ဧကရာဇ်များကို သတ်ဖြတ်ခြင်း
Vol. 114 Ch. 1704
တစ်ခဏချင်းမှာပင် ဆူဇီမိုသည် တိုက်ပွဲနယ်မြေ၏ အလယ်မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိလာခဲ့ပြီး သူ၏ အော်ရာက အဆက်မပြတ်မြင့်တက်လာခဲ့၏။
ခေါင်းသုံးလုံး လက်ခြောက်ဖက်သည် လူသားဧကရာဇ်ကို ရှေးဟောင်းခေတ်မှာ နာမည်ကြီးကျော်ကြားစေခဲ့သော အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်လေသည်။
ထိုအန္တိမနတ်ဘုရားစွမ်းအားကြောင့်ပင် ထာဝရလူသားဧကရာဇ်သည် ကမ္ဘာဦးမျိုးနွယ်များ၏ ထိပ်သီးဧကရာဇ်များစွာကို တစ်ယောက်တည်း ဖိနှိမ်ပြီး ရှေးဟောင်းခေတ်မှာ စိုးမိုးခြယ်လှယ်နိုင်ခဲ့ခြင်းဖြစ်၏။
နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ၏အသား ၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဥ်ကိုပါ အဆက်မပြတ် မီးဆေးပေးလာခဲ့၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ပို၍ပင်သန်မာလာခဲ့၏။
နတ်ဘုရားတစ်ပါးဆင်းသက်ရောက်ရှိလာသည့်အလား ဆူဇီမို၏ ခန္ဓာကိုယ်ကနေ အစိမ်းရောင်အလင်းရောင်ခြည်များ ဖြာထွက်လာခဲ့၏။
ခေါင်းသုံးလုံး လက်ခြောက်ဖက်၏ စွမ်းအားက အပြည့်အဝထွက်ပေါ်မလာခင်မှာပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် တုန်လှုပ်စရာကောင်းသော အသွင်ပြောင်းလဲမှုတစ်ရပ်ကို ဖြတ်ကျော်ခဲ့ပြီးလေပြီ။
သည့်ယခင်က ကောင်းကင်စင်ရော်ဂိုဏ်းမှ ရှုံးဧကရာဇ်၏ ကြယ်အလင်းစွမ်းအားဖြစ်စေ ၊ ဒေါင်ဖန်လှံဧကရာဇ်၏ အနက်ရောင်လှံဖြစ်စေ သူတို့နှစ်ခုစလုံးက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ထိုးဖောက်နိုင်လေသည်။
သို့သော် ယခုအခါ... အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုဖြင့် ဆေးကြောသန့်စင်ပြီးနောက် ဧကရာဇ်လေးပါး၏ မူပိုင်ဓမ္မရတနာများသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ဆက်လက်၍ မထိခိုက်စေတော့ပေ။
နေရာမှာပင် မတ်တတ်ရပ်ရင်း ဆူဇီမိုသည် သူ၏ လက်ခြောက်ဖက်ကို လက်သီး ၊ လက်ဝါး ၊ လက်ညိုးနှင့် လက်သည်းပုံစံတို့အဖြစ် ဝေ့ယမ်းကာ ဝင်ရောက်လာသော ဓမ္မရတနာနှင့်လက်နက်များကို လက်ဗလာဖြင့်ပင် ပိတ်ဆို့တားဆီးနေ၏။
ချွမ်.... ချွင်....
ဧကရာဇ်လေးပါး၏ ဓမ္မရတနာများသည် ပြန်ကန်ထွက်သွားပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက လုံးဝထိခိုက်ခံရခြင်း မရှိပေ။
ဧကရာဇ်လေးပါး၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွား၏။
ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်နေသော ထိုစွမ်းအားက ရပ်တန့်သွားခြင်းမရှိဘဲ အလျင်အမြန် မြင့်တက်လာနေဆဲ ဖြစ်သည်ကို သူတို့က ရှင်းလင်းစွာခံစားမိနေဆဲ ဖြစ်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ထိုအန္တိမနတ်ဘုရားစွမ်းအား၏ ဆေးကြောသန့်စင်မှုကို ခံယူအပြီး၌ ဆူဇီမိုက ဘယ်လောက်တောင် သန်မာလာမလဲ သူတို့ပင်လျှင် မသိရပေ။
သေချာသည့် တစ်ခုတည်းသောအရာမှာ ထိုအချိန်ကျလျှင် သူတို့သည် ဆူဇီမိုကို လုံးဝ ယှဥ်နိုင်တော့မည်မဟုတ်ပေ။
“ပြတ်စမ်း”
ဆူဇီမိုက ဖန်တီးခြင်းကြာခုံကို ဆုပ်ကိုင်ပြီး ၎င်းကို သူ၏ ဘေးမှာ လှည့်ပတ်နေသော နက်မှောင်နေသော လှည်းဘီးများဆီသို့ ပစ်ပေါက်ချလိုက်၏။
ဘုန်း... ဘုန်း.... ဘုန်း...
ဆက်တိုက်ပေါက်ကွဲသံ သုံးသံနှင့်အတူ အန္တိမနတ်ဘုရားစွမ်းအား သုံးခုသည် ဆူဇီမို၏ လက်ထဲရှိ ဖန်တီးခြင်းကြာခုံကနေ ထုတ်ဖော်လိုက်သော သွေးချီစွမ်းအားဖြင့် ဘာမှမကျန်အောင် ကြေမွပျက်စီးသွား၏။
ဆူဇီမို၏ သွေးချီက တလိပ်လိပ်တက်လာပြီး သူ၏ နောက်ဘက်တွင် အစိမ်းရောင်ကြာပင်တစ်ပင်က ပေါ်ထွက်လာကာ ၎င်း၏ ဧရာမကြာရွက်များက ကောင်းကင်တစ်ခွင် အုပ်မိုးလိုက်၏။
လောကတစ်ခုလုံးသည် ဖန်တီးခြင်းကြာပဒုမ္မာ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသည့်အလားပင်။
“တိုက်...”
ဆူဇီမိုသည် ခေါင်းသုံးလုံး လက်ခြောက်ဖက်၏ အန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ကာ ဧကရာဇ်လေးပါးနှင့် တိုက်ခိုက်လိုက်၏။
လက်များထဲရှိ တစ်ဖက်က ဖန်တီးခြင်းကြာခုံကို ကိုင်မြှောက်ပြီး ရှီမန်ကြေးမုံဧကရာဇ်ဆီသို့ ပစ်ပေါက်လိုက်လေသည်။
ရှီမန်ကြေးမုံဧကရာဇ်သည် ရှေးဟောင်းကြေးမုံကို အလောတကြီးကိုင်မြှောက်ပြီး ဖန်တီးခြင်းကြာခုံကို ပိတ်ဆို့တားဆီးလိုက်၏။
ချမ်း...
အဲ့ဒီမှာကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
ရှေးဟောင်းကြေးမုံက ပျက်စီးမသွားသော်လည်း ရှီမန်ကြေးမုံဧကရာဇ်၏ လက်နှစ်ဖက်က သွင်သွင်ကျိုးသွားလေသည်။
ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ရှေးဟောင်းကြေးမုံကနေတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။
သူ၏ ခန္ဓာကိုယ်ထဲကနေ သွေးမြူတစ်ခုပစ်လွင့်လာပြီး ချက်ချင်းပင် သူ၏ အသားများက ပေါက်ကွဲထွက်ကာ ရှီမန်ကြေးမုံဧကရာဇ်ကို သွေးသံရဲရဲ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားစေ၏။
ရှေးဟောင်းကြေးမုံကြောင့်သာ မဟုတ်လျှင် ဆူဇီမို၏ တိုက်ခိုက်မှုက သူ့ကို စိစိညက်ညက်ကြေသွားစေနိုင်လေသည်။
သွေးကနေ ပြန်လည်မွေးဖွားခြင်းနှင့်ပင် သူက ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ထားသော ကမ္ဘာဦးမျိုးနွယ် ဧကရာဇ်များသည်ပင် သူတို့၏ တိုက်ခိုက်ရည်ခွန်အားက အန္တိမနတ်ဘုရားစွမ်းအား လေးခုကို နားလည်ဆင်ခြင်ထားသည့် လူသားမျိုးနွယ်နှင့် တူညီလေသည်။
သို့သော်လည်း အဆင့်၈ ဖန်တီးခြင်းကြာပဒုမ္မာသည် ကမ္ဘာဦးမျိုးနွယ်များထက်ပင် ပိုမိုသန်မာပြီး ပို၍ကြောက်စရာကောင်းလေသည်။
နောက်ဆုံးမှာတော့ ဖန်တီးခြင်းကြာပဒုမ္မာက ဤလောကမှာ တစ်ခုတည်းသာလျှင်ရှိလေသည်။ အန္တိမနတ်ဘုရားစွမ်းအား နှစ်ခုကို နားလည်ဆင်ခြင်ထားသော သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဘယ်လောက်ထိသန်မာလာမလဲ ဆူဇီမိုပင်လျှင် မသိရသေးပေ။
ယနေ့တိုက်ပွဲက အဲ့ဒါကို စမ်းသပ်စစ်ဆေးကြည့်ဖို့ သူ့အတွက် အကောင်းဆုံး အခွင့်အရေးတစ်ရပ်ဖြစ်လေသည်။
ရိုက်ချက်တစ်ချက်ဖြင့် ရှီမန်ကြေးမုံဧကရာဇ်ကို ဒဏ်ရာအပြင်းအထန် ရရှိစေပြီးနောက် ဆူဇီမိုသည် တွေဝေတုံ့တိုင်းခြင်းမရှိဘဲ ရှေ့သို့ နောက်တစ်ဖန်တက်လှမ်းကာ ထိုသူကို အသက်ရှုခွင့်ပင် မပေးပေ။
ဆူဇီမို၏ အခြားသောလက်တစ်ဖက်က လှုပ်ရှားသွားပြီး သူ၏ လက်သီးထဲရှိ သွေးချီက အဆက်မပြတ် ပြန့်ကားကာ ဧရာမချိပ်စည်းတစ်ခုကို ဖြစ်ပေါ်စေ၍ ရှီမန်ကြေးမုံဧကရာဇ်ကို ဖိနှိမ်လိုက်လေသည်။
“ငရဲသွေးဒိုင်းကာ”
အလွန်တရာ ဆိုးယုတ်သော မျိုးဆက်သွေးအော်ရာတစ်ခုက ရှီမန်ကြေးမုံဧကရာဇ်၏ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာ၏။ သူ၏လက်နှစ်ဖက်ကို ဝေ့ယမ်းပြီး တလက်လက်တောက်ပနေသော သွေးရောင်ဒိုင်းကာတစ်ခုကို ဖြစ်ပေါ်လာစေ၏။
“မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ပဲ”
ပုံပြောအဖိုးအို၏ အကြည့်က စူးစိုက်သွားပြီး တီးတိုးရေရွတ်လိုက်၏။
ရှီမန်ကြေးမုံဧကရာဇ်ထုတ်ဖော်လိုက်သော နတ်ဘုရားစွမ်းအားသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်မှ လာခြင်းဖြစ်သည်ကို လက်ရှိဧကရာဇ်များအားလုံးက နားလည်သိရှိလိုက်ကြ၏။
ဘုန်း...
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ လက်သီးဖြင့် ဧရာမချိပ်စည်းကို ဆင့်ခေါ်ထုတ်ရင်း ဆက်လက်ဖိနှိမ်လိုက်၏။ ၎င်းသည် ငရဲသွေးဒိုင်းကာနှင့် ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။
ထို့နောက်ချက်ချင်းပင် ငရဲသွေးဒိုင်းကာက ကြေမွသွားလေသည်။
အန္တိမနတ်ဘုရားစွမ်းအားများပင်လျှင် ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိလာသည့် ဆူဇီမိုကို မခုခံနိုင်တော့ပေ။
ဖောင်း...
ထို့နောက် ချက်ချင်းပင် ရှီမန်ကြေးမုံဧကရာဇ်၏ ခန္ဓာကိုယ်က သိပ်သည်းပြင်းထန်သော စွမ်းအား၏ ထိတွေ့ရိုက်ခတ်မှုဖြင့် ကြေမွပျက်စီးသွားလေသည်။ အမြုတေစိတ်ဝိညာဥ်တစ်ခုက ထွက်ပြေးလွတ်မြောက်သွား၏။
“သတ်..”
ရုတ်တရက်... ဆူဇီမိုက သူ၏ ပါးစပ်ကို ဖွင့်ဟပြီး မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကို ထုတ်ဖော်လိုက်၏။
မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းတစ်ခုတည်းကပင် လုံလောက်အောက်ကြောက်စရာကောင်းနေပြီဖြစ်၏။
ဦးခေါင်းသုံးလုံးထံမှ ပါးစပ်ပေါက်သုံးပေါက်သည် ထိုလျှို့ဝှက်အတတ်ကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်ကြ၏။
ဦးခေါင်းသုံးလုံးက ပဲ့တင်ထပ်သွားပြီး မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း၏ စွမ်းအားက သုံးဆတိုးလာခဲ့၏။
ရှီမန်ကြေးမုံဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ် ပတ်လည်တွင် တစ်ဝက်တစ်ပျက်စုစည်းလာသော အသားများက နေရာမှာပင်ပျက်ပြယ်သွားလေသည်။
ထိုအမြုတေစိတ်ဝိညာဥ်က လေထဲမှာ တိတ်တဆိတ်ရပ်တန့်သွားပြီး ၎င်းပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီဖြစ်၏။ ၎င်း၏ အသက်ဓာတ်အားက လျော့ကျလာပြီး ၎င်းက ဆက်လက်၍ ရှင်သန်နိုင်တော့မည် မဟုတ်ပေ။
ရှီမန်ကြေးမုံဧကရာဇ်က မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရလေပြီ။
ဆူဇီမိုက ရှီမန်ကြေးမုံဧကရာဇ်ကို သတ်ဖြတ်နေသည့်အချိန်မှာပင် အခြားသောဧကရာဇ်သုံးဦးကလည်း တစ်ချိန်တည်းမှာ ရူးသွပ်စွာ တိုက်ခိုက်လာကြပြီဖြစ်၏။
သို့သော်လည်း ဆူဇီမိုတွင် ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိလေသည်။ သူသည် သူ၏ လက်နှစ်ဖက်ဖြင့် ရှီမန်ကြေးမုံဧကရာဇ်ကို ဖိနှိမ်ထားသည်ဆိုလျှင်တောင် သူ့မှာ အခြားသောဧကရာဇ်သုံးဦးကို ခုခံဖို့အတွက် လက်လေးဖက်အားနေဆဲ ဖြစ်၏။
ခေါင်းသုံးလုံး လက်ခြောက်ဖက်ကနေ ဆောင်ကြဥ်းပေးလာသည့် ပြောင်းလဲမှုများက ခွန်အားအရာမှာသာ တိုးလာခြင်း မဟုတ်ပေ။
အဲ့ဒါသည် အလုံးစုံတိုက်ခိုက်ရည်ခွန်အားအရာမှာ အသွင်ပြောင်းလဲလာခြင်းဖြစ်၏။
သူ၏ ခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့်အတူ ဆူဇီမိုသည် အရပ်ခြောက်ဘက်ကို ရှုမြင်နိုင်ပြီး ချောင်းမြောင်းတိုက်ခိုက်ခံရတော့မည် မဟုတ်ပေ။
ဒေါင်ဖန်လှံဧကရာဇ်သည် သူ့လက်ထဲရှိလှံကို ဝေ့ယမ်းပြီး ရှေ့သို့ပစ်ထိုးလိုက်၏။
ဆူဇီမိုက သူ၏ လက်ကိုမြှောက်ပြီး လက်သီးဆုပ်ကာ ထိုးချက်တစ်ချက်ဖြင့် လှံကို လွင့်စင်ထွက်သွားစေ၏။ ဒေါင်ဖန်လှံဧကရာဇ်၏ လက်ဖဝါးထဲကနေ သွေးများက တစ်စက်စက် စီးကျလာ၏။
ကောင်းကင်စင်ရော်ဂိုဏ်း၏ ရှုံးဧကရာဇ်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဖူဧကရာဇ်တို့သည်လည်း ဆူဇီမို၏ လက်သီးလက်ဝါးတို့ဖြင့် တွန်းလှန်ထုတ်ခြင်း ခံလိုက်ရ၏။ ထိုစဥ်မှာပင် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းက ဆင်းသက်လာပြီး ရှီမန်ကြေးမုံဧကရာဇ်က သေဆုံးသွားခဲ့လေသည်။
ဒေါင်ဖန်လှံဧကရာဇ်သည် အန္တိမနတ်ဘုရားစွမ်းအား သုံးခုကိုသာ နားလည်ဆင်ခြင်ထားပြီး မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းက သူ့အပေါ်မှာလည်း ကြီးမားသော ရိုက်ချက်တစ်ခုဖြစ်လာစေ၏။
တကယ်ဆို... သူ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးသံရဲရဲ ဒဏ်ချက်များ ပေါ်ထွက်လာပြီး ၎င်းက ကြေမွလုနီးပါးဖြစ်လာခဲ့၏။
သူ၏ မျက်လုံးထဲမှာ ငေးငိုင်ပျောက်ဆုံးနေသည့် အကြည့်တစ်ခုကလည်း ပေါ်ထွက်လာ၏။
သူ၏ စိတ်က ယာယီအားဖြင့် ဗလာကျင်းသွားခဲ့၏။
ထိုဟာကွက်က တဒင်္ဂသာဖြစ်သော်လည်း အဲ့ဒါက ဆူဇီမိုအတွက် လုံလောက်လေသည်။ ဖျတ်ခနဲဆို... ဆူဇီမိုက ဒေါင်ဖန်လှံဧကရာဇ်ရှေ့သို့ရောက်ရှိလာပြီး သူ၏ လက်ညိုးကို ဆန့်ထုတ်ကာ ထိုသူ၏ နဖူးကို ညင်သာစွာထိုးလိုက်လေသည်။
ဖောက်...
အပေါက်တစ်ပေါက်က ပေါ်ထွက်လာပြီး လတ်ဆတ်သောသွေးများက ပန်းထွက်လာခဲ့၏။
ဒေါင်ဖန်လှံဧကရာဇ်၏ မျက်လုံးများက ရုတ်တရက်နီရဲလာသော်လည်း တစ်ခဏချင်းမှာပင် မှေးမှိန်ကျသွားလေသည်။ သူ၏ အသိစိတ်ထဲမှာ သူ၏ အမြုတေစိတ်ဝိညာဥ်သည် ဆူဇီမို၏ လက်ညိုးဖြင့် ခြေမွှဖျက်ဆီးခြင်းခံလိုက်ရလေသည်။
ဒေါင်ဖန်လှံဧကရာဇ်၏ ဦးခေါင်းက လည်ကျသွားပြီး လေထဲကနေ ပြုတ်ကျလာခဲ့၏။
ဧကရာဇ်များက ကြောင်အ,မှင်တက်သွားကြလေသည်။
အစက သေအံ့ဆဲဆဲ အခြေအနေသို့ရောက်ရှိနေသော အထီးကျန်သိုင်းသခင်သည် ခေါင်းသုံးလုံး လက်ခြောက်ဖက်ကို နားလည်ဆင်ခြင်နိုင်သွားပြီး ဧကရာဇ်နှစ်ပါးကို ဆက်တိုက်သတ်ဖြတ်ဖို့အတွက် မနှိုင်းယှဥ်သာအောင် စီးပိုးခြယ်လှယ်နိုင်သော စွမ်းအားတစ်ခုကို ထုတ်ဖော်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
တိုက်ပွဲနယ်မြေမှာ ဆူဇီမို၏ အော်ရာက အဆက်မပြတ် မြင့်တက်လာနေပြီး တောက်လောင်ပြင်းပြသော အကြည့်တစ်ခုနှင့်အတူ ရှုံးဧကရာဇ်နှင့် ဖူဧကရာဇ်တို့ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ကာ ရှေ့သို့လျှောက်လှမ်းလာခဲ့၏။
“မင်းတို့နှစ်ယောက်လည်း သေရမယ်”