← Chapters

ကျစ်ဝမ်

Vol. 114 Ch. 1705

ကျစ်ဝမ်

Vol. 114 Ch. 1705

ကောင်းကင်စင်ရော်ဂိုဏ်း၏ ရှုံးဧကရာဇ်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဖူဧကရာဇ်တို့က အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ခဏမျှတုံ့ဆိုင်းပြီးနောက် သူတို့၏ မျက်လုံးများက သွေးရောင်အလင်းဖြင့် တောက်ပလာကာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ကြ၏။ သူတို့နှစ်ယောက်သည် အဲ့ဒါကို စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။

သူတို့သည် အထီးကျန်သိုင်းသခင်ကို ဤနေရာမှာသတ်ဖြတ်နိုင်မည်ဆိုလျှင် ထိုသူ၏ မျိုးဆက်သွေးသည် သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို မမျှော်မှန်းနိုင်လောက်အောင် မြှင့်တင်ပေးနိုင်လိမ့်မည်။

“သွေးယဇ်ပူဇော်ခြင်း”

ဧကရာဇ်နှစ်ပါးသည် သူတို့၏ လျှို့ဝှက်အတတ်များကို လှည့်ပတ်ပြီး မကောင်းဆိုးဝါးဆန်ဆန် လေသံဖြင့် တစ်ချိန်တည်းမှာ အော်လိုက်ကြ၏။

လက်ရှိ ဧကရာဇ်များစွာသည် တိုက်ပွဲကို အဝေးကနေ စောင့်ကြည့်နေကြသော်လည်း ထိုစကားသံ ထွက်ပေါ်လာသည့်ခဏမှာပင် သူတို့၏ ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးများက အထိန်းအကွပ်မဲ့စွာ ဂနာမငြိမ်ဖြစ်လာပြီး သူတို့၏ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာချင်နေ၏။

ဧကရာဇ်အချို့သည် အန္တိမနတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ထားတာတောင် သူတို့သည် လှုပ်ခတ်နေသော သူတို့၏ မျိုးဆက်သွေးများကို မရပ်တန့်နိုင်ပေ။

ဧကရာဇ်များက တုန်လှုပ်သွားကြ၏။

သူတို့က အဝေးမှာရှိနေတာတောင် ဤကဲ့သို့သောအခြေအနေနှင့် ကြုံတွေ့နေရ၏။ တိုက်ပွဲနယ်မြေ၏ အလယ်မှာရှိနေပြီး ထိုလျှို့ဝှက်အတတ်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသော သိုင်းဧကရာဇ်က ဘယ်လိုနေမလဲ စဉ်းစားကြည့်ဖို့ ခက်ခဲလေသည်။

သို့သော်လည်း အံ့အားသင့်ဖို့ကောင်းစွာပင် ဆူဇီမိုသည် မျက်မှောင်အနည်းငယ်သာကြုတ်၍ သူ၏ လှုပ်ရှားမှုက လုံးဝရပ်တန့်သွားခြင်း မရှိပေ။

တစ်ခဏချင်းမှာပင် ဆူဇီမိုသည် ဧကရာဇ်နှစ်ပါးရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

ရှုံးဧကရာဇ်နှင့် ဖူဧကရာဇ်တို့၏ အမူအရာများက ပြောင်းလဲသွားလေသည်။

“အဲ့ဒါက... ဘယ်လိုဖြစ်ရတာလဲ”

အဲ့ဒါကို ထုတ်ဖော်လိုက်သည်နှင့် အန္တိမနတ်ဘုရားစွမ်းအားများပင်လျှင် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်မှ ဤလျှို့ဝှက်အတတ်ကို ခုခံဖို့ခဲယဉ်းလေသည်။

ဆူဇီမိုသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်ပြီး သူ၏ သွေးချီက သန်မာသည်ဆိုလျှင်တောင် သူ့အနေဖြင့် လုံးဝသက်ရောက်ခြင်းမခံရဖို့က မဖြစ်နိုင်ပေ။ ရှုံးဧကရာဇ်နှင့် ဖူဧကရာဇ်တို့မသိသည့်အရာမှာ တစ်ခါက သီယွီသည် ဤလျှို့ဝှက်အတတ်ကို ဆူဇီမိုနှင့် ကိုယ်တော်တာမင်းအပေါ် ထုတ်ဖော်ခဲ့ဖူးလေသည်။

သို့သော်လည်း ဆူဇီမိုနှင့် ကိုယ်တော်တာမင်းက သက်ရောက်ခြင်းမခံခဲ့ရပေ။

ဆန့်ကျင်ဘက်အနေဖြင့် သီယွီသည် ကိုယ်တော်တာမင်း၏ သွေးယဇ်ပူဇော်ခြင်းဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့၏။

“မိစ္ဆာတာအို”

ဆူဇီမိုက အေးစက်စွာနှစ်တစ်ချက်မှုတ်ပြီးပြောလိုက်၏။

“ငြိမ်းသေစမ်း”

ဆူဇီမိုသည် သူ၏ လက်ကို ကိုင်မြှောက်ပြီး ဖန်တီးခြင်းကြာပဒုမ္မာကို သူ၏ လက်ထဲမှာ ကိုင်ဆွဲထားလေသည်။ ၎င်းသည် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခုဖြင့် တောက်ပနေပြီး ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ဖူးဧကရာဇ်ထံသို့ ဖိခြေကျဆင်းလာ၏။

သူ၏ အခြားလက်များကတော့ ကောင်းကင်စင်ရောင်ဂိုဏ်း၏ ရှုံးဧကရာဇ်ထံသို့ ပစ်ဝင်သွားလေသည်။

သူတိုက်ခိုက်လိုက်သည့် ခဏမှာပင် သူက ဧကရာဇ်နှစ်ပါးကို ဖိနှိမ်ချင်လေသည်။

“မင်း...”

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဖူဧကရာဇ်သည် ရှောင်တိမ်းဖို့အချိန်မရဘဲ သူ့ကိုယ်သူခုခံဖို့အတွက် ငရဲသွေးဒိုင်းကာကို အလောတကြီး ထုတ်ဖော်လိုက်ရ၏။

ဘုန်း...

ဖန်တီးခြင်းကြာပဒုမ္မာက ငရဲသွေးဒိုင်းကာပေါ်သို့ ပစ်ကျသွားပြီး ကြာပန်းက ဖူးပွင့်လာ၏။ အစိမ်းရောင်အလင်းများက လေထဲမှာပြည့်နှက်သွားပြီး သွေးရောင်ဒိုင်းကာကို စကာပေါက်ဖြစ်သွားစေလေသည်။

ဆူဇီမို၏ မျက်လုံးက ပိန်းပိတ်အောင် နက်မှောင်သွားပြီး နက်မှောင်၍ အေးစက်နေသော အော်ရာတစ်ခု ဖြာထွက်လာ၏။

နက်မှောင်နေသော အလင်းတန်းတစ်ခုသည် ​ပစ်လွင့်လာခဲ့ပြီး ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ဖူဧကရာဇ်၏ မျက်နှာပေါ်သို့ ဆင်းသက်သွားလေသည်။

တမလွန်မီးရောင်မျက်လုံး.... ။

ထိုစက္ခုနည်းစနစ်သည် ယခုအချိန်ထိ နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်သို့ မရောက်ရှိသေးပေ။ ၎င်းသည် ဖူဧကရာဇ်၏ မျက်နှာကို မထိုးဖောက်နိုင်သော်လည်း သူ၏ မျက်နှာပေါ်တွင် ရေခဲတစ်လွှာပေါ်ထွက်လာပြီး သူ၏ မျိုးဆက်သွေးက အေးခဲသွားလေသည်။

ဖူဧကရာဇ်၏ အသိစိတ်ထဲရှိ အပူချိန်က ထိုးဆင်းသွား၏။

သူ့အမြုတေစိတ်ဝိညာဥ်ကို ဆီးနှင်းတစ်လွှာဖုံးအုပ်သွားပြီး အဲ့ဒါက အရိုးထိတိုင်အေးစိမ့်နေ၏။

ဖူဧကရာဇ်၏ အသိစိတ်က ခဏမျှရပ်တန့်သွားလေသည်။

အဲ့ဒါက တိုတောင်းသော အချိန်တစ်ခုဖြစ်သော်လည်း ဖန်တီးခြင်းကြာခုံသည် ငရဲသွေးဒိုင်းကာကို ချိုးဖျက်ပြီး ဖူဧကရာဇ်၏ မျက်နှာပေါ်သို့ တည့်တည့်ကျဆင်းသွားလေသည်။

ဖောင်း...

ဖူဧကရာဇ်၏ မျက်နှာက တမလွန်မီးရောင်မျက်လုံးကို ခုခံနိုင်သော်လည်း ၎င်းသည် ဖန်တီးခြင်းကြာခုံကို ခုခံနိုင်ခြင်းမရှိဘဲ ကြေမွသွားလေသည်။

ဖူဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်ကပါ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိဘဲ နေရာမှာပင်သတ်ဖြတ်ခံလိုက်ရ၏။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဖူဧကရာဇ်က သေဆုံးသွားလေသည်။

ဘေးတွင်ရှိသော ကောင်းကင်စင်ရော်ဂိုဏ်း၏ ရှုံးဧကရာဇ်သည်လည်း တမလွန်မီးရောင်မျက်လုံး၏ စွမ်းအားဖြင့် သက်ရောက်ခြင်းခံခဲ့ရ၏။

ယခုအချိန်မှာ ဆူဇီမိုတွင် ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိလေသည်။ ထိုသို့ဖြင့် တမလွန်မီးရောင်မျက်လုံးက​နေ နက်မှောင်နေသော အလင်းတန်းခြောက်ခုပစ်လွင့်ထွက်ပေါ်လာခဲ့၏။

သို့သော်လည်း ကောင်းကင်စင်ရော်ဂိုဏ်းမှ ရှုံးဧကရာဇ်၏ အသိစိတ်ထဲတွင် ကြယ်များစွာပေါ်ထွက်လာပြီး သူက တမလွန်မီးရောင်မျက်လုံး၏ စွမ်းအားကိုခုခံကာ သူ၏ အသိစိတ်ကို ထိန်းသိမ်းထားနိုင်ခဲ့၏။ ဆူဇီမို၏ သတ်ဖြတ်ကွက်က ဆင်းသက်မလာခင် ကောင်းကင်စင်ရော်ဂိုဏ်းမှ ရှုံးဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က သူ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပြေးသွားခဲ့လေသည်။

ဘန်း...

ဆူဇီမို၏ ထိုးချက်လေးချက်က တစ်ချက်ပြီးတစ်ချက် ဆင်းသက်လာပြီး ကောင်းကင်စင်ရော်ဂိုဏ်းမှ ရှုံးဧကရာဇ်၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းစုတ်ပြဲထွက်သွားစေ၏။

အန္တိမနတ်ဘုရားစွမ်းအား နှစ်ခုကို နားလည်ဆင်ခြင်ထားသည့် အဆင့်၈ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အန္တိမနတ်ဘုရားစွမ်းအား လေးခုကို နားလည်ဆင်ခြင်ထားသည့် လူသားမျိုးနွယ်မှ ဧကရာဇ်များကို ဖိနှိမ်ဖို့လုံလောက်လေသည်။

“သွေးကနေ ပြန်လည်မွေးဖွားခြင်း”

ကောင်းကင်စင်ရော်ဂိုဏ်းမှ ရှုံးဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးလွတ်မြောက်သွားပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် သူ၏ နတ်ဘုရားစွမ်းအားကို အလောတကြီးလှည့်ပတ်လိုက်၏။

သို့သော်လည်း ဆူဇီမိုသည် လက်ခြောက်ဖက်ကို ဝေ့ယမ်းရင်း အရိပ်တစ်ခုပမာလိုက်ပါကာ ရှေ့သို့လိုက်ပါသွားလေသည်။

ရွှစ်... ရွှစ်.... ရွှစ်....

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်၏။ သူ၏ ပုံရိပ်က အလျင်အဟုန်ဖြင့် ဖြတ်သန်းသွားကာ မြေပြင်ပေါ်မှာ ကျဆင်းနေသည့် ဓမ္မရတနာနှင့် လ​က်နက်များသည် အလင်းတန်းများအသွင်ပြောင်းလဲပြီး သူ၏ လက်များထဲသို့ ဆင်းသက်ရောက်ရှိလာ၏။

တစ်ခဏချင်းမှာပင် ဆူဇီမိုသည် သူ၏ လက်ခြောက်ဖက်စလုံးမှာ ဓမ္မရတနာတစ်ခုစီကို ကိုင်ဆွဲပြီး ကောင်းကင်စင်ရော်ဂိုဏ်းမှ ရှုံးဧကရာဇ်ကို ဖိနှိမ်ဖို့ ပြေးဝင်သွားလေသည်။

ဘုန်း... ဘုန်း... ဘုန်း...

ကျယ်လောင်သောမြည်သံတစ်ခုက ထွက်ပေါ်လာ၏။

ဧကရာဇ်များသည် တိတ်တဆိတ်ပြောစရာစကားမဲ့၍ တုန်လှုပ်သွားရ၏။

အဲ့ဒီမှာ နည်းစနစ်များအကြောင်း ပြောစရာမရှိဘဲ ပကတိခွန်အားသက်သက်ဖြစ်လေသည်။

ကောင်းကင်စင်ရော်ဂိုဏ်း၏ ရှုံးဧကရာဇ်က ဘယ်လောက်​ပင် သန်မာသည်ဖြစ်စေ သူသည် လက်ခြောက်ဖက်ဖြင့် အဆက်မပြတ်တိုက်ခိုက်မှုကို မခုခံနိုင်ပေ။

နှစ်ကြိမ်ဆက်တိုက်ဖိနှိမ်ပြီးနောက် ကောင်းကင်စင်ရော်ဂိုဏ်းမှ ရှုံးဧကရာဇ်၏ လက်ထဲရှိ ကြယ်အလင်းဓားက ကြေမွပျက်စီးသွားခဲ့လေပြီ။

ဆူဇီမို၏ ခန္ဓာကိုယ်က အဆက်မပြတ်လည်ပတ်နေပြီး သူ၏ လက်ခြောက်ဖက်က ဓမ္မရတနာများနှင့်အတူ ကခုန်ကာ မည်သည့်ရပ်နားမှုမှမရှိဘဲ တဖုန်းဖုန်းထုရိုက်၍ ဖိနှိမ်နေ၏။

ကောင်းကင်စင်ရော်ဂိုဏ်းမှ ရှုံးဧကရာဇ်သည် အသက်ပင်ရှုခွင့်မရဘဲ သေသည့်တိုင်အောင် ဆူဇီမို၏ ထုရိုက်ခြင်းကို ခံလိုက်ရ၏။

ခေါင်းသုံးလုံး လက်ခြောက်ဖက်၏ ဒေါသူပုန်ထ၍ မတန်တဆ တိုက်ခိုက်မှုများဖြင့် ပစ်မှတ်ထားခံရသော ဧကရာဇ်တစ်ပါးသည် အဲ့ဒါကို ဘယ်လိုလုပ်ခုခံနိုင်ပါ့မလဲ။ စောင့်ကြည့်နေကြသော ဧကရာဇ်များသည်ပင် မွန်းကျပ်ဖွယ်ရာ ခံစားလိုက်ကြရ၏။

“ခေါင်းသုံးလုံး လက်ခြောက်ဖက်... လူသားဧကရာဇ်ကို နာမည်ဂုဏ်သတင်းကြီးစေခဲ့တဲ့ နတ်ဘုရားစွမ်းအားဆိုတဲ့အတိုင်းပဲ... ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ”

“သိုင်းဧကရာဇ်တစ်ယောက်တည်းကကို အရမ်းကို သန်မာနေပြီပဲ... စဥ်းစားကြည့်လိုက် အဲ့ဒါက တစ်ချိန်တည်းမှာ သိုင်းဧကရာဇ်သုံးယောက် တိုက်ခိုက်နေတာနဲ့တူတယ်....ရှုံးဧကရာဇ်က သေသွားရတာ မထူးဆန်းဘူး”

“သူက အန္တိမနတ်ဘုရားစွမ်းအား နှစ်ခုကို နားလည်ဆင်ခြင်ပြီးတဲ့နောက် ဒီလောက်ထိတောင် သန်မာနေပြီဆိုတော့... သူက အန္တိမနတ်ဘုရားစွမ်းအား သုံးခု ဒါမှမဟုတ်... လေးခုကို နားလည်ဆင်ခြင်နိုင်မယ်ဆိုရင် သူက ထာဝရလူသားဧကရာဇ်နဲ့ ယှဥ်နိုင်တော့မှာမလား”

“အထီးကျန်သိုင်းသခင်ရဲ့ အနာဂတ်အောင်မြင်ထွန်းပေါက်မှုက ထာဝရလူသားဧကရာဇ်ရဲ့ အထက်ကို ရောက်ရှိသွားလိမ့်မယ်လို့ ငါထင်တယ်”

တိုက်ပွဲအပြီး၌ ဧကရာဇ်များသည် ဆူဇီမို၏ အစွမ်းအစနှင့်ပတ်သက်၍ ဆက်လက်၍ သံသယမရှိကြတော့ပေ။

ဆူဇီမို၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိ​တ်က ကောင်းကင်စင်ရော်ဂိုဏ်းမှ ရှုံးဧကရာဇ်ကို သတ်ဖြတ်ပြီးနောက် ပြေလျော့သွားလေသည်။ သူ၏ မျက်လုံးခြောက်လုံးက ရွေ့လျားသွားပြီး ဧကရာဇ်တစ်ပါးအပေါ်သို့ ဆင်းသက်သွားလေသည်။

“ကျစ်ဝမ်... ထွက်လာပြီးတော့ သေဖို့ပြင်လိုက်တော့”

ဆူဇီမိုက အေးစက်စွာ ပြောလိုက်၏။

လက်ရှိဧကရာဇ်များအားလုံးသည် လိမ္မာပါးနပ်မှုရှိကြလေသည်။

ဆူဇီမို၏ အမူအရာကို တွေ့မြင်သောအခါ သူတို့သည် တစ်စုံတစ်ရာ လွဲမှားနေသည်ကို သိရှိလိုက်ကြ၏။

ဧကရာဇ်များစွာသည် နောက်သို့ဆုတ်ခွာပြီး ကျစ်ဝမ်နှင့် သူတို့ကိုယ်သူတို့ ခွာထုတ်လိုက်ကြ၏။

တစ်ဘက်မှာတော့ ကိုယ်တော်ခုံးယွင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူက ကိုယ်တော်ကျစ်ဝမ်ကို စွန့်လွှတ်၍ ထွက်ခွာမသွားလိုဘဲ သူက လက်သီးနှစ်ဖက်ကိုယှက်ကာ မေးလိုက်၏။

“သိုင်းဧကရာဇ်... ခင်ဗျားက ဘာလို့ကျစ်ဝမ်ကို သတ်ချင်ရတာလဲ”

“ဘာလို့လဲဆိုတော့... သူက ငါ့ကို မသတ်ဘူးဆိုရင်တောင် ငါက သူ့ကိုသတ်မှာမလို့ပဲ”

ကိုယ်တော်ကျစ်ဝမ်၏ အသံက ရုတ်တရက် အလွန်တရာမကောင်းဆိုးဝါးဆန်စွာ ပြောင်းလဲသွားပြီး ကိုယ်တော်၏ ခုံးယွင်၏ နားထဲမှာ ပေါက်ကွဲထွက်ပေါ်လာ၏။

“သတိထား…”

ထို့နောက်ချက်ချင်းပင် ပုံပြောသူ၏ သတိပေးသံက ထွက်ပေါ်လာ၏။

ကိုယ်တော်ခုံးယွင်က ထိတ်လန့်သွားပြီး သူ၏ ကိုယ်ကာယခန္ဓာကိုယ်ကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပြတ်သားစွာ စွန့်လွှတ်လိုက်၏။ သူ၏ အမြုတေစိတ်ဝိညာဥ်က အဝေးသို့ ပြေးထွက်သွားလေသည်။

ဖောင်း...

ကိုယ်တော်ကျစ်ဝမ်က ကိုယ်တော်ခုံးယွင်၏ ဦးခေါင်းကို သူ၏ လက်ဖဝါးဖြင့် ဖိခြေလိုက်ပြီး ထိုသူ၏ အမြုတေစိတ်ဝိညာဥ်ကိုပါ သတ်ဖြတ်နိုင်လုနီးပါးဖြစ်သွားခဲ့၏။

“မင်း... ထွက်မပြေးနိုင်ပါဘူးကွာ”

ကိုယ်တော်ကျစ်ဝမ်၏ အမူအရာက မနှိုင်းယှဥ်သာအောင် ကြောက်မက်ဖွယ်ရာကောင်းလာပြီး သူ၏ မျက်လုံးများက နီရဲလာခဲ့၏။

ရုတ်တရက်... သူ၏ ပါးစပ်ကို ဖွင့်ဟပြီး သူ၏ မသတီစရာလျှာနီနီကို ထုတ်ဖော်လိုက်၏။ သူ၏ လျှာသည် ပေပေါင်းများစွာဆန့်ကားသွားပြီး ကိုယ်တော်ခုံးယွင်၏ အမြုတေစိတ်ဝိညာဥ်ရှိရာသို့ ချက်ချင်းပင် ဝင်ရောက်လာခဲ့၏။

All Chapters