အသက်အန္တရာယ်များရှိလာခြင်း
Vol. 115 Ch. 1721
အရိပ်မဲ့ဧကရာဇ် ပြောသည်မှာ မမှားပေ။ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ဆက်လက်၍ တောင့်ခံနိုင်တော့မည်မဟုတ်။
ဤတိုက်ပွဲသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ထိပ်သီးဧကရာဇ် သုံးပါးနှင့်ရင်ဆိုင်နေရခြင်းနှင့် တူညီလေသည်။
ညဝိညာဥ်သည်ပင် ထိပ်သီးဧကရာဇ်နှစ်ပါးနှင့်သာ တိုက်ခိုက်နိုင်လေသည်။
ယခုအချိန်မှာ သွေးဧကရာဇ် ၊ အရိပ်မဲ့ဧကရာဇ်နှင့် ငရဲစုန်းဧကရာဇ်တို့သည် သူတို့၏ အန္တိမနတ်ဘုရားစွမ်းအားများနှင့် ဝှက်ဖဲများကို ထုတ်ဖော်လိုက်ကြ၏။ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ယခုအချိန်ထိ တောင့်ခံနိုင်နေသေးသည်မှာ သူ၏ တဗူး မျိုးဆက်သွေးနှင့် သူ၏ စွမ်းအားကြီးမားသော ကိုယ်ကာယကြောင့် ဖြစ်လေသည်။
ဘာပဲပြောပြော နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကိုသာ နားလည်ဆင်ခြင်ရသေး၏။
သူက ခွန်အားအရာမှာ အားနည်းနေဆဲ ဖြစ်၏။
ထိုအခိုက်အတန့်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာအနေဖြင့် အဆုံးမဲ့သွေးပင်လယ်မှ တိုက်စားစွမ်းအားကို ခုခံနိုင်ဖို့က အင်မတန်ခက်ခဲလာခဲ့၏။
သူသည် အရိပ်မဲ့ဧကရာဇ် ထုတ်ဖော်လိုက်သော ပုံရိပ်ယောင်ခုတ်ချက်ကို လုံးဝမခုခံနိုင်တော့ပေ။
“အစ်ကိုကြီး”
ညဝိညာဥ်က ရွှေကျီးကန်းမီးဧကရာဇ်နှင့် မျက်လုံးတစ်ထောင်ဧကရာဇ်တို့ကို ဆန့်ကျင်တိုက်ခိုက်နေသော်လည်း သူက ရုတ်ရုတ်သဲသဲအခြေအနေဆီသို့ အာရုံစူးစိုက်ထားလေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ အန္တရာယ်ကျရောက်လာသည်ကို တွေ့မြင်သွားပြီး သူက ပူပန်ကြောင့်ကြလာကာ ရွှေကျီးကန်းမီးဧကရာဇ်နှင့် မျက်လုံးတစ်ထောင်ဧကရာဇ်တို့ထံကနေ ရုန်းထွက်ပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို သွားရောက်ကူညီပေးချင်လေသည်။
သို့သော်လည်း ညဝိညာဥ်က အနည်းငယ်လှုပ်ရှားလိုက်စဥ်မှာပင် ရွှေကျီးကန်းမီးဧကရာဇ်နှင့် မျက်လုံးတစ်ထောင်ဧကရာဇ်တို့က အဲ့ဒါကို သတိထားမိသွား၏။
“ထွက်ပြေးဖို့ကြိုးစားချင်တာလား”
မျက်လုံးတစ်ထောင်ဧကရာဇ်က လှောင်ရယ်လိုက်၏။
“အဲ့လောက်လဲ ဘယ်လွယ်ပါ့မလဲ”
“ကျောက်ရုပ်”
မျက်လုံးတစ်ထောင်ဧကရာဇ်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ အန္တိမနတ်ဘုရားစွမ်းအား ကျောက်ရုပ်မျက်လုံးကို ထုတ်ဖော်လိုက်၏။
သူ၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးက ပွင့်ဟသွားပြီး ညဝိညာဥ်ပေါ်လွှမ်းခြုံလာစေမည့် မီးခိုးရောင်အလင်းတန်းတစ်ခုကို ထုတ်ဖော်လိုက်၏။
“သတ်”
ညဝိညာဥ်သည် သူ၏ ခေါင်းကို လှည့်ပြီး သူ့မျက်လုံးထဲတွင် အနက်ရောင်အလင်းတစ်ခုကို စုစည်းကာ ကျောက်ရုပ်မျက်လုံးကို ခုခံဖို့အတွက်ပြင်ဆင်လိုက်၏။
အဲ့ဒါက တမလွန်မီးရောင်မျက်လုံးဖြစ်၏။
ဆူဇီမိုရရှိထားသော တမလွန်မီးရောင်ကျောက်တုံးထဲမှာ ထိုစက္ခုနည်းစနစ်ပါရှိလေသည်။
သို့သော်လည်း ဂမ္ဘီရဟို့၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသည့် ညဝိညာဥ်အတွက် သူသည် တမလွန်မီးရောင်ကျောက်တုံးကို လုံးဝမလိုအပ်ပေ။ ထိုစက္ခုနည်းစနစ်က သူ၏ မှတ်ဉာဏ်များထဲမှာ ရှိခဲ့ပြီးသားပင်။
“စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာ”
ရုတ်တရက်ဆိုသလို....
ငရဲစုန်းဧကရာဇ်၏ အသံက ထွက်ပေါ်လာ၏။
သူက အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကို အသုံးပြုလိုက်၏။
ဤတစ်ခေါက်မှာ ငရဲစုန်းဧကရာဇ်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို တိုက်ခိုက်ခြင်းမဟုတ်ပေ။ သူ၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်က ညဝိညာဥ်ကို ပစ်မှတ်ထားလေသည်။
ငရဲစုန်းဧကရာဇ်၏ ထာဝရကျိန်စာက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို သတ်ဖြတ်ဖို့ မအောင်မြင်ခဲ့သောအခါ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲတွင် ရတနာတစ်ခုခုရှိနေနိုင်သည်ကို သူက ဝိုးတဝါး ခန့်မှန်းမိလိုက်၏။
အဲ့ဒါကြောင့် ငရဲစုန်းဧကရာဇ်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာအပေါ် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကို ထပ်မံထုတ်ဖော်ဖို့ မကြိုးစားတော့ပေ။
ဤတစ်ခေါက်မှာ ငရဲစုန်းဧကရာဇ်သည် ဆိုင်းမဆင့်ဗုံမဆင့် ညဝိညာဥ်ကို တိုက်ခိုက်လာ၏။
ဒါ့အပြင် အဲ့ဒါက အလွန်တရာအန္တရာယ်များသော အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုဖြစ်၏။
ရုတ်တရက်ဆိုသလို... ညဝိညာဥ်၏ အသိစိတ်ထဲတွင် အစိမ်းရင့်ရောင်မုန်တိုင်းတစ်ခု ပေါ်ထွက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ရှိရာသို့ တိုက်ခတ်လာ၏။
စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာ၏ စွမ်းအားက လူတစ်ယောက်၏ အသိစိတ်ထဲသို့ တိုက်ရိုက်ဆင်းသက်လာလိမ့်မည်ဖြစ်ပြီး အဲ့ဒါကို ခုခံဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။
ညဝိညာဥ်သည် မဆင်မခြင်ပြုမူရဲခြင်းမရှိဘဲ အဲ့ဒါကို ခုခံဖို့အတွက် သူ၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို အလောတကြီးလှည့်ပတ်လိုက်၏။
သူ၏ အသိစိတ်ထဲမှာ ခရမ်းရွှေရောင်အလင်းတန်းတစ်ခုက အစိမ်းရင့်ရောင် မုန်တိုင်းကို ထိုးဖောက်သွား၏။
အမြုတေစိဝိညာဥ်လျှို့ဝှက်အတတ်နှစ်ခုက ထိတွေ့ရိုက်ခတ်သွားလေသည်။
စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာက ပျက်ပြယ်သွား၏။
ညဝိညာဥ်၏ အမူအရာက ပြောင်းလဲသွားပြီး ခပ်သဲ့သဲ့ ညည်းတွားကာ လှုပ်ရှားယိမ်းယိုင်သွား၏။
သူသည် စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာကို ပိတ်ဆို့တားဆီးလိုက်နိုင်သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က ထိခိုက်မှုတချို့ကို ခံစားလိုက်ရဆဲပင်။
သူ၏ တမလွန်မီးရောင်မျက်လုံးသည် အပြည့်အဝဖြစ်ပေါ်မလာခင်မှာပင် ပျက်ပြယ်သွားခဲ့ပြီဖြစ်၏။
တစ်ချိန်တည်းမှာပင် ကျောက်ရုပ်မျက်လုံးက ဆင်းသက်လာ၏။
ဖျောက်... ဖျောက်... ဖျောက်..
ချက်ချင်းပင် ညဝိညာဥ်၏ ခန္ဓာကိုယ်ကို မီးခိုးဖြူရောင်ကျောက်သားတစ်လွှာက ဖုံးအုပ်သွားလေသည်။
သူ၏ အသားသည် ကျောက်သားအဖြစ် ပြောင်းလဲသွားရုံသာမက သူ၏ မျိုးဆက်သွေးကပင် တဖြည်းဖြည်းနှေးကွေးလာပြီး အေးခဲရပ်တန့်တော့မည့်လက္ခာဏာများ ပြသလာ၏။
ညဝိညာဥ်သည် ကျောက်ဖြစ်ခြင်းစွမ်းအားကို ခုခံဖို့အတွက် သူ၏ သွေးချီကို အရူးအမူးလှည့်ပတ်ရင်း သူ၏ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်ကာ သိပ်သည်းပြင်းထန်သော နာကျင်မှုကို တွေ့ကြုံခံစားနေရ၏။
အဲ့ဒါသည် ဘာပဲပြောပြော အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။
ညဝိညာဥ်အနေဖြင့် အဲ့ဒါကို လုံးလုံးလျားလျား ခုခံနိုင်ဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။
“ဂါး...”
ညဝိညာဥ်သည် သူ၏ ခေါင်းကိုမော့ပြီး နက်ရှိုင်းသော နာကျင်ဟိန်းဟောက်သံတစ်ခုကို ထုတ်ဖော်လိုက်၏။
သူ၏ လည်ချောင်းက အလွန်တရာမာကြောတောင့်တင်းလာခဲ့ပြီး သူ၏ ဟိန်းဟောက်သံက အရမ်းကိုခြောက်သွေ့အက်ကွဲနေ၏။
ကျောက်ဖြစ်ခြင်းက မလှုပ်မယှက်ဖြစ်စေရုံမျှသာ မဟုတ်ပေ။
ညဝိညာဥ်၏ အသားက ကျောက်ဖြစ်သွားမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်သည် လုံးဝပျက်စီးသွားမည်ဖြစ်ပြီး သူ၏ အသက်ဓာတ်အားကလည်း ထုံထိုင်းတောင့်တင်းသွားပေလိမ့်မည်။
သူ၏ အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးလွတ်မြောက်သွားမည်ဆိုလျှင်တောင် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် မျိုးဆက်သွေးတစ်စက်တောင် ကျန်ရှိတော့မည် မဟုတ်ပေ။
ညဝိညာဥ်သည် နောက်တစ်ဖန် မာန်ဖီဟိန်းဟောက်လိုက်ပြီး လျှို့ဝှက်အတတ်တချို့ကို လှည့်ပတ်ကာ သူ့ခန္ဓာကိုယ်ထဲကနေ ခရမ်းရွှေရောင်မီးတောက်များကို ပစ်လွင့်ထွက်ပေါ်လာစေ၏။
ခရမ်းရွှေရောင်မီးတောက်များက သူ့ခန္ဓာကိုယ်ထဲရှိ ကျောက်ဖြစ်ခြင်းစွမ်းအားကို စတင်လောင်ကျွမ်းလာခဲ့၏။
ညဝိညာဥ်၏ မျိုးဆက်သွေးက နောက်တစ်ဖန်စတင်၍ လည်ပတ်လာနိုင်ခဲ့လေပြီ။
“ဟမ်...”
ငရဲစုန်းဧကရာဇ်က အာရုံစိုက်ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
“သူက တကယ်ကို ရှိသမျှအကုန်ထုတ်သုံးလာပြီပဲ... အဲ့ဒါက သူ့ရဲ့ဘဝသက်တမ်းကိုလောင်ကျွမ်းစေတဲ့ လျှိုဝှက်အတတ်တစ်ခုပဲ”
ဝုန်း...
နောက်ဆုံးမှာတော့ ညဝိညာဥ်သည် ကျောက်ရုပ်မျက်လုံး၏ ကန့်သတ်ချုပ်နှောင်မှုကနေ လုံးဝလွတ်မြောက်လာခဲ့၏။
သို့သော်လည်းသူက သိသိသာသာ အားနည်းသွားလေသည်။
ထိုလျှို့ဝှက်အတတ်သည် သူ၏ ဘဝသက်တမ်းများစွာကို ကုန်ဆုံးစေခဲ့၏။
ညဝိညာဥ်သည် ကျောက်ရုပ်မျက်လုံးကနေ ရုန်းထွက်လာနိုင်ပြီးနောက် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာရှိရာသို့ ပြေးဝင်သွားလေသည်။
သူသည် အန္တရာယ်ကနေ လုံးလုံးလျားလျား မလွတ်မြောက်သေးသော်လည်း သူက ဆူဇီမိုကို စိုးရိမ်ပူပန်နေဆဲ ဖြစ်၏။
ထိုစဥ်မှာပင် ဧရာမအလျှံညီးညီးနေတစ်စင်းက ဆင်းသက်လာပြီး ညဝိညာဥ်ကို ပြင်းထန်စွာထိခတ်သွား၏။
ညဝိညာဥ်သည် ကျောက်ရုပ်မျက်လုံးထဲမှာ ချုပ်နှောင်ခံလိုက်ရသည့်ခဏမှာပင် ရွှေကျီးကန်းမီးဧကရာဇ်က တိုက်ခိုက်ခဲ့ပြီးပြီဖြစ်၏။
အဲ့ဒါသည် အန္တိမနတ်ဘုရားစွမ်းအား ရွှေကျီးကန်းမီးလျှံဖြစ်လေသည်။
ထိုအန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီးနောက် ရွှေကျီးကန်းမီးဧကရာဇ်သည် ချစ်ချစ်တောက်အပူစွမ်းအားကို ဖြာထုတ်နေသည့် ဧရာနေတစ်စင်းအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး သူ၏လမ်းမှာရှိသော အရာရာတိုင်းကို လောင်ကျွမ်းပစ်ပေမည်။
ဘန်း...
ညဝိညာဥ်သည် ကျောက်ရုပ်မျက်လုံး၏ ကန်သတ်ချုပ်နှောင်းမှုကနေ လွတ်မြောက်ဖို့အတွက် သူ၏ ဘဝသက်တမ်းကို လောင်ကျွမ်းစေခဲ့ရပြီး အလျှံညီးညီး နေတစ်စင်းဆင်းသက်လာသောအခါ သူက အဲ့ဒါကိုမခုခံနိုင်ဘဲ လွင့်စင်ထွက်သွား၏။
သူကမြေပြင်နှင့် မထိတွေ့ခင်မှာပင် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကြေးခွံများက ဆက်တိုက်ကွာကျလာ၏။
ညဝိညာဥ်၏ မျက်လုံး မှေးမှိန်သွားပြီး ပါးစပ်အပြည့်သွေးများကို ထွေးထုတ်လိုက်ရ၏။ သူ၏ ကြေးခွံများ၏ ကာကွယ်မှုမရှိဘဲ သူ၏ ခန္ဓာကိုယ်က လောင်ကျွမ်းခံရ၍ အက်ကွဲလာခဲ့၏။
သွေးများက စီးထွက်လာသည့်ခဏမှာပင် ၎င်းက ရွှေကျီးကန်းမီးလျှံ၏ စွမ်းအားဖြင့် လောင်ကျွမ်းပြာကျသွား၏။
ညဝိညာဥ်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို မကူညီနိုင်ခင်မှာပင် သူက ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး သူ၏အသက်ကို ဆုံးရှုံးရမည့်အန္တရာယ်နှင့် ရင်ဆိုင်လာရ၏။
“ညဝိညာဥ်”
ထိုသည်ကို တွေ့မြင်သောအခါ အခြားတစ်ဘက်မှာ ဆူဇီမိုက စိုးရိမ်ကြောင့်ကြလာခဲ့၏။
သို့သော်လည်း ခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့် ထာဝရအသက်ဓာတ်နှင့်ပင်လျှင် သူသည် ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ် ၉ပါးကို မနည်းပင် အနိုင်နိုင်ခုခံနေရ၏။ သူသည် ဧကရာဇ်များ၏ ဟန့်တားနှောက်ယှက်မှုကနေ ရုန်းမထွက်နိုင်ပေ။
ဆူဇီမိုက စိတ်အာရုံပျက်ယွင်းသွားသည့်ခဏမှာပင် ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ် ၉ပါးသည် အခွင့်အလမ်းကို ချိန်ဆပြီး သူတို့၏ အန္တိမနတ်ဘုရားစွမ်းအားများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်ကာ သိပ်သည်းပြင်းထန်သောနတ်ဘုရားစွမ်းအားများကို တဖွဲ့ဖွဲ့ကျဆင်းလာစေ၏။
ဆူဇီမို၏ အမူအရာက သုန်မှုန်လာခဲ့၏။
ဤကဲ့သို့ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုအောက်မှာ သူသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် ညဝိညာဥ်ကို ကူညီဖို့နေနေသာ သူပင်လျှင် ရှင်သန်နိုင်ပါ့မလား မသေချာတော့ပေ။
“အား...”
ဆူဇီမိုသည် သူ၏ ခေါင်းကိုမော့၍ မာန်ဖီဟိန်းဟောက်လိုက်ပြီး သူ၏ သွေးချီကို အကန်အသတ်ထိ လှည့်ပတ်လိုက်၏။
သူ၏ နောက်ဘက်တွင် ဖန်တီးခြင်းကြာပဒုမ္မာတစ်ခုက စုဖွဲ့လာပြီး ပြိုးပြိုးပြက်ပြက် အရောင်အဝါများကို ထုတ်ဖော်ကာ တောင်တန်းများနှင့် မြစ်များကို လင်းထိန်သွားစေ၏။
ဇီ... ဇီ... ဇီ...
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီများက ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ ဆက်တိုက်ထွက်ပေါ်လာ၏။
ဓားချီတစ်သိန်းရှစ်ထောင်က ဖြူဖွေး၍ ကျိန်းစပ်နေ၏။
ဆူဇီမိုသည် သူ၏ ခေါင်းသုံးလုံး လက်ခြောက်ဖက်ကို လှည့်ပတ်ပြီး မန္တန်တစ်ခုကို အဆက်မပြတ် ရွတ်ဆိုလိုက်၏။ သူသည် ဓမ္မရတနာခြောက်ခုကို လွှဲယမ်းပြီး အန္တိမနတ်ဘုရားစွမ်းအားများကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
အန္တိမနတ်ဘုရားစွမ်းအား ၉ခုက ဆင်းသက်လာပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ တစ်သိန်းရှစ်ထောင်နှင့် ထိတွေ့ရိုက်ခတ်သွား၏။
သို့သော်လည်း ကောင်းကင်သတ်ဖြတ်ခြင်းဓားချီများသည် အန္တိမနတ်ဘုရားစွမ်းအား ၉ခု၏ စွမ်းအားဖြင့် တိတ်တဆိတ်ဝါးမျိုခံလိုက်ရ၏။
ကွာဟချက်က အရမ်းကိုကြီးမားနေ၏။
ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်သည် တကယ်ပင်စွမ်းအားကြီးမားသော်လည်း ဆူဇီမိုသည် ၎င်းကို အဆင့်မြင့်နတ်ဘုရားစွမ်းအား အဆင့်ထိသာ ကျင့်ကြံရသေးလေသည်။
သူတို့က အန္တိမနတ်ဘုရားစွမ်းအား ၉ခု နှင့်ရင်ဆိုင်နေရခြင်းဖြစ်၏။
ဘုန်း...
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ တစ်သိန်းရှစ်ထောင် ဝါးမျိုခံရပြီးနောက် အန္တိမနတ်ဘုရားစွမ်းအား ၉ခုသည် ဖန်တီးခြင်းကြာပဒုမ္မာ မျိုးဆက်သွေးနယ်မြေနှင့် ထိတွေ့ရိုက်ခတ်ကာ ကျယ်လောင်သောမြည်သံထွက်ပေါ်လာ၏။
လေဟာနယ်က တုန်ခါ၍ ရာသီဥတုက ပြောင်းလဲသွား၏။
ခဏမျှလွန်ဆွဲပြီးနောက် ဖန်တီးခြင်းကြာပဒုမ္မာသည် တစ်လက်မချင်းစီ ကြေမွကာ ပျက်ပြယ်သွားလေသည်။