← Chapters

ခွန်ဖန်း ရှောင်းယောင်

Vol. 115 Ch. 1714

ခွန်ဖန်း ရှောင်းယောင်

Vol. 115 Ch. 1714

တိုက်ပွဲမြေ၏ အခြားတစ်ဘက်မှာ ဧကရာဇ် ၇ပါးသာ တိုက်ခိုက်နေကြသော်လည်း မည်သူကမှ အနာသို့ မချဥ်းကပ်ရဲကြပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် ဂမ္ဘီရဟို့ ညဝိညာဥ်သည် ထိပ်သီးဧကရာဇ် ၅ဦးနှင့် ရင်ဆိုင်တိုက်ခိုက်နေ၏။ ညဝိညာဥ်သည် ကောင်းကင်ဘုံမျက်လုံးဧကရာဇ်နှင့် ရွှေကျီးကန်းမီးဧကရာဇ်တို့ကို ဆန့်ကျင်တိုက်ခိုက်နေလေသည်။

ရွှေကျီးကန်းမီးဧကရာဇ်သည် သူ၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးကို အန္တိမနတ်ဘုရားစွမ်းအား ၄ခုဖြင့် ဆေးကြောသန့်စင်ထား၏။ သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီးနောက် သူသည် ညဝိညာဥ်နှင့် အနီးကပ်တိုက်ခိုက်ရာမှာ အရေးနိမ့်ခြင်း မရှိပေ။ ညဝိညာဥ်က မြန်ဆန်သော်လည်း ရွှေကျီးကန်းမီးဧကရာဇ်၏ လှုပ်ရှားမှုနည်းစနစ်ကလည်း မနှေးကွေးပေ။

ဘာပဲပြောပြော ညဝိညာဥ်သည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကိုသာ နားလည်ဆင်ခြင်ရသေး၏။ သူတို့၏ ကျင့်ကြံမှုအဆင့်က တူညီသယောင်ရှိသော်လည်း တကယ်တမ်းကွာဟမှုက အရမ်းကိုကြီးမားလေသည်။ အဲ့ဒါက တစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်မည်ဆိုလျှင် ရလဒ်က ရေရာပြတ်သားလိမ့်မည်မဟုတ်ပေ။ သို့သော်ယခုအခါ ရွှေကျီးကန်းမီးဧကရာဇ်နှင့် မျက်လုံးတစ်ထောင်ဧကရာဇ်သည် အသာစီးရရှိလာပြီး ညဝိညာဥ်ကို အပြတ်အသတ်ဖိနှိမ်လာကြ၏။

ပို၍အရေးကြီးသည်မှာ ငရဲစုန်းဧကရာဇ်သည် တိုက်ပွဲနယ်မြေ၏ အပြင်ဘက်မှာ မတ်တတ်ရပ်ပြီး အချိန်မရွေးတိုက်ခိုက်လာနိုင်၏။

ငရဲစုန်းဧကရာဇ်က တိုက်ခိုက်လာသည်နှင့် အဲ့ဒါက သေကွင်းသေကွက် တိုက်ခိုက်မှုတစ်ခု သေချာပေါက်ဖြစ်ပေလိမ့်မည်။

ညဝိညာဥ်သည် သူ၏ စိတ်အာရုံတစ်ဝက်ကို ငရဲစုန်းဧကရာဇ်ထံသို့ ပို့ထားရ၏။

ထိုသို့ဖြင့် ညဝိညာဥ်သည် ရွှေကျီးကန်းမီးဧကရာဇ်နှင့် မျက်လုံးတစ်ထောင်ဧကရာဇ်တို့၏ တိုက်ခိုက်မှုများကို ခုခံဖို့ ပို၍ပက်ခက်ခဲလာ၏။

သို့သော်လည်း ညဝိညာဥ်သည် ဂမ္ဘီရဟို့၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး သူ၏ အလိုအလျောက်တုံ့ပြန်တိုက်လိုက်မှုများက ရွှေကျီးကန်းမီးဧကရာဇ်နှင့် မျက်လုံးတစ်ထောင်ဧကရာဇ်တို့ပေါ်တွင် ဒဏ်ရာများစွာကို ချန်ထားရစ်ခဲ့၏။

ထို​ဒဏ်ရာများက နှစ်ဦးနှစ်ဖက်စလုံးအတွက် အသေးအဖွဲ့များသာဖြစ်လေသည်။

အခြားတစ်ဘက်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အခြေအနေကလည်း သိပ်မကောင်းလှပေ။ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကိုသာ နားလည်ဆင်ခြင်ထား၏။ သူ၏ ခွန်အားက ၆ဆ တိုးလာသည်ဆိုလျှင်တောင် သူသည် သွေးဧကရာဇ်နှင့် အရိပ်မဲ့ဧကရာဇ်တို့ကို မယှဥ်နိုင်ပေ။

တကယ်တော့... နဂါးဖီးနစ်အစစ်အမှန်ခန္ဓာမှာ သူ့ကိုယ်ပိုင်ခွန်အားရှိလေသည်။

အရိပ်မဲ့ယက္ခဧကရာဇ်က ယက္ခမျိုးနွယ်ဝင်တစ်ယောက်အနေဖြင့် မြန်ဆန်သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာမှာ နဂါးဖီးနစ်တောင်ပံများနှင့် ဧရာမရွှေငှက်တောင်ပံများရှိပြီး သူကလည်း မနှေးကွေးပေ။

နှစ်ဖက်စလုံးက လေထဲမှာ အလျင်အဟုန်ဖြင့် တိုက်ခိုက်နေကြ၏။ ရောထွေးနေသော အလင်းတန်းနှစ်ခုအသွင်ပြောင်းလဲသွားပြီး သူတို့၏ ပုံရိပ်များကို မမြင်ရတော့သလောက်နီးပါးပင်။

လေထဲမှာ အလင်းများ ၊ ရှေးဟောင်းမှော်စာလုံးများနှင့် အားအင်လှိုင်းများက ထိတွေ့ရိုက်ခတ်နေ၏။

လေဟာနယ်က တုန်ခါ၍ အက်ကွဲကြောင်းများပေါ်ထွက်လာ၏။

သို့သော်လည်း လတ်ဆတ်သောသွေးများက အဆက်မပြတ် ဖိတ်စင်ပြန့်ကျဲနေ၏။

သွေးဧကရာဇ်သည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး ဆူးချွန်များဖြင့် ပြည့်နှက်နေသည့် သွေးနွယ်ပင်တစ်ထောင်က လေထဲမှာယှက်ဖြာနေ၏။ သူတို့က အနာကွန်ဒါများကဲ့သို့ ဖြန့်ကြက်နေပြီး သွေးဆာရက်စက်ကာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ရစ်ပတ်ချင်လေသည်။

သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ပင်ကိုနတ်ဘုရားစွမ်းအား နဂါးဖီးနစ်မီးတောက်များသည် အလွန်တရာကြောက်စရာကောင်းပြီး အရာရာတိုင်းကို လောင်ကျွမ်းပြာချပစ်နိုင်၏။

သွေးနွယ်ပင်များက ရစ်ပတ်လာသည်နှင့် အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကြောင့် လောင်ကျွမ်းပြာကျကုန်၏။

“ဟီးဟီး”

သွေးဧကရာဇ်က သရော်တော်တော်အမူအရာတစ်ခုနှင့်အတူ လှောင်ရယ်လိုက်၏။

“နဂါးဖီးနစ်... မင်းရဲ့မီးတောက်တွေက ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”

သွေးနွယ်ပင်များက လောင်ကျွမ်းသွားသော်လည်း သူတို့ထံမှ ညစ်ညမ်းသော သွေးပမာဏများစွာက ပန်းထွက်လာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ်သို့ ဖြန်းပက်ကျဆင်းလာလေသည်။

ညစ်ညမ်းသောသွေးများ ကျဆင်းလာတိုင်း နဂါးဖီးနစ်မီးတောက်များက တစ်စိတ်တစ်ဒေသအားဖြင့် အားလျော့သွားပေလိမ့်မည်။

ဒါ့အပြင် သွေးနွယ်ပင်များက အဆုံးမဲ့သည်ဟု ထင်ရ၏။ အချိန်တိုအတွင်းမှာပင် နဂါးဖီးနစ်မီးတောက်များသည် သွေးနွယ်ပင်ရာချီကို လောင်ကျွမ်းပြာချပစ်ခဲ့ပြီဖြစ်သော်လည်း သွေးနွယ်ပင်များက အဆက်မပြတ် ပြန်လည်ပေါက်ဖွားလာနေဆဲ ဖြစ်၏။

“ထာဝရအသက်ဓာတ်ကို နားလည်ဆင်ခြင်ထားတာက... မင်းတစ်ယောက်တည်းလို့ ထင်လို့လား”

သွေးဧကရာဇ်က အူမြူးအားရစွာ ပြုံးလိုက်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အမူအရာက သုန်မှုန်လာခဲ့၏။

ဤတိုင်းသာဆက်သွားလျှင် နဂါးဖီးနစ်မီးတောက်များက ငြိမ်းသေသွားလျှင်ဖြစ်စေ၊ သူ၏ ခွန်အားသည် သွေးနွယ်ပင်များကို လောင်ကျွမ်းဖို့ မလုံလောက်တော့သည်အခါဖြစ်စေ သူ၏ လှုပ်ရှားမှုအလျင်အဟုန်သည် နောက်တစ်ဖန် ကန့်သတ်ချုပ်နှောင်ခံရပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူသည် အရိပ်မဲ့ဧကရာဇ်၏ တိုက်ခိုက်မှုများကို ခုခံနိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း အရာရာတိုင်းအတွက် အဖြေမရှိသလောက်နီးပါးပင်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ရုန်းကန်ပေါက်ကွဲအားက တုန်လှုပ်စရာကောင်းပြီး သူ့မှာ သတ်ဖြတ်ခြင်းနည်းလမ်းများစွာရှိလေသည်။ သို့သော်လည်း သူသည်.. အန္တိမနတ်ဘုရားစွမ်းအားလေးခုကို နားလည်ဆင်ခြင်ထားပြီး ထာဝရအသက်ဓာတ်ကို ကျင့်ကြံထားသည့် သွေးဧကရာဇ်ကို ခြေကုန်လက်ပန်းကျအောင် မလုပ်နိုင်ပေ။

ပို၍အရေးကြီးသည်မှာ အစကနေ ယခုအချိန်ထိ ငရဲစုန်းဧကရာဇ်က သူ၏ အမှန်တကယ်သတ်ဖြတ်ကွက်များကို ထုတ်ဖော်လာခြင်း မရှိသေးပေ။ သူသည် တိုက်ပွဲနယ်မြေ၏ အပြင်ဘက်အစပ်မှာ အကဲစမ်းရင်း ဟာကွက်များကို ရှာဖွေနေရုံသာဖြစ်၏။

ငရဲစုန်းဧကရာဇ် တိုက်ခိုက်လာသည်နှင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် ညဝိညာဥ်တို့က သေချာပေါက်အန္တရာယ်ရှိလာပေလိမ့်မည်။

မူလအစီအစဥ်အတိုင်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် ညဝိညာဥ်နှင့် ပူးပေါင်းမည်ဆိုလျှင်တောင် သူတို့မှာ အနိုင်ရဖို့ အခွင့်အရေးများစွာမရှိပေ။

မြောက်ပိုင်းဒေသနယ်စပ်တွင်....။

မျိုးနွယ်စုတစ်သောင်းက တစ်ယောက်နှင့်တစ်ယောက် အကြိတ်အနယ်တိုက်ခိုက်နေကြ၏။

တိုက်ပွဲမြေပြင်မှာ ​မည်သည့်ဧကရာဇ်မှ မရှိသော်လည်း အခြေအနေက ပို၍ပင် ဆိုးရွားပြင်းထန်လေသည်။ အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေပြီး လတ်ဆတ်သောသွေးများက အဘက်ဘက်သို့စီးဆင်းနေ၏။

တစ်ကြိမ်ထိတွေ့ရိုက်ခတ်လိုက်တိုင်း မြေပြင်ပေါ်မှာ မရေမတွက်နိုင်သော အလောင်းများ ကျန်ခဲ့ပေလိမ့်မည်။

လူသား ၊ နဂါး ၊ လူရိုင်း ၊ ခွန်နှင့် ခွန်လွင်မျိုးနွယ်ဝင်များသည် မြောက်ပိုင်းဒေသ၏ ခံစစ်စည်းမျဥ်းပေါ်မှာ အသည်းအသန် ခုခံတိုက်ခိုက်နေကြ၏။ သို့သော်လည်း ကမ္ဘာဦးမျိုးနွယ် ၆စုနှင့် သားရဲနယ်မြေရှစ်ခွင်မှ ပညာရှင်များက အရမ်းကိုများပြားလွန်းလေသည်။ လူသားများနှင့် နဂါးများက စတင်၍ နောက်သို့ဆုတ်ခွာလာရ၏။

လူသားမျိုးနွယ်ကြားမှာ မင်းကျန်နှင့် နတ်ဆိုးမကျိအပြင် ပေမင်ရွှယ်ကဲ့သို့ လူငယ်မျိုးဆက်မှ ပြန်ဝင်စားမွန်းစတားများပင်လျှင် ကမ္ဘာဦးမျိုးနွယ်များ၏ တိုက်ခိုက်မှုများကို မခုခံနိုင်ကြတော့ပေ။

လက်သည်းငါးဖက် နတ်နဂါးတစ်ကောင်အနေဖြင့် လုံစန်းသည် ကမ္ဘာဦးမျိုးနွယ် ၅စု၏ ဝန်းရံတိုက်ခိုင်ခြင်းကိုခံနေရပြီး ဒဏ်ရာများဖြင့် ပြည့်နှက်လာပြီဖြစ်၏။

စောစောက သူသည် နတ်ဘုရားမျိုးနွယ်ဝင်များ၏ လက်ချက်ဖြင့် ခေါင်းဖြတ်သတ်ခံရလုနီးပါးဖြစ်ခဲ့၏။

ကမ္ဘာဦးမျိုးနွယ် ၆စု၏ ပူးပေါင်းထားသော အင်အားအစုအဖွဲ့သည် သူတို့၏ အားသာချက်ကို အကန့်အသတ်ထိ မြှင့်တင်နိုင်လေသည်။

သူတို့၏ စွမ်းအားကြီးမားသော ကိုယ်ကာယနှင့် မျိုးဆက်သွေးတို့ပေါ် မှီခိုရင်း နတ်ဘုရားမျိုးနွယ်သည် ရှေ့ကနေ အတင်းအကြမ်းဝင်ရောက်ကာ ခွန်လွင် ၊ လူရိုင်းမျိုးနွယ်နှင့် နဂါးမျိုးနွယ်တို့ကို ဆန့်ကျင်တိုက်ခိုက်နေ၏။

လေထဲမှာ ရွှေကျီးကန်းနှင့် ယက္ခမျိုးနွယ်ဝင်များက အတူပူးပေါင်းပြီး ခွန်လွင်နှင့် နဂါးမျိုးနွယ်ဝင်များ၏ စွမ်းအင်ကို ကန့်သတ်တားဆီးနေကြ၏။

သွေးနွယ်ပင်များကတော့ သူတို့သည် မြောက်ပိုင်းဒေသ၏ နယ်စပ်မှာ အမြစ်တွယ်ရပ်တည်ပြီး မရေမတွက်နိုင်သော သွေးနွယ်ပင်များအဖြစ်ပြောင်းလဲကာ ကျယ်ပြောလှသော သွေးပင်လယ်တစ်ခုကို ဖြစ်ပေါ်လာစေလုနီးပါးပင်။

ဧရာမသွေးနွယ်ပင်များ တိုက်ပွဲမြေပြင်မှာ ဖြတ်သန်းသွားတိုင်း မရေမတွက်နိုင်သော သက်ရှိများက သေကြေပျက်စီးရပေလိမ့်မည်။

ကောင်းကင်ဘုံမျက်လုံးနှင့် စုန်းမျိုးနွယ်တို့က သူတို့သည် ခပ်လှမ်းလှမ်းမှာရပ်နေကြပြီး စက္ခုနည်းစနစ်များနှင့် ဂါထာမန္တန်များကို အဆက်မပြတ်ထုတ်ဖော်ကာ လူသားမျိုးနွယ်ပေါ် ကြီးမားသည့် ပျက်စီးထိခိုက်မှုများကို ဖြစ်ပေါ်စေ၏။

လူရိုင်းမျိုးနွယ်၏ ကိုယ်ကာယက အလွန်တရာသန်စွမ်းပြီး ကမ္ဘာဦးမျိုးနွယ်၉စု ကြားမှာ ပြိုင်ဘက်ကင်းလေသည်။

သို့သော်လည်း လူရိုင်းမျိုးနွယ်၏ အားနည်းချက်က အရမ်းကို သိသာထင်ရှား၏ အဲ့ဒါက သူတို့၏ အမြုတေစိတ်ဝိညာဥ်ဖြစ်လေသည်။

စုန်းမျိုးနွယ်၏ နည်းလမ်းများစွာသည် အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်းနည်းလမ်းများဖြစ်လေသည်။

သူတို့က အနီးကပ်တိုက်ခိုက်ကြမည်ဆိုလျှင် စုန်းမျိုးနွယ်သည် အနိုင်ရဖို့ အခွင့်အလမ်းသေချာပေါက်ရှိလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း မျိုးနွယ်စုတစ်သောင်း ပါဝင်သော တိုက်ပွဲမှာ လူရိုင်းမျိုးနွယ်အနေဖြင့် ကြားထဲမှာရှိသော အဟန့်အတားများကို ဖြတ်ကျော်ကာ စုန်းမျိုးနွယ်ရှေ့သို့ ရောက်ရှိလာဖို့က မဖြစ်နိုင်ပေ။ ထိုသို့ဖြင့် စုန်းမျိုးနွယ်သည် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များနှင့် လျှို့ဝှက်မန္တန်များကို လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်ကြ၏။

တိုက်ပွဲ၏ ဤအဆင့်အရောက်တွင် လူရိုင်းမျိုးနွယ်သည် ကြီးမားစွာ ပျက်စီးထိခိုက်ဆုံးရှုံးလာရ၏။

“ဒီတိုင်းဆက်သွားလို့ မရတော့ဘူး... ငါဆက်ပြီး တောင့်မခံနိုင်တော့ဘူး”

လင်းရွှမ်ကျီ၏ ပေါ့ပေါ့ပါးပါးနေတတ်သော စိတ်နေစရိုက်နှင့်ပင်လျှင် သူက ထိုအခိုက်အတန့်မှာ စိုးရိမ်ကြောင့်ကြလာခဲ့ပြီဖြစ်၏။

တိုက်ပွဲမြေပြင်မှာ ပေမင်ရွှယ်သည် သူမ၏ ဓားကိုကိုင်ဆွဲပြီး နတ်ဘုရားမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို သတ်ဖြတ်လိုက်ခါစဖြစ်၏။ သို့သော်လည်း သူမက နောက်သို့ခုန်ဆုတ်ပြီး သူမဘေးတွင်ရှိသော အနက်ရောင်ဝတ်လူငယ်လေးကို လှည့်ကြည့်လိုက်လေသည်။

“ဂျူနီယာမောင်လေး... နင်အခုတိုက်ခိုက်လို့ရပြီ”

ပေမင်ရွယ်၏ ဂျူနီယာမောင်လေးက တဗူးခွန်ဖန်း ရှောင်းယောင်ဖြစ်လေသည်။

ရှောင်းယောင်၏ ဒဏ်ရာများသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း၏ အကူအညီနှင့်အတူ သက်သာပျောက်ကင်းသွားခဲ့ပြီဖြစ်၏။

တိုက်ပွဲစတင်ဖြစ်ပွားလာသောအခါ ရှောင်းယောင်သည် လူအုပ်ကြားထဲမှာ ပုန်းကွယ်နေပြီး သူ၏ သရုပ်သကန်ကို ထုတ်ဖော်ခြင်းမရှိဘဲ သာမန်လူသားကျင့်ကြံသူတစ်ယောက်ကဲ့သို့ ပေမင်ရွှယ်နောက်ကနေ လိုက်ပါလာခဲ့၏။

ထိုအချိန်တုန်းက ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များစွာရှိနေသည့်အတွက် ရှောင်းယောင်သည် သူ၏ မျိုးဆက်သွေးကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် သတ်ဖြတ်ခံရပေလိမ့်မည်။

အဲ့ဒါကြောင့် ရှောင်းယောင်သည် သူ၏ လူသားသွင်ပြင်နှင့်ပင် ပေမင်ရွှယ်၏ နောက်မှာ အမြဲတမ်းရှိနေခဲ့ပြီး သူ၏ မျိုးဆက်သွေးနှင့် သရုပ်သကန်ကို ထုတ်ဖော်ခြင်းမရှိဘဲ တိုက်ပွဲနယ်မြေမှာ တိုက်ခိုက်နေခဲ့၏။

ယခု... ဧကရာဇ်များက ထွက်ခွာသွားပြီဖြစ်ပြီး နဂါးအရိုးတောင်ကြားဘက်မှ သိပ်သည်းပြင်းထန်သော စွမ်းအင်အတက်အကျများ ဖြစ်ပေါ်လာသည့်အတွက် ဧကရာဇ်များကြားတိုက်ပွဲက ဖြစ်ပွားလာပြီဟု ဆိုလိုလေသည်။

ဤနေရာမှာ ရှောင်းယောင်ကို ခြိမ်းခြောက်နိုင်သော မည်သည့်ဧကရာဇ်မှ မရှိတော့ပေ။

“ကောင်းပြီလေ”

ပေမင်ရွှယ်၏ စကားကိုကြားသောအခါ ရှောင်းယောင်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ သွေးချီကိုထုတ်ဖော်ကာ ကောင်းကင်ထက်သို့ မာန်ဖီဟိန်းဟောက်လိုက်၏။

ဘုန်း... ဘုန်း... ဘုန်း...

အလွန်တရာ ကျယ်လောင်သော ဆူနာမီသံတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။

မြောက်ပိုင်းဒေသ၏ နယ်စပ် ကောင်းကင်အထက်မှာ.. ရှောင်းယောင်သည် အပေါ်သို့ ခုန်တက်ပြီး ကမ္ဘာဦးမျိုးနွယ် ၆စု မှ အုပ်စုကြားထဲသို့ ခုန်ဝင်လိုက်လေသည်။ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။

“မင်းကတော့ သေချင်နေတာပဲ ဖြစ်ရမယ်”

ရှောင်းယောင် ခုန်ဝင်လာသည်ကို တွေ့မြင်သောအခါ ကမ္ဘာဦးမျိုးနွယ်များမှ ပညာရှင်များက သူ့ကိုကြိုဆိုလိုက်ကြ၏။

နတ်ဘုရား ၊ ရွှေကျီးကန်းနှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်များအပြင် စုန်းမျိုးနွယ်ကပါ တစ်ယောက်ပြီးတစ်ယောက်တိုက်ခိုက်လာကြ၏။

ချက်ချင်းပင် တိုက်ခိုက်မှုပေါင်းများစွာက လေထဲတွင်ရှိသော ရှောင်းယောင်ထံသို့ တိုးဝင်လာခဲ့လေသည်။

All Chapters