← Chapters

ဧကရာဇ်များ၏ ခေါင်းဆောင်

Vol. 114 Ch. 1700

ဧကရာဇ်များ၏ ခေါင်းဆောင်

Vol. 114 Ch. 1700

“မင်းပြောတာမှားတယ်”

ပုံပြောအဖိုးအိုက ခေါင်းခါပြလိုက်၏။

“အားလုံးပဲ... ခင်ဗျားတို့က ဉာဏ်ရှိတဲ့သူတွေပဲ... အသိုက်ကမှောက်သွားရင် ဥက ဘယ်လိုလုပ် အကောင်းတိုင်းကျန်ရှိနိုင်ပါ့မလ... လူရိုင်းမျိုးနွယ်... နဂါးမျိုးနွယ်နဲ့ ခွန်မျိုးနွယ်တို့က ဖျက်ဆီးခံရမယ်တိုရင်... နောက်ပြီးကျရင် ငါတို့လူသားတွေက သူတို့ရဲ့ပစ်မှတ် ဖြစ်လာလိမ့်မယ်”

ဧကရာဇ်အချို့က အသံတိတ်နေကြ၏။

တကယ်တော့... ဤအဆင့်ထိ ကျင့်ကြံလာနိုင်သူမည်သူမဆို အခြေအနေကို ရှင်းလင်းစွာ နားလည်သဘောပေါက်နိုင်လေသည်။

သို့သော်လည်း သူတို့သည် ဤအဆင့်ထိရောက်ရှိအောင် ကျင့်ကြံဖို့အတွက် မရေမတွက်နိုင်သော ဆင်းရဲဒုက္ခပေါင်းစုံကို တွေ့ကြုံခဲ့ရ၏။

သူတို့၏ အထွတ်အထိပ်၌ သူတို့သည် အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ပြီး ဒဏ္ဍာရီလာ အင်မော်တယ်လောကသို့ တက်လှမ်းဖို့ပင် အခွင့်အရေးတစ်ရပ်ရှိ​လေသည်။

သို့သော်လည်း သူတို့က ကမ္ဘာဦးမျိုးနွယ် ၅စုနှင့် ဆန့်ကျင်မည့်တိုက်ပွဲမှာဝင်ပါမည်ဆိုလျှင် သူတို့သည် သူတို့၏ ကံကြမ္မာများကို ဆက်လက်၍ ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။

ဆူဇီမိုက မည်သည့်အရာမှ ပြောဆိုခြင်းမရှိပေ။

ဧကရာဇ်များကိုမပြောနှင့် ကျင့်ကြံသူအများစုပင်လျှင် ဤသဘောတရားကို နားလည်နိုင်သည်ဟု သူယုံကြည်လေသည်။

ထိုဧကရာဇ်များသည် တွေဝေတုံ့ဆိုင်း၍ ရှေ့သို့ ထွက်မလာလိုသည့် အဓိကအကြောင်းအရင်းမှာ သူတို့သည် ထိုတိုက်ပွဲမှာ သေဆုံးရမည်ကို စိုးရိမ်ပူပန်နေသောကြောင့်ဖြစ်၏။

အတိအကျဆိုရလျှင် သူတို့သည် အထက်ဘုံသို့တက်လှမ်းပြီး ဤလောကကနေ ထွက်ခွာသွားပါက ထျန်ဟွမ်ကုန်းမြေတိုက်မှာရှိသည့် လူသားများက သူတို့နှင့် ဘယ်လိုများပတ်သက်ဦးမှာလဲ။

သူတို့သည် အထက်ဘုံသို့တက်လှမ်းနိုင်သည်နှင့် ဤဧကရာဇ်များသည် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ လူသားများကိုမပြောနှင့် သူတို့၏ ဂိုဏ်းများကိုပင် ဂရုစိုက်ကြတော့မည် မဟုတ်ပေ။

ဧကရာဇ်များအနေဖြင့် အထွတ်အထိပ်ကပ်ဘေးကနေတစ်ဆင့် အင်မော်တယ်ဘုံသို့ တက်လှမ်းဖို့က သူတို့ တစ်ဘဝလုံး လိုက်စားနေသည့်အရာဖြစ်လေသည်။

အဲ့ဒါကြောင့် မျိုးနွယ်စုခေါင်းဆောင်များနှင့် ဧကရာဇ်များကဲ့သို့ ကျင့်ကြံမှုအဆင့်မြင့်မားသော ကျင့်ကြံသူများသည် ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများကြားရှိ တိုက်ပွဲများကို လျစ်လျူရှုထားတတ်ကြလေသည်။

ထာဝရလူသားဧကရာဇ်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးတည်းကသာလျှင် အထက်ဘုံသို့ တက်လှမ်းပြီးနောက် ထျန်ဟွမ်ကုန်းမြေတိုက်ကို ပြန်လည်ဂရုစိုက်ပေလိမ့်မည်။

ကိုယ်တော်ခုံးယွင်က ပြောလိုက်၏။

“တကယ်တော့... အဲ့ဒါက သက်ရောက်ခံရမဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့်ပဲ မဟုတ်ဘူး... မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာတုန်းက နဂါးမျိုးနွယ်က ရှေ့ကိုထွက်ပြီး ငါတို့ကို ကူညီပေးခဲ့တယ်”

“ချန်နဂါးဧကရာဇ်က ကမ္ဘာဦးမျိုးနွယ် ၅ စုကို ဟန့်တားပေးခဲ့တာကြောင့်သာ မဟုတ်ရင် ငါတို့က ပြီးခဲ့တဲ့နှစ်တစ်ထောင်အတွင်း အေးအေးချမ်းချမ်းနဲ့ နေနိုင်ခဲ့မှာ မဟုတ်ဘူး”

“အခု... နဂါးမျိုးနွယ်က ဒုက္ခရောက်နေပြီဆိုတော့... ငါတို့က အဲ့ဒါကို ဘယ်လိုလုပ် လျစ်လျုရှုနိုင်ပါ့မလဲ”

ရုတ်တရက် သည်ဘက်မျိုးဆက်၏ ဓားဧကရာဇ်က မေးလိုက်၏။

“ချန်နဂါးဧကရာဇ်ရှိနေသေးတာကို ကမ္ဘာဦးမျိုးနွယ် ၅စုက ဘယ်လိုလုပ် ရုတ်တရက်တိုက်ခိုက်လာတာလဲ... သူတို့က တကယ်ပဲ အသေအကြေတိုက်ခိုက်ချင်နေကြတာလား”

“ဘာလို့လည်းဆိုတော့... ချန်နဂါးဧကရာဇ်က သေဆုံးသွားပြီမို့လို့လဲ”

ဆူဇီမိုက ထိုအရာကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့်အရာရာတိုင်းကို အသေးစိတ်ပြန်ပြောလိုက်၏။

လက်ရှိ ဧကရာဇ်များအားလုံးက သုန်မှုန်နေသော အမူအရာများရှိလာကြ၏။

“ချန်နဂါးဧကရာဇ်က သေသွားပြီဆိုတော့. ငရဲစုန်းဧကရာဇ်နဲ့ ရွှေကျီးကန်းမီးဧကရာဇ်အပါအဝင် အန္တိမနတ်ဘုရားစွမ်းအားလေးခုကို နားလည်ဆင်ခြင်ထားတဲ့ ထိပ်သီးဧကရာဇ် ၅ပါးကို ငါတို့က ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ”

“ငါ့အထင်တော့... အဲ့ဒါကိုမေ့လိုက်တာကောင်းတယ်... ငါတို့က ရှေ့ကိုထွက်ပြီး ကမ္ဘာဦးမျိုးနွယ် ၃စုကို ကူညီပေးမယ်ဆိုရင်တောင် ငါတို့က ကမ္ဘာဦးမျိုးနွယ် ၅စုရဲ့ ပူးပေါင်းအင်အားကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး”

အစကတော့... ဓားဧကရာဇ်နဲ့ အခြားသူများက လှုပ်ရှားယိမ်းယိုင်လာကြ၏။ သို့သော်လည်း ထိုသတင်းကိုကြားသောအခါ သူတို့က လက်လျှော့လိုက်ကြလေသည်။

ဆူဇီမိုက ပြုံးပြလိုက်၏။

“ခင်ဗျားတို့တွေက ရှေးဟောင်းတိုက်ပွဲမြေမှာ ပုန်းကွယ်နေတာနဲ့ပဲ... အဲ့ဒီကပ်ဘေးကနေ လွတ်မြောက်နိုင်မယ်လို့ ထင်နေကြတာလား”

အဲ့ဒီမှာ ဧကရာဇ်များဝင်မပါလိုသော နောက်ထပ် အရေးကြီးသည့် အကြောင်းအရင်းတစ်ခုရှိလေသည်။

အကြောင်းမှာ ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များသည် ရှေးဟောင်းတိုက်ပွဲမြေသို့ မဝင်ရောက်နိုင်သောကြောင့် ဤနေရာမှာ သူတို့၏ ဘဝအသက်ကို အာမခံပေးနိုင်သောကြောင့်ဖြစ်၏။

“မင်းဘာကိုပြောချင်တာလဲ”

ဓားဧကရာဇ်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

“ချန်နဂါးဧကရာဇ်... ခွန်ဧကရီနဲ့ လူရိုင်းဧကရာဇ်တို့က သူတို့ရဲ့ ဘိုးဘေးကုန်းမြေတွေမှာပဲ အသတ်ခံခဲ့ရတာ... သူတို့က သူတို့မျိုးနွယ်ဝင်တွေရဲ့လက်ထဲမှာပဲ သေဆုံးခဲ့ရတာ... အပြင်လူတွေကြောင့် မဟုတ်ဘူး”

“မင်းတို့တွေက... ရှေးဟောင်းတိုက်ပွဲမြေမှာ ပုန်းကွယ်နေရုံနဲ့ မသေနိုင်ဘူးလို့ အာမခံနိုင်လို့လား”

ထိုစကားကိုကြားသောအခါ လက်ရှိဧကရာဇ်များသည် ရင်တစ်ချက်ထိတ်သွားကြ၏။ သူတို့သည် ဘေးပတ်လည်ကို ကြည့်ရှုပြီး စိုးရိမ်ပူပန်နေသော အမူအရာများနှင့်အတူ သူတို့အချင်းချင်း တဖြည်းဖြည်း လူစုခွဲလိုက်ကြ၏။

တစ်နည်းအားဖြင့်ဆိုလျှင် သူတို့ထဲမှအချို့သည် ရုတ်တရက်ရူးသွပ်လာပြီး လူသားမျိုးနွယ်မှ တခြားဧကရာဇ်များကို သတ်ဖြတ်လာနိုင်သည်ဟု ဆူဇီမိုက ပြောဆိုလိုက်ခြင်းဖြစ်၏။

သူတို့က ပေါ်ပေါ်ထင်ထင်တိုက်ခိုက်ကြမည်ဆိုလျှင် ဧကရာဇ်များကြား သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်ဖို့ ခက်ခဲလေသည်။

သို့သော်လည်း ဧကရာဇ်တချို့က အခြားသောဧကရာဇ်များ သတိမထားမိခင် ချောင်းမြောင်းတိုက်ခိုက်မည်ဆိုပါက ရလဒ်က ကွဲပြားသွားပေလိမ့်မည်။

“သိုင်းဧကရာဇ်... အဲ့ဒါက ဘာအဓိပ္ပါယ်လဲ”

ကိုယ်တော်ကျစ်ဝမ်က မေးလိုက်၏။

“ငါတို့ကြားက ဧကရာဇ်တစ်ပါးက လူသားမျိုးနွယ်ကို သစ္စာဖောက်နိုင်တယ်လို့ပြောတာလား”

“အဲ့လိုတော့... မဖြစ်လောက်ပါဘူး... ဟုတ်တယ်မလား”

ဆူဇီမိုက ပြန်ဖြေခြင်းမရှိဘဲ ဆက်ပြောလိုက်၏။

“နောက်ပြီး... အဲ့ဒီမှာ ခင်ဗျားတို့တွေ သတိထားမိမှာမဟုတ်တဲ့ တခြားတစ်ခုရှိသေးတယ်... ဒီရှေးဟောင်းတိုက်ပွဲမြေမှာ လူသားဧကရာဇ်ချန်ထားရစ်ခဲ့တဲ့... ကန့်သတ်ချိပ်စည်းရဲ့ စွမ်းအားက တဖြည်းဖြည်းအားနည်းလာပြီ”

“ဘာဖြစ်တယ်”

လူသားမျိုးနွယ်မှ ဧကရာဇ်များ၏ အမူအရာက ပြောင်းလဲသွားကြ၏။

သူတို့သည် လူသားဧကရာဇ်၏ ကန့်သတ်ချိပ်စည်းကြောင့်သာ မည်သည့်အရာကိုမှ ငဲ့ကွက်ခြင်းမရှိဘဲ ဤနေရာမှာ ကျင့်ကြံနေနိုင်ခြင်းဖြစ်၏။

ကမ္ဘာဦးမျိုးနွယ်မျ ဧကရာဇ်များက ဤနေရာသို့ ဝင်ရောက်မလာနိုင်သည်အတွက် ဤနေရာက သူတို့၏ နောက်ဆုံး ခိုကွန်းရာဖြစ်လေသည်။

လူသားဧကရာဇ်၏ ကန့်သတ်ချိပ်စည်းက အဆက်မပြတ် အားနည်းလာမည်ဆိုလျှင် အဲ့ဒါက ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များကို တားဆီးပေးနိုင်တော့မည် မဟုတ်ပေ။

“လူသားဧကရာဇ်ရဲ့ ကန့်သတ်ချိပ်စည်းက သမိုင်းတစ်လျှောက် ဘယ်တုန်းကမှ အားမနည်းခဲ့ဘူး... အဲ့ဒါက ဒီဘက်မျိုးဆက်မှာ ဘာလို့ရုတ်တရက်ကြီး အားနည်းလာရတာလဲ”

အဆုံးစွန်အမြုတေဧကရာဇ်က သံသယဝင်သောအမူအရာတစ်ခုကို ထုတ်ဖော်ပြီး မျက်မှောင်ကြုတ်လိုက်၏။

“အထီးကျန်သိုင်းသခင် အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့”

ဆူဇီမိုက လှောင်ရယ်လိုက်၏။

“လွန်ခဲ့တဲ့နှစ်တစ်ထောင်က စီနီယာလူသားဧကရာဇ်က ထျန်ဟွမ်ကုန်းမြေတိုက်ကို ဆင်းသက်လာတော့... သူက ဒီလောကရဲ့ အဟန့်အတားကို ချိုးဖျက်ပြီး ဝင်ရောက်လာခဲ့ရတယ်... အဲ့ဒါကြောင့် အခုဆိုရင်... ကောင်းကင်နဲ့မြေကြီးမှာ ချို့ယွင်းချက်တွေရှိလာပြီး နိယာမတွေက ကသောင်းကနင်းဖြစ်လာပြီ”

“အဲ့ဒီတုန်းက အဲ့ဒါရဲ့ နောက်ဆက်တွဲရလဒ်ကို သူတောင်မှ သေချာမပြောနိုင်ဘူးလို့ လူသားဧကရာဇ်က ပြောခဲ့တယ်”

“ဒါပေမဲ့... အဲ့ဒီ အကျိုးဆက်တွေထဲက တစ်ခုကတော့ ရှေးဟောင်းတိုက်ပွဲမြေမှာရှိတဲ့ အာကာသချိပ်စည်းရဲ့စွမ်းအားက အဆက်မပြတ်အားနည်းလာတာပဲ... ခင်ဗျားတို့တွေရဲ့ စိတ်ဝိညာဥ်အသိစိတ်ကိုသုံးပြီး ထောက်လှမ်းကြည့်မယ်ဆိုရင်... ကျုပ်ပြောနေတာ မှန်လား မမှန်လား သိရမှာပေါ့”

ဆူဇီမို၏ စကား မဆုံးသေးခင်မှာပင် လူသားမျိုးနွယ်မှ ဧကရာဇ်အချို့သည် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို ထုတ်ဖော်ပြီး ဤလောက၏ ကန့်သတ်ချုပ်နှောင်မှုကို စစ်ဆေးကြည့်လိုက်ကြ၏။

ဧကရာဇ်အချို့၏ အမူအရာများက အလွန်တရာပျက်ယွင်းသွားကြ၏။

ယခုအချိန်မှာ သူတို့ရှေ့တွင် ရွေးချယ်စရာနှစ်ခုသာလျှင်ရှိတော့လေသည်။

သူတို့သည် အထီးကျန်သိုင်းသခင်နောက်ကိုလိုက်ပါပြီး နဂါးမျိုးနွယ် ၊ ခွန်မျိုးနွယ် ၊ လူရိုင်းမျိုးနွယ်တို့နှင့် ပူးပေါင်းကာ ကမ္ဘာဦးမျိုးနွယ် ၅စုကို ဆန့်ကျင်တိုက်ခိုက်ဖို့ဖြစ်၏။

မဟုတ်ပါက သူတို့သည် နဂါးမျိုးနွယ် ၊ ခွန်မျိုးနွယ်နှင့် လူရိုင်းမျိုးနွယ်တို့ ဖျက်ဆီးခြေမှုန်းခံရသည်ကို စောင့်နေရုံသာတတ်နိုင်လေသည်။ အဲ့ဒီအခါ... ကမ္ဘာဦးမျိုးနွယ် ၅စု မှဧကရာဇ်များသည် သူတို့ကို သတ်ဖြတ်ဖို့အတွက် ဤနေရာသို့ ရောက်ရှိလာပေလိမ့်မည်။

အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ခြင်းက အလွန်တရာအရေးကြီးပြီး ပြီးပြည့်စုံစွာ ပြင်ဆင်မှုများမရှိဘဲ မည်သူကမှ အဲ့ဒါကို ကြိုးပမ်းကြည့်ရဲလိမ့်မည်မဟုတ်ပေ။

ကောင်းကင်ဘုံကပ်ဘေးသည် သာမန်စွမ်းအားမဟုတ်ပေ။ လူတစ်ယောက်က အဲ့ဒါကို ခံနိုင်ရည်မရှိဘူးဆိုလျှင် သူတို၏ ဝိညာဥ်များက နေရာမှာပင် ဖျက်ဆီးခံရပေလိမ့်မည်။

ကိုယ်တော်ခုံးယွင်က ပြောလိုက်၏။

“ကျုပ်ကတော့ နဂါးမျိုးနွယ်နဲ့ပူးပေါင်းဖို့ သဘောတူတယ်”

သူက ပြောရင်းရှေ့သို့ထွက်ရပ်လိုက်၏။

“ကျုပ်လည်း သဘောတူတယ်”

ကိုယ်တော်ကျစ်ဝမ်ကလည်း နောက်ကနေ ​ထပ်ကြပ်မကွာလိုက်ပါလာ၏။

နှင်းပုံတောင်ကြားနှင့် ပဒေသရာဇ်နန်းတော်မှ ဧကရာဇ်များအပါအဝင် အခြားဆယ်ယောက်ကျော်က ရှေ့သို့ထွက်လာကြ၏။

ဓားဧကရာဇ်နှင့်​ အခြားသူများကလည်း အကြည့်ချင်းဖလှယ်ပြီး ဆုံးဖြတ်ချက်ချလိုက်ကြ၏။ ယခုချိန်မှာ သူတို့တွင် ရွေးချယ်စရာနှစ်ခုသာရှိလေသည်။ အဲ့ဒါက မျှော်လင့်ချက်တစ်မျှင်အတွက် စတင်တိုက်ခိုက်ဖို့နှင့် သေဖို့ကိုစောင့်နေဖို့ဖြစ်လေသည်။ ဓားဧကရာဇ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ငါတို့က... နဂါးမျိုးနွယ်နဲ့ ပူးပေါင်းပေးနိုင်တယ်... ဒါပေမဲ့ သိုင်းဧကရာဇ်... မင်းက ခေါင်းဆောင်လုပ်မယ်ဆိုလို့ရှိရင် လူတိုင်းက လက်ခံမယ်လို့ ငါမထင်ဘူး”

ဒေါင်ဖန်လှံဧကရာဇ်ကလည်း လှောင်ရယ်လိုက်၏။

“သိုင်းဧကရာဇ်... မင်းက ဧကရာဇ်ဘွဲ့ကို ခံယူခါစပဲရှိသေးတယ်... မင်းက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကိုပဲ နားလည်ဆင်ခြင်ထားတာ... နောက်ပြီး အဲ့ဒါက တိုက်ခိုက်ရည်ခွန်အား များများစားစား မရှိတဲ့ ထာဝရအသက်ဓာတ်ပဲ... ဒီမှာရှိတဲ့ ဧကရာဇ်တွေအကုန်လုံးက မင်းထက်စာရင် ဧကရာဇ်တွေအားလုံးရဲ့ ခေါင်းဆောင်ဖြစ်လာဖို့ အဆင့်ပိုမီတယ်”

“သိုင်းဧကရာဇ်က လူသားဧကရာဇ်ရဲ့ ဘွဲ့ကို အမွေခံထားပြီး သူက ဒီဘက်မျိုးဆက်ရဲ့ လူသားဧကရာဇ်ပဲ... ငါက သိုင်းဧကရာဇ်ကို ငါ့ရဲ့အစွမ်းကုန်ရှိသမျှနဲ့ ထောက်ပံ့ပေးရမယ်”

ပုံပြောအဖိုးအိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

ပုံပြောအဖိုးအိုသည် အန္တိမနတ်ဘုရားစွမ်းအား လေးခုကို နားလည်ဆင်ခြင်ထားလေသည်။ ထိုအခိုက်အတန့်မှာ သူသည် ဆူဇီမိုထံ အညံ့ခံဖို့ရွေးချယ်လိုက်၏။ အဲ့ဒါက အလွန်တရာအားကောင်းသည့် အထောက်အပံ့ဖြစ်လေသည်။

“ဟီးဟီး”

ရှီမန်ကြေးမုံဧကရာဇ်က ခြောက်ကပ်စွာရယ်မောလိုက်၏။

“ဂမ္ဘီရဧကရာဇ်က လူသားဧကရာဇ်နန်းတော်ရဲ့ အရိုက်အရာဆက်ခံသူဆိုတော့... သူက အထီးကျန်သိုင်းသခင်ရဲ့စကားကို နားထောင်မှာပေါ့... ဒါပေမဲ့ ငါတို့က ဘာမှမပတ်သက်ဘူး... အခုမှဧကရာဇ်ဖြစ်လာတဲ့လူတစ်ယောက်က အခြားဧကရာဇ်တွေကို အမိန့်ပေးစေခိုင်းချင်တယ်ဆိုရင် အဲ့ဒါက တကယ့်ကို ရယ်စရာကောင်းနေလိမ့်မယ်”

“သိုင်းဧကရာဇ်က ဧကရာဇ်ဘွဲ့ကို ခံယူထားတာမကြာသေးဘူးဆိုပေမဲ့ သူက အဲ့ဒီဘွဲ့ကို ခံယူတုန်းက ယွီဧကရာဇ်နဲ့ လျှို့ဝှက်ဧကရာဇ်တို့ကို သတ်ဖြတ်ခဲ့တယ်... သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားကို ဘယ်သူက ယှဥ်နိုင်မှာလဲ”

နှင်းပုံတောင်ကြား၏ ဧကရာဇ်က ဆူဇီမိုဘက်ကနေ ထွက်၍ပြောလိုက်လေသည်။

“အဲ့လိုပြောလို့ ဘယ်ရမလဲ”

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဖူဧကရာဇ်က မကောင်းဆိုးဝါးဆန်ဆန်ပြုံးလိုက်လေသည်။

“ငါက သိုင်းဧကရာဇ်နဲ့ လက်ရည်စမ်းပြီး သူ့ရဲ့အစွမ်းအစကို စမ်းကြည့်ချင်တယ်”

All Chapters