သွေးဆူပွက်လှံ
Vol. 115 Ch. 1725
မလှမ်းမကမ်းလေထဲတွင် စွမ်းအင်အတက်အကျတစ်ခုက လေဟာနယ်ထဲမှာ ဖြစ်ပေါ်လာ၏။
အရိပ်မဲ့ဧကရာဇ်သည် သူ၏ ပျက်စီးထိခိုက်ထားသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲပြီး နဂါးဖီးနစ် လက်သည်းချက်ကနေ တည်နေရာခုန်ကူးကာ လွတ်မြောက်လာခဲ့၏။
သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် သွေးကနေပြန်လည်မွေးဖွားခြင်းကို အလောတကြီးလှည့်ပတ်လိုက်၏။
ထိုသို့ဆိုလျှင်တောင် သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီဖြစ်၏။
တဗူးနဂါးဖီးနစ်သည် အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ပြီးနောက် ဤမျှအထိကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့လေသည်။
သူသည် အန္တိမနတ်ဘုရားစွမ်းအား လေးခုကို နားလည်ဆင်ခြင်ထားပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက အထွတ်အထိပ်မှာရှိနေသော်လည်း အန္တိမနတ်ဘုရားစွမ်းအားတစ်ခုသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထံမှ သတ်ဖြတ်ခြင်းစွမ်းအားကို ခုခံဖို့အတွက် ဆက်လက်၍ မလုံလောက်တော့ပေ။
ဧကရာဇ်များက ထိုသည်ကို တွေ့မြင်သောအခါ တုန်လှုပ်သွားကြ၏။
သွေးဧကရာဇ်က သေဆုံးသွားပြီး အရိပ်မဲ့ဧကရာဇ်က သေဘေးကနေ ထွက်ပြေးလွတ်မြောက်လာခဲ့၏။ နဂါးဖီးနစ်ကတော့ သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားတိုးလာခဲ့ပြီး သူ၏ အော်ရာကလည်း သိပ်သည်းပြင်းထန်လာခဲ့၏။
အခြေအနေက ချက်ချင်းပင် ပြောင်းလဲလာခဲ့၏။
သွေးဧကရာဇ်က ထိပ်သီးဧကရာဇ်တစ်ပါးဖြစ်လေသည်။
သွေးဧကရာဇ်၏ သေဆုံးမှုသည် ကမ္ဘာဦးမျိုးနွယ် ၆စုအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်လေသည်။
အဲ့ဒါသည် အခြားသောဧကရာဇ်များကြား အခြေအနေပေါ်ကိုလည်း သက်ရောက်မှုရှိလာပေလိမ့်မည်။
လူသားမျိုးနွယ်ဧကရာဇ်များ၏ ဘက်တွင် ပုံပြောသူ ၊ လုံရန်နှင့် အခြားသူများက စိတ်အားမာန်တက်ကြွလာကြ၏။
အဆူရာယန်ပေးချန်၏ အကူညီနှင့်အတူ သူတို့မှာ ဧကရာဇ်များစွာမရှိသော်လည်း အခြေအနေက တည်ငြိမ်လာပြီး တန်ပြန်တိုက်ခိုက်ဖို့ပင် အခွင့်အရေးတစ်ရပ်ပင် ရရှိလာ၏။
အခြားတစ်ဘက်မှာ ရွှေကျီးကန်းမီးဧကရာဇ်နှင့် မျက်လုံးတစ်ထောင်ဧကရာဇ်တို့သည် အစက ညဝိညာဥ်ကို တိုက်ခိုက်ဖို့အတွက် အတူပူးပေါင်းထားကြ၏။
သို့သော်လည်း ယခု... သွေးဧကရာဇ်က သေဆုံးသွားပြီး တဗူးနဂါးဖီးနစ်က ဒုတိယမြောက် အန္တိမနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ကာ သွေးဧကရာဇ်နှင့် အရိပ်မဲ့ဧကရာဇ်တို့သည် တဗူးနဂါးဖီးနစ်၏ တိုက်ခိုက်မှုများကို ကိုယ်တွယ်ဖို့အတွက် မလုံလောက်တော့ပေ။
“ငါ သူတို့ကို သွားကူပေးလိုက်မယ်... ဒီဂမ္ဘီရဟို့ကိုတော့ မင်းကိုလွှဲပေးထားခဲ့မယ်”
မျက်လုံးတစ်ထောင်ဧကရာဇ်က ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။
တဗူးဂမ္ဘီရဟို့သည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ရွှေကျီးကန်းမီးဧကရာဇ်က သူ့ကိုကိုင်တွယ်ဖို့အတွက် လုံလောက်ပေလိမ့်မည်။
ထိုသို့ဖြင့် သူသည် တဗူးနဂါးဖီးနစ်နှင့် ဆန့်ကျင်တိုက်ခိုက်ရန် အရိပ်မဲ့ဧကရာဇ်နှင့် ငရဲစုန်းဧကရာဇ်တို့နှင့်အတူ ပူးပေါင်းနိုင်မည်ဖြစ်၏။
“မပူနဲ့.. ဒီတောကောင်ကို ငါကြည့်ရှင်းလိုက်မယ်”
ရွှေကျီးကန်းမီးဧကရာဇ်က အေးစက်စွာပြောလိုက်၏။
ဖျတ်ခနဲဆို မျက်လုံးတစ်ထောင်ဧကရာဇ်သည် အခြားတစ်ဘက်သို့ ရောက်ရှိသွားပြီး အရိပ်မဲ့ဧကရာဇ် ၊ ငရဲစုန်းဧကရာဇ်တို့နှင့် ပူးပေါင်းပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ဝိုင်းပတ်လိုက်လေသည်။
“ကမ္ဘာဖျက်မျက်လုံး”
မျက်လုံးတစ်ထောင်ဧကရာဇ်၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးက ပွင့်ဟသွားပြီး အဲ့ဒါက နက်မှောင်၍ မရဏအော်ရာတစ်ခုဖြင့် ကြည့်နှက်နေ၏။
တစ်ချိန်တည်းမှာပင် မျက်လုံးတစ်ထောင်ဧကရာဇ်၏ မျက်လုံးနှစ်ဖက်က လုံးဝကိုနက်မှောင်သွား၏။
နက်မှောင်နေသော ထိုမျက်လုံးသုံးလုံးထဲမှာ ကောင်းကင်ဘုံမျက်လုံးက ဗဟိုချက်ဖြစ်ပြီး အခြားမျက်လုံးနှစ်လုံးက အထောက်အပံ့ဖြစ်လေသည်။ သူတို့သည် လေထဲမှာ ကြီးမားသော အနက်ရောင်တွင်းပေါက်သုံးခုကို ဖြစ်ပေါ်လာစေ၏။
အနက်ရောင်တွင်းပေါက်သုံးခုသည် အလွန်တရာကြောက်စရာကောင်းသော အော်ရာတစ်ခုဖြာထုတ်ပေးနေသည့် အနက်ရောင်နေသုံးစင်းကဲ့သို့ဖြစ်ပြီး အရာရာတိုင်းကို ဖျက်ဆီးပစ်ချင်နေသည့်အလားပင်။
ကမ္ဘာဖျက်မျက်လုံးသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ မျိုးဆက်သွေးဖြင့်သာ ကျင့်ကြံနိုင်သော အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။
မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာတုန်းက မဟူရာမျက်လုံးဧကရာဇ်သည် ဤအန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီး ထာဝရလူသားဧကရာဇ်နှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့၏။
သို့သော်လည်း ၎င်းသည် အန္တိမနတ်ဘုရားစွမ်းအား ပါရမီတံတားဖြင့် ခြေမွှဖျက်ဆီးခြင်းခံရပြီး သူသည်လည်း ထာဝရလူသားဧကရာဇ်၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရ၏။
နက်မှောင်နေသော အလင်းတန်းသုံးခုက အနက်ရောင်တွင်းပေါက်သုံးခုထံကနေ ပစ်လွင့်ထွက်ပေါ်လာပြီး လေထဲရှိ နေရာတစ်ခုထဲမှာ စုဆုံကာ ပို၍ပင်ကြောက်စရာကောင်းသော ပိန်းပိတ်အောင်နက်မှောင်နေသည့် အလင်းတန်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
အလင်းတန်းကနေ ထုတ်ဖော်လိုက်သောစွမ်းအားသည် အရာရာတိုင်းကို ဖျက်ဆီးပစ်ချင်နေသည်ဟုထင်ရ၏။
နက်မှောင်နေသော အလင်းတန်း၏ စွမ်းအားတွင် နတ်ဘုရားစွမ်းအားများ ၊ ဓမ္မပညာရပ်များနှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ သွေးချီကပါ အားလုံးနီးပါးပါဝင်နေ၏။ အဲ့ဒါက အလွန်တရာကြောက်စရာကောင်းလေသည်။
အဲ့ဒါကို ကမ္ဘာဖျက်မျက်လုံးဟု ခေါ်ဆိုရသည့်အကြောင်းရင်းမှာ အဲ့ဒီမှာ အမြုတေစိတ်ဝိညာဥ် တိုက်ခိုက်မှုများပါ ရောယှက်ပါဝင်နေသောကြောင့်ဖြစ်၏။
အဲ့ဒါက ရိုးရှင်းသောစက္ခုနည်းစနစ်တစ်ခု သေချာပေါက်မဟုတ်တော့ပေ။
တစ်ချိန်တည်းမှာပင် အလွန်တရာ စွမ်းအားကြီးမားသော အော်ရာတစ်ခုက အရိပ်မဲ့ဧကရာဇ်၏ ခန္ဓာကိုယ်ကနေ ဖြာထွက်လာ၏။
တကယ်ဆို... အရိပ်မဲ့ဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှာ ရေဆူပွက်သံကဲ့သို့ ထူးဆန်းသော အသံတစ်ခုကိုပင် ကြားလာရ၏။
အရိပ်မဲ့ဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှာ မည်သည့်ရေမှ မရှိသင့်ပေ။ အဲ့ဒါက သူ၏ မျိုးဆက်သွေး ဆူပွက်လာသည့်အသံဖြစ်၏။
အရိပ်မဲ့ဧကရာဇ်ထံမှ သွေးချီက တရုန်းရုန်းထကြွလာပြီး သူ၏ မျက်လုံးနှစ်ဖက်က နီရဲလာခဲ့၏။
သူသည် လေဟာနယ်ကနေတစ်ဆင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ထိုးညွှန်ပြီး အော်ပြောလိုက်၏။
“သွေးဆူပွက်လှံ”
သူ၏ ခန္ဓာကိုယ်ထဲရှိ ဆူပွက်နေသောသွေးချီက လေထဲတွင် နီရဲနေသော ဧရာမလှံတစ်လက်ကို အလျင်အမြန်ဖြစ်ပေါ်လာစေ၏။
နီရဲနေအောင် အပူပေးထားသည်နှင့်တူသော လှံသည် ချစ်ချစ်တောက်အပူလှိုင်းတစ်ခုကို ဖြာထုတ်ပေးနေ၏။
အဲ့ဒါသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်မှ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သွေးဆူပွက်လှံထံမှ အလွန်တရာဆိုးယုတ်သောအော်ရာတစ်ခုကို ခံစားမိနိုင်၏။
ထိုအန္တိမနတ်ဘုရားစွမ်းအား ထွက်ပေါ်လာသောအခါ အရိပ်မဲ့ဧကရာဇ်၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး သူ၏ မျက်နှာက ပို၍ပင် ဖြူဖျော့သွား၏။ သူက များစွာအားနည်း၍ စိတ်အားညှိုးငယ်သည့်ပုံ ပေါက်သွားလေသည်။
သွေးဆူပွက်လှံက စွမ်းအားကြီးမားသော်လည်း အဲ့ဒါသည် သူ၏ အဆီအနှစ်သွေးတစ်ဝက်ကိုလိုအပ်ပြီး စွမ်းအင်များစွာကိုလည်း သုံးစွဲရလေသည်။ သို့သော်လည်း အရိပ်မဲ့ဧကရာဇ်မှာ ရွေးချယ်စရာမရှိတော့ပေ။
သူက ဤတိုက်ပွဲမှာ ရှုံးနိမ့်သွားမည်ဆိုလျှင် သူက သေရပေလိမ့်မည်။
“လောင်ကျွမ်းပြာချကျိန်စာ”
တစ်ချိန်တည်းမှာပင် ငရဲစုန်းဧကရာဇ်သည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး နောက်ထပ် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
အန္တိမနတ်ဘုရားစွမ်းအားတစ်ခုသည် တဗူးနဂါးဖီးနစ်ကို ဖိနှိမ်ဖို့ ဆက်လက်၍ မလုံလောက်တော့ပေ။
သူတို့သုံးယောက် ပူးပေါင်းတိုက်ခိုက်မှသာလျှင် အနိုင်ရဖို့အခွင့်အရေးရှိလာပေလိမ့်မည်။
သူတို့သုံးယောက်က လုံးဝထိန်ချန်ခြင်း မရှိကြပေ။
ငရဲစုန်းဧကရာဇ်သည် လောင်ကျွမ်းပြာချကျိန်စာကို အလွယ်တကူ အသုံးပြုလိမ့်မည် မဟုတ်ပေ။
သူသည် ထိုအန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ချင်သည်ဆိုလျှင် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လောင်ကျွမ်းစေရမည်ဖြစ်၏။
အဲ့ဒါသည် သူ၏ အမြုတေစိတ်ဝိညာဥ် လောင်ကျွမ်းခြင်းကနေတစ်ဆင့် စုန်းမီးတစ်ခုကို စုဖွဲ့ခြင်းဖြင့် သူ၏ ပြိုင်ဘက်ကို လောင်ကျွမ်းပြာချပစ်မည့် နည်းလမ်းတစ်ခုဖြစ်လေသည်။
စုန်းမီးသည် ခန္ဓာကိုယ်ကိုသာမက မျိုးဆက်သွေးနှင့် အမြုတေကိုပါ လောင်ကျွမ်းစေမည်ဖြစ်၏။
ငရဲစုန်းဧကရာဇ်၏ အရိုးတောင်ဝှေးပေါ်မှာ လက်သီးဆုပ်အရွယ် အစိမ်းရင့်ရောင်မီးတောက်လုံးတစ်လုံးပေါ်ထွက်လာပြီး ၎င်းက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာရှိရာသို့ ပျံသန်းသွား၏။
ကမ္ဘာဖျက်မျက်လုံး ၊ သွေးဆူပွက်လှံနှင့် လောင်ကျွမ်းပြာချကျိန်စာတို့သည် တစ်ချိန်တည်းမှာ ဆင်းသက်လာကြ၏။
“ဂါး...”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီး သူ၏ သွေးချီကို တလိပ်လိပ်ထိုးတက်လာစေ၏။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံများက ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းလာပြီး တဖျတ်ဖျတ်တလက်လက် အလင်းရောင်တစ်ခုနှင့်အတူ တောက်ပလာခဲ့၏။
ငရဲစုန်းဧကရာဇ်နှင့် အခြားနှစ်ယောက်က နာကျင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
သူတို့သုံးယောက်ကို မပြောနှင့် ခပ်ဝေးဝေးမှာရှိနေသော ဧကရာဇ်များပင်လျှင် တုန်လှုပ်ချောက်ချားသွားကြ၏။
အဲ့ဒါက အစစ်အမှန်တဗူးတစ်ကောင်၏ ဟိန်းဟောက်သံဖြစ်၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ နောက်ဘက်ရှိ ရွှေရောင်နှင့် သွေးနီရောင်တောင်ပံနှစ်စုံကို တဖျတ်ဖျတ်ခတ်ပြီး ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ သူ၏ ဝမ်းဗိုက်အောက်မှာ လက်သည်းများသည် ကြောက်စရာကောင်း၍ ထက်ရှနေလေသည်။
တဗူးမျိုးဆက်သွေး၏ ဟိန်းဟောက်သံအောက်မှာ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးသည် သူတို့၏ ဝိညာဥ်အနက်ပိုင်းထဲမှလာသော အကြောက်တရားတစ်ခုကို ခံစားလိုက်ရ၏။
ကမ္ဘာဖျက်မျက်လုံး၏ နက်မှောင်နေသောအလင်းတန်းက အရင်ဆုံးဆင်းသက်ရောက်ရှိလာ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ရှောင်တိမ်းခြင်းမရှိဘဲ အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အား၏ နတ်ဘုရားစွမ်းအားကို လှည့်ပတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲရှိစွမ်းအားက တလိပ်လိပ်ထိုးတက်လာပြီး နက်မှောင်နေသော အလင်းတိုင်ရှိရာသို့ ပစ်ဝင်သွားလေသည်။
ထိုသည်ကိုတွေ့မြင်သောအခါ များစွာသောဧကရာဇ်များက တုန်လှုပ်သွားကြ၏။
တဗူးနဂါးဖီးနစ်သာလျှင် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို သူ၏ ခန္ဓာကိုယ်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ပေလိမ့်မည်။
ဘုန်း...
အဲ့ဒီမှာ ကျယ်လောင်သောမြည်သံတစ်သံထွက်ပေါ်လာ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် နက်မှောင်နေသော အလင်းတိုင်ပေါ်တွင် အက်ကွဲကြောင်းများကို ဖြစ်ပေါ်စေပြီး ၎င်းက လဲပြိုကျလုနီးပါးဖြစ်သွား၏။
ကမ္ဘာဖျက်မျက်လုံးပင်လျှင် တဗူးနဂါးဖီးနစ်ကို မဖျက်ဆီးနိုင်ပေ။
ကမ္ဘာဖျက်မျက်လုံးမှာပါဝင်သော စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားသော်လည်း ၎င်းသည် အလျှံညီးညီး အလင်းလုံးဖြင့် တစ်စွန်းတစ်စမကျန် ဝါးမျိုခြင်းခံလိုက်ရ၏။
မျက်လုံးတစ်ထောင်ဧကရာဇ်သည် သူ၏အမြုတေစိတ်ဝိညာဥ်ကို ရူးသွပ်စွာလှည့်ပတ်ပြီး နက်မှောင်နေသော အလင်းတန်းကို ဆက်လက်စုဖွဲ့နေစေရန် အတတ်နိုင်ဆုံး ကြိုးစားကာ သူ၏ မျက်လုံးသုံးလုံးထံမှ သွေးများကပင် စီးကျလာခဲ့၏။
ထိုစဥ်မှာပင် သွေးဆူပွက်လှံက ဆင်းသက်လာခဲ့ပြီဖြစ်၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက အကြောက်အလန့်ကင်းမဲ့ပြီး ကမ္ဘာဖျက်မျက်လုံး၏ စွမ်းအားကို ခုခံရင်း သွေးဆူပွက်လှံကို သူ၏ နဂါးဖီးနစ်လက်သည်းဖြင့် ဖမ်းဆွဲလိုက်လေသည်။
ဘုန်း...
သွေးဆူပွက်လှံက နဂါးဖီးနစ်လက်သည်းနှင့် ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သောမြည်သံတစ်သံထွက်ပေါ်လာ၏။
နဂါးဖီးနစ်လက်သည်းသည် ခွန်အားကို စိုက်ထုတ်ပြီး သွေးဆူပွက်လှံကို တင်းကျပ်စွာဖမ်းဆုပ်လိုက်၏။
သူ၏ လက်ဖဝါးမှ အစိမ်းရောင်မီးခိုးများ အူထွက်လာသော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက အဲ့ဒါကို လွှတ်ချဖို့ စိတ်ကူးမရှိပေ။
အရိပ်မဲ့ဧကရာဇ်က တုန်လှုပ်သွားရ၏။
တကယ်ဆို... သွေးဆူပွက်လှံသည် သူ၏ ထိန်းချုပ်မှုကနေ လွတ်ထွက်တော့မည့် လက္ခဏာများပင် ပြသလာပြီဖြစ်၏။
အရိပ်မဲ့ဧကရာဇ်သည်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်ကို အလောတကြီးလှည့်ပတ်ပြီး လေဟာနယ်ကနေတစ်ဆင့် သွေးဆူပွက်လှံကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်၏။
အခြားတစ်ဘက်မှာ လောင်ကျွမ်းပြာချကျိန်စာကနေ ဖြစ်ပေါ်လာသော အစိမ်းရင့်ရောင် စုန်းမီးက လွင့်မျောပျံသန်းလာပြီဖြစ်၏။