← Chapters

ကြီးမားသောတိုက်ပွဲ

Vol. 114 Ch. 1709

ကြီးမားသောတိုက်ပွဲ

Vol. 114 Ch. 1709

သားရဲနယ်မြေရှစ်ခွင်မှ ဧကရာဇ်များသည် အလယ်ပိုင်းတိုက်သို့ ရောက်ရှိလာကြပြီဖြစ်ပြီး သူတို့က စုစုပေါင်း ၁၇ ယောက်ဖြစ်၏။ သူတို့အားလုံးသည် ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များ၏ အပြင်ဘက်ပတ်လည်မှာ ရိုကျိုးခယသောအမူအရာများဖြင့် မတ်တတ်ရပ်နေကြပြီး ရှေ့သို့တက်လှမ်းရဲခြင်း မရှိပေ။

နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ်လေးဦးက ဤနေရာသို့ ရောက်ရှိနေကြပြီး သူတို့က သားရဲမျိုးနွယ်မှ ဧကရာဇ်များနှင့် တစ်တန်းတည်း ရပ်တည်နေကြ၏။

နတ်ဘုရားမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ်များထဲကနေ ဖယ်ထုတ်ခံခဲ့ရပြီးပြီဖြစ်၏။ သူတို့သည် တိုက်ခိုက်ရည်ခွန်အားမှာ သန်မာသော်လည်း သူတို့၏ အဆင့်အတန်းက သားရဲနယ်မြေရှစ်ခွင်နှင့် များစွာမကွာခြားတော့ပေ။

ကမ္ဘာဦးမျိုးနွယ် ၅စု မှဧကရာဇ်များက အလယ်မှာရပ်နေကြ၏။ ငရဲစုန်းဧကရာဇ်နှင့် ရွှေကျီးကန်းမီးဧကရာဇ်တို့ကလည်း သူတို့ထဲမှာ ပါဝင်လေသည်။

ထိုဧကရာဇ်နှစ်ပါး၏ ဘေးမှာ အခြားသော ဧကရာဇ်သုံးပါးရှိလေသည်။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ မျက်လုံးတစ်ထောင်ဧကရာဇ်..။

သွေးနွယ်ပင်မျိုးနွယ်မှ သွေးဧကရာဇ်အသစ်...။

ယက္ခမျိုးနွယ်မှ အရိပ်မဲ့ဧကရာဇ်...။

ကမ္ဘာဦးမျိုးနွယ် ဧကရာဇ်များကြားမှာ ဝါစဥ်အနိမ့်အမြင့်ကို တင်းကျပ်စွာ ကန့်သတ်ထားလေသည်။ ငရဲစုန်းဧကရာဇ်နှင့် ရွှေကျီးကန်းမီးဧကရာဇ်တို့သည် အန္တိမနတ်ဘုရားစွမ်းအား လေးခုကို နားလည်ဆင်ခြင်ထားပြီး ထိပ်သီးဧကရာဇ်များဖြစ်ကြ၏။ သူတို့နှင့် ရင်ဘောင်တန်း ရပ်တည်နိုင်သော မည်သူမဆို သူတို့နှင့် မတိမ်းမယိမ်းသော အဆင့်အတန်းမှာ သေချာပေါက်ရှိပေလိမ့်မည်။

အရိပ်မဲ့ဧကရာဇ်နှင့် အခြားနှစ်ယောက်သည် မကြာသေးခင်နှစ်များမှာ အခြားသော မျိုးနွယ်စုသုံးစုကနေ မြင့်မားပေါ်ထွက်လာသည့် ဧကရာဇ်များဖြစ်ပြီး သူတို့သည်လည်း အန္တိမနတ်ဘုရားစွမ်းအား လေးခုကို နားလည်ဆင်ခြင်ထားကြ၏။

ဧကရာဇ် ၅ဦး၏ နောက်ဘက်မှာ ကမ္ဘာဦးမျိုးနွယ် ၅စု၏ အခြားသော ဧကရာဇ် ၅၀ကျော်ရှိလေသည်။

ကမ္ဘာဦးမျိုးနွယ်များသည် ဤနှစ်များအတွင်း အင်အားများစွာကို စုဆောင်းနိုင်ခဲ့၏။

ဤအစုအဖွဲ့သည် ရှေးဟောင်းခေတ်ကထက် မနိမ့်ကျပေ။

အဲ့ဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ရှင်းလင်းပစ်နိုင်သည့် မကြုံစဖူး အံ့မခန်းတိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။ ရွှေကျီးကန်းမီးဧကရာဇ်နှင့် အခြားဧကရာဇ်လေးဦးသည် လေထဲမှာ မတ်တတ်ရပ်ရင်း စိတ်လှုပ်ရှားတက်ကြွသော အမူအရာများနှင့်အတူ အလယ်ပိုင်တိုက်မှာစုဝေးနေသည့် စစ်တပ်ကြီးကို ကြည့်လိုက်၏။

အမှားအယွင်းတစ်စုံတစ်ရာမရှိဘူးဆိုလျှင် နဂါးမျိုးနွယ် ၊ ခွန်မျိုးနွယ်နှင့် လူရိုင်းမျိုးနွယ်တို့သည် ဤတိုက်ပွဲအပြီး၌ ထျန်ဟွမ်ကုန်းမြေတိုက်ကနေ ဖယ်ရှားရှင်းလင်းခံရပေလိမ့်မည်။

သူတို့ကမ္ဘာဦးမျိုးနွယ် ၅စုကတော့ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးအား ထိန်းချုပ်ခွင့်ကို ပြန်လည်ရရှိလာပြီး ဤလောက၏ အရှင်သခင်များ ဖြစ်လာပေလိမ့်မည်။

“အရိပ်မဲ့ဧကရာဇ်”

ထိုစဥ်မှာပင် ယက္ခမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ရောက်ရှိလာပြီး ဒူးထောက်ချကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။

“လူရိုင်းမျိုးနွယ်ရဲ့ ပိုင်နက်နယ်မြေမှာ ဘယ်သူ့မှ မရှိတော့ဘူး... လူရိုင်းမျိုးနွယ်က မြောက်ပိုင်းဒေသမှာရှိတဲ့ နဂါးအရိုးတောင်ကြားကို ရွှေ့ပြောင်းသွားပြီလို့ သတင်းရတယ်”

“မင်း ပြန်သွားလို့ရပြီ”

အရိပ်မဲ့ဧကရာဇ်က မသိမသာခေါင်းညိတ်လိုက်ပြီး ရွှေကျီးကန်းမီးဧကရာဇ်နှင့် အခြားသူများကို လှည့်ကြည့်လိုက်၏။

“အားလုံးပဲ... မြောက်ပိုင်းဒေသကို ချီတက်ကြတာပေါ့'

ငရဲစုန်းဧကရာဇ်က သူ၏ အရိုးဖြူတောင်ဝှေးကိုမှီ၍ တိတ်တဆိတ်ရပ်ကာ အလေးအနက်စဥ်းစားနေ၏။

“ငရဲစုန်း... မင်းစိတ်ထဲမှာ ဘာရှိလို့လဲ”

ရွှေကျီးကန်းမီးဧကရာဇ်က ရုတ်တရက်မေးလိုက်၏။

ငရဲစုန်းဧကရာဇ်က ခဏမျှငြိမ်သက်ပြီးမှ ပြောလိုက်၏။

“နဂါးမျိုးနွယ်... လူရိုင်းမျိုးနွယ်နဲ့ ခွန်မျိုးနွယ်တို့မှာ ရုတ်တရက် အပြောင်းအလဲတွေပေါ်ထွက်လာတာ ထူးဆန်းနေတယ်”

“အဲ့ဒါက ထောင်ချောက်တစ်ခုဖြစ်မှာကို မင်းက သံသယဝင်နေတာလား”

ရွှေကျီးကန်းမီးဧကရာဇ်က ဟားတိုက်ရယ်မောလိုက်၏။

“မပူစမ်းပါနဲ့... ချန်နဂါးဧကရာဇ်က သေဆုံးသွားပြီဆိုတာကို တိကျသေချာတဲ့သတင်း ငါရရှိထားပြီးပြီ”

“ချန်နဂါးဧကရာဇ်က သေသွားပြီဆိုရင်... ကျန်တဲ့သူတွေမှာ ဘာမှကြောက်စရာမရှိတော့ဘူး”

သွေးဧကရာဇ်က ထပ်ပြောလိုက်၏။

“အဲ့ဒါအမှန်ပဲ... နဂါးမျိုးနွယ်... ခွန်မျိုးနွယ်နဲ့ လူရိုင်းမျိုးနွယ်က ဧကရာဇ်တွေက ကြီးကြီးမားမား ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရတယ်... လူရိုင်းဧကရာဇ်နဲ့ ခွန်ဧကရီကလည်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြပြီ”

ငရဲစုန်းဧကရာဇ်က ပြောလိုက်၏။

“လမ်းတစ်လျှောက်မှာ လူသားမျိုးနွယ်က ထိပ်သီးဂိုဏ်းကြီးတွေ အားလုံးနီးပါးကလည်း ဗလာကျင်းနေပြီ... လူသားမျိုးနွယ်က နဂါးမျိုးနွယ်နဲ့ ပူးပေါင်းဖို့ ပြင်ဆင်ထားတဲ့ပုံပဲ”

“ဟားဟားဟားဟာ”

ရွှေကျီးကန်းမီးဧကရာဇ်က ဟားတိုက်ရယ်မောလိုက်၏။

“အဲ့ဒီပုရွက်ဆိတ်တစ်အုပ်စုကို ဘာများကြောက်စရာရှိလို့လဲ... မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာတုန်းက လူသားဧကရာဇ် ဆင်းသက်လာတာကြောင့်သာမဟုတ်ရင် လူသားမျိုးနွယ်က လွန်ခဲ့တဲ့နှစ်တစ်ထောင်ကတည်းက ဖျက်ဆီးခြေမှုန်းခံခဲ့ရလိမ့်မယ်”

“ဒီဘက်မျိုးဆက်မှာ လူသားမျိုးနွယ်က အထီးကျန်သိုင်းသခင်တစ်ယောက်ကိုပဲမွေးထုတ်ပေးနိုင်ခဲ့တယ်”

“ဒါပေမဲ့ ပင်လယ်နဂါးဧကရီနဲ့ အခြားဧကရာဇ်တွေက ဘာလို့ နဂါးမျိုးနွယ်နဲ့ ခွန်မျိုးနွယ်တို့ကို ရုတ်တရက် သစ္စာဖောက်လာကြတာလဲ”

ငရဲစုန်းဧကရာဇ်သည် အခြားတစ်စုံတစ်ရာကို တွေးမိသွားပြီး သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းကာ ဒွိဟဖြစ်နေဆဲပင်။

သူက ဆက်ပြောလိုက်၏။

“နောက်ပြီး အဲ့ဒီဧကရာဇ်တွေက ငါတို့ဆီကိုလည်း ရောက်မလာဘူး... သူတို့က ဘယ်ကိုရောက်သွားကြတာလဲ”

“ငရဲစုန်း...”

မျက်လုံးတစ်ထောင်ဧကရာဇ်က ပြုံးပြလိုက်၏။

“ခင်ဗျားက အရမ်းကို စဥ်းစားနေတာပဲ... ဘာပဲဖြစ်ဖြစ် အဲ့ဒါက ရှားရှားပါးပါး အခွင့်အလမ်းတစ်ရပ်ပဲ... နဂါးမျိုးနွယ်..ခွန်မျိုးနွယ်နဲ့ လူရိုင်းမျိုးနွယ်တို့က အခုဆိုရင် သူတို့ရဲ့ အားအနည်းဆုံး အခြေအနေမှာရှိနေကြပြီ”

“ကျုပ်တို့က ဒီတိုက်ပွဲကို အခုမစတင်ဘူးဆိုရင် အထီးကျန်သိုင်းသခင်ရဲ့ အစစ်အမှန်ခန္ဓာနှစ်ခု ကြီးပြင်းလာတဲ့အခါ ကျုပ်တို့ ကမ္ဘာဦးမျိုးနွယ် ၅စုအတွက် ​နေစရာနေရာရှိနိုင်ဦးမှာလား”

“သူပြောတာမှန်တယ်”

အရိပ်မဲ့ဧကရာဇ်က ပြောလိုက်၏။

“တခြားလူတွေကို အသာထား... တဗူးဂမ္ဘီရဟို့ရဲ့ မျိုးဆက်က ငါတို့ကို သေချာပေါက်ခွင့်လွှတ်မှာ မဟုတ်ဘူး... အဲ့ဒီတောကောင်တွေရဲ့ မိဘတွေက ငါတို့ဘိုးဘေးတွေရဲ့လက်ထဲမှာ သွယ်ဝိုက်ပြီး သေဆုံးခဲ့ရတယ်ဆိုတာကို ထည့်ပြီးစဥ်းစားဖို့ မမေ့ကြနဲ့”

“အဲ့ဒီတောကောင်လေးရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်ထိရောက်နေပြီလဲ ငါသိချင်မိတယ်”

ငရဲစုန်းဧကရာဇ်က စဥ်းစားတွေးတောလိုက်၏။

“မပူစမ်းပါနဲ့”

ရွှေကျီးကန်းမီးဧကရာဇ်က ပြောလိုက်၏။

“သူက အလွန်ဆုံး ဧကရာဇ်တစ်ပါးဖြစ်ရုံပေါ့... ငါတို့ကို များများစားစား ခြိမ်းခြောက်နိုင်ဦးမှာ မဟုတ်ဘူး... သူ့မှာ နောက်ထပ်အချိန်ရပြီး သူ့ရဲ့အထွတ်အထိပ်အရွယ်ထိ ကြီးပြင်းလာမယ်ဆိုရင်တော့... အဲ့ဒီအချိန် ငါတို့ငါးယောက်က သူ့ရဲ့အစာဖြစ်သွားလိမ့်မယ်”

“သွားကြရအောင်”

ငရဲစုန်းဧကရာဇ်က ဆက်လက်တုံ့ဆိုင်းမနေတော့ဘဲ သူ့ရင်ထဲရှိ သံသယများစွာကို လောလောဆယ်မှာ ဖိနှိမ်လိုက်၏။

“မြောက်ပိုင်းဒေသကိုသွားပြီး နဂါးမျိုးနွယ်ကို ဖျက်​ဆီးပစ်ကြတာပေါ့”

အဲ့ဒီမှာ ငရဲစုန်းဧကရာဇ် ထုတ်ဖော်မပြောခဲ့သော အခြားတစ်စုံတစ်ရာရှိလေသည်။ ထူးခြားတာတစ်ခုခုဖြစ်လာခဲ့လျှင်တောင် စုန်းမျိုးနွယ်က သတ်​ဖြတ်ကွက်တစ်ကွက်ကို ပြင်ဆင်ထားခဲ့ပြီးလေပြီ။

ထိုသတ်ဖြတ်ကွက် ထွက်ပေါ်လာသည့်အချိန်မှာ နဂါး ၊ ခွန်နှင့် လူရိုင်းမျိုးနွယ်တို့ကို မပြောနှင့် ကောင်းကင်ဘုံမျက်လုံးနှင့် ရွှေကျီးကန်းမျိုးနွယ်တို့ပင်လျှင် ​ခြေမှုန်းဖျက်ဆီးခံရပေလိမ့်မည်။

ထိုအချိန်ကျလျှင် စုန်းမျိုးနွယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကို တစ်ဦးတည်း မောင်ပိုင်စီးအုပ်စိုးဖို့ အခွင့်အရေးတစ်ခု ရရှိလာပေလိမ့်မည်။

ငရဲစုန်းဧကရာဇ်နှင့် အခြားသူများက သူတို့၏ စစ်တပ်ကို အမိန့်ပေးစေခိုင်းစရာမလိုပေ။

ငရဲစုန်းဧကရာဇ်နှင့် အခြားသူများသည် သူတို့၏ ကလန်ခေါင်းဆောင်များထံ အမိန့်ပေးလိုက်ရုံသာဖြစ်ပြီး ထိုသူများသည် မြောက်ပိုင်းဒေသသို့ သူတို့၏ စစ်တပ်ကို ဦးဆောင်သွားပေလိမ့်မည်။

သန်းပေါင်းများစွာသော သားရဲတောကောင်များသည် တောင်တန်းများနှင့် လွင်ပြင်များကို ဖြတ်ကျော်၍ မာန်ဖီအော်ဟစ်လာကြ၏။ မီးခိုးများက အူထွက်၍ နေရာတစ်ဝန်း ဖုန်လုံးများက တထောင်းထောင်းထနေ၏။ သူတို့ဖြတ်သွားရာနေရာတိုင်း ဘာမှမကျန်ရစ်ခဲ့ပေ။

ထျန်ဟွမ်ကုန်းမြေတိုက်တစ်ခုလုံးကို ရှင်းလင်းပစ်မည့် ကြီးမားသည့်တိုက်ပွဲတစ်ခုက နောက်ဆုံးမှာ ပေါ်ထွက်လာခဲ့လေပြီ။

ဆယ်ရက်ကြာပြီးနောက်...

ရှေ့ဆုံးမှာရှိသော သားရဲများသည် နောက်ဆုံးမှာ မြောက်ပိုင်းဒေသသို့ ဝင်ရောက်လာခဲ့လေပြီ။

မြောက်ပိုင်းဒေသသို့ ပထမဆုံး ခြေချရာနေရာမှာ သားရဲနယ်မြေရှစ်ခွင်ထဲမှ တစ်ခုဖြစ်သော ခြင်္သေ့ရိုင်းတောင်ကြောရိုးဖြစ်လေသည်။

ခြင်္သေ့ရိုင်းတောင်ကြောရိုးသည် အစကတည်းက မြောက်ပိုင်းဒေသမှာ ပါဝင်ပြီး ထိုသားရဲတောကောင်များက ဤနေရာနှင့် အရင်းနှီးဆုံးဖြစ်လေသည်။

တောကောင်များစွာသည် မြောက်ပိုင်းဒေသသို့ ပြန်လည်ဝင်ရောက်လာသောအခါ အလွန်တရာ စိတ်လှုပ်ရှားတက်ကြွနေကြ၏။

“သတ်...”

ထိုစဥ်မှာပင် ဓားအလင်းတန်းများက လေထုကို ဆုတ်ဖြဲလာခဲ့၏။

များစွာသော ဓမ္မအလင်းတန်းများနှင့် စိတ်ဝိညာဥ်လက်နက်များသည် ကောင်းကင်ထက်က​နေ ဆင်းသက်လာပြီး မရေမတွက်နိုင်သော ဓမ္မပညာရပ်များကလည်း မထိုးဖောက်နိုင်သော ထောင်ချောက်တစ်ခုအဖြစ် ယှက်ဖြာကာ ဝင်ရောက်လာသော သားရဲများစွာပေါ်သို့ အုပ်မိုးသွားလေသည်။

“ငါတို့ကျင့်ကြံသူတွေအနေနဲ့... သားရဲတွေနဲ့ မိစ္ဆာတွေကို သတ်ဖြတ်နှိမ်နှင်းရမယ့်အချိန်ပဲ”

နှင်းပုံတောင်ကြား၏ ဂိုဏ်းချုပ်က သူ၏ လက်ထဲရှိ ဓားရှည်တစ်လက်နှင့်အတူ လေထဲကနေ ဆင်းသက်လာပြီး သူ၏ ရှေ့တည့်တည့်ရှိသော သားရဲများကို ထိုးညွှန်ကာ ကြမ်းကြုတ်ခက်ထန်စွာ ပြောလိုက်၏။

သူ၏ နောက်ဘက်တွင် နှင်းပုံတောင်ကြားမှ ကျင့်ကြံသူများစွာက တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြ၏။

တစ်ချိန်တည်းမှာပဲ ဖန်သားနန်းတော် ၊ ဓားဂိုဏ်း ၊ ပဒေသရာဇ်နန်းတော် ၊ အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ကျင့်ကြံသူများသည် မြောက်ပိုင်းဒေသနှင့် အလယ်ပိုင်းတိုက်၏ နယ်စပ်စည်းမျဥ်းသို့ ရောက်ရှိလာကြ၏။

ထိပ်သီးဂိုဏ်းကြီးများအပြင် ထျန်ဟွမ်ကုန်းမြေတိုက်၏ အဆင့်မြင့်ဂိုဏ်းများ ၊ ရှေးတော်ဝင်မိသားစုများနှင့် ဂိုဏ်းငယ်အချို့မှ ကျင့််ကြံသူများပင်လျှင် သိုင်းဧကရာဇ်၏ အမိန့်အောက်ကနေ ဤနေရာသို့ စုစည်းလာကြ၏။

ထိပ်သီးဂိုဏ်းကြီးများအနေဖြင့် ဤတိုက်ပွဲကို ရင်ဆိုင်ရန် ကျင့်ကြံသူများကို စုစည်းဖို့ ဤရက်အနည်းငယ်က လုံလောက်လေသည်။ မည်သည့် အကဲစမ်းမှုမှမရှိဘဲ ထိပ်သီးဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များသည် ကျင့်ကြံသူစစ်တပ်တစ်တပ်ကို ဦးဆောင်ကာ သားရဲများနှင့် ဆန့်ကျင်တိုက်ခိုက်လိုက်ကြ၏။

အဲ့ဒါသည် လူသားမျိုးနွယ်အတွက် သေရေးရှင်ရေးတိုက်ပွဲတစ်ခုဖြစ်၏။

“ဂါး...”

ကမ္ဘာဦးမျိုးနွယ် ၅စု၏ နောက်ခံရှိထား၍ သားရဲများသည် ပို၍ပင် အကြောက်အလန့်ကင်းမဲ့ပြီး ရှေ့မှာရှိသော ကျင့်ကြံသူများထံသို့ သိပ်သည်းပြင်းထန်သော သားရဲချီများနှင့်အတူ တလိပ်လိပ်တိုးဝင်လာကြ၏။

ကောင်းကင်ထက်ကနေ ငုံ့ကြည့်မည်ဆိုလျှင် ကြီးမားသော အဖွဲ့အစည်းနှစ်ခုသည် မြောက်ပိုင်းဒေသနှင့် အလယ်ပိုင်းတိုက်၏ အစွန်အစပ်မှာ ပြင်းထန်ကြမ်းကြုတ်စွာ ထိတွေ့ရိုက်ခတ်သွားကြ၏။

အဲ့ဒါသည် ကြီးမားသော လှိုင်းလုံးနှစ်လုံးက ကျယ်လောင်သော မြည်သံနှင့်အတူ ရိုက်ခတ်သွားသည့်အလားပင်။

လှိုင်းလုံးနှစ်လုံးရိုက်ခတ်လိုက်သည့်ခဏမှာပင် သွေးများက အဘက်ဘက်သို့ ပြန့်ကျဲထွက်သွား၏။

ချက်ချင်းပင် လောကက ထူထဲသော သွေးတစ်လွှာဖြင့် နီစွေးသွားပြီး လေထုထဲမှာ အလွန်တရာ ဝမ်းနည်းချောက်ချားစရာကောင်းသော ပုံစံဖြင့် သွေးရနံ့က မွှန်ထူသွားလေသည်။

ဘုန်း...

ကောင်းကင်ထက်ကနေ ရွှေရောင်အလင်းတစ်ခု ဆင်းသက်လာပြီး သားရဲတောကောင်များပေါ်သို့ ပြင်းထန်စွာပစ်ကျကာ မြေကြီးထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး ဘေးပတ်လည်ရှိမြေပြင်ကို အက်ကွဲသွားစေ၏။

ထို့နောက်ချက်ချင်းပင် မြင့်မားသော ပုံရိပ်တစ်ခုက ဆင်းသက်လာပြီး သူ၏ ရင်ဘတ်ကို တဖုန်းဖုန်းထုရိုက်ကာ မာန်ဖီဟိန်းဟောက်လိုက်၏။

All Chapters