← Chapters

လဲပြိုကျဆင်းလာသောအခြေအနေ

Vol. 115 Ch. 1722

လဲပြိုကျဆင်းလာသောအခြေအနေ

Vol. 115 Ch. 1722

အန္တိမနတ်ဘုရားစွမ်းအား ၉ခု၏ စွမ်းအားသည် မျိုးဆက်သွေးနယ်မြေ ဖန်တီးခြင်းကြာပဒုမ္မာနှင့် ထိတွေ့ရိုက်ခတ်ပြီးနောက် သိသိသာသာ လျော့ကျသွားသော်လည်း သူတို့က ပုံပန်းသွင်ပြင်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ရှေ့သို့ဆက်လက်ကျဆင်းလာ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကလည်း အလွန်တရာ အန္တရာယ်များသောအခြေအနေမှာ ရှိလာခဲ့လေပြီ။

သူ့မှာ အန္တိမနတ်ဘုရားစွမ်းအား ၉ခုကို ထိပ်တိုက်ရင်ဆိုင်မည့် နည်းလမ်းတစ်စုံတစ်ရာ မရှိတော့ပေ။

ဆူဇီမိုသည် သူ၏ လက်ခြောက်ဖက်ကို ဝေ့ယမ်းပြီး သူ၏ သွေးချီကို အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။

ဓမ္မရတနာခြောက်ခုက သူ၏ လက်ဖဝါးထဲမှာ ဝင်းလက်တောက်ပလာခဲ့၏။

ဘုန်း... ဘုန်း.... ဘုန်း...

ကျယ်လောင်သောမြည်သံများက လောကကို လှုပ်ခါသွားစေ၏။

ဆူဇီမို၏ ခန္ဓာကိုယ်မှ သွေးမြူတစ်ခု ပစ်လွင့်ထွက်ပေါ်လာလေသည်။

သူ၏ လက်ဖဝါးထဲမှာ ဆေဘာဓမ္မရတနာသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြင့် ကျိုးပဲ့ပျက်စီးသွား၏။

သိပ်သည်းပြင်းထန်သော စွမ်းအားက သူ၏ လက်ကို သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားစေ၏။

ထို့နောက်ချက်ချင်းပင် သူ၏ အခြားသောလက်များကလည်း ပေါက်ကွဲထွက်ကုန်လေသည်။

ဖောင်း... ဖောင်း... ဖောင်း...

လတ်ဆတ်သောသွေးများက ပန်းထွက်လာခဲ့၏။

တစ်ခဏချင်းမှာပင် ဆူဇီမို၏ ဦးခေါင်းနှစ်လုံးနှင့် လက်လေးဖက်သည် အုပ်မိုးကျဆင်းလာသည့် အန္တိမနတ်ဘုရားစွမ်းအားများဖြင့် ဆုတ်ဖြဲခြင်းခံလိုက်ရ၏။

ဓမ္မရတနာလေးခုပင်လျှင် ချို့ယွင်းပျက်စီးသွားလေသည်။

ယခုအချိန်တွင် ဆူဇီမိုမှာ လူသားဧကရာဇ်ချိပ်စည်းနှင့် ဖန်တီးခြင်းကြာခုံသာလျှင် ကျန်ရစ်တော့လေသည်။

သူ၏ ခေါင်းသုံးလုံး လက်ခြောက်ဖက်ကလည်း အန္တိမနတ်ဘုရားစွမ်းအား ၉ခု ဖြင့် ပျက်စီးသွားခဲ့ပြီဖြစ်၏။

အန္တိမနတ်ဘုရားစွမ်းအား ၉ခုကြားမှာ သုံးခုကျန်ရှိသေးလေသည်။

ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ ဝတ်ရုံကြားကနေ ရှည်လျားသော စာလိပ်တစ်ခုကို ဆွဲထုတ်ကာ ၎င်းကိုဖြန့်ထုတ်ပြီး သွေးရောင်ဖြင့် ပြည့်လျှမ်းနေသည့် စကားလုံးများကို ထွက်ပေါ်လာစေ၏။

လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်း...။

လူသားဧကရာဇ် ဓမ္မအမိန့်ပြန်တမ်း၏ စွမ်းအားက ကုန်ခန်းလုနီးပါးဖြစ်နေလေပြီ။

သို့သော်လည်း ဤဓမ္မအမိန့်ပြန်တမ်းသည် လူသားဧကရာဇ်ကိုယ်တိုင် လူသားဧကရာဇ် စုတ်တံကိုသုံးပြီး ဧကရာဇ်များ၏ သွေးဖြင့် ရေးထိုးထားခဲ့သော စာလိပ်ဖြစ်ပြီး အင်အားကြီးမားသော စွမ်းပကားတချို့ကို ပိုင်ဆိုင်ထားဆဲ ဖြစ်၏။

ဆူဇီမိုသည် လူသားဧကရာဇ်ဓမ္မအမိန့်ပြန်တမ်းကို ဖြန့်ပြီး သူ့အပေါ်ကို အုပ်မိုးလိုက်၏။

သူထိုသို့ပြုလုပ်လိုက်သည့်ခဏမှာပင် ကျန်ရှိနေသော အန္တိမနတ်ဘုရားစွမ်းအား သုံးခုက ဆင်းသက်လာခဲ့လေပြီ။

ဘုန်း...

လေဟာနယ်က ရပ်တန့်သွားသည်ဟု ထင်ရလေသည်။

ချက်ချင်းပင် လေထဲကနေ အက်ကွဲသံခပ်ယဲ့ယဲ့ကို ကြားလိုက်ရ၏။

လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာ၏။

အဲ့ဒီနောက် လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းသည် နှင်းပွင့်နှင်းချပ်များကဲ့သို့ အပိုင်းပိုင်းကြေမွပျက်စီးသွား၏။

ဆူဇီမိုအတွက် လူသားဧကရာဇ်ချန်ထားခဲ့သည့် တစ်ခုတည်းသောပစ္စည်းမှာ ဤတိုက်ပွဲတွင် ကမ္ဘာဦးမျိုးနွယ် ဧကရာဇ် ၉ပါး၏ လက်ချက်ဖြင့် ကြေမွပျက်စီးသွားခဲ့ပြီဖြစ်၏။

လူသားဧကရာဇ်ဓမ္မအမိန့်ပြန်တမ်း၏ ကာကွယ်မှုနှင့်ပင်လျှင် ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ကြီးမားသောရိုက်ချက်တစ်ခုကို တွေ့ကြုံခံစားလိုက်ရ၏။

ဆူဇီမိုသည် ဥက္ကာခဲတစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာပစ်ကျသွားပြီး ကြီးမားသော တွင်းချိုင့်တစ်ခုကိုဖြစ်ပေါ်လာစေ၏။

ဆူဇီမိုသည် တွင်းချိုင့်ထဲကနေ ရုန်းကန်၍ ​ကျုံးထလာ၏။ သူ၏ အရွတ်များအရိုးများက ကွဲထွက်ကုန်ပြီဟု ခံစားရကာ နာကျင်မှုက မခံမရပ်နိုင်အောင်ပင်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဒဏ်ရာအပြင်းအထန် ရရှိသွားလေပြီ။

ထိုအခိုက်အတန့်မှာ သူသည် ထာဝရအသက်ဓာတ်ကို လှည့်ပတ်နိုင်နေသေး၏။ သို့သော်လည်း ထာဝရအသက်ဓာတ်ကနေ ထွက်ပေါ်လာသည့် စွမ်းအားသည် ယခင်ကကဲ့သို့ သန်မာအားကောင်းခြင်းမရှိတော့ဘဲ ၎င်း၏ သက်ရောက်မှုကလည်း ကြီးမားစွာလျော့ကျသွားခဲ့ပြီဖြစ်၏။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ပြန်လည်ကုသခြင်းအမြန်နှုန်းကလည်း များစွာနှေးကွေးသွားခဲ့လေပြီ။

ဆူဇီမိုမှာ အချိန်နှစ်နာရီရမည်ဆိုလျှင် သူက သူ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိလာနိုင်၏။

သို့သော်လည်း ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်၉ပါးက သူ့ထံသို့ နောက်တစ်ဖန် ချဥ်းကပ်လာကြပြီဖြစ်၏။

ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များသည် သူ့ကိုအသက်ရှုခွင့်ပင် မပေးလိုကြပေ။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သည်းထန်စွာမောဟိုက်နေ၏။

အသက်တစ်ချက်ရှုထုတ်လိုက်တိုင်း ပြင်းထန်သော သွေးရနံ့က ထွက်ပေါ်လာ၏။

သူ့မှာ မည်သည့်ဝှက်ဖဲမှ ဆက်လက်၍ မရှိတော့ပေ။

သူသည် ကမ္ဘာဦးမျိုးနွယ်များမှ ဧကရာဇ် ၉ပါး၏ တိုက်ခိုက်မှုများကို သူ၏ ပျက်စီးထိခိုက်ထားသော အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ၊ လူသားဧကရာဇ်ချိပ်စည်းနှင့် ဖန်တီးခြင်းကြာခုံတို့ကိုသာသုံးပြီး ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

တကယ်တော့... ယခုအချိန်မှာ သူထုတ်ဖော်နိုင်သော လျှို့ဝှက်အတတ်တစ်ခုသာရှိပြီး အဲ့ဒါက စတုရတီတာအိုမီးဖြစ်၏။

သို့သော်လည်း စတုရတီတာအိုမီး၏ စွမ်းအားကို အလွန်ဆုံး အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုအဖြစ်သာ သတ်မှတ်နိုင်မည်ဖြစ်၏။

အဲ့ဒါကို ထုတ်ဖော်လိုက်မည်ဆိုလျှင်တောင် ၎င်းက အကျိုးသက်ရောက်မှု တစ်စုံတစ်ရာရှိလာလိမ့်မည် မဟုတ်ပေ။

ဆူဇီမို၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုတစ်စွန်းတစ်စက ထင်ဟပ်လာ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဆိုးဆိုးဝါးဝါး အ​ခြေအနေတစ်ခုသို့ ကျဆင်းသွားခဲ့လေပြီ။

သို့သော်လည်း သူသည် သိုင်းတာအိုပင်မခန္ဓာထံမှ မည်သည့်အရာကိုမှ အာရုံမခံနိုင်သေးပေ။

ဘုန်း...

ထိုစဥ်မှာပင် နောက်ထပ်ကျယ်လောင်သော မြည်သံတစ်သံက မလှမ်းမကမ်းကနေ ထွက်ပေါ်လာ၏။

အဲ့ဒါသည် အရိပ်မဲ့ဧကရာဇ် ထုတ်ဖော်လိုက်သော အန္တိမနတ်ဘုရားစွမ်းအား ပုံရိပ်ယောင်ခုတ်ချက်ဖြစ်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာအတွက်တော့ ပုံရိပ်ယောင်များစွာကြားမှာ အရိပ်မဲ့ဧကရာဇ်၏ အစစ်အမှန်ခန္ဓာကို ခွဲခြားဖော်ထုတ်ဖို့ မခက်ခဲပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ လမ်းဆုံးသို့ ရောက်ရှိနေပြီ​ဖြစ်သော်လည်း သူ၏ အာရုံခံသတိစိတ်က ကျန်ရှိနေဆဲ ဖြစ်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အရိပ်မဲ့ဧကရာဇ်၏ အစစ်အမှန်ခန္ဓာကို အလိုလိုကြည့်လိုက်လေသည်။

သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အဆုံးမဲ့သွေးပင်လယ်ထဲမှာ ကျဆင်းနေပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ နဂါးဖီးနစ်မီးတောက်များက ငြိမ်းသေလုနီးပါးဖြစ်နေလေပြီ။ သူ၏ သွေးချီက အားနည်း၍ သူသည် ထိုအန္တိမနတ်ဘုရားစွမ်းအားကို လုံးဝမခုခံနိုင်တော့ပေ။

ပုံရိပ်ယောင်ခုတ်ချက်သည် အေးစက်နေသော အလင်းတန်းတစ်ခုကိုစုဖွဲ့ပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ နှာရောင်ဆီသို့ ခုတ်ပိုင်းကျဆင်းလာ၏။

ရုတ်တရက်ဆိုသလို...

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ နှာရောင်ထဲကနေ လက်မအရွယ် သေးငယ်သော မီးဖိုတစ်လုံးက ပျံသန်းထွက်ပေါ်လာပြီး လျင်​မြန်စွာ ပြန့်ကားသွား၏။

တစ်ခဏချင်းမှာပင် ခြေထောက်လေးချောင်းနှင့်အတူ ငါးပေမြင့်သော စတုရန်းကြေးမီးဖိုတစ်လုံးက ပေါ်ထွက်လာ၏။ ၎င်းမှာ ရှေးကျသော အော်ရာနှင့် တိကျသေသပ်သော အနားစောင်းများရှိလေသည်။

စတုရန်းကြေးမီးဖိုက ယိုယွင်းပျက်စီးနေသည့်ပုံပေါ်လေသည်။ ၎င်းသည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး ၎င်း၏ ဘေးပတ်လည်မှာ မည်သည့်ဓမ္မစွမ်းအား သို့မဟုတ် နတ်ဘုရားစွမ်းအားမှ မရှိပေ။

စတုရန်းကြေးမီးဖိုကို နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မူပိုင်ဓမ္မလက်နက်အဖြစ် သတ်မှတ်နိုင်သော်လည်း တကယ်တမ်းမှာတော့ သူသည် အဲ့ဒါကိုအောင်မြင်စွာ သန့်စင်မွန်းမံနိုင်ခဲ့ခြင်း မရှိပေ။

အဲ့ဒါကြောင့် ဤနှစ်များအတွင်း တိုက်ပွဲများမှာပင်လျှင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် စတုရန်းကြေးမီးဖိုကို အသုံးပြုခဲလေသည်။

သူက အဲ့ဒါကို ဆင့်ခေါ်ထုတ်လိုက်မည်ဆိုလျှင်တောင် သူသည် ဓမ္မပညာရပ် သို့မဟုတ် ဓမ္မစွမ်းအားတစ်ခုခုကို ထုတ်ဖော်ဖို့အတွက် စတုရန်းကြေးမီးဖိုကို အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။ အလွန်ဆုံး သူက အဲ့ဒါနှင့် အခြားသူများကို ပစ်ပေါက်ရုံသာတတ်နိုင်လေသည်။

ဓမ္မစွမ်းအားများနှင့်ဖြစ်စေ... နတ်ဘုရားစွမ်းအားများနှင့်ဖြစ်စေ စတုရန်းကြေးမီးဖိုကို သန့်စင်မွန်းမံဖို့က အရမ်းကိုခက်ခဲခဲ့လေသည်။

ဤနှစ်များအတွင်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် စတုရန်းကြေးမီးဖိုကို ကြိုးစားပြင်ဆင်ဖို့အတွက် များပြားလှစွာသော ရတနာများကိုရှာဖွေခဲ့၏။

သို့သော်လည်း သူတို့အားလုံးက နောက်ဆုံးမှာ မအောင်မြင်ခဲ့ပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ.. သူသည် စတုရန်းကြေးမီးဖိုကို သန့်စင်မွန်းမံနိုင်ခြင်း မရှိပေ။

သူသည် အဲ့ဒါကို အရည်ဖျော်ပြီး ပြန်လည် ပြုပြင်နိုင်မည့်နည်းလမ်းကိုလည်း ရှာမတွေ့ပေ။

စတုရန်းကြေးမီးဖို၏ မူလဇာစ်မြစ်က လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုဖြစ်နေ၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ နှစ်ပေါင်းသိန်းချီ ရှင်သန်နေထိုင်လာခဲ့သော ချန်နဂါးဧကရာဇ်ပင်လျှင် ထိုမီးဖို၏ နောက်ခံကို မပြောနိုင်ပေ။

သူက အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် စတုရန်းကြေးမီးဖိုကို ဆင့်ခေါ်ပြီး ပုံရိပ်ယောင်ခုတ်ချက်ကို ခုခံဖို့သာ ကြိုးစားကြည့်နိုင်တော့လေသည်။

“ဟီးဟီး... အထီးကျန်သိုင်းသခင် မင်းက ကြံမိကြံရာလုပ်ရတဲ့ အခြေအနေထိ ရောက်သွားပြီပဲ”

အရိပ်မဲ့ဧကရာဇ်က လှောင်ရယ်လိုက်၏။

အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော စတုရန်းကြေးမီးဖိုကို မပြောနှင့် တကယ့်ကိုစွမ်းအားကြီးမားသော ဓမ္မရတနာတစ်ခုပင်လျှင် အန္တိမနတ်ဘုရားစွမ်းအားတစ်ခု၏ စွမ်းအားကို လုံးလုံးလျားလျား ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

“မင်းက... ဒီလိုမျိုးသတ္တုပျက်တစ်ခုကို ဘယ်လိုတောင် ထုတ်ဖော်ရဲတာလဲ... အဲ့ဒါကို ငါ လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ ဖျက်ဆီးပြမယ် ကြည့်နေလိုက်”

အရိပ်မဲ့ဧကရာဇ်က အော်ငေါက်လိုက်ပြီး ပုံရိပ်ယောင်ခုတ်ချက်က စတုရန်းကြေးမီးဖိုပေါ် ပြင်းထန်စွာ ကျဆင်းသွား၏။

ချွမ်း...

သတ္တုချင်းထိခတ်သံက အလွန်တရာ စူးရှစွာဖြင့် ထွက်ပေါ်လာ၏။

ဘေးပတ်လည်ရှိ ငရဲစုန်းဧကရာဇ် ၊ သွေးဧကရာဇ်နှင့် အရိပ်မဲ့ဧကရာဇ်ပင်လျှင် မျက်မှောင်ကြုတ်၍ ပင့်သက်ကိုရှိုက်လိုက်ရ၏။

အရိပ်မဲ့ဧကရာဇ်က ဆတ်ခနဲတုန်ယင်သွားပြီး ပြောင်းလဲသွားသောအမူအရာနှင့်အတူ လေထဲမှာ​ ခြေတစ်လှမ်းဆုတ်လိုက်ရ၏။

သူ၏ အန္တိမနတ်ဘုရားစွမ်းအားက အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော စတုရန်းကြေးမီးဖိုကို ထိမိသောအခါ သတ်ဖြတ်ခြင်းစွမ်းအားတစ်စုံတစ်ရာက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ်သို့ ဆင်းသက်လာခြင်းမရှိဘဲ ၎င်းက လုံးဝကို ပျက်ပြယ်သွားလေသည်။

တကယ်တော.. စတုရန်းကြေးမီးဖိုကလည်း လွင့်စင်ထွက်သွားပြီး သွေးပင်လယ်ထဲသို့ တိတ်တဆိတ်ကျဆင်းသွား၏။

သွေးပင်လယ်က တလိပ်လိပ်ထိုးတက်လာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ဆွဲယူနှစ်မြှုပ်ကာ နဂါးဖီးနစ်မီးတောက်များကပင်လျှင် ငြိမ်းသေသွားလေသည်။

သို့သော်လည်း စတုရန်းကြေးမီးဖို၏ ဘေးပတ်လည်မှာ မည်သည့်သွေးမှ မရှိပေ။ သွေးပင်လယ်က မီးဖို၏ ဘေးပတ်လည်သို့ တလိပ်လိပ်ထိုးတက်လာသော်လည်း ၎င်းသည် အလိုအလျောက် ပြန့်ကျဲကာ လေဟာနယ်တစ်ခုဖြစ်ပေါ်လာ၏။

“အဲ့ဒါက ရတနာတစ်ခုပဲ”

တစ်ချိန်တည်းနီးပါးမှာပင် ငရဲစုန်းဧကရာဇ် ၊ သွေးဧကရာဇ်နှင့် အရိပ်မဲ့ဧကရာဇ်တို့၏ မျက်လုံးများက ဝင်းလက်သွား၏။

“တဗူးနဂါးဖီးနစ်ကို အရင်ဆုံး သတ်လိုက်ကြရအောင်”

ငရဲစုန်းဧကရာဇ်က သတိပေးပြောဆိုလိုက်၏။

သွေးဧကရာဇ်နှင့် အရိပ်မဲ့ဧကရာဇ်တို့သည် ဘာကပိုအရေးကြီးသည်ကို နားလည်သဘောပေါက်ထားပြီး သူတို့ကိုယ်သူတို့ ဣန္ဒြေဆည်ကာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထံသို့ နောက်တစ်ဖန် ပြေးဝင်သွားကြ၏။

တစ်ခဏချင်းမှာပင် ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုနှင့် ညဝိညာဥ်သည် မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေတစ်ခုသို့ ကျဆင်းသွား၏။

အဲ့ဒါက လဲပြိုကျဆင်းရတော့မည့် အခြေအနေတစ်ခုဖြစ်လေသည်။

All Chapters