အဆုံးမဲ့ အမုန်း
Vol. 115 Ch. 1716
“မင်းကတော့ သေချင်နေပြီပဲ”
ကမ္ဘာဦးမျိုးနွယ်များသည် သူတို့၏ သွေးချီများကို လှည့်ပတ်ရင်း တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြ၏။ ဓမ္မရတနာများစွာက ယန်ပေးချန်၏ အမုန်းမိစ္ဆာဆေဘာ ရှိရာသို့ ပစ်ဝင်လာခဲ့လေသည်။
ချွမ်း.. ချွင်..
သတ္တုချင်း ထိခတ်သံများက မီးပွားများနှင့်အတူ စူးစူးရှရှ ထွက်ပေါ်လာ၏။
အနည်းဆုံး ဓမ္မရတနာ ထက်ဝက်သည် အမုန်းမိစ္ဆာဆေဘာဖြင့် တစ်ခုပြီးတစ်ခု ခုတ်ပိုင်းခြင်း ခံလိုက်ရ၏။
အခြားသော ဓမ္မရတနာများက အမုန်းမိစ္ဆာဆေဘာ၏ အခုအခံကို ချိုးဖျက်၍ ယန်ပေးချန် ရှိရာသို့ ပစ်ဝင်လာခဲ့၏။
ယန်ပေးချန်သည် ထိုဓမ္မရတနာများထံမှ မည်သည့် ခြိမ်းခြောက်မှုကိုမှ မခံစားရသည့်အလား မှင်သေသေ အမူအရာဖြင့် ရှိနေ၏။ ဆေဘာအလင်းတန်းက ရွေ့လျားသွားပြီး အမုန်းမိစ္ဆာဆေဘာသည် တရုန်းရုန်း ထကြွနေသော မိစ္ဆာချီနှင့်အတူ ယက္ခမျိုးနွယ်မှ ဧကရာဇ်တစ်ပါးဆီသို့ ခုတ်ပိုင်းကျဆင်းလာ၏။
“တည်နေရာ ရွှေ့ပြောင်းခြင်း”
ယက္ခဧကရာဇ်က သူ၏ အန္တိမ နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီး နေရာကနေ ပျောက်ကွယ်ကာ အခြားတစ်ဖက်မှာ ပြန်လည်ပေါ်ထွက်လာ၏။
သို့သော်လည်း ယက္ခဧကရာဇ် ပြန်လည်ပေါ်ထွက်လာသည့် ခဏမှာပင် အမုန်းမိစ္ဆာဆေဘာက သူ့အပေါ်သို့ ခုတ်ပိုင်းကျဆင်းလာခဲ့လေပြီ။
အမုန်းမိစ္ဆာဆေဘာကလည်း ချက်ချင်းပင် နေရာရွှေ့ပြောင်းသွားခဲ့၏။
ဘုန်း..
ယက္ခဧကရာဇ်သည် သူ၏ ဒုတိယမြောက် အန္တိမ နတ်ဘုရားစွမ်းအားကို မထုတ်ဖော်နိုင်ခင်မှာပင် သူသည် အမုန်းမိစ္ဆာဆေဘာဖြင့် နေရာမှာပင် သတ်ဖြတ်ခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကပါ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
တိုက်ပွဲ၏ ဤနေရာအရောက်ထိ.. တိုက်ပွဲစစချင်း ညဝိညာဉ် သတ်ဖြတ်ခဲ့သော နတ်ဘုရားမျိုးနွယ် ဧကရာဇ်အပြင်.. လူသားမျိုးနွယ်သည် အခြားသော ဧကရာဇ်နှစ်ပါးကိုသာ သတ်ဖြတ်နိုင်ခဲ့၏။
ယန်ပေးချန်သည် သူရောက်ရှိလာသည့် ခဏမှာပင်.. အန္တိမ နတ်ဘုရားစွမ်းအား ၃ခုကို နားလည်ဆင်ခြင်ထားသည့် ယက္ခမျိုးနွယ်မှ ဧကရာဇ်တစ်ပါးကို ခုတ်ချက်နှစ်ချက်နှင့်အတူ သတ်ဖြတ်ပစ်လိုက်လေသည်။
အဆူရာက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သိသာနေ၏။
ယန်ပေးချန်သည် ယက္ခဧကရာဇ်ကို သတ်ဖြတ်လိုက်စဉ် ဓမ္မရတနာများစွာကလည်း သူ့ကို ထိမှန်လာခဲ့လေပြီ။ သွေးမြူများက ပေါက်ကွဲထွက်လာပြီး သူ၏ ခန္ဓာကိုယ်က ကြေမွပျက်စီးလုနီးပါးပင်။
သို့သော်လည်း သူသည် မည်သည့် နာကျင်မှုကိုမှ မခံစားရသည့်အလား.. ယန်ပေးချန်၏ မျက်နှာပေါ်တွင် မည်သည့် စိတ်ခံစားချက်ကိုမှ ရှာမတွေ့နိုင်ပေ။
သူ၏ မျက်လုံးများက အဆုံးမဲ့ အမုန်းတရားနှင့်အတူ ပြည့်နှက်နေဆဲဖြစ်၏။
ထိုအမုန်းတရားနှင့်အတူ တွဲဖက်ကာ ယန်ပေးချန်၏ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာချီက သိပ်သည်းစုဖွဲ့၍ တိုးပွားလာပြီး သူ၏ ဒဏ်ရာများကို ကုသရန် အဆက်မပြတ် လျှံထွက်လာ၏။
အမုန်းမိစ္ဆာဆေဘာက တဇီဇီ အော်မြည်၍ စိတ်လှုပ်ရှား တက်ကြွနေသော အမူအရာနှင့်အတူ သူ၏ လက်ထဲမှာ တုန်ခါနေ၏။
“အဲဒါက အမုန်းဆေဘာပဲ”
စုန်းမျိုးနွယ်မှ ဧကရာဇ်တစ်ပါး၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး တင်းမာခက်ထန်စွာ ပြောလိုက်၏။
“သူက မိစ္ဆာဧကရာဇ်အမုန်းရဲ့ အမွေအနှစ်ကို ဆက်ခံရရှိထားတဲ့သူပဲ”
ယန်ပေးချန်သည် ကျင့်ကြံရေးလောကမှာ အလွန်တရာ ထင်ရှားကျော်ကြားလေသည်။
သို့သော်လည်း ကမ္ဘာဦးမျိုးနွယ် ၉စုကြားမှာ သူ့ကို သိသည့်သူ မရှိသလောက်နီးပါးပင်။ ဒါ့အပြင် လက်ရှိလူတိုင်းသည် ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များ ဖြစ်ကြ၏။
ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များ၏ ရင်ထဲမှာ လူသားမျိုးနွယ်မှ အထီးကျန်သိုင်းသခင်သာလျှင် သူတို့၏ အလေးထားမှုနှင့် ထိုက်တန်လေသည်။ သူတို့က ယန်ပေးချန်၏ အမည်ကို ကြားဖူးခဲ့မည် ဆိုလျှင်တောင် သူတို့က အဲဒါကို အရေးလုပ်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း မိစ္ဆာဧကရာဇ်အမုန်း၏ အမည်က ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များစွာ၏ အမူအရာကို ပြောင်းလဲသွားစေ၏။
ကမ္ဘာဦးမျိုးနွယ်မှ ရှေးဟောင်းမှတ်တမ်းများထဲတွင် လူသားမျိုးနွယ်သည် ရှေးဟောင်းခေတ် စစ်ပွဲမှာ အသန်မာဆုံးဖြစ်ပြီး ပြိုင်ဘက်ကင်းခဲ့သော်လည်း ကမ္ဘာဦးမျိုးနွယ်ဝင် အများစုကို သူတစ်ယောက်တည်းက သတ်ဖြတ်ခဲ့ခြင်း မဟုတ်သည်ကို ရှင်းလင်းစွာ မှတ်တမ်းတင်ထားလေသည်။
အဲဒီမှာ မိစ္ဆာဧကရာဇ်အမုန်းလည်း ပါဝင်လေသည်။
ရှေးဟောင်းမှတ်တမ်းများအရ.. မိစ္ဆာဧကရာဇ်အမုန်းသည် အမုန်းစိတ်ဆန္ဒ အခြေအနေတစ်ခုသို့ သူ့ကိုယ်သူ ကျဆင်းသွားစေမည့် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ဖန်တီးခဲ့၏။ အမုန်းတရားက ပိုမိုနက်ရှိုင်းလေလေ.. ထိုစွမ်းအားက ပိုမိုသန်မာလေလေ ဖြစ်ပြီး သူသည် မည်သည့် နာကျင်မှု သို့မဟုတ် ပင်ပန်းနွမ်းလျမှုကိုမှ ခံစားရတော့မည် မဟုတ်ပေ။
ထိုစဉ်တုန်းက မိစ္ဆာဧကရာဇ်အမုန်းသည် အမုန်းစိတ်ဆန္ဒထဲမှာ နစ်မြုပ်သွားပြီး သူ့ကိုယ်သူ ရုန်းမထွက်စေနိုင်တော့ဘဲ အဆုံးစီရင်သွားသောကြောင့်သာ မဟုတ်လျှင် မရေမတွက်နိုင်သော ကမ္ဘာဦးမျိုးနွယ်ဝင်များက သေကြေပျက်သုဉ်းခဲ့ရပေလိမ့်မည်။
ယခုအချိန်မှာ ယန်ပေးချန်သည် အမုန်းစိတ်ဆန္ဒအတွင်း ကျဆင်းနေသည်မှာ သိသာလေသည်။
သူတို့ရှေ့မှ လူသည် ဒုတိယ မိစ္ဆာဧကရာဇ်အမုန်း ဖြစ်လာခဲ့လေပြီ။
ယန်ပေးချန်၏ တိုက်ခိုက်ရည်ခွန်အားသည် သူ၏ အထွတ်အထိပ် အချိန်မှာ ရှိခဲ့သော မိစ္ဆာဧကရာဇ်အမုန်းကို မယှဉ်နိုင်သေးသော်လည်း သူသည် မိစ္ဆာဂိုဏ်းများ၏ အမွေအနှစ်နှစ်ရပ်ကို ဆက်ခံရရှိထားပြီး သူ၏ အနာဂတ် အောင်မြင်ထွန်းပေါက်နိုင်မှုသည် မိစ္ဆာဧကရာဇ်အမုန်း၏ အထက်သို့ပင် ရောက်ရှိလာနိုင်သည်ကို ကမ္ဘာဦးမျိုးနွယ်မှ ထိုသူများက မသိကြပေ။
ပြီးခဲ့သည့် နှစ်တစ်ထောင်အတွင်း ယန်ပေးချန်သည် ရှေးဟောင်းတိုက်ပွဲမြေသို့ တစ်ခါမှ မဝင်ရောက်ခဲ့ပေ။
သို့သော်လည်း သူသည် ဧကရာဇ်တစ်ပါး ဖြစ်လာဆဲပင်။
သူနားလည်ဆင်ခြင်ထားသော နတ်ဘုရားစွမ်းအားများ အားလုံးသည် အမုန်းမိစ္ဆာဆေဘာအတွင်းမှာ ရှိလေသည်။
ယခုအချိန်တွင် သူသည် အန္တိမ နတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်နိုင်ခဲ့ပြီဖြစ်ပြီး အမုန်းစိတ်ဆန္ဒအဆင့်မှာ ရှိနေ၏။ သူ၏ တိုက်ခိုက်ရည်ခွန်အားက အဆက်မပြတ် မြင့်တက်လာခဲ့ပြီး အန္တိမ နတ်ဘုရားစွမ်းအား ၃ခုကို နားလည်ဆင်ခြင်ထားသည့် ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များကိုပင် သတ်ဖြတ်လာနိုင်ခဲ့လေပြီ။
တိုက်ခိုက်နေရင်း ဆူဇီမိုသည် ယန်ပေးချန် အဆင်ပြေနေသည်ကို တွေ့မြင်သောအခါ သူက တစ်စိတ်တစ်ဒေသအားဖြင့် စိတ်သက်သာရာ ရသွားခဲ့၏။
မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ ပြီးကတည်းက ယန်ပေးချန်ကို မတွေ့မြင်ရတော့ပေ။
ယန်ပေးချန် ပြန်လည်ရောက်ရှိလာသောအခါ သူသည် ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း အရမ်းကို ကြောက်စရာကောင်းနေခဲ့လေပြီ။
“သူ့ကို သတ်ကြ”
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ဧကရာဇ်တစ်ပါးက ဟိန်းဟောက်ပြောဆိုလိုက်ပြီး သူ၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးက နိုးထလာကာ အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
ယန်ပေးချန်သည် ဘယ်လောက်ကြောက်စရာကောင်းသလဲ ကမ္ဘာဦးမျိုးနွယ်များက ခန့်မှန်းမိလာခဲ့ပြီဖြစ်ပြီး သူတို့က သူ့ကို အခွင့်အရေးများစွာ မပေးလိုတော့ပေ။
တစ်ချိန်တည်းမှာပင် ကမ္ဘာဦးမျိုးနွယ်မှ အခြားသော ဧကရာဇ်များကလည်း တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြ၏။ သူတို့သည် မည်သည့် ငဲ့ကွက်ထိန်ချန်မှုမှ မရှိဘဲ ယန်ပေးချန်အပေါ် အန္တိမ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။
ပုံပြောအဘိုးအို၊ လုံရန်နှင့် အခြားသူများသည် အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူတို့က ရှေ့သို့ အလောတကြီး ပြေးတက်ပြီး သူတို့၏ အစွမ်းကုန်ဖြင့် ထုတ်ဖော်တိုက်ခိုက်လိုက်ကြ၏။
ယန်ပေးချန်သည် သူ့ရှေ့မှာ ထွက်ပေါ်လာသည့် မည်သည့် အန္တိမ နတ်ဘုရားစွမ်းအားကိုမှ မတွေ့မြင်နိုင်သည့်အလား.. လက်နှစ်ဖက်ဖြင့် သူ၏ ဆေဘာကို ဆုပ်ကိုင်ကာ သိပ်သည်းပြင်းထန်သော ဝမ်းနည်းမှုနှင့် နာကျင်မှုများထဲ နစ်မျောသွား၏။
သူ၏ လည်ပင်းပေါ်မှာ အစိမ်းရောင် သွေးကြောများ ဖောင်းကြွလာပြီး သူ၏ မျက်နှာက ရှုံ့မဲ့သွားလေသည်။
သိပ်သည်းပြင်းထန်သော အမုန်းတရားနှင့် ရင်ဆိုင်ရချိန်မှာ လက်ရှိဧကရာဇ် အများစုက သက်ရောက်ခြင်း ခံလိုက်ရ၏။
အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ထားသော ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်အချို့သည် သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုပင် မထိန်းချုပ်နိုင်တော့ပေ။
ယန်ပေးချန် ဝမ်းနည်းပူဆွေးလာသောအခါ..
ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များကလည်း ဝမ်းနည်းပူဆွေးလာကြ၏။
ယန်ပေးချန်က အမုန်းတရားဖြင့် ပြည့်နှက်လာသောအခါ…
ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များသည်လည်း မုန်းတီးမှုကို ခံစားလာကြရ၏။
တကယ်ဆို ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်အချို့သည် ယန်ပေးချန်၏ စိတ်ပိုင်းဆိုင်ရာ သက်ရောက်ခြင်းကိုပင် ခံလာကြရ၏။
ယန်ပေးချန်၏ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာချီများက တရုန်းရုန်း ထကြွလာပြီး အလွန်တရာ စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုက ဖြန့်ကြက်ထွက်ပေါ်လာ၏။
“အသက်ရှင်ခြင်းကို အချိန်က ကန့်သတ်ထားတယ်”
ယန်ပေးချန်သည် သူရောက်ရှိနေသည့် နေရာကို မေ့လျော့သွားသည့်အလား.. သူ၏မျက်လုံးထဲရှိ မျှော်လင့်တောင့်တမှု၊ ဝမ်းနည်းမှု၊ နာကျင်မှုနှင့် အဆုံးမဲ့ အမုန်းတရားတို့နှင့်အတူ တီးတိုးရေရွတ်လိုက်၏။
သူသည် သူ့ရှေ့ရှိ လေဟာနယ်ကို ကြည့်ပြီး အမုန်းမိစ္ဆာဆေဘာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဖြည်းဖြည်းချင်း ခုတ်ပိုင်းချလိုက်၏။
“ဒါပေမဲ့.. ဒီအမုန်းတရားကတော့ အဆုံးမဲ့တယ်”
ထိုသို့ပြောပြီးနောက်.. ယန်ပေးချန်၏ လက်ထဲရှိ အမုန်းမိစ္ဆာဆေဘာက ပျောက်ကွယ်သွားသည်ဟု ထင်ရ၏။
ထို့နောက်ချက်ချင်း ပိန်းပိတ်အောင် နက်မှောင်နေသော အကန့်အသတ်မဲ့ မိစ္ဆာချီများသည် အဆုံးမဲ့ ဆေဘာအလင်းတန်းများထဲသို့ အဆက်မပြတ် သိပ်သည်းစုဝင်လာပြီး စစ်မြေပြင်မှာ တရိပ်ရိပ် ဖြတ်သန်းသွားလေသည်။
ဖောင်း.. ဖောင်း.. ဖောင်း..
ဆေဘာအလင်းတန်းသည် ဝင်ရောက်လာသော အန္တိမ နတ်ဘုရားစွမ်းအားများနှင့် ထိတွေ့ရိုက်ခတ်ပြီး ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ကျယ်လောင်သော မြည်သံတစ်ခုကို ထွက်ပေါ်လာစေ၏။
သူ၏ အမုန်းတရားက ဆေဘာတစ်လက်ကဲ့သို့ဖြစ်ပြီး အဲဒါက အဆုံးမဲ့လေသည်။
နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ်တစ်ပါး၏ အန္တိမ နတ်ဘုရားစွမ်းအားသည် ဆေဘာအလင်းတန်းဖြင့် ခြေမွှဖျက်ဆီးခြင်း ခံလိုက်ရ၏။
ထို့နောက် ချက်ချင်းပင် ဆေဘာအလင်းတန်းက အဆုံးမဲ့ အမုန်းတရားနှင့်အတူ သူ့အပေါ်သို့ ခုတ်ပိုင်းကျဆင်းလာခဲ့၏။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် နတ်ဘုရားမျိုးနွယ် ဧကရာဇ်သည် အဆုံးမဲ့ ဆေဘာအလင်းတန်းများကြားမှာ နစ်မြုပ်သွားပြီး သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
သွေးတစ်စက်ချင်းစီမှာ ရှိသည့် အသက်ဓာတ်အားက ဖျက်ဆီးခံလိုက်ရရုံသာမက သူ၏ အမြုတေစိတ်ဝိညာဉ်ကပါ နေရာမှာပင် ပျက်စီးသွားလေသည်။
နတ်ဘုရားမျိုးနွယ်၏ ကိုယ်ကာယက အလွန်တရာ သန်မာပြီး ဓမ္မရတနာများနှင့်ပင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်လေသည်။
သို့သော်လည်း သူသည် အမုန်းတရားကနေ စုဖွဲ့ထားသော အဆုံးမဲ့ ဆေဘာအလင်းဖြင့် ထိခတ်မိသောအခါ သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားရ၏။
ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များစွာနှင့် ဆန့်ကျင်တိုက်ခိုက်ရစဉ်မှာ ယန်ပေးချန်သည် သူ၏ အန္တိမ နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီး သူ၏ သတ်ဖြတ်ခြင်း စွမ်းအားကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်ကာ နောက်ထပ်ဧကရာဇ်တစ်ယောက်ကို သတ်ဖြတ်လိုက်၏။
ယန်ပေးချန် တိုက်ခိုက်လာသောအခါ သူသည် ပုံပြောသူ၊ လုံရန်နှင့် အခြားသော ဧကရာဇ်များ၏ အရေးနိမ့်မှုကို တစ်ယောက်တည်း ပြုပြင်ဖာထေးပေးပြီး အခြေအနေကို ချက်ချင်းပင် တည်ငြိမ်လာစေ၏။
“လူသားမျိုးနွယ်မှာ အထီးကျန်သိုင်းသခင်အပြင် ဒီလိုမျိုး ပြန်ဝင်စား မွန်းစတားတစ်ယောက်ပါ ရှိနေတယ်ဆိုတော့..”
“အထီးကျန်သိုင်းသခင်က လူသားဧကရာဇ်နဲ့ ယှဉ်နိုင်မယ်ဆို.. အဲဒီလူက မိစ္ဆာဧကရာဇ်အမုန်းနဲ့ ယှဉ်နိုင်လိမ့်မယ်”
ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များစွာက တိတ်တဆိတ် ထိတ်လန့်သွားကြ၏။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် ဤတိုက်ပွဲကို အချိန်မီ စတင်နိုင်ခဲ့၏။ သူတို့က အချိန်ဆက်ဆွဲ၍ အထီးကျန်သိုင်းသခင်နှင့် အဆူရာက ထပ်မံကြီးပြင်းလာမည်ဆိုလျှင် နောက်ပိုင်း အကျိုးဆက်များက စဉ်းစားကြည့်၍ မရနိုင်လောက်အောင် ဖြစ်လာပေလိမ့်မည်။