← Chapters

ထာဝရ၊ မဖျက်ဆီးနိုင်သော အစိမ်းရောင်ကြာပန်း

Vol. 114 Ch. 1707

ထာဝရ၊ မဖျက်ဆီးနိုင်သော အစိမ်းရောင်ကြာပန်း

Vol. 114 Ch. 1707

ရှေးဟောင်းကျမ်းစာအုပ်တချို့မှာ ဗလာနယ် လေးမျိုးနှင့် ပတ်သက်သည့် မြင်ကွင်းများကို မှတ်တမ်းတင်ထားလေသည်။

ရှေးဟောင်းခေတ်စစ်ပွဲမှာ ဗုဒ္ဓဧကရာဇ်သည် ဗလာနယ် လေးမျိုးကို ထုတ်ဖော်ပြီး ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များကို လူတိုင်း၏ ရှေ့မှောက်မှာပင် ဗလာနယ်အဖြစ် အသွင်ပြောင်းလဲကာ ဤလောကကနေ အပြီးတိုင် ပျောက်ကွယ်သွားစေခဲ့၏။

အဲ့ဒါသည် သူတို့က မမြင်နိုင်သော အင်အားတစ်ခုဖြင့် ချေဖျက်ခံလိုက်ရသည့်အလားပင်။

ဓမ္မရတနာများ ၊ အသွေးအသားနှင့် အမြုတေစိတ်ဝိညာဥ်တို့ကပါ ဘာမှမကျန်အောင်ပြောင်းလဲသွားပေလိမ့်မည်။

ဗုဒ္ဓကျောင်းတော်များ၏ ဤအန္တိမနတ်ဘုရားစွမ်းအားကို ရှေးဟောင်းခေတ်မှစတင်၍ ဗုဒ္ဓကျောင်းတော်များရှိ မည်သည့်ဧကရာဇ်ကမှ မကျင့်ကြံနိုင်တော့ပေ။

သည်ဘက်မျိုးဆက်မှာ ကိုယ်တော်ကျစ်ဝမ်သည် ဗလာနယ်လေးမျိုးကို ကျင့်ကြံလာနိုင်ခဲ့လေသည်။

ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ ရှေးဟောင်းဗုဒ္ဓဧကရာဇ်သည် ထိုစဥ်တုန်းက အန္တိမနတ်ဘုရားစွမ်းအား သုံးခုကိုသာ နားလည်ဆင်ခြင်နိုင်ခဲ့၏။ သို့သော်လည်း ကိုယ်တော်ကျစ်ဝမ်သည် အန္တိမနတ်ဘုရားစွမ်းအား ၅ခုကို နားလည်ဆင်ခြင်ထားပြီးလေပြီ။

သူသည် ဗလာနယ် လေးမျိုးကို ထုတ်ဖော်သောအခါ ၎င်း၏ ရုန်းကန်ပေါက်ကွဲစွမ်းအားသည် ရှေးဟောင်းဗုဒ္ဓဧကရာဇ်ထုတ်ဖော်ခဲ့စဥ်ထက်ကပင် ပို၍ကြောက်စရာကောင်းနေ၏။

ဆူဇီမိုသည် သူ၏ လက်ခြောက်ဖက်ကို ဝေ့ယမ်းပြီး ကိုယ်တော်ကျစ်ဝမ်ထံသို့ ရောက်ရှိတော့မည့်ဆဲဆဲမှာပင် သူသည် လေထဲမှာ ရပ်တန့်သွား၏။

မမြင်နိုင်သော အင်အားတစ်ခုက သူ့ကို နေရာမှာပင် ချုပ်နှောင်လိုက်သည့်အလားပင်။

အဲ့ဒီနောက်... အားလုံး၏ အကြည့်များအောက်မှာပင် ဆူဇီမို၏ လက်ထဲရှိ ဓမ္မရတနာများက တစ်ခုပြီးတစ်ခု ဖုန်မှုန့်အဖြစ်သို့ ကြေမှုန့်သွားလေသည်။

အဲ့ဒီနောက် ဖုန်မှုန့်များကပင် ပျောက်ကွယ်သွားပြီး ဘာမှမကျန်အောင် ပြောင်းလဲသွား၏။

အကောင်းတိုင်းကျန်ရှိနေသော ဖန်တီးခြင်းကြာခုံကလွဲလျှင် အခြားသော ဓမ္မရတနာများသည် ကြေးမုံပေါ်ရှိ ဖုန်မှုန့်များကို ဖယ်ရှားပစ်လိုက်သကဲ့သို့ ပျောက်ကွယ်သွားလေသည်။

သိပ်မကြာခင် ဆူဇီမို၏ လက်ခြောက်ဖက်က စတင်၍ ကြေမွသွား၏။

သူ၏ ​ခြေထောက်များ ၊ ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့ကပါ ဖုန်မှုန့်များအဖြစ် ပြောင်းလဲပြီး သိပ်မကြာခင် ပျောက်ကွယ်သွားလေသည်။

“အို...”

ဧကရာဇ်များက ပင့်သက်ကိုရှိုက်ပြီး ကြက်သီးမွေးညင်းများ ထလာကြ၏။

သိုင်းဧကရာဇ်၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အလွန်တရာစွမ်းအားကြီးမားပြီး နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်လေသည်။ ထိုသို့ဆိုလျှင်တောင် အဲ့ဒါသည် ဗလာနယ် ၄မျိုးဖြင့် အရှင်လတ်လတ် ချေဖျက်ခံလိုက်ရ၏။

“ဟမ်...”

ထိုစဥ်မှာပင် ဧကရာဇ်တစ်ပါးက အံ့အားတသင့်ရေရွတ်ပြီး ရုတ်တရက်ပြောလိုက်၏။

“တစ်ခုခုတော့ လွဲနေပြီ... သိုင်းဧကရာဇ်က မသေသေးဘူး... ဖန်တီးခြင်းကြာခုံက အဲ့ဒီမှာရှိနေတုန်းပဲ”

ဧကရာဇ်များက အာရုံစိုက်၍ ကြည့်လိုက်ကြ၏။

လေထဲမှာလွင့်မျောနေသော ဖန်တီးခြင်းကြာခုံသည် အရောင်အဝါမှေးမှိန်နေသော်လည်း ၎င်းက အကောင်းတိုင်းရှိနေသေးသည်။ ဖန်တီးခြင်းကြာခုံအလယ်မှာ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်တစ်ခုက ထိုင်နေလေသည်။ အဲ့ဒါက ဆူဇီမိုဖြစ်၏။

“ဟမ့်...”

ကိုယ်တော်ကျစ်ဝမ်က လှောင်ရယ်၍ သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ ဗလာနယ်လေးမျိုး၏ စွမ်းအားကို ဆက်လက်၍ ထောက်ပံ့ပေးလိုက်၏။

“မြေ... ရေ... မီးနဲ့ လေတို့က အားလုံးကို ဘာမှမကျန်အောင် ပြောင်းလဲပစ်လိမ့်မယ်... မင်းက ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”

ရုတ်တရက်ဆိုသလို...

ဖန်တီးခြင်းကြာခုံအလယ်မှာ ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒီလောကက ဖျက်ဆီးခံရမယ်ဆိုရင်တောင် ငါက ပျက်စီးပျောက်ကွယ်သွားမှာ မဟုတ်ဘူး”

“မြေ.. ရေ... မီးနဲ့လေတို့က ဘာမှမကျန်အောင် ပြောင်းလဲသွားမယ်ဆိုရင်တောင် ဖန်တီးခြင်းကြာပဒုမ္မာက ဆက်လက်တည်ရှိနေလိမ့်မယ်”

သူ့စကားမဆုံးသေးခင်မှာပင် ဖန်တီးခြင်းကြာခုံသည် စတင်လည်ပတ်လာပြီး ကြာစိမ့်ပေါက် ၇၂ပေါက်ကနေ အလင်းရောင်ခြည်များက လျှံတက်လာ၏။ ကျောက်စိမ်းရောင်ကြာရိုးနှင့် ကြာရွက်များက ဖန်တီးခြင်းကြာခုံ၏ အောက်မှာ ပေါ်ထွက်လာပြီး ကောင်းကင်တစ်ခွင်အုပ်မိုးလာခဲ့၏။

တစ်ခဏချင်းမှာပင် ဖန်တီးခြင်းကြာပဒုမ္မာက နောက်တစ်ဖန် ကြီးထွားလာပြီး ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။ ၎င်းက ညင်သာစွာ ယိမ်းနွဲ့၍ အစိမ်းရောင်အလင်းများဖြင့် တောက်ပနေသော လှိုင်းဂယက်များကို ဖြာထုတ်ပေးလာ၏။

ပုံပြောအဖိုးအိုက စိတ်သက်သာစွာ သက်ပြင်းချ၍ သူ့ဘာသာသူပြောလိုက်၏။

“သူက မသေဘူးပဲ”

“ဖန်တီးခြင်းကြာပဒုမ္မာက လောကဆိုင်ရာ အဆုံးစွန်ရတနာတစ်ခုဖြစ်နေတာ မထူးဆန်းတော့ဘူး... ဖန်တီးခြင်းကြာပဒုမ္မာက အင်မော်တယ်ဘုံကနေ ဆင်းသက်လာတယ်ဆိုတာ ဟုတ်တဲ့ပုံပဲ”

“ဒီလိုမျိုးအောက်ဘုံတွေမှာ ဒီလောက်ထိ စွမ်းအားကြီးမားတဲ့ ရတနာတစ်ခုကို ဘယ်လိုမှ မွေးထုတ်ပေးနိုင်မှာ မဟုတ်ဘူး”

“အစိမ်းရောင်ကြာပန်းက ကောင်းကင်နဲ့မြေကြီး မဖြစ်ပေါ်ခင် ကစဉ့်ကလျားစကြာဝဠာထဲမှာ မွေးဖွားပေါ်ထွက်လာတာလို့ ငါကြားဖူးတယ်... ဗလာနယ်လေးမျိုးအပါအဝင် အကုန်လုံးက ကစဉ့်ကလျားအဖြစ် ပြန်ပြောင်းလဲသွားရမှာပဲ... အဲ့လိုဆိုမှတော့ အဲ့ဒါက ဖန်တီးခြင်းကြာပဒုမ္မာကို ဘယ်လိုလုပ် ထိခိုက်အောင်လုပ်နိုင်တော့မှာလဲ”

ဧကရာဇ်များက တောက်ပသော မျက်လုံးများနှင့်အတူ စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးပြောဆိုလိုက်ကြ၏။

သူတို့အတွက်တာ့ ဤကဲ့သို့သော တိုက်ပွဲများကို တွေ့မြင်ရခြင်းသည် သူတို့၏ ကျင့်ကြံမှုအတွက် အလွန်တရာအကျိုးရှိလေသည်။

“ကျစ်ဝမ်... မင်းရှုံးသွားပြီ”

​ဆူဇီမိုက ပြန်လည်ပေါ်ထွက်လာပြီး သိပ်သည်းပြင်းထန်သော အော်ရာနှင့်အတူ ကိုယ်တော်ကျစ်ဝမ်ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ ကျယ်လောင်စွာအော်ဟစ်၍ သူက ဖန်တီးခြင်းကြာခုံကို ကိုင်မြှောက်ကာ ထိုသူ့ထံသို့ ပစ်ပေါက်လိုက်လေသည်။

“ငရဲသွေးဒိုင်းကာ”

ကိုယ်တော်ကျစ်ဝမ်သည် အဲ့ဒါကို သူ၏ ခန္ဓာကိုယ်နှင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိဘဲ သူ၏ တတိယမြောက် အန္တိမနတ်ဘုရားစွမ်းအားကို ဆင့်ခေါ်လိုက်၏။

ကြီးမားသော သွေးဒိုင်းကာတစ်ခုက ကိုယ်တော်ကျစ်ဝမ်၏ ရှေ့မှာ ပေါ်ထွက်လာပြီး အလွန်တရာ ဆိုးယုတ်သော အော်ရာတစ်ခုနှင့်အတူ တလက်လက်တောက်ပနေ၏။

ဘုန်း...

ဖန်တီးခြင်းကြာခုံသည် သွေးဒိုင်းကာပေါ်သို့ ပစ်ကျသွားသော်လည်း အဲ့ဒါကို ချက်ချင်းမချိုးဖောက်နိုင်ပေ။ ထိုအစား... ၎င်းသည် သွေးနီရောင်အလင်းတန်းထဲမှာ နစ်မြုပ်သွားလေသည်။

ထိုသွေးက သန်မာအားကောင်းသော ညစ်ညမ်းစွမ်းအားကို ပိုင်ဆိုင်ထားပြီး ဓမ္မရတနာများကို ဖျက်ဆီးပစ်နိုင်လေသည်။

အဲ့ဒါက အခြားသော ဓမ္မရတနာတစ်ခုခုသာဆိုလျှင် ၎င်းသည် ထိုသွေးထဲသို့ နစ်မြုပ်သွားသည့်ခဏမှာပင် သတ္တုပျက်တစ်ခုအဖြစ် ဖျက်ဆီးခံရပေလိမ့်မည်။ ဖန်တီးခြင်းကြာခုံသည် တဖျတ်ဖျတ်တလက်လက် အရောင်အဝါတစ်ခုဖြင့် ပြည့်လျှမ်းလာပြီး ၎င်းကို ဘေးပတ်လည်ရှိ သွေးများကနေ ကာကွယ်ပေးထား၏။ အဲ့ဒါက မျှခြေတစ်ခုမှာ အမှန်တကယ်ပင် လွန်ဆွဲလာခဲ့လေသည်။

“သိုင်းဧကရာဇ်”

ကျစ်ဝမ်က ညင်သာစွာ ပြုံးပြလိုက်၏။

“မင်းက... အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကိုပဲ နားလည်ဆင်ခြင်ရသေးတယ်... မင်းက တိုက်ခိုက်ရည်ခွန်အားမှာ ငါနဲ့ယှဥ်နိုင်ရုံပဲ... မင်းက ငါ့ကိုသတ်နိုင်မယ်လို့ ထင်နေရင်တော့ တကယ်ကို နုံအတာပဲ”

“ဟွန်း..”

ဆူဇီမိုကလည်း လှောင်ရယ်လိုက်၏။

“မင်းမှာရှိတာ ဒါအကုန်ပဲဆိုရင်... ငါက အခုချက်ချင်းပဲ မင်းသွားရမဲ့လမ်းကြောင်းဆီကို ပို့ပေးမယ်”

သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခု ဖြာထွက်နေသော တိကျ​သေသပ်သည့် အနားစောင်းများပါရှိသည့် အနက်ရောင် ချိပ်စည်းတစ်ခုကို ဆွဲထုတ်လိုက်၏။

နက်မှောင်နေသော ချိပ်စည်း ထွက်ပေါ်လာသည့်ခဏမှာပင် ရှေးဟောင်းတိုက်ပွဲမြေရှိ လေဟာနယ်က တုန်ခါသွားလေသည်။

လူသားဧကရာဇ်၏ ချိပ်စည်း...။

၎င်းသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ ကံကြမ္မာကို ပိုင်ဆိုင်ထားပြီး ကီလိုမီတာထောင်ချီ ဖြန့်ကြက်နိုင်လေသည်။ အဲ့ဒါသည် အရာရာတိုင်းကို ဖိနှိမ်နိုင်သည့် ထျန်ဟွမ်ကုန်းမြေတိုက်၏ တကယ့်ကို ကြီးမားသော လက်နက်တစ်ခုဖြစ်လေသည်။

သည့်ယခင်က ဆူဇီမိုသည် ဧကရာဇ်လေးပါး၏ ဝန်းရံတိုက်ခိုက်ခြင်းခံရစဥ်မှာတောင် လူသားဧကရာဇ်ချိပ်စည်းကို မထုတ်ဖော်ခဲ့ရသည့် အကြောင်းအရင်းမှာ သူက ခေါင်းသုံးလုံး လက်ခြောက်ဖက်ကို နားလည်ဆင်ခြင်လိုသောကြောင့်ဖြစ်၏။ ယခု... သူက ထိုအန္တိမနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်ခဲ့ပြီဖြစ်တာကြောင့် ဆက်လက်၍ ထိန်ချန်ထားစရာ မလိုတော့ပေ။

“ကြေမွစမ်း”

ဆူဇီမိုက ဟိန်းဟောက်၍ လူသားဧကရာဇ်ချိပ်စည်းကို ကိုင်မြှောက်ပြီး သွေးဒိုင်းကာကို ပစ်ပေါက်ချလိုက်၏။

ကိုယ်တော်ကျစ်ဝမ်၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ်လှုပ်သွား၏။

လူသားဧကရာဇ်ချိပ်စည်း၏ ဖိအားအောက်မှာ သေခြင်းအော်ရာကို သူက ခံစားမိလာ၏။

“ငါအဲ့ဒါကို ခုခံနိုင်မှာ မဟုတ်ဘူး”

ကိုယ်တော်ကျစ်ဝမ်၏ စိတ်ထဲသို့ အတွေးတစ်ချက်က ဖျတ်ခနဲဝင်ရောက်လာ၏။

ဘုန်း...

အဲ့ဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။

ငရဲသွေးဒိုင်းကာသည် လူသားဧကရာဇ်ချိပ်စည်းဖြင့် ကြေမွသွားပြီး သွေးများက အဘက်ဘက်သို့ ပြန့်ကျဲသွား၏။

သွေးများက ဆိုးယုတ်သော်လည်း ၎င်းသည် ဖန်တီးခြင်းကြာခုံကိုဖြစ်စေ ၊ လူသားဧကရာဇ်ချိပ်စည်းကိုဖြစ်စေ လုံးဝမစွန်းထင်းစေနိုင်ပေ။

ဆူဇီမိုသည် ဘယ်ဘက်လက်ထဲမှာ ဖန်တီးခြင်းကြာခုံ ၊ ညာဘက်လက်ထဲမှာ လူသားဧကရာဇ်ချိပ်စည်းကို ကိုင်ဆွဲပြီး ကိုယ်တော်ကျစ်ဝမ်၏ ဦးခေါင်းဆီသို့ ပစ်ရိုက်ချလိုက်၏။

သွေးဒိုင်းကာကြေမွသွားသည့်ခဏမှာပင် ကိုယ်တော်ကျစ်ဝမ်သည် သူ၏ ကိုယ်ပိုင်ဓမ္မလက်နက် မိစ္ဆာနှိမ်နင်းစိန်တောင်ဝှေးကို ဆင့်ခေါ်လိုက်၏။

ကိုယ်တော်ကျစ်ဝမ်သည် သူ၏ မိစ္ဆာနှိမ်နှင်းစိန်တောင်ဝှေးကို ဝေ့ယမ်းပြီး လူသားဧကရာဇ်ချိပ်စည်းကို ပိတ်ဆို့တားဆီးလိုက်၏။

“ကျိုးပျက်စမ်း”

ဆူဇီမိုက ဟိန်းဟောက်လိုက်၏။

ဖျောက်...

မိစ္ဆာနှိမ်နှင်းစိန်တောင်ဝှေးပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာ၏။ အဲ့ဒါသည် လူသားဧကရာဇ်ချိပ်စည်းထံမှ တိုက်ခိုက်မှုတစ်ချက်ဖြင့် ကြေမွသွားခဲ့လေသည်။

တကယ်တော့... လူသားဧကရာဇ်ချိပ်စည်းက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ ၎င်းသည် အန္တိမနတ်ဘုရားစွမ်းအား ၅ခုဖြင့် မီးဆေးထားသော မိစ္ဆာနှိမ်နှင်းစိန်တောင်ဝှေးကို ခြေမွှဖျက်ဆီးပစ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း မိစ္ဆာနှိမ်နှင်းစိန်တောင်ဝှေးသည် ဗုဒ္ဓကျောင်းတော်များ၏ အထွတ်အမြတ် ဓမ္မရတနာတစ်ခုဖြစ်လေသည်။

ကိုယ်တော်ကျစ်ဝမ်ကတော့ ယခုသူသည် မိစ္ဆာတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားပြီဖြစ်ပြီး ၎င်း၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။

ကိုယ်တော်ကျစ်ဝမ်၏ အမူအရာက နောက်ဆုံးမှာ ပြောင်းလဲသွား၏။

မိစ္ဆာနှိမ်နှင်းစိန်တောင်ဝှေး ကြေမွသွားခြင်းနှင့်အတူ ကိုယ်တော်ကျစ်ဝမ်က အခွင့်အလမ်းတစ်ခုကို ချိန်ဆပြီး နောက်သို့ ဆုတ်ခွာလိုက်လေသည်။ သူ၏ လျှာကို ညင်သာစွာကိုက်ပြီး အမြုတေသွေးတစ်လုတ်ကို ထွေးထုတ်လိုက်၏။ ၎င်းက လေထဲမှာ ဧရာမသွေးရောင်မျက်နှာတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

အဲ့ဒါက စတုတ္ထမြောက် အန္တိမနတ်ဘုရားစွမ်းအားဖြစ်၏။

သို့သော်လည်း ထိုအန္တိမနတ်ဘုရားစွမ်းအား ဖြစ်ပေါ်လာသည့်ခဏမှာပင် ကိုယ်တော်ကျစ်ဝမ်သည် တစ်ခုခုလွဲမှားသွားသည့်အလား ဆတ်ခနဲတုန်ယင်၍ မျက်မှောင်ကြုတ်လိုက်၏။ သွေးရောင်မျက်နှာက ပျက်ပြယ်တော့မည့် လက္ခဏာများပြသလာခဲ့လေသည်။

ဆူဇီမိုသည် ဤကဲ့သို့သော အခွင့်အလမ်းတစ်ရပ်ကို လက်လွှတ်ခံစရာအကြောင်းမရှိပေ။ သူက ရှေ့သို့ခုန်တက်ပြီး လူသားဧကရာဇ်ချိပ်စည်းကို ကိုင်မြှောက်ကာ သွေးမျက်နှာကို ခြေမွှဖျက်ဆီးပစ်လိုက်၏။

ကိုယ်တော်ကျစ်ဝမ်၏ မျက်လုံးက တဖျတ်ဖျတ်ဖြစ်သွားပြီး အိုးတိုးအမ်းတမ်းအမူအရာနှင့်အတူ ဟိန်းဟောက်လိုက်၏။

“ဓမ္မသွေးစတေးထွက်​ပြေးခြင်း”

All Chapters