ကြယ်ကြွေခြင်း
Vol. 114 Ch. 1702
သီယွီသည် အန္တိမနတ်ဘုရားစွမ်းအားသုံးခုကို နားလည်ဆင်ခြင်ပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သူနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ရုံသာရှိလေသည်။ သို့သော် ယခု... ရှုံးဧကရာဇ်သည် အန္တိမနတ်ဘုရားစွမ်းအားလေးခုကို နားလည်ဆင်ခြင်ထားပြီး သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသားကို ထိုးဖောက်နိုင်ခဲ့ပြီဖြစ်၏။
ဆူဇီမိုက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကိုသာ နားလည်ဆင်ခြင်ရသေး၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအနေဖြင့် တိုးတက်လာဖို့ များစွာလိုသေးလေသည်။
အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်တိုင်း... စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်ပြီး သူ၏အသား ၊ အရိုး ၊ အရွတ်များနှင့် သူ၏ အမြုတေစိတ်ဝိညာဥ်ကို မီးဆေးပေးမည်ဖြစ်၏။
နှစ်ဘက်စလုံးသည် ဧကရာဇ်များဖြစ်သော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့် ကွာဟချက်က ကြီးမားနေဆဲ ဖြစ်၏။
ချွမ်း...
သို့သော်လည်း ကြယ်အလင်းရောင်က ဆူဇီမိုကို ရိုက်ခတ်တော့မည့်ဆဲဆဲမှာပင် သူ၏ နှာရောင်ကနေ အစိမ်းရောင်အလင်းတစ်ခုတောက်ပလာပြီး ကျောက်စိမ်းရောင်ကြာခုံတစ်ခုက ပျံသန်းထွက်ပေါ်လာကာ ကြယ်အလင်းရောင်နှင့် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်သွား၏။
မီးပွားများက စင်ထွက်သွားလေသည်။
ကောင်းကင်စင်ရောင်ဂိုဏ်းမှ ရှုံးဧကရာဇ်၏ ဓမ္မရတနာဓားသည် ၎င်း၏ အစစ်အမှန်သွင်ပြင်သို့ ပြောင်းလဲသွားပြီး လွင့်စင်ထွက်သွား၏။
ဓမ္မရတနာများ၏ စွမ်းအားသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ဖြတ်ကျော်လာပြီးနောက် ထက်ဝက်လျော့ကျသွားကာ ၎င်းသည် ဖန်တီးခြင်းကြာခုံ၏ ထိတွေ့ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိတော့ပေ။
တစ်ချိန်တည်းမှာပင် အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက တလိပ်လိပ်တိုးဝင်လာ၏။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဖူဧကရာဇ်က ဆူဇီမို၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ သူ၏ လက်ကောက်ဝတ်ကို လှုပ်ခါပြီး အလွန်တရာ ထူးဆန်းသော ဆေဘာနည်းစနစ်တစ်ခုကို အသုံးပြုကာ ဆူဇီမိုကို ပင့်ထိုးလိုက်လေသည်။
ဆူဇီမိုက လှည့်မလာနိုင်ခင်မှာပင် သူ၏ လက်တစ်ဖက်လုံးက ဆင်တစ်ကောင်၏ နှာမောင်းကဲ့သို့ သူ၏ နောက်ဘက်သို့ ရုတ်တရက်လွှဲရိုက်လာခဲ့၏။ ၎င်းသည် ဖူဧကရာဇ်၏ ဆေဘာကို ရစ်ပတ်၍ ဆွဲခါလိုက်၏။
ဇီ...
ဆေဘာက တုန်ခါသွားလေသည်။
ဖူဧကရာဇ်က ထိတ်လန့်သွားပြီး စွမ်းအားကြီးမားသော ဆုတ်ဖြဲအားတစ်ခုကို ခံစားလိုက်ရ၏။ သူသည် သူ၏ ဓမ္မရတနာဆေဘာကို ကောင်းကောင်းဆုပ်မကိုင်နိုင်တော့ဘဲ ၎င်းက သူ့လက်ထဲကနေ လျှောထွက်လာ၏။
သူသည် ဆေဘာကို အလောတကြီးရုပ်သိမ်းပြီး နောက်သို့ ခုန်ဆုတ်လိုက်လေသည်။
ဆူဇီမိုကလည်း တစ်ချိန်တည်းမှာပင် သူ၏ လက်ဖဝါးကို ပြန်ရုပ်လိုက်၏။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ဖူဧကရာဇ်၏ စွမ်းအားသည်လည်း ဆူဇီမိုမျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့လေပြီ။ အန္တိမသားရဲနတ်ဆိုးကျင့်စဥ်မှ လျှို့ဝှက်အတတ်သည် ဖူဧကရာဇ်၏ လက်ထဲမှ ဆေဘာကို လုယူနိုင်ခြင်း မရှိခဲ့ပေ။
“အထီးကျန်သိုင်းသခင်... ငါ့ရဲ့တိုက်ခိုက်မှုဘယ်လောက်များများကို မင်းခုခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
ကောင်းကင်စင်ရောင်ဂိုဏ်း၏ ရှုံးဧကရာဇ်က မလှမ်းမကမ်းမှာ မတ်တတ်ရပ်ပြီး သူ၏ ဓမ္မရတနာဓားကို လှည့်ပတ်လိုက်၏။ ၎င်းက ကျိန်းစပ်နေသော အလင်းတန်းတစ်ခုအဖြစ် စုဖွဲ့သွားပြီး ဆူဇီမိုထံသို့ နောက်တစ်ဖန် ထိုးစိုက်လာခဲ့၏။
“မင်းက... အဲ့ဒီသတ္တုပျက်နဲ့ ငါ့ကို သတ်ချင်သေးတယ်ပေါ့... မင်းက တကယ့်ကို နုံအနေတာပဲ ဖြစ်ရမယ်”
ဆူဇီမိုက စိတ်လက်ပေါ့ပါးသော အမူအရာနှင့်အတူ တည်ငြိမ်စွာပြုံးလိုက်၏။
ကောင်းကင်စင်ရော်ဂိုဏ်း၏ ရှုံးဧကရာဇ်က အာရုံစိုက်၍ ကြည့်လိုက်၏။ ဆူဇီမို၏ လက်ဖဝါးပေါ်ရှိ ဓားဒဏ်ရာက သက်သာပျောက်ကင်းလာခဲ့ပြီကို သူက မြင်လိုက်ရလေသည်။
“ဟမ့်...”
ဧကရာဇ်လေးဦးက တိတ်တဆိတ် ထိတ်လန့်သွားကြ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ပြန်လည်ကုသနိုင်စွမ်းက အရမ်းကို သန်မာအားကောင်းလေသည်။
ဆူဇီမိုသည် ထာဝရအသက်ဓာတ်၏ အန္တိမနတ်ဘုရားစွမ်းအားကို လှည့်ပတ်ထားခြင်းမရှိသော်လည်း ဓမ္မရတနာများကနေ ဖြစ်ပေါ်လာသည့်ဒဏ်ရာများသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အခြေခံအုတ်မြစ်ကို မထိခိုက်စေနိုင်ပေ။
ဖောက်...
သူ၏ လက်ဗလာနှင့်အတူ ဆူဇီမိုသည် ကောင်းကင်စင်ရော်ဂိုဏ်းမှ ရှုံးဧကရာဇ်၏ ဓားအလင်းတန်းကို နောက်တစ်ဖန်လွင့်စင်ထွက်သွားစေ၏။
သူ၏ လက်ဖဝါးက နောက်တစ်ဖန် ဒဏ်ရာရရှိသွားသော်လည်း ထိုဒဏ်ရာသည် မြင်နိုင်သောနှုန်းထားဖြင့် ကုသခံလာရပြီး အသက်ရှုချိန်အနည်းငယ်အတွင်းမှာ အပြည့်အဝ ပြန်ကောင်းသွား၏။
“သတ်...”
ဧကရာဇ်လေးဦးက တစ်ချိန်တည်းမှာ တိုက်ခိုက်လာကြ၏။ သူတို့၏ မူပိုင်ဓမ္မရတနာများအပြင် သူတို့သည် အခြားသောဓမ္မရတနာများကို ဆင့်ခေါ်ထုတ်ပြီး ဆူဇီမို၏ ဘေးပတ်လည်မှာ တရိပ်ရိပ်လှုပ်ရှား၍ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြ၏။
ဆူဇီမိုသည် ဧကရာဇ်လေးဦးနှင့် အဆက်မပြတ် တိုက်ခိုက်ဖို့အတွက် ဖန်တီးခြင်းကြာခုံနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအပေါ်သာ မှီခိုနေ၏။
သိပ်မကြာခင် ဆူဇီမိုသည် တိုက်ပွဲနယ်မြေမှာ ဒဏ်ရာများဖြင့် ပြည့်နှက်လာခဲ့၏။
သို့သော်လည်း သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စွမ်းအားကြီးမားသော အသက်ဓာတ်အားနှင့် ပြန်လည်ကုသနိုင်စွမ်းနှင့်အတူ ဧကရာဇ်လေးပါး ဝန်းရံပိတ်ဆို့ထားသည့်ကြားမှ ဆူဇီမို၏ တိုက်ခိုက်မှုက ပို၍ကြမ်းကြုတ်ခက်ထန်လာ၏။
“ရှုံးဧကရာဇ်နဲ့ ဖူဧကရာဇ်တို့က တကယ်ကြီး အန္တိမနတ်ဘုရားစွမ်းအား လေးခုကို နားလည်ဆင်ခြင်ထားတာပဲ... သူတို့က ဘယ်လိုအခွင့်အလမ်းမျိုးကို ရရှိခဲ့တာပါလိမ့်”
“ငါလည်း မပြောတတ်ဘူး... လှံဧကရာဇ်နဲ့ ကြေးမုံဧကရာဇ်ကလည်း အန္တိမနတ်ဘုရားစွမ်းအား သုံးခုစီကို နားလည်ဆင်ခြင်ထားကြပြီ... သူတို့က ရှေးဟောင်းခေတ်က ဧကရာဇ်တွေနဲ့တောင် ယှဥ်နိုင်နေပြီ”
ရှေးဟောင်းခေတ်တုန်းက မိုးကြိုးဧကရာဇ် ၊ ဆေဘာဧကရာဇ်နှင့် ဗုဒ္ဓဧကရာဇ်တို့ပင်လျှင် အန္တိမနတ်ဘုရားစွမ်းအား သုံးခုကိုသာ နားလည်ဆင်ခြင်နိုင်ခဲ့၏။
“ထူးဆန်းတယ်... သိုင်းဧကရာဇ်မှာ လူသားဧကရာဇ်ချိပ်စည်းရှိတယ်မလား... သူက အဲ့ဒါကို ဘာလို့မထုတ်ဖော်သေးတာလဲ”
ကိုယ်တော်ခုံးယွင်က တွေဝေရှုပ်ထွေးနေ၏။
ဆူဇီမိုမှာ တကယ်ပင် လူသားဧကရာဇ်ချိပ်စည်းရှိလေသည်။
ဒါ့အပြင် သူက လူသားဧကရာဇ်ချိပ်စည်းကို ဆင့်ခေါ်လိုက်မည်ဆိုပါက ကြယ်အလင်းဓားနှင့် ရှေးဟောင်းကြေးမုံသည် အပြတ်အသတ် ဖိနှိမ်ခံရမည်ကို သူသေချာသိလေသည်။
သူသည် လူသားဧကရာဇ်ချိပ်စည်းကို မဆင့်ခေါ်ခဲ့သည့် အကြောင်းရင်းမှာ သူသည် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို မီးဆေးပြီး ဤအချိန်အတောအတွင်း သူ့ကျင့်ကြံထားသည့် အန္တိမနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်လိုသောကြောင့်ဖြစ်၏။
ခေါင်းသုံးလုံး လက်ခြောက်ဖက်...။
ခေါင်းသုံးလုံး လက်ခြောက်ဖက်၏ အမွေအနှစ်က လူသားဧကရာဇ်ချိပ်စည်းပေါ်မှာရှိလေသည်။
အဲ့ဒါက အဓိကအချက် မဟုတ်ပေ။ ပို၍အရေးကြီးသည်မှာ မျိုးနွယ်စုတစ်သောင်း စုဝေးပွဲတုန်းက ထာဝရလူသားဧကရာဇ်သည် ဤအန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ဖို့အတွက် အစိမ်းရောင်ကြာပန် အစစ်အမှန်ခန္ဓာကို အသုံးပြုခဲ့ဖူးလေသည်။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ခေါင်းသုံးလုံး လက်ခြောက်ဖက်၏ မှတ်ဉာဏ်များကို အစကတည်းက လက်ခံရရှိထားခဲ့ပြီးသားဖြစ်၏။
ထိုအချိန်တုန်းက ဆူဇီမို၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်သည် သူ၏ အသိစိတ်ထဲမှာ ထိုအန္တိမနတ်ဘုရားစွမ်းအား ထုတ်ဖော်ခြင်း ဖြစ်စဥ်တစ်ခုလုံးကို တွေ့ကြုံခံစားခဲ့ရ၏။
နောက်ထပ်အချက်တစ်ချက်မှာ ဆူဇီမိုသည် ဓမ္မဝိသေသအဆင့်မှာရှိခဲ့စဥ်က သူသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသုံးခုကို ကျင့်ကြံခဲ့ပြီး ထိုအန္တိမနတ်ဘုရားစွမ်းအား၏ ကနဦးပုံစံကို ပိုင်ဆိုင်ထားခဲ့ပြီးလေပြီ။
အန္တိမနတ်ဘုရားစွမ်းအားများကြားမှာ သူနားလည်ဆင်ခြင်နိုင်ဖို့ ဖြစ်နိုင်ခြေအရှိဆုံးက ခေါင်းသုံးလုံးလက်ခြောက်ဖက် ဖြစ်လေသည်။
“အားလုံးပဲ.. သိုင်းဧကရာဇ်ရဲ့ ခန္ဓာကိုယ်က ကောင်းကင်နဲ့မြေကြီးရဲ့ ဖန်တီးခြင်းပဲ... သာမန်ဓမ္မရတနာတွေက သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိနိုင်ဖို့ခက်ခဲလိမ့်မယ်... ငါတို့တွေက ငါတို့ရဲ့ နတ်ဘုရားစွမ်းအားတွေကို အသုံးပြုမှရမယ်”
ကောင်းကင်စင်ရော်ဂိုဏ်း၏ ရှုံးဧကရာဇ်က အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“အဲ့လိုပဲ လုပ်ရတော့မှာပေါ့”
ဒေါင်ဖန်လှံဧကရာဇ်က သဘောတူထောက်ခံလိုက်၏။
“ကြယ်ကြွေခြင်း”
တစ်ချိန်တည်းနီးပါးမှာပင် ကောင်းကင်စင်ရော်ဂိုဏ်းနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဧကရာဇ်တို့က သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို လှည့်ပတ်ပြီး သူတို့၏ လက်နှစ်ဖက်ဖြင့် လျှို့ဝှက်ဆန်းကြယ်သောလမ်းကြောင်းများကို ရေးဆွဲလိုက်ကြ၏။ သူတို့သည် မိုးကောင်းကင်ထက်သို့ စေညွှန်ပြီး အော်ဟစ်လိုက်၏။
မရေမတွက်နိုင်သော ကြယ်များက မိုးကောင်းကင်ထက်မှာ အကန့်အသတ်မဲ့စွာပေါ်ထွက်လာ၏။
ကြယ်များသည် သူတို့၏ ဝေဟင်လမ်းကြောင်းများကို ရေးဆွဲပြီး ဥက္ကာခဲများကဲ့သို့ မြေပြင်ပေါသို့ ပစ်ကျလာကာ နေရာတစ်ခွင် အုပ်မိုးသွားလေသည်။
အန္တိမနတ်ဘုရားစွမ်းအား ကြယ်ကြွေခြင်း...။
ထိုနတ်ဘုရားစွမ်းအားသည် ကောင်းကင်ထက်မှ ဆင်းသက်လာနိုင်သည့် ကြယ်များစွာကို စုဖွဲ့နိုင်ပြီး လောကကို ဖျက်ဆီးပစ်နိုင်လေသည်။
ကြယ်တစ်ချက်ကြွေခြင်းက လောကကိုတုန်လှုပ်သွားစေဖို့ လုံလောက်လေသည်။
ယခုအခါမှာတော့ ထိုအန္တိမနတ်ဘုရားစွမ်းအား၏ ဖြစ်စဥ်နှစ်ခုက တစ်ချိန်တည်းမှာ ဆင်းသက်လာခဲ့၏။
ရှေးဟောင်းတိုက်ပွဲမြေတစ်ခုလုံးက တုန်ခါလာခဲ့၏။
ဧကရာဇ်များ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး ကြွေကျလာသောကြယ်များ၏ ထိမှန်ခြင်းခံရမည်ကို စိုးရိမ်သည့်အတွက် တစ်ယောက်ပြီးတစ်ယောက် နောက်သို့ ဆုတ်ခွာသွားကြ၏။
ဆူဇီမိုက တောက်လောင်ပြင်းပြသောအကြည့်နှင့်အတူ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။
ထိုအန္တိမနတ်ဘုရားစွမ်းအားသည် ရှောင်လွှဲ၍ မရနိုင်ဘဲ သူက အဲ့ဒါကို ထိပ်တိုင်ရင်ဆိုင်ဖို့သာ တတ်နိုင်လေသည်။
“သတ်...”
ဆူဇီမိုသည် ကောင်းကင်ထက်သို့ ဟိန်းဟောက်ရင်း သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ကာ ဓားကွက်တစ်ခုကို ထုတ်ဖော်လိုက်၏။
ရုတ်တရက် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ တစ်သိန်းရှစ်ထောင်က သူ၏ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာ၏။ သူတို့သည် အလျှံညီးညီး တောက်လောင်နေပြီး ကောင်းကင်ကိုဖီဆန်ကာ ကြွေကျလာသော ကြယ်များဆီသို့ ပစ်ဝင်သွားလေသည်။
ဘောက်... ဘောက်... ဘောက်....
အဖြူရောင်ဓားအလင်းတန်းများက ကြွေကျလာသော ဥက္ကာခဲများနှင့် ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သော မြည်သံများထွက်ပေါ်လာ၏။
မရေမတွက်နိုင်သော ကြယ်များက လေထဲမှာ ပေါက်ကွဲထွက်သွားလေသည်။
သို့သော်လည်း အဲ့ဒါသည် ဘာပဲပြောပြော အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်ပြီး ထိုဖြစ်စဥ်နှစ်ခုက တစ်ချိန်တည်းမှာ ဆင်းသက်လာခြင်းဖြစ်၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီတစ်ခုတည်းက အဲ့ဒါကိုခုခံဖို့ မလုံလောက်ပေ။
သိပ်မကြာခင် ဆူဇီမိုသည် ကြယ်အလင်းတန်းပေါင်းများစွာကြားမှာ နစ်မြုပ်သွားလေသည်။
ဘုန်း... ဘုန်း.... ဘုန်း...
အဲ့ဒီမှာ ကျယ်လောင်သောမြည်သံများ ထွက်ပေါ်လာ၏။
ဆူဇီမို၏ ပုံရိပ်က လုံးဝပျောက်ကွယ်သွားပြီး တိုက်ပွဲနယ်မြေတစ်ခုလုံးက ရှုပ်ထွေးနောက်ကျိသွားလေသည်။ ကြယ်များက ပစ်ဝင်ကျဆင်းလာပြီး ကြီးမားသော တွင်းချိုင့်များဖြစ်ပေါ်ကာ ကျောက်ခဲများက လွင့်စင်၍ ဖုန်များက တထောင်းထောင်ထလာ၏။
“သိုင်းဧကရာဇ်က ကြိတ်ခြေခံရပြီး သေသွားပြီများလား”
“ပြောဖို့တော့ခက်တယ်... အဲ့ဒီအန္တိမနတ်ဘုရားစွမ်းအား နှစ်ခုက တစ်ချိန်တည်းမှာ ဆင်းသက်လာတာ... ဂမ္ဘီရဧကရာဇ်တောင် အဲ့ဒါကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
ဘေးပတ်ဝန်းကျင်ရှိ ဧကရာဇ်များက စိုးရိမ်ကြောင့်ကြသော အမူအရာများနှင့်အတူ တိုက်ပွဲနယ်မြေကို စိုက်ကြည့်နေကြ၏။
ဘုန်း..
ရုတ်တရက်ဆိုသလို...
တိုက်ပွဲနယ်မြေ၏ အလယ်မှာ မရေမတွက်နိုင်သော ကျောက်ခဲများက ပေါက်ကွဲထွက်သွားပြီး မြေစိုင်ခဲများက အဘက်ဘက်သို့ လွင့်စင်ကာ အစိမ်းရောင်အလင်းတောက်တောက်နှင့်အတူ သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။
ဆူဇီမိုသည် သူ၏ ဦးခေါင်းထက်ရှိ ဖန်တီးခြင်းကြာခုံနှင့်အတူ လေထုကို ဆုတ်ဖြဲလာခဲ့၏။ သူ့ကို စွမ်းမားကြီးမားသော နတ်ဘုရားစွမ်းအားများက လှည့်ပတ်နေပြီး သူ၏ ခန္ဓာကိုယ်က ကြွယ်ဝသော အသက်ဓာတ်အားတစ်ခုနှင့်အတူ တရုန်းရုန်းထကြွလာ၏။
သူသည် အနည်းငယ်ဆိုးဆိုးဝါးဝါးပုံပေါက်နေသော်လည်း ဆူဇီမို၏ ဒဏ်ရာများက အလျင်အမြန် သက်သာပျောက်ကင်းလာ၏။
ဖန်တီးခြင်းကြာပဒုမ္မာနှင့် ထာဝရအသက်ဓာတ်...။