← Chapters

မင်းသေချင်တယ်ဆိုရင် လာခဲ့(ဂ)

Vol. 90 Ch. 1378

မင်းသေချင်တယ်ဆိုရင် လာခဲ့(ဂ)

Vol. 90 Ch. 1378

မှန်ပေသည်။ ဧကရီသည် ၎င်းတို့ထံမှ အကူအညီကို တောင်းဆိုနိုင်သည်။ သို့သော်လည်း ယင်းက နောက်ထပ်အပေးအယူတစ်ခု ဖြစ်လာလိမ့်မည်။

ဧကရီ၏ အမူအရာသည် တည်ငြိမ်သည်။ သူက မည်သည့်စကားမှ မပြောပေ။ မီးခိုးရောင်ဝတ်စုံနှင့် နတ်ဘုရားက ရောက်ရှိလာသည်နှင့်ချက်ချင်း အရွယ်အိုမင်းသော ပုံရိပ်တစ်ခုက စိတ်ဆုံးဖြတ်ထားမှုနှင့်အတူ ဧကရီ၏ ဘေးမှ ပြေးထွက်လာသည်။

ထိုလူသည် ဧကရီကို ကာကွယ်စောင့်ကြပ်ပေးနေသော မိန်းမစိုးအဖိုးမှလွဲ၍ တခြားလူမဟုတ်ပေ။

သူက အရှေ့သို့ ပြေးထွက်လာသည်နှင့်ချက်ချင်း သူ၏ ခန္ဓာကိုယ်က မြန်ဆန်စွာ အသွင်ပြောင်းလဲသွားသည်။ သူ၏ အသွေးအသားများသည် အံ့အားသင့်ဖွယ်ကောင်းစွာ ကြည်လင်တောက်ပလာသည်။

ထိုသို့အသွင်ပြောင်းလဲနေစဉ် သူ့ဘဝတစ်လျှောက်၏ မှတ်ဉာဏ်များက သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။

သူက လူသားမဟုတ်ပေ။ ဆန်းကြယ်မိစ္ဆာမျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်။

သူတို့မျိုးနွယ်စုသည် မျိုးနွယ်ဝင်အနည်းငယ်သာ ရှိကြသည်။ ထို့ပြင် မျိုးနွယ်ဝင်တိုင်းသည် ထူးခြားသော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။

သူ့ဘဝ၏ အစောပိုင်းနှစ်များတွင် သူက မျိုးနွယ်၏ ကိုယ်ယောင်ဖျောက်မွေးရာပါစွမ်းရည်ကို အသုံးပြုပြီး လုပ်ကြံသတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့သည်။ သို့သော်လည်း ထိုအလုပ်က သူ့ကို ကြီးမားသော လက်တုံ့ပြန်မှုများဖြင့် ရင်ဆိုင်ရစေသည်။ သို့ဖြစ်၍ သူက အကြိမ်ပေါင်းများစွာ သေလုနီးပါးအခြေအနေဖြင့် ရင်ဆိုင်ခဲ့ရသည်။

အဆိုးဝါးဆုံး ဒဏ်ရာရရှိခဲ့စဉ်မှာ သူက အန္တရာယ်ထဲမှ လွတ်မြောက်သွားခဲ့သော်လည်း သတိမေ့သွားခဲ့သည်။ ထိုအချိန်မှာ မိန်းမငယ်လေးတစ်ယောက်က သူ့အသက်ကို ကယ်တင်ပေးခဲ့သည်။ ထိုမိန်းမငယ်လေးသည် ဧကရီဖြစ်သည်။

သူတို့က နှစ်ပေါင်းများစွာ အတူတကွ ရှိနေခဲ့ကြပြီး တဖြည်းဖြည်း ဧကရီ အရွယ်ရောက်လာသည်ကို သူကြည့်ရှုခဲ့သည်။ သူ့ကိုယ်သူသတိမထားမိခင်မှာ ဧကရီသည် သူ့အတွက် အရင်းနှီးဆုံး ဆွေမျိုးသားချင်းတစ်ဦးသဖွယ် ဖြစ်လာခဲ့သည်။

ထို့ပြင် ဧကရီသည် အောင်မြင်စွာ ထီးနန်းဆက်ခံပြီးနောက် သူ့ကို အဆုံးမဲ့သော အခွင့်အရေးများနှင့် မျှော်လင့်ချက်ကို ပေးခဲ့သည်။ ထို့ကြောင့် သူက လူသားမျိုးနွယ်၏ ကမ္မကို ငှားယူနိုင်ခဲ့ပြီး လူသားမျိုးနွယ်၏ အခြေခံအုတ်မြစ်ကို အသုံးပြုကာ မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့်သို့ တစ်ဆင့်ပြီးတစ်ဆင့် တတ်လှမ်းသွားနိုင်ခဲ့သည်။

သို့သော်လည်း သူ၏ မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံခြင်းစွမ်းအားသည် ဤအဆင့်သို့ ကိုယ့်ဘာသာကျင့်ကြံနိုင်ခဲ့သော တခြားလူများနှင့် နှိုင်းယှဉ်လျှင် အများကြီး အားနည်းသည်။ ထို့ပြင် သူ့မှာ အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းနိုင်ရန် မျှော်လင့်ချက် မရှိတော့ပေ။

အုပ်ချုပ်သူအဆင့်သည် သူ၏ သွေးမျိုးဆက်ဖြင့် ရရှိနိုင်သောအရာ မဟုတ်ပေ။ လက်ရှိခေတ်၏ အထွတ်အထိပ် ကျင့်ကြံခြင်းအဆင့်ဖြစ်သော မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် ဤဘဝတွင် သူ့မှာ နောင်တရစရာမရှိတော့ပေ။

ယခု အတိတ်မှာ သူပြုစုစောင့်ရှောက်ပေးခဲ့သော မိန်းမငယ်လေးက နတ်ဘုရားဖြစ်လာရန် ကြိုးစားနေလေရာ နောက်ဆုံးအကြိမ်အဖြစ် သူ၏ အသက်ဓာတ်ကို လောင်ကျွမ်းပြီး ကာကွယ်ပေးရန် သူဆန္ဒရှိသည်။

နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က လောင်ကျွမ်းသွားသည်။ တစ်ချိန်တည်းမှာ သူက ခရမ်းရောင် ဦးခေါင်းခွံတစ်လုံးကို ထုတ်လိုက်သည်။

ဦးခေါင်းခွံတစ်ခုလုံးက ခရမ်းရောင်ဖြစ်ပြီး ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဦးခေါင်းခွံထဲမှာ အဆုံးမဲ့သော မကျေမချမ်းမှုနှင့် ဆန္ဒမရှိမှုက ကိန်းအောင်းနေသည်။ ဤသည်မှာ ယင်းက ဝမ်းနည်းဖွယ်ကောင်းသော စိတ်ခံစားမှုကို အသံမဲ့စွာ ထုတ်ဖော်နေသည့်အလားပင်။

ဦးခေါင်းခွံထွက်ပေါ်လာသည့်အခိုက် ကောင်းကင်ဘုံလျှပ်စီးသည် ကောင်းကင်ပေါ်မှာ ဝင်းလက်သွားသည်။ မရေမတွက်နိုင်သော ကောင်းကင်ဘုံတာအိုများသည် လေထဲမှာ ဒြပ်ထည်ဖြစ်ပေါ်လာကြပြီး ထိုဦးခေါင်းခွံကို ဝမ်းနည်းကြေကွဲစွာ ကြည့်လိုက်ကြသည်။

ဤသည်မှာ ယင်းက ဝမ်ကူးကုန်းမြေ၏ နောက်ဆုံးမျှော်လင့်ချက်ကို သယ်ဆောင်ထားသော ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦး၏ ဦးခေါင်းခွံဖြစ်သည့်အလားပင်။

ထိုဦးခေါင်းခွံသည် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ ယခင်ဘဝမှ ဦးခေါင်းခွံသာ ဖြစ်သည်။

ယင်းထဲမှာ ကိန်းအောင်းနေသော စွမ်းအားသည် အလွန်အံ့ဖွယ်ကောင်းသည်။ ယင်းက သာမန်ကျင့်ကြံသူများ အသက်သွင်းနိုင်သောအရာ မဟုတ်ပေ။ မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့်ဖြင့်ပင် ယင်းကို အသုံးပြုရန် အရည်အချင်းမပြည့်မီပေ။

ထို့ကြောင့် မိန်းမစိုးအဖိုးအိုက သူ၏ အသက်ဓာတ်ကို လောင်ကျွမ်းပစ်လိုက်ပြီး သူ၏ မွေးရာပါစွမ်းရည်နှင့် ကျင့်ကြံခြင်းအခြေခံကို ဤဦးခေါင်းခွံအား အသက်သွင်းနိုင်သော စွမ်းအင်တစ်စိတ်တစ်ပိုင်းအတွက် လဲလှယ်လိုက်ခြင်း ဖြစ်သည်။

စက္ကန့်ပိုင်းအတွင်းမှာ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က လွင့်ပြယ်သွားသည်။

ဦးခေါင်းခွံသည် ခရမ်းရောင်အလင်း ရုတ်တရက် တောက်ပလာသည်။ ထို့နောက် အဆုံးမဲ့သော ရူးသွပ်မှုတို့ ကိန်းအောင်းနေသော ဟိန်းသံသည် အချိန်မြစ်ထဲမှ ပေါ်ထွက်လာသည့်အလား နှစ်ပေါင်းထောင်သောင်းချီကြာမြင့်ပြီးနောက် ဤလောကထဲမှာ ပဲ့တင်ထပ်သွားသည်။

ထိုဟိန်းသံထဲမှာ မကျေမချမ်းမှု၊ ဆန္ဒမရှိမှု၊ ခါးသီးမှု၊ ရူးသွပ်မှုနှင့် ကြောက်စရာကောင်းသော အမုန်တရားက ကိန်းအောင်းနေသည်။ နောက်အခိုက်အတန့်မှာ ထိုစိတ်ခံစားချက်များက အတူတကွ စုဝေးသွားပြီး အမြစ်ဖြတ်သုတ်သင်ခြင်းမုန်တိုင်းတစ်ခုသို့ ပြောင်းလဲသွားသည်။ မုန်တိုင်းသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း မီးခိုးရောင်ဝတ်စုံနှင့် နတ်ဘုရားဆီသို့ ဦးတည်သွားသည်။

ထိုနတ်ဘုရားသည် တဒင်္ဂမျှ ရပ်တန့်သွားသည်။ ထို့နောက် ၎င်းက သေခြင်းရှင်ခြင်းကပ်ဘေးကို အာရုံခံမိသွားပြီး ရုတ်တရက် အနောက်ဆုတ်သွားသည်။

သို့သော်လည်း အလွန်နောက်ကျသွားချေ၏။

မုန်တိုင်းသည် ၎င်း၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည်။

မီးခိုးရောင်ဝတ်စုံနှင့် နတ်ဘုရားသည် နာကျင်စွာ အော်ဟစ်ညည်းညူလိုက်ရသည်။ ဤသည်မှာ ၎င်းက အတိတ်မှာ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား တွေ့ကြုံခဲ့ရသော သေဆုံးမှုကို ၎င်းကိုယ်တိုင် တွေ့ကြုံနေရသည့်အလားပင်။

ထို့နောက် ၎င်းက ပြိုကွဲပျက်စီးသွားသည်။

ကမ္မမီးတောက်အဆင့် နတ်ဘုရားသည် အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသည်။

ဧကရီသည် မိန်းမစိုးအဖိုးအို ပျောက်ကွယ်သွားသော နေရာကို ကြည့်လိုက်သည်။ ဝမ်းနည်းမှုက သူ၏ တည်ငြိမ်သော မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သူက နူးညံ့စွာ သက်ပြင်းချလိုက်သည်။

အတိတ်မှာ နန်းတော်ထဲတွင် ရွှီချင်းကို သူမေးမြန်းခဲ့သော မေးခွန်းကို ပြန်အမှတ်ရသွားသည်။

“ ရွှီချင်း… မီးလျှံလရဲ့ ဂမ္ဘီရမှော်သခင်ကို မင်းဘယ်လိုမြင်လဲ ”

ထိုအချိန်တုန်းက ရွှီချင်း၏ အဖြေသည်…

“ တကယ်လို့ တစ်ယောက်ယောက်က ကိုယ့်အသက်ကိုတောင် မကာကွယ်နိုင်ရင် ဘယ်လိုလုပ် မျိုးနွယ်ရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်မှာလဲ… အဲ့ဒါက ပုံရိပ်ယောင်ပါ… အချိန်ကာလထဲက တဒင်္ဂလေးပါ ”

ဧကရီ၏ မျက်နှာပေါ်မှ ဝမ်းနည်းမှုက ပျောက်ကွယ်သွားပြီး စိတ်ဓာတ်ပြတ်သားမှုက အစားထိုး ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ နတ်ဘုရားမီးတောက်သည် ပိုပြီးအားကောင်းလာသည်။

အံ့ဖွယ်ကောင်းသော စိတ်ဝိညာဉ်၏ ထိန်းချုပ်မှုအောက်မှာ ဝဲကတော့ငါးခုထဲတွင် တင်ပျဉ်ခွေထိုင်နေသော လူသားဧကရာဇ်ငါးပါး၏ အလောင်းများက လက်မြှောက်လိုက်ကြပြီး ချိပ်တံဆိပ်လက်ဟန်များကို စတင်ဖွဲ့စည်းလိုက်ကြသည်။

ထိုချိပ်တံဆိပ်လက်ဟန်များသည် ကျင့်ကြံသူများ၏ လက်ဟန်များ မဟုတ်ကြပေ။ ယင်းအစား နတ်ဘုရားများ၏ အခွင့်အာဏာများ ဖြစ်ကြသည်။

နတ်ဘုရားအခွင့်အာဏာတစ်ခု၏ သန္ဓေသားလောင်းပုံစံကို ပထမဆုံး ဖွဲ့စည်းလိုက်သူသည် လူသားဧကရာဇ်ဒုန်းရှန့်ဖြစ်သည်။ သူက မျက်လုံးဖွင့်လိုက်သည့်အခါ အနက်ရောင်မျက်လုံးများက ထွက်ပေါ်လာသည်။ ပြင်းထန်သော အဖျက်အဆီးအရှိန်အဝါနှင့် အဖျက်အဆီးစွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။

ထိုနတ်ဘုရားအခွင့်အာဏာသည် စစ်ပွဲနှင့်ဆက်စပ်နေသည်။

နောက်တစ်ယောက်သည် လူသားဧကရာဇ်ကျင့်ယွင်ဖြစ်သည်။ သူက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။ သူက တစ်ခဏကြာအောင် စိတ်ရှုပ်ထွေးသွားပုံပေါ်သည်။ သို့သော်လည်း သူက နောက်အခိုက်အတန့်မှာ ပြန်တည်ငြိမ်သွားသည်။ မကြာမီ အကာအကွယ်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

ယင်းက ဤဒေသကြီးနှင့် လူသားမျိုးနွယ်၏ ကောင်းကင်နှင့်မြေပြင်ကို လွှမ်းခြုံသွားသည်။

ထို့နောက် လူသားဧကရာဇ်ရှန့်ထျန်း ဖြစ်သည်။

အလင်းရောင်သည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ ထိုအလင်းရောင်သည် သိမ်မွေ့ညင်သာပြီး မည်သည့်တိုက်ခိုက်ရေးစွမ်းအားမှ မရှိပေ။ သို့သော်လည်း ယင်းက ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အားဖြည့်ပေးနိုင်သည်။

ယင်းက ကုသခြင်းနှင့်ဆက်စပ်နေသော နတ်ဘုရားအခွင့်အာဏာဖြစ်သည်။

နောက်အခိုက်အတန့်မှာ လူသားဧကရာဇ်တာအိုရှီကျဲ၏ နတ်ဘုရားအခွင့်အာဏာက ပေါ်ထွက်လာသည်။

ထိုနတ်ဘုရားအခွင့်အာဏာသည် တခြားလူသားဧကရာဇ်များနှင့် ခြားနားသည်။ ထိုနတ်ဘုရားအခွင့်အာဏာ ထွက်ပေါ်လာသည့်အခိုက် ဝဲကတော့သည် ပရမ်းပတာ တုန်လှုပ်သွားပြီး ကျိန်စာများ၊ အဆိပ်များနှင့် ရောဂါကပ်ဘေးများသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာကြသည်။

ယင်းတို့က ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ဖန်တီးလိုက်သည်။

နောက်ဆုံးမှာတော့ လူသားဧကရာဇ်ရွှမ်ထျန်းအလှည့် ဖြစ်သည်။

သူ၏ နတ်ဘုရားအခွင့်အာဏာသည်လည်း အလွန်အံ့ဖွယ်ကောင်းသည်။ အဆုံးမဲ့သော သေခြင်းအရှိန်အဝါသည် ငရဲပြည်မှ ပေါ်ထွက်လာသည့်အလား သူ၏ ခန္ဓာကိုယ်ကို ထပ်ဆင့်လွှမ်းခြုံသွားသည်။ ဤသည်မှာ သူက မြေအောက်လောကကို ထိန်းချုပ်နိုင်စွမ်းရှိသည့်အလားပင်။

လူသားဧကရာဇ်ငါးပါး၏ နတ်ဘုရားအခွင့်အာဏာများက သန္ဓေသားလောင်းပုံစံဖြင့် ထွက်ပေါ်လာသည့်အခိုက် နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့သည် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။

ဧကရီသည်လည်း နတ်ဘုရားအခွင့်အာဏာအားလှိုင်းများကို ထုတ်လွှတ်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ နောက်ထပ်အတားအဆီးတစ်ခုက ထွက်ပေါ်လာသည်။

အေးတိအေးစက် စကားသံသည် မဟာနန်းမြို့တော်ဒေသကြီးထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ဓားကိုင်ဧကရာဇ်… မင်းရဲ့ နောက်ဆုံးခရီးကို မြင်တွေ့ဖို့ ကျုပ်ရောက်လာပြီ ”

ကျယ်လောင်သော အသံသည် ဒေသကြီးထဲမှာ ပဲ့တင်ထပ်သွားပြီး အနီရောင်အလင်းက မြှောက်တတ်လာသည်။

မရေမတွက်နိုင်သော တောင်တန်းများသည် ပြိုကျပျက်စီးသွားကြပြီး အနီရောင်မြူခိုးကို ထုတ်လွှတ်လိုက်သည်။

မြစ်ချောင်းများသည် ပြောင်းပြန်စီးဆင်းသွားကြပြီး အနီရောင်မြစ်ရေကို ဖွဲ့စည်းလိုက်သည်။

အနီရောင်ရောင်ခြည်တန်းများသည် မဟာနန်းမြို့တော်ဒေသကြီး၏ လေထဲသို့ မြှောက်တတ်သွားကြသည်။ ထို့နောက် ယင်းတို့က အမှတ်တစ်ခုတည်းမှာ စုဝေးသွားကြသည်။ အဝေးမှကြည့်လျှင် အနီရောင်ရောင်ခြည်တန်းများက ခမ်းနားထည်ဝါသော ဝတ်ရုံတစ်ထည်၏ အနားကွပ်ကို ဖွဲ့စည်းနေဟန် ရသည်။

ထို့နောက် နတ်ဘုရားတစ်ပါးသည် အနီရောင်ဝတ်ရုံနှင့်အတူ ဤလောကထဲမှာ ထွက်ပေါ်လာသည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်သည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

နတ်ဘုရားက လမ်းလျှောက်လိုက်သည်နှင့် ၎င်း၏ အနီရောင်ဝတ်ရုံမှ အနားကွပ်သည် အနီရောင်ကောင်းကင်သဖွယ် ကမ္ဘာမြေပေါ်သို့ ဆန့်တန်းသွားပြီး တောင်တန်းများနှင့် မြစ်ချောင်းများကို ဖုံးလွှမ်းလိုက်သည်။

၎င်းက ခြေတစ်လှမ်းနှင့်အတူ ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားပြီး နန်းမြို့တော်၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ ၎င်း၏ ပုံရိပ်က ရှင်းလင်းထင်ရှားလာသည်။

ထိုသူက ချောမောခန့်ညားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။ ၎င်း၏ ဆံပင်ရှည်သည် ကောင်းကင်ပေါ်မှာ လွင့်မျောနေပြီး ဆံခြည်မျှင်တစ်မျှင်တိုင်းသည် တလက်လက် လင်းလက်တောက်ပနေသည်။ ၎င်းထံမှ ထုတ်လွှတ်နေသော နတ်ဘုရားအရှိန်အဝါသည် နေနှင့်လကို အရောင်မှေးမှိန်သွားစေပြီး တခြားနတ်ဘုရားများကို နှလုံးတုန်သွားစေသည်။

ပိုပြီးထိတ်လန့်ဖွယ်ကောင်းသည်မှာ ပုံရိပ်ယောင်ဓားတစ်လက်က ၎င်း၏ ရင်ဘက်ကို ထိုးဖောက်နေခြင်း ဖြစ်သည်။

သွေးသည် ဒဏ်ရာထဲမှ အစဉ်မပြတ် စီးကျနေသည်။ ယင်းက သူ၏ ဝတ်ရုံကို အနီရောင်သို့ ပြောင်းလဲသွားစေသည့် အကြောင်းအရင်းတစ်ခု ဖြစ်နိုင်သည်။

ရွှီချင်းသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုပုံရိပ်ယောင်ဓားက ဧကရာဇ်ဓားဖြစ်ကြောင်း မှတ်မိသွားသည်။

“ အချိန်တွေ ကုန်ဆုံးသွားပြီ… နှစ်တွေ အလီလီပြောင်းလဲသွားပြီ… မင်းက အတိတ်တုန်းကလူ မဟုတ်တော့ဘူး… ”

“ အတိတ်မှာ ငါတို့ရဲ့ တိုက်ပွဲက ငါ့ကို နတ်ဘုရားယဇ်ပလ္လင်အဆင့်ကနေ ပြန်ကျသွားစေခဲ့တယ်… ငါ့ရဲ့ ဒဏ်ရာကို အခုထိ မကုသနိုင်သေးဘူး… ဒီနေ့ မင်းသေတော့မယ်လို့ ငါသတင်းကြားလိုက်တော့ မင်းရဲ့ နောက်ဆုံးခရီးကို မြင်တွေ့ရဖို့နဲ့ ငါတို့ကြားက ကမ္မကို ဖြေရှင်းဖို့ ငါရောက်လာပြီ ”

သွေးနီရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းအမျိုးသားက အက်ရှရှအသံဖြင့် ပြောသည်။

နောက်အခိုက်အတန့်မှာ အရွယ်အိုမင်းသော ရှေးဟောင်းအသံသည် ခေတ်အဆက်ဆက်၏ ကောင်းကင်ဘုံအစွမ်းကို သယ်ဆောင်လျက် နန်းမြို့တော်ထဲမှာ ပဲ့တင်ထပ်သွားသည်။

ယင်းက ကောင်းကင်ဘုံမိုးခြိမ်းသံထက် သာလွန်ပြီး ဤလောက၏ တစ်ခုတည်းသောအသံ ဖြစ်လာသည်။

အသံသည် အချိန်ကာလကို ဖြတ်သန်းသွားပြီး ပြိုင်ဘက်ကင်းသော ကြီးကျယ်မြင့်မြတ်ခြင်းကို ဖန်တီးလိုက်သည်။

ကောင်းကင်ဘုံတာအိုများသည် ခေါင်းငုံ့လိုက်ကြပြီး သက်ရှိအားလုံးသည် ထိုအသံ၏ ဦးတည်ရာဆီသို့ အရိုအသေပေးလိုက်ကြသည်။

“ ယုလျှိုချန်း… မင်းသေချင်တယ်ဆိုရင် လာခဲ့ ”

ထိုစကားသံ ပဲ့တင်ထပ်သွားသည့်အခါ ကမ္ဘာတုန်ဟီးစေနိုင်သော အရှိန်အဝါသည် နန်းမြို့တော်ထဲရှိ ဓားကိုင်နန်းတော်ထဲမှ ပျံ့လွင့်လာသည်။ ယင်းက ဤနေရာမှာ ရှိနေကြသော နတ်ဘုရားအားလုံးကို လွှမ်းမိုးဖိနှိပ်လိုက်သည်။

ပြစ်ချက်မဲ့အဆင့်သို့ ရောက်ရှိနေကြသော မီးလျှံလ၏ နတ်ဘုရားများသည်ပင် နှလုံးတုန်လှုပ်သွားကြသည်။

မရေမတွက်နိုင်သော ဓားချီများသည် ဓားကိုင်နန်းတော်ထဲမှ ပျံ့နှံ့ထွက်လာကြပြီး သက်တံ့တံတားတစ်စင်းကို ဖန်တီးလိုက်သည်။ တံတားသည် အဆုံးမရှိသည့်အလား နန်းမြို့တော်ထဲမှ ဆန့်တန်းထွက်လာပြီး သွေးနီရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းအမျိုးသား၏ အရှေ့သို့ ရောက်ရှိသွားသည်။

ယင်းက လမ်းကြောင်းတစ်ခု ဖြစ်လာသည်။

ဤသည်မှာ ယင်းက သွေးနီရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းအမျိုးသားကို ထိုလမ်းကြောင်းပေါ်သို့ ခြေချရန် ကြိုဆိုနေသည့်အလားပင်။

All Chapters