အမြုတေစိတ်ဝိညာဥ်တိုက်ပွဲ
Vol. 115 Ch. 1717
ဧကရာဇ်များ၏ တိုက်ပွဲအခြေအနေက အလျင်အမြန်ပြောင်းလဲသွား၏။
အစကတော့ ကမ္ဘာဦးမျိုးနွယ် ၆ စုသည် အသာစီးရရှိနေ၏။ သို့သော်လည်း အဆူရာယန်ပေးချန် ပေါ်ထွက်လာမှုသည် လူသားမျိုးနွယ်မှ ဧကရာဇ်များ၏ စိတ်အားမာန်ကို မြှင့်တင်ပေးလိုက်၏။
ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များကတော့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာကြ၏။
ငရဲစုန်းဧကရာဇ်၏ အမူအရာက ညိုမည်းလာခဲ့ပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ယန်ပေးချန်ကို ကြည့်လိုက်၏။
အစကတော့ သူသည် ထိုဘက်မှာရှိသည့် အခြေအနေကို ဂရုစိုက်ခြင်းမရှိဘဲ တဗူးနှစ်ကောင်ကို သတ်ဖြတ်ဖို့ အခွင်အလမ်းတစ်ခုကိုသာ ရှာဖွေချင်နေခဲ့၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ငရဲစုန်းဧကရာဇ်သည် ယန်ပေးချန်ကို အရင်ဆုံးတိုက်ခိုက်သတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်၏။
“စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာ”
ငရဲစုန်းဧကရာဇ်သည် လျှို့ဝှက်အတတ်တစ်ခုကို တိတ်တဆိတ်ဆင့်ခေါ်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်ကာ ယန်ပေးချန်ကို သတ်ဖြတ်ဖို့အတွက် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ဖို့ပြင်ဆင်လိုက်၏။
စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာသည် အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်းနည်းစနစ်တစ်ခုဖြစ်ပြီး ယန်ပေးချန်၏ အသိစိတ်ထဲသို့ တိုက်ရိုက်ဆင်းသက်သွားပေလိမ့်မည်။
ငရဲစုန်းဧကရာဇ်၏ တိုက်ခိုက်ရည်ခွန်အားအရ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ဖြစ်ပေါ်လာသည်နှင့် ယန်ပေးချန်က သေချာပေါက် သေဆုံးရပေလိမ့်မည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သွေးဧကရာဇ်နှင့် အရိပ်မဲ့ဧကရာဇ်ကို တိုက်ခိုက်နေသော်လည်း သူသည် ငရဲစုန်းဧကရာဇ်ကို တစ်ချိန်လုံး အာရုံစိုက်ထားခဲ့၏။
ထိုအခိုက်အတန့်မှာ လေဟာနယ်ထဲရှိ စိတ်ဝိညာဥ်အသိစိတ်အတက်အကျတစ်ခုကို အာရုံခံမိလိုက်သောအခါ ငရဲစုန်းဧကရာဇ်၏ စိတ်အကြံကို နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ချက်ချင်းပင် ခံစားမိလိုက်လေသည်။
“ဘက်ပြန်ကြေးခွံ”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူ၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အသက်သွင်းလိုက်၏။
သူ၏ အသိစိတ်ထဲမှာ သူ၏ ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်သည် အဆက်မပြတ် သိပ်သည်းကျစ်လျစ်သွား၏။ လက်တစ်ဖဝါးအရွယ်လောက်ရှိသော သွေးနီရောင်ကြေးခွံတစ်ခုက သူ၏ နှာရောင်ထဲကနေ လွင့်ထွက်လာပြီး ငရဲစုန်းဧကရာဇ်ထံသို့ ပျံသန်းသွားလေသည်။
“ဟမ်...”
ငရဲစုန်းဧကရာဇ်၏ အမူအရာက ပြောင်းလဲသွား၏။
စုန်းမျိုးနွယ်သည် အမြုတေစိတ်ဝိညာဥ်များကို ကျင့်ကြံထားပြီး အမြုတေစိတ်ဝိညာဥ်တာအိုအပေါ် သူ၏ နားလည်သိမြင်နိုင်မှုက ပို၍ပင်ကြောက်စရာကောင်းလေသည်။ ထိုကြေးခွံကနေ ထွက်ပေါ်လာသော ကြောက်စရာကောင်းသည့်အော်ရာကို သူက ခံစားမိနိုင်၏။
“အဲ့ဒါက ဘယ်လိုအမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ပါလိမ့်... ငါတောင်မှ ရင်တထိတ်ထိတ်ခံစားနေရတယ်”
ငရဲစုန်းဧကရာဇ်သည် မဆင်မခြင်ပြုမူရဲခြင်းမရှိဘဲ လောလောဆယ်မှာ ယန်ပေးချန်ကို သတ်ဖြတ်ဖို့ကို စွန့်လွှတ်လိုက်ပြီး မလှမ်းမကမ်းကနေ ပျံသန်းလာနေသည့် သွေးနီရောင်ကြေးခွံကို ကြည့်လိုက်၏။
“သွေးဧကရာဇ်... အရိပ်မဲ့ဧကရာဇ်... အဲ့ဒီအမြုတေစိတ်ဝိညာဥ်က တစ်နည်းနစ်ဖုံ ထူးဆန်းနေတယ်... တစ်ချိန်ထဲ ဝိုင်းပြီးတိုက်ခိုက်ပေးကြဦး”
ငရဲစုန်းဧကရာဇ်က အသံတစ်ခုကို အလောတကြီး ပို့လွှတ်လိုက်၏။
ငရဲစုန်းဧကရာဇ်သည် ဘက်ပြန်ကြေးခွံ၏ ဇာစ်မြစ်နှင့်စွမ်းအားကို မသိရှိသော်လည်း သူက အန္တရာယ်အငွေ့အသက်ကို ခံစားမိနိုင်၏။
တကယ်တော့.. သူသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို ခုခံတိုက်ခိုက်နိုင်သည်ဟု ယုံကြည်မှုရှိလေသည်။ သို့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာမရရှိဘူးဟု အာမမခံနိုင်ပေ။
သူသည် ထိုအန္တရာယ်ကို မစွန့်စားရဲပေ။ သို့သော်လည်း ဧကရာဇ်သုံးပါးက တစ်ချိန်တည်းမှာ တိုက်ခိုက်လာမည်ဆိုလျှင် ဘက်ပြန်ကြေးခွံက ဘယ်လောက်ပင်ထူးခြားနေသည်ဖြစ်စေ ကိစ္စမရှိတော့ပေ။
ကျင့်ကြံမှုအဆင့်အရ သူတို့သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထက် များစွာမြင့်မားကြလေသည်။
တဗူးနဂါးဖီးနစ်၏ အမြုတေစိတ်ဝိညာဥ်က ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ ၎င်းသည် သူတို့သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
သွေးဧကရာဇ်နှင့် အရိပ်မဲ့ဧကရာဇ်တို့သည် ငရဲစုန်းဧကရာဇ်၏ အသံကိုကြားသောအခါ တွေဝေတုံ့ဆိုင်းမနေကြပေ။ ဧကရာဇ်နှစ်ပါးသည်လည်း ဘက်ပြန်ကြေးခွံက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာကို ခံစားမိနိုင်ကြ၏။
“သွေးဆာမြား”
ကြီးမားသော သွေးနီရောင် စိတ်ဝိညာဥ်အသိစိတ်တစ်ခုက သွေးဧကရာဇ်၏ နှာရောင်ပေါ်မှာ စုစည်းလာပြီး တစ်ခဏချင်းမှာပင် သွေးမြားတစ်ခုအဖြစ် စုဖွဲ့ကာ ဘက်ပြန်ကြေးခွံထံသို့ ပျံသန်းသွားလေသည်။
အရိပ်မဲ့ဧကရာဇ်၏ နှာရောင်ကနေ ထက်ရှသော ဆေဘာတစ်လက်ကဲ့သို့ အေးစက်စက်အလင်းတန်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။ ၎င်းသည် လှပသော စက်ဝန်းတစ်ခုကိုရေးဆွဲပြီး ဘက်ပြန်ကြေးခွံရှိရာသို့ ခုတ်ပိုင်းကျဆင်းလာ၏။
ငရဲစုန်းဧကရာဇ်သည်လည်း မဆင်မခြင်ပြုမူရဲခြင်းမရှိပေ။ သူသည် ဆိုးယုတ်အော်ရာတစ်ခု ဖြာထွက်နေသည့် အစိမ်းရင့်ရောင်ဦးခေါင်းတစ်ခုကို စုဖွဲ့ကာ ဘက်ပြန်ကြေးခွံကို ဝါးမျိုဖို့ ကြိုးစားလိုက်၏။
အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်သုံးခုက တစ်ချိန်တည်းမှာ ဆင်းသက်လာခဲ့၏။
တစ်ချိန်တည်းနီးပါးမှာပင် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်သုံးခုသည် ဘက်ပြန်ကြေးခွံနှင့် ထိတွေ့ရိုက်ခတ်သွား၏။
ထိုဖြစ်စဥ်တစ်ခုလုံးမှာ ကမ္ဘာတုန်လောက်သော အသံများထွက်ပေါ်လာခြင်းမရှိပေ။
အဲ့ဒါက သေခြင်းခေါ်သံတစ်ခုနှင့်တူနေ၏။
သို့သော်လည်း အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်လေးခု ထိတွေ့မိရာလေဟာနယ်က တစ်လက်မချင်းစီ ချိုင့်ဝင်သွား၏။ ကြောက်စရာကောင်းသော အော်ရာတစ်ခုက ဖြန့်ကြက်လာပြီး အဝေးမှာရှိသော ဧကရာဇ်များသည်ပင် လှည့်ကြည့်ရင်း ရင်တလှပ်လှပ်ခံစားလာရ၏။
စွမ်းအားကြီးမားသော စိတ်ဝိညာဥ်အသိစိတ် လေးခုက ထိတွေ့ရိုက်ခတ်ပြီး လေထဲမှာ တစ်ခုကိုတစ်ခု ဝါးမျိုလိုက်ကြ၏။
ဘက်ပြန်ကြေးခွံပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး သိပ်မကြာခင် ၎င်းက ပြိုကျသွားလေသည်။
အခြားသော အမြုတေစိတ်ဝိညာဥ် သုံးခုသည်လည်း ခံနိုင်ရည်မရှိဘဲ ပျက်ပြယ်သွား၏။
“အား...”
သွေးဧကရာဇ်နှင့် အရိပ်မဲ့ဧကရာဇ်သည် ဆတ်ခနဲတုန်ယင်သွားပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။
သူတို့သုံးယောက်သည် သာမန်ကာလျှံကာ ပုံစံနှင့် ကြေးခွံတစ်ခုကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြ၏။ သို့သော်လည်း သူတို့နှစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်များက စူးရှသော နာကျင်မှုတစ်ခုကို ခံစားရကာ ဒဏ်ရာရလုနီးပါးပင်။
သူတို့သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အမြုတေစိတ်ဝိညာဥ်နှင့် တစ်ယောက်ချင်းတိုက်ခိုက်ရမည်ဆိုလျှင် သေချာပေါက် ဒဏ်ရာအပြင်းအထန်ရရှိသွားမည်ကို စဥ်းစားကြည့်ဖို့မခက်ခဲပေ။
ဧကရာဇ်နှစ်ပါးက အကြည့်ချင်းဖလှယ်ပြီး ရင်တထိတ်ထိတ်ခံစားလိုက်ကြရ၏။
“နဂါးတစ်ကောင်ရဲ့ ဘက်ပြန်ကြေးခွံကို ထိမိသူဘယ်သူမဆို သေရလိမ့်မယ်”
ငရဲစုန်းဧကရာဇ်၏မျက်လုံးက ဝင်းလက်တောက်ပလာပြီး တီးတိုးရေရွတ်လိုက်၏။
“ငါသိပြီ”
သူက အမြုတေစိတ်ဝိညာဥ်မှာ အလွန်တရာနက်ရှိုင်းသော သိမြင်နားလည်မှုများရှပြီး တစ်ကြိမ်တိုက်ခိုက်အပြီး၌ ဘက်ပြန်ကြေးခွံ၏ နောက်ကွယ်မှ လျှို့ဝှက်ချက်ကို ခန့်မှန်းမိနိုင်လေသည်။
ကံဆိုးစွာနှင့် ဘက်ပြန်ကြေးခွံက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ ၎င်း၏ ခွန်အားမှာ အကန့်အသတ်တစ်ခုရှိလေသည်။
ထိပ်သီးဧကရာဇ်သုံးပါး ထုတ်ဖော်လိုက်သော အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များက ထိုအကန့်အသတ်ကို ဖိနှိမ်သွားနိုင်ခဲ့၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကလည်း မျက်မှောင်အနည်းငယ် ကြုတ်ပြီး ညည်းတွားလိုက်၏။ သူသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား သူ၏အသိစိတ်က ယာယီအားဖြင့် ဗလာကျင်းသွား၏။
ပထမဆုံးတုံ့ပြန်လာသည်က ငရဲစုန်းဧကရာဇ်ဖြစ်၏။
အခွင့်အလမ်းတစ်ရပ်...။
အဲ့ဒါသည် တိုက်ပွဲနယ်မြေအပြင်ဘက်မှာ သူစောင့်ဆိုင်းနေသည့် အခိုက်အတန့်ဖြစ်လေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အခြေအနေကို အာရုံခံမိသွားပြီး သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာကာ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
“ထာဝရကျိန်စာ”
ငရဲစုန်းဧကရာဇ်သည် လျှို့ဝှက်နက်နဲသော မန္တန်တစ်ခုကို ရွတ်ဆိုပြီး သူ၏ လက်ညိုးဖြင့် လေထဲမှာစက်ဝိုင်းတစ်ခုကို ရေးဆွဲကာ သူ၏ နှာရောင်ကို ထိတွေ့လိုက်၏။
ထာဝရကျိန်စာသည် အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော စုန်းမျိုးနွယ်၏ အဆိုးယုတ်ဆုံးနှင့် ကြောက်စရာအကောင်းဆုံး ကျိန်စာတစ်ခုဖြစ်၏။
ထိုထဲမှာ နစ်မြုပ်သွားသည်နှင့် ထိုသူသည် သေဆုံးရမည်သာမက သူ၏ မျိုးဆက်သွေးနှင့် သားမြေးမျိုးဆက်တို့ကပါ ထိုကျိန်စာ၏ စဥ်ဆက်မပြတ် သက်ရောက်ခြင်းကို ခံရပေလိမ့်မည်။ အဲ့ဒါက အလွန်တရာ ဆိုးယုတ်ကြမ်းတမ်းလေသည်။
ထိုကျိန်စာဆင်းသက်လာသည်နှင့် အဲ့ဒီလူက ဘယ်တော့မှ ပြန်လည်နာလန်ထူနိုင်တော့မည် မဟုတ်ပေ။
လွန်ခဲ့သည့် နှစ်တစ်ထောင်၌ မျိုးနွယ်စုတစ်သောင်းစုဝေးပွဲ၌ ငရဲစုန်းဧကရာဇ်သည် ထာဝရလူသားဧကရာဇ်အပေါ် ထိုအန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ခဲ့လေသည်။ သို့သော်လည်း ၎င်းသည် ထာဝရလူသားဧကရာဇ်၏ နတ်ဘုရားစွမ်းအာများဖြင့် ဖျက်ဆီးခြင်းခံလိုက်ရ၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှာ ထာဝရကျိန်စာကို ချေဖျက်နိုင်သည့် အန္တိမနတ်ဘုရားစွမ်းအားက မရှိသလောက်နီးပါးပင်။
နတ်ဘုရားစွမ်းအားများပြိုကွဲခြင်းသည် ထာဝရလူသားဧကရာဇ် အထက်ဘုံမှာ နားလည်ဆင်ခြင်လာခဲ့သော တစ်စုံတစ်ရာဖြစ်လေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဘက်ပြန်ကြေးခွံကို ထုတ်ဖော်ခဲ့ပြီးပြီဖြစ်ပြီး သူ၏ ထာဝရကျိန်စာသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို သေချာပေါက်သတ်ဖြတ်နိုင်မည်ဟု သူက ယုံကြည်လေသည်။
ထိုမျှသာမက ဤကျိန်စာသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ တဗူးနဂါးဖီးနစ်၏ မျိုးဆက်သွေးကို အပြီးတိုင် ဖျက်တောက်ပစ်ပေလိမ့်မည်။
တဗူးနဂါးဖီးနစ်၏ မျိုးဆက်သွေးကို ရရှိသောမည်သူမဆို ထိုကျိန်စာ၏ သက်ရောက်ခြင်းကို ခံရပေလိမ့်မည်။
အဲ့ဒါက ရက်စက်ကြမ်းတမ်းလွန်းလေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် လေထဲမှာ မတ်တတ်ရပ်ပြီး အစိမ်းရင့်ရောင်စွမ်းအားတစ်ခုက သူ၏ အသိစိတ်ထဲသို့ အဆက်မပြတ် ရုတ်တရက် တိုးဝင်လာခဲ့၏။ ၎င်းက အလွန်တရာဆိုးယုတ်ပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အမြုတေစိတ်ဝိညာဥ်ကို ဝါးမျိုပစ်ချင်နေ၏။
သို့သော်လည်း အစိမ်းရင့်ရောင်ကျိန်စာစွမ်းအားက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာအသိစိတ်ထဲမှာ ပေါ်ထွက်လာသည့်ခဏမှာပင် ၎င်းက အကန့်အသတ်မရှိသော တိုက်ခိုက်မှုများဖြင့် ကြုံတွေ့လိုက်ရ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အသိစိတ်က သားရဲဘုရင်များနေထိုင်သော သုခံဘုံတစ်ခုကဲ့သို့ဖြစ်၏။
ကျယ်ပြောလှသော ကုန်းမြေမှာ နွားရိုင်းသားရဲဘုရင် ၊ မျှော်လင့်ချက်မျောက်ဝံသားရဲဘုရင် ၊ နတ်ဆင်သားရဲဘုရင်နှင့် အခြားသောသားရဲဘုရင်များက ပြင်ပစွမ်းအားတစ်ခု ကျူးကျော်ဝင်ရောက်လာသည်ကို ခံစားမိသောအခါ ဒေါသူပုန်ထသွားပြီး မာန်ဖီဟိန်းဟောက်လိုက်ကြ၏။
ထိုလောက၏ အလယ်မှာ နက်ရှိုင်း၍ ညိုမည်းနေသော သမုဒ္ဒရာတစ်စင်းရှိလေသည်။
ရုတ်တရက် ဒေါသူပုန်ထနေသော ဒီရေလှိုင်းများက သမုဒ္ဒရာထဲမှာ တလိပ်လိပ်ထကြွလာ၏။
အထီးကျန်သမုဒ္ဒရာနဂါးဘုရင်သည် သမုဒ္ဒရာထဲကနေ ထွက်ပေါ်လာပြီး ပင်လယ်ရေများကို သွန်ချကာ အသိစိတ်ထဲရှိ ကျိန်စာစွမ်းအားကို ဆေးကြောပစ်လိုက်လေသည်။
အထီးကျန်သမုဒ္ဒရာထဲမှာ စိတ်ဝိညာဥ်လိပ်က နက်ရှိုင်းသောအကြည့်နှင့်အတူ ပေါ်ထွက်လာ၏။
မိုးကောင်းကင်ထက်မှ ဧရာမရွှေငှက်က ပျံသန်းနေပြီး အသိစိတ်ထဲရှိ ကျိန်စာ၏ စွမ်းအာကို ကိုက်ခဲလိုက်၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ထိန်းချုပ်ခြင်းမရှိဘဲ သားရဲဘုရင် ၁၁ပါးသည် သူတို့၏ သခင်ကို ကာကွယ်ဖို့အတွက် ဝင်ရောက်လာသော ကျိန်စာစွမ်းအားကို ဆန့်ကျင်တိုက်ခိုက်လိုက်ကြ၏။
အန္တိမနတ်ဘုရားစွမ်းအား၏ ကျိန်စာက သားရဲဘုရင်၁၁ပါး၏ ခံစစ်ကို ချိုးဖျက်လာပြီးသောအခါ ၎င်း၏ စွမ်းအားက ထက်ဝက်ကျော်လျော့ကျသွားခဲ့လေပြီ။