← Chapters

ညဝိညာဉ်၏ တိုက်ခိုက်မှု

Vol. 115 Ch. 1712

ညဝိညာဉ်၏ တိုက်ခိုက်မှု

Vol. 115 Ch. 1712

နဂါးအရိုးတောင်ကြားတွင်…

လူသားမျိုးနွယ်မှ ဧကရာဇ်များ၊ ပုံပြောသူနှင့် ပဟေဠိနန်းတော်မှ နဂါးအိုကြီးတို့က ဤနေရာသို့ စုစည်းရောက်ရှိနေကြလေပြီ။

နဂါး၊ ခွန်နှင့် လူရိုင်းမျိုးနွယ်မှ ဧကရာဇ်များကလည်း ပေါ်ထွက်လာပြီဖြစ်၏။

ကမ္ဘာဦးခေတ်ကတည်းက လူသားများသည် ကမ္ဘာဦးမျိုးနွယ်များနှင့် ပူးပေါင်းသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။

သို့သော်လည်း လူသားမျိုးနွယ်မှ ဧကရာဇ်များဖြစ်စေ.. နဂါး၊ လူရိုင်းနှင့် ခွန်မျိုးနွယ်မှ ဧကရာဇ်များဖြစ်စေ… သူတို့အားလုံးသည် အလယ်ပိုင်းတိုက် ရှိရာဘက်သို့ ကြည့်ရင်း သူတို့၏ အမူအရာများက အလွန်တရာ သုန်မှုန်နေကြ၏။

သူတို့သည် မြောက်ပိုင်းဒေသနှင့် အလယ်ပိုင်းတိုက်ကြားရှိ မျိုးနွယ်စုတစ်သောင်းအကြား တိုက်ပွဲကို စိုးရိမ်ပူပန်နေခြင်း မဟုတ်ပေ။

သူတို့သည် သားရဲနယ်မြေရှစ်ခွင်နှင့်အတူ ကမ္ဘာဦးမျိုးနွယ် ၆စုမှ အင်အားစုများနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင်တောင် သူတို့က တိုက်ခိုက်နိုင်သေး၏။

ဒါ့အပြင်… မြောက်ပိုင်းဒေသ၏ နယ်စပ်၌ သူတို့ ဖုံးကွယ်ထားသော ဝှက်ဖဲတစ်ချပ်လည်း ရှိလေသည်။

ဧကရာဇ်များ တကယ်တမ်း စိုးရိမ်ပူပန်နေသည်မှာ ဧကရာဇ်များ အကြား တိုက်ပွဲကို ဖြစ်လေသည်။

ဤတိုက်ပွဲမှာ သူတို့ ရှုံးနိမ့်ရမည်ဆိုပါက သူတို့က မြောက်ပိုင်းဒေသ နယ်စပ်၌ အနိုင်ရရှိခဲ့မည်ဆိုလျှင်တောင် သူတို့​က ချေမှုန်းဖျက်ဆီးခံရပေလိမ့်မည်။

သို့သော်လည်း.. ဧကရာဇ်များ အကြား တိုက်ပွဲမှာ သူတို့က သေကြေပျက်သုဉ်းရဖို့ အခွင့်ပိုများနေ၏။

တစ်ခုတည်းသော ပြောင်းလဲနိုင်ခြေမှာ သိုင်းဧကရာဇ် ဖြစ်လေသည်။

ဧကရာဇ်များ၏ အကြည့်က ဆူဇီမိုအပေါ် အလိုလိုဆင်းသက်လာခဲ့၏။

ဆူဇီမို၏ အမူအရာက မည်သည့် ကြောက်ရွံ့မှု သို့မဟုတ် စိုးရိမ်ပူပန်မှုမှ မရှိဘဲ တည်ငြိမ်နေ၏။ အဲဒါက ဧကရာဇ်များကို ယုံကြည်မှုတချို့ ပေးနိုင်လေသည်။

သို့သော်လည်း တကယ်တမ်းမှာတော့ ဆူဇီမိုတွင် ယုံကြည်မှုများစွာ မရှိပေ။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်ဖို့ ကြိုးစားခဲ့၏။ သို့သော်လည်း အဲဒီမှာ မည်သည့် တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။

သိုင်းတာအိုပင်မခန္ဓာသည် ထျန်ဟွမ်ကုန်းမြေတိုက်ကနေ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်ဟု ထင်ရ၏။

သိုင်းတာအိုပင်မခန္ဓာသည် တစ်ဆို့သွားသော အမှတ်တစ်ခုနှင့် ကြုံတွေ့နေရ၏။ သူက အဲဒါကို နားလည်ဆင်ခြင်နိုင်ခြင်း မရှိလျှင် သူက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ခွာလာခဲ့မည်ဆိုလျှင်တောင် ဧကရာဇ်များ အကြား တိုက်ပွဲကို ပြောင်းလဲပေးနိုင်လိမ့်မည် မဟုတ်ပေ။

ဧကရာဇ်များ၏ ဤတိုက်ပွဲမှာ သူတို့ နှစ်ဦးနှစ်ဖက်ကြား ကွာဟချက်က အရမ်းကို ကြီးမားနေ၏။

သူတို့ဘက်ခြမ်းတွင် နဂါးမျိုးနွယ်မှ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာနှင့် လုံရန် အပါအဝင် ဧကရာဇ် ငါးဦးသာလျှင် ရှိလေသည်။

လူရိုင်းမျိုးနွယ်မှ ဧကရာဇ်နှစ်ပါးက ဒဏ်ရာအပြင်းအထန် ရရှိထားပြီး တိုက်ပွဲမှာ မပါဝင်နိုင်ပေ။ သူတို့မှာ တိုက်ခိုက်နိုင်သော ဧကရာဇ် နှစ်ပါးလျှင် ကျန်ရှိလေသည်။

ခွန်မျိုးနွယ်က နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိလေသည်။ သို့သော်လည်း သူတို့သည် ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ဧကရာဇ် ၇ပါးက သေဆုံးခဲ့ရ၏။

ယခုအချိန်တွင် သူတို့မှာ ခွန်ဧကရာဇ် ၆ဦးသာလျှင် ကျန်ရှိလေသည်။

နဂါး၊ လူရိုင်းနှင့် ခွန်မျိုးနွယ်မှ ဧကရာဇ်များ ပေါင်းစည်းလိုက်လျှင်တောင် ၁၃ယောက်သာလျှင် ရှိလေသည်။

နတ်ဘုရားစွမ်းအား တားမြစ်နယ်မြေ၏ တည်ရှိမှုကြောင့် ခွန်လွင်မျိုးနွယ်သည် လွန်ခဲ့သည့် နှစ်တစ်ထောင်ကမှ ခွန်လွင်အပျက်အစီးနယ်မြေကနေ ထွက်ခွာလာနိုင်ခဲ့ပြီး မဟာယာနအဆင့်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းဝင်ရောက်လာခဲ့ကြ၏။

သို့သော်လည်း နှစ်တစ်ထောင်အတွင်းမှာ ခွန်လွင်ဧကရာဇ် တစ်ပါးမှ ပေါ်ထွက်မလာသေးပေ။

ခွန်လွင်မျိုးနွယ်သည် ဧကရာဇ်များအကြား တိုက်ပွဲမှာ ကူညီပေးနိုင်လိမ့်မည် မဟုတ်ပေ။

ထိုစဉ်မှာပင်.. စွမ်းအားကြီးမားသော ပုံရိပ်များက ရှေ့ခပ်လှမ်းလှမ်းကနေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာ၏။ အဲဒီမှာ ကောင်းကင်ထက်ကနေ ပျံတက်လာသော ယက္ခများ၊ သွေးချီများဖြင့် ပြည့်လျှမ်းနေသည့် သွေးနွယ်ပင်များ၊ အလျှံညီးညီး နေများနှင့် ဆင်တူသော ခြေသုံးချောင်း ရွှေကျီးကန်းများ စသည်ဖြင်…

ကမ္ဘာဦးမျိုးနွယ် ၆စုမှ ဧကရာဇ်များက ရောက်ရှိလာကြလေပြီ။

သူတို့ကို ဦးဆောင်လာသူ ၅ယောက်က ငရဲစုန်းဧကရာဇ်၊ ရွှေကျီးကန်း မီးဧကရာဇ်၊ မျက်လုံးတစ်ထောင် ဧကရာဇ်၊ သွေးဧကရာဇ်နှင့် အရိပ်မဲ့ဧကရာဇ်တို့ ဖြစ်ကြ၏။

အဲဒီမှာ ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များကို ဝိုင်းပတ်ထားသော သားရဲဧကရာဇ် စုစုပေါင်း ၁၇ယောက် ရှိလေသည်။

ထိုသည်ကို တွေ့မြင်သောအခါ ပုံပြောအဘိုးအို၊ လုံရန်၊ ယွဲ့မန်ဧကရာဇ်၊ ရှောင်ခွန်ဧကရာဇ်နှင့် အခြားသူများ၏ အမူအရာများက အလွန်တရာ သုန်မှုန်လာခဲ့၏။

ကွာဟချက်က အရမ်းကို ကြီးမားနေ၏။

ကမ္ဘာဦးမျိုးနွယ် ၆စုဘက်မှာ ထိပ်သီးဧကရာဇ် စုစုပေါင်း ၅ဦး ရှိလေသည်။

အခြားသော ဧကရာဇ်များနှင့် ယှဉ်လျှင်တောင် ကွာဟချက်က အရမ်းကို ထင်ရှားပေါ်လွင်နေ၏။

လူသားမျိုးနွယ်မှာ ဧကရာဇ် ၂၀ကျော် ရှိသော်လည်း သူတို့သည် သားရဲနယ်မြေရှစ်ခွင်မှ ဧကရာဇ်များနှင့် ထိပ်တိုက်ရင်ဆိုင်ပြီးလျှင် များစွာ ကျန်ရှိတော့မည် မဟုတ်ပေ။

ကမ္ဘာဦးမျိုးနွယ် ၆စုဘက်ခြမ်းမှာ ဧကရာဇ် ၅၀ကျော် ရှိလေသည်။

သို့သော်လည်း ဆူဇီမိုတို့ဘက်မှာ ဧကရာဇ် ၁၃ပါးသာ ရှိလေသည်။

ဆူဇီမို၏ မူလအစီအစဉ်မှာ သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုက ညဝိညာဉ်နှင့်အတူ ပူးပေါင်း​ပြီး ငရဲစုန်းဧကရာဇ်ကဲ့သို့ ထိပ်သီးဧကရာဇ် ငါးဦးကို တိုက်ခိုက်ဖို့ ဖြစ်လေသည်။

သို့သော် ယခုအခါ သူသည် ရွေးချယ်စရာ မရှိဘဲ သူ၏ အစီအစဉ်ကို ပြောင်းလဲလိုက်ရ၏။ လုံရန်တို့ အဖွဲ့နှင့် ကမ္ဘာဦးမျိုးနွယ် ၆စုမှ အခြားသော ဧကရာဇ်များအကြား ခွန်အား ကွာဟချက်က အရမ်းကို​ ကြီးမားနေပြီး သူတို့က အနိုင်ရဖို့ အခွင့်အရေး လုံးဝ မရှိပေ။

တိုက်ပွဲ မစတင်ခင်မှာပင်.. လုံရန်တို့ဘက်ခြမ်းက ရှုံးနိမ့်ရဖို့ သေချာသလောက်နီးပါး ဖြစ်နေခဲ့လေပြီ။

ဆူဇီမိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ငါက ကမ္ဘာဦးမျိုးနွယ် ၆စုက တခြား ဧကရာဇ်တွေနဲ့ တိုက်ခိုက်ဖို့အတွက် လူတိုင်းနဲ့ ပူးပေါင်းမယ်”

ဆူဇီမို၏ ရွေးချယ်မှုအရ.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ညဝိညာဉ်နှင့်သာ ပူးပေါင်းပြီး ထိပ်သီးဧကရာဇ် ငါးဦးကို ရင်ဆိုင်ရတော့မည်ဖြစ်၏။

ထိုအချိန်တိုအတွင်းမှာ ငရဲစုန်းဧကရာဇ်နှင့် အခြားသူများသည် နဂါးအရိုးတောင်ကြား အပြင်ဘက်သို့ ရောက်ရှိလာကြလေပြီ။ သူတို့က လေထဲမှာ မတ်တတ်ရပ်ပြီး ဆူဇီမိုတို့ အုပ်စုဘက်ကို ကြည့်လိုက်၏။

ဧကရာဇ်များက ချုပ်တည်းမထားသော စွမ်းပကားများနှင့်အတူ ထိပ်တိုက်ရင်ဆိုင်ကာ ရပ်လိုက်ကြပြီ ဖြစ်၏။

နဂါးအရိုးတောင်ကြား အပြင်ဘက်ရှိ အရိုးပင်လယ်သည် ချက်ချင်းပင် အသံတစ်ချက် မထွက်ဘဲ စိစိညက်ညက် ကြေမှုန့်သွားလေသည်။

“ဟီးဟီးဟီးဟီး”

ရုတ်တရက်… ရွှေကျီးကန်း မီးဧကရာဇ်က ရယ်မောလိုက်၏။

“အထီးကျန်သိုင်းသခင်.. မတွေ့ရတဲ့ နှစ်တစ်ထောင်အတွင်းမှာ မင်းက အတော်လေး ပြောင်းလဲသွားတာပဲ.. မင်းရဲ့ အစစ်အမှန်ခန္ဓာနှစ်ခုလုံးက ဧကရာဇ်တွေ ဖြစ်လာပြီပဲ”

“နှစ်တစ်ထောင်သာ ကြာသွားတယ်.. မင်းက ဘာမှလည်း ပြောင်းလဲမလာပါလား”

ဆူဇီမိုက မှင်သေသေဖြင့် ပြန်ပြောလိုက်၏။

ရုတ်တရက် ငရဲစုန်းဧကရာဇ်က ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်.. ဘာမှ ဟိတ်ဟန်တခွဲသား လုပ်မနေနဲ့.. ဒီတိုက်ပွဲမှာ မင်းတို့ဘက်က အနိုင်ရဖို့ လုံးဝ မရှိဘူးဆိုတာ မင်းရင်ထဲမှာ သိထားတယ်မလား”

“အားလုံးပဲ နားထောင်ကြ.. မင်းတို့တွေက တာအိုသစ္စာတစ်ခု ကျိန်ဆိုပြီး ငါတို့ဆီမှာ အညံ့ခံလိုက်တာနဲ့ ငါက မင်းတို့တွေရဲ့ အသက်ကို ချမ်းသာပေးဖို့ ဆုံးဖြတ်ပေးနိုင်တယ်.. တကယ်ဆို ငါက မင်းတို့တွေရဲ့ ကလန်သားတွေနဲ့ အမွေအနှစ်တွေကိုပါ ကာကွယ်ပေးနိုင်တယ်”

ငရဲစုန်းဧကရာဇ်၏ စကားလုံးများမှာ ထူးဆန်းသော မှော်စွမ်းအားတစ်ခု ပါဝင်နေသည်ဟု ထင်ရပြီး သူ၏ အသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။

ဧကရာဇ်များစွာက ထိုအသံကို ကြားသောအခါ လှုပ်ရှားယိမ်းယိုင်သွားကြ၏။

“ဟားဟားဟားဟား”

ရုတ်တရက် ဆူဇီမိုက ဟားတိုက်ရယ်မောလိုက်၏။

သူ၏ ရယ်သံမှာ စွမ်းအားကြီးမားသော အသံပိုင်း နည်းစနစ်တစ်ခု ပါဝင်ပြီး လူတိုင်း၏ နားထဲမှာ ပေါက်ကွဲထွက်ပေါ်လာ၏။

ဧကရာဇ်များစွာသည် ထိတ်လန့်သွားပြီး သူတို့၏ ငူငိုင်နေရာကနေ နိုးထလာကြ၏။

သူတို့သည် စောစောက ငရဲစုန်းဧကရာဇ်၏ အသံဖြင့် ညို့ငင်ခံရလုနီးပါး ဖြစ်ခဲ့၏။

ကံကောင်းထောက်မစွာဖြင့် သိုင်းဧကရာဇ်က သူတို့ကို အချိန်မီ သတိပေးခဲ့ပြီး ထိုအထဲသို့ နစ်မြုပ်ခြင်းကနေ သူတို့ကို တားဆီးပေးခဲ့လေသည်။

အဲဒါကို တွေးမိချိန်၌ ဧကရာဇ်များ၏ အမူအရာက ပျက်ယွင်းသွားပြီး ရင်တလှပ်လှပ် ခံစားလာရ၏။

စုန်းမျိုးနွယ်က အမြုတေစိတ်ဝိညာဉ်များမှာ အထူးပြုလေသည်။

ငရဲစုန်းဧကရာဇ်က ထိုတာအိုမှာ ပို၍ပင် ကျွမ်းကျင်ပိုင်နိုင်လေသည်။ သူသည် စကားတစ်ခွန်းတည်းဖြင့် လက်ရှိ ဧကရာဇ်များစွာ၏ စိတ်ကို သက်ရောက်စေနိုင်သည့် အချက်က သူ၏ နည်းလမ်းများက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သိသာနေ၏။

နှစ်ဖက်စလုံးသည် အချေအတင် ဖြစ်လာကြပြီး ကြီးမားသော စစ်ပွဲတစ်ခုက ဖြစ်ပွားလာတော့မည်ဟု ထင်ရ၏။ သို့သော်လည်း တကယ်တမ်းမှာတော့ ငရဲစုန်းဧကရာဇ်က တိုက်ခိုက်ခဲ့ပြီးလေပြီ။

ငရဲစုန်းဧကရာဇ်က သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး ကျင့်ကြံသူများစွာ၏ စိတ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်စေလိုက်သည့် ခဏမှာပင် ငရဲစုန်းဧကရာဇ်၏ ဦးခေါင်းထက်ကနေ လေဟာနယ်အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာခဲ့၏။ နက်မှောင်နေသော လက်သည်းတစ်ဖက်က အေးစက်စက် အလင်းတစ်ချက်နှင့်အတူ ရုတ်တရက် ဆန့်တန်းထွက်ပေါ်လာပြီး ငရဲစုန်းဧကရာဇ်၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်၏။

အဲဒါက လုံးဝကို ဆိုင်းမဆင့် ဗုံမဆင့် ဖြစ်လေသည်။

အဲဒီမှာ ဧကရာဇ်များစွာ ရှိသော်လည်း လေဟာနယ်ထဲတွင် တစ်စုံတစ်ယောက် ပုန်းကွယ်နေသည်ကို မည်သူကမှ သတိမထားမိကြဘဲ ရုတ်တရက် သေကွင်းသေကွက် တိုက်ခိုက်မှုတစ်ရပ်က ထွက်ပေါ်လာခဲ့၏။

သူ့တိုက်ခိုက်မှု၏ အချိန်ကိုက် လှုပ်ရှားမှုက တကယ့်ကို ပြီးပြည့်စုံလေသည်။

ငရဲစုန်းဧကရာဇ်သည် လူသားမျိုးနွယ်မှ ဧကရာဇ်များကို တိုက်ခိုက်လိုက်ပြီး သူ၏ သတိက လျော့ကျနေ၏။

ထိုလက်သည်းက အလွန်တရာ ကြောက်စရာကောင်းပြီး အရိုးများက အရည်ဖျော်ထားသော သံမဏိရောင်နှင့် ဆင်တူနေ၏။ သူတို့က သတ္တုရောင်ဖြစ်ပြီး အရာရာတိုင်းကို ထိုးဖောက်နိုင်သည်ဟု ထင်ရလေသည်။

ပို၍ပင် ကြောက်စရာကောင်းသည့် အရာမှာ ထိုလက်သည်းကနေ ထုတ်ဖော်လိုက်သော အရာသည် လက်ရှိ ကမ္ဘာဦးမျိုးနွယ်များ အားလုံးကို တုန်လှုပ်သွားစေခြင်း ဖြစ်၏။

“အဲဒါက တဗူးဂမ္ဘီရဟို့ပဲ”

ရွှေကျီးကန်း မီးဧကရာဇ်က ချက်ချင်းပင် တုံ့ပြန်ပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

တဗူးမျိုးဆက်သွေးကသာလျှင် သူတို့ကို ဤကဲ့သို့ ရင်တလှပ်လှပ် ခံစားချက် ပေးနိုင်ပေလိမ့်မည်။

တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ရွှေကျီးကန်း မီးဧကရာဇ်သည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး လေဟာနယ် အက်ကွဲကြောင်း ရှိရာသို့ အလျှံညီးညီး ရွှေရောင်မီးတောက်များကို ထွေးထုတ်လိုက်၏။

သို့သော်လည်း ရွှေကျီးကန်း မီးဧကရာဇ်က ဘယ်လောက်ပင် လျင်မြန်စွာ တုံ့ပြန်သည်ဖြစ်စေ.. အဲဒါက နောက်ကျသွားခဲ့ပြီဖြစ်၏။

ညဝိညာဉ်၏ တိုက်ခိုက်မှုက တွက်ချက်ထားသော တိုက်ခိုက်မှုတစ်ရပ် ဖြစ်သည်မှာ သိသာလေသည်။ သူသည် ရွှေကျီးကန်း မီးဧကရာဇ် သို့မဟုတ် အခြားသော ဧကရာဇ်များကို တိုက်ခိုက်ဖို့ မရွေးချယ်ခဲ့ဘဲ ငရဲစုန်းဧကရာဇ်ကိုသာ ရွေးချယ်ခဲ့လေသည်။

ငရဲစုန်းဧကရာဇ်သည် ထိပ်သီး ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးသည် သူတို့ ငါးယောက်ထဲမှာ အားအနည်းဆုံး ဖြစ်လေသည်။ ညဝိညာဉ်သည် သန်မာသော ရန်သူများစွာကြားမှာ အချိန်ကြာမြင့်စွာ လှည့်စားနိုင်လိမ့်မည် မဟုတ်ပေ။ သူသည် အကောင်းဆုံး တိုက်ခိုက်ဖို့အတွက် အခွင့်အရေးတစ်ခုသာလျှင် ရှိလေသည်။

သူသည် ငရဲစုန်းဧကရာဇ်ကို သတ်ဖြတ်နိုင်မည်ဆိုလျှင် သူနှင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာပေါ်ရှိ ဖိအားက အတော်လေး လျော့ကျသွားပေလိမ့်မည်။

All Chapters