← Chapters

သွေးမျက်နှာ၏ ပြန်လည်ပေါ်ထွက်လာမှု

Vol. 115 Ch. 1718

သွေးမျက်နှာ၏ ပြန်လည်ပေါ်ထွက်လာမှု

Vol. 115 Ch. 1718

ကျိန်စာ၏ စွမ်းအားသည် သိသိသာသာ မှေးမှိန်သွားခဲ့ပြီဖြစ်ပြီး ၎င်း၏ အရောင်အဝါကလည်း များစွာဖျော့တော့သွားခဲ့လေပြီ။ သို့သော်လည်း အဲ့ဒါသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်နေဆဲပင်။ ကျိန်စာ၏ ကျန်ရှိနေသောစွမ်းအားသည် လျင်မြန်စွာ စုစည်းလာပြီး တစ်ခဏချင်းမှာပင် မသတီစရာ အစိမ်းရောင်အလင်းလုံးတစ်လုံးဖြစ်ပေါ်လာ၏။

ထိုအလင်းလုံးသည် ငရဲစုန်းဧကရာဇ်၏ မျက်လုံးကဲ့သို့ ဖြစ်ပြီး ရက်စက်ကြမ်းတမ်းသော အကြည့်နှင့်အတူ မလှမ်းမကမ်းမှာရှိသော နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်ကို စိုက်ကြည့်နေ၏။ ထိုအခိုက်အတန့်မှာ ထာဝရကျိန်စာသည် သားရဲဘုရင် ၁၁ပါး၏ အဟန့်အတားကို ချိုးဖျက်လာခဲ့ပြီဖြစ်၏။

၎င်းက နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်ကို သတ်ဖြတ်ခြင်းကနေ တားဆီးနိုင်မည့် မည်သည့်စွမ်းအားမှ ဆက်လက်၍ မရှိတော့ပေ။

၎င်း၏ ခွန်အားက သိသိသာသာ အားနည်းသွားခဲ့ပြီဖြစ်၏။

သို့သော်လည်း ၎င်းသည် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်ကို တိုက်ရိုက်သတ်ဖြတ်နိုင်းခြင်းမရှိဘူးဆိုလျှင်တောင် ၎င်းသည် သူ့ကိုဒဏ်ရာအပြင်းအထန်ရရှိသွားစေဖို့ လုံလောက်လေသည်။

ဝှစ်...

မသတီစရာအစိမ်းရောင်အလင်းသည် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်ဆီသို့ ဝင်ရောက်လာခဲ့ပြီဖြစ်၏။

နဂါးဖီးနစ်အ​မြုတေစိတ်ဝိညာဥ်က ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

မသတီစာအစိမ်းရောင်အလင်းလုံးက သူနှင့်ထိတွေ့တော့မည့်ဆဲဆဲမှာပင် သူက ရုတ်တရက် နောက်သို့ဆုတ်ပြီး မလှမ်းမကမ်းတွင်ရှိသော အလျှံညီးညီး မီးလုံးတစ်လုံး၏ နောက်ကွယ်သို့ ပုန်းကွယ်လိုက်လေသည်။

ထိုအလင်းလုံးက နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်၏ ဘေးမှာ ရစ်ဝဲနေ၏။

အဲ့ဒါသည် အန္တိမသားရဲန​တ်ဆိုးကျင့်စဥ်၏ နောက်ဆုံး အမွေအနှစ်ဖြစ်လေသည်။ အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင် ထိုအလင်းလုံးကြေမွသွားပြီးနောက် ၁၂ပါးမြောက် သားရဲဘုရင်က ပေါ်ထွက်လာပြီဖြစ်ပြီး သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်၏ နောက်ဆုံးအမွေအနှစ်ကိုရရှိပေလိမ့်မည်။

သူသည် ထိုနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရည်ခွန်အားက သေချာပေါက် ဆပွားများစွာတိုးလာမည်ဖြစ်ပြီး တိုက်ပွဲအခြေအနေတစ်ရပ်လုံးကို ပြောင်းလဲပစ်နိုင်ဖို့ အခွင့်အရေးတစ်ခု ရှိလာပေလိမ့်မည်။

တကယ်တော့... ထာဝရကျိန်စာက သားရဲဘုရင်၁၁ ပါး၏ အဟန့်အတားကို ချိုးဖျက်လာသည့်ခဏမှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ အသိစိတ်ကို ပြန်လည်ရရှိနေခဲ့ပြီဖြစ်၏။

သူ၏ အမြုတေစိတ်ဝိညာဥ်သည် သူ၏ခန္ဓာကိုယ်ထဲကနေ လုံးဝထွက်ခွာပြီး ထာဝရကျိန်စာ၏ စွမ်းအားကို ရှောင်လွှဲနိုင်လေသည်။

သို့သော်လည်း သူက ထိုသို့မလုပ်ပေ။

ထိုအချိန်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ အသိစိတ်ထဲသို့ ရူးသွပ်သောအတွေးတစ်ခုက ဝင်ရောက်လာ၏။

သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်မှ နောက်ဆုံးအမွေအနှစ်ကို ထွက်ပေါ်လာစေဖို့အတွက် ထာဝရကျိန်စာ၏ စွမ်းအားကို အသုံးချချင်လေသည်။

ဘုန်း...

မသတီစရာ အစိမ်းရောင်အလင်းလုံးသည် အမွေအနှစ်အလင်းလုံးနှင့် ထိတွေ့ရိုက်ခတ်သွား၏။

နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်သည် နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းရင်း အရာရာတိုင်းကို မမှိတ်မသုန်စောင့်ကြည့်နေ၏။

ဇီ... ဇီ...

အလင်းလုံးနှစ်လုံးက ထိတွေ့ရိုက်ခတ်သွားပြီး သူတို့က မကျေမချမ်းဖြစ်လာသည့်ပုံပင်။ နတ်ဘုရားဆန်ဆန် အလင်းများက ပစ်လွင့်ထွက်ပေါ်လာပြီး မသတီစရာအစိမ်းရောင်အလင်းလုံးကို ထိုးဖောက်လိုက်၏။

တစ်ခဏချင်းမှာပင် ထာဝရကျိန်စာကနေ ဖြစ်ပေါ်လာသော အလင်းလုံးသည် စကာပေါက်ဖြစ်သွားပြီး အစိမ်းရောင်မီးခိုးများအူထွက်လာ၏။

စိမ်းအားနှစ်ခုက ထိတွေ့ရိုက်ခတ်သွားပြီး ထာဝရကျိန်စာက လုံးဝကို ခြေမွှဖျက်ဆီးခံလိုက်ရ၏။

နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်က ကြောင်အ,မှင်တက်သွား၏။

တစ်ခဏချင်းမှာပင် ထာဝရကျိန်စာကနေ ဖြစ်ပေါ်လာသော အလင်းလုံးသည် သန့်စင်ခံလိုက်ရပြီး အစိမ်းရောင်မီးခိုးများသာလျှင်ကျန်ရစ်ခဲ့၏။ သို့သော်လည်း အဲ့ဒါက သိပ်မကြာခင်ပျောက်ကွယ်သွားလေသည်။

အမွေအနှစ်အလင်းလုံးကတော့ ၎င်းသည် ကြေမွမည့် မည်သည့်လက္ခဏာမှမပြဘဲ ပုံမှန်အတိုင်းသာရှိနေ၏။

ထာဝရကျိန်စာ၏ ပြဿနာကို ပြီးပြည့်စုံလုနီးပါး ​ဖြေရှင်းလိုက်နိုင်ပြီဖြစ်သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် အရိပ်အယောင်တစ်ခု ထင်ဟပ်လာ၏။

“အဲ့ဒါက မအောင်မြင်သေးဘူးပဲကိုး”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက မျက်မှောင်အနည်းငယ် ကြုတ်ပြီး သူ့ဘာသူတွေးလိုက်၏။

“ငါက အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ပြီးမှပဲ အဲ့ဒီအလင်းလုံးကကြေမွပြီး အမွေအနှစ်ကို ထုတ်ဖော်ပေးနိုင်တော့မယ်ထင်တယ်”

ထိုအတွေးက သူ့စိတ်ထဲသို့ ဖျတ်ခနဲဝင်ရောက်လာခြင်းသာဖြစ်ပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အဲ့ဒါကို များစွာစဥ်းစားတွေးတောခြင်း မရှိပေ။

တျဲယွဲ့သည် ဤကဲ့သို့ စီစဥ်ပေးခဲ့သည်မှာ အကြောင်းအရင်းတစ်စုံတစ်ရာရှိပေလိမ့်မည်။

သူ့အနေဖြင့် အတင်းအကျပ်ဖိအားပေးနေစရာမလိုပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ အသိစိတ်ကိုပြန်လည်ရရှိလာသောအခါ သူ၏ မျက်လုံးများက စိတ်ပျက်လက်ပျက်ဖြစ်သွားသည့်ပုံစံကို ထုတ်ဖော်ပြသလာ၏။

သို့သော်လည်း ငရဲစုန်းဧကရာဇ်က ကြောင်အ,မှင်တက်နေပြီဖြစ်၏။

ငရဲစုန်းဧကရာဇ်၏ မျက်လုံးက ပြူးကျယ်နေပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို မယုံကြည်နိုင်စွာငေးကြည့်နေ၏။

သူက ထာဝရကျိန်စာကိုထုတ်ဖော်လိုက်သော်လည်း ၎င်းသည် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်ကို မသတ်ဖြတ်နိုင်ခဲ့ဘူးတဲ့လား။

ငရဲစုန်းဧကရာဇ်သည် အသိစိတ်ထဲမှာ ဖြစ်ပွားခဲ့သည့်အရာရာတိုင်းကို ခံစားသိရှိနိုင်ခြင်းမရှိပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အစွယ်​ခြောက်ချောင်းနတ်ဆင်စွမ်းအားကိုသာ နားလည်ဆင်ခြင်ထားပြီး သူ၏ ထာဝရကျိန်စာကို ဘယ်လိုချေဖျက်ခဲ့သလဲ သူက နားမလည်နိုင်ပေ။

သူ့ကို အံ့အားသင့်စေဆုံးအရာမှာ သူထုတ်ဖော်လိုက်သော အန္တိမနတ်ဘုရားစွမ်းအား၏ ရန်ကနေ ရှင်သန်လာပြီးနောက် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် ပုံစံတစ်ခုကို အမှန်တကယ်ထုတ်ဖော်ပြသနေခြင်းပင်။

သွေးဧကရာဇ်နှင့် အရိပ်မဲ့ဧကရာဇ်တို့သည် ငရဲစုန်းဧကရာဇ်က ထာဝရကျိန်စာကို ထုတ်ဖော်လိုက်သည်ကို တွေ့မြင်သောအခါ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သေချာပေါက်သေရလိမ့်မည်ဟု တွေးထင်ပြီး သူတို့က အနည်းငယ်စိတ်လက်ပေါ့ပါးသွားကြ၏။

သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက နိုးထလာခဲ့ပြီဖြစ်၏။

“မင်းတို့တွေ သတိထားကြ..”

ငရဲစုန်းဧကရာဇ်က ရုတ်တရက်အော်ပြောလိုက်၏။

ဖျတ်ခနဲဆို... နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သွေးဧကရာဇ်၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ ပင်မသွေးနွယ်ပင်ကို ရုတ်တရက်ဖမ်းဆုပ်ဖို့ ကြိုးစားလိုက်၏။

သွေးနွယ်ပင်မျိုးနွယ်၏ အမြုတေစိတ်ဝိညာဥ်က သူတို့၏ ပင်မသွေးနွယ်ပင်ထဲမှာ ပုန်းကွယ်​နေလေသည်။

တစ်ချိန်တည်းမှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး သူ၏ နဂါးဖီးနစ်လက်သည်းတစ်ဖက်ထဲမှာ မီးခိုးရောင်ဆေဘာတစ်လက်ကိုစုဖွဲ့ကာ မလှမ်းမကမ်းတွင်ရှိသော အရိပ်မဲ့ဧကရာဇ်ထံခုတ်ပိုင်းချလိုက်၏။

အဆင့်မြင့်နတ်ဘုရားစွမ်းအား ဆေဘာတစ်လက်ကဲ့သို့ အချိန်...။

သွေးဧကရာဇ်၏ တုံ့ပြန်မှုက အလွန်တရာမြန်ဆန်ပြီး သွေးနွယ်ပင်များစွာကို ဝေ့ယမ်းကာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ရစ်ပတ်လိုက်၏။

ထိုနှောင့်နှေးကြန့်ကြာမှုကိုချိန်ဆပြီး သွေးဧကရာဇ်သည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို စုဖွဲ့လိုက်၏။

ငရဲသွေးဒိုင်းကာ...။

ဧရာမသွေးရောင်းဒိုင်းကာတစ်ခုက သွေးဧကရာဇ်၏ ဦးခေါင်းထက်မှာ ကြေးမုံတစ်ချပ်ကဲ့သို့ ဖြစ်ပေါ်လာသည်။ ကြေးမုံ၏ မျက်နှာပြင်က ထူးဆန်းသောအရောင်အဝါတစ်ခုဖြင့် တလက်လက်တောက်ပနေ၏။

“မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်လား”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။

သွေးဧကရာဇ်သည်လည်း မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားလေသည်။

ထိုအခိုက်အတန့်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက နောက်ဆုံးတွင် တစ်စုံတစ်ရာကို အတည်ပြုနိုင်သွား၏။

သွေးဧကရာဇ် ၊ အရိပ်မဲ့ဧကရာဇ်နှင့် မျက်လုံးတစ်ထောင်ဧကရာဇ်တို့၏ ရုတ်တရက်မြင့်မားတိုးတက်လာမှုက သေချာပေါက်တိုက်ဆိုင်မှု မဟုတ်ပေ။

ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များ၏ နောက်ကွယ်မှာပင် သွေးရောင်မျက်နှာက ရှိနေပြီဖြစ်၏။

ဘုန်း...

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ထက်ရှသော လက်သည်းများက ငရဲသွေးဒိုင်းကာပေါ်သို့ ပြင်းထန်စွာကျဆင်းသွားပြီး ကျယ်လောင်သောမြည်သံကို ထွက်ပေါ်လာစေ၏။

အဆုံးမဲ့သွေးများက အဘက်ဘက်သို့ပြန့်ကျဲသွားလေသည်။

အဲ့ဒါက တူညီသော ငရဲသွေးဒိုင်းကာဖြစ်သော်လည်း သွေးဧကရာဇ်၏ သွေးဒိုင်းကာသည် အရမ်းကိုသန်မာလေသည်။

အဲ့ဒါသည် ယွီဧကရာဇ်နှင့် အခြားသူများ ယှဥ်နိုင်သောတစ်စုံတစ်ရာ မဟုတ်ပေ။

သူသည် အစွယ်​​ခြောက်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်ထားတာတောင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သွေးဒိုင်းကာကို မထိုးဖောက်နိုင်ပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် လေထဲသို့ ခုန်တက်လိုက်သောအခါ သွေးဒိုင်းကာ၏ မျက်နှာပြင်က ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

ရုတ်တရက်ဆိုသလို...

သွေးဒိုင်းကာ၏ မျက်နှာပြင်ပေါ်တွင် ဝဲဂယက်တစ်ခုဖြစ်ပေါ်လာပြီး ထူးဆန်းသော သွေးရောင်မျက်နှာတစ်ခု ပေါ်ထွက်လာကာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို မကောင်းဆိုးဝါးဆန်ဆန် ပြုံးဖြီး၍ကြည့်နေ၏။

“ဟား...”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားပြီးခေါင်းနပန်းကြီးလာခဲ့၏။

သူအာရုံစိုက်ကြည့်လိုက်ချိန်မှာ သွေးဒိုင်းကာ၏ မျက်နှာပြင်က ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး သွေးရောင်မျက်နှာကလည်း ပျောက်ကွယ်သွားပြီးဖြစ်၏။ စောစောက တွေ့မြင်ခဲ့သမျှအရာရာတိုင်းသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ထင်ယောင်ထင်မှားဖြစ်နေသည့်အလားပင်။

အခြားတစ်ဘက်မှာ အရိပ်မဲ့ဧကရာဇ်သည် သူ့ထံသို့ ခုတ်ပိုင်းကျဆင်းလာသည့် မီးခိုးရောင်ဆေဘာကို တွေ့မြင်သောအခါ သူက အေးစက်စွာဖြင့် သရော်ပြုံးပြုံးလိုက်၏။

သူ့အတွက်တော့ အဲ့ဒါက အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုမျှသာဖြစ်၏။

မီးခိုးရောင်ဆေဘာကနေ ထုတ်ဖော်ထားသည့်အော်ရာက ထူးဆန်းသော်လည်း အဆင့်မြင့်နတ်ဘုရားစွမ်းအားမျာစက သူ့ကို ခြိမ်းခြောက်နိုင်ခြင်းမရှိပေ။

သူက အဲ့ဒါကို လက်တစ်ချက်ဝေ့ယမ်းရုံဖြင့် ခြေမွှဖျက်ဆီးပစ်နိုင်၏။

“တဗူးနဂါးဖီးနစ်က သူ့ရဲ့အကန့်အသတ်ကို ရောက်နေပြီနဲ့တူတယ်”

အရိပ်မဲ့ဧကရာဇ်က သရော်တော်တော်အမူအရာဖြင့် လှောင်ရယ်လိုက်ပြီး မီးခိုးရောင်ဆေဘာကို ဖမ်းဆွဲဖို့ လက်လှမ်းလိုက်လေသည်။

စောစောက ငရဲစုန်းဧကရာဇ်၏ စိတ်အာရုံသည် သွေးဧကရာဇ်ပေါ်သို့ ရောက်ရှိနေခဲ့၏။

သွေးဧကရာဇ်ထုတ်ဖော်လိုက်သော ငရဲသွေးဒိုင်းကာသည် သူ့ကိုရှင်းမပြတတ်သော ရင်တလှပ်လှပ်ခံစားချက်တစ်ခု ပေးစွမ်းနေ၏။

သို့သော်လည်း အချိန်တိုအတွင်မှာ သူက တစ်စုံတစ်ရာကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။

ငရဲစုန်းဧကရာဇ်က သူ၏ အကြည့်ကို ရုတ်သိမ်းပြီး ဘေးသို့တစ်ချက်ကြည့်လိုက်သောအခါ အရိပ်မဲ့ဧကရာဇ်က မီးခိုးရောင်ဆေဘာကို လက်ဗလာဖြင့် ဖမ်းဆွဲဖို့ကြိုးစားနေသည်ကို တွေ​မြင်လိုက်ရ၏။

အရိပ်မဲ့ဧကရာဇ်သည် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲသို့ မရောက်ခဲ့သည့်အတွက် သူက မီးခိုးရောင်ဆေဘာအကြောင်း မသိရှိပေ။

သို့သော်လည်း ငရဲစုန်းဧကရာဇ်သည် ထိုမီးခိုးရောင်ဆေဘာဘယ်လောက်ကြောက်သရာကောင်းသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးလေသည်။

အဲ့ဒါက အချိန်၏ စွမ်းအား ဖြစ်၏။

လွန်ခဲ့သည့်နှစ်တစ်ထောင်က မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ၌ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည်ပင် အချိန်ဆေဘာ၏ စွမ်းအားကို မခုခံနိုင်ခဲ့ပေ။

ခုတ်ချက်တစ်ချက်က ဘဝသက်တမ်းနှစ်သုံးသောင်းကို ဖြတ်တောက်ပစ်နိုင်၏။

“အဲ့ဒီဆေဘာကို မထိနဲ့”

ငရဲစုန်းဧကရာဇ်က အလောတကြီး သတိလှမ်းပေးလိုက်၏။

“အဲ့ဒါက အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုပဲကို ဘာများရေးကြီးခွင်ကျယ်....”

အရိပ်မဲ့ဧကရာဇ်က မှင်သေသေဖြင့် ပြန်ဖြေလိုက်ပြီး သူ၏ လက်ဖဝါးက မီးခိုးရောင်ဆေဘာပေါ်သို့ ဆင်းသက်သွားခဲ့ပြီဖြစ်၏။

All Chapters