← Chapters

နေဝင်ချိန်က လူတွေရဲ့ နှလုံးသားထဲမှာ ရောင်ပြန်နေတယ်… မြင့်တတ်လာတဲ့ နေက ဝမ်ကူးကုန်းမြေကို ထွန်းလင်းစေတယ်

Vol. 90 Ch. 1386

နေဝင်ချိန်က လူတွေရဲ့ နှလုံးသားထဲမှာ ရောင်ပြန်နေတယ်… မြင့်တတ်လာတဲ့ နေက ဝမ်ကူးကုန်းမြေကို ထွန်းလင်းစေတယ်

Vol. 90 Ch. 1386

“ ယုလျှိုချန်း ”

အေးတိအေးစက် ဟိန်းသံသည် ဟင်းလင်းပြင်ထဲမှ ပဲ့တင်ထပ်လာသည်။ ထိုအသံထဲမှာ မကျေမချမ်းစိတ်နှင့် သတ်ဖြတ်ချင်စိတ်ဖြင့် ပြည့်နှက်နေသည်။ ယင်းက မြောက်ပိုင်းကံကြမ္မာတော်ဝင်မိသားစုမှ လေနတ်ဘုရား၏ အသံဖြစ်သည်။

သို့သော်လည်း ထိုမျှသာ ဖြစ်သည်။

ယခု ယုလျှိုချန်း၏ ရင်ဘက်ပေါ်မှာ ဓားမရှိတော့ပေ။ သို့ဖြစ်၍ ၎င်း၏ ဒဏ်ရာပြန်ကုသမှုကို မည်သည့်အရာကမှ မဟန့်တားနိုင်တော့ပေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ၎င်းက နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးဖြစ်သည်။

မြောက်ပိုင်းကံကြမ္မာတော်ဝင်မိသားစုက အလွန်သန်မာပြီး ၎င်းတို့က နတ်ဘုရားယဇ်ပလ္လင်အဆင့်ကို မကြောက်သော်လည်း အကယ်၍ တခြားရွေးချယ်စရာရှိသေးလျှင် ၎င်းတို့နှင့် ရန်သူမဖြစ်ချင်ပေ။ အထူးသဖြင့် ဝမ်ကူးကုန်းမြေ၏ ယုံကြည်မှုကို အသုံးမပြုရသေးသော နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးနှင့် ရန်သူမဖြစ်ချင်ပေ။

သို့ဖြစ်၍ ၎င်းတို့က ဤဆုံးရှုံးမှုကို သည်းခံရုံသာ တတ်စွမ်းကြသည်။

ထိုမြင်ကွင်းကို မြင်တွေ့သွားသောအခါ တခြားအင်အားစုများသည် အတွေးများစွာဖြင့် ပြည့်နှက်သွားကြသည်။

မဟာဧကရာဇ်သည် ဧကရာဇ်ဓားပုံရိပ်ကို ကိုင်ဆောင်လျက် အရပ်မျက်နှာအဘက်ဘက်သို့ စိုက်ကြည့်လိုက်သည်။

သူ၏ အကြည့် ကျရောက်သွားသည့်နေရာတိုင်း ဟင်းလင်းပြင်က မတည်မငြိမ်ဖြစ်သွားလိမ့်မည်။ ဟင်းလင်းပြင်ထဲမှာ ပုန်းအောင်းနေကြသော နတ်ဘုရားများသည် ထပ်မံ အနောက်ဆုတ်သွားကြသည်။ ၎င်းတို့က မဟာဧကရာဇ်နှင့် မရင်ဆိုင်ဝံ့ကြချေ။

မျိုးနွယ်စုအသီးသီးမှ နတ်ဘုရားစိတ်အာရုံများသည်လည်း တုန်လှုပ်သွားကြပြီး အနောက်ဆုတ်သွားကြသည်။

ဓားကိုင်ဧကရာဇ်က ကြိုးအဆုံးကို ရောက်နေပြီဟု အစက သူတို့တွေးထားခဲ့ကြသည်။ သို့သော်လည်း အစောနက မြင်ကွင်းသည် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ ဤအခိုက်အတန့်မှာ မည်သူမှ အသက်စတေးပြီး ဓားကိုင်ဧကရာဇ်ကို မစမ်းသပ်ဝံ့ကြချေ။

အဘယ့်ကြောင့်ဆိုသော် မဟာဧကရာဇ်ဆီမှာ နောက်ထပ် ဝှက်ဖဲကတ်များ ကျန်ရှိနေသေးသလော သို့မဟုတ် သူက ငါးစာချနေခြင်းလော သူတို့မသေချာသောကြောင့် ဖြစ်သည်။

သို့ဖြစ်၍ အင်အားစုအားလုံးက တိတ်ဆိတ်သွားကြသည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ဧကရီ၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားမီးတောက်သည် ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

လောကသည် ရွှေရောင်သို့ ပြောင်းလဲသွားသည်။ အဆုံးမဲ့သော နတ်ဘုရားမီးတောက်သည် အလွန်ကျယ်ပြောသော အရှိန်အဟုန်ကို ဖွဲ့စည်းလိုက်ပြီး ကောင်းကင်ကို ရိုက်ခတ်သွားသည်။

သူက နတ်ဘုရားဖြစ်လာရန် ခြေတစ်လှမ်းသာ ဝေးကွာတော့သည်။

နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့က အောင်မြင်ရန် အသက်ဆယ်ခါရှူချိန်မျှသာ လိုအပ်တော့သည်။

ဤအခိုက်အတန့်မှာ အကြည့်အားလုံးက သူ့အပေါ်သို့ ကျရောက်နေကြသည်။

ဓားကိုင်ဧကရာဇ်သည် ဧကရီကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

သို့သော်လည်း သူ့အပြုံး၏ အနက်ပိုင်းထဲတွင် အလွန်နက်ရှိုင်းသော ပင်ပန်းနွမ်းနယ်မှု ရှိသည်။

ဤအခိုက်အတန့်မှာ သူက ကြိုးအဆုံးသို့ အမှန်တကယ် ရောက်ရှိနေသည်။

သူ၏ လက်ထဲမှ ဓားက ဆက်ပြီး ထွန်းလင်းတောက်ပနေရန် သူမျှော်လင့်ထားသော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေသော အားနည်းမှုက သူ၏ တစ်ကိုယ်လုံးဆီသို့ ဆက်ပြီး ပျံ့နှံ့သွားနေသည်။ ယင်းက သူ၏ ဓားကို အရောင်မှေးမှိန်သွားစေသည်။

သူ၏ ဝိညာဉ်ကဲ့သို့ပင် ဓားသည် စတင်လွင့်ပြယ်လာပြီး အနှစ်သာရကို ဆုံးရှုံးလာသည်။

သို့သော်လည်း သူက သူ့ကိုယ်သူ ဆက်ပြီး ဖိအားပေးနေဆဲပင်။ သို့ဖြစ်၍ အပြင်ပန်းမှာတော့ သူက အထွတ်အမြတ် မဟာဧကရာဇ်ဖြစ်နေဆဲပင်။

ဧကရီ၏ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ ပြီးမြောက်သည်အထိ သူ့ကိုယ်သူ ဆက်ထိန်းထားချင်သည်။

ထို့နောက် သူက နောက်ဆုံးအနေဖြင့် လူသားလောက၊ လူသားမျိုးနွယ်နှင့် ဝမ်းနည်းစရာကောင်းသော ဤကမ္ဘာကို သူ၏ အသက်ဓာတ် မပျောက်ကွယ်ခင်မှာ ကြည့်သွားချင်သည်။

မဟာဧကရာဇ်က အားနည်းလာနေစဉ် ဧကရီ၏ နတ်ဘုရားမီးတောက်က ပိုပြီးကြမ်းကြုတ်စွာ တောက်လောင်လာသည်။

မဟာဧကရာဇ်၏ နှလုံးသားထဲမှ လောကက မှေးမှိန်လာနေစဉ် ဧကရီပိုင်ဆိုင်သော လောကက ရွှေရောင်ထွန်းလင်းလာသည်။

ဧကရီ၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအရှိန်အဝါသည် နောက်ဆုံးအကြိမ် မြင့်တတ်သွားသည်။ ယင်းက အဆုံးမဲ့သော ကောင်းကင်ဘုံမိုးခြိမ်းသံကို ဖြစ်ပေါ်လာစေသည်။ ဤအခိုက်အတန့်မှာ ဥပဒေသများနှင့် တာအိုက အက်ကွဲသွားကြသည်။

ဧကရီ၏ ဘဝအဆင့်အတန်းသည် သိသာစွာ ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းက လူတိုင်းကို သက်ပြင်းချသွားစေသည်။

တစ်ယောက်က သေဆုံးတော့မည့်အချိန် တခြားတစ်ယောက်၏ အသက်ဓာတ်က အံ့မခန်းအမြင့်သို့ ထိုးတတ်သွားသည်။

‘ အဲ့ဒါက သံသရာပဲ… ’

မဟာဧကရာဇ်က တီးတိုးရေရွတ်လိုက်သည်။ အဆုံးမဲ့သော ပင်ပန်းနွမ်းနယ်မှုနှင့် အကန့်အသတ်မဲ့သော အားအင်ချည့်နဲ့မှုက ဒီရေလှိုင်းသဖွယ် သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ ထို့ကြောင့် သူ၏ စူးရှတောက်ပသော မျက်လုံးထဲမှာ အမှောင်ထုက ထွက်ပေါ်လာသည်။

အသိဉာဏ်ဖြင့် ပြည့်နှက်နေသော သူ၏ နှလုံးသားကို ယခု ဖုန်မှုန့်များက ဖုံးလွှမ်းသွားသည်။

ဝိညာဉ်က ဝေဝါးနေစဉ် သူ၏ မျက်လုံးထဲမှ အမှောင်ထုက အနီရောင်သို့ ပြောင်းလဲသွားသည်။

ဖုန်မှုန့်များသည် စက္ကူအဖြစ်သို့ တိတ်တဆိတ် အသွင်ပြောင်းလဲသွားသည်။

အနီရောင်နှင့် စက္ကူက အတူတကွ ပေါင်းစပ်သွားပြီး အနီရောင်ဈာပနအဆောင်ငါးရွက်ကို ဖွဲ့စည်းသွားကြသည်။

၎င်းတို့က ငိုကြွေးနေပုံပေါ်သည်။ သို့သော်လည်း တစ်ချိန်တည်းမှာ ၎င်းတို့က ရယ်မောနေကြသည်။

အနီရောင်ဈာပနအဆောင်လေးရွက်သည် ဓားကိုင်ဧကရာဇ်၏ ဝိညာဉ်ခန္ဓာကိုယ်၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။ ကျန်ဈာပနအဆောင်တစ်ရွက်သည်တော့ ဝိညာဉ်ခန္ဓာကိုယ်၏ အတွင်းထဲမှာ ထွက်ပေါ်လာသည်။

ထို့နောက် ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ရှေးဟောင်းငိုကြွေးသံတစ်သံ ထွက်ပေါ်လာသည်။ ဈာပနအဆောင်ငါးရွက်သည် လောဘတကြီး ဆာလောင်နေသော စိတ်ဆန္ဒကို ထုတ်ဖော်လိုက်ကြသည်။ ၎င်းတို့က အရပ်မျက်နှာအဘက်ဘက်တွင် ကျယ်လောင်စွာ အော်ရယ်လိုက်ကြသည်။

ဓားကိုင်ဧကရာဇ်၏ ဝိညာဉ်ထဲမှ ဈာပနအဆောင်စာရွက်သည် ရုတ်တရက် အရည်ပျော်သွားပြီး သွေးအဖြစ်သို့ ပြောင်းလဲသွားကာ ဝိညာဉ်၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ ယင်းက နောက်ထပ် ရောက်ရှိလာကြသော ဈာပနအဆောင်စာရွက်များဖြင့် ချက်ချင်း ပေါင်းစပ်သွားသည်။

ထိုအဖြစ်အပျက်သည် ရုတ်တရက်ဆန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အချိန်သည် လုံးဝကွက်တိကျသည်။

ထိုဈာပနအဆောင်ငါးရွက်သည် အချိန်နှင့်လေဟာနယ်ထဲမှာ ပုန်းအောင်းနေကြသော အဆိပ်မြွေများအလားပင်။ ၎င်းတို့က အမဲလိုက်ခြင်းကို ကောင်းမွန်စွာ တတ်ကျွမ်းသည့်အပြင် နတ်ဘုရားအများစုထက်လည်း ပိုပြီးစိတ်ရှည်သည်။ ၎င်းက ဧကရီအောင်မြင်ခါနီးအချိန်၊ ဓားကိုင်ဧကရာဇ်၏ အားအနည်းဆုံးအချိန်မှာ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့က အစွယ်ထုတ်လိုက်နှင့်တစ်ပြိုင်နက် သေစေနိုင်သော တိုက်ခိုက်မှုကို ချက်ချင်း ပြုလုပ်လိုက်သည်။

ဈာပနအဆောင်စာရွက်များသည် မဟာဧကရာဇ်၏ ဝိညာဉ်ကို လွှမ်းခြုံသွားသည်။

၎င်းတို့က ဝိညာဉ်ဖြင့် ချက်ချင်း ပေါင်းစပ်လိုက်ကြသည်။

လောကသည် တုန်လှုပ်သွားသည်။ မဟာဧကရာဇ်၏ အရှိန်အဝါက ဤလောကထဲမှ ပယ်ဖျက်ခံလိုက်ရဟန် ရသည်။ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဧကရာဇ်ဓားသည် ဝမ်းနည်းကြေကွဲသော ငိုကြွေးသံကို ထုတ်ဖော်လိုက်သည်။

လေထဲတွင် မဟာဧကရာဇ်၏ ဝိညာဉ်ထဲမှ ဈာပနအဆောင်စာရွက်သည် စိတ်ကျေနပ်စွာ ရယ်မောလိုက်သည်။

“ ဟား ဟား… နောက်ဆုံးတော့ ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးသေဆုံးမှုရဲ့ မူလကနဦးအလင်းကို ငါရသွားပြီ ”

ဤအခိုက်အတန့်မှာ ပညာရှင်ကျင့်ကြံသူအားလုံး ထိတ်လန့်သွားကြသည်။

နတ်ဘုရားအားလုံးသည် အံ့ဩသွားကြသည်။

ဝမ်ကူးကုန်းမြေထဲမှ သက်ရှိအားလုံးသည် အပြင်းအထန် နှလုံးတုန်သွားကြသည်။

ကောင်းကင်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး မြေပြင်သည် ပရမ်းပတာ တုန်လှုပ်သွားသည်။ လူသားမျိုးနွယ်၏ ကမ္မသည် လွန်စွာ ဝမ်းနည်းကြေကွဲသော ငိုကြွေးသံကို ထုတ်ဖော်လိုက်သည်။ ဤအခိုက်အတန့်မှာ ဝန်ကြီးများဖြစ်စေ၊ သာမန်ပြည်သူပြည်သားများဖြစ်စေ သူတို့အားလုံးက မျက်လုံးနီရဲသွားကြပြီး အံကြိတ်လိုက်ကြသည်။ သူတို့၏ နှလုံးသားထဲမှာ ဖော်ပြရန်ခဲယဉ်းသော ထိတ်လန့်တုန်လှုပ်မှု ဖြစ်ပေါ်လာသည်။

ကောင်းကင်သည် ပြိုကွဲပျက်စီးသွားသည်။

မဟာဧကရာဇ်သည် သေဆုံးသွားသည်။

“ မဟာဧကရာဇ် ”

ပုံရိပ်တစ်ခုပြီးတစ်ခုသည် လေထဲသို့ ချက်ချင်း ပျံသန်းသွားကြသည်။ အဆုံးမဲ့သော ဝမ်းနည်းမှုနှင့် ဒေါသတို့ ပါဝင်နေသော သူတို့၏ အော်သံသည် လူသားလောကထဲမှာ ပဲ့တင်ထပ်သွားသည်။

မဟာဧကရာဇ်က ထိုသို့ကြွေလွင့်သွားကြောင်း သူတို့မြင်လိုက်သောအခါ လူသားများသည် အားနည်းသည်ဖြစ်စေ သန်မာသည်ဖြစ်စေ ယင်းကို သည်းမခံနိုင်ကြပေ။

ကောင်းကင်ဘုံအက်ကွဲစေမည့် ဒေါသနှင့် ကမ္ဘာတုန်ဟီးစေမည့် ရူးသွပ်မှုသည် လူသားမျိုးနွယ်၏ သွေးမျိုးဆက်ကို ချက်ချင်း လှုံ့ဆော်လိုက်သည်။ ယင်းတို့က မီးတောက်မီးလျှံများသဖွယ် လူသားအားလုံး၏ အသိစိတ်ထဲမှာ လောင်ကျွမ်းသွားသည်။

ရွှီချင်းသည်လည်း မျက်လုံးနီရဲသွားသည်။ သူက မည်သည့်စကားမှ မပြောပေ။

ယင်းက သူ၏ အကျင့်ဖြစ်သည်။ သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုပြီးပြင်းထန်လေ သူက ပိုပြီးတည်ငြိမ်လေ ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက အရှေ့သို့ ပြေးထွက်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဧကရာဇ်ဓားသည် တဝီဝီမြည်လာပြီး ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို လင်းထိန်သွားစေသည်။

ကောင်းကင်ပေါ်မှ အနီရောင်ဈာပနအဆောင်စာရွက်သည်တော့ ဆက်ပြီး ရယ်မောနေဆဲပင်။ ၎င်းက နှုတ်ခမ်းသပ်လိုက်ပြီး နတ်ဘုရားမီးတောက်အတွင်း၌ ခန္ဓာကိုယ်တုန်ယင်နေသော ဧကရီကို လှမ်းကြည့်လိုက်သည်။

၎င်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဧကရီကို တိုက်ခိုက်ရန် ပြင်လိုက်သည်။

၎င်းက မဟာဧကရာဇ်၏ မူလကနဦးအလင်းဖြင့် မတင်းတိမ်နိုင်သေးပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ၎င်း၏ အပြုံးက အေးခဲသွားသည်။ ၎င်း၏ ခန္ဓာကိုယ်က စတင်လောင်ကျွမ်းသွားပြီး ၎င်းထံမှ အော်ဟစ်ညည်းညူသံများ ထွက်ပေါ်လာသည်။

မီးတောက်သည် အကန့်အသတ်မဲ့သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ယင်းက တာအိုကို လောင်ကျွမ်းခြင်း၊ ဓားကိုင်ဧကရာဇ်၏ နောက်ဆုံးအစွဲအလမ်းကို လောင်ကျွမ်းခြင်းနှင့် လူသားမျိုးနွယ်၏ သွေးမျိုးဆက်ထဲမှ ဒေါသမီးလျှံ ဖြစ်သည်။

ယင်းတို့အားလုံးက တစ်စုတစ်စည်းတည်း ပေါင်းစည်းသွားသည့်အခါ ထုံးစံအားဖြင့် ကြောက်မက်ဖွယ်ကောင်းသော မီးတောက်က ထွက်ပေါ်လာသည်။

“ ဒီအခြေအနေမှာတောင် မင်းက ဝှက်ဖဲကတ်တစ်ခု ချန်ထားခဲ့သေးတယ် ဓားကိုင်ဧကရာဇ်… မင်းက ကိုယ့်ရဲ့ သေဆုံးမှု၊ ကိုယ်ပိုင်တာအိုနဲ့ ကိုယ်ပိုင်အစွဲအလမ်းကို အသုံးပြုပြီး လူသားမျိုးနွယ်ရဲ့ မီးတောက်ကို ထွန်းညှိလိုက်တယ်… မင်းက အကြင်နာမဲ့တယ် ”

အနီရောင်ဈာပနအဆောင်သည် အော်ဟစ်ညည်းညူလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်က ချက်ချင်း ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက ဤနေရာမှာ ဆက်ပြီး မတည်ရှိနိုင်တော့ပေ။ ထို့ကြောင့် ၎င်းက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး၏ သေဆုံးမှုမှ မူလကနဦးအလင်း၏ အကြွင်းအကျန်တချို့ကိုသာ သယ်ဆောင်၍ ဟင်းလင်းပြင်ထဲသို့ ထွက်ပြေးသွားသည်။

၎င်းက မဟာဧကရာဇ်၏ သေဆုံးမှုမှ မူလကနဦးအလင်းကို အောင်မြင်စွာ ရရှိသွားခဲ့သည်။

ဤနေရာသို့ ရောက်ရှိလာကြသော နတ်ဘုရားများထဲတွင် ၎င်းတစ်ယောက်တည်းသာ ထိုသို့စွမ်းဆောင်နိုင်ခဲ့သည်။

သို့သော်လည်း မီးတောက်၏ လောင်ကျွမ်းမှုကြောင့် မူလကနဦးအလင်းသည် အလွန်အမင်း သေးငယ်သည်။

ထို့ပြင် ၎င်းပြန်ပေးဆပ်လိုက်ရသော တန်ဖိုးသည် အလွန်ကြီးမားသည်။

မီးတောက်သည် အနီရောင်ဈာပနအဆောင်စာရွက်ကိုသာ လောင်ကျွမ်းသွားခြင်း မဟုတ်ပေ။ ယင်းအစား မီးတောက်သည် ကမ္မစီးကြောင်းနောက်သို့လိုက်၍ မူလခန္ဓာကိုယ်ဆီသို့ ဦးတည်သွားသည်။

သို့ဖြစ်၍ ၎င်း၏ အော်ဟစ်ညည်းညူသံသည် ကောင်းကင်ပေါ်မှာ အချိန်အတော်ကြာအောင် ပဲ့တင်ထပ်သွားသည်။

လူသားမျိုးနွယ်၏ ဒေါသသည် ဆက်လက် ပေါက်ကွဲထွက်နေဆဲပင်။

လူသားမျိုးနွယ်၏ ဝမ်းနည်းပူဆွေးမှုသည် ဒီရေပမာ ပျံ့နှံ့သွားသည်။

ထိုအခိုက်အတန့်မှာ ဧကရီ၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားမီးတောက်သည် လူသားမျိုးနွယ်၏ ဒေါသမီးလျှံဖြင့် ပေါင်းစပ်သွားသည်။ မရေမတွက်နိုင်သော လူသားများ၏ ဒေါသက ဧကရီ၏ နတ်ဘုရားမီးတောက်အတွက် လောင်စာဖြစ်လာသည်။

ယင်းက ဧကရီ၏ အသိစိတ်ထဲမှာ ပြည့်လျှံသွားပြီး သူ၏ နတ်ဘုရားအစွမ်းထက် ကျော်လွန်သွားသည်။

မီးတောက်များသည် ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ကောင်းကင်သည် မီးတောက်ပင်လယ်အဖြစ် လောင်ကျွမ်းသွားသည်။ ဝမ်ကူးကုန်းမြေမှ လူတိုင်းသည် ခေါင်းမော့လိုက်ရုံဖြင့် မီးတောက်ပင်လယ်ကို မြင်နိုင်ကြသည်။

ရှေးဘုရင်ဂြိုလ်ပေါ်တွင် ယခင်လူသားဧကရာဇ်များသည် တစ်ပါးပြီးတစ်ပါး မတ်တတ်ထရပ်လိုက်ကြသည်။

အလွန်သိပ်သည်းသော နတ်ဘုရားအရှိန်အဝါသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။

သူတို့က နောက်ဆုံးမှာတော့ နတ်ဘုရားဖြစ်သွားကြသည်။

သူတို့မှာ ဝိညာဉ်အသိဉာဏ်မရှိသော်လည်း သူတို့က လူသားမျိုးနွယ်မှ ကမ္မ၏ ညွှန်ကြားမှုအောက်မှာ အလောင်းကောင်နတ်ဘုရားများ ဖြစ်လာကြသည်။

လူသားမျိုးနွယ်၏ စိတ်ဆန္ဒသည် သူတို့၏ စိတ်ဆန္ဒဖြစ်သည်။

လူသားမျိုးနွယ်၏ ရပ်တည်မှုသည် သူတို့၏ ရပ်တည်မှုဖြစ်သည်။

လေထဲတွင် ဧကရီ၏ အရှိန်အဝါသည် အရာအားလုံးထက် ကျော်လွန်သွားပြီး ဘေးပတ်ဝန်းကျင်ကို ထွန်းလင်းတောက်ပသွားစေသည်။

ကောင်းကင်၏ အရောင်သည်ပင် ဧကရီ၏ နတ်ဘုရားကိုယ်ရောင်ကိုယ်ဝါကြောင့် ပျောက်ကွယ်သွားရသည်။

မြေပြင်သည် ပရမ်းပတာ တုန်လှုပ်သွားသည်။ ဤသည်မှာ ၎င်းက ဧကရီကို အရိုအသေပေးနေသည့်အလားပင်။

လူသားမျိုးနွယ်၏ ပိုင်နက်အတွင်းမှာရှိကြသော တောင်တန်းများနှင့် မြစ်ချောင်းများသည် ဧကရီကို တုံ့ပြန်လိုက်ကြသည်။ တခြားဒေသကြီးများမှာ ပျံ့နှံ့နေကြသော လူသားများ၏ သွေးမျိုးဆက်သည် ဤအခိုက်အတန့်မှာ အကြောင်းအမျိုးမျိုးကြောင့် လှုံ့ဆော်ခံလိုက်ရသည်။

လူသားမျိုးနွယ်မှ ဒေါသမီးလျှံ၏ အားဖြည့်ပေးမှုအောက်မှာ ဧကရီ၏ ရိုးရာဓလေ့သည် နောက်ဆုံးမှာတော့ အောင်မြင်သွားသည်။

သူက ပထမဆုံး လူသားနတ်ဘုရားတစ်ပါးဖြစ်လာသည်။

ဧကရီ၏ နတ်ဘုရားအရှိန်အဝါသည် ကြီးကျယ်ခမ်းနားသော နတ်ဘုရားရိုးရာဓလေ့၏ ပံ့ပိုးမှု၊ နတ်ဘုရားအဆောင်၏ အကူအညီ၊ ဓားကိုင်ဧကရာဇ်၏ ကောင်းချီးပေးမှုနှင့် လူသားမျိုးနွယ်၏ ဒေါသမီးလျှံကြောင့် ပြစ်ချက်မဲ့အဆင့်ကို တိုက်ရိုက် ကျော်လွှားသွားသည်။

သူက ခြေတစ်လှမ်းတည်းဖြင့် နတ်ဘုရားယဇ်ပလ္လင့်အဆင့်သို့ ရောက်ရှိသွားသည်။

နတ်ဘုရားယဇ်ပလ္လင်ဆိုသည်မှာ ကြယ်အားလုံး၏ စုပေါင်းမှုထက် ပိုပြီးလင်းထိန်ပြီး ၎င်း၏ အရှိန်အဝါသည် ကောင်းကင်ဘုံကိုးခု၏ လျှပ်စီးနှင့် နှိုင်းယှဉ်နိုင်သည်။ ယင်းက အလွန်ကျယ်ပြောပြီး ဖော်မပြနိုင်အောင် ခမ်းနားထည်ဝါသည်။ သူ့ကို မြင်လိုက်ရသော သက်ရှိအားလုံးသည် ကြည်ညိုလေးစားမှုကို အလိုအလျောက် ခံစားမိသွားကြလိမ့်မည်။

ဧကရီ၏ မျက်လုံးသည် အာကာသတွင်းနက်ပမာ အရာအားလုံးကို ဝါးမျိုပစ်နိုင်ဟန် ရ၏။ ယင်းက အကန့်အသတ်မဲ့ပြီး အလွန်ကျယ်ပြောသည်။

လေထဲမှာ လွင့်မျောနေသော သူ၏ ဆံခြည်မျှင်တစ်မျှင်စီမှာ ကောင်းကင်ကို တုန်ခါသွားစေမည့် နတ်ဘုရားအရှိန်အဝါဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ ဆံခြည်မျှင်တစ်မျှင်တိုင်းက ကောင်းကင်နှင့်မြေပြင်ကို ဆုတ်ဖြဲပစ်နိုင်သည့်အလားပင်။

ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်သည်ပင် ဖိနှိပ်ခံလိုက်ရသည်။ သဏ္ဍာန်မဲ့အင်အားတစ်ခုသည် သက်ရှိအားလုံး၏ ရင်ဘက်ပေါ်သို့ ကျဆင်းလာသည်။ ဤအခိုက်အတန့်မှာ ကျင့်ကြံသူများဖြစ်စေ နတ်ဘုရားများဖြစ်စေ ၎င်းတို့အားလုံးက နှလုံးမွန်းကြပ်မှုကို ခံစားမိသွားကြသည်။

၎င်းတို့သည် တစ်ယောက်ပြီးတစ်ယောက် ခေါင်းငုံ့လိုက်ကြသည်။

ဤအခိုက်အတန့်မှာ ဧကရာဇ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်မှာ ဧကရာဇ်သရဖူကို ဆောင်းထားသော ပုံရိပ်သည်သာ တစ်လောကလုံး၏ အာရုံစိုက်စရာ ဖြစ်လာသည်။

သူက နေရာမှာ ရပ်နေစဉ် ထွန်းလင်းတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ သို့သော်လည်း မီးတောက်များသည် မလွင့်ပြယ်သွားပေ။ ယင်းအစား မီးတောက်များက ပိုပြီးအားကောင်းလာသည်။ ယင်းတို့က ဧကရီ၏ နတ်ဘုရားယဇ်ပလ္လင်မီးတောက်ကို လွှမ်းခြုံသွားပြီး လူသားမျိုးနွယ်၏ ဒေါသများကို အတူတကွ စုစည်းပေးလိုက်သည်။ မီးတောက်နှစ်ခုက ကောင်းကင်ကို အတူတကွ လောင်ကျွမ်းပစ်လိုက်ပြီး အချိန်နှင့်လေဟာနယ်ကို လောင်မြိုက်ပစ်လိုက်ကာ အရပ်ရှစ်မျက်နှာဆီသို့ ပျံ့ပွားသွားသည်။

ထို့နောက် လောကကို တုန်လှုပ်သွားစေမည့် စကားသံက ထွက်ပေါ်လာသည်။

“ တာအောင့်… အခုကစပြီး ဘယ်လေဟာနယ်မှာမဆို… ဘယ်ခေတ်ကာလကိုပဲရောက်ရောက် နင့်ကို သုတ်သင်ပစ်မယ့်လူက ငါ့လူသားမျိုးနွယ်ထဲကပဲ ဖြစ်ရမယ်… အဲ့ဒါက နတ်ဘုရားယဇ်ပလ္လင်အပေါ် ငါ့ရဲ့ ကျိန်ဆိုမှုပဲ ”

ထိုစကားသံသည် နိယာမများနှင့် ဥပဒေသများထက် သာလွန်သော မှတ်ကျောက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝမ်ကူးကုန်းမြေပေါ်သို့ တံဆိပ်ရိုက်ခတ်လိုက်သည်။

လူသားအားလုံးသည် ထိုစကားကို မှတ်သားလိုက်ကြပြီး သူတို့၏ ဝိညာဉ်ထဲမှာ တံဆိပ်ရိုက်ခတ်လိုက်ကြသည်။ ယင်းက သူတို့၏ သွေးမျိုးဆက်ထဲသို့ ပေါင်းစပ်သွားပြီး အနာဂတ်မှာ မျိုးဆက်အစဉ်အဆက် လက်ဆင့်ကမ်းသွားလိမ့်မည်။

ရွှီချင်း၏ မျက်လုံးထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အလွန်ပြင်းထန်သည်။ အချိန်အတော်ကြာပြီးနောက် သူက တိတ်ဆိတ်စွာ အနောက်လှည့်လိုက်ပြီး ဓားကိုင်ဧကရာဇ်၏ ရုပ်တုကို ကြည့်လိုက်သည်။

မီးတောက်များ၏ အလင်းရောင်အောက်မှာ ဓားကိုင်ဧကရာဇ်၏ ရုပ်တုက ခမ်းနားထည်ဝါနေဆဲပင်။

ဤသည်မှာ မဟာဧကရာဇ်က သူ့ဘဝ၏ နောက်ဆုံးအသက်ရှူချိန်တွင် သူ၏ အတွေးများနှင့် ဆန္ဒများကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခဲ့သည့်အကြောင်း လောကကို ပြောပြနေသည့်အလားပင်။ သူက ဧကရီကို အောင်မြင်စွာ ကာကွယ်ပေးနိုင်ခဲ့ပြီး အရေးကြီးအခိုက်အတန့်မှာ လူသားမျိုးနွယ်၏ ဒေါသမီးလျှံကိုလည်း လှုံ့ဆော်ပေးခဲ့သည်။

သူက လုပ်ဆောင်နိုင်သော အရာမှန်သမျှကို လုပ်ဆောင်ပေးခဲ့သည်။

ထိုအတွက် သူနောင်တမရချေ။

ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး မဟာဧကရာဇ်၏ ရုပ်တုကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

ဤအခိုက်အတန့်မှာ လူသားမျိုးနွယ်ထဲမှ သက်ရှိအားလုံးသည် နက်ရှိုင်းသော ဝမ်းနည်းကြေကွဲမှုနှင့်အတူ မဟာဧကရာဇ်၏ ရုပ်တုကို အရိုအသေပေးလိုက်ကြသည်။

ဝမ်နည်းပူဆွေးမှုက ဤလောက၏ တစ်ခုတည်းသော တေးသွားဖြစ်လာသည်။

ဓားကိုင်ဧကရာဇ်သည် သူ့ဘဝ၏ ပထမအပိုင်းမှာ လောကကို လွှမ်းမိုးခဲ့ပြီး ရှေးဘုရင်ရွှမ်ယုံနောက်သို့လိုက်၍ နေရာတိုင်းမှာ တိုက်ပွဲများ ဆင်နွှဲခဲ့သည်။ သူက လူသားမျိုးနွယ်အတွက် အကျိုးဆောင်မှုများစွာကို ပြုလုပ်ခဲ့ပြီး သူ၏ အယူဝါဒကို ဖြန့်ကြက်ရန် ဓားကိုင်နန်းတော်ကိုပင် တည်ထောင်ခဲ့သည်။

လူသားများအတွက် အန္တရာယ်ကို ဖယ်ရှားလိုက်သည့်အခါ ကောင်းကင်နှင့်မြေပြင်ကြားတွင် အလင်းရောင်က ပေါ်ထွက်လာလိမ့်မည်။

သူတို့က လူသားမျိုးနွယ်၏ အကျိုးစီးပွားနှင့် ထာဝရငြိမ်းချမ်းရေးကို ဖန်တီးပေးလိမ့်မည်။ သူတို့က ဓားကို အမိန့်တော်အဖြစ် အသုံးပြု၍ လူသားမျိုးနွယ်ကို ကာကွယ်ပေးလိမ့်မည်။

သူ့ဘဝ၏ ဒုတိယအပိုင်းကိုတော့ လူသားမျိုးနွယ်၏ အကျိုးစီးပွားနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အသုံးပြုခဲ့သည်။

ယနေ့ သူက သူ၏ နောက်ဆုံးအသက်ရှူချိန်ကို မျိုးနွယ်စုအတွက် အသုံးပြုသွားခဲ့သည်။

သို့သော်လည်း လူသားလောကနှင့် လူသားမျိုးနွယ်ကို နောက်ဆုံးအနေဖြင့် ကြည့်ရှုသွားချင်သော သူ၏ ဆန္ဒက မဖြစ်မြောက်ခဲ့ပေ။

အဝေးမှ အမှောင်ည၏ မိုးကုပ်စက်ဝိုင်းထဲမှာ နံနက်ခင်းကြယ်က မြှောက်တတ်လာသည်။

မနေ့က နေဝင်မှုကြောင့် ရောက်ရှိလာသော အမှောင်ညသည် ယနေ့ နေထွက်လာမှုနှင့်အတူ လွင့်ပြယ်သွားသည်။

ဤသည်မှာ နေဝင်ချိန်က လူသားများ၏ နှလုံးသားထဲမှာ ရောင်ပြန်နေစဉ် မြင့်တတ်လာသော နေက ဝမ်ကူးကုန်းမြေကို ထွန်းလင်းသွားစေခြင်း ဖြစ်သည်။

နေဝင်ချိန်ရှိလျှင် နေထွက်ချိန်ရှိရမည်။

All Chapters