← Chapters

လမ်းဆုံးကို ရောက်နေပြီလား

Vol. 115 Ch. 1720

လမ်းဆုံးကို ရောက်နေပြီလား

Vol. 115 Ch. 1720

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ဆတ်ခနဲ တုန်ယင်သွား၏။

သူ၏ အသားပိုင်း ငါးပိုင်းသည် ယင်မိစ္ဆာတစ္ဆေ ငါးကောင်၏ ဆုတ်ဖြဲခြင်း ခံလိုက်ရသောအခါ သူ၏ သွေးချီနှင့် အသက်ဓာတ်အားက အနည်းငယ် လျော့ကျသွားသည်ကို သူက ရှင်းလင်းစွာ ခံစားမိလိုက်၏။

ရုတ်တရက်ဆိုသလို…

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏ အမူအရာက ပြောင်းလဲသွား၏။

တစ်ခုခုတော့ လွဲနေလေပြီ။

သူ၏ ဘဝသက်တမ်းက လျော့ကျလာနေ၏။

ယင်မိစ္ဆာတစ္ဆေ ငါးကောင်၏ ကိုက်ချက်သည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ သွေးချီနှင့် အသက်ဓာတ်အားကို ဝါးမျိုရုံသာမက သူ၏ ဘဝသက်တမ်းကိုပါ ဝါးမျိုနေခြင်း ဖြစ်၏။

တကယ်တော့ ထိုဝါးမျိုခြင်း အလျင်အဟုန်က အချိန်ဆေဘာလောက် ကြောက်စရာမကောင်းပေ။

ယင်မိစ္ဆာတစ္ဆေ အရိုးစုထံမှ ကိုက်ချက်တစ်ချက်သည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဘဝသက်တမ်း နှစ်တစ်ထောင်ကို ဝါးမျိုနိုင်လေသည်။

ဘဝသက်တမ်း ယိုယွင်းပျက်စီးမှု အလျင်အဟုန်က နှေးကွေးလေသည်။

သို့သော်လည်း ယင်မိစ္ဆာတစ္ဆေ အရိုးစု ငါးခုက တစ်ချိန်တည်းမှာ ကိုက်ခဲလာမည်ဆိုလျှင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ဘဝသက်တမ်း နှစ်ငါးထောင်ကို ချက်ချင်းပင် ဆုံးရှုံးရလိမ့်မည်ဟု ဆိုလိုလေသည်။

ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ယင်မိစ္ဆာတစ္ဆေ အရိုးစု ငါးခုသည် နဂါးဖီးနစ်အပေါ်မှာ တစ်ချိန်လုံး တွယ်ကပ်နေပြီး လှုပ်ခါချ၍ မရနိုင်ပေ။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာမှာ ဘဝသက်တမ်း နှစ်ပေါင်းသိန်းချီရှိသော်လည်း သူသည် ဤကဲ့သို့ အဆက်မပြတ် လျော့ကျလာခြင်းကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

“ဟီးဟီး”

ငရဲစုန်းဧကရာဇ်က လှောင်ရယ်လိုက်လေသည်။

“အထီးကျန်သိုင်းသခင်.. ဘဝသက်တမ်းကို လျော့ကျစေနိုင်တဲ့ နတ်ဘုရားစွမ်းအားနဲ့ လျှို့ဝှက်အတတ်တွေကို သိထားတာ မင်းတစ်ယောက်ထဲလို့ ထင်လို့လား”

ငရဲစုန်းဧကရာဇ်၏ စကား မဆုံးသေးခင်မှာပင် ယင်မိစ္ဆာတစ္ဆေ အရိုးစု ငါးခုသည် သူတို့၏ ပါးစပ်များကို နောက်တစ်ဖန် ဖြဲပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ကြီးမားသော အသားပိုင်းတစ်ပိုင်းကို ဆုတ်ဖြဲပစ်လိုက်၏။

အသက်နှစ်ရှိုက်စာမှာပင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဘဝသက်တမ်းက နှစ်တစ်သောင်း လျော့ကျသွားခဲ့လေပြီ။

သူသည် ကျတ်တီးမြေကို နားလည်ဆင်ခြင်ခဲ့ပြီးကတည်းက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ဤဝှက်ဖဲနှင့်အတူ သန်မာသော ရန်သူများစွာကို သတ်ဖြတ်ခဲ့လေသည်။

သူ၏ အချိန်ဆေဘာက ဧကရာဇ်များကိုပင် သတ်ဖြတ်ခဲ့ဖူးလေသည်။

သို့သော်လည်း သူသည် ဤကဲ့သို့ ခံစားချက်ကို ကိုယ်တိုင် တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။

အသက်နှစ်ရှိုက်စာမှာပင် သူ၏ ဘဝသက်တမ်း နှစ်တစ်သောင်းက ကုန်ဆုံးသွားခဲ့လေပြီ။

အဲဒါက အလွန်တရာ သက်သောင့်သက်သာ မရှိ​သော ခံစားချက်တစ်ခု ဖြစ်၏။

အဲဒါသည် သူ့ကို စွမ်းအားမဲ့၍ ရူးသွပ်သွားစေနိုင်လေသည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ဆက်လက်၍ နှောင့်နှေးကြန့်ကြာရဲခြင်း မရှိဘဲ သူ၏ သွေးချီကို အစွမ်းကုန် လှည့်ပတ်လိုက်၏။

ဝုန်း..

ကျယ်လောင်သော မြည်သံက သူ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာ၏။

မနှိုင်းယှဉ်သာအောင် သန်မာသော သားရဲဘုရင်များက တစ်ကောင်ပြီးတစ်ကောင် ဆင်းသက်ပေါ်ထွက်လာ၏။ သူတို့၏ လက်သည်းများက ထက်ရှ၍ အသက်ဝင်နေပြီး သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုနှင့်အတူ မာန်ဖီဟိန်းဟောက်လိုက်ကြ၏။

သူ၏ မျိုးဆက်သွေးနယ်မြေက ပေါက်ကွဲထွက်ပေါ်လာ​ပြီး ယင်မိစ္ဆာတစ္ဆေအရိုးစု ငါးခုက ချက်ချင်းပင် လွင့်စင်ထွက်သွား၏။

“ကြေမွစမ်း”

သွေးဧကရာဇ်သည် သွေးပင်လယ်ကို လှည့်ပတ်ပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဘေးပတ်လည်ရှိ သားရဲဘုရင် ၁၁ပါး ထံသို့ ဒေါသူပုန်ထနေသော ဒီရေလှိုင်းများကို ထုတ်ဖော်လိုက်၏။

ဘုန်း.. ဘုန်း.. ဘုန်း..

သားရဲဘုရင် ၁၁ပါးနှင့် သွေးပင်လယ်တို့ ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သော မြည်သံများ ထွက်ပေါ်လာ၏။

သွေးဧကရာဇ်၏ မရေမတွက်နိုင်သော သွေးနွယ်ပင်များသည် မြေကြီးထဲကနေ ထိုးထွက်လာပြီး မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို လှည့်ပတ်ကာ သွေးပင်လယ်မှာ ရှိသည့် မျိုးဆက်သွေးများကို သန့်စင်မွမ်းမံ၍ ရူးသွပ်စွာ စုစည်းလာစေ၏။

သွေးပင်လယ်၏ စွမ်းအားက လျော့ကျမသွားရုံသာမက ၎င်းက ပို၍ပင် သန်မာလာခဲ့၏။

သားရဲဘုရင် ၁၁ပါးသည်ပင် အဲဒါကို​ မခုခံနိုင်တော့ဘဲ သူတို့၏ အရောင်အဝါများက မှေးမှိန်ကာ သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ အက်ကွဲကြောင်းများက ပေါ်ထွက်လာ၏။

သိပ်မကြာခင် သားရဲဘုရင် ၁၁ပါးက သွေးပင်လယ်၏ ဝါးမျိုခြင်းကို ခံရပေတော့မည်။

“စုဖွဲ့လိုက်”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး ဟိန်းဟောက်လိုက်၏။

သူ့စိတ်၏ စေညွှန်မှုအောက်တွင် သားရဲဘုရင် ၁၁ပါးက ပျက်ပြယ်သွားပြီး သိပ်သည်းသော သွေးချီတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ ဦးခေါင်းထက်မှာ စုစည်းလာခဲ့၏။

တစ်ခဏချင်းမှာပင် တရုန်းရုန်း ထကြွနေသော သားရဲချီကနေ ၁၀ပေအရွယ် လိပ်ပြာတစ်ကောင် ပေါ်ထွက်လာ၏။

လိပ်ပြာသည် ၎င်း၏ သွေးရောင် တောင်ပံများကို ဖြန့်ကြက်ထားပြီး သူတို့ပေါ်တွင် တောက်ပသော လပြည့်ဝန်းနှစ်ခုကို ခတ်နှိပ်ထားလေသည်။ သူတို့က မျက်လုံးတစ်စုံကဲ့သို့ လက်ရှိဧကရာဇ်များကို ကြည့်နေ၏။

ယခင် သားရဲဘုရင် ၁၁ပါးနှင့် ယှဉ်လျှင် သွေးရောင်လိပ်ပြာသည် အရွယ်အစားအားဖြင့် အရမ်းကို သေးငယ်လေသည်။

သို့သော်လည်း သွေးလိပ်ပြာ ပေါ်ထွက်လာသည့် ခဏမှာပင် အစက ဗြောင်းဆန်နေသော သွေးပင်လယ်က ငြိမ်သက်သွား၏။

အဆုံးမဲ့ သွေးပင်လယ်သည် မမြင်နိုင်သော အားတစ်ခုဖြင့် အေးခဲသွားသည်ဟု ထင်ရ၏။

၎င်းက အေးခဲသွားပြီး လုံးဝ လှုပ်ရှားခြင်း မရှိတော့ပေ။ တကယ်ဆို ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ မည်သည့် ဝဲဂယက်ကိုမှ မတွေ့မြင်ရတော့ပေ။

သွေးဧကရာဇ်သည် ထိုသည်ကို တွေ့မြင်သောအခါ အံ့အားသင့်သွားခြင်း မရှိပေ။

အထီးကျန်သိုင်းသခင်၏ မျိုးဆက်သွေးနယ်မြေမှာ အလွန်တရာ စွမ်းအားကြီးမားသော သွေးရောင်လိပ်ပြာတစ်ကောင် ရှိသည်ကို သူကြားဖူးထားခဲ့လေသည်။

သွေးဧကရာဇ်၏ နှာရောင်က တောက်ပသွားပြီး နီရဲနေသော သွေးဘူးတောင်းတစ်ခု ပေါ်ထွက်လာ၏။

အဲဒါက သူ၏ မူပိုင်ဓမ္မရတနာ ဖြစ်၏။

သွေးဧကရာဇ်သည် သူ၏ လျှာကို ညင်သာစွာ ကိုက်ပြီး သွေးဘူးတောင်းပေါ်သို့ အမြုတေသွေးစီးကြောင်းတစ်ခုကို ထွေးထုတ်လိုက်၏။

သွေးဘူးတောင်းက တဆတ်ဆတ် တုန်ခါ၍ သွေးနီရောင်အလင်းတစ်ခုနှင့်အတူ တောက်ပလာခဲ့၏။

“သွား”

သွေးဧကရာဇ်က ငေါက်ငမ်းလိုက်ပြီး သွေးဘူးတောင်းကို လေထဲသို့ ပစ်ထုတ်ကာ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဦးခေါင်းထက်သို့ ရောက်ရှိသွားစေ၏။ သွေးဘူးတောင်း၏ နှုတ်ခမ်းဝသည် သွေးနီရောင် လိပ်ပြာကို မျက်နှာမူပြီး ထိုးဆင်းကျလာ၏။

“စုပ်ယူလိုက်စမ်း”

သူသည် သွေးဘူးတောင်းကို ထိန်းချုပ်ပြီး ၎င်း၏ နှုတ်ခမ်းဝကနေ အလွန်တရာ ကြောက်စရာကောင်းသော စုပ်ယူအားတစ်ခုကို ထွက်ပေါ်လာစေ၏။ နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက ဆင်းသက်လာပြီး သွေးနီရောင် လိပ်ပြာကို သွေးဘူးတောင်းထဲသို့ ဆွဲယူသွင်းလိုက်၏။

“ဟီးဟီး”

ထိုသည်ကို တွေ့မြင်သောအခါ သွေးဧကရာဇ်က ပြုံးဖြီးလိုက်လေသည်။

“မင်းရဲ့ သွေးလိပ်ပြာကို ကိုင်တွယ်ဖို့အတွက် နည်းလမ်းတွေကို ငါပြင်ဆင်ထားပြီးသား…”

“မင်းရဲ့ မျိုးဆက်သွေးနယ်မြေက နတ်ဘုရားတောကောင်ပဲဖြစ်ဖြစ်.. မိစ္ဆာနတ်ဆိုးပဲဖြစ်ဖြစ်.. ငါ ဂရုမစိုက်ဘူး.. ငါ့ရဲ့ သွေးဘူးတောင်းထဲကို ဝင်ရောက်လာတာနဲ့ အဲဒါက အသက်ဆယ်ရှိုက်စာ မပြည့်ခင်မှာပဲ သွေးအဖြစ်​ ပြောင်းလဲသွားလိမ့်မယ်”

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင်.. သွေးဧကရာဇ်သည် တစ်စုံ​တစ်ရာကို ခံစားမိသွားပုံရပြီး သူ့လက်ထဲရှိ သွေးဘူးတောင်းကို ကြည့်ကာ သူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

သူသည် သူ၏ လက်ထဲရှိ သွေးဘူးတောင်းကို ပစ်ထုတ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က သွေးအလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားလေသည်။ သူသည် အမှန်တကယ်ပင် သူ၏ ခန္ဓာကိုယ်ကို စွန့်ခွာပြီး အဝေးသို့ ပြေးထွက်သွားလေသည်။

ထိုသို့ သူပြုလုပ်လိုက်သည့် ခဏမှာပင်.. လေထဲရှိ သွေးဘူးတောင်းက အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုနှင့်အတူ ပေါက်ကွဲထွက်သွား၏။

သွေးဧကရာဇ်၏ သွေးနွယ်ပင် ခန္ဓာကိုယ်သည် ထိုစွမ်းအားဖြင့် သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားပြီး လုံးဝ ဖျက်ဆီးခံလိုက်ရ၏။

​သွေးဧကရာဇ်၏ အမြုတေစိတ်ဝိညာဉ်က အချိန်မီ ထွက်ပြေးနိုင်ခဲ့ခြင်း မရှိလျှင် သူက ထိုပေါက်ကွဲမှုမှာ သေဆုံးရပေလိမ့်မည်။

ငရဲစုန်းဧကရာဇ်၏ သူငယ်အိမ်နှစ်ဖက်က အနည်းငယ် တင်းကျပ်သွားပြီး တိတ်တဆိတ် ထိတ်လန့်သွား၏။

သွေးလိပ်ပြာသည် သွေးဧကရာဇ်၏ မူပိုင် ဓမ္မရတနာကို ပေါက်ကွဲထွက်စေသည်အထိ ကြောက်စရာကောင်းလိမ့်မည်ဟု သူက ထင်မှတ်မထားပေ။

တကယ်တော့ သွေးဘူးတောင်း ပေါက်ကွဲသွားပြီးနောက်.. သွေးလိပ်ပြာကလည်း ပျောက်ကွယ်သွားခဲ့လေပြီ။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။

သူက အနည်းငယ် လိုအပ်နေသေး၏။

ဤထိပ်သီး ဧကရာဇ်များက တိုက်ပွဲအတွေ့အကြုံ လွန်စွာ ကြွယ်ဝလေသည်။

သူတို့၏ ဝှက်ဖဲများစွာနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့ကို သတ်ဖြတ်နိုင်ဖို့က အင်မတန် ခဲယဉ်းလေသည်။

“အထီးကျန်သိုင်းသခင်.. မင်းက ငါ့ရဲ့ မူပိုင်ဓမ္မရတနာကို ဖျက်ဆီးပစ်လိုက်တာပဲ.. ငါ မင်းရဲ့ သွေးကို သောက်ပြီး မင်းရဲ့ အသားကို စားပစ်မယ်”

သွေးဧကရာဇ်သည် သွေးကနေ ပြန်လည်မွေးဖွားခြင်းကို လှည့်ပတ်ပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်လိုက်၏။ ဖြူဖျော့နေသော အမူအရာနှင့်အတူ သူက ဒေါသတကြီး အော်ပြောလိုက်လေသည်။

သူသည် ရှင်သန်နိုင်ခဲ့သော်လည်း သူ၏ မူပိုင် ဓမ္မရတနာ ပျက်စီးသွားခြင်းက သူ့ကို ဒဏ်ရာများ ရရှိစေခဲ့လေသည်။

သွေးဧကရာဇ်သည် သူ၏ သွေးနွယ်ပင်များကို ဝှေ့ယမ်းပြီး မြေပြင်ပေါ်မှာ အမြစ်တွယ် ရပ်တည်လိုက်၏။ သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို နောက်တစ်ဖန် လှည့်ပတ်ပြီး သူ၏ ဒဏ်ရာများကို ကုသဖို့အတွက် သူ၏ မျိုးဆက်သွေးကို သန့်စင်မွမ်းမံလိုက်၏။

တစ်ချိန်တည်းမှာပင် သွေးဧကရာဇ်က အဆုံးမဲ့ သွေးပင်လယ်ကို လှည့်ပတ်ပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာအပေါ် သူ၏ နောက်ဆုံးတိုက်ခိုက်မှုကို ထုတ်ဖော်လိုက်လေသည်။

“မင်းရဲ့ မျိုးဆက်သွေးနယ်မြေက မရှိတော့ဘူးဆိုတော့.. အဲဒါကို မင်း ဘယ်လိုခုခံမလဲ ကြည့်ရသေးတာပေါ့”

သွေးဧကရာဇ်၏ အမူအရာက အေးစက်ခက်ထန်နေပြီး သူ၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုဖြင့် တောက်ပနေ၏။

“အထီးကျန်သိုင်းသခင်.. မင်းရဲ့ တဗူးခန္ဓာက ဒီနေ့ သေရမယ်”

အခြားတစ်ဖက်မှာ.. အရိပ်မဲ့ဧကရာဇ်က အေးစက်စက် အမူအရာတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း ပြောလိုက်၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူ၏ လမ်းဆုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး ဆက်လက်၍ တောင့်မခံနိုင်တော့မည်ကို သူကလည်း ပြောနိုင်လေသည်။

မည်သည့် ထိန်ချန်မှုမှ မရှိဘဲ အရိပ်မဲ့ဧကရာဇ်က အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

“ပုံရိပ်ယောင် ခုတ်ချက်”

အရိပ်မဲ့ဧကရာဇ်က ညင်သာစွာ အော်ငေါက်လိုက်၏။

ရုတ်တရက် အရိပ်မဲ့ဧကရာဇ်၏ ပုံရိပ်များစွာက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာ၏။ သူတို့သည် ဆေဘာနှစ်လက်ကို ကိုင်ဆွဲပြီး ဘယ်ဟာ အတု.. ဘယ်ဟာ အစစ်ဖြစ်သည်ကို ခွဲခြားနိုင်ဖို့ ခဲယဉ်းလေသည်။ သူတို့ တစ်ယောက်ချင်းစီက အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာတုန်းက ဆိုးယုတ်လေယက္ခဧကရာဇ်သည် ဤအန္တိမ နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီး ထာဝရ လူသားဧကရာဇ်ကို တိုက်ခိုက်ခဲ့လေသည်။

သို့သော်လည်း သူသည် ထာဝရ လူသားဧကရာဇ်၏ ခွဲခြား​ဖော်ထုတ်ခြင်းကို ခံရပြီး နေရာမှာပင် သတ်ဖြတ်ခံခဲ့ရ၏။

အရိပ်မဲ့ဧကရာဇ်သည် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပေ။

ဘာပဲပြောပြော.. တဗူးနဂါးဖီးနစ်သည် ယခုအချိန်ထိ သူ၏ အထွတ်အထိပ်အရွယ်သို့ ရောက်ရှိမလာသေးဘဲ ထာဝရ လူသားဧကရာဇ်ထက် များစွာနိမ့်ကျနေသေး၏။

တဗူးနဂါးဖီးနစ်သည် သူ၏ခန္ဓာ အစစ်အမှန် ရှိသည့်နေရာကို ခွဲခြားဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။

သူက ခွဲခြားဖော်ထုတ်နိုင်မည် ဆိုလျှင်တောင် တဗူးနဂါးဖီးနစ်သည် သူ၏ ခုတ်ချက်ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

အန္တိမ နတ်ဘုရားစွမ်းအား ပုံရိပ်ယောင် ခုတ်ချက်မှာ သတ်ဖြတ်ကွက်နှစ်ကွက် ပါရှိလေသည်။

ပုံရိပ်ယောင်များက တစ်ဖက်လူကို လှည့်စားနိုင်လေသည်။

နောက်ဆုံးခုတ်ချက်က ပို၍ပင် ကြောက်စရာကောင်းလေသည်။

All Chapters