← Chapters

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားနှင့် ရွှီချင်း(ခ)

Vol. 90 Ch. 1391

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားနှင့် ရွှီချင်း(ခ)

Vol. 90 Ch. 1391

ရွှီချင်းသည် ထိုသို့နေလုံးများစွာကို မြင်ဖူးသည်။

ထိုထဲမှ တစ်ခုသည် သူ၏ မှတ်ဉာဏ်ထဲမှာ တံဆိပ်ရိုက်ခတ်ခံထားရပြီး သူ၏ ဝိညာဉ်ထဲထိ ကမ္ပည်းရေးထိုးခံထားရသည်။ ယင်းကို သူ့ဘဝတစ်လျှောက်လုံး မည်သည့်အခါမှ မေ့ပျောက်နိုင်လိမ့်မည် မဟုတ်ချေ။

ယင်းက ပြိုင်ဘက်ကင်းမြို့တော်မှ နောက်ဆုံး နေမွန်းတည့်ချိန်ဖြစ်သည်။

ထိုနေ့တုန်းက နေရောင်ခြည်သည်လည်း ပုံရိပ်တစ်ခု မထွက်ပေါ်လာခင်အထိ ယခုကဲ့သို့ ထွန်းလင်းတောက်ပခဲ့သည်။ ထို့နောက် သွေးမိုးက ပြိုင်ဘက်ကင်းမြို့တော်ပေါ်သို့ ကျဆင်းလာခဲ့သည်။

ယနေ့ နေမွန်းတည့်ချိန်မှာ ထိုပုံရိပ်သည် ရွှီချင်း၏ အကြည့်ရှေ့တွင် နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

နေရောင်ခြည်နှင့် အပူဒဏ်ကို ကာကွယ်ပေးထားသော ခရမ်းရောင်အလင်းသည် ကောင်းကင်ပေါ်မှာ စုဝေးသွားပြီး ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည်။

သူက တစ်လှမ်းချင်း တစ်လှမ်းချင်း လူသားလောကဆီသို့ လျှောက်လှမ်းလာနေသည်။

နောက်ဆုံးမှာတော့ သူက နေအလင်းရောင်နှင့် ကောင်းကင်ကို အစားထိုးသွားပြီး ရွှီချင်း၏ မြင်ကွင်းထဲတွင် ထွက်ပေါ်လာသည်။

သူက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား ဖြစ်သည်။

သူ၏ မျက်နှာသည် ပြိုင်ဘက်ကင်းအောင် ချောမောခန့်ညားပြီး သူ၏ အပြုံးသည် သိမ်မွေ့ညင်သာသည်။ သူ၏ အကြည့်သည် ရိုးသားပြီး သူ၏ ခြေလှမ်းများသည် ပေါ့ပါးညင်သာသည်။

သူက လေထဲမှာ ရပ်နေပြီး နန်းတော်၏ ဦးတည်ရာဆီသို့ လှမ်းကြည့်၍ နူးညံ့စွာ ပြောသည်။

“ နတ်ဘုရားယဇ်ပလ္လင်အဆင့်ကို အောင်မြင်စွာ တတ်လှမ်းနိုင်ခဲ့တဲ့အတွက် အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ် ”

တည်ငြိမ်သော အသံသည် နန်းတော်ထဲမှ ပဲ့တင်ထပ်လာသည်။

“ အခုအချိန်မှာ နင်က နင့်ရဲ့ ဒေသကြီးထဲမှာ ရှိနေရမှာ… ငါ့ရဲ့ ပိုင်နက်ထဲမှာ မဟုတ်ဘူး ”

ယင်းကို ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကြားသောအခါ သူက နူးညံ့စွာ ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ အရှင်မင်းကြီးပြောတာ မှန်ပါတယ်… အရုပ်လေးကို ယူပြီးတာနဲ့ ကျုပ်ပြန်သွားမှာပါ ”

ထို့သို့ပြောပြီးနောက် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားသည် ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

သူ၏ အကြည့်သည် ခါတိုင်းကဲ့သို့ သိမ်မွေ့ညင်သာနေဆဲပင်။ ယင်းက ပြိုင်ဘက်ကင်းမြို့တော်ထဲမှာ သူရှိနေခဲ့စဉ်ကအတိုင်းပင်။

“ ညီလေးက အကိုကြီးကို စောင့်နေတာလား ”

ရွှီချင်းက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

“ ကြည့်ရတာ ညီလေးက တကယ်အရွယ်ရောက်လာပြီပဲ ”

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက ပြုံးလိုက်သည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်းကို ညင်သာစွာ ဖမ်းဆုပ်လိုက်သည်။

“ ဒီလိုဆိုမှတော့ အကိုကြီးက မင်းကို အိမ်ပြန်ခေါ်သွားပေးမယ် ”

သူ၏ ဖမ်းဆုပ်မှုကြောင့် ကောင်းကင်သည် ချက်ချင်း ကမောက်ကမာဖြစ်သွားပြီး မြေပြင်သည် ဝုန်းခနဲ မြည်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ဤလောကပေါ်သို့ ဆင်းသက်လာပြီး ဘေးပတ်ဝန်းကျင်မှ အချိန်ကာလကို ခွဲထုတ်လိုက်ကာ ဤနေရာ၏ ကံကြမ္မာကို ဝမ်ကူးကုန်းမြေထဲမှ ဖြတ်တောက်ပစ်လိုက်သည်။

ယင်းက ရွှီချင်း၏ ဘေးပတ်ဝန်းကျင်ကို ဝမ်ကူးကုန်းမြေနှင့် မသက်ဆိုင်သော သီးခြားအချိန်လေဟာနယ်တစ်ခု ဖြစ်လာစေသည်။

ယင်းက သေချာပေါက်ဖြစ်လာမည့် ကံတရားကဲ့သို့ မတားဆီးနိုင်သလို မခုခံနိုင်ပေ။

အမှန်မှာ ယင်းက ပုံရိပ်ယောင်တစ်ခုလော မသေချာသော်လည်း ရွှီချင်းက ပြိုင်ဘက်ကင်းမြို့တော်ကို မြင်တွေ့သွားသည်။ မြို့တော်ထဲတွင် သွေးမိုးရွာသွန်းနေပြီး သူကိုယ်တိုင်က အဝတ်ရုပ်ကို ပွေ့ဖက်ထား၍ ဝမ်းနည်းစွာ ငိုကြွေးနေသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ အေးတိအေးစက် နှာခေါင်းရှုံ့သံက နန်းတော်ထဲမှ ရုတ်တရက် မြည်ဟိန်းထွက်လာသည်။

လူသားမျိုးနွယ်မှ ကမ္မ၏ ညွှန်ကြားမှုအောက်မှာ နတ်ဘုရားငါးပါး၏ အရှိန်အဝါများသည် ကောင်းကင်နှင့်မြေပြင်ကြားတွင် ရုတ်တရက် ထွက်ပေါ်လာကြပြီး ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားပေါ်သို့ ပစ်မှတ်ထားလိုက်ကြသည်။

ချက်ချင်းဆိုသလို ကမောက်ကမာဖြစ်နေသော ကောင်းကင်က ပြန်ငြိမ်သက်သွားပြီး ဝုန်းခနဲ မြည်နေသော မြေပြင်က ဖိနှိပ်ခံလိုက်ရသည်။

“ အရှင်မင်းကြီး… ဒါက ကျုပ်တို့ညီအကိုကြားက မိသားစုကိစ္စပါ ”

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ လက်က လေထဲမှာ ရပ်တန့်သွားသည်။ သူက နန်းတော်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ ရွှီချင်းက ငါ့မျိုးနွယ်ရဲ့ ဘုရင်ကျန်းကန်ဖြစ်ပြီး ပညာရှိအမတ်ဖြစ်တယ် ”

ဧကရီ၏ အသံသည် တည်ငြိမ်ပြီး အာဏာရှင်ဆန်သည်။ ဤသည်မှာ သူ့ကို ပြန်မေးခွန်းမထုတ်နိုင်သည့်အလားပင်။

“ အို ”

စိတ်ဝင်စားဖွယ်ကောင်းသော တစ်စုံတစ်ခုကို ကြားလိုက်ရသည့်အလား ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက ပြုံးလိုက်သည်။ သူ၏ မျက်လုံးထဲမှာ သိမ်မွေ့ညင်သာမှုအပြင် အလင်းရောင်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ထိုအလင်းရောင်ထဲမှာ ရှေးဟောင်းအငွေ့အသက်နှင့် လောကဓံ၏ နက်နဲသိမ်မွေ့မှုတို့ ပါရှိသည်။

သူ၏ အသံသည်ပင် ထိုအတိုင်းဖြစ်သည်။

“ ညီလေးက အရှင်မင်းကြီးကို ဝင်မနှောင့်ယှက်စေချင်တဲ့ပုံပဲ ”

“ ဒါပေမဲ့ အရှင်မင်းကြီးက စိတ်ဆုံးဖြတ်ထားမှတော့… ကျုပ်တို့တွေ ရွေးချယ်ရတဲ့ ကစားပွဲတစ်ခု ကစားကြရင် မကောင်းဘူးလား ”

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားသည် စကားဆုံးသည်နှင့် ဘယ်လက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ခရမ်းရောင်သေတ္တာတစ်လုံးက လေထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။

သူက လက်ချောင်းများဖြင့် သေတ္တာကို ထိတွေ့လိုက်လေရာ သေတ္တာက ပွင့်သွားသည်။ ထို့နောက် ရောင်ခြည်တန်းတစ်ခုသည် သေတ္တာထဲမှ ထွက်ပေါ်လာသည်။

ထိုရောင်ခြည်တန်းသည် အရောင်မဲ့ပြီး သဏ္ဍာန်မဲ့သည်။ သို့သော်လည်း ထိုရောင်ခြည်တန်းထွက်ပေါ်လာသည်နှင့်ချက်ချင်း ကောင်းကင်သည် လှိုင်းထသွားပြီး မြေပြင်သည် တုန်ခါသွားသည်။ နေနှင့်လသည်ပင် အရောင်ပျောက်ကွယ်သွားကြသည်။

နန်းမြို့တော်ထဲရှိ သေမျိုးများသော်လည်းကောင်း ကျင့်ကြံသူများသော်လည်းကောင်း ဤအခိုက်အတန့်မှာ သူတို့က အမူအရာပျက်ယွင်းသွားကြသည်။

အဘယ့်ကြောင့်ဆိုသော်…

ထိုအလင်းရောင်က နတ်ဘုရားမျက်နှာပျက်ကြီးမျက်လုံးဖွင့်လှစ်ရာမှ ထုတ်လွှတ်လိုက်သော အလင်းရောင်ဖြစ်သည်။

ယင်းက လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက ချီယွဲ့ထုံဂိုဏ်းထဲမှာ ပထမဆုံးအကြိမ် ညဉ့်ငှက်၏ ထုတ်လွှတ်ခြင်းခံခဲ့ရသည်။

ထို့နောက် ရွှီချင်းသည် ထိုအလင်းရောင်ကို နတ်ဘုရားနောက်လိုက်တစ်ယောက်၏ ခန္ဓာကိုယ်ထဲမှာလည်း မြင်တွေ့ခဲ့ဖူးသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ လက်ထဲရှိ သေတ္တာထဲမှ ထွက်ပေါ်လာသော အလင်းရောင်သည် အတိတ်မှာ သူမြင်တွေ့ခဲ့ဖူးသော အလင်းရောင်များထက် အများကြီး ပိုသိပ်သည်းသည်။

ဤအခိုက်အတန့်မှာ ထိုအလင်းရောင်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်က မည်မျှမြင့်မားပါစေ တစ်စုံတစ်ယောက်၏ နတ်ဘုရားစွမ်းအားက မည်မျှအားကောင်းပါစေ သူတို့အားလုံးက တုန်လှုပ်သွားကြသည်။

နတ်ဘုရားများသည်ပင် ချွင်းချက်မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် ယင်းက ဘဝအဆင့်အတန်းဖိနှိပ်မှု ဖြစ်သည်။ ယင်းက ဝမ်ကူးကုန်းမြေ၏ အသင်္ချေမျိုးနွယ်စုများပေါ်တွင် ရစ်ဝဲနေသော ခေါင်းဖြတ်ဓား ဖြစ်သည်။

ဘဝအဆင့်အတန်းကွာခြားမှုက အရာအားလုံးကို အဆုံးအဖြတ်ပေးနိုင်သည်။

သေတ္တာက ပွင့်သွားပြီး နတ်ဘုရားမျက်နှာပျက်ကြီး၏ အကြည့်ထံမှ အလင်းရောင်က ထွက်ပေါ်လာသည့်အခါ တိမ်တိုက်များနှင့် မြူခိုးသည် ပရမ်းပတာ လှုပ်ခတ်သွားသည်။ ဤသည်မှာ ယင်းတို့က ဒေါသူပုန်ထနေသော ပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလားပင်။

နန်းမြို့တော်သည် စတင်ဝေဝါးလာသည်။

ဝိညာဉ်ကို တုန်လှုပ်သွားစေမည့် မသဲမကွဲ ရေရွတ်သံသည် ဤလောကထဲမှာ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ကို မတည်မငြိမ်ဖြစ်စေသည်။ ဘေးပတ်ဝန်းကျင်သည် ဖရိုဖရဲဖြစ်လာပြီး လူတိုင်းသည် နာကျင်စွာ အော်ဟစ်လိုက်ကြသည်။

လောကထဲမှ အရာအားလုံးသည် ဝေဝါးလာပြီး ပုံပျက်တွန့်လိမ်လာသည်။

သို့သော်လည်း နန်းမြို့တော်သည် ချီယွဲ့ထုံဂိုဏ်းမဟုတ်ပေ။ ထို့ပြင် ဧကရီသည် နတ်ဘုရားယဇ်ပလ္လင်အဆင့် အစွမ်းထက်နတ်ဘုရားတစ်ပါး ဖြစ်သည်။ နောက်အခိုက်အတန့်မှာ နန်းမြို့တော်ထဲမှ စည်းချအစီအရင်သည် ဝုန်းခနဲ မြည်သွားပြီး လူသားမျိုးနွယ်၏ ကမ္မသည် လေထဲသို့ ပျံတတ်သွားသည်။ လူသားဧကရာဇ်နတ်ဘုရားငါးပါးသည် အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ဤနေရာသို့ ဆင်းသက်လာကြသည်။

ကမ္ဘာတုန်ဟီးစေနိုင်သော အရှိန်အဝါသည် နန်းတော်ထဲမှ ထွက်ပေါ်လာပြီး ဧရာမဝဲကတော့တစ်ခုအဖြစ် ဖွဲ့စည်းသွားကာ ဤနေရာမှ အလင်းရောင်အားလုံးကို စုပ်ယူလိုက်သည်။

သို့သော်လည်း ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက ဧကရီဖြင့် ရွေးချယ်သည့် ကစားပွဲတစ်ခုကို ကစားချင်လေရာ သူ၏ လုပ်ဆောင်မှုများက ထိုမျှသာ မဖြစ်နိုင်ပေ။

နောက်အခိုက်အတန့်မှာ မဟာနန်းမြို့တော်ဒေသကြီးထဲမှ တစ်နှစ်ပတ်လုံး အစောင့်အကြပ်ထူထဲသော လျှို့ဝှက်ဧရိယာထဲတွင် အကြည့်များစွာက ထွက်ပေါ်လာကြသည်။

ထိုဧရိယာသည် လူသားမျိုးနွယ်၏ သမိုင်းပေးတာဝန်တည်ရှိသော နေရာဖြစ်သည်။ နှစ်ထောင်ပေါင်းများစွာအတွင်းမှာ မည်သည့်အရေးကိစ္စရှိပါစေ ထိုဧရိယာသည် သက်ရောက်မခံခဲ့ရပေ။ ထိုနေရာမှာ လူသားမျိုးနွယ်၏ စစ်တပ်များရှိပြီး ထူးဆန်းသော ဂိုဏ်းတစ်ဂိုဏ်းလည်း တည်ရှိသည်။

ထိုဂိုဏ်းသည် လူသားမျိုးနွယ်၏ အထူးဂိုဏ်းဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းအပါအဝင်ဖြစ်ပြီး ထိုဂိုဏ်းမှ တပည့်များသည် အပြင်လောကသို့ တစ်ခါမှ မထွက်ပေါ်လာကြချေ။ သူတို့က တစ်ချိန်လုံး ထိုနေရာကို ကာကွယ်စောင့်ကြပ်နေကြသည်။

ထိုဂိုဏ်းသည် အသူရာချောက်နက်အောက်မှာ တည်ရှိသော ရွှမ်ကမ္ဘာလမ်းစဉ်ဖြစ်ပြီး သူတို့မှာ ထူးခြားသော တာဝန်တစ်ရပ် ရှိသည်။

All Chapters