

ဖေဖေချန်းက ခေါင်းကိုက်သလိုပင် ခံစားလာရသည်။

“ဒီမေးခွန်းရဲ့အဖြေမှန်က D”

သူ့နံဘေးရှိ လင်းကန်က အဖြေမှန်ကို အွန်လိုင်းကနေ လျင်မြန်စွာရှာတွေ့ခဲ့သည်။

“ဘာဖြစ်လို့လဲ”

“ဒါက ငရဲချောက်ကမ်းပါးလေ.. ချောက်ကမ်းပါး ပတ်လည်မှာ တစ်နှစ်ပတ်လုံး အဆိပ်ငွေ့တွေ ဖုံးလွှမ်းနေတယ်.. သစ်ပင်နှစ်ပင်ကို ဆက်တိုက်ဆိုသလို တိုက်မိတာက သူ့အရှိန်ကိုလျော့ကျစေတယ်.. ဒါကြောင့် အောက်ခြေကို ကျသွားရင်တောင် သူသေမှာ မဟုတ်ဘူး.. ဒါပေမဲ့ အဆိပ်ကြောင့်တော့ သူသေမှာ သေချာတယ်”

လင်းကန်က ရှင်းပြလိုက်သည်။

ထိုအဖြေကိုကြားပြီးနောက်တွင် ဖေဖေချန်းက အချိန်ကုန်လုနီးပါး ဖြစ်နေမှန်းသိရ၍ အဖြေကို အမြန်ရွေးလိုက်သည်။

နောက်ထပ် တတိယမေးခွန်း ဖြစ်သည်။

ဖေဖေချန်းက အချိန်ကို သက်သာစေရန်အတွက် မေးခွန်းကိုအသံထွက်၍ ဖတ်လိုက်သည်။

မေးခွန်း ၃ (ဟုတ်/မဟုတ်မေးခွန်း)

စိတ်ဝိညာဉ်ဖလှယ်ခြင်း မှော်စွမ်းရည်သည် အစွမ်းထက်သောနတ်ဆိုးများ၏ လျှို့ဝှက်စွမ်းရည် ဖြစ်ကြောင်း လူတိုင်းသိကြသည်။

ထိုမှော်စွမ်းရည်သည် လူတစ်ယောက်၏ ဝိညာဉ်ကို အနီးကပ်ဆုံးလူ၏ ဝိညာဉ်နှင့် အချိန်တိုအတွင်း လဲလှယ်ပေးနိုင်သည်။

သို့သော် တတိယလူက ထိုနှစ်ယောက်ထဲမှ တစ်ယောက်ကိုနမ်းလိုက်သည်နှင့် ထိုမှော်စွမ်းရည်ကို ပယ်ဖျက်ပြီးသား ဖြစ်သွားလိမ့်မည် ဖြစ်၏။

ဝမ်ရှောင်မင်၏ ချစ်သူနှင့်မိခင်တို့သည် နတ်ဆိုးဆွဲဆောင်ခြင်း ရုပ်ရှင်ကို ကြည့်ရှုနေကြသည်။

ထိုရုပ်ရှင်တွင် စိတ်ဝိညာဉ်ဖလှယ်ခြင်း မှော်အစီအရင်ကို ရေးဆွဲထားသည်။

ရုပ်ရှင်တွင် အမျိုးသားဇာတ်ဆောင်က မင်းအရမ်းချောတယ်ဟူသော စကားလုံးကို ပြောပြီးသည်နှင့် အမျိုးသမီးနှစ်ဦးသည် စိတ်ဝိညာဉ်ဖလှယ်ခြင်း မှော်စွမ်းရည်ကို ထိမှန်သွားကြသည်။

ထိုမှော်စွမ်းရည်ကို ချိုးဖျက်ရန်အတွက် ဝမ်ရှောင်မင်သည် သူ့ကောင်မလေးကို နမ်းလိုက်သည်။

သို့ရာတွင် စိတ်ချင်းဖလှယ်သွားသောကြောင့် သူနမ်းလိုက်သည်မှာ သူ့အမေဖြစ်နေသည်။

မေးခွန်း ဤအဖြစ်အပျက်ပြီးသည့်နောက်တွင် ဝမ်ရှောင်မင် အသက်ရှင်မည်လော။

ဖေဖေချန်း “..........”

ဝမ်လင်း “..........”

ချန်းချောင် “..........”

လင်းကန်က ထုံးစံအတိုင်း အဖြေကိုလျင်မြန်စွာ တွေ့ရှိခဲ့သည်။

“အဖြေက အသက်မရှင်ဘူး”

ဖေဖေချန်း “သူ့အမေက သူ့ကောင်မလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်.. သူ့အမေကို နမ်းလိုက်တာကလည်း သူ့ကောင်မလေးကို နမ်းလိုက်တာနဲ့ အတူတူပဲမဟုတ်လား.. ဘာလို့သူက အသက်မရှင်ရတာလဲ”

လင်းကန် “အွန်လိုင်းမှာ ငါရှာတွေ့တဲ့ ရှင်းလင်းချက်အရတော့ စိတ်ဝိညာဉ်ဖလှယ်ခြင်း မှော်စွမ်းရည် ပျက်ပြယ်ပြီးနောက်မှာ သူ့ရဲ့မိန်းမနဲ့ အမေက စကားများခဲ့ကြတယ်.. အဆုံးသတ်မှာတော့ ဝမ်ရှောင်မင်က သည်းမခံနိုင်တော့ဘဲ ချောက်ကမ်းပါးကနေ ခုန်ချသတ်သေသွားခဲ့တယ်”

ဖေဖေချန်း “..........”

ဝမ်လင်း “..........”

ချန်းချောင် “..........”

ဖေဖေချန်း တစ်ယောက် မေးခွန်းအားလုံး ဖြေပြီးချိန်တွင် ညနေခြောက်နာရီ ထိုးနေပြီ ဖြစ်သည်။

ဖေဖေဝမ်သည်လည်း သူ၏အခန်း အက်ပ်ဒိတ်များကို အကောင်းဆုံး လုပ်ဆောင်ခဲ့သောကြောင့် သူ၏လစဉ်မဲများသည် ဤကာလအတွင်း အနည်းငယ် တိုးတက်လာခဲ့သည်။

သို့သော်လည်း ပထမနေရာတွင်ရှိသည့် ကျူးကဲကိုမူ မမှီသေးပေ။

ယခုအခါတွင် သူတို့နှစ်ယောက်ကြားရှိ ကွာဟချက်မှာ မဲငါးသောင်း ဖြစ်သည်။

နောက်ထပ် နာရီအနည်းငယ် အကြာတွင် ကျူးကဲသည် တစ်နှစ်တာအကောင်းဆုံး စာရေးဆရာအဖြစ် နောက်ထပ် တစ်နှစ် သရဖူ ဆက်ဆောင်းသွားမည် ဖြစ်သည်။

“ဒါက ငါတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ”

ဖေဖေချန်းက ကျင့်ကြံခြင်းဖိုရမ်တွင် နှစ်စဉ်အသင်းဝင်ဖြစ်လာရန် ချက်ချင်းပင် ယွမ်ရာနှင့်ချီ သုံးစွဲခဲ့သည်။

ထို့နောက်တွင် သူစောစောကတည်းက ပြင်ဆင်ထားသည့် ဝတ္တု၏ ကောက်နှုတ်ချက်ကို တရားဝင်ဗားရှင်းလင့်နှင့်အတူ ပရိုမိုးရှင်း ဆင်းခဲ့သည်။

ဖေဖေချန်း အားတက်လောက်အောင်ပင် သူ၏ပို့စ်ကို လျင်မြန်စွာပင် အကြောင်းပြန်ခဲ့ကြသည်။

ကောင်းကင်ရွှယ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဟန်ရန် “အဆန်းပဲဟ.. ငါတို့ကျင့်ကြံခြင်းဖိုရမ်မှာ ဝတ္တုတွေတောင် လာကြော်ငြာ နေပါလား.. အက်မင်က ဒီကိစ္စကို တစ်စုံတစ်ရာအရေးမယူဘူးလား”

ထို့နောက်တွင် သူက အိုင်ဒီ“ငါကအန်ကယ်ကြောင်”ကို မန်းရှင်းခေါ်လိုက်သည်။

အိုင်ဒီ “ငါကအန်ကယ်ကြောင်”သည် ဖိုရမ်၏ အက်မင်အိုင်ဒီဖြစ်သည်။

ထို့နောက် လျင်မြန်စွာပင် ထိုပို့စ်ကို ဖျက်ရန်အတွက် အက်မင်“ငါကအန်ကယ်ကြောင်”ကို မန်းရှင်းခေါ်သူ ပိုမို များပြားလာသည်။

ကြယ်ပွင့်လူသတ်သမားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် စုန့်ခိုင်ဟွာ “အွန်လိုင်းဝတ္တုတွေကို ငါမဖတ်တာကြာပြီ.. ဝတ္တုတွေရဲ့ ဇာတ်လမ်းတွေက ဆင်တူပြီးတော့ အရမ်းလည်းပျင်းဖို့ကောင်းတယ်.. ဒီပို့စ်ကို မြန်မြန်လေးသာ ဖျက်ချပေးပါ”

ထို့နောက်တွင် သူကလည်း အိုင်ဒီ“ငါကအန်ကယ်ကြောင်”ကို မန်းရှင်းခေါ်လိုက်သည်။

အာဏာရှင်မြေကမ္ဘာဂိုဏ်း၏ တည်ထောင်သူ ကျန်းကျစ်တီ “တစ်စုံတစ်ယောက်က ငါတို့ဖိုရမ်မှာ ကြော်ငြာတင်ဝံ့တယ်လား”

ထို့နောက်တွင် သူသည်လည်း “ငါကအန်ကယ်ကြောင်”ကို မန်းရှင်းခေါ်လိုက်သည်။

“ကဲ.. ငါတို့ ဘယ်လိုဆက်လုပ်မလဲ.. ပို့စ်ကို ဖျက်လိုက်သင့်လား.. ဒါမှမဟုတ် ခဏလောက်ကြာပြီးမှ နောက်တစ်ပို့စ် ဆက်တင်ရမလား.. ဒီအိုင်ဒီသာ အပိတ်ခံရရင်တော့ ငါတို့အတွက် ပြီးသွားပြီ”

“နာရီအနည်းငယ်လောက်ကြာပြီးမှ အဘန်းခံရလည်း မဆိုးပါဘူးကွာ.. စောင့်ကြည့်ကြတာပေါ့”

ဖေဖေချန်းက အလွန်ပင် စိတ်လှုပ်ရှားနေသည်။

မိနစ်အနည်းငယ်အကြာတွင် အက်မင်ဖြစ်သည့် “ငါကအန်ကယ်ကြောင်”ပေါ်လာခဲ့သည်။

သူက ပြန်စာတစ်စောင် ချက်ချင်းတင်ခဲ့သည်။

“အာ.. ဆောရီး နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်.. အားလုံးကို ပြောစရာရှိတယ်.. ငါဒီပို့စ်ကို အခုပဲဖတ်ကြည့်လိုက်တာ တော်တော်ဖတ်လို့ကောင်းတယ်”

လူတော်တော်များများက သူ့ကိုမေးခွန်းသင်္ကေတများ ပို့လိုက်ကြသည်။

“???”

ထူးဆန်းသည်မှာ စောစောက ပို့စ်ကိုဖျက်ပစ်ရန် တောင်းဆိုသူများသည် သူတို့၏ မူရင်းစာများအား အလွန်လျင်မြန်စွာ ဖျက်ပစ်လိုက်သည်ကို ဖေဖေချန်း မြင်လိုက်ရသည်။

ကောင်းကင်ရွယ်ဂိုဏ်း၏ခေါင်းဆောင်ဟန်ရွမ် “လခွမ်း.. တကယ်ကို အရမ်းဖတ်ကောင်းတာပဲ.. ပို့စ်ကိုမဖျက်ပါနဲ့.. ဆက်ပြီးဖတ်ချင်သေးတယ်”

အာဏာရှင်မြေကမ္ဘာဂိုဏ်း၏တည်ထောင်သူ ကျန်းကျစ်တီ “ဒါက အရင်က ဖတ်ဖူးတဲ့ အွန်လိုင်းဝတ္တုတွေလို မဟုတ်ဘူးလား.. အဲဒါဆို ငါနည်းနည်းလောက် ဖတ်ကြည့်လိုက်မယ်”

ကြယ်ပွင့်လူသတ်သမားဂိုဏ်း၏ ခေါင်းဆောင်စုန့်ခိုင်ဟွာ “အိုး.. ငါအခုပဲဖတ်ကြည့်လိုက်တာ ရသပေါင်းစုံ စုဝေးနေတာပဲ”

ဖေဖေချန်းနှင့်လင်းကန် “..........”

ဝမ်လင်း “..........”

ချန်းချောင် “..........”

အပိုင်း(၉၆၀) ပြီး၏

All Chapters