မျိုးနွယ်စုသုံးစု၏ အကျပ်အတည်း
Vol. 114 Ch. 1697
ခွန်မျိုးနွယ်၏ ကပ်ဘေး...။
ထိုစကားလုံးကို ပြောလိုက်သည့်ခဏမှာပင် နဂါးမျိုးနွယ်မှ ဧကရာဇ်များ၏ အမူအရာက ပြောင်းလဲသွား၏။
“ဧကရာဇ်တစ်ပါး ကျဆုံးသွားလို့လား”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အဲ့ဒါက ဧကရာဇ်တစ်ပါးတင် မဟုတ်ဘူး”
ယင်လန်က နာကျင်နေသော အမူအရာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်၏။
“တိမ်လှေခွန်ဧကရာဇ်နဲ့ ကျားခွန်ဧကရာဇ်တို့က ရုတ်တရက် ရူးသွပ်သွားပြီးတော့ ပေမင်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်ခဲ့တယ်... ခွန်မျိုးနွယ်က ကြီးမားစွာပျက်စီးထိခိုက်ပြီးတော့ ဧကရာဇ် ၇ပါး သေဆုံးခဲ့ရတယ်... ပေမင်တစ်ခုလုံးက အခုဆိုရင် သွေးချင်းချင်း နီစွေးသွားခဲ့ရပြီ”
“ဘယ်လို...”
နီနဂါးဧကရာဇ်က တုန်လှုပ်သွားသော အမူအရာနှင့် ထိတ်လန့်တကြားရေရွတ်လိုက်၏။
ဧကရာဇ် ၇ပါးပင်လျှင် သေဆုံးခဲ့ရလေသည်။ ခွန်မျိုးနွယ်က ပေမင်မှာ ဘယ်လောက်အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရသလဲ သိသာလေသည်။
ခွန်မျိုးနွယ်၏ ဘဝသက်တမ်းက နဂါးမျိုးနွယ်ထက် အနည်းငယ် ပိုမိုရှည်လျားလေသည်။
နဂါးမျိုးနွယ်မှ ဧကရာဇ်တစ်ပါး၏ ဘဝသက်တမ်းက နှစ်လေးသိန်းဖြစ်၏။
ခွန်မျိုးနွယ်မှာတော့ နှစ်ငါးသိန်းဖြစ်လေသည်။
ခွန်မျိုးနွယ်၏ အခြေခံအုတ်မြစ်သည်လည်း အလွန်တရာသန်မာလေသည်။ သူတို့မှာ ငရဲစုန်းဧကရာဇ်နှင့် ရွှေကျီးကန်းမီးဧကရာဇ်ကဲ့သို့ ပညာရှင်များမရှိသော်လည်း သူတို့မှာ ဧကရာဇ်ဆယ်ပါးကျော်ရှိလေသည်။
ယခု... သူတို့ထဲမှ ထက်ဝက်ကျော်က ဤကပ်ဘေးမှာသေဆုံးခဲ့ရလေသည်။
“ခွန်ဧကရီကရော ဘယ်ရောက်နေတာလဲ”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
ခွန်ဧကရီသည် အန္တိမနတ်ဘုရားစွမ်းအားသုံးခုကို နားလည်ဆင်ခြင်ထားပြီး စွမ်းအားကြီးမားလေသည်။ သူမသည် ဤကပ်ဘေးကို တစ်နည်းတစ်ဖုံ ကိုင်တွယ်ဖြေရှင်းပေးသင့်လေသည်။
“ရှောင်းယောင်ကိုကယ်ဖို့အတွက်နဲ့ ခွန်ဧကရီကလည်း သေဆုံးသွားခဲ့ပြီ”
ယင်လန်၏ မျက်မှာက ဖြူဖျော့သွားပြီး တီးတိုးပြောဆိုလိုက်၏။
“ရှောင်းယောင်ကလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး အခုချိန်ထိ သတိလစ်နေတုန်းပဲ”
ထိုသို့ပြောရင်း ယင်လန်သည် သူမ၏ သိုလှောင်အိတ်ကိုပုတ်ကာ ပေမင်ရေဖြင့် ပြည့်နှက်နေသည့် နေရာလွတ်ဓမ္မရတနာတစ်ခုကို ထုတ်ယူလိုက်၏။
အထဲမှာ လူငယ်လေးတစ်ယောက်က မျက်လုံးနှစ်ဖက်မှိတ်၍ လွင့်မျောနေပြီး သူက ဆူဇီမို၏ ဒုတိယတပည့် ရှောင်းယောင်ဖြစ်လေသည်။
“ငါက ရှောင်းယောင်ကို ခွန်မျိုးနွယ်မှာ မထားခဲ့ရဲတဲ့အတွက် သူ့ကို ဒီကိုခေါ်လာခဲ့တာပဲ”
ယင်လန်ကပြောလိုက်၏။
“နောက်ပြီး နဂါးအရိုးတောင်ကြားမှာ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းတစ်ခုရှိတယ်မလား... အဲ့ဒါက ရှောင်းယောင်ကို ကူညီပေးနိုင်လိမ့်မယ်ထင်တယ်”
“အင်း... လုံစန်း.. ရှောင်းယောင်ကို ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီ ခေါ်သွားလိုက်... တစ်ခုခုဖြစ်တာရှိရင် ငါ့ကိုချက်ချင်းသတင်းပေး”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက လေးနက်သောအသံဖြင့် ပြောလိုက်၏။
ယခုအချိန်မှာ ရှောင်းယောင်က ပေါင်းစည်းခန္ဓာအဆင့်မှာသာရှိသေးလေသည်။
ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းက သူ့အပေါ်မှာ အကျိုးသက်ရောက်မှု ရှိနေဆဲ ဖြစ်၏။ ရှောင်းယောင်သည် မဟာယာနအဆင့်သို့ ဝင်ရောက်သွားပြီး ဤကဲ့သို့ ဒဏ်ရာအပြင်းအထန် ရရှိလာမည်ဆိုလျှင် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းပင် သူ့ကိုကူညီပေးနိုင်တော့မည် မဟုတ်ပေ။
နဂါးမျိုးနွယ်မှ ဧကရာဇ်များကလည်း သုန်မှုန်နေသော အမူအရာများရှိလာကြ၏။
ဤတစ်ခေါက်မှာ ခွန်မျိုးနွယ်သည် သေကြေပျက်စီးထိခိုက်မှုအများဆုံးကို တွေ့ကြုံခံစားခဲ့ရ၏။ ဧကရာဇ် ၇ပါး သေဆုံးခဲ့သည်ကို အသာထား.. ခွန်ဧကရီပင်လျှင် သေဆုံးခဲ့ရပြီး တဗူးခွန်ဖန်းကလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့၏။ သူက ရှင်သန်နိုင်ပါ့မလား မသိရသေးပေ။
လောင်ကျွမ်းတိမ်စိုင်နဂါးဧကရာဇ်က မျက်မှောင်ကြုတ်လိုက်၏။
“တိမ်လှေခွန်ဧကရာဇ်နဲ့ ကျားခွန်ဧကရာဇ်တို့က အန္တိမနတ်ဘုရားစွမ်းအားတစ်ခုစီကိုပဲ နားလည်ဆင်ခြင်ထားတာမလား... သူတို့က ခွန်မျိုးနွယ်မှာ ဒီလိုကြီးမားတဲ့ကပ်ဘေးတစ်ခုကို ဘယ်လိုဖြစ်အောင် လုပ်နိုင်တာလဲ”
ယင်လန်က ခေါင်းခါပြလိုက်၏။
“အဲ့ဒီဧကရာဇ်နှစ်ပါးရဲ့ ကျင့်ကြံမှုက ပြီးခဲ့တဲ့နှစ်တွေမှာ ခုန်ပေါက်ပြီး တိုးလာခဲ့တယ်... သူတို့က အန္တိမနတ်ဘုရားစွမ်းအား သုံးခုကို နားလည်ဆင်ခြင်နိုင်သွားခဲ့ပြီ... ခွန်ဧကရီက သူမရဲ့အသက်ကို စတေးပြီး သူတို့နှစ်ယောက်ကို ဒဏ်ရာအပြင်းအထန် ရရှိအောင်လုပ်ခဲ့လို့သာ မဟုတ်ရင် ခွန်မျိုးနွယ်တစ်ခုလုံးက ဖျက်ဆီးခြေမှုန်းခံရလိမ့်မယ်”
ထိုစဥ်မှာပင်... ယင်လန်သည် ဘေးတွင်ရှိသော မန်ဖုန့်ကို သတိထားမိသွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“မန်ဖုန့်... ရှင်ကလည်း ဒီကိုဘာလို့ရောက်နေတာလဲ... အဲ့ဒါက....”
သူမသည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ဆက်လက်၍ မပြောဆိုတော့ပေ။
မန်ဖုန့်ကလည်း ပျက်ယွင်းနေသော အမူအရာနှင့်အတူ ခေါင်းညိတ်ပြလိုက်၏။
“နဂါးမျိုးနွယ်ကရော...”
ယင်လန်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို အလောတကြီးကြည့်လိုက်၏။
“ပင်လယ်နဂါးဧကရီက ငါတို့ကိုသစ္စာဖောက်ခဲ့တဲ့အတွက် ချန်နဂါးဧကရာဇ်က သေဆုံးသွားခဲ့ပြီ”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်းမရှိပေ။
ယင်လန်သည် မိုးကြိုးပစ်ချခံရသည့်အလား သူမ၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးသွားလေသည်။
“သုံးရက်တည်းနဲ့... နဂါး... လူရိုင်းနဲ့ ခွန်မျိုးနွယ်တို့က ဒီလိုမျိုးကြီးမားတဲ့ အပြောင်းအလဲကို တွေ့ကြုံခံစားခဲ့ရတယ်ဆိုတော့... အဲ့ဒါကို တစ်ယောက်ယောက်က လုပ်နေတယ်ဆိုတာ အသိသာကြီးပဲ”
လုံရန်က မုန်းတီးစွာဖြင့် ပြောလိုက်၏။
ဖူနဂါးဧကရာဇ်က တည်တံ့စွာ ပြောလိုက်လေသည်။
“ပြဿနာက ငါတို့မျိုးနွယ်သုံးစုက ဧကရာဇ်တွေက ငါ့တို့အပေါ် သစ္စာဖောက်ပြီး သူတို့ထံမှာ ခစားလာအောင် ဘယ်သူ့မှာ အဲ့လိုစွမ်းအားရှိတာလဲ”
“အဲ့ဒါက ချန်နဂါးဧကရာဇ်မသေခင် ပြောခဲ့တဲ့ကပ်ဘေးများဖြစ်နေမလား”
လောင်ကျွမ်းတိမ်စိုင်ဧကရာဇ်က စိုးရိမ်ပူပန်သော အမူအရာတစ်ခုနှင့်အတူ တီးတိုးရေရွတ်လိုက်၏။
“ကျန်တဲ့ ကမ္ဘာဦးမျိုးနွယ် ၅စုဆီကရော ဘာသတင်းရသေးလဲ”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ရုတ်တရက်မေးလိုက်၏။
ရုတ်တရက် မန်ဖုန့်က ပြောလိုက်၏။
“ကောင်းကင်ဘုံမျက်လုံး... ယက္ခနဲ့ သွေးနွယ်ပင် မျိုးနွယ်တို့မှာ ထိပ်သီးဧကရာဇ်သုံးပါး ပေါ်ထွက်လာပြီး သူတို့ရဲတိုက်ခိုက်ရည်ခွန်အားက ငရဲစုန်းဧကရာဇ်နဲ့ ရွှေကျီးကန်းမီးဧကရာဇ်တို့ကို ယှဥ်နိုင်တယ်လို့ငါကြားတယ်”
“အား...”
လုံရန်နှင့် အခြားသူများက တုန်လှုပ်သွားကြ၏။
ပင်လယ်နဂါးဧကရီနှင့် ချန်နဂါးဧကရာဇ်တို့ ထိုအကြောင်းကိုပြောနေစဥ်က သူတို့သည် အနားမှာရှိမနေခဲ့ပေ။
သူတို့သည် ထိုသတင်းကို ကြားသောအခါ ၎င်း၏ နောက်ကွယ်က အန္တရာယ်နှင့် အကျိုးဆက်ကို ချက်ချင်းနီးပါးပင် နားလည်သဘောပေါက်လာကြ၏။
“အဲ့ဒါက ကမ္ဘာဦးမျိုးနွယ် ၅စုပဲဖြစ်ရမယ်”
ဖူနဂါးဧကရာဇ်က သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး အော်ပြောလိုက်၏။
“ငါတို့က ဒီလိုမျိုးကြီးမားတဲ့ အပြောင်းအလဲတွေနဲ့ တွေ့ကြုံနေရတဲ့အချိန်မှာ ကမ္ဘာဦးမျိုးနွယ် ၅ စုကတော့ ဘာမှမဖြစ်ဘူး... အဲ့ဒီအစား သူတို့မှာ ထိပ်သီးဧကရာဇ်တွေတောင် မွေးဖွားပေါ်ထွက်လာသေးတယ်... ကြိုးကိုင်ခြယ်လှယ်သူက ဘယ်သူလဲဆိုတာ သိသာနေပြီ”
“အဲ့လိုပြောလို့ မရသေးဘူး”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူ၏ ခေါင်းကိုခါယမ်း၍ ဘေးတွင်ရှိသော လုံရန်ကိုကြည့်လိုက်၏။
“ဒီလိုမျိုးနည်းလမ်းတွေနဲ့ ခင်ဗျား ရင်းနှီးခဲ့ဖူးတယ် မဟုတ်ဘူးလား”
“မင်းပြောချင်တာက...”
လုံရန်က ရင်တစ်ချက်ထိတ်သွားလေသည်။
“မဟာချွမ်ကပ်ဘေး...”
“ဟုတ်တယ်”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ခေါင်းညိတ်ပြလိုက်၏။
“မဟာချွမ်ကပ်ဘေးပဲ မဟုတ်ဘူး... လွန်ခဲ့တဲ့နှစ်သုံးသောင်းက သားရဲတစ်ထောင်ကပ်ဘေးနဲ့ လွန်ခဲ့တဲ့နှစ်နှစ်သောင်းက ကြယ်တာရာကပ်ဘေးတို့ကလည်း အတူတူပဲ... သူတို့အားလုံးက ဆိုင်းမဆင့်ဗုံမဆင့် ဖြစ်ပွားခဲ့တာချည်းပဲ”
“အဲ့ဒီသွေးရောင်မျက်နှာလား”
လုံရန်၏ မျက်လုံးနှစ်ဖက်က ဒေါသမီးဖြင့် ဝင်းဝင်းတောက်လာပြီး အံကိုကြိတ်လိုက်လေသည်။
“ဘယ်သွေးရောင်မျက်နှာလဲ”
လောင်ကျွမ်းတိမ်စိုင်ဧကရာဇ်နဲ့ အခြားသူများက တွေဝေရှုပ်ထွေးစွာဖြင့် မေးလိုက်၏။
“ငါ့သားရဲ့ သေဆုံးမှုနဲ့ မဟာချွမ်ကပ်ဘေးရဲ့နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်သူက သွေးရောင်မျက်နှာနဲ့ လူတစ်ယောက်ဖြစ်ဖို့များတယ်”
လုံရန်က ပြောလိုက်၏။
“လုံမိုက သားရဲတစ်ထောင်တောင်ကြားမှာ အဲ့ဒီသွေးမျက်နှာကို တစ်ခါမြင်ခဲ့ဖူးတယ်... လွန်ခဲ့တဲ့ နှစ်နှစ်ထောင်က ငါက အဲ့ဒီသွေးမျက်နှာကို တွေ့ဖို့အတွက် သားရဲတစ်ထောင်တောင်ကြားထဲကို သွားခဲ့တယ်... ဒါပေမဲ့ ငါက ဒဏ်ရာအပြင်းအထန် ရရှိပြီး သေလုမတတ် ဖြစ်ခဲ့ရတယ်”
“ဒီတစ်ခေါက် ငါတို့မျိုးနွယ်သုံးစုရဲ့ ကပ်ဘေးက အဲ့ဒီသွေးမျက်နှာကြောင့်ပဲ ဖြစ်လာတယ်လို့ မင်းပြောချင်တာလား”
နီနဂါးဧကရာဇ်က အဲ့ဒါကို လက်မခံနိုင်သေးပေ။
“ဧကရာဇ်တွေကို ဘက်ပြောင်းပြီး ဒီလိုမျိုး အောက်တန်းကျတဲ့ အပြုအမူမျိုး ပြုလုပ်လာအောင် သူ့မှာဘာရှိနေလို့လဲ”
လုံရန်ကလည်း အသံတိတ်သွားလေသည်။
ဧကရာဇ်များမှာ သူတို့၏ မာန်မာနနှင့် ဂုဏ်သိက္ခာရှိလေသည်။
သွေးမျက်နှာက ဘယ်လောက်ပက်သန်မာသည်ဖြစ်စေ သူသည် ပင်လယ်နဂါးဧကရီကို သူတို့ကို သစ္စာဖောက်လာအောင် ဘယ်လိုလုပ်နိုင်တာလဲ။
လုံရန်နှင့် အခြားသူများအတွက်တော့... သူတို့က သေရမည်ဆိုလျှင်တောင် သူတို့က နဂါးမျိုးနွယ်ကို သစ္စာဖောက်ပြီး ချန်နဂါးဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်ရမည့် အောက်တန်းကျသည့်လုပ်ရပ်မျိုးကို ဘယ်တော့မှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကလည်း အဲ့ဒါကို နားမလည်နိုင်ပေ။
သူ့မှာ ဝိုးတဝါးခနိ့မှန်းချက်တစ်ခုရှိလာသော်လည်း အဲ့ဒါက မသေချာပေ။
“ဘာပဲဖြစ်ဖြစ် အဲ့ဒီသွေးမျက်နှာက သားရဲတစ်ထောင်တောင်ကြားမှာရှိနေတယ်ဆိုတာ ငါတို့သိနေတယ်ဆိုမှတော့... ငါတို့က သတ်ဖြတ်ခြင်းနဲ့လမ်းဖောက်ပြီး အဲ့ဒါက ဘယ်သူလဲ သွားကြည့်ကြတာပေါ့”
လောင်ကျွမ်းတိမ်စိုင်နဂါးဧကရာဇ်က တင်းမာခက်ထန်စွာဖြင့်ပြောလိုက်၏။
“အဲ့လိုအခွင့်အရေးမရှိတော့ဘူးထင်တယ်”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ခေါင်းခါပြလိုက်၏။
“ဘာကိုဆိုလိုတာလဲ”
လောင်ကျွမ်းတိမ်စိုင်နဂါးဧကရာဇ်က မေးလိုက်၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ပြောလိုက်လေသည်။
“တစ်ယောက်ယောက်က အရာရာတိုင်းကို နောက်ကွယ်ကနေ ထိန်းချုပ်နေတယ်ဆိုတာကို ငါတို့သိနေတယ်ဆိုရင်တောင်မှ အခုချိန် ငါတို့အဲ့ဒါကို ကိုယ်တွယ်ဖို့အတွက် အချိန်နဲ့စွမ်းအင် ငါတို့မှာ မရှိတော့ဘူး”
“အခုချိန်မှာ ငါတို့က ကမ္ဘာဦးမျိုးနွယ် ၅စုကို ဘယ်လိုကိုင်တွယ်ရမလဲပဲ စဥ်းစားရတော့မယ်”
ထိုနေရာအရောက်တွင် ဧကရာဇ်များက တဖြည်းဖြည်းတည်ငြိမ်လာကြပြီဖြစ်၏။
ကမ္ဘာဦးမျိုးနွယ် ၅ စုသည် သူတို့မျိုးနွယ်သုံးစုမှ ဤကဲ့သို့သော အပြောင်းအလဲများ ဖြစ်ပွားခဲ့သည်ကို သိရှိသွားမည်ဆိုလျှင် သူတို့က သေချာပေါက်ပြုမူလှုပ်ရှားလာပေလိမ့်မည်။
ချန်နဂါးဧကရာဇ်က သေဆုံးသွားပြီး မျိုးနွယ်စုသုံးစုမှ ဧကရာဇ်များသည် ကြီးမားသော ပျက်စီးထိခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရ၏။ ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားလာမည်ဆိုလျှင် သူတို့မျိုးနွယ်သုံးစုက သေချာပေါက် ပျက်သုဥ်းရပေတော့မည်။
“ငါတို့ဘာလုပ်သင့်သလဲ”
မန်ဖုန့်က မေးလိုက်၏။
လူတိုင်း၏ အကြည့်က နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ်သို့ အလိုလိုဆင်းသက်သွားလေသည်။ ထိုအခိုက်အတန့်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဧကရာဇ်တစ်ပါးဖြစ်လာခဲ့ပြီး နဂါးမျိုးနွယ်မှာ အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့လေပြီ။
ချန်နဂါးဧကရာဇ် ၊ လူရိုင်းဧကရာဇ် ၊ ခွန်ဧကရီနှင့် အခြားသော ဧကရာဇ်များက သေဆုံးသွားခဲ့ပြီး သူတို့မှာ ခေါင်းဆောင်မရှိကြတော့ပေ။ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် တဗူးမျိုးဆက်သွေးကိုပိုင်ဆိုင်ထားပြီး အဲ့ဒါကြောင့် သူသည် နဂါးမျိုးနွယ်၏ အသန်မာဆုံးဧကရာဇ်အသစ်ဖြစ်လာခဲ့၏။
ထိုအခိုက်အတန့်မှာ သူသည်သာလျှင် ကမ္ဘာဦးမျိုးနွယ် သုံးစုကို အမိန့်ပေးဖို့ အဆင့်မီပေလိမ့်မည်။