← Chapters

ဧကရီ နတ်ဘုရားများကို သုတ်သင်ခြင်း(က)

Vol. 90 Ch. 1387

ဧကရီ နတ်ဘုရားများကို သုတ်သင်ခြင်း(က)

Vol. 90 Ch. 1387

နေဝင်ခြင်းနှင့် နေထွက်ခြင်းကို ညက ခွဲခြားထားသော်လည်း ယင်းတို့က တစ်လှည့်စီ ပြောင်းလဲနေကြသည်။

ရွှီချင်းသည် မဟာဧကရာဇ်၏ ရုပ်တုကို ကြည့်လိုက်သည်။ ထို့နောက် သူက လေထဲမှ ဧကရီကို ကြည့်လိုက်သည်။ သူ၏ အသိစိတ်ထဲမှာ အတွေးပေါင်းရာထောင်ချီ ရှိသည်။ ဤအခိုက်အတန့်မှာ သူက တစ်စုံတစ်ခုကို နားလည်သွားဟန် ရသည်။

ယင်းက သူ၏ အသိစိတ်နှင့် ဝိညာဉ်အပေါ် သက်ရောက်မှုရှိသည်။ ဗလာနတ္ထိကုန်းမြေထဲရှိ အမှတ်အသားတစ်ရာထဲမှ အနည်းငယ်သည် လင်းလက်တောက်ပသွားကြသည်။

ဤအခိုက်အတန့်မှာ နေလုံးသည် ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။

နေရောင်ခြည်သည် ကမ္ဘာမြေပေါ်သို့ ဖြာဆင်းကျလာပြီး အဆုံးမဲ့သော အလင်းရောင်ကို ဖြစ်ပေါ်စေကာ ဘေးပတ်ဝန်းကျင်မှ အမှောင်ထုအားလုံးကို ဖယ်ရှားပစ်လိုက်သည်။

နောက်ဆုံးမှာတော့ ရွှီချင်း၏ အကြည့်နှင့်အတူ နေရောင်ခြည်က ဧကရီ၏ ခန္ဓာကိုယ်ပေါ်မှာ စုဝေးသွားသည်။ ယင်းက အလင်းအစက်အပြောက်များစွာကို ဖြစ်ပေါ်လာစေသည်။ ဤသည်မှာ သူ၏ ဧကရာဇ်ဝတ်စုံပေါ်တွင် ရောင်စုံအလင်းများက လွင့်မျောနေသည့်အလားပင်။

အလင်းရောင်သည် သက်ရှိအားလုံးကို ဆက်သွယ်ပေးလိုက်ပြီး သူတို့၏ အတွေးများကို ဝမ်ကူးကုန်းမြေနှင့် ပေါင်းစပ်သွားစေသည်။

အလွန်ကျယ်ပြောသော နတ်ဘုရားအရှိန်အဝါငါးခုသည် ရှေးဘုရင်ဂြိုလ်၏ ဘေးပတ်ပတ်လည်ရှိ ဝဲကတော့ငါးခုထံမှ ထွက်ပေါ်လာကြသည်။

ဒုန်းရှန့်၊ ကျင့်ယွင်၊ ရှန့်ထျန်း၊ တာအိုရှီကျဲ၊ ရွှမ်ကျန်း…

ကမ္မ၏ အားဖြည့်ပေးမှုအောက်မှာ လူသားဧကရာဇ်ငါးပါးသည် ဧကရာဇ်ဝတ်စုံနှင့် ဧကရာဇ်သရဖူကို ဆင်မြန်းထားကြသည်။ မတူညီသော နတ်ဘုရားအခွင့်အာဏာများသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာပြီး လေထဲသို့ ပျံတတ်သွားကြသည်။

ထို့နောက် လူသားဧကရာဇ်ငါးပါးသည် ဧကရီ၏ အနောက်မှာ ရပ်လိုက်ကြသည်။

ဤနေရာတွင် စုဝေးနေသော အရှိန်အဝါသည် အလွန်ကြောက်စရာကောင်းပြီး ထွန်းလင်းတောက်ပသည်။

လေနှင့် တိမ်တိုက်များသည် ပရမ်းပတာ လှုပ်ခတ်သွားကြသည်။ လူသားမျိုးနွယ်အတွင်းမှ တောင်တန်းများနှင့် မြစ်ချောင်းများသည် တုန်လှုပ်သွားကြပြီး သွေးမျိုးဆက်သည် မတည်မငြိမ်ဖြစ်လာသည်။

အရာအားလုံးသည် ကောင်းကင်ပေါ်သို့ ပျံတတ်သွားမည့် စိတ်ဆန္ဒတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။

ဤသည်မှာ ၎င်းက လူသားမျိုးနွယ်မှာ နတ်ဘုရားများရှိလာပြီဟု ဝမ်ကူးကုန်းမြေနှင့် အင်အားစုအသီးသီးကို အသိပေးကြေညာနေသည့်အလားပင်။ ယခုအချိန်မှစ၍ လူသားမျိုးနွယ်သည် ပြန်လည်မြင့်တတ်လာတော့မည်။

လူသားမျိုးနွယ်၏ ကောင်းကင်ဘုရင်အားလုံးနှင့် ကောင်းကင်ဘုံအမတ်အားလုံးသည် ဒူးထောက်လိုက်ကြသည်။

အရာရှိများသည်လည်း ထို့အတူပင်။

အထက်ရွှမ်နန်းတော်ငါးခုနှင့် အောက်ရွှမ်နန်းတော်ငါးခုမှ ကျင့်ကြံသူများသော်လည်းကောင်း နန်းမြို့တော်ထဲမှ ပြည်သူပြည်သားများသော်လည်းကောင်း၊ စစ်တပ်ထဲမှ စစ်သည်တော်များသော်လည်းကောင်း၊ ဂိုဏ်းတော်များထဲမှ လူသားကျင့်ကြံသူများသော်လည်းကောင်း၊ မဟာနန်းမြို့တော်ဒေသကြီးထဲမှ လူတိုင်းသည် ဧကရီကို တစ်ညီတစ်ညာတည်း တစ်ပြိုင်နက် အရိုအသေပေးလိုက်ကြသည်။

“ လူသားဧကရာဇ် ဘုန်းတန်ခိုးကြီးမားပါစေ ”

မရေမတွက်နိုင်သော လူသားများက အော်ပြောလိုက်ကြသည်။ ထိုအသံကြောင့် ကောင်းကင်သည် ဝုန်းခနဲ မြည်သွားပြီး ကမ္မသည် တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။

ထိုအသံထဲမှာ လူသားမျိုးနွယ်၏ စိတ်ဆန္ဒပါဝင်နေသည်။

ထိုအသံနှင့် အလင်းရောင်အောက်မှာ ဝမ်ကူးကုန်းမြေထဲမှ အင်အားစုအားလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤနေရာသို့ ရောက်လာကြသော နတ်ဘုရားများသည်လည်း နှလုံးတုန်သွားကြသည်။

အထူးသဖြင့် ဧကရီက ဤအခိုက်အတန့်မှာ ခေါင်းမော့လိုက်သည်။ နတ်ဘုရားယဇ်ပလ္လင်စွမ်းအားသည် ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားပြီး လောကပေါ်သို့ ဖိနှိပ်လိုက်သည်။

“ ဒီနေ့… မဟာဧကရာဇ်ရဲ့ သွေးက မြေကျခဲ့ရတယ် ”

“ ဒါပေမဲ့ နတ်ဘုရားတွေရဲ့ သွေးက အလုံအလောက် မြေမကျရသေးဘူး ”

ထိုစကားနှစ်ခွန်းကို ပြောလိုက်သည်နှင့်ချက်ချင်း အမြစ်ဖြတ်သုတ်သင်ခြင်းစိတ်ဆန္ဒက ပေါက်ကွဲထွက်လာသည်။ အဆုံးမဲ့သော အအေးဓာတ်က ထွက်ပေါ်လာသည်။ စကားလုံးတစ်လုံးစီတိုင်းက ကောင်းကင်ကို အက်ကွဲပစ်မည့် ကောင်းကင်ဘုံမိုးခြိမ်းသံအလားပင်။

ချက်ချင်းဆိုသလို ဧကရီကို တားဆီးရန် ရောက်ရှိလာကြသော နတ်ဘုရားများထဲမှ ကိုယ်ထင်ပြခဲ့ကြသူများဖြစ်စေ သို့မဟုတ် ဟင်းလင်းပြင်ထဲမှာ ပုန်းအောင်းနေကြသူများဖြစ်စေ ၎င်းတို့အားလုံးက နှလုံးတုန်သွားကြသည်။ နောက်အခိုက်အတန့်မှာ ၎င်းတို့က တုံ့ဆိုင်းမနေဘဲ ချက်ချင်း အနောက်ဆုတ်သွားကြသည်။

နီလာအင်ပါယာကုန်းမြေမှ မီးတောက်နတ်ဘုရား၊ မြေအောက်လောကအလောင်းကောင်းမျိုးနွယ်မှ အမှောင်နတ်ဘုရားနှင့် မြောက်ပိုင်းကံကြမ္မာတော်ဝင်မိသားစုမှ ကံကြမ္မာဆုံးဖြတ်သူနတ်ဘုရားသည် ခန္ဓာကိုယ်တုန်ယင်သွားကြသည်။ မီးတောက်များက ပြန်ရုပ်သိမ်းသွားပြီး အလောင်းများက အနောက်ဆုတ်သွားကာ လေက လွင့်ပြယ်သွားသည်။

ဟင်းလင်းပြင်ထဲမှာ ပုန်းအောင်းနေကြသော နတ်ဘုရားများက ပိုပြီးမြန်ဆန်ကြသည်။ ၎င်းတို့ထဲမှ တချို့သည်တော့ ကြီးမားသော ရည်ရွယ်ချက် ရှိနေကြဆဲပင်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့က ဧကရီ၏ အစစ်အမှန် တိုက်ပွဲစွမ်းအားနှင့် နတ်ဘုရားအခွင့်အာဏာကို မမြင်တွေ့ရသေးသောကြောင့် ဖြစ်သည်။

သို့သော်လည်း မည်သို့ဖြစ်ပါစေ လူသားမျိုးနွယ်၏ စိတ်ဆန္ဒနှင့် ဒေါသက အထွတ်အထိပ်သို့ ရောက်ရှိနေချိန်မှာ ၎င်းတို့က ဧကရီကို ရန်မပြုဝံ့ကြချေ။

သို့သော်လည်း လူသားမျိုးနွယ်သည် အတိတ်တုန်းကနှင့် ခြားနားသွားသည်။ ဓားကိုင်ဧကရာဇ်က ကျဆုံးသွားသော်လည်း မဟာဧကရာဇ်အသစ်တစ်ပါးက ထွက်ပေါ်လာသည်။ ထို့ကြောင့် ၎င်းတို့သည် လာချင်တိုင်းလာ ထွက်သွားချင်တိုင်း မထွက်သွားနိုင်ကြတော့ပေ။

စောစောတုန်းက ဧကရီပြောခဲ့သည့်အတိုင်းပင်…

‘ နတ်ဘုရားတွေရဲ့ သွေးက အလုံအလောက် မြေမကျရသေးဘူး ’

နောက်အခိုက်အတန့်မှာ ဧကရီက လက်မြှောက်လိုက်သည်။

နတ်ဘုရားယဇ်ပလ္လင်အစွမ်းက တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။

သူက ကောင်းကင်ကို ဖမ်းဆုပ်လိုက်သည်။

ကောင်းကင်သည် အထဲသို့ ချိုင့်ဝင်သွားပြီ ကန့်လန့်ကာတစ်ခုပမာ ဖြစ်လာသည်။ ဧကရီက လက်က ကောင်းကင်ကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်ပြီး တိမ်းစောင်းသွားစေသည်။

ကောင်းကင်အလွန်မှ အဆုံးမဲ့သော ကြယ်အလင်းရောင်သည် ဆုတ်ဖြဲခံလိုက်ရသော ကန့်လန့်ကာမှတဆင့် အထဲသို့ ကျဆင်းလာသည်။ ယင်းတို့က လူသားမျိုးနွယ်၏ ကောင်းကင်ပေါ်မှာ စုဝေးသွားပြီး နတ်ဘုရားလက်တစ်ဖက်ကို ဖွဲ့စည်းလိုက်သည်။

နတ်ဘုရားလက်သည် ဟင်းလင်းပြင်ကို ရိုက်ချလိုက်သည်။

ယင်းက အချိန်နှင့်လေဟာနယ်ကို ချိုးဖြတ်သွားသည်။

ဝမ်ကူးကုန်းမြေ၏ ဟင်းလင်းပြင်သည် တုန်ယင်သွားပြီး ကောင်းကင်သည် ပြိုကွဲသွားသည်။ အချိန်နှင့်လေဟာနယ်ထဲမှာ ပုန်းအောင်းနေကြသော တည်ရှိမှုများသည် ပြင်းထန်သော အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်လိုက်ကြသည်။ ၎င်းတို့က တစ်ပြိုင်နက် လှုပ်ရှားလိုက်သည့်အခါ နတ်ဘုရားစွမ်းအားအမျိုးမျိုးက စုပေါင်းထွက်ပေါ်လာကြသည်။

သို့သော်လည်း နတ်ဘုရားယဇ်ပလ္လင်စွမ်းအားဖြင့် ရင်ဆိုင်ရသောအခါ ၎င်းတို့၏ စုပေါင်းစွမ်းအားသည် အလွန်သေးနုတ်သွားသည်။

နောက်အခိုက်အတန့်မှာ နှလုံးကွဲကြေသော အော်သံများက ပြိုကွဲသွားသော ဟင်းလင်းပြင်ထဲမှ မြည်ဟိန်းထွက်လာကြသည်။ အရေအတွက်များပြားသော နတ်ဘုရားသွေးသည် ကောင်းကင်ပေါ်မှ ရွာသွန်းလာပြီး လူသားလောကပေါ်သို့ ကျဆင်းသွားသည်။ တစ်ချိန်တည်းမှာ ၎င်းတို့၏ စုပေါင်းစွမ်းအားက ပြိုကွဲသွားသည်။

ဧကရီ၏ ကြယ်အလင်းရောင်လက်ဖြင့် ဟင်းလင်းပြင်ထဲမှ ဆွဲထုတ်ခံလိုက်ရသော နတ်ဘုရားတစ်ပါးလည်း ရှိသည်။

၎င်းက အပြင်လောကမှာ ထုတ်ဖော်ခံလိုက်ရသည်။

၎င်းမှာ သူငယ်အိမ်သုံးခုပါဝင်သော မျက်လုံးတစ်လုံးတည်းသာ ရှိသည်။ မျက်လုံးတစ်ခုလုံးသည် ရွှေရောင်ချည်းသာ ဖြစ်သည်။ ယင်းက အတိတ်မှာ ရွှီချင်းမြင်ခဲ့ဖူးသော နတ်ဘုရားမျက်လုံးများနှင့် ကွဲပြားခြားနားသည်။

၎င်း၏ မျက်လုံးထဲမှာ ရှေးဟောင်းအမှတ်အသားတစ်ခုက တလက်လက်တောက်ပနေပြီး ပြင်းထန်သော အပူဓာတ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ရှင်းလင်းစွာပင် ၎င်းက မီးတောက်ကုန်းမြေမှ နတ်ဘုရားတစ်ပါး ဖြစ်သည်။

ဤအခိုက်အတန့်မှာ ၎င်းက ဧရာမကြယ်အလင်းရောင်လက်ဖြင့် အပြင်လောကသို့ ဆွဲထုတ်ခံလိုက်ရသည်။ ၎င်းက ရုန်းကန်ချင်သည်။ ၎င်းက အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန် ကြိုးစားလိုက်သည့်အခါ စိုးရိမ်ကြောင့်ကြသော ညည်းသံက ထွက်ပေါ်လာသည်။

သို့သော်လည်း ၎င်းက ရုန်းကန်ရန် အရည်အချင်းမပြည့်မီပေ။

ဧကရီက ကြယ်အလင်းရောင်လက်ကို ဖျစ်ညှစ်လိုက်သည့်အခါ လောကက ပေါက်ကွဲသွားသည့်အလား ကျယ်လောင်သော မြည်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ နတ်ဘုရားမျက်လုံးသည် တိုက်ရိုက် ကြေမွပျက်စီးသွားသည်။

မျက်လုံးထဲမှ နတ်ဘုရားအစွမ်းက ဖိနှိပ်ခံလိုက်ရပြီး ၎င်း၏ ဝိညာဉ်က ငြိမ်းသတ်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ ဖျက်ဆီးခံလိုက်သည်။

ဗုန်း…

နတ်ဘုရားတစ်ပါးသည် သုတ်သင်ခံလိုက်ရသည်။

ကောင်းကင်နှင့်မြေပြင်သည် ဟိန်းဟောက်လိုက်သည်။ မရေမတွက်နိုင်သော နတ်ဘုရားသွေးစက်များက မြေပြင်ပေါ်သို့ ပြန့်ကျဲသွားပြီး သန့်စင်ခံလိုက်ရသည်။ ယင်းထဲမှာ ဒြပ်နှောများမပါဝင်ပေ။ သို့ဖြစ်၍ နတ်ဘုရားသွေးစက်များသည် အာဟာရဓာတ်များအဖြစ် ပြောင်းလဲသွားကာ လူသားမျိုးနွယ်၏ စုပ်ယူခံလိုက်ရသည်။ မဟာနန်းမြို့တော်ဒေသကြီးထဲတွင် နတ်ဘုရားသွေးမိုးက ရွာသွန်းလာသည်။

လောကတစ်ခုလုံး တုန်လှုပ်သွားသည်။

“ မလုံလောက်သေးဘူး ”

ဧကရီက တည်ငြိမ်စွာ ပြောသည်။ ထို့နောက် သူ၏ အကြည့်က တောင်ပိုင်းသို့ ကျရောက်သွားသည်။ ထိုအရပ်ဒေသသည် နီလာအင်ပါယာကုန်းမြေမှ မီးတောက်နတ်ဘုရား ထွက်ပြေးသွားသော ဦးတည်ရာဖြစ်သည်။

“ နင့်ရဲ့ နတ်ဘုရားအခွင့်အာဏာက မီးဆိုမှတော့ ငါ့ရဲ့ မီးကို နင်ချိုးဖြတ်နိုင်မလား ကြည့်တာပေါ့ ”

ဧကရီက စကားပြောလိုက်သည့်အခါ သူ၏ နတ်ဘုရားမီးတောက်သည် ကောင်းကင်ကို လောင်ကျွမ်းပစ်လိုက်သည်။ မူလက တိမ်စောင်းနေသော ကောင်းကင်သည် မီးတောက်ကမ္ဘာအဖြစ် ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားသည် ဧကရီ၏ အကြည့်နောက်သို့ လိုက်ပါသွားပြီး ၎င်း၏ လမ်းကြောင်းတစ်လျှောက်မှာရှိသော အရာအားလုံးကို လောင်ကျွမ်းပစ်လိုက်သည်။

၎င်းက မည်သည့်နေရာသို့ ဖြတ်သန်းသွားပါစေ ကောင်းကင်ဘုံမီးတောက်က ပိုပြီးကြမ်းတမ်းစွာ လောင်ကျွမ်းလာလိမ့်မည်။

အဝေးမှာ ထွက်ပြေးနေသော မီးတောက်နတ်ဘုရား၏ ပုံရိပ်သည် ဧကရီ၏ နတ်ဘုရားမီးတောက်ဖြင့် လွှမ်းခြုံခံလိုက်ရသည်။ ၎င်းက အပြင်းအထန် ရုန်းကန်သော်လည်း ၎င်း၏ ကြိုးစားမှုက အချည်းနှီးသာ ဖြစ်သည်။

၎င်း၏ ကြိုးစားမှုအားလုံးက သဲထဲရေသွန်သကဲ့သို့ ဘာမှအရာမထင်ချေ။

မီးသည် ၎င်း၏ နတ်ဘုရားအခွင့်အာဏာဖြစ်သည်။ သို့သော်လည်း ယနေ့မှာတော့ မီးက ၎င်း၏ ထိန်းချုပ်မှုအောက်မှာ မရှိပေ။

နတ်ဘုရားသွေးသည် တောင်ပိုင်းကုန်းမြေတွင် ပြန့်ကျဲသွားသည်။

အော်ဟစ်ညည်းညူသံသည် မီးတောက်နတ်ဘုရားထံမှ ထွက်ပေါ်လာပြီး လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ထိုအော်သံကို ကြားလိုက်ရသော လူတိုင်းသည် နှလုံးတုန်သွားကြသည်။

ဧကရီသည် အမူအရာကင်းမဲ့နေဆဲပင်။ အမှန်မှာ သူက အကြည့်ပြန်ရုပ်ပြီး အနောက်အရပ်ဆီသို့ မကြည့်ခင် မီးတောက်နတ်ဘုရားကို တစ်ချက်လေးသာ ကြည့်ခဲ့သည်။

All Chapters