← Chapters

ဖြစ်အံ့ဆဲဆဲ

Vol. 114 Ch. 1708

ဖြစ်အံ့ဆဲဆဲ

Vol. 114 Ch. 1708

ကိုယ်တော်ကျစ်ဝမ်သည် အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူသည် ဓမ္မသွေးစတေးထွက်ပြေးခြင်းကို အသုံးပြုပြီး ထွက်ပြေးလွတ်မြောက်ချင်လေသည်။

နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်ထိ ကျင့်ကြံပြီးသည်နှင့် ဓမ္မသွေးစတေးထွက်ပြေးခြင်းသည် လူတစ်ယောက်၏ မျိုးဆက်သွေးထက်ဝက်ကို လောင်ကျွမ်းစေဖို့ လိုအပ်ပြီး ၎င်း၏ အလျင်အဟုန်ကလည်း အလွန်တရာ တုန်လှုပ်စရာကောင်းလာခဲ့မည်ဖြစ်၏။

သွေးအလင်းတန်းတစ်ခုက လေထုကိုဖြတ်သန်းသွား၏။

“ဖိနှိမ်လိုက်”

ပုံပြောသူက ရှေ့သို့စေညွှန်ပြီး လူသားဧကရာဇ်နန်းတော်ကို ဆင်းသက်စေကာ မနှိုင်းယှဥ်သာအောင် ခံ့ညားထည်ဝါသော အော်ရာတစ်ခုနှင့်အတူ ကိုယ်တော်ကျစ်ဝမ်ကို ဖိနှိမ်ဖို့ကြိုးစားလိုက်၏။

ကိုယ်တော်ကျစ်ဝမ်သည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားသည့်အတွက် သူက ထိုသူကို ထွက်ပြေးလွတ်မြောက်ခွင့် မပေးနိုင်တော့ပေ။

ထိုအခိုက်အတန့်မှာ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ မွေးဖွားပေါ်ထွက်လာခြင်းနှင့် ဧကရာဇ်များစွာ ပါဝင်ပတ်သက်လာခြင်း၏ နောက်ကွယ်မှာ မစဥ်းစားနိုင်လောက်သည့် လျှို့ဝှက်ချက်တစ်ခုရှိနေရမည်ကို ပုံပြောအဖိုးအိုက နားလည်သဘောပေါက်လာခဲ့ပြီဖြစ်၏။

ပုံပြောသူသည် ကိုယ်တော်ကျစ်ဝမ်ကို အသုံးချကာ ထိုလျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်ချင်လေသည်။

ရွှစ်...

သို့သော်လည်း ပုံပြောသူသည် ဓမ္မသွေးစတေးထွက်ပြေးခြင်း၏ အလျင်အဟုန်ကို အထင်သေးမိလိုက်ဆဲ ဖြစ်၏။

သွေးအလင်းတန်းသည် တရိပ်ရိပ်ဖြတ်သန်းသွားပြီး လူသားဧကရာဇ်ချိပ်စည်း ဆင်းသက်မလာခင်မှာပင် မိုးကုပ်စက်ဝိုင်းတစ်နေရာသို့ တိုးဝင်ပျောက်ကွယ်သွားပြီဖြစ်၏။

ဆူဇီမိုက နေရာမှာပင် မလှုပ်မယှက် ရပ်နေ၏။

သူသည် ကိုယ်တော်ကျစ်ဝမ်ကို မဖမ်းဆီးလိုသောကြောင့်မဟုတ်ဘဲ သူက လှုပ်ရှားမည်ဆိုလျှင်တောင် ထိုသူအား လိုက်မီမည်မဟုတ်သည်ကို သိရှိထားသောကြောင့်ဖြစ်လေသည်။

ပို၍အရေးကြီးသည်မှာ ဆူဇီမိုသည် နောက်ထပ်အချက်တစ်ချက်ကိုသိထား၏။

ကိုယ်တော်ကျစ်ဝမ်သည် သေချာပေါက်ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

ရှေ့မှာ.. သူ့ကို စောင့်ကြိုနေသော အခြားတစ်စုံတစ်ယောက်ရှိလေသည်။

“ကျစ်ဝမ်က အန္တိမနတ်ဘုရားစွမ်းအား ၅ခုကို နားလည်ထားပြီ... သူကထွက်ပြေးလွတ်မြောက်သွားမယ်ဆိုရင် ငါတို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာလိမ့်မယ်”

ပုံပြောသူက စိုးရိမ်ပူပန်သော အမူအရာနှင့်အတူ တီးတိုးရေရွတ်လိုက်၏။

“မပူပါနဲ့... စီနီယာ သူထွက်ပြေးနိုင်မှာ မဟုတ်ဘူး”

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

ရုတ်တရက်ဆိုသလို...

ဧကရာဇ်များ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် မထောက်လှမ်းနိုင်သော ဝေးကွာလွန်းသည့်နေရာတစ်ခုမှာ သိပ်သည်းပြင်းထန်သော သွေးချီတစ်ခု ဖြန့်ကြက်လာခြင်းနှင့်အတူ စွမ်းအင်အတက်အကျတစ်ခု ဖြာထွက်လာ၏။

ထို့နောက်ချက်ချင်းပင် မျိုးဆက်သွေး၏ စွမ်းအားက အလျင်အမြန် ယိုယွင်းပျက်ပြယ်သွားပြီး စွမ်းအင်အတက်အကျကလည်း တဖြည်းဖြည်းတည်ငြိမ်လာခဲ့၏။

“အဲ့ဒါက ကျစ်ဝမ်ထွက်ပြေးသွားတဲ့ဘက်ပဲ... သူက အသတ်ခံလိုက်ရပြီလား”

ဧကရာဇ်များက အိုတိုးအမ်းတမ်းအမူအရာများနှင့်အတူ အကြည့်ချင်းဖလှယ်လိုက်ကြ၏။

သူတို့သည် ထိုနေရာနှင့်ဝေးကွာလွန်းပြီး အဲ့ဒီမှာဖြစ်ပျက်နေသည့် အရာကို အာရုံမခံနိုင်ကြပေ။ သို့သော်လည်း ကိုယ်တော်ကျစ်ဝမ်က သေဆုံးသွားလောက်ပြီဆိုတာကို သူတို့က ဝိုးတဝါးခန့်မှန်းမိလိုက်ကြ၏။

“ကျစ်ဝမ်ရဲ့ခွန်အားက စောစောက တိုက်ပွဲအပြီး လျော့ကျနေမယ်ဆိုရင်တောင် သူက ဘာပဲ​ပြောပြော အန္တိမနတ်ဘုရားစွမ်းအား ၅ခုနဲ့ မီးဆေးထားတဲ့ ခန္ဓာကိုယ်နဲ့ အမြုတေစိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားတာပဲ... သူ့ကို ဘယ်သူက သတ်နိုင်မှာလဲ”

“ငါလည်းမပြောတတ်ဘူး... ရှေးဟောင်းတိုက်ပွဲမြေမှာ ပုန်းကွယ်​နေတဲ့ ပညာရှင်တချို့ ဖြစ်ရင်ဖြစ်မှာပေါ့”

ပုံပြောသူသည် ခဏမျှစဥ်းစားပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်နှင့်အတူ ဆူဇီမိုထံသို့ ရုတ်တရက် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဇီမို... ကျစ်ဝမ်ကိုသတ်လိုက်တဲ့သူက သူရိယစန္ဒာဆိုတဲ့ တာအိုဘွဲ့ကို ခံယူထားတဲ့ ဧကရာဇ်လား”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ပုံပြောသူ၏ မျက်လုံးထဲမှာ အလင်းတစ်ချက်လက်သွားပြီး နောက်တစ်ဖန်တည်တံ့စွာမေးလိုက်၏။

“အဲ့ဒီသူက လွန်ခဲ့တဲ့နှစ်လေးသောင်းက ကိုယ်တော်တာမင်းမလား”

“ဟုတ်တယ်... အဲ့ဒါသူပဲ”

ဆူဇီမိုက ခဏမျှငြိမ်သက်နေပြီးနောက် ဖုံးကွယ်ထားခြင်း မရှိပေ။

လင်းရွှမ်ကျီပင်လျှင် အဲ့ဒါကို ခန့်မှန်းမိနိုင်သည်ဆိုပါက သူ၏ ဆရာဖြစ်သော ပုံပြောသူက အဲ့ဒါကို မခန့်မှန်းမိနိုင်စရာ အကြောင်းမရှိပေ။

“နှစ်လေးသောင်းကြာပြီးတာတောင် သူက အသက်ရှင်နေတုန်းပဲဆိုတော့...”

“ကောင်းကင်ဘုံလျို့ဝှက်ချက်က သူ့ကိုရှုံးနိမ့်ခဲ့တာ ဆိုရင် အဲ့ဒါက ယုတ္တိတန်ပါပေတယ်”

ကောင်းကင်ဘုံလျို့ဝှက်ချက်သည် ယန်ပေးချန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဖြစ်သော်လည်း သူသည် ကိုယ်တော်တာမင်းထံမှာ နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးတစ်ကြိမ်မှာ သူ၏ အသက်ကိုပင် ဆုံးရှုံးခဲ့ရလေသည်။

ချက်ချင်းပင် ပုံပြောသူသည် သူ၏ မှတ်ဉာဏ်များထဲမှာ နစ်မျောသွားပုံရပြီး ညည်းတွားရေရွတ်လိုက်၏။

“အခု... သူက ဒီဘက်မျိုးဆက်မှာ ပေါ်ထွက်လာပြီဆိုတော့... သူက မိတ်ဆွေတစ်ယောက်လား... ရန်သူတစ်ယောက်လား”

ပုံပြောအဖိုးအိုက ထပ်မံ၍ မေးလိုက်၏။

သူသည် ကိုယ်တော်တာမင်း၏ သရုပ်သကန်ကို ခန့်မှန်းမိသွားပြီဖြစ်သော်လည်း ဒီဘက်မျိုးဆက် ကိုယ်တော်တာမင်းအကြောင်း သူက ဘာမှ မသိရပေ။

“အဲ့ဒါတော့ ကျုပ်လည်း မပြောတတ်ဘူး”

ဆူဇီမိုက ညင်သာစွာ ခေါင်းခါပြလိုက်၏။

ကိုယ်တော်တာမင်းသည် သူ့ကိုအရင်က ကယ်တင်ပေးခဲ့ဖူးသော်လည်း အဲ့ဒါသည် သူနှင့်ထိုသူကြားမှာ ပတ်သက်ဆက်နွယ်မှုတချို့ရှိနေသောကြောင့်ပင်။ ထို့ကြောင့်ပင်လျှင် ကိုယ်တော်တာမင်းက သူ့ကို မတူကွဲပြားစွာ ဆက်ဆံခဲ့ခြင်းဖြစ်၏။

သို့သော်လည်း ကိုယ်တော်တာမင်းသည် လွန်ခဲ့သည့်နှစ်လေးသောင်းက ကိုယ်တော်တာမင်းနှင့် ဆက်လက်၍ မတူတော့ပေ။

လွန်ခဲ့သည့် နှစ်လောင်းသောင်းက ကိုယ်တော်တာမင်းသည် အကြင်နာမေတ္တာတရားကြီးမားပြီး အများအကျိုးကို ရှေးရှုတတ်လေသည်။ သူသည် အပြစ်မဲ့သောသူများကို သေချာပေါက်သတ်ဖြတ်လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ဒီဘက်မျိုးဆက်ရှိ ကိုယ်တော်တာမင်း၏ လက်ထဲမှာ များပြားလှသောသွေးများက စွန်းထင်းနေခဲ့လေပြီ။

တကယ်ဆို... မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံဖို့အတွက်နှင့် သူသည် ကျင့်ကြံသူများစွာကို ဆွဲဆောင်ဖြားယောင်းကာ သတ်ဖြတ်ရန် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲမှာ ထောင်ချောက်တစ်ခုကိုပင် ခင်းကျင်းခဲ့လေသည်။

လွန်ခဲ့သည့် နှစ်လေးသောင်းက ကိုယ်တော်တာမင်းသာ ကောင်းကင်နှင့်မြေကြီး တောင်ကြားမှ အခြေအနေကိုသိရှိမည်ဆိုလျှင် သူက အဲ့ဒါကို သေချာပေါက် အတတ်နိုင်ဆုံးကြိုးစားကာ တားဆီးပေလိမ့်မည်။

သို့သော်လည် ဒီဘက်မျိုးဆက်မှာ ကိုယ်တော်တာမင်းသည် ထိုအခြေအ​နေပေါ်ပင် အမြတ်ထုတ်ကာ ကောင်းကင်ဘုံလျို့ဝှက်ချက်ကို အ​ကောက်ကြံ၍ သူ၏ ကျင့်ကြံမှုအဆင့်ကို မြင့်တင်ရန် ကောင်းကင်နှင့်မြေကြီး တောင်ကြားမှာ သက်ရှိများစွာ၏ မျိုးဆက်သွေးများကိုပါ သန့်စင်ခဲ့လေသည်။

ကိုယ်တော်တာမင်းက မိတ်ဆွေတစ်ယောက်လား ရန်သူတစ်ယောက်လားဆိုတာ ဆူဇီမိုသည်လည်း သေချာမပြောနိုင်ပေ။

“သူ့ကို အရေးလုပ်မနေပါနဲ့တော့”

ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောပြီးနောက် ပြောလိုက်၏။

“အခုချိန်မှာ အကြီးမားဆုံး အန္တရာယ်က ကမ္ဘာဦးမျိုးနွယ် ၅စုပဲ”

ပုံပြောအဖိုးအိုကလည်း ခေါင်းညိတ်ပြလိုက်၏။

“သိုင်းဧကရာဇ် အမိန့်ပေးပါ.... ကျုပ်တို့က ဒီတိုက်ပွဲမှာ ဘယ်လိုတိုက်ခိုက်ရမှာလဲ”

ပဒေသရာဇ်နန်းတော်၏ တိုက်ပွဲဝင်ဧကရာဇ်က ကျယ်လောင်စွာအော်မေးလိုက်၏။

ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အမှားအယွင်းတစ်စုံတစ်ရာမရှိ​ဘူးဆိုရင် ဒီတိုက်ပွဲက မြောက်ပိုင်းဒေသမှာ ဖြစ်ပွားလာလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ခင်ဗျားတို့တွေက သားရဲနယ်မြေတွေက ဧကရာဇ်တွေကို တားဆီးပေးရလိမ့်မယ်... ကမ္ဘာဦးမျိုးနွယ် ၅စုက ဧကရာဇ်တွေကိုတော့ ကျုပ်က နဂါး... ခွန်နဲ့ လူရိုင်းမျိုးနွယ်က ဧကရာဇ်တွေနဲ့အတူ ကျုပ်အစွမ်းကုန်ရှိသမျှနဲ့ ခုခံမယ်”

ဧကရာဇ်များက အကြည့်ချင်းဖလှယ်ပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

သူတို့သည် ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင် သူတို့က သေကြေပျက်သုဥ်းရဖို့များလေသည်။

သို့သော်လည်း သူတို့သည် သားရဲဧကရာဇ်အုပ်စုကိုတော့ သေချာပေါက် တိုက်ခိုက်နိုင်ပေလိမ့်မည်။

အဲ့ဒီနာက် ဆူဇီမိုသည် ပုံပြောအဖိုးအိုနှင့် လူသားမျိုးနွယ်၏ ဧကရာဇ်များနှင့်အတူ ကမ္ဘာဦးမျိုးနွယ် ၅စု၏ စစ်တပ်ကို ဘယ်လိုခုခံတိုက်ခိုက်ရမလဲ ဆွေးနွေးတိုင်ပင်ခဲ့ကြ၏။

. . . . .

အလယ်ပိုင်းတိုက်... မကောင်းဆိုးဝါးဆန်သော သုသာန်တစ်ခု၏ အနက်ပိုင်းထဲတွင်...။

မြေအောက်အနက်ပိုင်းထဲမှာ နက်မှောင်၍ အေးစက်နေသော ရှေးဟောင်းခေါင်းတလားတစ်ခု ရှိလေသည်။

ရုတ်တရက်ဆိုသလို...

ရှေးဟောင်းခေါင်းတလားထဲမှ သွေးအလင်းတစ်ခုက တောက်ပလာ၏။

အဲ့ဒါက လူတစ်ယောက်၏ မျက်လုံးတစ်စုံနှင့်တူလေသည်။

“စိတ်ဝင်စားစရာပဲ... လူသားမျိုးနွယ်မှာ ငါချန်ထားတဲ့ ဝှက်ဖဲအများစုကို မင်းတို့တွေက ရှင်းလင်းပစ်လိုက်ပြီပေါ့”

ရုတ်တရက် မကောင်းဆိုးဝါးဆန်ဆန်အသံတစ်သံက ထွက်ပေါ်လာပြီး ချောက်ချားစရာပုံစံဖြင့် ရှေးဟောင်းခေါင်းတလားကနေတစ်ဆင့် ပဲ့တင်ထပ်ထွက်ပေါ်လာ၏။

“မင်းက နောက်လာမဲ့အခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ကြည့်ရသေးတာပေါ့”

“ဟီးဟီးဟီး... ငါတောင်မှ အဲ့ဒါကိုသိချင်မိလာပြီ”

စူးစူးရှရှ အသံတစ်သံနှင့်အတူ ချောက်ချားဖွယ်ရာ ရယ်မောသံတစ်သံက ထွက်ပေါ်လာ၏။

တစ်စုံတစ်ယောက်သည် သူ၏ ထက်ရှသောလက်သည်းများဖြင့် ခေါင်းတလား၏ အဖုံးကို ကုတ်ခြစ်နေသည့်အလားပင်။

သုံးရက်ကြာပြီးနောက်.... ။

အလယ်ပိုင်းတိုက်တွင်....။

ကောင်းကင်ဘုံမျက်လုံး ၊ သွေးနွယ်ပင် ၊ ယက္ခ ၊ ရွှေကျီးကန်း ၊ စုန်းနှင့် နတ်ဘုရားမျိုးနွယ်တို့သည် စုစည်းမိနေကြ၏။ အောက်ဘက်ရှိ ကလန်သားများကို မတူညီသော အဖွဲ့အစည်းများအဖြစ်ပိုင်းခြားထား​ပြီး အမျိုးမျိုးသော မျိးနွယ်စုများ၏ ကလန်ခေါင်းဆောင်များနှင့်အတူ ပြွတ်သိပ်နေလေသည်။

အဲ့ဒါက ကမ္ဘာဦးမျိုးနွယ် ၆စုကြားရှိ တစ်မူထူးခြားသော ဖွဲ့စည်းပုံတစ်ခုဖြစ်လေသည်။

နတ်ဘုရားမျိုးနွယ်က ရှေ့ဆုံးကဖြစ်၏။

မျိုးနွယ်စုတစ်သောင်းစုဝေးပွဲအပြီး၌ နတ်ဘုရားမျိုးနွယ်၏ မူလဇာစ်မြစ်က လျှို့ဝှက်ချက်တစ်ခု ဆက်လက်၍ မဟုတ်တော့ပေ။ ကမ္ဘာဦးမျိုးနွယ် ၅စုသည် ဤတစ်ခေါက်ပူးပေါင်းခဲ့သည့် အကြောင်းရင်းမှာ သူတို့သည် နတ်ဘုရားမျိုးနွယ်ကို ရှေ့ပြေးတပ်အဖြစ် အသုံးချချင်သောကြောင့်ဖြစ်၏။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ် သေဆုံးပြီးနောက် နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ်များရှိသေးသော်လည်း သူတို့သည် ရွှေကျီးကန်းမီးဧကရာဇ်၊ ငရဲစုန်းဧကရာဇ်နှင့် အခြားသူများကို မခုခံနိုင်တော့ပေ။ သူတို့မှာ ရွေးချယ်စရာမရှိဘဲ ထိုအပေးအယူကို ပြုလုပ်ခဲ့ရ၏။

ဒါ့အပြင် နတ်ဘုရားမျိုးနွယ်အနေဖြင့် ထျန်ဟွမ်ကုန်း​မြေတိုက်မှာ စစ်မီးတောက်ပြီး ဖရိုဖရဲဖြစ်လာမည်ဆိုလျှင် သူတို့အတွက် ပို၍အကျိုးရှိလေသည်။

နတ်ဘုရားမျိုးနွယ်ပြီးလျှင် ရွှေကျီးကန်း ၊ သွေးနွယ်ပင်မျိုးနွယ်နှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်တို့က အစဥ်လိုက်ရပ်တည်နေလေသည်။

မျိုးနွယ်စုသုံးစုသည် ​ဖိုခနောက်ဆိုင်နေရာယူပြီးအားအနည်းဆုံး ကိုယ်ကာယနှင့် မျိုးဆက်သွေးရှိသော စုန်းမျိုးနွယ်များကို အလယ်မှာထား၍ ကာကွယ်ပေးထားကြ၏။

ယက္ခမျိုးနွယ်ကတော့ လေထဲမှာ ပျံသန်းနေကြ၏။

ထိုဖွဲ့စည်းပုံသည် ကမ္ဘာဦးမျိုးနွယ်၆စု၏ တိုက်ခိုက်ရည်ခွန်အားကို ၎င်း၏ အကန့်အသတ်ထိ မြှင့်တင်နိုင်လေသည်။

ကမ္ဘာဦးမျိုးနွယ် ၆စု၏ အပြင်ဘက်မှာ ပို၍ပင် ကြီးကျယ်ခမ်းနားလေသည်။ အဲ့ဒီမှာ သားရဲနယ်မြေရှစ်ခွင်မှ သားရဲတောကောင် သန်းပေါင်းသိန်းချီရှိပြီး တောင်တန်းများ လွင်ပြင်များနှင့် ကောင်းကင်တစ်ခွင် ပြည့်နှက်နေကာ လောကကို တုန်ခါသွားစေလေသည်။

သားရဲနယ်မြေရှစ်ခွင်မှ ဧကရာဇ်များသည် ကမ္ဘာဦးမျိုးနွယ် ၅စုထံမှာ အညံ့ခံပြီးသွားပြီဖြစ်၏။

သားရဲဧကရာဇ်များ၏ အမိန့်အောက်မှာ အမျိုးမျိုးသော သားရဲနယ်မြေများမှ ကြမ်းကြုတ်တောကောင်များနှင့် ရှေးဦးဆက်နွယ်တောကောင်များသည် တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာပြီး သီးခြားစစ်တပ်များကို ဖွဲ့စည်းထားကြ၏။ သူတို့သည် အလယ်ပိုင်းတိုက်မှာ စုစည်းမိနေကြပြီး ကမ္ဘာဦးမျိုးနွယ် ၆စုကို ဝန်းရံပေးထားလေသည်။

တိုက်ပွဲက စတင်လာတော့ပေမည်။

All Chapters