← Chapters

ယင်မိစ္ဆာတစ္ဆေ ၅ ကောင် ကျိန်စာ

Vol. 115 Ch. 1719

ယင်မိစ္ဆာတစ္ဆေ ၅ ကောင် ကျိန်စာ

Vol. 115 Ch. 1719

ဖျောက်...

အရိပ်မဲ့ဧကရာဇ်သည် မီးခိုးရောင်ဆေဘာကို ခြေမွှလိုက်ပြီး သူ၏ လက်ဖဝါးက အကောင်းတိုင်းကျန်ရှိလေသည်။

အရိပ်မဲ့ဧကရာဇ်က လှောင်ရယ်မော၍ ငရဲစုန်းဧကရာဇ်ကို ဘေးတိုက်တစ်ချက်စွေကြည့်ကာ ဝံ့ကြွားစွာဖြင့် ပြောလိုက်၏။

“အဲ့ဒါက အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုပဲကို... ဘာများ ရေးကြီးခွင်ကျယ်လုပ်စရာရှိလို့လဲ... ငရဲစုန်း မင်းက...”

ရုတ်တရက် သူကဆက်လက်၍ မပြောနိုင်တော့ပေ။

သူသည် တစ်စုံတစ်ရာကို ခန့်မှန်းမိသွားသည့်အလား အရိပ်မဲ့ဧကရာဇ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

“အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ”

အစကတော့ အရိပ်မဲ့ဧကရာဇ်မှာ ဘဝသက်တမ်းနှစ်ငါးသောင်းကျန်ရှိလေသည်။ သို့သော်လည်း အချိန်တိုအတွင်းမှာပင် သူ၏ ဘဝသက်တမ်းက နှစ်နှစ်သောင်းသာလျှင်ကျန်ရှိတော့၏။

ဧကရာဇ်များအတွက် နှစ်နှစ်သောင်းဘဝသက်တမ်းသည် သူတို့၏ အထွတ်အထိပ်အရွယ်ကနေ ကျဆင်းလာပြီဟု ဆိုလိုလေသည်။

တစ်ခဏချင်းမှာပင် အရိပ်မဲ့ဧကရာဇ်က များစွာပိုမိုအိုစာသွား၏။

တကယ်ဆို... သူ၏ မျက်ဝန်းထောင့်တွင် အရေးအကြောင်းတချို့ပင် ပေါ်ထွက်လာပြီး သူ၏ အနက်ရောင်ဆံပင်များကြားမှ ဆံပင်ဖြူတချို့က အလွန်တရာထင်ရှားလာခဲ့ပြီဖြစ်၏။

အရိပ်မဲ့ဧကရာဇ်သည် သူ၏ သွေးချီကို အရူအမူးလှည့်ပတ်ပြီး အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကိုပင် ထုတ်ဖော်ကာ အခြေအနေကို ပြန်ပြောင်းရယူချင်လေသည်။

သို့သော်လည်း သူက မည်သို့ပင်ကြိုးစားသည်ဖြစ်စေ သူ၏ ဘဝသက်တမ်းကို ပြန်လည်ရရှိမည့် လက္ခဏာများ မပြသတော့ပေ။

နှစ်သုံးသောင်း ဘဝသက်တမ်းက ဤကဲ့သို့ပင် အပြီးတိုင်ပျောက်ကွယ်သွားခဲ့လေပြီ။

“အဲ့ဒါက အချိန်ရဲ့စွမ်းအားပဲ”

ငရဲစုန်းဧကရာဇ်က တည်တံ့စွာဖြင့် ပြောလိုက်၏။

“ခုတ်ချက်တစ်ချက်က ဘဝသက်တမ်းနှစ်သုံးသောင်းကို ဖြတ်တောက်ပစ်နိုင်တယ်... အဲ့ဒါက ဘယ်လိုမှ ပြန်အစားမရနိုင်ဘူး”

အရိပ်မဲ့ဧကရာဇ်၏ အမူအရာက အလွန်တရာ ပျက်ယွင်းသွားခဲ့ပြီဖြစ်၏။

ဤအဆင့်မြင့်နတ်ဘုရားစွမ်းအားသည် သူ့ကို ဤမျှအထိ ပျက်စီးသွားစေလိမ့်မည်ဟု သူဘယ်လိုမှ ထင်မှတ်မထားခဲ့ပေ။

ထိုစဥ်မှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး သူ၏ လက်ဖဝါးထဲတွင် မီးခိုးရောင်မြူခိုးတစ်ခုကို စုဖွဲ့လိုက်၏။

၎င်းက တရုန်းရုန်းထကြွလာပြီး နောက်ထပ်မီးခိုးရောင်ဆေဘာတစ်လက် ဖြစ်ပေါ်လာခဲ့လေသည်။

အချိန်ဆေဘာသည် နောက်တစ်ဖန်ပေါ်ထွက်လာပြီး အရိပ်မဲ့ဧကရာဇ်ထံသို့ ခုတ်ပိုင်းကျဆင်းလာ၏။

အရိပ်မဲ့ဧကရာဇ်မှာ ဘဝသက်တမ်း နှစ်နှစ်သောင်းသာလျှင် ကျန်ရှိတော့လေသည်။ သူက ထိုမီးခိုးရောင်ဆေဘာဖြင့် ထပ်မံထိခတ်ခြင်းခံရလျှင် သူ၏ ဘဝသက်တမ်းက ကုန်ခန်း၍ သေဆုံးရပေလိမ့်မည်။

သူတို့သည် ထိပ်သီးဧကရာဇ်တစ်ပါးကို သတ်ဖြတ်နိုင်မည်ဆိုလျှင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် ညဝိညာဥ်ပေါ်ရှိဖိအားက သိသိသာသာလျော့ကျသွားပေလိမ့်မည်။

“ခုခံဖို့အတွက် ဓမ္မရတနာတွေကို မသုံးနဲ့... နတ်ဘုရားစွမ်းအားကိုပဲသုံး”

ငရဲစုန်းဧကရာဇ်က အလောတကြီး သတိပေးလိုက်၏။

အချိန်က ရုပ်ဒြပ်မရှိဘဲ နားလည်ဆင်ခြင်ဖို့ အခက်ခဲဆုံးဖြစ်၏။ ဓမ္မရတနာများသည် ၎င်းကိုခုခံနိုင်မည် မဟုတ်ဘဲ နတ်ဘုရားစွမ်းအားများကသာ တတ်နိုင်ပေလိမ့်မည်။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အရိပ်မဲ့ဧကရာဇ်၏ ကျင့်ကြံမှုအဆင့်အရ သူသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်သည်နှင့် အချိန်ဆေဘာကို ခုခံနိုင်ပေလိမ့်မည်။

သို့သော်လည်း အရိပ်မဲ့ဧကရာဇ်သည် မဆင်မခြင်ပြုမူရဲခြင်းမရှိဘဲ သူ၏ ပင်ကိုနတ်ဘုရားစွမ်းအား ဟာရီကိန်းတောင်ပံများကို ဆင့်ခေါ်လိုက်၏။

အရိပ်မဲ့ဧကရာဇ်သည် ထိုပင်ကိုနတ်ဘုရားစွမ်းအားကို အန္တိမနတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်ထိရောက်ရှိအောင် ကျင့်ကြံထားခဲ့ပြီဖြစ်၏။

ရွှစ်...

သူသည် သူ၏ တောင်ပံများကို ဖြန့်ကြက်ပြီး အဆက်မပြတ်လှည့်ပတ်လိုက်၏။ သူ့တောင်ပံများ၏ အနားစောင်းများက အလွန်တရာထက်ရှပြီး မုန်တိုင်းတစ်ခုက သူ့ကို လွှမ်းခြုံလာခဲ့၏။ အဲ့ဒါက ထက်ရှသော ဧရာမစက်ဝိုင်းပြားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အချိန်ဆေဘာဆီသို့ ပြေးဝင်သွားလေသည်။

ဘုန်း...

အဲ့ဒီမှာကျယ်လောင်သော မြည်သံတစ်သံထွက်ပေါ်လာ၏။

အချိန်ဆေဘာက ကြေမွသွားပြီး နေရာမှာပင် ပျက်ပြယ်သွားလေသည်။

အချိန်စွမ်းအားက ကြောက်စရာကောင်းသော်လည်း ၎င်းသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုသာဖြစ်နေဆဲပင်။ ၎င်းသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခု၏ ထိတွေ့ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိပေ။

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာတုန်းက ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည်လည်း သူ၏ ပင်ကိုနတ်ဘုရားစွမ်းအား နတ်ဘုရားသွေးကျော့ကွင်းကို ထုတ်ဖော်ခဲ့၏။ သူသည် ထိုပင်ကိုနတ်ဘုရားစွမ်းအားနှင့်အတူ အချိန်ဆေဘာကို ခြေမွှဖျက်ဆီးနိုင်ခဲ့ရုံသာမက သူသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ဒဏ်ရာအပြင်းအထန် ရရှိစေလုနီးပါးပင် လုပ်နိုင်ခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် ထိုစဥ်တုန်းက ချန်နဂါးဧကရာဇ်က အချိန်မီဝင်ရောက်လာခဲ့ပြီး နတ်ဘုရားသွေးကျော့ကွင်းကို ခုခံပေးခဲ့၏။

ယခု... အချိန်ဆေဘာက ကြေမွသွားပြီး ဟာရီကိန်းတောင်ပံများကနေ ဖြစ်ပေါ်လာသည့် ထက်ရှသောစက်ဝိုင်းပြားသည် တစ်ခဏမျှရပ်တန့်သွားပြီးနောက် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာရှိရာသို့ နောက်တစ်ဖန် ခုတ်ပိုင်းကျဆင်းလာ၏။

တစ်ချိန်တည်းမှာပင် ငရဲစုန်းဧကရာဇ်နှင့် သွေးဧကရာဇ်က တိုက်ခိုက်လိုက်ကြပြီဖြစ်၏။

ဧကရာဇ်နှစ်ပါးသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူတို့၏ အန္တိမနတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။

အဆုံးမဲ့သွေးပင်လယ်...။

သွေးဧကရာဇ်၏ သွေးနွယ်ပင်ထောင်ချီက သူ၏ နတ်ဘုရားစွမ်းအားနှင့်အတူ ပေါင်းစည်းစေမည့် သွေးများကို အဆက်မပြတ် ပန်းထုတ်ပေးကာ အဆုံးမဲ့သွေးပင်လယ်တစ်ခုကို ဖြစ်ပေါ်လာစေပြီး ၎င်းက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ဆွဲယူနှစ်မြှုပ်လိုက်၏။

“ယင်မိစ္ဆာတစ္ဆေ ၅ကောင် ကျိန်စာ”

ငရဲစုန်းဧကရာဇ်သည် သူ၏ လက်ထဲရှိ အရိုးတောင်ဝှေးကို ဝေ့ယမ်းပြီး အစိမ်းရင့်ရောင် ကျိန်စာစွမ်းအားတစ်ခုကို တလိပ်လိပ်ထိုးတက်လာစေ၏။

လေထဲမှာ ကြောက်စရာကောင်းသော အရိုးဦးခေါင်းငါးလုံးက ဖြစ်ပေါ်လာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာရှိရာသို့ ပြေးဝင်သွားလေသည်။

ဟာရီကိန်းတောင်ပံများက အရင်ဆုံးဆင်းသက်လာ၏။

ရုတ်တရက် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ နှာရောင်မှ အေးစက်နေသောဆေဘာတစ်လက် ပျံသန်းထွက်လာ၏။ ဆေဘာသွားသည် နှင်းကဲ့သို့ဖြူစွတ်နေပြီး အတွင်းမှာမြှုပ်နှံထားသော နဂါးရိုးများကို ဝိုးတဝါးတွေ့မြင်နိုင်၏။

နဂါးဝိညာဥ်ဆေဘာ...။

ယခု… နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မဟာယာနအဆင့်သို့ ရောက်ရှိလာခဲ့ပြီး ထိုဆေဘာကလည်း သူ၏ မူလဓမ္မရတနာအဆင့်သို့ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။

ချွမ်း...

ဆေဘာက တုန်ခါ၍ နဂါးဟိန်းသံများကို ဆက်တိုက်ထုတ်ဖော်ကာ အဆုံးမဲ့ဆေဘာချီကို ပေါက်ကွဲထွက်ပေါ်လာစေ၏။ ၎င်းသည် နဂါးဝိညာဥ်ဆေဘာ၏ ဘေးပတ်လည်တွင် လှည့်ပတ်နေသော နတ်နဂါးတစ်ကောင်အဖြစ် စုဖွဲ့သွားလေသည်။

“တည်ငြိမ်ပင်လယ်”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် နဂါးဝိညာဥ်ဆေဘာကို ထိန်းချုပ်ပြီး သူ၏ သွေးချီကို လှည့်ပတ်ကာ တည်ငြိမ်ပင်လယ်ကို ထုတ်ဖော်လိုက်၏။

သူသည် ဝင်​ရောက်လာသော စက်ဝိုင်းပြားကို ခုတ်ပိုင်းချလိုက်၏။

ဘုန်း...

အဲ့ဒီမှာကျယ်လောင်မြည်သံတစ်သံ ထွက်ပေါ်လာ၏။ ထက်ရှသော စက်ဝိုင်းပြားသည် လေထဲမှာ အေးခဲရပ်တန့်သွားပြီး ပျက်ပြယ်ကာ အရိပ်မဲ့ဧကရာဇ်၏ ကြီးမားသောပုံရိပ်ကို ထွက်ပေါ်လာစေ၏။

သို့သော်လည်း နဂါးဝိညာဥ်ဆေဘာသည်လည်း စွမ်းအားကြီးမားသော အင်အားတစ်ရပ်ကြောင့် ပြန်ကန်ထွက်သွားလေသည်။ နဂါးဖီးနစ်လက်သည်းသည် ထိုတုန်ခါလှိုင်းကြောင့် သွေးများဖြင့် စိုရွှဲသွား၏။

ထိုခုတ်ချက်မှာ ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်၏ အဆင့်မြင့်နတ်ဘုရားစွမ်းအားပါဝင်လေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကိုယ်ကာယစွမ်းအား ၊ သွေးချီနှင့် အချိန်ဆေဘာ၏ စွမ်းအားတို့ဖြင့် ပေါင်းစပ်လိုက်သောအခါ သူသည် ဟာရီကိန်းတောင်ပံများ၏ စွမ်းအားကို နောက်ဆုံးမှာ ခုခံနိုင်ခဲ့လေသည်။

ဧကရာဇ်များနားလည်ဆင်ခြင်ထားသည့် အန္တိမနတ်ဘုရားစွမ်းအားများ ပိုများလေလေ သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ပိုမိုသန်မာလေလေဖြစ်ပြီး ထိုအန္တိမနတ်ဘုရားစွမ်းအားကနေ ထွက်ပေါ်လာမည့်စွမ်းအားကလည်း ပို၍သန်မာလာပေလိမ့်မည်။

သူသည် ဟာရီကိန်းတောင်ပံများကို ပိတ်ဆို့တားဆီးလိုက်နိုင်သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အန္တရာယ်ကနေ ရုန်းမထွက်နိုင်သေးပေ။

အတိအကျဆိုရလျှင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မကြုံစဖူး အန္တရာယ်များလွန်းသော အခြေအနေတစ်ရပ်သို့ ကျဆင်းသွားခဲ့လေပြီ။

သွေးဧကရာဇ်နှင့် ငရဲစုန်းဧကရာဇ်၏ အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုက ဆင်းသက်ရောက်ရှိလာခဲ့လေပြီ။

ရွှစ်...

အဆုံးမဲ့သွေးပင်လယ်က ကောင်းကင်တစ်ခွင်အုပ်မိုး၍ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ဆွဲယူနှစ်မြှုပ်လိုက်၏။

သွေးပင်လယ်မှာ စွမ်းမားကြီးမားသော နတ်ဘုရားစွမ်းအာများပါဝင်ရုံသာမက ၎င်းသည် အဆုံးမဲ့သော ညစ်ညမ်းမှု ၊ ဆိုးယုတ်မှုများဖြင့် ပြည့်နှက်နေ၏။

သာမန်ဧကရာဇ်များသည် သွေးပင်လယ်၏ ဝါးမျိုခြင်းခံရမည်ဆိုလျှင် သူတို့သည် အသက်သုံးရှိုက်စာ မပြည့်ခင်မှာ သွေးပြည်များအဖြစ်ပြောင်းလဲသွားပြီး သွေးပင်လယ်နှင့် ပေါင်းစည်းသွားပေလိမ့်မည်။

ဧကရာဇ်များကြား တိုက်ပွဲက အရမ်းကိုပြင်းထန်ကြမ်းတမ်းလေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သွေးပင်လယ်၏ ဝါးမျိုခြင်းခံလိုက်ရသည်ကို တွေ​မြင်သောအခါ ပုံပြောသူ ၊ လုံရန်နှင့် အခြားသူများက သူတို့၏ ရင်ထဲမှာ နာကျင်ကိုက်ခဲသွား၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ သေဆုံးသွားမည်ဆိုလျှင် တဗူးဂမ္ဘီရဟို့သည် ထိပ်သီးဧကရာဇ် ၅ ဦး၏ တိုက်ခိုက်မှုများကို သေချာပေါက်ခုခံနိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်ကျလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် လူသားမျိုးနွယ်မှ ဧကရာဇ်များအားလုံးသည် ဤနေရာမှာ သေကြေပျက်စီးရမည်ဖြစ်၏။

မည်သူကမှ ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။

ရွှစ်...

ထိုစဥ် ကြီးမားသောပုံရိပ်တစ်ခုက သွေးပင်လယ်၏ မျက်နှာပြင်ကို ထိုးခွဲထွက်လာပြီး ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းနေ၏။ အဲ့ဒါက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာဖြစ်၏။

သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ်ရှိ မီးတောက်များက အားပျော့နေလေပြီ။

နဂါးဖီးနစ်မီးတောက်များသည် နဂါးဖီးနစ်၏ ပင်ကိုနတ်ဘုရားစွမ်းအားဖြစ်လေသည်။

သို့သော်လည်း သူသည် ထိုနတ်ဘုရားစွမ်းအားကို အန္တိမအဆင့်ထိ ရောက်ရှိအောင် မကျင့်ကြံရသေးပေ။

နဂါးဖီးနစ်မီးတောက်များသည် ညစ်ညမ်းမှုနှင့် ဆိုးယုတ်မှုများကို တန်ပြန်ချေဖျက်နိုင်ခြင်းကြောင့်သာ မဟုတ်လျှင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သွေးပင်လယ်ထဲမှာ သေဆုံးရပေလိမ့်မည်။

“မင်းဘယ်လောက်ကြာကြာခုခံနိုင်မလဲ ကြည့်ရသေးတာပေါ့”

သွေးဧကရာဇ်၏ အမူအရာက ရက်စက်ကြမ်းတမ်းနေပြီး အံကိုကြိတ်ကာ သူ၏ အမြုတေစိတ်ဝိညာဥ်ကို အရူးအမူးလှည့်ပတ်လိုက်၏။

ကြီးမားသော လှိုင်းလုံးတစ်လုံးက သွေးပင်လယ်ထဲကနေ တလိပ်လိပ်ထိုးတက်လာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို နောက်တစ်ဖန်ဝါးမျိုလိုက်၏။

ဝေါ.... ဝေါ...

သွေးပင်လယ်၏ စွမ်းအားနှစ်ခုနှင့် နဂါးဖီးနစ်မီးတောက်များက ထပ်တလဲလဲထိတွေ့ရိုက်ခတ်ပြီး စူးစူးရှရှမြည်သံများထွက်ပေါ်လာ၏။

နဂါးဖီးနစ်မီးတောက်များက ပို၍ပို၍ အားနည်းလာခဲ့၏။

သို့သော်လည်း သွေးပင်လယ်က အ​​ဆုံးမရှိပေ။

အူ... အူ....

ထိုစဥ်မှာ တစ္ဆေညည်းသံများ ထွက်ပေါ်လာ၏။

အစိမ်းရင့်ရောင်ဦးခေါင်းခွံ ၅ခုက ဆိုးယုတ်မိစ္ဆာတစ္ဆေ ၅ကောင်ကဲ့သို့ အော်မြည်၍ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ်သို့ ချက်ချင်းဆင်းသက်သွားလေသည်။

ဖျောက်... ဖျောက်...

သူတို့သည် ရူးသွပ်သွားသည့်အလား ဦးခေါင်းခွံ ၅လုံးသည် သူတို့၏ ပါးစပ်များကိုဖွင့်ဟပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အသားများကို ကိုက်ခဲလိုက်ကြ၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာမှာ သူတို့ကိုယ်သူ ကာကွယ်ဖို့အတွက် နဂါးဖီးနစ်မီးတောက်များနှင့် ကြေးခွံများရှိပြီး သူ၏ ခံစစ်အားက အရမ်းကိုသန်မာလေသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ နဂါးဖီးနစ်မီးတောက်များနှင့် ကြေးခွံများသည် သွေးပင်လယ်ကိုခုခံရင်း အားအင်ကုန်ခန်းလုနီးပါးဖြစ်နေလေပြီ။

ဦးခေါင်းခွံ ၅လုံးသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကနေ စုဖွဲ့ထားခြင်းဖြစ်ပြီး ရူးသွပ်စွာကိုက်ခဲနေကြ၏။ သူတို့သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာမှ ကြေးခွံများနှင့်အတူ အသားပိုင်း ၅ပိုင်းကို ကိုက်ဖြတ်ပြီး ပလုတ်ပလောင်းဝါးမျိုလိုက်ကြ၏။

All Chapters