ဧကရာဇ်များ၏ စစ်တလင်း
Vol. 115 Ch. 1711
ခွန်လွင်မျိုးနွယ်သည် ခေတ်အဆက်ဆက် ခွန်လွင်အပျက်အစီးနယ်မြေ၌သာ ရှင်သန်နေထိုင်ခဲ့ရ၏။
ခွန်လွင်မျိုးနွယ်၏ မျိုးဆက်သွေးကို ကမ္ဘာဦးခေတ်မှာ ပညာရှင်သက်ရှိများစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၏။
သည်ဘက်မျိုးဆက်၏ ခွန်လွင်အပျက်အစီးနယ်မြေမှာ ကြီးမားသော တိုက်ပွဲတစ်ခုပင်ဖြစ်ပွားခဲ့၏။
အဲ့ဒီကနေ ရှင်သန်လာနိုင်ခဲ့သော ထိုသူများသည် ခွန်လွင်မျိုးနွယ်၏ ပြိုင်စံရှားများဖြစ်ကြ၏။
ခွန်လွင်မျိုးနွယ်၏ တာဝန်ဝတ္တရားမှာ ခွန်လွင်ဒေသကို ကာကွယ်ပြီး နတ်ဘုရားမျိုးနွယ်၏ ကျူးကျော်ဝင်ရောက်မှုကို ခုခံဖို့ဖြစ်၏။
နှစ်ပေါင်းများစွာကြာပြီးနောက် ခွန်လွင်မျိုးနွယ်သည် အခြားသော ကမ္ဘာဦးမျိုးနွယ်များအပေါ် အမုန်းတရားများစွာ မရှိတော့ပေ။
သို့သော်လည်း သူတို့သည် နတ်ဘုရားမျိုးနွယ်များကို အရိုးထိတိုင် မုန်းတီးလေသည်။
ခွန်လွင်မျိုးနွယ်သည် ရှေ့သို့ချီတက်လာကြပြီး သားရဲနယ်မြေရှစ်ခွင်မှ သားရဲတောကောင်များကို လျစ်လျူရှုကာ ကြမ်းကြုတ်ခက်ထန်သော အော်ရာများနှင့်အတူ နတ်ဘုရားမျိုးနွယ်များထံသို့ ပြေးဝင်သွားကြ၏။
သားရဲတောကောင်များကို မပြောနှင့် လက်ရှိ နတ်ဘုရားမျိုးနွယ် သက်ရှိများပင်လျှင် တွေဝေရှုပ်ထွေးသွားကြ၏။ သူတို့၏ ဖွဲ့စည်းပုံသည် ခွန်လွင်မျိုးနွယ်များ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပြန့်ကျဲသွားလေသည်။
ဤပညာရှင်အုပ်စုသည် ဘယ်နေရာကနေ ရောက်လာသလဲနှင့် သူတို့သည် ဘာကြောင့် သူတို့ကို အထူးတလည် ပစ်မှတ်ထားလာသလဲပင် နတ်ဘုရားမျိုးနွယ် သက်ရှိများစွာက မသိရှိကြပေ။
ခွန်လွင်မျိုးနွယ်သည် ခွန်လွင်အပျက်အစီးနယ်မြေမှာ နှစ်ပေါင်းများစွာ ကြာအောင်ပိတ်မိနေခဲ့သည့် အကြောင်းရင်းမှာ နတ်ဘုရားမျိုးနွယ်၏ ကျူးကျော်ဝင်ရောက်မှုနှင့် ကမ္ဘာဦးခေတ်စစ်ပွဲကြောင့်ဖြစ်၏။
ခွန်လွင်မျိုးနွယ်တစ်ခုတည်းက နတ်ဘုရားမျိုးနွယ်ကို ယှဥ်နိုင်ချင်မှ ယှဥ်နိုင်ပေလိမ့်မည်။
သို့သော်လည်း ခွန်လွင်ကလန်သားတိုင်းသည် အလွန်တရာ ကြမ်းကြုတ်ခက်ထန်ပြီး နတ်ဘုရားမျိုးနွယ်ကို ကမ္ဘာမကြေ ရန်သူများအဖြစ် ရှုမြင်ထားကြလေသည်။
ခွန်လွင်ကလန်သား အချို့သည် နတ်ဘုရားမျိုးနွယ် သက်ရှိတစ်ယောက်ကို ထိတ်ထိတ်ပျာပျာဖြစ်သွားစေဖို လုံလောက်လေသည်။
တိုက်ပွဲဖြစ်ပွားပြီးမကြာခင် နတ်ဘုရားမျိုးနွယ်က ကြီးကြီးမားမား ထိခိုက်ပျက်စီးလာရ၏။
သားရဲနယ်မြေရှစ်ခွင်နှင့် နတ်ဘုရားမျိုးနွယ်မှ စစ်တပ်များသည် မြောက်ပိုင်းဒေသ၏ နယ်စပ်စည်းမျဥ်းကို ဖြတ်ကျော်လာခါစမှာပင် သူတို့ကို လူသားမျိုးနွယ်နှင့် ခွန်လွင်မျိုးနွယ်၏ ပူးပေါင်းအင်အားက အပြင်ဘက်ကနေ တားဆီးခဲ့ပြီး အတန်ကြာသည့်အထိ သူတို့က ရှေ့ဆက်မတိုးနိုင်တော့ပေ။
“သွေးဧကရာဇ်...”
သွေးနွယ်ပင်ကလန်ခေါင်းဆောင်က နက်ရှိုင်းသောအသံဖြင့် ပြောလိုက်၏။
“ကျုပ်တို့ရဲ့ကလန်သားတွေက အဲ့ဒါကို ဆက်ပြီးတော့ သည်းမခံနိုင်တော့ဘူး... သူတို့က တိုက်ပွဲထဲကို ဝင်ပါပြီး သွေးကိုသောက်သုံးချင်နေကြပြီ... သွေးဧကရာဇ်... ကျေးဇူးပြုပြီး အမိန့်ပေးပါ “
ကောင်းကင်ဘုံမျက်လုံး ၊ ရွှေကျီးကန်းနှင့် ယက္ခမျိုးနွယ်မှ ကလန်ခေါင်းဆောင်တို့ကလည်း ရှေ့သို့ထွက်ရပ်လာကြ၏။
ကမ္ဘာဦးမျိုးနွယ် ၅စု မှ ပညာရှင်များသည် သူတို့ရှေ့မှ လတ်ဆတ်သောသွေးများဖြင့် နှိုးဆွခံလိုက်ရပြီး သူတို့က စိတ်လှုပ်ရှားတက်ကြွသော အမူအရာများနှင့်အတူ စိတ်အားထက်သန်လာကြ၏။
ရွှေကျီးကန်းမီးဧကရာဇ်နှင့် အခြားသူများ အကြည့်ချင်းဖလှယ်ပြီးနောက် ခေါင်းညိတ်ကာ လက်ပြလိုက်လေသည်။
“လုပ်စရာရှိတာ လုပ်ကြတော့”
ဘုန်း...
ကမ္ဘာဦမျိုးနွယ် ၅စု မှ မဟာမိတ်စစ်တပ်သည် ဆာလောင်ကြမ်းကြုတ်သော ကျားများကဲ့သို့ ချီတက်လာကြ၏။
တစ်ချိန်တည်းမှာပင် မြောက်ပိုင်းဒေသ၏ မြောက်ဘက်ကနေ စွမ်းအားကြီးမားသော ပုံရိပ်များစွာက ပြေးလွှားလာလေသည်။
သူတို့ထဲမှာ အချို့သည် ပေပေါင်းများစွာမြင့်မားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗလာကျင်းထားကြ၏။
သူတို့၏ အော်ရာများက ကြောက်စရာကောင်းပြီး ခံ့ညားထည်ဝါကာ တောင်တန်းများ ရွေ့လျားလာသကဲ့သို့ လျှောက်လှမ်းလာလေသည်။
လူရိုင်းမျိုးနွယ်က ရောက်ရှိလာခဲ့လေပြီ။
လူရိုင်းဘိုးဘေးသည် လေဟာနယ်ကို ဆုတ်ဖြဲ၍ ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။ သူ၏ ဧရာမခြေဖဝါးက မြေပြင်ပေါ်ကို ဆောင့်နင်းချလိုက်ပြီး သားရဲတောကောင်အချို့ကို အသားပြားများအဖြစ် ပြောင်းလဲသွားစေကာ မြေပြင်ကိုကွဲထွက်၍ တုန်ခါသွားစေ၏။
“ဂါး...”
အဆုံးမဲ့စွမ်းပကားတစ်ခုနှင့်အတူ ကျယ်လောင်သော နဂါးဟိန်းသံက လောကတစ်ခွင် တုန်ဟည်းသွားလေသည်။
နဂါးဟိန်းသံကို ကြားရချိန်မှာ သားရဲများအားလုံးက အသံတိတ်သွားကြ၏။
နတ်နဂါးများသည် လူရိုင်းမျိုးနွယ်၏ ဦးခေါင်းများအထက်မှာ တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာကြ၏။ သူတို့မှာ ငွားငွားစွင့်စွင့်မြင့်မားသော ဦးချိုများ ၊ ထက်ရှသည့် လက်သည်းများနှင့် သွားစွယ်များ ရှိကြလေသည်။
နတ်နဂါးအချို့သည် သွေးနီရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး မီးနဂါးများကဲ့သို့ လေထုကို ဆုတ်ဖြဲလာကြ၏။
နဂါးအချို့သည် အစိမ်းရောင်ကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး တိမ်စိုင်များပေါ်ကနေ စီးနင်းလာကြ၏။
နတ်နဂါးအချို့သည် လူးလှိမ့်၍ ပျံတက်လာပြီး ကောင်းကင်တစ်ခွင်အုပ်မိုးလာခဲ့၏။
နဂါးများ၏ ရှေ့၌ ပေပေါင်းထောင်ချီရှည်လျားသော နဂါးတစ်ကောင်ရှိလေသည်။ ၎င်းမှာ တောင်လောင်ပြင်းပြသော အကြည့်တစ်ခုရှိပြီး ၎င်း၏ ဝမ်းဗိုက်အောက်တွင် သိပ်သည်းပြင်းထန်သော အော်ရာနှင့်အတူ လက်သည်းငါးဖက် ပါရှိလေသည်။
လက်သည်းငါးဖက် နတ်နဂါး.. လုံစန်း။
လုံစန်းသည် လက်သည်းငါးဖက် နတ်နဂါးတစ်ကောင်၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားလေသည်။ သူသည် ဧကရာဇ်တစ်ပါး မဟုတ်သော်လည်း သူသည် မဟာယာနအဆင့်၏ အထွတ်အထိပ်ထိရောက်ရှိအောင် ကျင့်ကြံထားခဲ့လေပြီ။
နဂါးများကြားမှာ မီးပဒေသာနဂါးတစ်ကောင်ပါရှိလေသည်။ ၎င်းသည် နဂါးအရိုးတောင်ကြားဆီသို့ ဆူဇီမိုနောက်ကနေ လိုက်ပါလာခဲ့သော တစ်ကိုယ်တော်တိမ်စိုင်ဖြစ်လေသည်။
ဤနှစ်များအတွင်း တစ်ကိုယ်တော်တိမ်စိုင်က မဟာယာနအဆင့်ထိ ရောက်ရှိအောင် ကျင့်ကြံထားခဲ့ပြီးလေပြီ။
တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏ အမြီးကို လွှဲယမ်းပြီး သူ၏ သွေးနီရောင် နဂါးအမြီးက သားရဲတောကောင်များစွာကို လောင်ကျွမ်းပြာကျသွားစေ၏။ သူ၏ အမြီးဖြတ်သွားရာနေရာတိုင်း အပျက်အစ်ီးပုံများ ကျန်ရစ်ခဲ့လေသည်။
ဝေါ...
နက်မှောင်နေသော ပင်လယ်တစ်စင်းက နဂါးများနှင့် လူရိုင်းမျိုးနွယ်၏ နောက်ဘက်ကနေ ပေါ်ထွက်လာ၏။
ပင်လယ်ရေထဲမှာ နဂါးနှင့် လူရိုင်းမျိုးနွယ်ထက်ပင် ပို၍ကြီးမားသော ပုံရိပ်များက ကူးခတ်လာနေသည်ကို ဝိုးတဝါးတွေ့မြင်နိုင်၏။
ပင်လယ်ရေထဲမှာ ထိုပုံရိပ်များသည် အလွန်တရာ စွမ်းအားကြီးမားသော သွေးချီဖြင့် ပြည့်လျှမ်းနေပြီး ကီလိုမီတာ ၅ထောင် အကွာအဝေးကပင် တိုက်ပွဲမြေပြင်ရှိ သက်ရှိများစွာက အဲ့ဒါကို အာရုံခံမိနိုင်ကြ၏။
ထိုကဲ့သို့ ကြောက်စရာကောင်းသောသွေးချီနှင့် သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားကို ပိုင်ဆိုင်ထားသည်မှာ မျိုးနွယ်စုတစ်စုသာလျှင် ရှိနိုင်လေသည်။
ခွန်မျိုးနွယ်... ။
ခွန်မျိုးနွယ်၏ ဘဝသက်တမ်းက နဂါးမျိုနွယ်ထက်ပင် ပို၍ ရှည်လျားလေသည်။
ခွန်မျိုးနွယ် ရောက်ရှိလာမှုသည် မြောက်ဘက် ၊ အရှေ့ဘက်နှင့် တောင်ဘက်အရပ်မှ ပင်လယ်နေသားရဲများစွာ၏ အော်ရာများကို အားနည်းသွားစေ၏။
ခွန်မျိုးနွယ်သည် သမုဒ္ဒရာ၏ ဘုရင်ဖြစ်ပြီး သမုဒ္ဒရာထဲရှိ သက်ရှိများအားလုံး၏ အထွတ်အထိပ်မှာ ရပ်တည်လေသည်။
သမုဒ္ဒရာထဲမှာ မည်သည့်မျိုးနွယ်ကမှ သူတို့ကို မယှဥ်နိုင်ပေ။ နဂါးမျိုးနွယ်ပင်လျှင် မရပေ။
သက်ရှိများအားလုံးက ခွန်မျိုးနွယ်၏ အစာ ဖြစ်လေသည်။
ရှေးဟောင်းခေတ်စစ်ပွဲအပြီး၌ ခွန်မျိုးနွယ်သည် ပေမင်အရပ်မှာ နေထိုင်ခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သမုဒ္ဒရာသုံးစင်းကို အခြားသောမျိုးနွယ်ဝင်သက်ရှိများက စိုးမိုးခြယ်လှယ်နိုင်လိမ့်မည် မဟုတ်ပေ။
ခွန်မျိုးနွယ်၏ ပေါ်ထွက်လာမှုသည် သမုဒ္ဒရာသုံးစင်းမှ သက်ရှိအချို့ကို ကြောက်လန့်မှုဖြင့် တုန်ယင်သွားစေ၏။
ဧရာမခွန်တစ်ကောင်သည် ၎င်း၏ ပါးစပ်ကိုဖွင့်ဟပြီး အလွန်တရာ ကြောက်စရာကောင်းသော စုပ်ယူအားတစ်ခုကို ထုတ်ဖော်လိုက်၏။
သားရဲနယ်မြေများမှ များစွာသော သားရဲတောကောင်များသည် သူတို့၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်တော့ဘဲ ဧရာမခွန်၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။
နဂါး ၊ ခွန်နှင့် လူရိုင်းမျိုးနွယ်တို့က ပူးပေါင်းထားကြပြီး မြောက်ပိုင်းဒေသ၏ နယ်စပ်စည်းမျဥ်းပေါ်မှာ ကမ္ဘာဦးမျိုးနွယ် ၅စု နှင့်ရင်ဆိုင်တိုက်ခိုက်လိုက်ကြ၏။
ကမ္ဘာဦးမျိုးနွယ် ၅စု မှ ပညာရှင်များစွာရှိသော်လည်း သူတို့အနေဖြင့် နဂါး ၊ ခွန်နှင့်လူရိုင်းမျိုးနွယ်၏ မဟာမိတ်အဖွဲ့ကို ထိုးဖောက်ဖို့ မလွယ်ကူပေ။
ဒါ့အပြင် လူသားမျိုးနွယ်မှ ပြိုင်စံရှားများစွာကလည်း ထွက်ပေါ်လာကြ၏။
မင်းကျန် ၊ နတ်ဆိုးမကျိနှင့် အဆုံးစွန်မီးကဲ့သို့ ပညာရှင်များအနေဖြင့် သူတို့သည် ဧကရာဇ်များမဟုတ်သော်လည်း သူတို့သည် မဟာယာနအဆင့်၏ အထွတ်အထိပ်ထိ ရောက်ရှိအောင် ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး သူတို့သည် အဆင့်တူခြင်းမှာ ကမ္ဘာဦးမျိုးနွယ်ဝင်များကိုပင် ဖိနှိမ်နိုင်လေသည်။
ငရဲစုန်းဧကရာဇ် ၊ ရွှေကျီးကန်းမီးဧကရာဇ်နှင့် အခြားသူများသည် ကောင်းကင်ထက်မှာ မတ်တတ်ရပ်ပြီး အေးစက်စက်အမူအရာများနှင့်အတူ စစ်မြေပြင်ကို ငုံ့ကြည့်နေကြ၏။
ရုတ်တရက်ဆိုသလို...
မြောက်ပိုင်းဒေသ၏ အနက်ပိုင်းကနေ အလွန်တရာကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုက နဂါးအရိုးတောင်ကြားဘက်ကနေ ပေါက်ကွဲထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင် ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့၏။
ထိုအသံမှာ နဂါးဟိန်းသံနှင့် ဖီးနစ်အော်သံ ရောယှက်နေပြီး သတ္တုများကို ထိုးဖောက်ကာ ကျောက်သားများကို အက်ကွဲသွားစေ၏။ လက်ရှိကမ္ဘာဦးမျိုးနွယ်များပင်လျှင် ထိုအသံကို ကြားသောအခါ ရင်တလှပ်လှပ်ခံစားလာရ၏။
အဲ့ဒါက တဗူးနဂါးဖီးနစ်၏ အသံဖြစ်၏။
တဗူးနဂါးဖီးနစ်သည် ငရဲစုန်းဧကရာဇ် ၊ ရွှေကျီးကန်းမီးဧကရာဇ်နှင့် အခြားသူများကို စစ်ကြေညာလိုက်ခြင်းဖြစ်၏။
ဧကရာဇ်များ၏ စစ်မြေပြင်က ဤနေရာမှာဖြစ်လိမ့်မည် မဟုတ်ပေ။
ဧကရာဇ်များ၏ စွမ်းအားက အရမ်းကိုသန်မာပြီး ကြောက်စရာကောင်းသော အဖျက်စွမ်းအားကို ထုတ်ဖော်နိုင်လေသည်။
ဧကရာဇ်များက ဤနေရာတွင်တိုက်ခိုက်ကြမည်ဆိုလျှင် အောက်ဘက်တွင်ရှိသော သက်ရှိများအားလုံးသည် သူတို့၏ စွမ်းအားများကြားမှာ နစ်မြုပ်သွားပြီး သေဆုံးသွားရပေလိမ့်မည်။
ကမ္ဘာဦးမျိုးနွယ် ၅ စုမှ ဧကရာဇ်များကလည်း အဲ့ဒါကိုသိထားလေသည်။ အဲ့ဒါကြောင့် သူတို့က ဤနေရာမှာ မတိုက်ခိုက်ကြခြင်းဖြစ်၏။
သူတို့တိုက်ခိုက်ကြမည်ဆိုလျှင် နဂါးမျိုးနွယ်မှ ဧကရာဇ်များကလည်း သေချာပေါက်ရောက်ရှိလာပေလိမ့်မည်။
ထိုအချိန်ကျလျှင် ဧကရာဇ်များအကြားတိုက်ပွဲထဲမှာ သူတို့၏ ကလန်သားများပင် ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။
“တဗူးနဂါးဖီးနစ်”
သွေးဧကရာဇ်က သူ၏ နှုတ်ခမ်းကိုလျှာဖြင့်သပ်ပြီး သူ၏ မျက်လုံးက ဝင်းလက်လာကာ စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ပြောလိုက်၏။
“ငါက... တဗူးတစ်ကောင်ရဲ့ မျိုးဆက်သွေးကို တစ်ခါမှ မမြည်းစမ်းဖူးဘူး... ဟီးဟီး”
အဲ့ဒီမှာ သူမပြောသော အခြားတစ်စုံတစ်ရာရှိလေသည်။
သူသည် တဗူးနဂါးဖီးနစ်၏ မျိုးဆက်သွေးကို သန့်စင်မွန်းမံနိုင်မည်ဆိုလျှင် သူက အဆင့်ချိုးဖျက်တက်လှမ်းလာနိုင်ကောင်းလေသည်။
“အားလုံးပဲ... သွားကြတာပေါ့”
ရွှေကျီးကန်းမီးဧကရာဇ်က ညင်သာစွာ ပြုံးပြလိုက်၏။
“တဗူးနဂါးဖီးနစ်က နဂါးအရိုးတောင်ကြားကနေ စစ်ကြေညာနေပြီဆိုမှတော့... နဂါး.. လူရိုင်းနဲ့ ခွန်မျိုးနွယ်တို့မှာ ဧကရာဇ်ဘယ်လောက်များများကျန်သေးသလဲ ကြည့်ရသေးတာပေါ့”
“ငါတို့က တဗူးကိုသတ်နိုင်တာနဲ့ ကျန်တဲ့သူတွေက ဘာမှမဟုတ်တော့ဘူး”
ငရဲစုန်းဧကရာဇ်က မှင်သေသေဖြင့် ပြောလိုက်၏။
“မပူစမ်းပါနဲ့”
အရိပ်မဲ့ဧကရာဇ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“တဗူးနဂါးဖီးနစ်က အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကိုပဲ နားလည်ဆင်ခြင်ရသေးတယ်လို့ ငါ တိကျခိုင်လုံတဲ့သတင်း ရထားတယ်... သူက ငါတို့ကို မခြိမ်းခြောက်နိုင်ဘူး “
“ဒါနဲ့ ငါတို့က တဗူးဂမ္ဘီရဟို့ကိုလည်း သတိထားရမယ်”
ငရဲစုန်းဧကရာဇ်က ထပ်မံ၍ သတိပေးလိုက်၏။
ကမ္ဘာဦးမျိုးနွယ် ၅စု၏ ဘက်တွင် ဧကရာဇ် ၅၀ ကျော်ရှိလေသည်။ သားရဲနယ်မြေရှစ်ခွင်မှ ဧကရာဇ် ၁၇ပါးရှိလေသည်။
နတ်ဘုရားမျိုးနွယ်မှာ ဧကရာဇ် ၈ပါးရှိလေသည်။
ငရဲစုန်းဧကရာဇ်ကဲ့သို့ ထိပ်သီးဧကရာဇ် ၅ ဦးအပါအဝင် သူတို့ဘက်ခြမ်းမှာ ဧကရာဇ် ၈၀ ကျော်ရှိလေသည်။
သမိုင်းတစ်လျှောက်တွင် ကမ္ဘာဦးခေတ်စစ်ပွဲနှင့် ရှေးဟောင်းခေတ်စစ်ပွဲတို့မှာသာ ဤကဲ့သို့များပြားလှသည့် ဧကရာဇ် အရေအတွက်ကို ထုတ်ဖော်ပေးနိုင်ပေလိမ့်မည်။